HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်


တစ်လကိုးသီတင်း - ဟူသော ဝေါဟာရကို မြန်မာမှုနယ်ပယ်တွင် သူရောငါပါ အသုံးတွင်ကျယ်စွာ ပြောဆိုနေကြပါသည်။ ဘာကို ဆိုလိုပါသနည်း?။ မေးလာလျှင်ကား ဖြေဆိုဖို့ ခပ်ခက်ခက်ပင်။
          တစ်လကိုးသီတင်းကို အဓိပ္ပာယ်ဖွင့်လျှင် တစ်လ + ကိုးသီတင်း ဟုပင် ဖွင့်ဆိုရပါမည်။ တစ်လဟူသည်မှာ ယေဘုယျအားဖြင့် ရက်ပေါင်းသုံးဆယ်ကာလ၊ ရက်သတ္တပတ်အားဖြင့် လေးပတ်တာကာလကို ဆိုလိုပါသည်။ ကိုးသီတင်းတွင် သီတင်းဟူသော ဝေါဟာရကို ရှင်းပါမည်။ သီတင်းဟူသောစကားမှာ ``သီလကို ဖြည့်တင်းသည်၊ သီလပြည့်တင်းစေသည်´´ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့်  ရှေးအခါက ဥပုသ်သီလ ဆောက်တည်သူကို ယခုခေတ်ကဲ့သို့ ဥပုသ်သည်ဟု မခေါ် သီတင်းသည်ဟု ခေါ်ကြပါသည်။ ရှေး အင်းဝခေတ် စကားပြေများတွင်လည်း ``ဘုရားအလောင်း သီတင်းနေသည်´´ ဟူသော အသုံးအနှုန်းများ ကို နေရာ တော်တော်များများတွင် တွေ့ရတတ်ပါသည်။
          ရဟန်းတော်များ ခရီးမကြွဘဲ မိမိတို့၏ ကျောင်းတိုက်များတွင် ခိုအောင်းလျက် သီလဖြင့် ပြည့်စုံစွာ နေထိုင် သည်ကို သီတင်းသုံးသည်ဟု ခေါ်ပါသည်။ သီလဖြင့် ပြည့်စုံစေလျက် ဤကျောင်းကို အသုံးပြုသည်ဟု ဆိုလိုဟန် ရှိပါသည်။ ပုဂံခေတ်က သီတင်းကျွတ်လကို ``သံတူလ´´ ဟု ခေါ်ကြသည်။ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ရက်ပေါင်းကိုးဆယ်ကြာ ကျောင်းတိုက်တစ်ခုအတွင် မှီတင်းနေထိုင်လျက် တရားဓမ္မများ အားထုတ်ရာကာလသည် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့တွင် ကုန်ဆုံးလွန်မြောက်လေ သည်။ ယင်းကိုပင် သီတင်းကျွတ်သည်ဟု ခေါ်သည်။ ထိုသို့ ခေါ်ရာမှ သံတူလကိုလည်း သီတင်းကျွတ်လ ဟု ခေါ်ဆိုကြတော့သည်။ ဤသို့ အရပ်ရပ်ကို ထောက်ဆလျက် သီတင်းဟူသော ဝေါဟာရမှာ သီလကို ဖြည့်တင်းလျက်၊ တနည်း သီလကို ပြည့်တင်းစေလျက် နေထိုင်ခြင်းကို ခေါ်ကြောင်း

အမေး။ ။ အရှင်ဘုရား….သိမ်နဲ့ပတ်သက်ပြီး မေးချင်ပါတယ်ဘုရား။ သိမ် ဘယ်နှစ်မျိုးရှိပါသလဲဘုရား။ ဘာလို့ သိမ်ကွဲပြားတာလဲ၊ ခဏ္ဍသိမ်ဆိုတာ ဘာကိုခေါ်တာလဲဘုရား၊ ဘယ်သိမ်က ဘယ်လိုအာနိသင်ရှိပါလဲ၊ သိမ်ဝင်အပ်၊ ချည်တွေက ဘယ်လိုများ စွမ်းပါသလဲဆိုတာ ရှင်းပြပေးပါဘုရား။ သိမ်သမုတ်မယ်ဆိုရင် သာသနာရေးဦးစီးဌာန ခွင့်ပြုစာ မြေစာရင်းဦးစီးဌာနတွေလည်း ပါရတယ်ဆိုတာ ကြားမိပါတယ်ဘုရား၊ ဒါနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ရှင်းပြပေးတော်မူပါဘုရား။

ခွန်မြလှိုင်
ချင်းမိုင်(ဇင်းမယ်)



အဖြေ။ ။ သိမ်အမျိုးအစားက အကျဉ်းအားဖြင့် နှစ်မျိုးရှိတယ်။ ၄ပါး၊ ၄ပါးထက်များတဲ့ ရဟန်းတော်များ စုပေါင်းကာ ဥတ်ကမ္မ၀ါစာဖတ်ပြီး သမုတ်ရသောသိမ်နှင့် ဉတ်ကမ္မ၀ါစာမဖတ်ဘဲ အလိုလိုဖြစ်သောသိမ်တို့ ဖြစ်ကြပါတယ်။

ဒီနှစ်မျိုးမှာ ပဌမအမျိုးအစားက ဉတ်ကမ္မ၀ါစာဖတ်ပြီး သမုတ်ရတဲ့သိမ်ကို ဗဒ္ဓသိမ်လို့ခေါ်ပြီး၊ ဒုတိယအမျိုးအစားက ဉတ်ကမ္မ၀ါစာ မပါဘဲ ဖြစ်တဲ့သိမ်ကိုတော့ အဗဒ္ဓသိမ်လို့ခေါ်ပါတယ်။ ၄င်းနှစ်မျိုးအနက် ဗဒ္ဓသိမ်မှာ (၁)ခဏ္ဍသိမ်၊ (၂) သမာနသံဝါသကသိမ်၊ (၃)အ၀ိပ္ပ၀ါသသိမ်လို့ သုံးမျိုးကွဲပြီး၊ အဗဒ္ဓသိမ်မှာလည်း (၁)ဂါမသိမ်၊ (၂)ဥဒကုက္ခေပသိမ်(ရေသိမ်) (၃)သတ္တဗ္ဘန္တရသိမ်လို့ သုံးမျိုးကွဲပါတယ်။

ဗဒ္ဓသိမ်နဲ့ပတ်သက်ပြီး မဟာသိမ်ဆိုတာလည်း ရှိပါသေးတယ်။ ဖေါ်ပြပါ ဗဒ္ဓသိမ်များဟာ မြေကြီးပေါ်မှာ သမုတ်တဲ့သိမ်များဖြစ်ပါတယ်။ ဒါပေမဲ့ မြေကြီးပေါ်မှာ သမုတ်မှသာ သိမ်ဖြစ်တာမဟုတ်၊ ကျောက်ဖျာစတဲ့ နေရာတွေမှာ သုမတ်ရင်လည်း သိမ်ဖြစ်ကြပါတယ်။ ဒါကြောင့် သိမ်သမုတ်နေရာကို အစွဲပြုပြီး သိမ်အမျိုးမျိုး ကွဲပြားရပြန်ပါတယ်။ ဒါတွေက (၁) ကျောက်ဖျာပေါ်မှာ သမုတ်အပ်သောသိမ်။ (၂)ကျောင်းငယ်မှာ သမုတ်အပ်သောသိမ်။ (၃)လိုဏ်မှာ သမုတ်အပ်သောသိမ်။ (၄)ပြာသာဒ်မှာ သမုတ်အပ်သောသိမ်၊ (၅)တောင်ထိပ်မှာ သမုတ်အပ်သောသိမ်ရယ်လို့ သိမ်ငါးမျိုး ကွဲပြန်ပါတယ်။ မြစ်ကို လွမ်းကျော်ပြီး(ငုံပြီး) ဟိုဖက်ကမ်း ဒီဖက်ကမ်း နှစ်ဖက်စလုံးကို အတွင်းပြုပြီး

 

တစ်ခါက....ဈေးရှိတဲ့ ရွာကြီးတစ်ရွာမှာ ဈေးဖိတ်နေ့ညနေပိုင်းရောက်တဲ့
အခါမှာ နောက်နေ့ရောင်းချဖို့အတွက် အမဲသက်လေ့ရှိပါတယ်….. အဲဒီအခါမှာ နောက်နေ့နွားသက်ဖို့ ၀ယ်လာတော့ နွားမကြီးတစ်ကောင်ဖြစ်နေတယ်
အဲဒီနွားမကြီးဝယ်လိုက်တော့ နို့မပျက်သေးတဲ့ နွားငယ်လေးတစ်ကောင်ပါလာတယ်။
နွားမကြီးကို နွားသက်ကုန်းပေါ်ခေါ်လာတော့ နွားငယ် သားလေးလည်း ဘာမသိညာမသိနဲ့
လိုက်ပါလာတော့တာပေါ့။ နွားသက်ကုန်းနဲ့ မနီးမဝေးမှာတော့ အရင်ကသက်ထားတဲ့
နွားတွေရဲ့အရိုးအနံ့ရတော့ နွားမကြီးလည်း မိမိကို သက်တော့မယ်ဆိုတာသိတော့
မောင်းလို့မရတော့ဘူးတဲ့။

လူတွေကလည်း နေမ၀င်ခင် ကိစ္စပြီးအောင်လုပ်ရမှာဆိုတော့ နွားမကြီးကို နောက်ကနေမောင်းလို့မရတော့တဲ့ အဆုံး နှာကြိုးကို လှန်ပြီး
ရှေ့ကနေတအားဆွဲတော့တယ်။ နွားမကြီးလည်း ကြောက်အားလန့်အားနဲ့ ယက်ကန်
ယက်ကန်နဲ့ ရုံးနေတာပေါ့။ အဲဒီအချိန်မှာ နွားသားလေးက ဘာမှမသိရှာဘူးလေ။
တောထဲမှာ မြတ်စားရင်း ဆော့ကစားနေလေရဲ့။ နောက်တော့ပါလာတဲ့လူတွေအားလုံးက
နွားမကြီးနှားဖျားကြိုးကို တအားဆွဲကြတော့ နွားမကြီးရဲ့ နှာဖျား အသား
တွေပြတ်သွားတော့တယ်။ သွေးတစက်စက်နဲ့ နွားမကြီးလည်း ကြောက်အား
လန့်အားပြေးတော့တာပေါ့။

လယ်ကွက်နှစ်ကွက် သုံးကွက်လောက် လွန်တဲ့အခါမှာ ကျန်တဲ့နွားသားငယ်လေးက အမေကိုမတွေ့တော့ အသံပေး အော်လိုက်တော့ နွားမကြီးလည်း ဆက်မပြေးတော့ဘူး
နွားသားလေးကိုရပ်စောင့် နေတယ်။ နွားသားလေးနဲ့အတူ နွားသက်သမားတွေက ပါလာတော့
နွားမကြီးလည်း နောက်လယ်ကွက် သုံးကွက်လောက်ဆက်ပြေးပြန်ေ၇ာ ။
အမေနဲ့အတော်ဝေးသွားတော့ နွားသားလေးလည်းဆက်အော်ပြန်တော့
နွားမကြီးလည်းတစ်ဖန် ရပ်စောင့်နေပြန်တယ်။

အဲဒါကို နွားသက်သမားတွေက နွားမကြီးကိုလိုက်နေ့လို့တော့ ဒို့တောနေ၀င်သွားတော့မယ်။ ဖမ်းဖို့တော့မလွယ် တော့ဘူး။

 

အိန္ဒိယပြည်မှာဗုဒ္ဓဘာသာဘာကြောင့်ကွယ်သွားရတာလဲဆိုတာ ဘုန်းကြီးတို့ လေ့လာလို့
ရသလောက် ပြောရရင် အခြေခံအကြောင်း ၃-ခုကို တွေ့ရပါတယ်။

၁။ ဇာတ်ဝါဒ အလွန်ပြင်းထန်ခြင်း၊ (လူတန်းစား ခွဲခြားမှု့)

၂။ အတ္တ၀ါဒ အလွန်ပြင်းထန်ခြင်း၊ (အစွဲကြီးမှု့)

၃။ သဒ္ဓါတရားနည်းပါးခြင်းတို့ကြောင့် အိန္ဒိယပြည်မှာ ဗုဒ္ဓသာသနာ ကွယ်ခဲ့ရပါတယ်။

အပြည်အစုံအကျယ်ကို သိရှိလိုလျှင်
အနှစ်ကိုးပါးတရားတော် (သီတဂူဆရာတော်) -စာအုပ်ကို ၀ယ်ယူ၍ ဖတ်ရှူကြလေကုန်......


နောက်တခု သာသနာကွယ်ခြင်းရဲ့ အကြောင်းက ဘာလဲဆိုရင် လူတွေရဲ့ နှလုံးသားထဲမှာ
သဒ္ဓါတရား ခေါင်းပါးလာမှု့ပါပဲ။
ဘာသာခြားတွေက သဒ္ဓါတရား ခေါင်းပါးတော့ လုပ်ချင်ရာ လုပ်တော့တာပဲ။ အရာရာမှာ
ကိုယ့်ဘာသာ ရှေ့တန်းက နေရာရဖို့၊ အသာစီးရဖို့၊ ခေါင်းတစ်လုံးသာဖို့ ဆိုတဲ့ မကောင်းတဲ့
စိတ်တွေ ဖြစ်လာတယ်။ သူများဘာသာက ကိုယ့်ဘာသာထက် သာသွားမှာကို မလိုလားဘူး။

ဗုဒ္ဓဘာသာ အရှိန်အ၀ါ ကောင်းမှာကို မလိုလားဘူး။ ဒီတော့ မနာလိုစိတ်တွေ ပြင်းထန်လာတယ်။
ဒါကြောင့် ဘာသာခြားများက ဗုဒ္ဓသာသနိက အဆောင်အဦ တွေကို ဖျက်ဆီးတယ်။

သမိုင်းမှတ်တမ်းများ ဖတ်ရှူ့လိုလျှင်



သတိမူရင် မြူကို မြင်တယ်

နာလန္ဒာ ဗုဒ္ဓတက္ကသိုလ် ကြီးဆိုရင် တချိန်တုံးက သိပ်အောင်မြင်ခဲ့တာပဲ။ ဒီလိုအောင်မြင်တာကို

မေး။ ။ အရှင်ဘုရား တပည့်တော်တို့စိတ်မှာ မရှင်းလင်းတဲ့ကိစ္စတစ်ခု မေးလျှောက်ခွင့် ပြုတော်မူပါဘုရား။

လူတွေက အတိတ်ကံ၊ ၀ဋ်ကြွေးကို မလွန်ဆန်နိုင်ကြဖူးလို့ တပည့်တော်သိထားပါတယ်။ ဥပမာ-မောင်ဖြူဆိုတဲ့လူတစ်ယောက်ဟာ သူများအသတ်ကိုသတ်ခဲ့ဖူးတဲ့ အကုသိုလ်ကံကြောင့် သူ့ကိုလည်း သူများကသတ်ခဲ့ရင် သူဟာသူ့ကံကြောင့်သေရတာဖြစ်ပေမဲ့ မောင်နီဆိုတဲ့ သတ်တဲ့သူကလည်း မောင်ဖြူရဲ့ကံအကြောင်းတရားကြောင့် သတ်ဖို့ဖြစ်လာခဲ့တာ မဟုတ်လား။ အဲဒီလိုသတ်ဖို့ဖြစ်လာတဲ့ မောင်ဖြူမှာသတ်ခြင်းကြောင့် အကုသိုလ်ဖြစ်ရတာကို စိတ်ထဲမှာ ဘ၀င်မကျဖြစ်နေမိပါတယ်။ တကယ်တော့ မောင်ဖြူက သူအကုသိုလ်နဲ့သူ သေရတာပဲမဟုတ်လား ဘုရား။ မောင်နီကလည်း မောင်ဖြူရဲ့အကုသိုလ်ကံကြောင့် သတ်ဖြစ်သွားတာမဟုတ်ဘူးလားဘုရား။ ဘယ်သူ့မှာ ဘယ်လိုအကုသိုလ်ပါတယ်ဆိုတာ ဘယ်သူက ကြိုသိနိုင်မှာလဲဘုရား။ တပည့်တော်အနေနဲ့ သူများအသတ်ကိုသတ်တာ ငရဲကြီးတယ်ဆိုတာသိပေမဲ့ ဒီလိုကိစ္စမျိုးမှာ ဘယ်သူကမှားတယ်ဆိုတာ မပြောတတ်အောင်ပါဘဲ။

တပည့်တော် ဒီမေးခွန်းကို မေးဖြစ်သွားတာ သူငယ်ချင်းတစ်ယောက်ကြောင့်ပါ။ သူငယ်ချင်းက သူအလိုမတူပဲ ကိုယ်ဝန်ရခဲ့တဲ့အတွက် ကလေးကို သိပ်မုန်းပါတယ်။ ကလေးကို သူ့ကလေးလို့လက်မခံနိုင်သလို လူယုတ်မာကိုလည်း သူမယူနိုင်ပါဘူး။

ဒီကိုယ်ဝန်ကြောင့် လူယုတ်မာကိုယူရရင် သူ့ဘ၀တစ်ခုလုံးပျက်စီးမှာဖြစ်ပြီး မိဘတွေလည်း အရှက်ကွဲကြရပါမယ်။ ကလေးကိုလဲ မွေးခဲ့သည့်တိုင်အောင် လူ့လောကထဲမှာ သူ့သားသမီးအဖြစ် အသိအမှတ်ပြုနိုင်မှာ မဟုတ်ပါဘူးတဲ့။ မွေးပြီးမှ ပြစ်ထားတာထက်စာရင် မမွေးတာဟာ ကလေးအတွက်ရော သူ့အတွက်ရော ကောင်းမယ်လို့ယူဆပြီး ကလေးကို တစ်လသားကိုယ်ဝန်မှာ ဖျက်ချခဲ့ပါတယ်။ တစ်လသားဆိုတာ အသက်လဲမ၀င်သေးတော့ ငရဲမကြီးပါဘူးလို့ ပြောတဲ့လူကလဲ ပြောခဲ့လို့ပါတဲ့။ နိုင်ငံခြားမှာလဲ မလိုချင်တဲ့ကလေးကို တရားဝင်ဖျက်ချခွင့်တွေရှိနေတော့ ဒါကို သူလဲ အဲဒီတုန်းကတော့အပြစ်လို့ မယူဆခဲ့ဖူးထင်ပါတယ်။

အခု သူအသက်ရလာလို့ဘာသာရေးတွေကို လေ့လာတဲ့အခါမှာ သူအကုသိုလ်တရားကို ထိတ်လန့်လာပါတယ်။ သူကလေးဖျက်ခဲ့တဲ့အတွက် သူဘယ်လိုအကုသိုလ်ကံတွေ ခံရမလဲပေါ့။ သူဘယ်လိုလုပ်ရင် အကုသိုလ်တွေကနေ သက်သာရာရမလဲပေါ့။ တပည့်တော်ကို မေးလာခဲ့ပါတယ်။ တပည့်တော်လဲ ရေများရေနိုင် မီးများမီးနိုင်ဆိုသလို လူ့ဘ၀မှာ အကုသိုလ်နဲ့တော့ လူတိုင်းမကင်းဘူး။ အကုသိုလ်ကို အမြဲတမ်းတွေးနေရင် အကုသိုလ်ဖြစ်တယ်။ နင်လဲ မလွှဲမရှောင်သာလို့လုပ်ခဲ့ရတာပဲ။ ကလေးမှာလဲ သူ့အကုသိုလ်ပါလို့ အသက်ရှင်ခွင့်မရတာပေါ့။ ဘယ်လိုကုသိုလ်ကောင်းမှုဖြစ်ဖြစ် လုပ်သာလုပ်ပါ။ ကုသိုလ်လုပ်တာများရင် အကုသိုလ်တွေ အကျိုးမသက်ရောက်နိုင်တော့ပါဘူးလို့ တပည့်တော် ဖြေမိပါတယ်။ ဒါပေမဲ့ တပည့်တော်အဖြေက မှန်မမှန် တပည့်တော် သံသယ၀င်လို့ အရှင်ဘုရားကို မေးလျှောက်တာပါဘုရား။ သူ့အနေနဲ့ ဖြစ်ပြီးသားကို မပြင်နိုင်တော့ပေမဲ့ သူပြုခဲ့တဲ့ အကုသိုလ်အကျိုးပေးကို သက်သာစေမဲ့ မှန်ကန်တဲ့ ကုသိုလ်ပြုနည်းရှိရင် တပည့်တော်ကို ဖြေကြားပေးပါဘုရား။

တပည့်တော်သူငယ်ချင်းက သူ့အကုသိုလ်ကြောင့် နောက်ဘ၀မှာ မိဘတွေက စွန့်ပစ်တာခံခဲ့ရရင် သူဆင်းဆင်းရဲရဲနဲ့ ဒုက္ခမရောက်ရအောင်ဆိုပြီး မိဘမဲ့ကလေးတွေကို အမြဲအလှူဒါနပြုပါတယ်။ သူမသိနားမလည်ဘဲလုပ်ခဲ့မိတဲ့အပြစ်အတွက် ကြေရာကြေကြောင်းအနေနဲ့ ဆေးဖိုးဝါးခမတတ်နိုင်တဲ့ ရောဂါသည်ကလေးတွေကိုလည်း အကူညီပေးပါတယ်။ ဆေးမကုနိုင်လို့ အသေခံရတော့မဲ့ ကလေးလူနာတွေကိုလဲ သူအသက်ကယ်ပါတယ်။ သူကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်း ဒီကောင်းမှုကြောင့် သူ့အပြစ်တွေကျေပါစေလို့ သူဆုတောင်းပါတယ်တဲ့။ သူလုပ်နည်း မှန်ပါသလားဘုရား။ တပည့်တော် သူငယ်ချင်းအတွက် သနားသဖြင့် ဖြေကြားပေးတော်မူပါဘုရား။

ရိုသေစွာဖြင့်
ဟန်ထွန်း



ဖြေ။ ။ အင်း ဒကာမေးထားတဲ့ မေးခွန်းတွေက များတယ်လို့ထင်ရပေမဲ့ အပိုင်း(၃)ပိုင်းပဲ ရှိမယ်ထင်ပါတယ်။ အဲဒီတော့ နံပါတ်(၁)အနေနဲ့ ပထမဦးဆုံး သတ္တ၀ါတွေဟာ သေခြင်း(၄)မျိုးရှိတာထဲက တစ်မျိုးမျိုးနဲ့ သေကြရတာဆိုတာကို ရှင်းပြပါမယ်။ (၁)-သက်တမ်းကုန်လို့ သေတယ်။ (၂)-ကံကုန်လို့ သေတယ်။ (၃)-သက်တမ်းရော၊ သေရမဲ့ကံရောကုန်လို့ သေတယ်။ (၄)-သက်တမ်းရော၊ ကံတရားရော ရှိနေသေးမဲ့ ရုတ်တရက်ဝဋ်ကြွေးကြောင့် သေရတယ်ဆိုတဲ့ သေခြင်း(၄)မျိုးရှိပါတယ်။

အဲဒီတော့ တစ်စုံတစ်ယောက်ဟာ သူ့ပါလာတဲ့ကံကြောင့် တစ်နည်းနည်းနဲ့သေရမှာ မုချဧကန်ဖြစ်နေတာကို မိမိကကြားခံဝင်လိုက်ပြီး သတ်လိုက်တဲ့အတွက် အပြစ်ဖြစ်သွားရတာပါ။ ဥပမာ-မောင်ဖြူက မောင်ညိုကို ဓါးနဲ့ထိုးတယ်။ ဒါပေမဲ့ ကြားကနေ မောင်နီက ၀င်ခံလိုက်တဲ့အတွက် မောင်နီသေသွားတယ်။ အဲဒီအခါ မောင်ဖြူက ပြောမှာပေါ့။ ငါသတ်တာ မောင်ညို၊ သေသွားတာက မောင်နီ၊ ဒါကြောင့် ငါ့မှာအပြစ်မရှိဘူးလို့။ အဲဒီလိုပြောလို့ လောကီတရားဥပဒေက မောင်ဖြူကို အပြစ်မှလွတ်ခွင့်ပေးပါသလား။ အဲဒီလိုပါပဲ သူ့ဘာသာ ဘယ်နည်းနဲ့သေသေ၊ ကိုယ့်အလုပ်မဟုတ်တာကို မိမိက အငြိမ်မနေဘဲ သွားသတ်လိုက်မယ်ဆိုရင် မိမိကြောင့် သူသေသွားတာဖြစ်တဲ့အတွက် မိမိအပြစ်ဖြစ်ရတာပါ။

ဥပမာ-ငါးရာငါးဆယ်ဇာတ်တော်ထဲတွင် ဆိတ်တစ်ကောင်ဟာ သူများအသတ်ကိုသတ်ပြီး ယဇ်ပူဇော်ခဲ့တာကြောင့် ဘ၀ငါးရာတိုင်တိုင် သူများသတ်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီလိုခံခဲ့ရတာဟာ ယခုဆိတ်ဘ၀ကနေသေရင် ငါးရာပြည့်ပါပြီတဲ့။ အဲဒီငါးရာပြည့်မဲ့အချိန်မှာ ဆိတ်ကိုသတ်ပြီး တစ်ခြားလူများက ယဇ်ပူဇော်ဖို့ လုပ်ကြပါတယ်။ အဲဒီအခါမှာ ဆိတ်က ပြောပြပါတယ်။ မင့်တို့ငါ့ကိုသတ်ရင် မင့်တို့လည်း ငါလို့ပဲ ၀ဋ်ကြွေးတွေ ဆပ်ရလိမ့်မယ်။ ငါ့ဟာ မင့်တို့မသတ်လဲ သေရမှာပါတဲ့။ အဲဒီလိုဆိတ်ကပြောလို့ လူတွေကမသတ်ဖြစ်ပေမဲ့ ဆိတ်ဟာသေရမဲ့ကံကြောင့် မိုးကြိုးပစ်ခံရပြီး သေသွားပါတယ်။

အဲဒီတော့ မိမိတို့က သူ့အလိုလိုသေရမဲ့ကံပါတဲ့ တစ်စုံတစ်ယောက်ကို သတ်ရင်လည်း


ဗုဒ္ဓဘာသာဝင်များအတွက် စေတီ ၄ မျိုးကို ဖော်ပြပေးလိုက်ပါတယ်...။

  • ဓာတုစေတီ (ဘုရား...ရဟန္တာတို့၏ ဓာတ်တော်များ...)
  • ဓမ္မစေတီ (ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ...)
  • ပရိဘောဂစေတီ (ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သုံးဆောင်ခဲ့သော အသုံးအဆောင်များ...)
  • ဥဒ္ဒိဿကစေတီ (ဘုရားရှင်ကို ရည်မှန်းပြီး ထုလုပ်ထားသော ရုပ်ပွားဆင်းတုတော်များ...)
မသိလို့ပြောပြပေးပါဆိုတဲ့ လူငယ်တွေအတွက်ပါ... မေးခွန်းများအတွက် ၀မ်းသာပါတယ်... စိတ်ပါဝင်စားမှုကိုလည်း ကြိုဆိုပါတယ်... သိချင်တဲ့ မေးခွန်းတွေရှိရင် စိတ်ကြိုက်မေးမြန်းနိုင်ပါတယ်... ကျွန်တော်မသိတာတွေပါလာရင်လည်း သိနိုင်တဲ့ ဆရာတော်တွေကိုမေးမြန်းပြီး ပြန်ဖြေပေးပါမယ့်...
ကျေးဇူးပြုပြီးတော့ စော်ကားတဲ့စကားလုံးတွေမသုံးပါနဲ့... ယဉ်ကျေးပေးပါ...

အားလုံးကိုကျေးဇူးတင်ပါတယ်...

ဇင်မျိုး...

(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။

ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။

တီထွင်သူ အစစ်

(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)

ဟင်နရီစတီးအိုကော့ ( H.S. Olcott )

ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။ 
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။

၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီးသံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။

စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)

စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသောအခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။

စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍

အမေး။ ။ အရှင်ဘုရား တပည့်တော် ဒါနကုသိုလ်နဲ့ပတ်သက်ပြီး မရှင်းလင်းသည့်အတွက် မေးလျှောက် ခွင့်ပြုတော်မူပါဘုရား။ တပည့်တော် မှတ်သားဖူးသည်မှာ တိရစ္ဆာန်ကို ဒါနပြုဖူးတဲ့သူ ဘ၀ပေါင်း(၁၀၀)၊ လူမိုက်ကို ဒါနပြုဖူးရင် ဘ၀ပေါင်း(၁၀၀၀)စတဲ့ ချမ်းသာကို ခံစားရတယ်လို့ ကြားနာခဲ့ရဖူးပါတယ်ဘုရား၊ တပည့်တော် သိချင်တာက ချမ်းသာခံစားရတဲ့အပေါ်မှာ လှူဒါန်းမှုက တစ်နပ်စာလား၊ တစ်ဘ၀စာလား၊ စားမကုန်လို့ အကြွင်းအကျန်လား၊ စားဦးစားဖျားလား၊ ဒါမှမဟုတ် ဒါနမပြုခင် ဘယ်လိုစိတ်စေတနာအထူးပေါ်မှ အကျိုးခံစားရတယ်ဆိုတာကို သိလိုလှပါတယ်ဘုရား။

ဇော်မင်းထိုက်
ဟတ်ယိုင်(ထိုင်း)



အဖြေ။ ။ ဒီအမေးဟာ မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ အလှူဒါနရဲ့ အကျိုးတရားဟာ ချမ်းသာကို ခံစားရတယ်ဆိုတာ မှန်ပါတယ်။ ထိုချမ်းသာရဖို့အတွက် အလှူရှင်ဟာ ဘယ်လိုစိတ်မျိုး ထားရမလဲ၊ အဲဒါလေးပြောမယ်။

အလှူရှင်များရဲ့ စိတ်နေစိတ်ထားဟာ (၃)မျိုး ရှိပါတယ်။
(၁) ထင်ရှားကျော်စောလိုတဲ့စိတ်နဲ့ ဒါနပြုတာပါ။အဲဒါကို ‘ပကာသနာဒါန’လို့ခေါ်ပါတယ်။ ရှင်းပါဦးမယ်၊ ကိုယ့်ရဲ့နာမည်၊ ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့ကုမ္ပဏီ ထင်ရှားကျော်စောချင်လို့ အလှူလုပ်ကြတာလဲ ရှိတယ်။ ဒါဟာ အလှူအမျိုးစားထဲမှာ ယုတ်ညံ့တဲ့အလှူမျိုးဖြစ်တယ်။ မြို့ကြီးတွေမှာဆိုရင် အနုပညာရှင်တစ်ချို့ဟာ မိမိရဲ့ နာမည်ထင်ရှားကျော်ကြားစေဖို့အတွက် အသိုင်းဝိုင်းများစွာက လူတွေကို ဖိတ်ပြီး ဟော်တယ်တွေမှာ သိန်းပေါင်းများစွာ အကုန်အကျခံကာ ကျွေးမွေးကြတယ်။ အဲဒီအလှူမျိုးကို ‘ပကာသနာ’အလှူလို့ ခေါ်ပါတယ်။ ဘ၀သမ္ပတ္တိ ဘောဂသမ္ပတ္တိဆိုတဲ့ ချမ်းသာကိုရဖို့ မလွယ်လှပါဘူး။

(၂) ထင်ရှားကျော်စောလိုတဲ့စိတ်မရှိပေမဲ့ ဒါနပြုတဲ့အခါ လောကီအကျိုးမျှော်ကိုးပြီး လှူတာပါ။ ဒီအလှူမျိုးကို ‘ အလယ်အလတ်အလှူ’လို့ ခေါ်ပါတယ်။ သူက ကုသိုလ်ပြုရင် အကျိုးကိုမျှော်ပြီး ပြုတာပါ။ လူချမ်းသာ၊နတ်ချမ်းသာ ရရပါလို၏လို့ လောကီအကျိုးမျှော်ပြီး လှူတာ။ အဲဒီအလှူမျိုးဟာ ဘ၀သမ္ပတ္တိ ဘောဂသမ္ပတ္တိဆိုတဲ့ လောကီအကျိုးတော့ ခံစားရပါတယ်။ နိဗ္ဗာန်ကိုဦးတည်ပြီးတော့ မလှူတဲ့အတွက် ဒီဒါနဟာ ‘အလယ်အလတ်’ ဒါနမျိုးဖြစ်ပါတယ်။

(၃) အထက်ပါ(၂)မျိုးမပါဘဲ၊ နိဗ္ဗာန်ဦးတည်ပြီး လှူတဲ့အလှူမျိုး ဖြစ်ပါတယ်။ ဒီအလှူမျိုးဟာ မြင့်မြတ်သူတို့ရဲ့ အလှူဒါနလို့ ခေါ်ရပါတယ်။ တနည်း ပါရမီမြောက်တဲ့ ဒါနမျိုးပါ။ ထို ဒါနအတွက် အင်္ဂါ(၃)ချက်ရှိပါတယ်။ (က)နိဗ္ဗာန်ကို ဦးတည်ရမယ်။ (ခ) မိမိအကျိုး မမျှော်ကိုးရဘူး။ (ဂ) သူတစ်ပါးအကျိုး မျှော်ကိုးရမယ်။

ဥပမာ-အစာငတ်နေတဲ့ ခွေးလေးတစ်ကောင်ကို အစာကျွေးမယ်ဆိုပါစို့၊ အဲဒီမှာ ပေးလှူသူရဲ့စိတ်က



ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း ဆိုတဲ့ လူမျိုးစု (၈) စု ထဲကမှ ကျွန်တော် ဒီနေ့ရေးပေးချင်တဲ့ အကြောင်းကတော့ ကျွန်တော်လက်ရှိ အလုပ်တာဝန်နဲ့ ရောက်ရှိနေတဲ့ မြန်မာပြည် အနောက်ဘက် အခြမ်းမှာ တည်ရှိတဲ့ ရခိုင်ပြည်နယ် နဲ့ အဲ့ဒီရခိုင်ပြည်နယ်တွင်း ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်လူမျိုး ကိုယ့်ဇာတိ ကိုယ့်ဘာသာ သာသနာ တို့အတွက် စိတ်ဓါတ် ခန္ဓာ ကြံ့ခိုင်စွာနဲ့ နေထိုင်ကြတဲ့ ရက္ခိတ လို့ခေါ်တဲ့ ရခိုင်လူမျိုးတွေနဲ့ ပတ်သက်တဲ့အကြောင်းပါပဲ… ဘာလို့ ဒီနေ့မှာ ဒီပို့စ်လေးကိုတင်လဲဆိုတော့ ဒီနေ့ဟာ ရခိုင်လူမျိုးတို့ရဲ့ အမြတ်တနိုး တန်ဖိုးထားရာနေ့တစ်နေ့ဖြစ်တဲ့ ရခိုင်ပြည်နယ်နေ့ ဖြစ်နေလို့ပါပဲ… ဒီပို့စ်ကို ရေးလိုက်ခြင်းဟာလည်း ရခိုင်လူမျိုးတို့ရဲ့ ဘာသာတရားကိုချစ်မြတ်နိုးစိတ် မျိုးရိုးဂုဏ်ကို ချစ်မြတ်နိုးစိတ် သည်းခံသင့်တာကိုသည်းခံပြီး သည်းမခံသင့်တာကို ပြတ်ပြတ်သားသား ခုခံတွန်းလှန်တဲ့စိတ် အစရှိတာတွေ ကိုလေးစားလို့လည်းဖြစ်သလို ကိုယ့်မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလူမျိုးစုတစ်စု ဖြစ်တဲ့အတွက်လည်း စိတ်ထဲပိုရင်းနှီးသလိုရှိလို့ရေးလိုက်ခြင်းဖြစ်ပါတယ်…

ကျွန်တော် ရခိုင်ပြည်နယ်ကိုရောက်တာ (၂) နှစ်ကျော်ခဲ့ပါပြီ… ရခိုင်လူမျိုးတွေရဲ့ စိတ်ဓါတ် ဓလေ့ ဘာသာစကား ကိုးကွယ်ရာဘာသာ အစရှိတဲ့ အရာတွေကိုလည်း များစွာလေ့လာခဲ့ပြီးပါပြီ…

စိတ်ဓါတ်ပိုင်းကို စပြောရမယ်ဆိုရင် ရခိုင်လူမျိုးတွေရဲ့စိတ်ဟာ စိတ်ဓါတ်ညီမျှတဲ့ထဲမပါပါဘူး… ကျွန်တော်ဆိုလိုချင်တာကတော့ စိတ်ဓါတ်ပျော့ပြောင်းခြင်း စိတ်ဓါတ်မာကျောခြင်း ဆိုတဲ့ (၂) ခုကိုပါ… ရခိုင်လူမျိုးတွေရဲ့ စိတ်ဓါတ်က ပျော့ပြောင်းမှု နည်းပါးပါတယ်… အလွန်တရာ မာကျောတဲ့ စိတ်ဓါတ်အခံရှိပါတယ် အထူးသဖြင့် ဘယ်လိုအချိန်တွေမှာ ပိုသိသာသလဲဆိုရင် ဘာသာခြားတွေနဲ့ ပတ်သတ်လာရင် ရခိုင်လူမျိုးတွေရဲ့ စိတ်ဓါတ်ဟာ သံရေကျိုစက်မှာ အငွေအလျှံလျှံတောက်လောင်နေတဲ့ သံရေပူတွေနဲ့တူပါတယ်… ကိုယ့်လူမျိုး ကိုယ့်ဘာသာအတွက် အရာရာကို စတေးပစ်ဖို့ ပြင်ဆင်ထားတဲ့ အဆင့်အထိ စိတ်ဓါတ်မာကျောပါတယ်… ဒါကြောင့်လဲ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ ရခိုင်လူမျိုးများဟာ ဘာသာခြားလူမျိုး များအတွက် သံရေပူလို ပူလောင်စေပြီး သံမဏလိုမာကျောမှုနဲ့ တွန်းကန်အားအပြည့်ရှိတယ်လို့ မြင်မိပါတယ်…

ဓလေ့ကတော့ ကျွန်တော်တို့ဟာ တိုင်းရင်းသားညီအကိုမောင်နှမတွေ ဖြစ်ကြတဲ့အတွက် ကွာခြားမှု များများစားစားမတွေ့လှပါဘူး… လူမျိုးဓလေ့ အရပ်ဓလေ့အနေလောက်ပဲ ကြွဲ့ပားတာပါပဲ… ဒီနေရာမှာ တစ်ခု ပြောချင်တာကတော့ ရခိုင်လူမျိုးတွေဟာ ရခိုင်လူမျိုးဖြစ်ရတာကို အမြဲဂုဏ်ယူတတ်သလို အမြဲတမ်းလည်း အမျိုး သီလ (၂) ဋ္ဌာနကို စောင်ထိန်းဖို့ ကြိုးစားနေကြတဲ့လူတွေလည်းဖြစ်ပါတယ်… ဘာကြောင့်လဲဆိုတော့… ရခိုင်လူမျိုးတွေသုံးတဲ့ ရက္ခိတ ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကိုက အမျိုးသီလ (၂) ဋ္ဌာနကို စောင့်ထိန်းသူလို့ အဓိပ္ပါယ်ရလို့ပါပဲ…

ဘာသာစကားကိုပြောရမယ်ဆိုရင် မြန်မာစကားနဲ့ များစွာကွာခြားမှုမရှိလှပါဘူး… ရခိုင်လူမျိုးတွေရဲ့… စကားပြောအသံထွက်က ပါဠိအသံထွက်နဲ့ ပြောတာများပါတယ်… မြန်မာစကားနဲ့ရခိုင်စကား အဓိကကွာခြားချက်ကတော့ (ကျွန်တော့်အမြင်ပါ) ရခိုင်လူမျိုးတွေက ရကောက် ကို Ra လို့အသံထွက်ပါတယ်… ယရစ်နဲ့ရေးတဲ့ စာလုံးတွေကို

အမေး။ ။ ရဟန်းတော်များဟာ လူ/သာမဏေများနဲ့အတူ ဆွမ်းဘုဉ်းပေးတာဟာ အပ်/မအပ် သိချင်ပါတယ်ဘုရား။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ၀ိနည်းတော်မှာ ချွင်းချက်အနေနဲ့ရော ရှိပါသေးလားဆိုတာ သိချင်တဲ့အတွက် လျှောက်ထားပါတယ်ဘုရား။

သုခ


ရုရှားဖက်ဒရေးရှင်း



အဖြေ။ ။ ရဟန်းတော်များနှင့် လူသာမဏေများ တစ်ဝိုင်းထဲစားကြတာကို မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များရဲ့မျက်စိတွင် ရိုင်းနေမည်၊ အရုပ်ဆိုးနေပေလိမ့်မည်။ ထိုအကြောင်းနဲ့ပတ်သက်ပြီး ဗဟုသုတဖြစ်စေရန် ဖေါ်ပြပေးပါမည်။ ၀ိနည်းတော်လာ အကပ်မြောက်ကြောင်း အင်္ဂါ(၅)ပါး ရှိပါတယ်။

၁။ ကပ်မည့်သူက ရှေးရှုဆောင်ခြင်း။ (ရှေးရှုဆောင်ဆိုတာက လက်ဖြင့် ရှေ့တိုးပေး မှ ရှေးရှုဆောင်ရာ ရောက်တာမဟုတ်သေး၊ ဦးခေါင်းပေါ်တွင်ရွက်ထားတဲ့ စားဘွယ်ခွက်ကို လှူလို၍ ဦးခေါင်းကို အနည်းငယ် စောင်းပေးလိုက်လျှင် ရှေးရှုဆောင်ရာရောက်သောကြောင့် ရဟန်းက ထိုခွက်ကို လက်ဖြင့်ထိကာ အလိုရှိရာ ယူစားနိုင်ပါတယ်။ အားအလတ်ရှိသူ ကြွမြောက်နိုင်သော ယာဂုအိုးကြီးကို ကလေးများက မကြွနိုင်၍ မြေပေါ်လိမ့်ပြီး ကပ်ရာတွင်လည်း ရဟန်းက လက်ထိုးပေးကာ ထိရုံ၊ ထိ၍ဖြစ်စေ အကပ်ခံနိုင်ပါတယ်။)

၂။ အကပ်ခံမည့် ရဟန်းရဲ့ နှစ်တောင့်ထွာဟတ္ထပါသ်အတွင်းမှာရောက်ခြင်း။

၃။ အားအလတ်စားရှိသူ မြှောက်ချီနိုင်သော ၀တ္ထုဖြစ်ခြင်း။

၎။ ကိုယ်ဖြစ်ဖြစ်စေ၊ ကိုယ်နှင့်စပ်သော (ကိုင်ထားသော) ခွက်စသည်ဖြင့်ဖြစ်စေ၊ ပစ်၍ဖြစ်စေ၊ ဒီသုံးမျိုးတွင် တစ်မျိုးမျိုးဖြင့် ကပ်သူကပေးခြင်း။

၅။ လက်စသည်ဖြင့်ဖြစ်စေ၊ ကိုယ်နဲ့စပ်သော ကိုင်ထားသော ခွက်ဒုတ်စသည်ဖြင့်ခံ၍ ထိ၍ဖြစ်စေ ဒီ(၂)မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံခြင်း။ ထိုငါးပါးပြည့်စုံမှ အကပ်မြောက်ပါတယ်။ (ပါတိမောက်ဘာသာဋီကာ၊ နှာ ၂၇၁)

တစ်ဖန်…အကပ်ပျက်ကြောင်း(၆)ပါးလည်း ရှိပါသေးတယ်။ စွန့်၊ ချ၊ ပေး၊ လု၊ မစ္စု ၊ လိင်ပြန် ဤခြောက်တန် ကပ်ခံပျက်ကြောင်းတည်း။

၁။ (စွန့်) အကပ်ခံပြီးအစာကို မစားတော့ဘူးလို့ အာလယပြတ် (ငဲ့ကွက်မှုမရှိဘဲ) စွန့်လိုက်ခြင်းကြောင့်လည်း အကပ်ပျက်ပါတယ်။ ဒီိလိုစွန့်ရာမှာ လက်ကလွတ်မှ အကပ်ပျက်ပါတယ်။

၂။ (ချ) သိက္ခာချခြင်းကြောင့်လည်း အကပ်ပျက်တယ်။

၃။ (ပေး) သူတပါးကို ပေးခြင်းကြောင့်လည်း အကပ်ပျက်ပါတယ်။ (နှုတ်ကပေးသော်လည်း လက်မလွတ်သေးလျှင် အကပ်မပျက်)။

၎။ (လု) လူစသူတို့ လုယူသောကြောင့်လည်း အကပ်ပျက်ပါတယ်။

၅။ (မစ္စု) သေခြင်းကြောင့်လည်း အကပ်ပျက်ပါတယ်။

၆။ (လိင်ပြန်) ရဟန်းကနေ ရဟန်းမအဖြစ်၊ ရဟန်းမကနေ ရဟန်းအဖြစ်သို့ လိင်ပြန်ခြင်းတို့ကြောင့်လည်း အကပ်ပျက်ပါတယ်။ (ပါတိမောက် ဘာသာဋီကာ၊နှာ- ၂၇၅)

ဒီတော့ကား ခရီးသွားတဲ့အခိုက်တွင် မလွဲမရှောင်သာ၍ စားရလျှင် ပြောစရာလိုပေ၊ တကယ်လို့ သီးခြားခွဲပြီးစားဖို့ရာ အခွင့်အလမ်းရှိနေပါလျက်နဲ့ အတူတူစားကြလျှင် ရဟန်းအတွက် ဘာမျှမဖြစ်သော်လည်း ရဟန်းအောက်နိမ့်ကျသည့် လူစသည်များမှာ ရဟန်းတော်အပေါ် မလေးစားရာ ရောက်သည့်အတွက် အဂါရ၀ ဖြစ်ပါသည်။ အခြေအနေမပေး၍ တစ်ဝိုင်းတည်း စားကြသည်ဆိုရာဝယ် တစ်ဝိုင်းထဲတွင် ရဟန်းအတွက်က သန့်သန့်၊ လူစသည်များအတွက် သန့်သန့် ခွဲခြားပြီးစားလျှင် ရဟန်းအတွက်စားအပ်တယ်ဟု ပြောရချေမည်။

(သူ့ခွက်ကိုယ်နှိုက်၊ ကိုယ့်ခွက်သူနှိုက်ပါက မအပ်ပေ) ဒါဖြင့်ရင် လူတွေက လက်ဖြင့်ယူစားကြတဲ့အခါမှာ ရဟန်းများအတွက် အကပ်မပျက်နိုင်ဘူးလားဟုမေးစရာရှိတယ်။ ဒီအတွက် အကပ်ပျက်ကြောင်း(၆)ပါးအနက် ရဟန်းကစွန့်မှသာ အကပ်ပျက်သည့်အတွက် မစွန့်သေးသမျှ ဘယ်လိုပဲ ကိုယ့်ဆွမ်းဝိုင်းကို လာရောက်ထိကိုင်ပါစေ အကပ်မပျက်ဟု မှတ်ယူရမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ခရီးသွားခိုက် အခြေအနေမပေးဘူးဆိုပါက တစ်ဝိုင်းတည်းဖြစ်သော်လည်း ရဟန်းအတွက်သန့်သန့် (ဟင်းခွက်များ)ခွဲခြားပြီး ဘုဉ်းပေးမည်ဆိုပါက ဘုဉ်းပေးနိုင်ကြောင်း မောင်သုခရဲ့ အဖြေကို ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/



ဗုဒ္ဓဘာသာဝင်များ နေ့စဉ် ခါးဝတ်ပုဆိုးလို မြဲမြံ နေရမယ့် ငါးပါးသီလ ထဲမှာ ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်လည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ ကာမဂုဏ် များမှာ ဖော်လွဲ ဖောက်ပြန် ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ ဒီသိက္ခာပုဒ်ဟာ တစ်လင် တစ်မယား စနစ်ကို အကောင်အထည် ဖော်ပေးထားတာ ဖြစ်ပါတယ်။ ကာမဂုဏ် မှီဝဲတာကို ရှောင်နိုင်ရင် ကောင်းပေမယ့် မရှောင် နိုင်ရင်တော့ ကိုယ့်အိမ်သူ သက်ထား၊ ကိုယ့်လင်ယောက်ျား နဲ့ပဲ မှီဝဲ နေထိုင် နိုင်ကြောင်း ခွင့်ပြု ထားခြင်း ဖြစ်ပါတယ်။ အိမ်ထောင်သည် မှန်သမျှ ကာမဂုဏ် ကိစ္စမှာ ကိုယ့်လင်ယောကျာ်း၊ ကိုယ့်ဇနီးမယားက လွဲပြီး ကျန်တဲ့ ဘယ်သူ့ အပေါ်မှာကိုမှ ဘယ်လို အကြောင်း ပြချက်နဲ့ပဲ ဖြစ်ဖြစ် မဖောက်ပြန် ရဘူးလို့ တားမြစ်ထားခြင်း ဖြစ်ပါတယ်။

ဒီကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်ဟာ အိမ်ထောင်သည် များကို ရည်ညွန်းပါတယ်။ အထူးသဖြင့် အိမ်ထောင်သည် အမျိုးသား/ ယောက်ျားများ အတွက် ပိုပြီး တားမြစ် ခြင်း ဖြစ်ပါတယ်။ အမျိုးသား/ ယောက်ျားများ အတွက် ကာမေသုနဲ့ ပတ်သက်ပြီး မသွားလာအပ်တဲ့ မိန်းမ (၂၀)ရှိကြောင်း ပါရာဇိကဏ် အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။ အဲဒီ ၂၀က

အမေး။ ။ အရှင်ဘုရား တပည့်တော်သူငယ်ချင်းက သူ့အမြင်နဲ့ အမေးတစ်ခုမေးလာပါတယ်၊ သူ့အမြင်က မြန်မာနိုင်ငံရဲ့ အထင်ကရ ဘုရားစေတီများ၊ ထီးတော်၊ ငှက်မြတ်နားတော်များ၊ ကျောင်းများ စတာတွေမှာ စိန်၊ရွှေ၊ကျောက်သံပတ္တမြား၊ ၀တ္တုကြေးငွေတို့ကို အများကြီးအကုန် အကျခံပြီး ပေးလှူထားတာတွေ တွေ့မြင်ရပါတယ်။ ချမ်းသာတဲ့သူများက အကုန်ခံနိုင်တယ်ထားဦးတော့။ ဆင်းရဲတဲ့သူများကလည်း တတ်နိုင်သလောက်ပေးကမ်းတာ တွေ့ရပါတယ်။ ဒီလိုနေရာတွေမှာ အကုန်ခံနေမဲ့အစား ကိုယ့်တိုင်းပြည်မှာ လိုအပ်နေတဲ့ ဆေးရုံ၊စာသင်ကျောင်း၊ ချို့တဲ့တဲ့သူများအတွက် ပညာသင်ထောက်ပံ့စရိတ်၊ စာကြည့်တိုက် စတာတွေကို အများကြီးအကုန်ခံပြီး အကူအညီပေးသင့်တယ်လို့ ထင်ပါတယ်။ ဒီအယူအဆနဲ့ပတ်သက်ပြီး အဖြေပေးစေချင်ပါတယ်ဘုရား။



အဖြေ။ ။ ဒီလိုအယူအဆတွေ ရှေးကလည်း ရှိခဲ့ဖူးတယ်။ အခုလည်း ရှိနေဦးမယ်၊ နောင်လည်း ရှိနေဦးမှာဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုရင် ဒီအယူအဆဟာ ဘာသာခြားများရဲ့ အယူအဆ ဖြစ်နေလို့ပါပဲ။ ဒါနဲ့ပတ်သက်ပြီး ဘာသာခြားများအတွက် အတတ်နိုင်ဆုံး အဖြေပေးပါမယ်။ ဒီမေးခွန်းဟာ လူသားအားလုံးသိသင့်တဲ့ မေးခွန်းတစ်ခု ဖြစ်နေတဲ့အတွက် မေးလာသူကို ကျေးဇူးတင်ရဦးမှာပါ။

မိမိပိုင်တဲ့ပစ္စည်းကို သူတစ်ပါးအား ပေးကမ်းတယ်ဆိုတာဟာ စွန့်လွတ်မှု(ရက်ရောမှု)လို့ ခေါ်ပါတယ်။ ဒီရက်ရောမှု စွန့်လွတ်မှုဖြစ်ဖို့အတွက် ပစ္စည်းအပေါ်မှာ မိမိစိတ်က အနှောင်အဖွဲ့ကင်းနေရမှာပါ။ ဒါကို အနှောင်အဖွဲ့ကင်းတဲ့ စွန့်လွတ်မှုဖြစ်သလို အားကြီးတဲ့ စိတ်ဓါတ်အင်အားတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒီလိုဖြစ်အောင်လည်း တဖြည်းဖြည်းလေ့ကျင့် ယူရတာပါ။ အများအားဖြင့် တော်ရုံလူများ မလုပ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်တယ်။

ယနေ့ကမ္ဘာမှာ အချင်းချင်း သတ်ဖြတ်ညင်းဆဲနေကြတယ်။ သူတစ်ပါးပစ္စည်းကိုလည်း နည်းအမျိုးမျိုးဖြင့် လုယူ၊ဓားမြတိုက်နေကြတယ်။ ကိုယ့်အကျိုးဖြစ်ထွန်းမယ်ဆိုရင် ဘယ်သူပဲအကျိုးယုတ်ယုတ် လိမ်ပြောဖို့ ၀န်မလေးကြဘူး။ အချို့ကလည်း လူကိုသတ်တာမှ အပြစ်ရှိတယ်၊ သတ္တ၀ါကောင်လေးတွေကိုသတ်က အပြစ်မရှိဘူး၊ ရှေ့ဘ၀ နောက်ဘ၀ မရှိဘူးဆိုတဲ့ ၀ါဒအတွေးအခေါ်တွေ၊ ပေးကမ်းလှူဒါန်းတာတွေဟာ အကျိုးမရှိ၊ အကျင့်သိက္ခာ စောင့်ထိန်းဆောက်တည်တယ်ဆိုတာလည်း အလကားပဲ၊ ဘာမှ အကျိုးမပေးဘူး၊ တကယ်တော့ ဘာသာရေးဆိုတာဟာ လူပျင်းတွေရဲ့အလုပ်လို့ ယူဆနေကြတာဟာ ၀ါဒဆိုးတစ်ခု ဖြစ်ပါတယ်။

ထိုဝါဒဆိုးများရှိတဲ့ နိုင်ငံများဟာ အခုထိရှိနေဆဲပါ။ ထိုဝါဒဆိုးများဖြစ်လာတဲ့အခါမှာ တားဆီးစရာ ဘာလက်နက်ရှိကြပါလဲ၊ အချို့က ဓါး-ဓါးချင်း၊ လှံ-လှံချင်း၊ လက်နက်-လက်နက်ချင်း အပြန်အလှန် တိုက်ခိုက်ပြီး အဖြေရှာကြတယ်။ ကြာလာတော့ နှစ်ဖက်စလုံးမှာ ဆိုးကျိုးများနဲ့သာ ရင်ဆိုင်ရပါတယ်။ ဖြေရှင်းမှု မအောင်မြင်ဘူး၊ ဒါဟာ ၀ါဒဆိုးတွေကို ဖြေရှင်းမှုနည်းလမ်း မမှန်လို့ပဲ ပြောရပါလိမ့်မယ်။

ယနေ့ ကမ္ဘာမှာဖြစ်နေတဲ့ ထိုဝါဒဆိုးကို ဘယ်လိုလက်နက်မျိုးနဲ့ ဖြေရှင်းကြမှာလဲ၊ ဘာလက်နက်နဲ့မှ ဖြေရှင်းလို့မရပါဘူး။ အားကောင်းပြင်းထန်တဲ့ စိတ်ဓါတ်အင်အားကို ခံဓါတ်လုပ်ပြီး ထိုဝါဒဆိုးအား ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုရင် စွန့်လွတ်ရက်ရောမှု စတာတွေဖြစ်ပေါ်လာအောင် အခြေခံတဲ့ စိတ်ဓါတ်အင်အားဟာ အားလုံးကို ရင်ဆိုင်ဖြေရှင်းနိုင်လို့ပါပဲ။ ဒီစိတ်ဓါတ်အင်အားက တခြားမဟုတ်၊ ဗုဒ္ဓ၀ါဒအရ ယုံကြည်မှု(သဒ္ဓါ)ပင်ဖြစ်ပါတယ်။ တစ်ခုရှိတယ်၊ သဒ္ဓါဆိုတဲ့ယုံကြည်မှုဟာ အခြားဘာသာအများ ယုံကြည်တဲ့ ယုံကြည်မှုမျိုးကို မဆိုလိုပါ။ ပညာနဲ့ယှဉ်တဲ့ ယုံကြည်မှုမျိုး ဖြစ်ပါတယ်။ ထိုယုံကြည်မှုကြောင့်လည်း ဘုရားကျောင်းကန်စတာတွေမှာ အလှူရေစစ်လက်နဲ့မကွာ ဖြစ်နေကြတာပါလို့ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com



နီပေါနိုင်ငံသည် အိန္ဒိယပြည်၏ မြောက်ဘက်၌ နယ်နမိတ်ချင်း ဆက်စပ် တည်ရှိနေသော နိုင်ငံဖြစ်၏၊ ဗုဒ္ဓရှင်တော်မြတ်၏ ခမည်းတော် မယ်တော်တို့ တည်ရှိနေသော နိုင်ငံဖြစ်၏။ ဗုဒ္ဓရှင်တော်မြတ်၏ ခမည်းတော် မယ်တော်တို့ နေထိုင်ရာ ကပိလ၀တ်ပြည်နှင့် ဘုရားလောင်းဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်တို့သည် နီပေါနိုင်ငံအတွင်း၌ တည်ရှိကြ၏။ ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်ရှိပြီးနောက် တစ်နှစ်မြောက်အချိန်တွင် ကပိလ၀တ်ပြည်သို့ကြွ၍ ခမည်းတော်ကြီးနှင့်တကွ ဆွေတော်မျိုးတော်တို့အား တရားရေအေး တိုက်ကျွေးတော်မူခဲ့သည်။ ထို့နောက်လည်း ကပိလ၀တ်ပြည် နိဂြောဓာရုံကျောင်းတော်၌ အခါအားလျော်စွာ သီတင်းသုံး နေတော်မူခဲ့လေသည်။

ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူသောအခါ ကပိလ၀တ်ပြည်မှ သာကီဝင်မင်းမျိုးတို့သည် ကုသိနာရုံပြည် မလ္လာမင်းတို့ထံမှ ဘုရားရှင်၏ ဓာတ်တော်ဝေစုကို တောင်းယူ၍ ကပိလ၀တ်ပြည်၌ စေတီတော်တစ်ဆူ တည်ထားကိုးကွယ်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော် ကပိလ၀တ်ပြည်၌ ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်းမည်မျှကြာအောင် ဗုဒ္ဒသာသနာတော် စဉ်ဆက်မပြတ် တည်ရှိခဲ့ကြောင်းကိုမူ မသိရချေ။

ခရစ်မပေါ်မီ နှစ်ပေါင်း(၃၀၀)လောက်တွင် ပါဋလိပုတ်ပြည်မှ အသောက မင်းကြီးသည် လုမ္ဗိနီဒေသသို့ ကြွသွားပြီး ဘုရားလောင်းဖွားမြင်ခဲ့သောနေရာ၌ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခဲ့ကြောင်း၊ သမီးတော် စာရုမတီကိုလည်း အမတ်ကြီးတစ်ဦးနှင့် ထိမ်းမြားလက်ထပ်ပေးရာ ထိုမင်းသမီးသည် နီပေါနိုင်ငံ၌ ကျောင်းကန်ဘုရားများစွာတို့ကို တည်ဆောက်ခဲ့ကြောင်း သိရှိရပေသည်။

နီပေါနိုင်ငံသည် ဟိမ၀န္တာနှင့် နီး၍ အအေးဓာတ်လွန်ကဲသော ဒေသဖြစ်၏။ ထို့ကြောင့် ခရစ်နှစ် စောစောပိုင်းက ထိုနိုင်ငံ၌ နေထိုင်သော သဗ္ဗတ္ထိဝါဒ ဂိုဏ်းသားရဟန်းများသည် အအေးဒဏ်ကို ကာကွယ်ရန်အတွက် သင်္ကန်းနှင့် ပတ်သက်သော ၀ိနည်းဥပဒေများကို လျော့ပေါ့၍ ကျင့်သုံးခဲ့ရသည်ဟု ဆိုသည်။ ထို့ကြောင့် ထိုအချိန်တွင် နီပေါနိုင်ငံ၌ သဗ္ဗတ္ထိဝါဒသာသနာပြန့်ပွားနေပြီဟု ယူဆရသည်။ အဘိဓမ္မကောသကျမ်းပြု သဗ္ဗတ္ထိဝါဒ ဂိုဏ်းဆရာတစ်ဦးဖြစ်သော ၀သုဗန္ဓုသည်လည်း ၄-ရာစုနှစ်များအတွင်း နီပေါနိုင်ငံသို့ ကြွရောက်ခဲ့ကြောင်း သိရှိရပေသည်။

ခရစ်နှစ် ၇-ရာစုအတွင်းက နီပေါ၌ နန်းတက်သော အသုဝါမန်ဘုရင်သည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ခဲ့သည်။ ထိုဘုရင်သည် တိဘက်ဘုရင် စုန်စင်ဂမ်ပိုထံ သမီးတော်ကို ဆက်သ၍ နှစ်နိုင်ငံ ရွှေလမ်း ငွေလမ်း ဖောက်ခဲ့သည်။ ထိုအချိန်မှစ၍ နီပေါ၌

လောကမှာ ကျင်လည်ကျက်စားနေကြတဲ့ သတ္တ၀ါမှန်သမျှဟာ သတိလက်လွတ်မှုကြောင့် မမှားသင့်တဲ့ အမှားလေးတွေ မှားနေကြပါတယ်။ တချို့အမှားလေးတွေကျတော့ မိမိဘက်က မှန်တယ်ထင်ရပေမဲ့ အများအမြင်မှာတော့ မှားတဲ့အရာဖြစ်နေပါတယ်။ ယနေ့ခေတ်တွင် လူငယ်များဟာ ကာမကိစ္စများနဲ့ပတ်သတ်ပြီး မှားသင့်တဲ့အရာလား၊ မမှားသင့်တဲ့အရာလားဆိုတာ ခွဲခြားဝေဖန်ခြင်း လေ့လာခြင်းမရှိဘဲ စိတ်ကိုအလိုလိုက်ကာ အလွယ်တကူ မှားယွင်းနေကြပါတယ်။ တကယ်ဆို ကာမအမှုဟာ မိမိအတွက် အပြစ်နဲ့အကျိုး ဘယ်ဟာက ပိုများသလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။


ဒါပြင် ယခုခေတ်လူငယ်များ ကျုးလွန်နေကြတဲ့ ကာမမှုများဟာ များသောအားဖြင့် ကာမေသုမိစ္ဆာစာရကံနဲ့ မကင်းဘူးဖြစ်နေပါတယ်။ မိမိတို့ဟာ ဘယ်လိုမိန်းမယောက်ျားနဲ့ ကျုးလွန်ရင် ကာမေသုမိစ္ဆာစာရကံ ထိုက်မလဲဆိုတာ သေချာမသိကြပါ။ တချို့ကျတော့လည်း သိသိကြီးနဲ့ မိုက်နေကြတာလည်း ဖြစ်ပါမယ်။ အဲဒီလိုမိုက်နေတာဟာ ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးများကို မိမိတို့က သေချာမစဉ်းစား မလေ့လာထားလို့ပါ။ တကယ်တမ်း လေ့လာဆင်ခြင် စဉ်းစားမယ်ဆိုရင် ဒီကာမေသုမိစ္ဆာစာရကံရဲ့အကျိုးဟာ မျက်မှောက်တမလွန်နှစ်ဘ၀လုံးအတွက် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ သိပါလိမ့်မယ်။

ခုတော့ အဲဒီလိုမသိတဲ့အတွက် ယနေ့ခေတ်လူငယ်များဟာ ကာမကိစ္စကို အလွယ်တကူ ဘာမှမဖြစ်ဟုထင်နေပြီး ကျုးလွန်နေကြပါတယ်။ ဒါဟာလည်း တခြားနိုင်ငံက ကံတရား အကျိုးပေးကို မယုံကြည်ကြတဲ့လူတွေရဲ့ လုပ်ရပ်များကို အတုယူလို့လည်း မမှားသင့်တာ မှားနေကြတာပါ။ မိန်းကလေးများကလည်း မိမိတို့ဣနြေ္ဒသိက္ခာကိုမထိန်းဘဲ ဒီလိုပြုကျင့်ခံရတာဟာ ထည့်တွက်စရာမလိုပါလို့ထင်ထားသော် လည်း နောက်ပိုင်းမဖုံးနိုင်မဖိနိုင်ဖြစ်လာတဲ့အခါ သူတစ်ပါးအသက်ကို အလွယ်တကူသတ်ဖြတ်ကြပါတယ်။ အဲဒီတော့ တစ်မှုကနေ နှစ်မှုထိ အဆင့်တိုးကာ မကောင်းမှုများ ဖြစ်လာပါတယ်။ အဲဒီလို လူသားတိုင်းမှာ မကောင်းမှုတွေများလာမယ်ဆိုရင် သဘာဝကပ်ဆိုးတွေကလည်း ဖြစ်လာမှာပါ။ အဲဒီတော့ သဘာဝကပ်ဆိုးတွေက လွတ်ကင်းပြီး နောက်နောင်ဘ၀တွေမှာလည်း ဆင်းရဲဒုက္ခမရောက်ရအောင် ကာမအမှုအမှားများမှ ရှောင်ကြဉ်ရပါမယ်။

ယနေ့ခေတ်လူငယ်များ ကာမကိစ္စကျုးလွန်တဲ့အခါ မိမိကျုးလွန်တဲ့လူဟာ ကာမေသုမိစ္ဆာစာရကံ ထိုက်မထိုက်ကို သေချာသိရှိနားလည်ဖို့အတွက် ကာမေသုမိစ္ဆာစာရကံ ထိုက်ကြောင်း

အမေး။ ။ ဥပုသ်ဆောက်တည်တဲ့အခါ တချို့က ဘုရားဆောင်အရှေ့မှာ သီလယူကြပါတယ်။ တချို့က သံဃာတော်များအရှေ့မှာ သီလယူကြပါတယ်။ တချို့က လူတွေအရှေ့မှာလည်း ယူကြတယ်။ တပည့်တော်သိချင်တာက ဘယ်သူ့ဆီမှာ သီလယူရင် အကောင်းဆုံးဖြစ်ပါသလဲဘုရား။ ပြီးတော့ ဥပုသ်ဆောက်တည်ရာမှာ အချိန်ကန့်သတ်ချက်နှင့် အကြုံးဝင်တဲ့ အချိန်ကာလ အပိုင်းအခြားကိုလည် သိချင်ပါတယ်။ ဥပုသ်ဆောက်တည်ခြင်းဖြင့်လည်း ဘယ်လိုအကျိုးများ ရရှိနိုင်ပါသလဲဘုရား။


အဖြေ။ ။ အင်္ဂုတ္တရ တိကအဋ္ဌကထာမှာ “ဥပေါသထဒိဝသေ ပန ပါတောဝ ဘိက္ခုဿဝါ ဘိက္ခုနိယာဝါ ဒသသီလ လက္ခဏာညုနော ဥပါသကဿဝါ ဥပါသိကာယ၀ါ”လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်က…ဥပုသ်သီလ ခံယူရာမှာ ရဟန်းဖြစ်ေ၊ ဘိက္ခုနီမဖြစ်စေ၊ သီလလက္ခဏာကိုသိတဲ့ ဥပါသကာ၊ ဥပါသိကာမထံမှဖြစ်စေ ခံယူနိုင်ပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သီလရှိသူထံမှသာ သီလကို ယူနိုင်တာမဟုတ်ဘဲ သီလလက္ခဏာကိုသိသူ၊ သီလကိုအစဉ်မှန်မှန် အရှေ့က တိုင်ပေးနိုင်သူ မည်သူ့ထံမှမဆို ဆောက်တည်လို့ရပါတယ်။ မိမိကိုယ်တိုင်လည်း သီလကို အစဉ်အတိုင်း မှန်မှန်ဆိုနိုင်ရင် ဘုရားဆောင်အရှေ့မှာလည်း ကိုယ့်ဟာကိုယ် သီလယူလို့ရပါတယ်။ အကောင်းဆုံးကတော့ ရတနာသုံးပါးမှာ ဥပုသ်သီလယူတာက အလေးနက်ဆုံး ဖြစ်ပါတယ်။

ဥပုသ်ယူဖို့အတွက် သီလစတင်ယူရတဲ့အချိန်ဟာ ကန့်သတ်ချက် မရှိပါဘူး၊ အချိန်မရွေး သီလယူနိုင်ပါတယ်။ ဥပုသ်ဆောက်တည်ထားတဲ့ သူများဟာ ပုံမှန်ဥပုသ်ယူထားရင်တော့ ယူတဲ့အချိန်ကနေစလို့ နောက်တစ်ရက် အရုဏ်တက်တဲ့အချိန်အထိ အကြုံးဝင်ပါတယ်။ တစ်လ၊ (၄၅)ရက်တိုင်အောင် ဥပုသ်ရက်ရှည်ဆောက်တည်ရင် လည်း ရပါတယ်။ ဘယ်နှစ်နာရီမှ ဘယ်နှစ်နာရီအထိဆိုပြီး ကာလအပိုင်းအခြားနဲ့ ဆောက်တည်တဲ့သီလကိုတော့ ကာလပရိယန္တသီလလို့ ခေါ်ပါတယ်။ ကာလပရိယန္တသီလနှင့် အကျိုးတရားကို ပြောပါဦးမယ်။

တစ်ခါက ကောသမ္ဗီပြည်မှာ ဃောသကသူဌေး၊ ကုက္ကုဋသူဌေး၊ ပါဝါရိကသူဌေးရယ်လို့ သူဌေးသုံးယောက်ရှိတယ်၊ သူတို့ဟာ ဘုရားရှင်ပွင့်လုခါနီးဖြစ်ပေမဲ့ ကံတရားကို ယုံကြည်ကြတဲ့အတွက်ကုသိုလ်ကောင်းမှုများ လုပ်ကြပါတယ်၊ ရသေ့ငါးရာကလည်း မိုးတွင်းကာလရောက်တော့ ကောသမ္ဗီပြည်မှာ လာရောက်နေထိုင်ကြတယ်။ ဒီရသေ့ငါးရာကို သူဌေးသုံးယောက်က လိုလေသေးမရှိရလေအောင် ဆွမ်းစတာတွေကို ထောက်ပံ့လှူဒါန်းကြတယ်။ တစ်နှစ်မှာတော့ မိုးတွင်းကာလထုံးစံအတိုင်း ရသေ့များဟာ ကောသမ္ဗီပြည်ကို လာခဲ့ကြတယ်။ လမ်းခုလတ်ရောက်တော့ ရေငတ်လှတာကြောင့် အနီးရှိ အခက်အလက်ဝေစည်နေတဲ့

အမေး။ ။ ဘုန်းဘုန်းဘုရား။ သံဃာတော်တွေအတွက် သပိတ်ကို အမဲရောင်အဖြစ် ဘယ်သူသတ်မှတ်တာလဲ ဘုရား။ သတ်မှတ်တဲ့အချိန်ကာလနှင့် ရည်ရွယ်ချက်ကို တပည့်တော်သိလိုပါတယ် ဘုရား။ နောက်ပိုင်းမှာ မြသပိတ်လို အစိမ်းရောင်တွေ ပေါ်လာတာလေးလည်း တပည့်တော်သိလိုပါတယ်ဘုရား။

မောင်ပြည့်စုံအောင်။

ရုရှား



အဖြေ။ ။ သပိတ်အကြောင်းနဲ့စပ်ပြီး အကျယ်တ၀င့် ပြောချင်တယ်။ ဘုရားအလောင်းတော် တောထွက်တော် မူတော့ ဃဋိကာရဗြဟ္မာကြီးက ပရိက္ခရာလှူဒါန်းပါတယ်။ ဒီပရိက္ခရာထဲမှာ သပိတ်လည်း ပါပါတယ်။ ဗြဟ္မာလှူတဲ့သပိတ်ဟာ ဘာနဲ့လုပ်ထားတယ်ဆိုတာ တိတိကျကျ မဖေါ်ပေမဲ့ သုဇာတာသဌေးသမီး နို့ဃနာဆွမ်းလှူဒါန်းတဲ့ကာလမှာ (ဃဋိကာရမဟာဗြဟ္မုနော ဒိန္ဒော မတ္တိကာပတ္တော) ဗြဟ္မာကြီးလှူဒါန်းတာဟာ မြေဖြင့်ပြီးတဲ့ သပိတ်(မြေသပိတ်)လို့ ဆိုပါတယ်။ ဘုရားလောင်းတော်ဟာ ဒုက္ကရစရိယာအကျင့် ကျင့်နေတဲ့ကာလအတွင်း ဗြဟ္မာလှူတဲ့ မြေသပိတ်နဲ့ မကင်းခဲ့ပါ။ သို့သော်လည်း သုဇာတာသူဌေးသမီး နို့ဃနာဆွမ်းလှူဒါန်းဖို့ လာတဲ့အခါကျမှ မြေသပိတ်ဟာ အလိုလို ကွယ်ပျောက်သွားခဲ့တယ်။ ဘုရားလောင်းတော်ဟာ မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပါတယ်။

အဲဒီကနေ သတ္တာသတ္တဟစံတော်မူကာ နောက်ဆုံး ရာဇာယတနသတ္တာဟ စံနေတော်မူတဲ့အချိန်မှာ နတ်မင်းကြီးလေးပါးက (ဣန္ဒနီလမဏိမယေ ပတ္တေ) မြဖြင့်ပြီးတဲ့ သိပတ်(မြသပိတ်)ကို ကပ်လှူကြပါတယ်။ ဘုရားရှင်က ထိုမြသပိတ်ကို လက်မခံဘူး။ တစ်ဖန် ပဲနောက်အဆင်းရှိတဲ့ ကျောက်နဲ့လုပ်ထားတဲ့ သပိတ်လေးလုံးကို ဆက်ကပ်တော့မှ လက်ခံတော်မူပါတယ်။ ဘုရားရှင်က ထိုပဲနောက်အဆင်းရှိတဲ့ သပိတ်လေးလုံးကို ဆင့်ထားပြီး အဓိဋ္ဌာန်တော်မူရာ သပိတ်လေးလုံးကနေ အနားရစ်လေးရစ်ပါတဲ့သပိတ်တစ်လုံးတည်း မြင်တွေ့ရပါတယ်။ ဒါကြောင့်

တရား ခုနစ်မျိုးတို့ကို ဖျက်ဆီးအပ်ပြီး ဖြစ်သောကြောင့် ရဟန်းမည်၏။

အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ-

၁။ ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု {သက္ကာယဒိဋ္ဌိ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၂။ မဝေခွဲနိုင်မှု {၀ိစိကိစ္ဆာ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၃။ ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု {သီလဗ္ဗတပရာမာသ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၎။ စွဲမက်မှု {ရာဂ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၅။ အမျက်ထွက်မှု {ဒေါသ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၆။ တွေဝေမှု {မောဟ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၇။ ထောင်လွှားမှု {မာန} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။

ဤတရား ခုနစ်မျိုးတို့ကို ဖျက်ဆီးအပ်ပြီး ဖြစ်သောကြောင့် ရဟန်းမည်၏ ဟုမိန့်တော်မူ၏။

ဘိက္ခုသုတ်

ကြည်ညိုထိုက်သော ရဟန်းတော်များ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်၌ ရဟန်းတော်များ များစွာရှိပါသည်။ ထိုရဟန်းတော်များအနက် ဘယ်လိုရဟန်းတော်များကို ကြည်ညိုရမလဲ ဆိုတာကို အချုပ်အားဖြင့် ပြောပြရလျှင် ဓုရနှစ်ပါးကို ကြိုးစားအားထုတ် ပြုလုပ်နေကြတဲ့ ရဟန်းတော်များကို ကြည်ညိုကြရမယ်။

( ရဟန်းအလုပ် - ဓုရ ၂-ပါး )

မြတ်စွာဘုရားက မိမိ၏ သာဝကရဟန်းတော်များ အားထုတ်ဖွယ် ရဟန်းတို့အလုပ်=ရဟန်းတို့တာဝန်
ကို
(၁) ဂန္ထဓုရ (၂) ၀ိပဿနာဓုရ လို့ ၂-မျိုး ဟောတော်မူခဲ့တယ်။

ဂန္ထဓုရဆိုတာ= စာပေကျမ်းဂန် သင်အံပို့ချမှုဟူသော ရဟန်းတို့အလုပ်=ရဟန်းတို့တာဝန်ဖြစ်တယ်။
ဝိပဿနာဓုရဆိုတာ=၀ိပဿနာကမ္မဋ္ဌာန်း စီးဖြန်းကျင့်သုံးမှုဟူသော ရဟန်းတို့အလုပ်= ရဟန်းတို့တာဝန်ဖြစ်တယ်။
ဂန္ထဓုရကို ပရိယတ္တိဓုရ၊ ၀ိပဿနာဓုရကို ပဋိပတ္တိဓုရလို့လဲ ခေါ်တယ်။
ဒါဟာ မြတ်စွာဘုရားပေးခဲ့တဲ့ ရဟန်းတို့အလုပ်=ရဟန်းတို့တာဝန်ပဲ။ အဲဒီရဟန်းတို့အလုပ်=ရဟန်းတို့တာဝန် နှစ်မျိုးစလုံးကိုဖြစ်စေ၊ တမျိုးမျိုးကိုဖြစ်စေ ကြိုးစားအားထုတ် ပြုလုပ်ထမ်းဆောင်နေကြတဲ့ သီလရှိသော ရဟန်းတော်များကို ကြည်ညိုကြရမယ်။ အဲဒီရဟန်းတော်များဟာ အမှန်တကယ် သာသနာပြုနေတဲ့ ရဟန်းတော်များ ဖြစ်ကြတယ်။

အချို့က ဂန္ထဓုရ၊ ၀ိပဿနာဓုရ ဆိုတဲ့ ရဟန်းတော်တို့၏ အလုပ်၊ ရဟန်းတော်၏ တာဝန်နှစ်မျိုးတို့အနက် တမျိုးမျိုးကိုမျှ အားမထုတ်ပါဘဲ သာသနာပြုဆိုတဲ့အမည်ကို ခံယူနေကြတာကိုတော့ စဉ်းစားစရာကောင်းပါတယ်။

သာသန၀ံသပ္ပဒီပိကာ၊ သာသနာလင်္ကာရစာတမ်း၊ သီလ၀ိသောဓနီကျမ်းများကို ကြည့်ရှုလျှင် ရှေးရှေးက ဆရာတော်ကြီးတွေဟာ အလွန်ကြည်ညိုဖွယ်ကောင်းတာပဲ။ ရှေးရှေးက သူတော်ကောင်းတွေ ရဟန်းတော်များကိုကြည်ညိုပုံကိုလဲ သိပ်အတုယူဖို့ ကောင်းတာပဲ။

( ဆေးပေးခြင်း၊ ပန်း၊ သစ်သီးပေးခြင်း ရှောင်တော်မူကြပုံ )

အင်းဝခေတ်က အရှင်ဝရဓမ္မ ဆရာတော်ထံ ကျောင်းအမကိုယ်တိုင်လာပြီး ဆေးတောင်းသတဲ့ ဆရာတော်က-ဆေးမပေးကောင်းဘူး-လို့ မိန့်တော်မူတယ်။ ပစ္စည်းလေးပါး ဒါယိကာမပါဘုရား-လို့ထပ်ပြီးလျှောက်တော့ ပစ္စည်းလေးပါးဒါယိကာမ ဖြစ်လေ မပေးကောင်းလေ-လို့ မိန့်တော်မူပါသတဲ့။

နံမော်ဆရာတော်၏ ကျောင်းဒကာ သမီးက ကံကြီးဆရာတော်ထံ ဆွမ်းသွားပို့တယ်။ ကံကြီးဆရာတော်က ငှက်ပျောသီးနှင့် မုန့်ကို လက်ဆောင်ပေးလိုက်တယ်။ အိမ်ပြန်ရောက်လို့ ကျောင်းဒကာကြီး သိသွားတော့ ငါတို့ဆရာတော်နှင့် မတူ-လို့ပြောပြီး နောက် ဆွမ်းမပို့ရတော့ဘူးတဲ့။
ဘုန်းကြီးပေးလိုက်တဲ့ ငှက်ပျောသီးနှင့် မုန့်ကိုလည်း စွန့်ပစ်စေပါသတဲ့။

( ဗေဒင်မဟောသော ဆရာတော် )

မင်္ဂလာဘုံကျော် ဆရာတော်ထံ ၀န်ကတော်ကိုယ်တိုင် လှူဖွယ်ပစ္စည်းဖြင့် လာပြီး ၀န်ကြီး၏ ဇာတာကို ဗေဒင်မေးပါသတဲ့။ ဆရာတော်က ရဟန်းတော်များ ဗေဒင်မဟောကောင်းဘူး-လို့ ပြောလွှတ်လိုက်ပြီး ၀န်ကတော်ပြန်သွားတော့ လှူဖွယ်ပစ္စည်းများကို စွန့်ပစ်စေတယ်။ ၀န်ကတော်ကို ခေါ်လာတဲ့သူကိုလည်း နောင်-မခေါ်လာဝံ့အောင် တော်တော်ပြင်းပြင်းထန်ထန် ငေါက်ငမ်းတော်မူသတဲ့။

အရှင်အဂ္ဂဓမ္မ ဆရာတော်ကတော့ ဆေးကုတဲ့ဘုန်းကြီးက လှူတဲ့ ပစ္စည်းကို အကုန်စွန့်ပစ်ပြီး အဲဒီဘုန်းကြီးထိုင်တဲ့ နေရာကိုတောင် ရေဆေးပစ်ခိုင်းသတဲ့။

( ရှေးဆရာတော်များ ၀ိနည်းလေးစားပုံ )

နံမော်ဆရာတော် အရှင်သာရမဉ္ဇူ-ဟာ မိမိ၏ ဇာတိဖြစ်တဲ့ မိတ္ထီလာမြို့ အုတ်ရှစ်ကုန်းသို့ ကြွလာတဲ့အခါ ရွာက လှည်းအကြိုလာတယ်။ ဆရာတော်က မသွားနိုင်တော့မှ ငါပြောမယ်-လို့ မိန့်တော်မူပြီး လှည်းမစီးဘဲ ရွာရောက်အောင် ကြွတော်မူသတဲ့။

ဒုတိယ နံမော်ဆရာတော် အရှင်ဓမ္မပါလလည်း မိုးမရွာလျှင် ဘယ်အခါမျှ ထီးမဆောင်းဘူးတဲ့၊ မိုးရွာလို့ ထီးဆောင်းရလျှင်လည်း သူတပါးကို ထီးမမိုးခိုင်းဘဲ ကိုယ်တိုင်ဆောင်းတော်မူသတဲ့။

( သာလွန်မင်း ကြည်ညိုပုံ )

သာလွန်မင်းတရားကို အမြင့်မြို့စား သားတော် ရှင်တရုတ်က လုပ်ကြံတဲ့အခါ လေးထပ်ကျောင်းဘက်သို့ မင်းကြီးထွက်ပြေးလာပြီး လေးထပ်ဆရာတော်ကို အကြောင်းစုံလျှောက်ထား၍ လူဆိုးလူသွမ်းများ မ၀င်လာအောင် ထီးရိုး တောင်ဝှေးဆွဲကိုင်ပြီး တားမြစ်ပေးပါ-ဟု လျှောက်တယ်။ ဆရာတော်က ငါ ရဟန်းသားဖြစ်တယ်၊ ဘယ်လိုမျှ မကြံသာ၊ စံကျောင်းသူတော်ကို ပင့်ပါရစေဦး-ဟု မိန့်တော်မူပြီး စံကျောင်းဆရာတော်ကို ပင့်ခိုင်းလို့ စံကျောင်းဆရာတော် ရောက်တဲ့အခါ မင်းကြီးက လေးထပ်ဆရာတော်ကို လျှောက်သလို လျှောက်တယ်။ စံကျောင်းဆရာတော်က မင်းကြီးကို ကျက်သရေတိုက်မှာ နေခိုင်းပြီး ရဟန်းသာမဏေများကိုခေါ်ကာ ထီးရိုး တောင်ဝှေး ဆွဲကိုင်ပြီး ကျောင်းတွင်းသို့ လူတယောက်မျှ မ၀င်ရအောင် စောင့်ရှောက်ပေးတယ်။ ကျောင်းမှာ တလလောက် နေရတယ်။

အရေးတော် အောင်မြင်ပြီးစီးလို့ နန်းတော်ပြန်ရောက်ပြီးတဲ့အခါ မင်းတရားကြီးက-လေးထပ်ဆရာတော်သည် ရဟန်းပီသပါပေသည်။ စံကျောင်းဆရာတော်သည် စစ်သူကြီး ပီသပါပေသည်-လို့ မိန့်ဆိုကြောင်း ဆရာစဉ် စာများရှိပါတယ်။ လေးထပ်ဆရာတော်သည် သံသရာ ဆရာတော်ဖြစ်သည်။ စံကျောင်းဆရာတော်သည် ပစ္စုပ္ပန် ဆရာတော်ဖြစ်သည်-လို့ မိန့်ဆိုကြောင်း

ဒီနေ့တော့ လူသစ်တွေရောက်လာလို့ ၀ိပဿနာလက်တွေ့လုပ်နည်းကိုစပြီး ဟောရလိမ့်မယ်။ ၀ိပဿနာအလုပ်စမယ်ဆိုရင် မိမိစိတ်ဟာ အဓိပတိ ၃-ပါး အားထားရမယ်။(အဓိပတိသုံးပါးကို တရားအားထုတ်ရာ၌ ရှေးဦးမှတ်ဖွယ်တွင် ဖော်ပြပေးပါမယ်)။ တရားထိုင်တဲ့အခါ ဆိတ်ငြိမ်တဲ့နေရာမှာထိုင်ပါ။ ဆိတ်ငြိမ်တဲ့နေရာဟာ တောပါပဲ။ ဘုရားကို ရှိခိုးကန့်တော့၊ မိမိခန္ဓာကို တရားမထိုင်မီ ဘုရားကိုလှူထားပါ။ ပြီးတော့ သမ္မာဒေ၀- နတ်ကောင်းနတ်မြတ်တွေကို မေတ္တာပို့ အမျှဝေပါ။ ခန္ဓာကိုယ် ထားပုံထားနည်းကတော့ အချိန်ကြာကြာတရားအားထုတ်နိုင်အောင် တည့်တည့်မတ်မတ်ထိုင်ပါ။ဝင်သက် ထွက်သက် = အာနာပါနကို စိတ်တည်ငြိမ်ပြီး သမာဓိရအောင်လုပ်ပါ။ ၀င်လေလဲသိ ထွက်လေလဲသိပြီးနေရင် ကြာတော့ သမာဓိလဲ အားကောင်းလာမယ်။ အဲဒီသမာဓိအားကောင်းလာတဲ့အချိန်မှာ ၀ီရိယကို အလျှော့မပေးပဲ သတိနဲ့ ပညာကိုကပ်ပြီးလိုက်ပါ။
တရားထိုင်ရတာကြာတော့ ရုပ်တွေက ဖောက်ပြန်လာပြီး ဝေဒနာတွေ ပေါ်လာတယ်။ တောင့်လာတာ ညောင်းလာတာကို ဉာဏ်ကသိလာတယ်။ ညောင်းတာရယ် ညောင်းမှန်းသိတာရယ် ဒီ ၂-ခုကို ဖြစ်ပြီးပျက်သွားတာပဲလို့ သိလိုက်ပါ။ ဒီလိုသိလိုက်တဲ့အခါမှာ ညောင်းတဲ့ရုပ်နဲ့ ညောင်းတဲ့စိတ် မရှိတော့ပြီလို့ နောက်က ဉာဏ်နဲ့ သိလိုက်ပါ။ ညောင်းတာ တောင့်တာကို ပြုပြင်မပေးသမျှ အညောင်းဓာတ်တွေ တစ်ခုပြီးတစ်ခု ဖြစ်ပြီးပျက်နေအုံးမှာမို့၊ ဒူးကလေး ခြေကလေး ဆန့်ချင်တဲ့စိတ် ပြောင်းရွှေ့ချင်တဲ့စိတ်ပေါ်လာလိမ့်မယ်။ အဲဒီ ဆန့်ချင် ကွေးချင် ပြောင်းရွှေ့ချင်တဲ့စိတ်ဖြစ်တာတို့ ကိုယ်ဉာဏ်နဲ့ သိလိုက်ပါ။ ဒီလို သိပြီးတဲ့အခါ၊ ထို ဆန့်ချင် ကွေးချင် ပြောင်းရွှေ့ချင်တဲ့ ရုပ်နာမ်တွေ မရှိတော့ပြီလို့ ထပ်သိလိုက်ပါ။ အဲဒီလိုသိနေတုန်းမှာ ဖြတ်ဆိုအသံတစ်ခုကြားလိုက်ရင် “ကြားတယ်”လို့ သိပါ။ အဲဒီလို ခန္ဓာ ၅-ပါးမှာ တစ်ခုခုပေါ်လာတိုင်း ပေါ်လာတိုင်း သိပြီး ဖြစ်ပြီး ပျောက်ပျက်သွားပါကလားလို့ သိရမယ်။ အဲဒီလို အသိတရားတွေကို စိပ်သထက်စိပ်ပြီးလာတာတွေကို ဉာဏ်နဲ့မှတ်။ တဖြည်းဖြည်း ရုပ်နာမ်တရားတွေတခုပြီးတခု ဖြစ်ပြီးပျက်သွားတာတွေကို သတိနဲ့ စိုက်ကြည့်ကတွေ့လိမ့်မယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ ပါဠိလို ရွတ်မနေနဲ့တော့၊ ဖြစ်ပြီးပျက်သွားပါကလားလို့ တခုတည်းကိုသာ သတိနဲ့စိုက်ပြီး ကြည့်သိနေရင် ဆင်းရဲတဲ့သဘော၊ အစိုးမရတဲ့သဘောကို ပို၍ထင်ထင် သိမြင်လာလိမ့်မယ်။
ဒီလို မိမိတို့ခန္ဓာကိုယ်မှာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်တွေ ရှုကြည့်ဖန်များလာရင် မိမိရဲ့ ခန္ဓာကိုယ်ကို ရွံ့မုန်းလာတော့တာပဲ၊ အဲဒီအခါမှာ မိမိရဲ့ ခန္ဓာကိုယ်ကို စွန့်လွှတ်ချင်တဲ့စိတ် ဖြစ်လာမယ်။ ခန္ဓာကိုယ်ရှိရင် ဒီလိုဖြစ်ပျက်ဒုက္ခနဲ့ မကင်းနိုင်ပဲ၊ အို, နာ,သေ ဆိုတဲ့ ဒုက္ခသစ္စာနဲ့ တွေ့ကြရဦးမှာပဲလို့ ကြောက်ရွံပြီး မိမိခန္ဓာကိုယ်ကိုပဲ ရွံမုန်းလာမယ်။ ဖြစ်ပျက်ကို ရှုဖန်များလာရင် လောဘ ဒေါသ မောဟ ၃-ပါးစလုံး တဖြည်းဖြည်း ခေါင်းပါးပြီး နောက်ဆုံး ဖြစ်ပျက်ဆုံးအောင် ပွားများ အားထုတ်ဖန်များရင် ယခုဘ၀မှာပင် မဂ်ဖိုလ်ကို ရနိုင်တယ်။ ဒါကြောင့် ကြိုးစားပြီး မိမိတို့ ခန္ဓာကိုယ်ကို ဖြစ်ပျက်ရှုကြပေတာ့၊ ဖြစ်ပြီးပျက်တဲ့သဘောမှတစ်ပါး ဘာမှမရှိဘူးဆိုတာတွေ့ရလိမ့်မယ်။
ဉာဏ်စဉ်။ ။ အဲဒီလို ရှုဖန်များလာရင်
(၁) ဤကားရုပ်၊ ဤကားနာမ်လို့ ပိုင်းခြားသိလာတော့ နာမရူပ ပရိစ္ဆေဒဉာဏ် ရလာတယ်။
(၂) နောက် နာမ်ရုပ်တို့၏ဖြစ်ပေါ်ရင်းအကြောင်းတရားတို့ကို ဆင်ခြင်ပြီး ဒီနာမ်ရုပ်ဟာ အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ ဆိုတဲ့အကြောင်း လေးပါးကြောင့် ဖြစ်လာတဲ့ အကျိုးတရားပါကလား၊ အကြောင်းလဲဖြစ်ပျက်၊ အကျိုးလဲဖြစ်ပျက်ပဲလို့ ရှေးအတိတ်ဘ၀က “အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ” အကြောင်းတရားတို့ကို ရှာမှီးသိမ်းဆည်းနိုင်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ် ရလာမယ်။
(၃) နောက် ရုပ်နာမ်တို့၏ “ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့”တို့ကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ကာလသုံးပါးကို ပိုင်းခြား၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာရေး ၃-ပါးဖြင့် ဆင်ခြင်သုံးသပ်ခြင်းတည်းဟူသော သမ္မသနဉာဏ် အဆင့်သို့ ရောက်လာမယ်။
(၄) နောက် ယခုဖြစ်ဆဲ ပစ္စုပ္ပန်ရုပ်နာမ်တို့၏ ခဏမစဲ တသဲသဲ ဖြစ်ပျက်နေမှုကို ရှုခြင်းဆိုတဲ့ ဥဒယဗ္ဗယဉာဏ် ပေါ်လာမယ်။
(၅) နောက် ရှုဖန်များလာရင် အပျက်ကိုသာ သိမြင်လာတဲ့ ဘင်္ဂဉာဏ် ပေါ်လာမယ်။
(၆) ဒီလိုရှုဖန်များလာရင် ရုပ်နာမ်တို့၏ ပျက်မှု ချုပ်မှုကိုသာ မြင်လာသဖြင့်၊ ကြောက်ဖွယ်ရာဘေးကြီးလို့ထင်လာတဲ့ ဘယဉာဏ် ပေါ်လာမယ်။
(ရ) နောက် ရုပ်နာမ်တို့၏ ချုပ်ပျက်မှုစသော အပြစ်တွေကို ထင်မြင်လာတဲ့ အာဒီန၀ဉာဏ် ရလာမယ်။
(၈) နောက် မိမိခန္ဓာကိုယ်တည်းဟူသော ရုပ်နာမ် တို့ကို ငြီးငွေ့စိတ်ပျက် မနှစ်သက်တဲ့ နိဗ္ဗိန္ဒဉာဏ် ဖြစ်လာမယ်။
(၉) နောက် မိမိခန္ဓာကိုယ်တည်းဟူသော ရုပ်နာမ်ဓမ္မသင်္ခါရတို့မှ လွတ်ချင်လိုတဲ့ မုဉ္စိတုကမျတာဉာဏ် ရောက်လာမယ်။
(၁၀) ထိုမှတဆင့် ရုပ်နာမ်တွေရဲ့မမြဲမှု ဆင်းရဲမှု အစိုးမရမှုတွေကို အပြင်းအထန်အားထုတ်မှုကြောင့် အလွန်ထင်မြင်လာတဲ့ ပဋိသင်္ခါဉာဏ် ရောက်လာမယ်။
(၁၁) နောက် ရုပ်နာမ်ဓမ္မသင်္ခါရတို့ကို မချစ်မမုန်းပဲ လျစ်လျူရှုတတ်တဲ့ သင်္ခါရုပေက္ခာဉာဏ် ပေါ်လာတယ်။
(၁၂) နောက်ပြီးတော့ ရှေ့ဉာဏ် နောက်ဉာဏ်ကို လက္ခဏာရေးသုံးပါးဖြင့် အနုလုံပဋိလုံ ရှုပွားတဲ့အခါမှာ ၂-ဉာဏ်လုံးနဲ့ သင့်လျော်တဲ့ အနုလောမဉာဏ် ဖြစ်ပေါ်လာမယ်။
(၁၃) နောက် ပုထုဇဉ်တို့၏ အနွယ်ကိုဖြတ်၍ အရိယာတို့၏ အနွယ်ကိုဖြစ်စေတဲ့ ဂေါတြဘူဉာဏ် ပေါ်လာမယ်။
(၁၄) နောက် (သဥပါဒိသေသ) နိဗ္ဗာန်ကိုသိမြင်တဲ့ မဂ်ဉာဏ်နှင့်
(၁၅) မရှေးမနှောင်းပင် ထိုနိဗ္ဗာန်၏အကျိုးကို ခံစားတဲ့ ဖိုလ်ဉာဏ် ပေါ်လာမယ်။
(၁၆) နောက် မဂ်ကို ဆင်ခြင်ခြင်း၊ ဖိုလ်ကို ဆင်ခြင်ခြင်း၊ နိဗ္ဗာန်ဆင်ခြင်ခြင်း၊ ပယ်ပြီးသော ကိလေသာကိုဆင်ခြင်ခြင်း၊ မပယ်ရသေးသော ကိလေသာကို ဆင်ခြင်ခြင်းဆိုတဲ့ ဉာဏ် ၅-ပါးကို ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာဉာဏ် ရောက်လာလိမ့်မယ်။
ဒါကြောင့် အလွန်တွေ့ကြုံခဲလှစွာသော ဘုရားသာသနာတော်နဲ့ ကြုံခိုက်၊ ဆရာသမားကောင်းနဲ့လဲတွေ့ခိုက် ရခဲလှတဲ့ လူ့ဘ၀ကိုရနေခိုက်မှာ ယခုအချိန်ကစပြီး အရိုးကြီးပွားရေးကို မလုပ်ကြပဲ အရိုးကဓာတ်တော်ဖြစ်အောင် ကြိုးစားကြပါ။ အရိုး, အသွေး, အသားက ဓာတ်တော်ဖြစ်တယ်ဆိုတာ၊ အမေ မွေးကတည်းက ဖြစ်လာတာမဟုတ်ဘူး။ တရားကို အားထုတ်လို့ တရားကပြုပြင်သောကြောင့် တရားသဘောအရ ဓာတ်တော်ဖြစ်လာရတယ်လို့မှတ်ပါ။ ဒါကြောင့် တရားအလုပ်ကို ကြိုးကြိုးကုတ်ကုတ် အားထုတ်ဖို့ သတိပေးလိုက်ပါတယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒတရားများမှ
(၁၃၁၇-ခု တော်သလင်းလဆန်း ၁၃-ရက်နေ့၌ ဟောကြားသည်)

အမေး။ ။ ဆရာတော်ဘုရား…. တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါတယ်ဘုရား။ မြတ်စွာဘုရားရှင်က မာဂဓဘာသာစကားနှင့် သတ္တ၀ါများကို တရားရေအေး တိုက်ကျွေးခဲ့တယ်ဆိုတာ သိရပါတယ်ဘုရား။ တပည့်တော်သိချင်တာက မာဂဓဘာသာစကားနှင့် ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ တရားတော်များကို ပါဠိဘာသာစကားသို့ အဘယ်အချိန်က ပြောင်းလဲခဲ့ပါသလဲဆိုတာ အဖြေပေးတော်မူပါဘုရား။

လင်းလင်း။ ထိုင်ဝမ်




အဖြေ။ ။ ဘုရားရှင်ဟာ မာဂဓဘာသာစကားနှင့် တရားဟောတယ်ဆိုတာ မှန်ပါတယ်။ မေးခွန်းရှင်စိတ်ထဲမှာ မာဂဓဘာသာကနေ ပါဠိဘာသာကို ပြောင်းလဲခဲ့တယ်လို့ ထင်နေတယ်။ အမှန်က ပါဠိဘာသာစကားဆိုတာလည်း မာဂဓဘာသာစကားပါပဲ။ ဆက်ပြောဦးမယ်၊ ဘုရားရှင်ပွင့်တော်မူခဲ့တဲ့ အိန္ဒိယပြည် အရှေ့မြောက်ပိုင်းအပါအ၀င် ထိုအချိန်က အိန္ဒိယတစ်ပြည်လုံးမှာ သက္ကတဘာသာ။ ပြာကရိုက် ဘာသာ၊ မာဂဓဘာသာစကားသုံးမျိုးကို အရပ်သုံးဘာသာစကားအနေနဲ့ သုံးစွဲပြောဆိုကြပါတယ်။ အဲဒီမှာ ထီးသုံးနန်းသုံးစကားအဖြင့် သက္ကတဘာသာကို သုံးစွဲကြတယ်၊ ပြာကရိုက်ဘာသာစကားကိုတော့ အထက်တန်းလွှာက သုံးကြတယ်။ လူတန်းစားအားလုံး သုံးကြတာက မာဂဓဘာသာစကားဖြစ်တယ်။ မာဂဓဘာသာစကား (ပါဠိဘာသာစကား)ဟာ အက္ခရာအနေနဲ့ မရှိပါဘူး၊ ဒါကြောင့် မာဓဂ (ပါဠိ)ဘာသာစကားကို ဟိန္ဒူဗြဟ္မဏအက္ခရာနဲ့ ရေးထားတာရှိသလို ရောမအက္ခရာ၊ ဂျာမန်အက္ခရာ၊ အင်္ဂလိပ်အက္ခရာနဲ့လည်း ရေးလို့လည်း ရပါဘယ်။ အဘယ်လူမျိုး အဘယ်အက္ခရာမဆို ရေးလို့ရပါတယ်။ မာဂဓဘာသာ(ပါဠိ)ဘာသာစကားကို မြန်မာအက္ခရာနဲ့ ရေးလို့ရတဲ့အတွက် ပိဋကတ်သုံးပုံကို မြန်မာ အက္ခရာဖြင့်ရေးထားတဲ့ ပါဠိတော်တွေလည်း ယခုအချိန်မှာ တွေ့မြင်နေရတာပါပဲ။ ရှင်းရှင်းပြောရရင် ပါဠိဘာသာစကားကို ပါဠိအသံထွက်အတိုင်း အဘယ်အက္ခရာနဲ့ပဲဖြစ်စေ ရေးထားတဲ့ ပိဋကတ်တော်တွေ ရှိတယ်ဆိုတာကိုလည်း ဗဟုသုတအဖြစ် ဖေါ်ပြပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com