HAZY LIFE


ဒါကတော့ ကျွန်တော် ဒီ blog လေးအတွက် ပြုလုပ်ထားတဲ့ android apk လေးပါ... ထည့်ပြီး သုံးမဲ့သူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ... အမှတ်တရလေး အနေနဲ့ ပြုလုပ်ပြီး upload တင်ထားလိုက်ပါတယ်... သူငယ်ချင်းတွေကိုလည်း ထည့်ထားပြီးကြည့်မယ်ဆိုရင် အင်တာနက် ကွန်နက်ရှင်လည်း အစားသက်သာတဲ့အတွက် ဒီဟာလေးနဲ့ အသုံးပြုဖို့ အကြံပြုပါတယ်... အဲလိုမှမဟုတ်ပဲ... www.zmohazylife.com ဒါမှမဟုတ် google reader ကတစ်ဆင့်ဖတ်မယ်ဆိုလည်း ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဆိုဒ်လေးကိုဝင်ရောက် လည်ပတ်နေတာဖြစ်တဲ့အတွက် အားလုံး အတူတူပါပဲ...
ဒီ blog လေးက ဘာသာရေးသီးသန့်နယ်မြေတစ်ခုလို ကျွန်တော်ကြိုးစားဖန်တီးထားတဲ့အတွက် ကျွန်တော့အတွက် တာဝန်ကြီးလှပါတယ်... အဲဒါကြောင့် ကျေးဇူးပြုပြီး မရိုင်းပါနဲ့... ရိုင်းချင်ဆဲချင်ရင် အင်တာနက်မှာ နေရာတွေ တစ်ပုံကြီးရှိပါတယ်... ကျွန်တော့်ဘလောခ့်မှာမှ လာပြီး ရိုင်းတယ် ဆဲတယ်ဆိုရင် တိုက်ဆိုင်မှုမဟုတ်ဘူးလို့ ကျွန်တော်က သတ်မှတ်မှာဖြစ်တဲ့အတွက် cbox or comment များကို ခွင့်မပြုခြင်း... ဖျက်ပစ်ခြင်း များပြုလုပ်သွားမှာဖြစ်ပါတယ်... ဝေဖန်အကြံပေးမှု ထောက်ပြသင်ပြမှု အမှားအယွင်း ပြင်ဆင်ပေးမှု အားလုံးကိုတော့ ၀မ်းသာစွာကြိုဆိုလျက်ပါခင်ဗျ...

ဒေါင်းလုပ်ဆွဲမယ်ဆိုရင် အောက်က လင်ခ့်မှာဆွဲလိုက်ပါခင်ဗျ... mirror ကနေတဆင့်တင်ထားပေးတာဖြစ်လို့ အခက်အခဲရှိရင် comment ပေးခဲ့ကြပါဦး...


အားလုံးရဲ့သူငယ်ချင်း

ဇင်မျိုး

Leave a Reply