ပွင့်လင်းရာသီမှာ အများအားဖြင့် ရာသီဥတုက
သာယာတာများပါတယ်။စာရေးသူတို့ အောက်ပြည်အောက်ရွာမှာ အချို့ အချိန်တွေဆိုရင်
အပူအအေးမျှတပြီးနေထိုင်လို့ကောင်းတတ်ပါတယ်။အချို့အချိ
န်တွေဆိုရင်လဲ
မိုးတွေ အဆက်မပြတ် အရမ်းရွာလာတဲ့အခါ အအေးဒါဏ်က
ဆောင်းရာသီနဲ့မတူစိမ့်ပြီးအေးတတ်ပါတယ်။ သို့သော်လဲ
ဘုရားသားတော်ရဟန်းတော်တို့ဆိုတာဆွမ်းအလှူ့ရှင်က ပင့်ဖိတ်ရင် ရာသီဥတု
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အလှူ့ရှင်ရဲ့သဒ္ဓါတရားကိုငဲ့ပြီး
ကြွတော်မူကြရတာပါ။သတိရတာလေးတစ်ခု ပြောချင်တယ်။ တစ်နေ့ နံနက်ပိုင်း
အိမ်တစ်အိမ်ကဆွမ်းစားပင့်တဲ့အတွက်သွားခဲ့ပါတယ်။ အလှူအိမ်ရောက်တော့
အခြားကျောင်းကသံဃာတော်များ လဲပင့်ဖိတ်ထားတာကို
တွေ့မြင်ရပါတယ်။အလှူပွဲမှာအခြားကျောင်းမှ
ဆရာတော်တစ်ပါးကဆွမ်းအလှူနဲ့စပ်လို့
သံဃာတော်များကိုယ်စားတရားချီးမြှင့်ပေးပါတယ်။ ထိုဆရာတော်ဟာ
တရားဟောအလွန်ကောင်းတဲ့ဆရာတော် ဖြစ်တဲ့အတွက်
စာရေးသူနှစ်ခြိုက်တဲ့အထဲမှာတစ်ပါးအပါ အ၀င်ပါ။
ဆွမ်းအနုမောဒနာတရားဟောပြီးလို့
ရေစစ်ချအမျှအတမ်းပေးဝေတော့မှာမို့အလှူရှင်များ စိတ်ထားတတ်ဖို့ အတွက်
ပြောလိုက်တဲ့စကားက…. “အလှူလုပ်တဲ့အခါ
ဝိပဿနာတင်ပြီးအလှူလုပ်ရပါမယ်။ဒါဟာအကျိုးအလွန်များပါတ
ယ်။ ဒီနေ့ မိမိတို့ လှူလိုက်တဲ့ ဆွမ်းစတဲ့ လှူဖွယ်ဝတ္ထုပစ္စည်းများဟာမမြဲဘူးအနိစ္စတရားတွေချည်းပဲ၊
မိမိတို့ရဲ့ရုပ်နာမ်ခန္ဓာဟာလဲမမြဲတဲ့အတွက်
အနိစ္စ၊ ဒုက္ခ ၊ အနတ္တ ပဲ။ အလှူခံပုဂ္ဂိုလ်လဲထိုနည်းတူစွာပဲမမြဲဘူးအနိစ္စဒုက္ခ
အနတ္တ ဆိုပြီးစိတ်ထဲမှာဆင်ခြင် ၀ိပဿနာတင်ပြီး နည်းစနစ်ကျကျ
လှူဒါန်းကြရမယ်နော်”လို့ အမိန့်ရှိတော်မူပါတယ်။
ထိုစကားဟာအခုမှသာမဟုတ်၊ဟိုအရင်
ကတည်းက
ကြားလာရတဲ့စကားတစ်ခုပါ။ အမှတ်တမဲ့ဖြစ်နေလို့သာသတိမထားမိတာပါ။
မှတ်ယူထားတဲ့စကားတစ်ခုဟာအချိန်ကြာလာတဲ့အခါအမှန်လို့ ယူဆလာတတ်ကြပါတယ်။
ဒါကြောင့် “သာသနာတော်အတွက် ငွေအကုန်ခံပြီး
ထောက်ပံ့လှူဒါန်းနေကြတဲ့သူများအတွက်အယူအဆလေးတွေ မှန်ကန်ရင်
အကျိုးများမှာပဲ” လို့ တွေးမိပြီး ဒီစာကိုရေးဖြစ်သွားတာပါ။
ဒီအကြောင်းနဲ့စပ်လို့ ပြောရရင်ဘုရားရှင်ဟောကြားတော်မူတဲ့ တရားဒေသနာတော်က
ပညတ်ဒေသနာနှင့်ပရမတ်ဒေသနာ ၂-မျိုးရှိတယ်။ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ မိန်းမ ၊
ယောင်္ကျား ၊ နတ် လူ စသဖြင့် ဟောတဲ့တရားမျိုးကို သမ္မုတိဒေသနာ(ပညတ်ဒေသနာ) လို့
ခေါ်ပါတယ်။ အနိစ္စ ဒုက္ခ အနတ္တ ခန္ဓာ အာယတန ဓါတ် သစ္စာ
သတိပဋ္ဌာန်စသဖြင့်ဟောတဲ့တရားမျိုးကိုတော့ ပရမတ္ထဒေသနာ (ပရမတ်ဒေသနာ)
လို့ခေါ်ပါတယ်။ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ပညတ်နဲ့ဟောမှသင့်တော်မယ်ဆိုရင်
ပညတ်ဒေသနာကို ဟောတော်မူသလို ပရမတ်နဲ့ဟောမှသင့်တော် မယ် ဆိုရင်လဲပရမတ်ဒေသနာ
ကိုဟောတော်မူပါတယ်။ ထို
ဒေသနာတော်နှစ်မျိုးအနက်က….ပညတ်ကိုဟောရခြင်းရဲ့အကြောင်း
တရား၈-ပါးဆိုတာ
ရှိပါတယ်။ ပညတ်နဲ့ဟောသင့်တဲ့အကြောင်းတရား ၈-ပါးက……(၁)ဟိရိသြတ္တပ္ပကို
ပြဖို့အတွက် ဟောတော်မူပါတယ်။ ခန္ဓာတွေက မကောင်းမှုကိုလုပ်ရမှာ
ရှက်တယ်ကြောက်တယ်လို့ ပြောရင် နားမလည်နိုင်ဘူး။ အမျိုးသမီးက မကောင်းမှုကို
ပြုလုပ်ရမှာ ရှက်တယ်ကြောက်တယ်၊ အမျိုးသား၊သူငယ်စတာတွေကလဲ
မကောင်းမှုပြုလုပ်ရကို ရှက်တယ် ကြောက်တယ် ပြောမှနားလည်နိုင်တယ်။ဒါကြောင့်
မကောင်းမှု အကုသိုလ်မှ ရှက်ခြင်း ကြောက်ခြင်းကို
ပြလိုတဲ့အခါမှာမြတ်စွာဘုရားက
ပုဂ္ဂိုလ်အနေနဲ့(ပညတ်အနေနဲ့)ဟောတော်မူပါတယ်။(၂)ကံသာလျှ
င်
ကိုယ်ပိုင်ဥစ္စာရှိတယ်ဆိုတဲ့အကြောင်းကို ပြဖို့အတွက်လဲ ဟောတော်မူပါ တယ်။
ခန္ဓာတွေက ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ပြောရင် နားမလည်နိုင်ဘူး။
ပုဂ္ဂိုလ် သတ္တ၀ါတွေက မိမိတို့ကိုယ်တိုင်ပြုထားတဲ့ ကောင်းမှုကံမကောင်းမှုကံသာ
ကိုယ်ပိုင်ဥစ္စာရှိတယ်၊ မကောင်းမှုပြုရင် မကောင်းကျိုး ခံစားကြရတယ်၊
ကောင်းမှုပြုရင်ကောင်းကျိုး ခံစားကြရတယ် လို့ ဒီလိုပြောမှ
နားလည်နိုင်တယ်။ဒါကြောင့် ကံနှင့်ကံရဲ့အကျိုးကိုဝေဖန်ပြီး ကံသာလျှင်
ကိုယ်ပိုင်ဥစ္စာ ရှိတယ်ဆိုတဲ့အကြောင်းကို ပြလိုတဲ့အခါမှာလည်း ပုဂ္ဂိုလ်သတ္တ၀ါ
အနေနဲ့(ပညတ်အနေနဲ့) ဟောတော်မူပါတယ်။(၃)ပုဂ္ဂိုလ်အသီးသီးရဲ့
ပြုလုပ်ဆောင်ရွက်မှု စွမ်းရည်ကို ပြဖို့လဲ ဟောတော်မူပါတယ်။ ခန္ဓာက အိမ်
ဆောက်တယ်၊ ကျောင်းဆောက်တယ်လို့ ပြောရင် နားမလည်နိုင်ဘူး။
ဘုရားလက်ထက်ကဆိုရင်တော့ အနာထပိဏ်သူဌေးက ဇေတ၀န်ကျောင်းကြီးကိုဆောက်လုပ်တယ်။
ရာဇဂြိုလ်သူဌေးက ကျောင်းများစွာကိုဆောက်လုပ်တယ် လို့ ပြောမှ
နားလည်နိုင်ပါတယ်။ ဒါကြောင့် ပုဂ္ဂိုလ်အသီးသီးရဲ့
စွမ်းရည်ဖြင့်ပြုလုပ်ဆောင်ရွက်ပုံကို ပြလိုတဲ့အခါမှာလဲ ပုဂ္ဂိုလ်
သတ္တ၀ါအနေနဲ့(ပညတ်အနေနဲ့) ဟောတော်မူပါတယ်။(၄)အာနန္တရိယံကို ပြလိုတဲ့အခါမှာလဲ
ပညတ်ကို ဟောတော်မူပါတယ်။ အာနန္တရိယ ဆိုတာ ကံငါးပါး ကျုးလွန်တာကိုပြောတာပါ။
ခန္ဓာက အမိကိုသတ်တယ် အဘကို သတ်တယ်လို့ ပြောရင်နားမလည်ဘူး။ ဘယ်သူ့သားက
သူ့အမေကိုကိုယ်တိုင်သတ်တယ်၊ အဇာတသတ်မင်းက သူ့အဖေကို သတ်တဲ့အတွက် သေတဲ့အခါ
လောဟကုမ္ဗီငရဲမှာ ကျခံနေရတယ်။ဘယ်ပုဂ္ဂိုလ်က သံဃာသင်းခွဲလို့
တရားကျင့်သော်လည်း မဂ်ဖိုလ်နိဗ္ဗာန်မရနိုင်၊ သေတဲ့အခါလဲလူ့ပြည်၊
နတ်ပြည်မရောက်နိုင်ဘဲ အပါယ်ငရဲမှာ ကျခံကြရပါတယ် လို့ ပြောမှ
နားလည်နိုင်ပါတယ်။ဒါကြောင့် အာနန္တရိယကံနဲ့စပ်လို့ ပြလိုတဲ့အခါမှာလဲ
ပုဂ္ဂိုလ် သတ္တ၀ါအနေနဲ့(ပညတ်နေနဲ့)ဟောတော်မူပါတယ်။(၅)ဗြဟ္မ၀ိဟာရကို
ပြလိုတဲ့အခါမှာလဲ ပညတ်ကို ဟောတော်မူပါတယ်။ ဗြဟ္မ၀ိဟာရဆိုတာ မေတ္တာ၊ ကရုဏာ ၊
မုဒိတာဥပေက္ခာတရားများကို ပွားများပြီးနေခြင်း လို့ခေါ်ပါတယ်။ ခန္ဓာတွေက
ခန္ဓာတွေကို ကျန်းမာကြပါစေလို့ မေတ္တာပို့ တယ်၊ ဆင်းရဲမှ လွတ်ကင်းကြပါစေ လို့
ကရုဏာပွားကြတယ် လို့ ပြောရင် နားမလည်နိုင်ပါဘူး။လူတစ်ယောက်က သတ္တ၀ါတွေကို
ကျန်းမာကြပါစေ ဆိုပြီး မေတ္တာပို့ရတယ်၊ ဆင်းရဲမှကင်းပါစေ
ဆိုပြီးကရုဏာပွားရတယ် လို့ ပြောမှ နားလည်နိုင်ပါတယ်။ မေတ္တာပို့တဲ့သူနဲ့
အပို့ခံရသူကိုပါ ပုဂ္ဂိုလ်အနေနဲ့သာဟောတော်မူပါတယ် ဒေသနာနည်းအရ
နားမလည်တဲ့သူတွေက ပရမတ်နဲ့ ပို့ကောင်းတယ်ထင်ပြီး
ရုပ်နာမ်ခန္ဓာတွေချမ်းသာကြပါစေ လို့ မေတ္တာပို့နေတာ ကြားဖူးပါတယ်။ဒီလိုတော့
မေတ္တာပို့လို့မရပါဘူး။ ပုဂ္ဂိုလ်အနေနဲ့သာပို့လို့ရပါတယ်။ ဒါကြောင့်လဲ
သဗ္ဗသတ္တာ-အလုံးစုံသတ္တ၀ါ၊ သဗ္ဗဣတ္ထိယ-အလုံးစုံ
အမျိုးသမီးများဆိုပြီးမေတ္တာပို့ပုံကို ပညတ်နဲ့သာ ဟောတော်မူထားတာပါ။ စာပေက
ဗြဟ္မစိုရ်တရား ပွားများရင် သတ္တ၀ါပညတ်ကိုသာအာရုံပြုရပါတယ်။ ပရမတ်ကို
အာရုံပြုရိုး မရှိပါဘူး။ ဒါကြောင့် မေတ္တာ၊ ကရုဏာစတဲ့
ဗြဟ္မစိုရ်တရားကိုပြလိုတဲ့အခါမှာ ပုဂ္ဂိုလ်သတ္တ၀ါအနေနဲ့သာ
ဟောတော်မူပါတယ်။(၆)ပုဗ္ဗေနိဝါသကို ပြဖို့ရာမှာလဲ ပညတ်ကို ဟောတော်မူပါတယ်။
ပုဗ္ဗေနိဝါသဆိုတာ ရှေးဘ၀ဟောင်းကို ပြန်ပြီးအောက်မေ့ဆင်ခြင်တာကို ခေါ်တာပါ။
ခန္ဓာတွေက ဘ၀ဟောင်းကို အောက်မေ့ဆင်ခြင်တယ် လို့ ပြောရင်နားမလည်နိုင်ပါဘူး။
မြတ်စွာဘုရားက ဘ၀ဟောင်းကို အောက်မေ့ဆင်ခြင်တယ်။ ရဟန္တာအရှင်မြတ်ကဘ၀ဟောင်းကို
အောက်မေ့ဆင်ခြင် တယ် လို့ ပုဂ္ဂိုလ်အနေနဲ့ ပြောမှ နားလည်နိုင်တယ်။
ဒါကြောင့်ရှေးဘ၀ဟောင်းတွေကို အောက်မေ့ဆင်ခြင်ပုံ(ပုဗ္ဗေနိဝါသ)ကို
ပြလိုတဲ့အခါမှာ ပုဂ္ဂိုလ်အနေနဲ့သာဟောတော်မူပါတယ်။(၇)လောကဝေါဟာရကို
မပယ်လိုတဲ့အတွက်လဲ ပညတ်ကိုဟောတော်မူပါတယ်။ ရုပ်နာမ်ခန္ဓာတွေဟာ ခဏမစဲ
ဖြစ်ပျက်နေတဲ့သဘောမျှသာရှိတယ်၊ ပုဂ္ဂိုလ်ရယ် သတ္တ၀ါရယ် မရှိဘူးဆိုတာ
ဘုရားရှင် အသိဆုံးပါ။ ဒါကြောင့်လဲ အနိစ္စစတာတွေကို
ဟောသင့်တဲ့နေရာမှာဟောပါတယ်။ လောကဝေါဟာရအရ လူအများဆိုရိုးကို
မပယ်လိုတဲ့အတွက်လဲမိန်းမ ယောင်္ကျား အမိ အဘ သားသမီး နတ် လူ ရဟန်း ဆိုပြီး
အများပြောဆိုတဲ့အတိုင်း ဟောတော်မူပါတယ်။သမုတိသစ္စာနယ်ပယ်မှာ ခန္ဓာငါးပါးကို
ပုဂ္ဂိုလ်သတ္တ၀ါမိန်းမ ယောင်္ကျား အနေနဲ့ ပညတ်ကို သုံးနှုံးပြောဆိုမှသာ
နားလည်နိုင်ပါတယ်။ ဟေး… ခန္ဓာကြီးလို့ပြောရင် ဘယ်သူမှ နားမလည်နိုင်ပါဘူး။
ဒါကြောင့် မြတ်စွာဘုရားရှင်က လောကဝေါဟာရကိုမပယ်လိုတဲ့အတွက်ကြောင့်
ပုဂ္ဂိုလ်အနေနဲ့သာ ဟောတော်မူတာပါ။ (၈)ဒက္ခိဏ၀ိသုဒ္ဓိကို ပြဖို့ရာမှာလဲ
ပုဂ္ဂိုလ်အနေနဲ့သာ ဟောတော်မူပါတယ်။ ဒက္ခိဏ၀ိသုဒ္ဓိ ဆိုတာ
အလှူရဲ့စင်ကြယ်ခြင်းကိုပြဆိုတာပါ။ အလှူစင်ကြယ်တာ လေးမျိုးရှိတယ်။
သီလရှိတဲ့သူက သီလမရှိတဲ့သူကို ပေးလှူရင်ဒါယကာဘက်က သီလင်စင်ကြယ်တဲ့အတွက်
အကျိုးပေးနိုင်တယ်။ သီလမရှိတဲ့သူက သီလရှိသူကိုပေးလှူရင်အလှူခံပုဂ္ဂိုလ်ဖက်က
သီလစင်ကြယ်တဲ့အတွက် အကျိုးပေးနိုင်တယ်။ သီလမရှိသူက သီလမရှိသူကိုပေးလှူရင်
နှစ်ဖက်စလုံးမစင်ကြယ်တဲ့အလှူဖြစ်တယ်။ ကြီးမားတဲ့အကျိုးမပေးနိုင်ဘူး။
သီလရှိသူကသီလရှိသူကို ပေးလှူရင် နှစ်ဖက်စလုံးက စင်ကြယ်တဲ့အလှူဖြစ်တယ်။
ကြီးမားတဲ့အကျိုးရနိုင်တယ်။ ဆိုလိုတာက
အလှူဒါနစင်ကြယ်ကြီးမားပုံကိုပြဆိုတဲ့အခါမှာ သီလရှိတဲ့ခန္ဓာက
သီလရှိတဲ့ခန္ဓာကို ပေးလှူရင် အကျိုးကြီးမားတယ် လို့
ပြောရင်နားမလည်နိုင်ပါဘူး။ သီလရှိတဲ့အရှင်မြတ်များကို သီလရှိတဲ့ဒါယကာများက
ပေးလှူရင် အကျိုးကြီးမားတယ်လို့ပုဂ္ဂိုလ်အနေဲ့သာ ပြောမှ နားလည်နိုင်မှာပါ။
ဒါကြောင့် ဘုရားရှင်ဟာ ပုဂ္ဂိုလ်အနေနဲ့သာဟောတော်မူပါတယ်။(အံ၊ဋ္ဌ၊၁၊၇၃) အချို့က
ပေးလှူတဲ့အခါမှာ အနိစ္စ ဒုက္ခ အနတ္တလို့ ၀ိပဿနာတင်ပြီး ပေးလှူမှ
အကျိုးကြီးတယ်လို့ ချေပ ပြောဆိုကြပါတယ်။ ဒါဟာ
“ဘုရားရှင်ကအလှူရဲ့စင်ကြယ်ခြင်း၊အကျိုးကြီးခြင်းကို ပြဖို့အတွက်
ပုဂ္ဂိုလ်ကို ပြဆိုတယ်” ဆိုတဲ့အင်္ဂုတ္ထရ်အဋ္ဌကထာလာစကားနဲ့ မညီမညွတ်ဖြစ်နေတာ
ကိုတွေ့ရပါတယ်။ တွေးမိပါတယ်၊ လှူတယ်ဆိုတာအလှူရဲ့အကျိုးကို
အလိုရှိလို့ပဲဖြစ်တယ်။ ၀ိပဿနာရှုဖို့ လှူတာ မဟုတ်ပါ။
ဝိပဿနာရှုဖို့ဆိုရင်ငွေအကုန်ခံပြီး လှူနေစရာတောင် မလိုပါဘူး။
ဆိတ်ညိမ်ရာဝင်ပြိးတရားအားထုတ်လိုက်မယ်ဆိုရင် ၀ိပဿနာကုသိုလ်တွေ
အများကြီးဖြစ်နိုင်တယ်။ အလှူရေစက်ချနေတုန်းတစ်မိနစ်လောက် အချိန်ပိုင်းကလေး
ဝိပဿနာရှုတာနဲ့ဆို အများကြီးကွာခြားလှပါတယ်။ တကယ်တော့ ပေးလှူတဲ့နေရာမှာ
ထက်ထက်သန်သန်ဖြစ်ဖို့အတွက်သာအဓိကပါ။ ဒီအတွက် ပုဂ္ဂိုလ်ကိုသာ အာရုံပြုရမှပါ။
တစ်ဖန် အလှူဒါနနဲ့စပ်ပြီး ဟောထားတဲ့တရားတော်အနက်ဆဠင်္ဂဒါနသုတ် (အံ၊၂၊၂၉၅)
ဆိုတာရှိတယ်။ ဘုရားရှင်လက်ထက်တော်ကဝေဠုကဏ္ဍကမြို့မှာ နန္ဒမာတာ
ဆိုတဲ့အမျိုးကောင်း သမီးကြီး တစ်ဦးရှိခဲ့ဖူးတယ်။ တစ်နေ့တော့သူမရဲ့အိမ်မှာ
အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန်စတဲ့ ရဟန်းသံဃာတော်များကို
အလှူကြီးပေးနေပါတယ်။အဲဒီအလှူဟာ အင်္ဂါ ၆-ပါးမှာ တည်နေတယ်ဆိုတာကို ဘုရားရှင်က
ဇေတ၀န်ကျောင်းတော်ကနေ ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့မြင်တော်မူပါတယ်။ထိုအကြောင်းကို
ဘုရားရှင်က ရဟန်းတော်များအား ဟောကြားတော်မူခဲ့ပါတယ်။ အင်္ဂါ
၆-ပါးရှိတဲ့အလှူအကြောင်းကိုလိုရင်းတိုရှင်းပဲ ပြောပေးပါ့မယ်။
ပေးလှူတဲ့နေရာမှာအင်္ဂါ ၆-ပါးနဲ့ ပြည့်စုံတဲ့အလှူမျိုး ဖြစ်ရင်
အကျိုးကြီးတယ်လို့ ဆိုပါတယ်။ အလှူပေးတဲ့ဒါယကမှာပြည့်စုံရမယ့် အင်္ဂါက ၃-ပါး၊
အလှူခံပုဂ္ဂိုလ်မှာပြည့်စုံရမှာက အင်္ဂါ ၃-ပါး ပေါင်းလိုက်တော့၆-ပါးဖြစ်တယ်။
အလှူခံပဂ္ဂိုလ်မှာ အရိယာမဟုတ်လို့ရှိရင် လောဘ၊ဒေါသ၊မောဟ ကိလေသာ
သုံးပါးနည်းအောင်ကျင့်နေရပါမယ်။ဒါဆိုရင် အလှူခံပုဂ္ဂိုလ်မျာ အင်္ဂါ သုံးပါး
ပြည့်စုံသွားပါပြီ။ဒါ့အပြင် အလှူပေးတဲ့သူမှာ ပြည့်စုံရမယ့် အင်္ဂါ၃-ပါးက
မလှူခင်မှာလဲ ၀မ်းမြောက်ဝမ်းသာရှိရမယ်၊ လှူဆဲမှာလဲ ၀မ်းမြောက်ဝမ်းသာ
ရှိရမယ်။လှူပြီးတဲ့နောက်လဲ ကောင်းမှုပုံရိပ်ကို အာရုံယူကာ
ကျေနပ်ဝမ်းမြောက်မှု ရှိရမယ်။ အဲဒီလိုစေတနာသုံးတန်နဲ့ပြည့်စုံမယ်ဆိုရင်တော့
အလှူရဲ့အကျိုး ကြီးမားလွန်းလှတယ်။ အသင်္ချေယျ အပ္ပမေယျအကျိုးပေးတယ်။
ဥပမာ…သမုဒ္ဒရာအတွင်းရှိ ရေများဟာ ရေတွက်လို့ မရနိုင်လောက်အောင်ပဲ
များပြားလွန်းလှသလိုအင်္ဂါ ၆-ပါးရှိတဲ့အလှူဒါနဟာ မရေတွက်နိုင်ဘဲ
များပြားလှတဲ့ အကျိုးရရှိမှာဖြစ်ကြောင်းကိုဟောပြတော်မူခဲ့ပါတယ်။
အဲဒီသုတ်တော်အရ အလှူဒါနနဲ့စပ်လို့ အလှူ့ရှင်ဟာကာလသုံးပါးစလုံးမှာ
ဝမ်းမြောက်မှုရှိဖို့ လိုတာပါ။ ဒီလို ၀မ်းမြောက်ဖို့အတွက်
အနိစ္စစတာတွေကိုအာရုံပြုဆင်ခြင်ပြီး ပေးလှူမဲ့အစား ပုဂ္ဂိုလ်ကိုသာ အာရုံပြု
လှူရမှာ ဖြစ်ပါတယ်။ အချုပ်ပြောလိုတာကတော့ သာသနာတော်အတွင်းမှာ
ဆရာများဖြစ်ကြတဲ့ ရဟန်းတော်များဘက်ကနည်းလမ်းမှန်ကန်စွာနဲ့
ဟောကြားတော်မူကြမယ်ဆိုပါရင် အလှူ့ဒါယကာများအတွက် အလွန်ပဲ
တန်ဖိုးရှိကြမှာဖြစ်ပါတယ်။တင်ပြခဲ့တဲ့အတိုင်း ပညတ်နဲ့ဟောသင့်တဲ့နေရာ
များမှာ ပုဂ္ဂိုလ်သတ္တ၀ါအနေနဲ့ ဟောကြားတော်မူကြရမှာဖြစ်ပါတယ်။ဒါနစတဲ့
ပညတ်နဲ့ဟောသင့်တဲ့နေရာမှာ အနိစ္စ စတဲ့ လက္ခဏာတင်ကာ မဟောသင့်ပါကြောင်း
တင်ပြရင်းနိဂုံးချုပ်အပ်ပါတယ်။
နည်းမှန်စွာပေးလှူတတ်ကြပါစေ...။
ဦးကောဝိဒ(မြိတ်)
၁-၉-၂၀၁၁၊ နေ့လည် ၁၂း၂၀ နာရီ။