ယောဂီတို့ကထူးချင်တာလား၊ ရူးချင်တာလား။ ထူးချင်တာနော်။ ထူးချင်တယ်ဆိုရင် ဘာလုပ်ရမလဲ။ ထူးအောင်လုပ်ရမယ်။ ထူးမှထူးတဲ့။ ရှင်းရှင်းလေးပဲနော်။ ထူးတဲ့စိတ်ဓါတ်မွေးရမယ်။ ထူးတဲ့စိတ်ထား ထားရမယ်။ ထူးတဲ့အတွေး တွေးရမယ်။ ထူးတဲ့အပြော ပြောရမယ်။ ထူးတဲ့အလုပ် လုပ်ရမယ်။ ထူးတဲ့အကျင့် ကျင့်ရမယ်။ ဒါဆိုရင် ထူးပြီပေါ့။ ထူးချင်ရင်ဘာမှမခက်ပါဘူး။ ထူးလိုက်ရုံပဲပေါ့။
ကောင်းမှကောင်း ဆိုတဲ့စကားကလည်း အရပ်ထဲမှာပြောနေကြတာပဲနော်။ အရသာကောင်း ကောင်း လေးခံစားရတဲ့အခါမျိုးမှာပြောကြတာပေါ့။ အလုပ်ကောင်းကောင်းလုပ်တဲ့အခါမျိုးမှာပြောရင် ပိုကောင်း မယ်။ ခေါက်ဆွဲခြောက်ကြော်ငြာလည်းရှိတယ်။ ကောင်းမှကောင်းဆိုပြီးတော့ပေါ့လေ။
ကောင်းမှကောင်းဆိုတဲ့စကားကလည်း အရမ်းကောင်း သိပ်ကောင်း ဆိုတဲ့ အဓိပ္ပါယ်လည်းယူလို့ရ သလို အကြောင်းကောင်းမှ အကျိုးကောင်း ဆိုတဲ့ အဓိပ္ပါယ်လည်း ယူလို့ရပါတယ်။
ပြီးတော့ ကိုယ်ကောင်းမှသူကောင်းပါတယ်၊ သူကောင်းမှကိုယ်ကောင်းပါတယ် ဆိုတဲ့ အဓိပ္ပါယ်လည်း ယူလို့ရတယ်နော်။ လောကကြီးမှာ ကိုယ်ကမကောင်းပဲနဲ့သူကကောင်းဖို့ဆိုတာ မလွယ်ပါဘူး။ ကိုယ် ကောင်းမှပဲသူကကောင်းတာပါ။ ကိုယ်မကောင်းရင် သူမကောင်းနိုင်တော့ပါဘူး။ကိုယ်ကောင်းမှ ဆိုတာက ကိုယ်က သူ့အပေါ်ကောင်းမှလို့လည်း အဓိပ္ပါယ်ရသလိုကိုယ့်စိတ်ဓါတ်ကောင်းမှ ကိုယ့် လုပ်ရပ်ကောင်းမှ လို့လည်းအဓိပ္ပါယ်ရပါတယ်။
ကောင်းမှကောင်း = ကိုယ်က သူ့အပေါ်ကောင်းမှကိုယ့်အပေါ် သူကပြန်ကောင်းပါတယ်။
ကောင်းမှကောင်း = ကိုယ့်စိတ်ဓါတ်ကောင်းနေမှ ကိုယ့်လုပ်ရပ်ကောင်းနေမှ ကိုယ့်အပေါ် သူက (သူတစ်ပါး) ကောင်းပါတယ်။ သဘောပေါက်ပါတယ်နော်။
ကိုယ်ကသူ့အပေါ်ကောင်းမှ သူက ကိုယ့်အပေါ်ကောင်းသလို သူက ကိုယ့်အပေါ်ကောင်းမှလည်း ကိုယ်က သူ့အပေါ်ကောင်းတာပါ။ လူအများစုရဲ့ သဘာဝပေါ့လေ။ ယေဘုယျအားဖြင့်ပေါ့။
ကိုယ်က သူ့အပေါ်ကောင်းပါလျှက် သူက ကိုယ့်အပေါ်မကောင်းတာမျိုး၊ သူက ကိုယ့်အပေါ်ကောင်းပါ လျှက် ကိုယ်က သူ့အပေါ်မကောင်းတာမျိုးလည်း ရှိတော့ရှိတာပါပဲ။ အဲဒါတွေတော့ ခြွင်းချက်ထား