ကောသလမင်းကြီးသည် တစ်နေ့တွင် လင်ရှိမယားတစ်ယောက်ကို မတရားသော နည်းဖြင့်ရရန် ကြံစည်နေရာ ညသန်းခေါင်းယံထိ ရောက်သွားတော့သည်။ ညသန်းခေါင်းရောက်သည် နှင့် ဒု၊ သ၊ န၊ သော ဟူသော အသံကြီး လေးမျိုးကို ကြားရသဖြင့် တစ်ညလုံး အိပ်မပျော်နိုင်ဖြစ် ခဲ့ရပါသည်။ မိုးလင်းသောအခါမှ မလ္လိကာဒေ၀ီ၏ အကြံပေးမှုဖြင့် ဘုရားထံမှောက် အရောက်သွားကာ ညက အသံနက်ကြီးများ အကြောင်းကို မေးလျှောက်ပါသည်။ ထိုအခါ မြတ်ဗုဒ္ဓက-
ဒီအသံနက်ကြီးလေးခုသည်
အသင်မင်းကြီး၏ အသက်အန္တရာယ်အတွက်မဟုတ်၊ လူ့ဘ၀က ကာမေသုမိစ္ဆာစာရကံ
ကျူးလွန်ကြသော သူဌေးသားလေးယောက် လောဟကုမ္ဘီငရဲအိုးသို့ ကျရောက်ရာ
နှစ်ပေါင်းများစွာကြာမှ အိုးနှုတ်ခမ်းပေါ်သို့ ခေါင်းလေး တစ်ခါသာ
ပေါ်နိုင်သည်။ ထိုသို့ ပေါ်ချိန်ကလေးတွင် မိမိတို့၏ မိုက်ပြစ်များ၊
လူ့ဘ၀တန်ဖိုးများကို ပြောဆိုကြရာ ဆုံးအောင်မပြောနိုင်ဘဲ တစ်ယောက်လျှင်
စကားတစ်လုံးစီသာပြောဆိုပြီး ငရဲအိုးတွင် ပြန်၍နစ်ကြရသည်ဟု
ရှင်းပြတော်မူပါသည်။ ၄င်းအသံလေးမျိုးတွင် သော ဟူသော စကားလုံး
အဓိပ္ပါယ်သည်...
ငါသည်
ဤငရဲဘေးကြီးမှ လွတ်မြောက်၍ အလွန်ရခဲသော လူ့ဘ၀ကို ပြန်၍များရခဲ့လျှင်
သူတော်ကောင်းများ၏ တရားကိုလည်း ကောင်းစွာ နာယူပါ့မယ်။ ငါးပါးသီလ၊
ရှစ်ပါးသီလကိုလည်း ပြည်စုံအောင် စောင့်ထိန်းပါတော့မယ်။ ကုသိုလ်တရားမှန်သမျှ
အလုံးစုံကို ကြိုးစားအားထုတ်ပါတော့မည်ဟု..ဆိုခြင်းပင်ဖြစ်သည်။
ဘုရားရှင်၏ ကျေးဇူးကြောင့်
ငရဲပြည်မှ နောင်တသံကို ဖတ်ရှုကြားနာကြရသော ကျမတို့သည်လည်း လူ့ဘ၀တန်ဖိုးကို
လူ့ဘ၀မှာပင် စောစောစီးစီးသိရသဖြင့် ကျေးဇူးများလှပါသည်။ သိပြီးနောက် လည်း
ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ တန်ဖိုးကိုလည်း သိဖို့လိုအပ်ပါတယ်။ထို့ကြောင့် အမရပူရ
မဟာဂန္ဓာရုံဆရာတော်ကြီးက-
အကယ်၍သာ၊ မြတ်ဗုဒ္ဓါသည်
လူ့ရွာထင်ရှား၊ မပွင့်ငြားက
ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀၊ မသိရ၊ များလှအပြစ်တွေ
ယခုခါသော်၊ မြတ်ဇိနော်သည်
ပွင့်ပေါ်ထင်ရှား၊ ဟောညွှန်ကြား၍
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ သိကြရ၊များလှကျေးဇူးပေ..ဟု စပ်ဆိုတော်မူခဲ့ပါသည်။
ညခင်းရဲ့လမင်း