HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်



ဘုရားလောင်း လှည်းကုန်သည်မှူးဘ၀တုန်းကဖြစ်သည်။ ဘုရားလောင်းသည် နောက်လိုက် နောက်ပါလှည်းကုန်သည်ငါးရာတို့နှင့်အတူ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းအလို့ငှာ ခရီးထွက်ခဲ့လေသည်။

ကန္တာရခရီးသို့ရောက်သောအခါ လမ်းမှားခြင်းကြောင့် ခရီးမတွင်မူ၍ အစာရေ ရိက္ခာများပြတ်လပ် သွားကြလေသည်။ ဤသို့လှည့်လည်သွားလာကြစဉ် ပညောင်ပင်ကြီးတစ်ပင်ကို တွေ့၍ လှည်းကို ချွတ်ကာ ထိုညောင်ပင်ကြီးအောက်၍ အနားယူကြလေသည်။

ဘုရားလောင်းတို့ နားခိုရာ ပညောင်ပင်ကြိး၏အရွက်တို့သည် စိမ်းညို့ပြေပြစ်နေသည်ကို လည်းကောင်း၊ အခက်တို့သည် ရေဖြင့်ပြည့်နေသည်ကိုလည်းကောင်း တွေ့မြင်ကြရလေသည်။

ဣစ္ဆာသယ လိုတရ ပညောင်ပင်

ထိုအခါ ကုန်သည်တစ်ယောက်သည် ညောင်ပင်ပေါ်တက်၍ အရှေ့ဘက်ညောင်ကိုင်းကို ခုတ်ဖြတ် ကြည့်မိချေသည်။ ထိုကုန်သည် ခုတ်ဖြတ်ရာ ညောင်ကိုင်းဝမှ ရေများထွက်ကျလာသေည်။ ရေများသည် ညောင်ကိုင်းမှ တစ်စက်ချင်း၊ နှစ်စက်ခြင်းစိမ့်ကျခြင်းမျိုးမဟုတ်ဘဲ ရေစက်ဖြင့်စုပ်ထုတ်ခြင်းကြောင့် ရေပိုက်မှထွက်လာသကဲ့သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ဒလဟောထွက်ကျလာခြင်းဖြစ်၏။ ညောင်ကိုင်းမှ ရေများပန်းထွက်သည်မှာ ထန်းတစ်ရပ်စာမျှ မြင့်လေသည်။

ကုန်သည်တို့သည် ထိုရေများကို အငတ်ပြေအဖြစ် သောက်လည်းသောက်ကြ၏။ အမောပြေအဖြစ် ချိုးလည်းချိုးကြလေ၏။

ထို့နောက် တောင်ဘက်ညောင်ကိုင်းကို ခုတ်ဖြတ်ကြပြန်လေ၏။ ထိုအခါ ထိုညောင်ကိုင်းမှ အနံ့အရသာနှင့် ပြည့်စုံသော နတ်သုဒ္ဓါ နတ်အစားအစာများ ထွက်ကျလာလေ၏။ ကုန်သည်များသည် ထိုအစားအစာများကို ငတ်ငတ်ပြတ်ပြတ်နှင့် သူ့ထက်ငါ အလုအယက် ခပ်ယူစားသုံးကြလေသည်။

ထို့နောက် အနောက်ဘက် ညောင်ကိုင်းကို ခုတ်ဖြတ်ကြပြန်လေ၏။ ထိုအခါ ထိုညောင်ကိုင်းမှ အ၀တ်အစားလှပတင့်တယ်စွာ ၀တ်ဆင်ထားသော နတ်မိမယ်လေးများထွက်ကျလာ၏။ ကုန်သည်များ သည် ထိုနတ်မိမယ်လေးများနှင့် မွေ့လျော်ပျော်ပါးကြကုန်လေသည်။

ထို့နောက် မြောက်ဘက်ညောင်ကိုင်းကို ခုတ်ဖြတ်ကြပြန်လေ၏။ ထိုအခါ ထိုညောင်ကိုင်းမှ ရတနာခုနစ်ပါးတို့ ထွက်ကြလာကြကုန်၏။ ကုန်သည်များသည် ထိုရတနာများကို ကိုယ်စီကိုယ်ငှ လှည်းများပြည့်အောင် ကျုံးယူတင်ဆောင်ထားကြလေသည်။
“အရိပ်ခို အခက်ချိုး မိစ္ဆာမျိုးကုန်သည်”

ထိုသို့ ညောင်ကိုင်းခုတ်တိုင်း ထူးခြားဆန်းပြားသော စည်းစိမ်ဥစ္စာရတနာများ ထွက်ကျလာသည့် အခါ ကုန်သည်များသည် လောဘတက်၍ လာလေတော့၏။ “သစ်ကိုင်းခုတ်ရုံမျှဖြင့် ဤကဲ့သို့သော ရတနာ များ ထွက်ပေါ်လာသေး၏။ အမြစ်ကို တူးဖြတ်လျှင်မူကား သည်ထက် တန်ဖိုးကြီးသည့် ဥစ္စာရတနာများ ထွက်ပေါ်လာပေလိမ့်ဦးမည်” ဟု ကြံစည်ကာ ညောင်မြစ်တူးဖို့ အားထုတ်ကြလေသည်။

ထိုအခါ ဘုရားလောင်း လှည်းကုန်သည်မှူးသည် ထိုကုန်သည်များထံသို့ သွား၍ လက်အုပ်ချီကာ ဤသို့တောင်းပန်လေသည်။

“ဤပညောင်ပင်ကြီးသည် သင်တို့အား အဘယ်သို့ ပြစ်မှားလေသနည်း။”

“အရှေ့ကိုင်းက ရေကိုပေး၏။ တောင်ကိုင်းက ထမင်းအဖျော်ကို ပေး၏။ အနောက်ကိုင်းက မိန်းမပျို ကို ပေး၏။ မြောက်ကိုင်းက အလုံးစုံသော အလိုရှိအပ်သော ရတနာခုနစ်ပါးကိုပေး၏”

“အကြင်သစ်ပင်၏ အရပ်၍နေခဲ့ဖူး၊ အိပ်ခဲ့ဖူးအံ့။ ထိုသစ်ပင်၏ အခက်ကို မချိုးရာ”

အရိပ်နေလျက် အခက်ချိုးသောသူသည် ယုတ်မာသောသူ မည်၏။ အဆွေခင်ပွန်းကို ပြစ်မှားတတ် သူ မည်၏”

လှည်းကုန်သည်မှူးက မည်သို့ပင် ဆုံးမတားမြစ်စေကာမူ ကုန်သည်အားလုံးက လောဘတက်နေ သောကြောင့် လှည်းကုန်သည်မှူး၏ စကားကို မနာယူကြတော့ပေ။ နောက်ဆုံးတွင် လှည်းကုန်သည်မှူး လည်း တစ်ယောက်နှင့်အများဖြစ်နေသောကြောင့် အားမတန်၍ မာန်လျော့လိုက်ရလေတော့၏။

လောဘကို အတောမသတ်နိုင်သော ကုန်သည်များလည်း တန်ဖိုးမဖြတ်နိုင်သော ရတနာများ ရလိုဇောဖြင့် ပုဆိန်၊ ဓါးမစသော လက်နက်များယူဆောင်ကာ ညောင်မြစ်ဖြတ်ရန် အားထုတ်ကြလေတော့ ၏။
“စမတ်ပါဝါနှင့်နတ်နဂါး”

ဤညောင်ပင်ကြီးသည် နတ်နဂါးတို့ စောင့်ရှောက်နေထိုင်ရာ ပညောင်ပင်ကြီးဖြစ်လေသည်။ ကျေးဇူး မသိတတ်သော ကုန်သည်များအပေါ် နတ်နဂါးတို့သည် များစွာ အမျက်ထွက်လေတော့၏။ ထို့ ကြောင့် လှည်းမှူးကို ချန်လှပ်၍ ကြမ်းကြုတ်ယုတ်မာသော ကုန်သည်များကို တစ်ယောက်မကျန် သတ်ဖြတ် ရန် နဂါးမင်းသည် နတ်စစ်သည်များကို စေလွှတ်လိုက်လေတော့၏။

ကျေးဇူးရှင်ကိုပြစ်မှားစော်ကားသော ကုန်သည်ငါးရာလည်း ချက်ချင်းလက်ငင်း ဖွဲထင်းဘ၀၊ ပြာမှုန့် ဘ၀သို့ရောက်ရှိသွားလေတော့၏။

ထို့နောက် ရတနာများအပြည့်တင်ဆောင်ထားသော လှည်းငါးရာကို နတ်နဂါးများကိုယ်တိုင် က၍

 
အမေး။ ။ အရှင်ဘုရား တစ်ခါက လူတစ်ယောက်က သူဟာ အနေကဇာတင်မှု မပြုလုပ်ရသေးတဲ့ ဆင်းတုတော်ကို သာမန်အရုပ်တစ်ခုလိုပဲ သဘောထားပါတယ်။ ဒါကြောင့် သာမန်ရုပ်ထုတစ်ခုလို့ သဘောထားပြီး လှေခါးထစ် တစ်နေရာ၊ ဧည့်ခန်းစတဲ့ နေရာတွေမှာ အလှကြည့်ဖို့ ထားထားတာပါလို့ တပည့်တော်အား ပြောဖူးပါတယ်။ တပည့်တော်သိချင်တာက အနေကဇာမတင်ဘဲ ရုပ်ပွားတော်ကို ကိုးကွယ်သင့်/မသင့်ဆိုတာနဲ့ အနေကဇာမတင်သေးတဲ့ ဆင်းတုတော်များကို မသင့်တော်တဲ့ လှေခါးရင်းစတာတွေမှာ ထားသင့်/မသင့်ဆိုတာကို ဖြေကြးပေးတော် မူပါဘုရား။

ဦးကုမာရ
ခေတ္တစင်္ကာပူ



အဖြေ။ ။ ဒီအမေးနဲ့ပတ်သက်ပြီး အချက်သုံးချက်ကို တွေးမိပါတယ်။

(၁) အနေကဇာမတင်ဘဲ ကိုးကွယ်သင့်/မသင့်။

(၂) ရုပ်ပွားဆင်းတုတော်များ ဘုရားအရာ မြှောက်ချိန်၊ ဘုရားလို့ သတ်မှတ်တဲ့အချိန်။

(၃) အနေကဇာမတင်သေးပေမဲ့ မသင့်တော်တဲ့ နေရာများမှာ ထားသင့်/မသင့်။

ဒီသုံးချက်ကို သိထားပါက အမေးပုစ္ဆာအတွက် ရှင်းသွားပါလိမ့်မယ်။

(၁)အနေကဇာမတင်ဘဲ ကိုးကွယ် သင့်/မသင့်

အနေကဇာတင်တယ်ဆိုတာ တစ်ချို့က ရုပ်ပွားဆင်းတုတော်ကို အသက်သွင်းကြတယ်လို့ ယူဆကြတယ်။ အမှန်က သက်မဲ့ပစ္စည်းတစ်ခုသာဖြစ်တဲ့ ရုပ်ပွားတော်ကို အသက်သွင်းလို့ မရှင်လာနိုင်ပါ။ သွင်းလို့လည်း မရပါ။ အနေကဇာတင်တဲ့သဘောက “အနေကဇာတိ သံသာရံ” စတဲ့ ဂါထာတော်ဖြင့် ရုပ်ပွားဆင်းတုတော်အား ဘုရားရှင်ရဲ့ဂုဏ်တော်ကို အာရုံပြုပြီး သံဃာတော်များက

 
မိန်းမတစ်ယောက်မှာ ကောင်းခြင်း(၅) ဖြာ ရှိရမယ်လို့ ဆိုတယ် ။ အဲသည်ကောင်းခြင်း ငါးဖြာနဲ့ ပြည်စုံမှသာ မိန်းမ ပီသမယ်လို့ ယူဆကြတယ် ။ အဲဒါ မှန်သင့်သလောက်တော့ မှန်ပါတယ် ။ အပြည့် အဝတော့ မမှန်ပါဘူး ။ လိုတဲ့အရာ ရှိပါသေးတယ် ။ မိန်းမတစ်ယောက်ရဲ့ ကောင်းခြင်းငါးဖြာဆိုတာကတော့...

●ဆံပင်ရဲ ကောင်းခြင်း
●အသားရဲ့ကောင်းခြင်း
●အရေရဲ့ ကောင်းခြင်း
●အရိုးရဲ့ ကောင်းခြင်း
●အရွယ်ရဲ့ ကောင်းခြင်း

အဲသည်ကောင်းခြင်း ငါးဖြာ ရှိရုံနဲ့ မိန်းမကောင်း မိန်းမမြတ် ဖြစ်မလား မဖြစ်နိုင်သေး ပါဘူး။ 
မိန်းမကောင်း မိန်းမမြတ် ဖြစ်ဖို့ အခြားအကြောင်းတရားများစွာ ရှိပါသေးတယ် ။ လောကမှာ ရုပ်တရား ကောင်းရုံနဲ မပြီသေးတဲ့ အကြောင်းတွေ များစွာရှိပါသေးတယ် ဆိုတာကို သိဖို့ လိုအပ်ပါတယ် ။
ဒါဟာ အရေးကြီးတဲ့ အချက်တစ်ချက် ဆိုတာကို လူတော်တော်များများ သတိ မထာမိကြပါဘူး ။
မိန်းမကောင်းဖြစ်ဖို့ ဆိုတာ ရုပ်ချောရုံ အပြင်ပန်းလှရုံနဲ့တင် မဟုတ်ပဲ စိတ်သဘော တရားလည်းကောင်းရပါမယ် ။
သဘောကတော့ အကာရော အနှစ်ပါ ကောင်းရမယ် ဆိုတဲ့ သဘောပါ ။ သာမည ဖြစ်တာရော ၊ အဓိက ဖြစ်တာပါ ကောင်းရမယ် ဆိုတဲ့ သဘောပါ ။
အသားအရေတွေ ၊ အရိုးတွေ အရွယ်တွေ ကောင်းပြီး လှပ ပြေပြစ် ချောမော နေပြီး စိတ်နှလုံး ကောင်း မရှိရင် ဘာလုပ်မလဲ ။ အပြင်ပန်းလှပြီး အတွင်းက သုံးမရတဲ့ ကျီးအာသီး ။ ပေါက်ပန်းပွင့် ပဲ ဖြစ်မယ်



အမေး။ ။အရှင်ဘုရား…သောတာပန် ၊ သကဒါဂါမ်များဟာ အပါယ်တံခါးပိတ်သော်လည်း လူ့ဘုံအပါအ၀င် ကာမသုဂတိဘုံများကို ရောက်နိုင် ကြောင်း သိရပါတယ်ဘုရား။ တပည့်တော်သိချင်တာက သောတာပန်အရိယာများ သေဆုံးတဲ့အခါ လူ့ဘ၀ ပြန်ဖြစ်တတ်ပါသလား။ တကယ်လို့ လူ့ဘ၀ပြန်ဖြစ်တယ်ဆိုရင် သောတာပန် သကဒါဂါမ်အဖြစ်နဲ့ မွေးဖွားလာတဲ့ အထောက်အထားသာဓကများ ရှိပါသလား။ သာမန်လူနဲ့ ဘယ်လိုကွား ခြားပါသလဲ ဘုရား။

Dr.သူရဟိန်း
မြိတ်

အဖြေ။ အဘိဓမ္မတ္ထသင်္ဂဟ၊ စာမျက်နှာ-၁၆၄၊ ပုဂ္ဂလဘေဒ မှာ သောတာပန်ပုဂ္ဂိုလ်ဟာ လူ့ပြည်မှာ ပဋိသန္ဓေ နေနိုင်တယ်လို့ ဆိုပါတယ်။ သက္ကပဥှသုတ်မှာ သောတာပန်ဖြစ်တဲ့သိကြားမင်းက သူဟာ လူ့ဘုံမှာ ပဋိသန္ဓေနေရဦးမယ် ဆိုတာကို ဘုရားရှင်အား လျှောက်ထားခဲ့ဖူးပါတယ်။
ပြီးတော့ သာရတ္ထသင်္ဂဟ အဋ္ဌကထာ ဆရာတော်ကြီးက သောတာပန်ပုဂ္ဂိုလ်များ စုတေတဲ့အချိန်ကစလို့ နောက်ဘ၀များမှာ နိမ့်ကျပြီး ဆင်းရဲတဲ့အမျိုးမှာ မဖြစ်ရတော့ဘဲ၊ ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတဲ့ အမျိုးမှာ ဖြစ်ရတတ်တယ်လို့တော့ ရှင်းလင်းပြောကြားထားတာ လဲ ရှိပါတယ်။
သုမနသုတ္တံ (အံ၊၂၊၂၈)မှာ ဧ၀ံ ဒဿနသမ္ပန္နော သမ္မာသမ္ဗုဒ္ဓသာဝကော ပါဠိမှာ ဒဿနသမ္ပန္နော ဆိုတာ အဋ္ဌကထာက (ဒဿနသမ္ပန္နော တိ သောတာပန္နော) ဆိုထားတဲ့အတွက် သုမနသုတ္တန်လာ ကလေးနှစ်ယောက်ဟာ ကဿပဘုရားရှင်လက်ထက်က သောတာပန်ဖြစ်နိုင်တယ်


အမေး။ ။ ဘုန်းကြီးနှင့် သားသတ်သမားတို့က မိတ်ဆွေတွေဖြစ်ကြတယ်။ ဘုန်းကြီးက မနက်တိုင်းထပြီး ဘုရားစာတွေရွတ်တယ်။ သားသတ်သမားလဲ စောစောထပြီး သားသတ်ပြီး ရောင်းလေ့ရှိတယ်။ မနက်အိပ်ယာထ နောက်မကျအောင်လို့ တစ်ဦးကိုတစ်ဦးနိုးဖို့ ပြောကြတယ်။ ဒီလိုနဲ့ သူတို့တွေ သေဆုံးတော့ သားသတ်သမားက နတ်ပြည်ရောက်ပြီး ဘုန်းကြီးကတော့ ငရဲပြည်ရောက်သွားတယ်။ အဲဒါဘာ့ကြောင့်ပါလဲဘုရား။ ဒီအကြောင်းဟာ ဗုဒ္ဓဘာသာမှာကော ရှိပါသလားဘုရား။ ဒါမှမဟုတ် မယုံရင်ပုံပြင်ပဲ မှတ်ရမှာလားဘုရာ။

မယ်အေး
ရန်ကုန်



အဖြေ။ ။ ဒီဟာက ပုံပြင်အဆင့်မှာပဲ ရှိပါတယ်။ ဒါကြောင့် ဘာသာခြားတွေရဲ့ ပုံပြင်တစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ။ ဒီအမေးအတွက် အဖြေမရှိပါဘူး။ ဒါပေမဲ့ မေးခွန်းရှင်အတွက် ကျေနပ်လောက်တဲ့ အဖြေလေးတော့ ပေးလိုက်ပါရစေ။

ဒီအမေးအတွက် ကံနဲ့ကံအကျိုးယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်များအဖို့တော့ အမြင်ရှင်းကြပါလိမ့်မယ်။ ဘုရားရှင်က စိတ္တေန နီယတိ လောက–လောကကို စိတ်က ဦးဆောင်တယ်လို့ဆိုထားပါတယ်။ ဒါကိုပဲ စိတ်သာရှင်စောဘုရားဟောလို့လဲ ပြောကြပါတယ်။ အတူတူပါပဲ၊ ပုထုဇဉ်လူသားတစ်ယောက်မှာ ကုသိုလ်မရှိရင် အကုသိုလ်ရှိမယ်။ အကုသိုလ်မရှိရင် ကုသိုလ်ရှိမယ်။ တစ်ခုမဟုတ် တစ်ခုရှိမယ်။

ဒါကြောင့် ကုသိုလ်၊အကုသိုလ်ကို သဘောပေါက်အောင် အရင်ပြောပါ့မယ်။ လူတွေဟာ အကုသိုလ်ဆိုလို့ရှိရင် မကောင်းတာပဲ သိတယ်၊ ဘာမကောင်းတာလဲဆိုတာ မသိဘူး။ ဒါကြောင့် အကုသိုလ်ရဲ့သဘောကို အရင်ပြောပါမယ်။

အကုသိုလ်ဆိုတာ အပြစ်ရှိတယ်၊ ဆင်းရဲတဲ့အကျိုးပေးခြင်းလက္ခဏာရှိတယ်။ အပြစ်ဆိုတာ ရလိုမှု၊ လိုချင်မှုအပြစ်၊ မခံသာ၊နှလုံးမသာမှုအပြစ်တွေပါ။ ဒါတွေဟာ စိတ်ထဲရှိနေသမျှ ကာလပတ်လုံး စိတ်ဟာ ရှုပ်ထွေးနေမယ်၊ ဒီအပြစ်တွေကြောင့် စိတ်လွတ်လပ်မှု မရှိတော့။ လွတ်လပ်မှုမရှိတဲ့စိတ်ဟာ ဆင်းရဲစေပါတယ်။ အဲဒါကိုပဲ အကုသိုလ် လို့ခေါ်တယ်။

ကုသိုလ်ဆိုတာ ကောင်းတယ်လောက်ပဲ သိကြတယ်။ ဒါကြောင့် ကုသိုလ်ရဲ့သဘောကို ပြောပါ့မယ်။ ကုသိုလ်ဆိုတာ အပြစ်မရှိခြင်း၊ ကောင်းတဲ့အကျိုးကိုပေးတဲ့ လက္ခဏာ ရှိတယ်။

အဲဒါကို ကုသိုလ်လို့ခေါ်တယ်။ နားလည်အောင် ဆက်ပြောရရင် လိုချင်မှုတွေ ကင်းနေတာရယ်၊ မခံသာမှုတွေကင်းနေတာရယ်ကြောင့် စိတ်ဟာရှင်းပြီး လွတ်လပ်ပေါ့ပါးနေပါတယ်။ ပေါ့ပါးလွတ်လပ်ပြီး အပြစ်ကင်းနေတဲ့စိတ်ဟာ ချမ်းသာစေပါတယ်။

အဲဒါကိုပဲ ကုသိုလ်လို့ခေါ်တာပါ။ ဥပမာ….အနာရှိတဲ့ လက်နဲ့ ဆားကိုင်မိရင် စပ်မှာပါ၊ အနာမရှိတဲ့လက်နဲ့ ဆားကိုင်ရင် မစပ်ပါဘူး။ ဘုရားရှင်လက်ထက်က လင်က မုဆိုး၊ မယားက သောတာပန်ပါ။ အဲဒီမှာ မုဆိုးတောလည်သွားဖို့အတွက် မနက်ပိုင်းမှာ မယားက မြှားတွေကို ပြင်ဆင်ပေးရပါတယ်။ အဲဒီမှာ

အမေး။ ။ အရှင်ဘုရား…. ဒု သ န သော ဆိုတဲ့စကာလုံးလေးလုံးရဲ့အဓိပ္ပါယ်သက်သက်ကိုသာ တပည့်တော်သိချင်ပါတယ်၊ တပည့်တော် နဲ့အတူ သိချင်နေကြတဲ့သူများအားလုံးအတွက် ရှင်းရှင်းလင်းလင်းဖြေကြားပေးတော်မူပါဘုရား။

မောင်ပြည့်စုံ
ရန်ကုန်


အဖြေ။ ။မောင်ပြည့်စုံရေရဲ့ မေးခွန်းအရဆိုရင် အဖြေကို အကျယ်မသိချင်ဘဲ တိုကျဉ်းလိုရင်းသိချင်နေပုံရတယ်လို့ ယူဆရပါတယ်။ ဒါကြောင့် “ဒု သ န သော” ရဲ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို မဖေါ်ပြတော့ပါဘူး။ အဓိပ္ပါယ်ကို တိုကျဉ်း လိုရင်းလေးပဲ ပြန်ပေးလိုက်ပါတယ်။


‘ဒု’ ဆိုတဲ့စကားလုံးရဲ့ အပြည့်အစုံက “ ဒုဇ္ဇီဝိတ မဇီဝိမှိ၊ ယေသန္တေ န ဒဒမှသေ။ ၀ိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော”ဖြစ်ပါတယ်။ ဒီဂါထာရဲ့အဓိပ္ပါယ်က.. “ ငါတို့ဟာ မကောင်းတဲ့အသက်မွေးခြင်းနဲ့ အသက်မွေးခဲ့ကြတယ်။စည်းစိမ်ဥစ္စာများ ထင်ရှားရှိရက်နဲ့ မပေးလှူခဲ့ကြရဘူး။ ငါတို့မှီခိုအားကိုးရာတစ်ခုဖြစ်တဲ့ ကုသိုလ်ကောင်းမှုကို မပြုခဲ့ကြရဘူး”။


‘သ’ ဆိုတဲ့စကားလုံးရဲ့အပြည့်အစုံက သဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘ၀ိဿတိ။ ဒီဂါထာရဲ့ အဓိပ္ပါယ်က.. “ငါတို့ဟာ လောဟကုမ္ဘီငရဲမှာ အနှစ်ခြောက်သောင်း ခံခဲ့ရပြီးပြီ၊ ဘယ်အခါမှ အဆုံးနိုင်ပါ့မလဲ”။


‘န’ စကားလုံးရဲ့အပြည့်အစုံက “နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ” ဖြစ်ပါတယ်။ ဒီဂါထာရဲ့အဓိပ္ပါယ်က.. “ ငါတို့အား အဆုံးအပိုင်းအခြားမရှိ၊ ငရဲရဲ့အဆုံးဟာ ဘယ်မှာရှိတော့မလဲ၊ ငရဲခံရတဲ့ အပိုင်းအခြားက မထင်ရှား။ ငါတို့ လူဖြစ်ခဲ့စဉ်က မကောင်းမှုကို ပြုခဲ့မိပြီ”။


‘သော’ စကားလုံးရဲ့အဓိပ္ပါယ်က.. “သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ၀ဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ” ဖြစ်ပါတယ်။ အဓိပ္ပါယ်က.. ငါဟာ ဒီငရဲမှ လွတ်ပြီး လူ့ဘ၀ကို ရတဲ့အခါ အလှူခံပုဂ္ဂိုလ်တို့ရဲ့စကားကို သိနားလည်ကာ သီလပြည့်စုံစွာနဲ့ ကုသိုလ် ကောင်းမှုတို့ကို များစွာ ပြုလုပ်တော့မယ်”။ ဒါဟာ ဒု သ န သော ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်အကျယ်ဖြစ်ပါတယ်။

(ဓမ္မပဒအဋ္ဌကထာ၊ဗာလ၀ဂ်၊ အညတရပုရိသ၀တ္ထု)


ကူးယူဖော်ပြပါသည်။








အားလုံးကိုကျေးဇူးတင်ပါတယ်...

ဇင်မျိုး...

 

ရဟန္ထာ တိုင်းဓါတ်တော်မကျပါဘူး။ အ ဓိဋ္ဌဌာန်မှသာဓါတ်တော်ကျပါတယ။် ဓါတ်တော်များဟာလည်း တစ်ပါးနဲ့တစ်ပါး ပုံစံချင်းမတူကြပါဘူး။အလုံးချည်းပဲ မဟုတ်ပါဘူး။ အစုံဖြစ်ပါတယ်။ ကွန့်မြူးအောင် အ ဓိဋ္ဌဌာန်ရင် ကွန့်မြူးကြပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ ဘာမှ မကျန်စေနဲ့ အကုန်ပြာဖြစ်ပါစေ လို့ အဓိဋ္ဌဌာန်တာလဲ ရှိပါတယ်။ နောက် အလောင်းအတိုင်း မပုပ်မသိုး ကာလတစ်ခုအထိရှိစေတာလဲ ရှိပါတယ်။ အကိုမှတ်ထားဖူးတာ- ရှင်သာရိပုတြာ ဆို ပွတ်သစ်စ ခရုသင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသော ဓါတ်တော်၊ ရှင်မောဂ္ဂလန် ဆို မြတ်လေးပန်းငုံ နှင့်တူသော ဓါတ်တော် စသည်ဖြင့်ကွာပါတယ်။

သေချာတဲ့ သာဓကတွေ အနေနဲ့ကတော့ -ဘုရားရှင်လက်ထက်တော်က အရှင်ဒဗ္ဗ ဆိုတာ ကျောင်းအိပ်ရာနေရာခင်းကျင်းရာမှာ သေချာ ကောင်းမွန်သင့်တော်မှုအရာ၌ အဂ္ဂ သောနာသန ပညာပက ဘွဲ့ချီးမြှင်ခံရပါတယ်။ သူကပရိနိဗ္ဗာန်ပြုကာနီးတော့ သူ့အလောင်းကြောင့် သတ္တဝါတွေ ကိစ္စမများဖို့ ရည်စူးပြီး အ ဓိဋ္ဌဌာန် ခဲ့လို့ ပရိနိဗ္ဗာန်ပြုတာနဲ့ အလောင်းကသူ့ဟာသူတေဇောဓာတ်လောင်ပြီး ပြာဖြစ်တယ်။ဘာမှ မချန်ခဲ့ဘူး။ဓာတ်ဆီကို မီးရှို့သလိုပဲ လို့ ဆိုပါတယ်။

အရှင်ဗာကုလ ဆိုရင် သူများအကျိုးကို အမြဲရွတ်ဆောင်ခဲ့တယ်။ ဒါကြောင့် သူ့အလောင်းကြောင့်လဲ သူများတွေ မဆင်းရဲစေသတည်းလို့ အ ဓိဋ္ဌဌာန် ခဲ့လို့ ပရိနိဗ္ဗာန်ပြုတာနဲ့ အလောင်းကသူ့ဟာသူတေဇောဓာတ်လောင်ပြီး ပြာဖြစ်တယ်။ဘာမှ မကျန်ဘူး။

ရဟန္တာတင်မဟုတ်ပါဘူး။ ဂေါတမဘုရားရှင်နဲ့ ကဿပ ဘုရားရှင်နှစ်ဆူအကြားမှာ ပစ္စေက ဗုဒ္ဓါတွေ အများကြီးရှိခဲ့တယ်။ နောက်ဆုံးတစ်ဆူကတော့ ရှင်မာတင်ဂ လို့ ဘွဲ့တော်ခေါ်ပါတယ်။ ဂေါတမဘုရားလောင်း သေတကေတု နတ်သား နတ်သက်ကြွခေံပြီး မယ်တော်မာယာ ဝမ်းကြာတိုက်မှာ သန္ဓေယူတဲ့ အခါမှာ( မဟာသက္ကရာဇ် ၆၇ ခု ၊ ဝါဆိုလပြည့် ကြာသပတေးနေ့ပေါ့ ) နတ်တွေက ရှင်မာတင်ဂ ကို သွားလျှောက်ကြတယ် လို့ ဆိုပါတယ်။ အရှင်ဘုရား သုံးလောကထွတ်ထား ၊ သဗ္ဗညုတ ဘုရားရှင် ပွင့်တော်မူဖို့ လူသားမိခင်ဝမ်းမှာ သန္ဓေစယူနေပါပြီ လို့ လျှောက်ထားကြတဲ့ အခါ ၊ ရှင်မာတင်ဂ က လောကမှာ သဗ္ဗညုတ ဘုရားရှင် နဲ့ ပစ္စေကဗုဒ္ဓ ယှဉ်ပြိုင်ပြီး ပွင့်ရိုးထုံးစံ မရှိဘူးလို့ သိတယ်။ သူ ပရိနိဗ္ဗာန်ပြုဖို့ အချိန်ရောက်ပြီဆိုတာလဲ သိတယ်။နောင်တော် ပစ္စေက ဗုဒ္ဓါတွေ ပရိနိဗ္ဗာန်ပြုထားတဲ့ နေရာမှာ သွားကြည့်တော့ အရိုးတွေ အချောင်းလိုက်ရှိနေသေးတာ တွေ့ရတယ်။ ဒီတော့ သူလဲ ဘယ်လို ပရိနိဗ္ဗာန်ပြုသင့်လဲဆိုတာ ဆင်ခြင်လိုက်တော့ ဓာတ်တော်ချန်လို့ရတယ်။အရိုးချန်လို့ ရတယ်။ ဘာမှ မကျန်လို့ ရတယ်။ အလောင်းကျန်လို့ရတယ် စသဖြင့် လုပ်နိုင်တာတွေ သိတယ် ။ ဒီတော့ သူ့တစ်ကိုယ်စာနေရာရအောင် နောင်တော် ပစ္စေက ဗုဒ္ဓါတွေ ရဲ့ ကျန်နေတဲ့ အရိုးပုံကြီးကို တောင်အောက်ပစ်ချပြီး သူ့အတွက်နေရာ တစ်နေရာလဲ ရရော တေဇောဓာတ်လောင်ဖို့

တကယ်ကို့ ကြက်သီးဖြန်းဖြန်းထအောင် ဖြစ်ရတဲ့နေ့ပါပဲ... ဇန်န၀ါရီ (၁၃) ၂၀၁၂ ခုနှစ်နေ့လေးကို ဘယ်တော့မှ မမေ့ပါဘူးလို့ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော သမ္မတကြီးကို ကတိပေးပါတယ်... ဒီထက်မက ထောင်ထဲမှာ ကျန်ရှိသေးသော သံဃာတော်များစွာလည်း ပြန်လည်လွတ်လာနိုင်ဖို့ မျှော်လင့် ဆုတောင်းနေပါတယ်...

ဗုဒ္ဓဘာသာဝင်တို့အတွက် ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ရပ်တည်ပေးမဲ့ ရှာမှရှားတဲ့ စစ်သူကြီး ဆရာတော်အရှင်ဝီရသူ ပြန်လည်လွတ်မြောက်လာတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ပါတယ် အရှင်ဘုရား...

ဒီ ၀က်ဆိုဒ်ကို ၀င်ဖတ်တဲ့ လူငယ်တွေ အကယ်၍ ဒီဆရာတော်မသိခဲ့ရင် မသေမချင်းမှတ်ထားကြပါ...
ဗုဒ္ဓဘာသာ နဲ့ ဗုဒ္ဓဘာသာဝင်တွေကို တိုက်ခိုက်နေတဲ့ ဘာသာခြားတိုင်းရဲ့ ရန်စွယ်မှန်သမျှကနေ... ရဲဝံ့စွာ တာဝန်သိသိ တာဝန်ရှိရှိ ဘာမျက်နှာမှမကြည့် သာသာနာအတွက်သာကြည့်ပြီး စွန့်လွတ်အနှစ်နာခံနေတဲ့ သူရဲကောင်းတစ်ယောက်ပါပဲ...

မကြာခင် သင်္ကန်းနဲ့ ပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပေမယ့် ၀တ်စုံဖြူနဲ့ကြည့်လိုက်ရတဲ့အချိန် ရင်ထဲမချိပါဘူး...

ဆရာတော်အား လက်အုပ်ချီမိုး ဂါဝရပြုလျှက်...






ဆရာတော့် ဓါတ်ပုံများကို ဗုဒ္ဓFM ၀က်ဆိုဒ်မှ ကူးယူဖော်ပြပါသည်...။

အားလုံးကိုကျေးဇူးတင်ပါတယ်...
ဇင်မျိုး...

သင်္ကန်းအရောင်နဲ့ပတ်သက်ပြီး ဘုရားရှင်လက်ထက်တော်က ဘယ်အရောင်ဝတ်ရမယ်ဆိုတာ အတိအကျ မဖေါ်ပြထားပေမဲ့ မဟာဝါ စီဝရက္ခန္ဓကမှာ မအပ်တဲ့သင်္ကန်းအရောင် ခြောက်မျိုးကို ဘုရားရှင်က ပညတ်ထားတာတွေ့ရတယ်။ မ၀တ်အပ်တဲ့သင်္ကန်းအရောင်ခြောက်မျိုးက..
(၁)အလုံးစုံ ညိုမောင်းတဲ့အရောင်။ (၂) အ၀ါရောင်။ (၃) အနီရောင်။ (၄) မည်းနက်တဲ့အရောင်။ (၅) ကင်းခြေများကျောကုန်းအရောင်။ (၆) ဖက်ရွက်ရော်လို ဖျော့တော့တဲ့အရောင်များဖြစ်ကြတယ်။ဒီ ခြောက်မျိုးဟာ သင်္ကန်းအတွက်မအပ်တဲ့အရောင်များဖြစ်ပါတယ်။
နားလည်အောင်တစ်ပါးစီ ပြောရရင် ညိုတယ်ဆိုတာ ဆံပင်နက်ညိုမဟုတ်ပါဘူး။ ကောင်းကင်အရောင် ပြာညိုမျိုးဖြစ်တယ်။ဒါကြောင့် သင်္ကန်းအပြာရောင် မဆိုးအပ်ဘူး။ မောင်းတယ်ဆိုတာက အမဲ အပြာ အနီ သုံးရောင်စပ်ထားတဲ့ မဉ္ဇိဋ္ဌ အနီဖျော့ ပန်းရောင်ကိုခေါ်တယ်။ ဒီပန်းရောင်လဲ မဆိုးအပ်ဘူး။ ပီးတော့ အ၀ါရောင်ဆိုတာက ၀ါရွှေတဲ့အရောင်၊ ဖြစ်တယ်။ ဒီဝါရွှေတဲ့အရောင်လဲ မအပ်ပါဘူး။ အနီရောက်ဆိုတာက ဒီနေရာမှာ နီလွန်းတဲ့အရောင်ဖြစ်တယ်၊ လယ်ခေါင်ရမ်းပွင့်အရောင်နဲ့နှိုင်းပြထားပါတယ်။ ယခုအခါ ကြက်သွေးအရောင်၊ ငါးရှဉ့်သွေးအရောင်များလို့ခေါ်နေကြတဲ့အရောင်များဖြစ်တယ်။ ထိုအရောင်ကိုလဲမဆိုးကောင်းပါဘူး။ နောက်တစ်ခု နက်သောအရောင်ဆိုတာကို ဆင်ပုတီးစေ့အဆင်းနဲ့နှိုင်းထားပါတယ်။ ဆင်ပုတီးစေ့ဟာ မီးသွေးလိုမည်းနက်နေတဲ့အတွက် သင်္ကန်းကို မီးသွေးအရောင်လဲ မဆိုးသင့်ပါဘူး။ ပီးတော့ ကင်းခြေများရဲ့ကျောကုန်း အရောင်ဖြစ်တယ်။ ကင်းခြေများရဲ့ကျောကုန်းအရောင်နဲ့စပ်လို့ပြောရရင် မြန်မာပြည်မှာတော့ ဒေသနဲ့ရာသီဥတု မတူညီမှုကြောင့် အရောင်များပြောင်းလဲတာတွေ တွေ့ရပါတယ်။ ဧရာဝတီဒေသမှာဖြစ်တဲ့
ကင်းခြေများနဲ့ အောက်ပြည် အောက်ရွာမှ ဖြစ်တဲ့ ကင်းခြေများရဲ့အရောင် မတူညီကြပါဘူး။ ဧရာဝတီဘက်မှာဆိုရင် ကင်းခြေများရဲ့ကျောကုန်းအရောင်ဟာ အများအားဖြင့် မည်း(မဲ)နေတာတွေ့ရပါတယ်။ အချို့ကင်းခြေများအရောင်က အစိမ်းဖက်ကို လုပြီး


          (၈) မိုင် သုဿန်ကို ၇း၂၀ လောက်မှာ ရောက်ပါတယ်..။  ဒါ သချိုင်းလား ဇာတ်ပွဲလားလို့တောင် ထင်မိပါ တယ်..။ လူတွေ တော်တော်ကြီးကိုများပါတယ်..။ သုဿန်က ကျယ်လို့သာ တော်ပါတော့တယ်..။လူတွေလည်း အုံးအုံးထနေပါတယ်..။  လူတွေ ဒီလောက်များမယ်လို့ ထင်မထားပါဘူး။ ကားကြီး၊ ကားငယ်၊ သုံးဘီး၊ ဆိုင်ကယ် အသွယ်သွယ်နဲ့ လူ ၃၀၀၀ နီးပါး ရှိပါတယ်..။၈ နာရီလောက်မှာတော့ တရားပွဲစပါတယ်…။ တရားဟောမယ့် ဆရာတော်က မန္တလေး ဗြဟ္မစိုရ် နာရေးကူညီမှုအသင်းရဲ့ နာယကဆရာတော် ဖြစ်ပါတယ်..။အဲ့ဒီ့ဆရာတော်က ၈ နာရီကနေပြီးတော့ အစာကျွေးမယ့်အချိန် (၁၁) အထိ တရားဟော ပါတယ်..။

           ဆရာတော်ဟောတဲ့ တရားထဲက  မှတ်မိသလောက် ပြန်ပြန်ပြောပြရရင်..။ ကျမ်း နှစ် ကျမ်းပေါင်းရဲ့ အဆိုအရ ပြိတ္တာပေါင်း ၃၂ မျိုးရှိပါတယ်..။ ဒါပေမယ့် တူရာတူရာ အမျိုးတူစုလိုက်ရင် စုစုပေါင်း အဓိက အမျိုးအစား (၄) မျိုးပဲ ရှိတယ်လို့သိရပါတယ်…။ ကိုယ်မှာအမြဲတမ်း မီးလောင်သလို ပူလောင်နေတဲ့ သူများ၊ လူတွေ ရဲ့ အညစ်အကျေးတွေကို စားရတဲ့သူများ.. စသည်ဖြင့် အဓိက အမျိုးအစား (၄) မျိုးရှိပါတယ်…။
ဆရာတော်က ဆက်လက်ပြီး သရဲခြောက်တယ်ဆိုတဲ့အကြောင်းကိုလည်း ဟောကြားပါတယ်…။ သရဲအခြောက်ခံရတယ်ဆိုတာ အမျိုးမျိုးရှိတယ်လို့ ဆိုပါတယ်..။ အောက်ပါအတိုင်း အခြောက်ခံရခြင်း (၄) မျိုးခွဲခြားနိုင်ပါတယ်..။
(၁) မိမိမှ ဘုန်းကံ နိမ့်နေသောကြောင့် ဖြစ်ခြင်း။
(၂) ၄င်းတို့မှ မိမိတို့အား ကျီစယ်လိုသောကြောင့် ဖြစ်ခြင်း။
(၃) အကူအညီတောင်းလိုသောကြောင့် ဖြစ်ခြင်း။
(၄) နှုတ်ဆက် အသိပေးလိုသောကြောင့် ဖြစ်ခြင်း။
ဆက်လက်ပြီး ဆရာတော်က အပုတ်နံ့များနဲ့ ခြောက်လှန့်ခြင်းရဲ့ ရည်ရွယ်ချက်ကို ဆက်ဟောပါတယ်..။ အပုပ်နံ့ ပေးရခြင်းဟာ အကူအညီတောင်းလိုခြင်း အမျိုးအစားထဲတွင် ပါဝင်ပြီး ၄င်းအနေဖြင့် ကောင်းရာမွန်ရာ ဘုံဘ၀သို့မရောက်ရှိပဲ နိမ့်ကျသည့် ဘ၀မျိုးတွင် ရောက်ရှိနေသောကြောင့်..။ ကျန်ရစ်သူ ဆွေမျိုး မိတ်ဆွေများမှ အလှူအတန်းပြုလုပ်ကာ ကူညီ (ကယ်ဆယ်) ပေးရန် အသိပေးခြင်းဖြစ်ပါတယ်..။ အမွှေးနံ့များပေးခြင်းကတော့..။ ထိုကဲ့သို့ ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးကာ အမျှအတန်းပေးဝေခြင်းကြောင့် ၄င်းတို့ ကောင်းရာ မွန်ရာဘုံဘ၀ကို ရောက်သွားပြီ ဖြစ်ကြောင်း အသိပေးခြင်း ဖြစ် တယ်လို့ ဆရာတော်က ဟောကြားပါတယ်…။
ဆရာတော်၏ ဟောကြားချက်အရ နာမ်လောကသားများသည် သရဏဂုံ သုံးပါးတည်သော သူများနှင့် ငါးပါးသီလ လုံခြုံသောသူများကို ခြောက်လှန့်ခြင်း မပြုလုပ်နိုင်ကြောင်း…။ နောက်ပိုင်းမှာတော့ မြန်မာလူမျိုးတို့ရဲ့ နာရေးအပေါ် အယူသီးမှုများ..။ လွဲမှားသော ခံယူချက်များအကြောင်း ဟောကြားပါတယ်…။

        ဆရာတော်ဟောတဲ့အထဲက ကောက်နှုတ်ပြီး ပြောချင်တဲ့အချက်တစ်ခုကတော့ လူတော်တော်များများမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုကို ဆရာတော် ရှင်းလင်း ထားပုံပါ..။ လူတွေက မေးကြပါတယ်..။ ကုသိုလ်လုပ်ပြီး အမျှဝေရင် ကိုယ်ပဲ ကုသိုလ်လုပ်တာမို့လို ကိုယ်ပဲရမှာပေါ့..။ ဘယ်လိုလုပ် အမျှဝေရုံနဲ့ နာမ်လောကသား တွေ ရပါ့မလဲလို့ မေးတတ်ကြပါတယ်..။ အဲ့ဒါကို ဆရာတော်ရှင်းပြသွားပုံက လူတို့သည် မြင့်မြတ်သောကြောင့် တောင်ကုန်းတစ်ခုပေါ်တွင် နေကြ သည်ပဲ ဆိုပါတော့..။ နာမ်လောကသားများသည် တောင်ကုန်း၏ အောက်ခြေမှာ နေကြပါတယ်..။ မိုးရွာတဲ့အခါ တောင်ကုန်းပေါ်ကို ရေကျပါက..။ အဲ့ဒီ့ရေဟာ တောင်ကုန်းအောက်ကို စီးဆင်းသွားသလိုပဲ…။ ကျွန်တော်တို့ ကုသိုလ်ကောင်းမှုလုပ်ကာ အမျှပေးဝေပါက ပြုလုပ်သည့် ကာယကံရှင်လောက် မဟုတ် တောင်…။ အနဲအကျင်းဖြစ်ဖြစ်တော့ သူတို့ စီကို အဲ့ဒီ့ ကုသိုလ်ဟာ

အမေး။ ။ အရှင်ဘုရား အသက်ရှင်နေတာ ကိုယ့်အတွက်လား၊ သူများအတွက်လား ကိုယ့်အတွက်ရော သူများအတွက်ရောလားဆိုတာသိချင်ပါတယ်ဘုရား။

သန်းသန်းအေး
ရန်ကုန်


အဖြေ။ ။ ဒီအတွေး ဒီအမေးဟာ လူငယ်အတော်များများ တွေးတတ်၊ မေးတတ်တဲ့အရာတစ်ခုပဲ။ အသက်ရှင်နေတာဟာ ကိုယ့်အတွက်ဖြစ်သလို သူများအတွက်လည်းပါတယ်လို့ ဆိုရပါမယ်။ သူများအတွက်ဆိုတာက အများကောင်းကျိုးအတွက် အသက်ရှင်နေတာကို ပြောတာပါ၊ တခါက ဆရာတော်ကြီးတစ်ပါးကို ဒကာတစ်ဦးက “အရှင်ဘုရား…တရားကောအားထုတ်ရဲ့လား”လို့ လျှောက်ထားတော့ ဆရာတော်က “ အေး…ဘုန်းကြီး တရားအားမထုတ်သေးဘူး၊ တကယ်လို့ တရားအားထုတ်လို့ မတော်တဆ ရဟန္တာဖြစ်သွားရင် အခုလုပ်နေတဲ့ ဆေးရုံလုပ်ငန်း၊ ရေအလှူလုပ်ငန်း၊ တက္ကသိုလ်လုပ်ငန်းတွေကို ဘယ်သူမှလုပ်တဲ့သူ ရှိမှာမဟုတ်ဘူး”ဆိုပီး ပြောခဲ့ပါသေးတယ်။ ဆရာတော်ဘုရားကြီးဟာ ပရဟိတ အများကောင်းကျိုးအတွက် အလုပ်လုပ်နေတယ်ဆိုပေမဲ့ သူ့အတွက်လည်း ရပီးသားဖြစ်သွားပါတာပါ။

“အများအကျိုးဆောင် ကိုယ့်အကျိုးအောင်”ဆိုတဲ့ စကားအတိုင်းပေါ့။ ဒါကြောင့် အသက်ရှင်နေရတာဟာ
သူများအကျိုးအတွက်လည်းဖြစ်သလို ကိုယ့်အတွက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူတစ်ပါး အကျိုးအတွက်လည်းမပါ ကိုယ့်အတွက်လည်းမပါတဲ့ အသက်ရှင်ခြင်းမျိုးတော့ လုံးဝမဖြစ်သင့်ပါ။


အသက်ရှင်ခြင်းနဲ့ပတ်သက်ပြီး ဓမ္မပဒအဋ္ဌကထာ၊ သဟဿဝဂ္ဂမှာ ဘုရားရှင်ဟောတော်မူထားတာ ရှိပါတယ်။ လမ်းမှန်ရောက်ဖို့အတွက် ဖေါ်ပြပေးပါ့မယ်။

သံကိစ္စသာမဏေရ၀တ္ထု

အကြင်ပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်သီလမရှိ၊ တည်ကြည်မှုမရှိဘဲ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် သီလနဲ့ပြည့်စုံပြီး၊ တည်ကြည်မှု ဈာန်တရား ရှိတဲ့သူရဲ့ တစ်ရက်၊ တစ်ခဏမျှ အသက်ရှင်ရခြင်းက ပိုမြတ်ပါတယ်။

ခါဏုကောဏ္ဍညတ္ထေရ၀တ္ထု

အကြင်ပုဂ္ဂိုလ်ဟာ ပညာမရှိ၊တည်ကြည်မှုမရှိဘဲ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် ပညာရှိ၊


“သြကာသ” ဟူသည်မှာ “ရှိခိုးပါရစေ၊ ခွင့်ပြုတော်မူပါ” ဟုဆိုသောစကား။ ပိုမိုလေးနက်စေရန် သုံးကြိမ်ရွတ်ဆိုသည်။

ကံသုံးပါးဟူသည်မှာ ကိုယ်ဖြင့် ပြုအပ်သော အမှု “ကာယကံ”၊ နှုတ်ဖြင့် ပြုအပ်သော အမှု “၀စီကံ” နှင့် စိတ်ဖြင့်ပြုအပ်သော အမှု “မနောကံ” ဟူသတည်း။

အပါယ်ဟူသည်မှာ “အပါယ” ဟူသော ပါဠိမှ ဆင်းသက်သည်။ အပါယ်လေးပါးဟူသည်ကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသတတ်။

ကပ်သုံးပါးဆိုသည်မှာ
(၁) သတ္တန္တရကပ် - တုတ်၊ ဓား၊ သေနတ်စသော လက်နက်အားဖြင့် ပျက်စီးရသော ခောတ်ကာလ။
(၂) ရောဂန္တရကပ် - ကျောက်ရောဂါ၊ ၀မ်းရောဂါစသော ရောဂါအားဖြင့် သေကြေပျက်စီးရသော ခောတ်။
(၃) ဒုဗ္ဘိက္ခန္တရကပ် - ငတ်မွတ်ခေါင်းပါး အစာရှား၍ သေကြေပျက်စီးရသော ခောတ်။

ရပ်ပြစ်ရှစ်ပါးဟူသည်ကား
၁-၂-၃။ ဘုရားပွင့်တော်မူနေစဉ် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ(အသူရကာယ်ကား ပြိတ္တာဘုံတွင် ထည့်ရေသည်) ဟူသော အပါယ်ဘုံ၌ ဖြစ်ရခြင်း။
၎။ ဘုရားရှင်ပွင့်တော်မူစဉ် အသက်ရှည်သော အသညသတ်ဘုံနှင့် အရူပဘုံ၌ ဖြစ်နေရခြင်း (အသညသတ်ဗြဟ္မာများသည် ရုပ်ခန္ဓာသာရှိ၍ စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများသည် စိတ်ဝိညာဉ်သာရှိ၍ ရုပ်မရှိ၊ ထို့ကြောင့် သူတို့သည် ဘုရားကိုလည်း မဖူးနိုင် တရားကိုလည်း မနာနိုင်ကြပေ)
၅။ ပစ္စန္တရစ်ခေါ်သော ပြည်နယ်စွန်းများနှင့် လူရိုင်းများ၏ အရပ်ဒေသ၌ ဖြစ်နေရခြင်း။
၆။ ဘုရားရှင်ပွင့်တော်မူနေစဉ် မိစ္ဆာဒိဌိဖြစ်နေရခြင်း။
၇။ ဘုရားရှင်ပွင့်တော်မူနေစဉ် တရားကို သိနိုင်လောက်သည့် ဥာဏ်မရှိဘဲ ထူထူ အအ ဖြစ်နေရခြင်း။
၈။ မဇ္ဈိမဒေသ၀ယ် တတ်သိနားလည်သည့် ဥာဏ်ရှိသူဖြစ်သော်လည်း ဘုရားမပွင့်သောအခါ၌ လူဖြစ်ရခြင်း။

ရန်သူမျိုးငါးပါးဆိုသည်ကား ရေ၊ မီး၊ သူခိုး၊ အမွေခံသားးဆိုးသမီးဆိုးနှင့် မင်းဆိုးတို့တည်း။

ဝိပတ္တိတရားလေးပါးဆိုသည်ကား