HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label ကိုယ်တိုင်ရေး. Show all posts
Showing posts with label ကိုယ်တိုင်ရေး. Show all posts



ပြိုလဲမသွားနိုင်တဲ့…
ကျောက်သားကျောက်တိုင်...။
စီးဆင်းမှု ရပ်ဆိုင်းမသွားနိုင်တဲ့…
မြစ်နဒီပြာ...။
ထာဝစဉ် အုပ်မိုးပေးထားတဲ့…
ကောင်းကင်တစ်ခု...။
ပျောက်ဆုံးမသွားနိုင်တဲ့…
မဟာစကြ၀ဠာ...။
အဲဒါ … မိခင်နဲ့ ဖခင်ပဲ...။

ဦးဘုန်း(ဓာတု)

မိသားစု... အဓိပ္ပါယ်လေးက အရမ်းလှပါတယ်... မိဘ၊ သားသမီး၊ စုစုစည်းစည်း ပျော်ပျော်ရွှင်ရွှင် နေထိုင်းသွားခြင်းတဲ့...

လူတစ်ယောက်ဟာ ဘယ်လောက်ပဲ တော်ပါတယ် တတ်ပါတယ် အဆင်ပြေပါတယ် ပျော်ရွှင်ပါတယ်
နေကောင်းကျန်းမာပါတယ် ငွေချမ်းသာပါတယ် စသဖြင့် ဘယ်လောက်ပဲ အရာရာအဆင်ပြေချောမွေ့နေပါစေ... နွေးထွေးစွာ ကြိုဆိုမဲ့မိသားစု နွေးထွေးစွာ ဆက်ဆံမဲ့အသိုင်းအ၀ိုင်း မရှိရင်ဖြင့်တော့ အဲ့ဒီလူတစ်ယောက်ရဲ့ဘ၀ဟာ ပြီးပြည့်စုံမှာမဟုတ်ပါဘူး... တခြားသူတွေတော့ မပြောတတ်ဘူး ကျွန်တော်ကတော့ ကျွန်တော့်စိတ်ချမ်းသာမှုကို ကျွန်တော်ချစ်တဲ့ မိသားစုနဲ့ပဲ အဓိကတိုင်းတာတယ်... မိသားစုပျော်ရင် ကျွန်တော်ပျော်နေတယ် မိသားစု စိတ်ညစ်စရာရှိရင် ကျွန်တော်စိတ်ညစ်တယ်... မိသားစု ဆိုတာ ခွဲထွက်လို့မရ စကောင်းတဲ့လူ့အဖွဲ့အစည်းတွေထဲက နံပါတ်တစ်အရေးအကြီးဆုံး အဖွဲ့လေးပဲ... ကျွန်တော်လူမှန်းသိစကတည်းက ကြုံဆုံလာခဲ့တဲ့ ဘ၀တွေမနည်းလှပါဘူး... ကိုယ့်အောက်ကြည့်ရင် ကိုယ့်ထက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတဲ့လူ... ကိုယ့်အထက်ကြည့်ရင် ကိုယ့်ထက် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်နေတဲ့လူတွေ အများကြီးတွေ့ဖူးတယ် တွေ့နေတယ်... အဲ့ဒီထဲကမှ ကျွန်တော်ဟာ ငွေမချမ်းသာပေမယ့် စိတ်ချမ်းသာတဲ့ဘ၀ကို ရနေတယ်... အဲဒါကြောင့်ကိုယ့်အပေါ်ကလူတွေကို သိပ်မကြည့်ဖြစ်တော့ ဘူး... ဘာလို့လဲဆိုတော့ သူတို့တွေလို နေရထိုင်ရမယ် ကိုယ်စိတ်နှစ်ပါးချမ်းသာမယ် နေမလားဆိုပြီး မေးလာခဲ့သည် ရှိရင်တောင်မှ အဖြေက လုံးဝမနေဘူးပဲ ဖြေမိမှာပါ... ဘာလို့လဲဆို ကျွန်တော်အပေါ်မှာပြောထားတယ်လေ... ကျွန်တော့်စိတ်ချမ်းသာမှုကို ကျွန်တော်ချစ်တဲ့ မိသားစုနဲ့ပဲ အဓိကတိုင်းတာတယ်ဆိုတာ...

အမေ... အထူးသဖြင့် ကျွန်တော့်အမေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိနေဖို့ အမြဲဂရုစိုက်တယ်... ကျွန်တော် အခုရေးတဲ့ မိသားစုဆိုတဲ့ အခန်းကဏ္ဍမှာ ကျွန်တော့်အမေ (၁၀၀) ရာခိုင်နှုန်းပါတယ်... အဲဒါကြောင့် ကျွန်တော့်ကို ကျွေးမွေးပြုစု စောင့်ရှောက်လာခဲ့တာ အခုဆို ၂၈ နှစ်ပြည့်ပြီ... လူမှန်းသူမှန်းမသိ ဘာဆိုဘာမှနားမလည်တဲ့အရွယ်ကတည်းက ဆိုးချင်တိုင်းဆိုးခဲ့တဲ့ ကျွန်တော့်ဘ၀အချိန်ကာလ နည်းတာမဟုတ်ဘူး... ကိုယ့်အပေါ် မိခင်မေတ္တာအပြည်နဲ့စောင့်ရှောက် ခဲ့တာ ၂၈ နှစ်... ကိုယ့်ဘက်က သိတတ်တာမှ ၅ နှစ်လောက်ရှိသေးတယ်... ဒါကို မာန်တက်ချင်လို့ရမလား... မိဘအပေါ် သိတတ်ပါတယ်လို့ လက်မထောင်ချင်လို့ရနိုင်ပါ့မလား... ကိုယ်စိတ်ချမ်းသာဖို့ ၂၈ နှစ်လုံး အမေက လုပ်ပေးခဲ့ပြီးပြီး ကိုယ့်အမေအတွက် ၅ နှစ်တာ ကာလလေးလောက် ပြန်ကြည့်ပေးနိုင်သေးတာကိုပဲ ကိုယ့်ဖာသာ အားမရနိုင်သေးဘူး...

တစ်ချို့က တကယ်ကိုမေးကြတယ် သူငယ်ချင်းတွေရော သိပ်မရင်းနှီးသေးတဲ့လူတွေရောပေါ့... မင်းအဲလောက်တောင်ပဲလားတဲ့... မင်းအမေကို အဲ့လောက်ကြောက်သလား... ဒါမှမဟုတ် အဲလောက်ချစ်သလားပေါ့... စဉ်းစားကြည့်ကြပေါ့... မိဘဆိုတာ လက်ဦးဆရာပါ... ကျောင်းတက်ချိန်တုန်းက ကျောင်းက ဆရာဆရာမတွေတောင် တုန်နေအောင် ကြောက်ခဲ့ဖူးပြီးမှ မိဘကိုကြောက်သလား မေးတာဟာ မမေးသင့်တဲ့ မေးခွန်းလို့ပဲ ဖြေပါရစေ... တစ်ချို့ကလည်း မိဘဆိုတာ ကြောက်စရာမဟုတ်ဘူး ချစ်စရာပါတဲ့... မှန်ပါတယ်... အကြောက်တရားကြောင့် ရိုသေချစ်ခင်စိတ်ဖြစ်လာရတာပါလို့ပဲ ရိုးရှင်းစွာတွေးကြည့်ပါလို့ တိုက်တွန်းပါတယ်... အဲလောက်တောင် ချစ်သလားဆိုတဲ့မေးခွန်းကို မဖြေပါဘူး... ကျွန်တော် အဲ့လောက်မအားလို့ပါ...

အပေါ်က ကဗျာလေးကိုလည်း သေချာဖတ်ကြည့်စေချင်ပါတယ်ဗျာ... ကျွန်တော်လည်း အဲ့ဒီကဗျာလေးဖတ်ပြီး တော်တော်ကို သဘောကျလို့အလွှတ်ကိုကျက်ထားပါတယ်... ဦးဘုန်း(ဓါတု) ကိုလည်း Credit ပေးပါတယ်... ဘယ်အရာမျှ မမြဲပါဘူး... မမြဲသောလောကကို အံတုပြီးရေးထားတဲ့ မိဘမေတ္တာ ကဗျာ စာစုလေးပါ... စဉ်းစားကြည့်မိတာက...

ပြိုလဲမသွားနိုင်တဲ့…
ကျောက်သားကျောက်တိုင်...။
စီးဆင်းမှု ရပ်ဆိုင်းမသွားနိုင်တဲ့…
မြစ်နဒီပြာ...။
ထာဝစဉ် အုပ်မိုးပေးထားတဲ့…
ကောင်းကင်တစ်ခု...။
ပျောက်ဆုံးမသွားနိုင်တဲ့…
မဟာစကြ၀ဠာ...။
အဲဒါ … မိခင်နဲ့ ဖခင်ပဲ...။

ရေ၊ လေ၊ မီး အစရှိတဲ့ ပျက်စီးရာ ပျက်စီးကြောင်း အကြောင်းတရားတွေနဲ့တွေ့ရင်တော့ ဘယ်ကျောက်တိုင်မဆို ပြိုလဲသွားမှာ အမှန်ပါပဲ... အချိန်ကာလတစ်ခုသာ စောင့်ကြည့်ရမှာပါ... ဒါပေမယ့် မိဘမေတ္တာအရင်းခံထားတဲ့ ကျောက်သားကျောက်တိုင် ကတော့ ဘယ်သောအခါမှ ပြိုလဲမသွားနိုင်ဘူးဆိုတာ ကျွန်တော်တို့ မိဘမေတ္တာခံယူနေတဲ့ သားသမီးအကုန်လုံး မြင်ကြသိကြ တွေ့နေကြမှာပါ...

မြစ်နဒီဆိုတာ ရေ တွေ ကမ်း တွေနဲ့ သဘာဝတရားကတည်ဆောက်ပေးထားတာပါ... စီးဆင်းမှု ရပ်ဆိုင်းဖို့ သဘာဝတရား ကြောင့်လည်းဖြစ်နိုင်သလို လူတွေကြောင့်လည်း မြစ်နဒီတစ်ခုလုံး ပျက်သုံးသွားနိုင်ပါတယ်... ဒါပေမယ့် မိဘတွေရဲ့ မေတ္တာရေချမ်းနဲ့မေတ္တာကမ်းတွေ ထည့်သွင်းစီးဆင်းစေတဲ့ မြစ်နဒီအနေနဲ့ကတော့ ရပ်ဆိုင်းခမ်းခြောက်မသွားနိုင်တဲ့ စီးဆင်းမှုတစ်ခု ဆိုတာအသေအချာပါပဲ...

တစ်တီတူးငှက်တွေက မိုးပြိုမှာကြောက်လို့ မိုးပြိုရင်ပြေးလို့လွှတ်အောင် မိုးကောင်းကင်ကိုကြည့်ပြီး ဇောက်ထိုးအိပ်ကြတယ်လို့ ဖတ်မှတ်ဖူးပါရဲ့... သူတို့အတွေးလေးကတော့ ထူးဆန်းတယ်... မပြိုပါဘူးလို့လဲ သွားရှင်းပြလို့ကမရ... မိုးတွေသည်းသည်းထန်ထန်ရွာပြီဆိုရင် မိုးပေါ်ကတိမ်တိုက်တွေ အားလုံးကုန်ပြီလားလို့ ကျွန်တော်လည်း ငယ်ငယ်တုန်းက ဥာဏ်နည်းနည်းနဲ့ စဉ်းစားခဲ့ဖူးတယ်... ဖြစ်ပျက် သဘော တစ်ချိန်ချိန်မှာ ကောင်းကင်တင်မကဘူး မဟာမြေကြီးလည်း ပျက်သုဉ်းသွားနိုင်တဲ့သဘော ခံစားသိမိပေမဲ့... ကျွန်တော်သိတဲ့ မိဘမေတ္တာကောင်းကင်တစ်ခုမှာတော့
ပြိုလဲချိန်ရှိမှာမဟုတ်ပါဘူးလို့ ငြင်းပါရစေ...

စကြာဝဠာ ဆိုတာကတော့ သိပ်ကျယ်ပြန့်လွန်းပါတယ်... စကြာဝဠာထဲမှာ တည်ရှိနေတဲ့ အရာပေါင်းများစွာတွေ စုစည်းထားလို့ စကြာဝဠာဆိုတာ ဖြစ်လာတာပါပဲ... အဲဒီထဲမှာ ကြယ်တွေကြွေတယ် ဥက္ကာပျံတွေ ကြွေကြတယ်... တစ်နေ့တစ်မျိုး မရိုးရအောင် ဖြစ်ပျက်ကိုယ်စီနဲ့ လှည့်လည်နေကြတယ်... မိဘမေတ္တာမှာ ကြယ်ကြွေခဲ့မယ်ဆိုရင်တောင်
အေးမျှစေခြင်း အလို့ငှာမှလွဲ၍ ကျန်တာမဖြစ်နိုင်ပါဘူးလို့ ခံယူရင်းနဲ့ပဲ... 

ကျွန်တော့်အသက် ၂၈ နှစ်ပြည့်မွေးနေ့လေးမှာ ဒီစာလေးနဲ့ ကျွန်တော်မိဘတွေရဲ့ မေတ္တာကိုမျှော်မှန်း ကန်တော့လိုက်ပါတယ်...

နှစ်တိုင်းကျွန်တော့်မွေးနေ့မှာ ကျွန်တော်ရေးတဲ့စာတိုင်းဟာ ကိုယ်တိုင်ခံစားရေးဖွဲ့တာချည်းပါပဲ... ဘယ်တော့မှ သူတပါးဆီကနေ အလကားကူးမချပါဘူး... ကူးချရင်လည်း Credit ပေးလေ့ရှိပါတယ်... ထို့ကြောင့် ကျွန်တော့်စာလေးတွေကိုလည်း တန်ဖိုးထားပြီးဖတ်စေချင်ပါတယ်ခင်ဗျာ... 

 (မှတ်ချက် ။            ။  သားအမိနှစ်ယောက် မွေးနေ့ မွေးရက် ဒီရက်မှာ တိုက်ဆိုင်ပါတယ်...)


ဒါကတော့ ကျွန်တော် ဒီ blog လေးအတွက် ပြုလုပ်ထားတဲ့ android apk လေးပါ... ထည့်ပြီး သုံးမဲ့သူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ... အမှတ်တရလေး အနေနဲ့ ပြုလုပ်ပြီး upload တင်ထားလိုက်ပါတယ်... သူငယ်ချင်းတွေကိုလည်း ထည့်ထားပြီးကြည့်မယ်ဆိုရင် အင်တာနက် ကွန်နက်ရှင်လည်း အစားသက်သာတဲ့အတွက် ဒီဟာလေးနဲ့ အသုံးပြုဖို့ အကြံပြုပါတယ်... အဲလိုမှမဟုတ်ပဲ... www.zmohazylife.com ဒါမှမဟုတ် google reader ကတစ်ဆင့်ဖတ်မယ်ဆိုလည်း ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဆိုဒ်လေးကိုဝင်ရောက် လည်ပတ်နေတာဖြစ်တဲ့အတွက် အားလုံး အတူတူပါပဲ...
ဒီ blog လေးက ဘာသာရေးသီးသန့်နယ်မြေတစ်ခုလို ကျွန်တော်ကြိုးစားဖန်တီးထားတဲ့အတွက် ကျွန်တော့အတွက် တာဝန်ကြီးလှပါတယ်... အဲဒါကြောင့် ကျေးဇူးပြုပြီး မရိုင်းပါနဲ့... ရိုင်းချင်ဆဲချင်ရင် အင်တာနက်မှာ နေရာတွေ တစ်ပုံကြီးရှိပါတယ်... ကျွန်တော့်ဘလောခ့်မှာမှ လာပြီး ရိုင်းတယ် ဆဲတယ်ဆိုရင် တိုက်ဆိုင်မှုမဟုတ်ဘူးလို့ ကျွန်တော်က သတ်မှတ်မှာဖြစ်တဲ့အတွက် cbox or comment များကို ခွင့်မပြုခြင်း... ဖျက်ပစ်ခြင်း များပြုလုပ်သွားမှာဖြစ်ပါတယ်... ဝေဖန်အကြံပေးမှု ထောက်ပြသင်ပြမှု အမှားအယွင်း ပြင်ဆင်ပေးမှု အားလုံးကိုတော့ ၀မ်းသာစွာကြိုဆိုလျက်ပါခင်ဗျ...

ဒေါင်းလုပ်ဆွဲမယ်ဆိုရင် အောက်က လင်ခ့်မှာဆွဲလိုက်ပါခင်ဗျ... mirror ကနေတဆင့်တင်ထားပေးတာဖြစ်လို့ အခက်အခဲရှိရင် comment ပေးခဲ့ကြပါဦး...


အားလုံးရဲ့သူငယ်ချင်း

ဇင်မျိုး

ဒီနေ့ post အရှည်ရေးဖို့ အချိန်မရနိုင်ခဲ့ဘူး... ဒါပေမယ့် ကိုယ့် ဘလောခ့်မှာ အမှတ်တရကော အငြိုးအတေးပါ ဖြစ်အောင် တင်ထားလိုက်တယ်... ၂၈.၁၁.၂၀၁၂ မှာ လက်ပတောင်းကြေးနီစီမံကိန်း သံဃာထု နဲ့ လူထု (အထူးသဖြင့် ဘုရားသားတော်တွေ) ကိုဖြိုခွင်းပုံ ရင်ထဲ အသည်းထဲက နာကျဉ်းတယ်... ဒီနေ့ကို ငါဘယ်တော့မှ မမေ့ဘူး... တခါတည်းဒီနေရာကနေပြောလိုက်ပါတယ်... သံဃာနဲ့ဒကာ ဆိုတာခွဲမရပါဘူး... ဒကာတွေ ခံစားနေရတဲ့ ဒုက္ခတွေကို သံဃာတွေက ၀င်ပါပေးနေတာပါ... အကယ်၍ ဟိုအာချောင် ဒီအာချောင် လုပ်ချင်တဲ့သူတွေ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်... ပြောချင်တယ်ဆိုရင် တခါတည်းစဉ်းစားဖို့လာဖို့က ဒကာဆိုတာ သံဃာမရှိလို့ဖြစ်မလား... သံဃာ ဆိုတာ ဒကာမရှိရင်ရောဖြစ်မလား ဆိုတာပါပဲ...

အစိုးရရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်ကိုလည်း လုံးဝ အထင်မကြီးသလို စိတ်လည်းမ၀င်စားပါဘူး... အကယ်၍ ယခု ထုတ်သုံးလိုက်တဲ့ ပစ္စည်းတွေသာ ရခိုင်အရေးမှာ ချက်ခြင်းထုတ်သုံးမယ်ဆိုရင် ရခိုင်အရေးအခင်း မဖြစ်ပေါ်လာနိုင်ဘူးဆိုတာ ဒီလူတွေသိကြပါရဲ့လား... မဆီမဆိုင် ဆွဲတွေးတယ်ထင်ရင်လည်း ဂရုမစိုက်ပါဘူး...အခုသုံးလိုက်တဲ့ ပစ္စည်းတွေရဲ့ ပြင်းထန်မှုကို
ပြောချင်တာပါ...

သမ္မတဦးသိန်းစိန် ကိုယုံကြည်ခဲ့မိတာတွေ ဒီကိစ္စမှာ လုံးဝကို သဲထဲရေသွန်ဖြစ်သွားပါပြီ... ခြေမ မကောင်းခြေမ လက်မ မကောင်းလက်မပါပဲ... ဒီကိစ္စကြောင့် လုံးဝအယုံအကြည်မဲ့သွားပါပြီ...

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မုံရွာကို ရောက်သွားပြီး ညှိနှိုင်းမှုတွေ ပြုလုပ်ပေးမယ်... မိန့်ခွန်းပြောမယ် ဆိုတာ သိရလို ၀မ်းသာမိပေမယ့်... အခါနှောင်းသွားခဲ့ပါပြီ...

ဒီနေ့ မကျေနပ်ခြင်းတွေ အပြည့်နဲ့ ဒီပိုစ့်ကိုတင်ပါတယ်... အမှတ်တရ မှ အငြိုးအတေးဆီသို့...

(ဓါတ်ပုံများကို ဒီနေရာကနေပဲ ခွင့်တောင်းပါတယ်... အားလုံး ခွင့်ပြုပေးကြပါ...)
















အားလုံးကိုလဲ ဒီဓါတ်ပုံလေးတွေ သိမ်းထားစေချင်ပါတယ်... တစ်ချိန်ချိန်လိုအပ်လာရင် ထုတ်ပြပြီးရှင်းဖို့ လိုတဲ့အခါ သုံးကြရအောင်ပါ...။

သူငယ်ချင်းအားလုံးရဲ့...

ဇင်မျိုး...


( 1 ) www.wiradhamma.com
( 2 ) www.ashintejaniya.com
( 3 ) www.ashinpanna.com
( 4 ) www.ashinnipuna.com 
( 5 ) www.thuthayet.com
( 6 ) www.ashinsumana.com
( 7 ) www.sarpayalin.com
( 8 ) www.zmohazylife.com
( 9 ) www.3rdthameetaw.com
(10) www.myittaryik.com

Domain Name စုစုပေါင်း (၁၀) ခုကို (၃)နှစ်စာလှူခဲ့တာပါ… အလှူမတည်ကြိုးစားပြုလုပ်သူကတော့ ကိုစွယ်စုံကျမ်းhttp://www.zwmnna.com/2012/11/blog-post_18.html?utm_source=BP_recent ဖြစ်ပါတယ်… ကိုစွယ်စုံကျမ်းမှတဆင့် လှူဒါန်းသူများကိုလည်း သာဓုအနုမောဒနာ ခေါ်ဆိုလိုက်ပါတယ်…

ကျွန်တော် ဒီဘလောခ့်လေးကို စလုပ်ကတည်းက ဘာသာရေးဘလောခ့်အနေနဲ့ စခဲ့တာဖြစ်ပြီးတော့တောက်လျှောက်ဘာသာရေး ဘလောခ့်အနေနဲ့ ရှေ့ဆက်သွားကြိုးစားတင်ဆက်သွားဖို့ စိတ်ဆုံးဖြတ်ပြီးသားပါ… ဒါပေမယ့် Domain Name လှူမယ့် အလှူရှင်ပေါ်ပေါက်လာဖို့တော့ မစဉ်းစားခဲ့ဖူးပါဘူး… ကိုယ်တိုင်ဝယ်ယူပြီးလုပ်မယ်လို့ စဉ်းစားထားပေမယ့် အခြေအနေ (ငွေကြေးမဟုတ်)က မပေးတဲ့အတွက် မလုပ်ဖြစ်ခဲ့သေးတာပါ… ၂၀၁၃ ဇန်န၀ါရီမှာ Domain Name ၀ယ်မယ်လို့ စိတ်ထဲဆုံးဖြတ်ထားခဲ့ပေမယ့်
ကောင်းမှုကုသိုလ်ရဲ့အကျိုးအားဖြင့် မထင်မှတ်ပဲ ကျွန်တော်ဝယ်ခါနီးမှာပဲ အလှူရှင်ပေါ်လာခဲ့ပါတယ်… လှူဒါန်းဖို့ ဆက်သွယ်လာပေးခဲ့သူက အပေါ်မှာပြောခဲ့တဲ့ ကိုစွယ်စုံကျမ်းပါပဲ… တကယ့်အင်တိုက်အားတိုက်ပါပဲ သူကြိုးစားဆက်သွယ်ခဲ့တဲ့ ဆိုဒ်တွေမနည်းပါဘူး… ကျွန်တော်လည်း

ဒီကိစ္စပေါ်ပေါ်လာခြင်းတုန်းက တော်တော်ဝရုန်းသုန်းကားဖြစ်လိုက်တယ်... ဒါပေမယ့် ဆရာတော်တွေရဲ့ အလွန်ကောင်းမွန်တဲ့ ဦးဆောင်မှု... အလွန်ကောင်းမွန်တဲ့ ဖြေရှင်းမှုတွေကြောင့် အကျိုးတွေ အမြတ်တွေ အများကြီးရလိုက်ပါတယ်... ပထမဆုံးအနေနဲ့ MCA အသင်းက အမှုဆောင်ကိုယ်တိုင် ထုတ်ပြန်ပေးခဲ့ရတယ်... နောက်တစ်ဆင့်အခု မြန်မာခရစ်ယာန်အသင်းကနေ ထပ်ထုတ်ပြန်ပေးတယ်...
ဒါဟာ ကြိုးစားမှုကြောင့်ရခဲ့တဲ့ အကျိုးရလဒ်တွေပါပဲ... ဘာပဲဖြစ်ဖြစ် နောင်ဆိုရင်လည်း ဆရာဒကာများ ကောင်းမွန်စွာ စုစုစည်းစည်း ဆက်လက်လက်တွဲဆောင်ရွက်သွားရမယ်ဆိုတဲ့ အသိစိတ် ကျွန်တော်စိတ်သဏ္ဍာန်မှာ ပိုမိုစွဲမြဲသွားခဲ့ပါတယ်...။



သူငယ်ချင်းများအားလုံးရဲ့...

ဇင်မျိုး



ရသမျှ အချိန်တွေ အားလုံးနီးနီး ဖြစ်ညစ်ရေးထားရတဲ့ စာအုပ်လေးတစ်အုပ်တော့ ပြီးသွားပါပြီ... vote ကိုလေးစားတဲ့အနေနဲ့ တကယ့်ကို vote အတိုင်းပဲ လုပ်မယ်လို့ ဆုံးဖြတ်ထားတာပါ... ebook လုပ်ဖို့ vote များတဲ့အတွက် ebook အရင်ဆုံးတင်လိုက်ပါတယ်... နောက်ပိုင်းမှာ post အနေနဲ့လည်း ထပ်တင်သွားပေးပါ့မယ်...အားလုံး စာမျက်နှာ ၉၃ မျက်နှာတည်းပါတာပါ... ၉၃ မျက်နှာအတွက် ညဘက်တွေလည်း တော်တော် အိပ်ရေးပျက်ခဲ့ရပါတယ်... သမိုင်းတွေမှားသွားမှာစိုးတဲ့စိတ်... စေတီပုထိုးဘုရားတွေအကြောင်းမှားမှာ စိုးတဲ့စိတ်နဲ့ စာအုပ်တွေလည်း တော်တော်ဖတ်ပြီးမှ ရေးခဲ့ရတာပါ... အမှန်အတိုင်းပြောရင် အရင်စာအုပ်တွေကို ကျွန်တော် သိပ်ပြီး စိတ်မပူဘူး... ဘာလို့လဲဆိုတော့ ဘုရားတစ်ဆူ စာအုပ်တစ်အုပ် အဲလိုရေးခဲ့တာကိုး... အားလုံးကလည်း စာမျက်နှာ ၂၀ ထက်မပိုဘူး... ကျွန်တော့်အတွက်လည်း သမိုင်းကြောင်း လက်လှမ်းမှီတဲ့ ဘုရားစေတီတွေဖြစ်တော့ မခက်ခဲ့ဘူး... ဒါပေမယ့် အခု မြောက်ဦးခရီးစဉ် စာအုပ်ကတော့ ကျွန်တော် စိတ်တော်တော်လေးလည်း ပင်ပန်းရသလို တော်တော်လည်း စိတ်ပူရတယ်...
ကိုယ့်ဗုဒ္ဓဘာသာရဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်တာကတစ်ကြောင်း... ကျွန်တော်ပုဂ္ဂိုလ်ရေး ခံစားချက်အရ... ဘာသာရေး နဲ့ လူမျိုးရေး မှာ ကျွန်တော်လေးစားရတဲ့ အစွမ်းသတ္တိတွေနဲ့ ပြည်စုံနေတဲ့ ရခိုင်သူရခိုင်သားအားလုံးရဲ့ သမိုင်းဝင် သာသနာ့နယ်မြေ ဖြစ်နေတာကတစ်ကြောင်း... အဲဒါတွေကြောင့် စိတ်ပူပင်ခဲ့ရတာလည်းပါပါတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော့် ဒီဆိုဒ်လေးမှာ လူတွေ လာရောက်လည်ပတ် ကြတာ တစ်နေ့တစ်ခြားများလာတဲ့အတွက် ကျွန်တော် စာအုပ်တွေရေးရတာလည်း အားရှိပါတယ်... ဗုဒ္ဓဘာသာအတွက်ဆိုရင်လည်း လက်မနှေးကြတဲ့ ဆရာတော်အရှင်သူမြတ်တွေ... သူငယ်ချင်းမိတ်ဆွေတွေ... ဒီဆိုဒ်မှာရော... ဖေ့ဘုတ်မှာရော... G+ မှာပါ... မားမားမတ်မတ်တည်ရှိနေကြတဲ့အတွက်... ကျွန်တော် ဘာလုပ်လုပ် အင်အားရှိနေတာ အမှန်ပါ... မှားလည်း အားမနာတမ်းထောက်ပြမဲ့သူတွေရှိနေသလို မှန်လည်း အားပေးမဲ့သူတွေ ရှိနေတဲ့အတွက်
ကျွန်တော် အပင်ပန်းခံရကျိုးနပ်မယ်ဆိုတာ မျှော်လင့်ပြီးသားပါ... အားလုံး အဆင်မပြေတာရှိရင် ပြောပေးကြပါဦး.. ကျွန်တော် ဒေါင်းလုပ်လုပ်နည်းလေးပါ



ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း ဆိုတဲ့ လူမျိုးစု (၈) စု ထဲကမှ ကျွန်တော် ဒီနေ့ရေးပေးချင်တဲ့ အကြောင်းကတော့ ကျွန်တော်လက်ရှိ အလုပ်တာဝန်နဲ့ ရောက်ရှိနေတဲ့ မြန်မာပြည် အနောက်ဘက် အခြမ်းမှာ တည်ရှိတဲ့ ရခိုင်ပြည်နယ် နဲ့ အဲ့ဒီရခိုင်ပြည်နယ်တွင်း ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်လူမျိုး ကိုယ့်ဇာတိ ကိုယ့်ဘာသာ သာသနာ တို့အတွက် စိတ်ဓါတ် ခန္ဓာ ကြံ့ခိုင်စွာနဲ့ နေထိုင်ကြတဲ့ ရက္ခိတ လို့ခေါ်တဲ့ ရခိုင်လူမျိုးတွေနဲ့ ပတ်သက်တဲ့အကြောင်းပါပဲ… ဘာလို့ ဒီနေ့မှာ ဒီပို့စ်လေးကိုတင်လဲဆိုတော့ ဒီနေ့ဟာ ရခိုင်လူမျိုးတို့ရဲ့ အမြတ်တနိုး တန်ဖိုးထားရာနေ့တစ်နေ့ဖြစ်တဲ့ ရခိုင်ပြည်နယ်နေ့ ဖြစ်နေလို့ပါပဲ… ဒီပို့စ်ကို ရေးလိုက်ခြင်းဟာလည်း ရခိုင်လူမျိုးတို့ရဲ့ ဘာသာတရားကိုချစ်မြတ်နိုးစိတ် မျိုးရိုးဂုဏ်ကို ချစ်မြတ်နိုးစိတ် သည်းခံသင့်တာကိုသည်းခံပြီး သည်းမခံသင့်တာကို ပြတ်ပြတ်သားသား ခုခံတွန်းလှန်တဲ့စိတ် အစရှိတာတွေ ကိုလေးစားလို့လည်းဖြစ်သလို ကိုယ့်မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလူမျိုးစုတစ်စု ဖြစ်တဲ့အတွက်လည်း စိတ်ထဲပိုရင်းနှီးသလိုရှိလို့ရေးလိုက်ခြင်းဖြစ်ပါတယ်…

ကျွန်တော် ရခိုင်ပြည်နယ်ကိုရောက်တာ (၂) နှစ်ကျော်ခဲ့ပါပြီ… ရခိုင်လူမျိုးတွေရဲ့ စိတ်ဓါတ် ဓလေ့ ဘာသာစကား ကိုးကွယ်ရာဘာသာ အစရှိတဲ့ အရာတွေကိုလည်း များစွာလေ့လာခဲ့ပြီးပါပြီ…

စိတ်ဓါတ်ပိုင်းကို စပြောရမယ်ဆိုရင် ရခိုင်လူမျိုးတွေရဲ့စိတ်ဟာ စိတ်ဓါတ်ညီမျှတဲ့ထဲမပါပါဘူး… ကျွန်တော်ဆိုလိုချင်တာကတော့ စိတ်ဓါတ်ပျော့ပြောင်းခြင်း စိတ်ဓါတ်မာကျောခြင်း ဆိုတဲ့ (၂) ခုကိုပါ… ရခိုင်လူမျိုးတွေရဲ့ စိတ်ဓါတ်က ပျော့ပြောင်းမှု နည်းပါးပါတယ်… အလွန်တရာ မာကျောတဲ့ စိတ်ဓါတ်အခံရှိပါတယ် အထူးသဖြင့် ဘယ်လိုအချိန်တွေမှာ ပိုသိသာသလဲဆိုရင် ဘာသာခြားတွေနဲ့ ပတ်သတ်လာရင် ရခိုင်လူမျိုးတွေရဲ့ စိတ်ဓါတ်ဟာ သံရေကျိုစက်မှာ အငွေအလျှံလျှံတောက်လောင်နေတဲ့ သံရေပူတွေနဲ့တူပါတယ်… ကိုယ့်လူမျိုး ကိုယ့်ဘာသာအတွက် အရာရာကို စတေးပစ်ဖို့ ပြင်ဆင်ထားတဲ့ အဆင့်အထိ စိတ်ဓါတ်မာကျောပါတယ်… ဒါကြောင့်လဲ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ ရခိုင်လူမျိုးများဟာ ဘာသာခြားလူမျိုး များအတွက် သံရေပူလို ပူလောင်စေပြီး သံမဏလိုမာကျောမှုနဲ့ တွန်းကန်အားအပြည့်ရှိတယ်လို့ မြင်မိပါတယ်…

ဓလေ့ကတော့ ကျွန်တော်တို့ဟာ တိုင်းရင်းသားညီအကိုမောင်နှမတွေ ဖြစ်ကြတဲ့အတွက် ကွာခြားမှု များများစားစားမတွေ့လှပါဘူး… လူမျိုးဓလေ့ အရပ်ဓလေ့အနေလောက်ပဲ ကြွဲ့ပားတာပါပဲ… ဒီနေရာမှာ တစ်ခု ပြောချင်တာကတော့ ရခိုင်လူမျိုးတွေဟာ ရခိုင်လူမျိုးဖြစ်ရတာကို အမြဲဂုဏ်ယူတတ်သလို အမြဲတမ်းလည်း အမျိုး သီလ (၂) ဋ္ဌာနကို စောင်ထိန်းဖို့ ကြိုးစားနေကြတဲ့လူတွေလည်းဖြစ်ပါတယ်… ဘာကြောင့်လဲဆိုတော့… ရခိုင်လူမျိုးတွေသုံးတဲ့ ရက္ခိတ ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကိုက အမျိုးသီလ (၂) ဋ္ဌာနကို စောင့်ထိန်းသူလို့ အဓိပ္ပါယ်ရလို့ပါပဲ…

ဘာသာစကားကိုပြောရမယ်ဆိုရင် မြန်မာစကားနဲ့ များစွာကွာခြားမှုမရှိလှပါဘူး… ရခိုင်လူမျိုးတွေရဲ့… စကားပြောအသံထွက်က ပါဠိအသံထွက်နဲ့ ပြောတာများပါတယ်… မြန်မာစကားနဲ့ရခိုင်စကား အဓိကကွာခြားချက်ကတော့ (ကျွန်တော့်အမြင်ပါ) ရခိုင်လူမျိုးတွေက ရကောက် ကို Ra လို့အသံထွက်ပါတယ်… ယရစ်နဲ့ရေးတဲ့ စာလုံးတွေကို

မနေ့က 17.11.2011 ဖေ့ဘုတ်ကနေတဆင့် သတင်းတစ်ပုဒ်ရလိုက်ပါတယ်... အဲဒီသတင်းလေးဖတ်ရင် တော်တော်စိတ်မကောင်းလည်းဖြစ်မိတယ်... စင်ကာပူနိုင်ငံနေ မြန်မာအမျိုးသမီးငယ်တစ်ဦး တိုက်ပေါ်မှခုန်ချသတ်သေ တော်တော်လည်း သံဝေဂရမိပါတယ်... လောကမှာလူတိုင်းက စိတ်ဖိစီးမှုဆိုတာရှိတာပါပဲ... ငွေကြောင့်... မိသားစုကြောင့်... ပတ်ဝန်းကျင်ကြောင့်... အချစ်ကြောင့်... အမုန်းကြောင့်... ဘာသာရေးကြောင့်... လုပ်ချင်တာမလုပ်ရတာကြောင့်... မလုပ်ချင်တာလုပ်နေရတာ
ကြောင့်... အစရှိတဲ့ အဲလို ကြောင့် ပေါင်းများစွာထဲမှာ
ကျွန်တော်အပါအ၀င် လူတိုင်းလူတိုင်းဟာ တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ စိတ်ဖိစီးမှုတွေ ခံစားနေရတယ်ဆိုတာ မပြောပဲနဲ့ သိကြမှာပါ... ဒါပေမယ့် လောကမှာ ပေးဆပ်တယ်ဆိုတာ တန်ဖိုးရှိဖို့လိုအပ်ပါတယ်... လောကမှာ ကိုယ်ပေးဆပ်လိုက်တာနဲ့ မတန်တဲ့ ပေးဆပ်မှုတွေ အများကြီးရှိနေတယ်ဆိုတာ အားလုံးလဲ သိပြီးသားဖြစ်မှာပါ... လူ့လောကဟာ ဘယ်လောက်ရခဲ့တယ်ဆိုတာလည်း စဉ်းစားကြည့်သင့်ပါတယ်... ၃၁ တစ်ဘုံမှာ အမြတ်ဆုံးဘုံကိုရောက်နေတာပါ... (၃)ပါးသော ဒါန သီလ ဘ၀နာ ကို ပြုလုပ်နိုင်နေတဲ့ တစ်ဘုံတည်းသော ဘုံဘ၀ပါ... အဲဒါတွေကို မျက်ကွယ်ပြုပြီး လောကကြီးထဲကနေ အချစ်ကြောင့်... အမုန်းကြောင့်... ဆိုတဲ့ (ကျွန်တော့် ယူဆချက်ပါ) အချက် ၂ ချက်တည်းနဲ့ ထွက်ခွါသွားခဲ့တာ လုံးဝကို မတန်ပါဘူးဗျာ... အခုအချိန်မှာ သူမရဲ့ မိဘ ဆွေမျိုးသားချင်းတွေ အနေနဲ့ ဘယ်လောက်တောင် ခံစားနေရမလဲဆိုတာ အားလုံး တွေးမိကြမှာပါ... ဒီအချိန်မှာ ဒါတွေရေးနေလို့ သူမအနေနဲ့ ဘာမှမသိနိုင်တော့ဘူးဆိုပေမယ့်မြန်မာနိုင်ငံကနေအဝေးတစ်နေကို အကြောင်းကြောင်းကြောင့် ထွက်ခွါနေထိုင်အလုပ်လုပ်ပညာသင်နေကြတဲ့ လူငယ်တွေ (ယောင်္ကျား မိန်းမ မရွေးပါဘူး) အနေနဲ့ ဆင်ခြင်သင့်တာ ဆင်ခြင်နိုင်အောင် မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးအတွက် နိုင်ငံရပ်ခြားမှာ အဆင့်တန်းမြင့်မြင့် ပညာတွေသင်စေချင်တယ် နေစေချင်တယ် ဆိုရင်တောင်မှ အခုလိုအချက်မျိုးကို ထည့်တွက်လာမိအောင်...  ကျွန်တော့်အနေနဲ့ ဒီပိုစ့်လေး ရေးလိုက်ရတာပါ... ကျွန်တော် ဒီပိုစ့်လေးမှာ အမှားပါသွားတာရှိရင် ဒါမှမဟုတ် အတွေးလွဲချော်နေတာရှိရင် ဒီနေရာကပဲ တောင်းပန်လိုက်ပါတယ်... ဒီကိစ္စလေးနဲ့ ဆက်စပ်ပြီးလည်း လူတိုင်းသိချင်မယ်ထင်တဲ့ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေ အမြဲပြောနေတဲ့ အဖန်ငါးရာငါးကမ္ဘာ ဆိုတဲ့ စကားစုလေးကို ရှင်းပြထားတဲ့ ပိုစ့်လေးတစ်ခုပါ တွဲလျက် တင်ပေးလိုက်ပါတယ်... အားလုံးအဆင်ပြေ ဆင်ခြေနိုင် ကြပါစေ...

ရင်ငြိမ်းပွင့်အတွက် mymclub.net မှအမှတ်တရ


အဖန်ငါးရာငါးကမ္ဘာဆိုတာ...

ဗုဒ္ဓဘာသာ မြန်မာအများရဲ့ လွဲနေတတ်တဲ့ အလွဲတွေအကြောင်း စာတွေရေးပေးနေတာသိတော့ ဒကာတစ်ယောက်က “အရှင်ဘုရား တပည့်တော်တို့ မြန်မာတွေမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာမှာ အဲဒီလိုပဲ သတ်သေပြီး သေရတယ်ဆိုတာ ဟုတ်ပါသလားဘုရား၊ ဟုတ်တယ်ဆိုရင် တပည့်တော် ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ရဟန်းတစ်ပါးဟာ ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့လှီးပြီး သတ်သေသွားပေမယ့် အဲဒီအခိုက်မှာ ရဟန္တာ ဖြစ်သွားတယ်လို့လည်း ဖတ်ဖူးပါတယ်၊ ရဟန္တာဖြစ်သွားရင် နောင်ဘဝ မရှိတော့ဘူး မဟုတ်လားဘုရား၊ ဒါဆိုရင် ဒီအဖန်ငါးရာ ငါးကမ္ဘာခံရတဲ့ကိစ္စ တပည့်တော် ဘယ်လိုနားလည်ရမလဲ ဘုရား”...။

ကျွန်တော် စစ်တွေကို အလုပ်တာဝန်နဲ့သွားပြီး အပြန်မှာ ရုံးက အကိုတစ်ယောက်ရဲ့ ကူညီပေးမှုကြောင့် ဒီ ဗုဒ္ဓပါဒခြေတော်ရာ ကိုရောက်ရှိခဲ့ပါတယ်... ဒီ ဗုဒ္ဓခြေတော်ရာတည်ရှိရာ (ခြေရာတော်ရွာ) နေရာက
စစ်တွေ ကနေ ဘူးသီးတောင် သွားတဲ့ရေလမ်းခရီး ၄ ပုံ ၁ ပုံလောက်မှာရှိတာပါ... ပုံမှန်အားဖြင့် အသွားအလာအရမ်းနည်းသလို ရောက်ဖို့လည်း ခဲရင်းလှပါတယ်... တစ်နှစ်မှာတစ်ကြိမ် ခြေတော်ရာ
ဘုရားပွဲဆိုပြီး စည်စည်ကားကားရှိလှပေမယ့်... သာမန်အချိန်တွေမှာဆို ဘုရားဖူးသူမရှိသလောက်ရှားပါး
ပါတယ်... ဒါကြောင့် ဗုဒ္ဓခြေတော်ရာကို ရောက်ရှိခဲ့တာ အလွန်ပဲကံထူးတယ်လို့ ကိုယ့်ကိုကိုယ်ယူဆမိပါတယ်... အဲဒါကြောင့် ထုံးစံအတိုင်း အများသူငှာ ကြည့်ရှု့နိုင်ဖို့အတွက် ကင်မရာ တစ်ပြင်ပြင်ရဲ့ ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ခဲ့ပါတယ်... အားလုံး ကြည့်ရှု့ အားပေး သွားကြပါဦး...  အောက်ဆုံးမှာ ထူးထူးခြားခြား ဗွီဒီယိုဖိုင်လေးတစ်ခုကိုလည်း တင်ထားပေးပါတယ်...

(အောက်ဖော်ပြပါ ဓါတ်ပုံများသည် ကျွန်တော်ကိုယ်တိုင်ရိုက်ကူးထားသော ပုံများဖြစ်သောကြောင့် ကျေးဇူးပြု၍ Refer လုပ်ပြီးဖြန့်ဝေပေးဖို့
တောင်းဆိုပါတယ်ခင်ဗျာ...)

အဝေးတစ်နေရမှ...

မြင်ကွင်းအစုံ ဖူးမျှော်ရပါပြီ...

အ၀င်မုခ်ဦး...

ဝယ်သူမရှိတဲ့ ဈေးတန်းလေး...

လက်ယာဘက် နဂါးရုံဘုရား...

လက်ဝဲဘက် နဂါးရုံဘုရား...

ဗုဒ္ဓပါဒခြေရာတော် မုခ်ဦး...

ခြေရာတော်သို့ သွားရာလမ်း (သာယာလွန်းပါသည်...)

လမ်းတစ်လျှောက် ဘေးဝဲယာမှ အနားယူရန် ကျောက်ထိုင်ခုံများ...

လမ်းတစ်လျှောက် ဘေးဝဲယာမှ အနားယူရန် ကျောက်ထိုင်ခုံများ...

တောင်ပေါ်စေတီသို့ တက်ရောက်ဖူးမျှော်ရန်...

ပဉ္စ၀ဂ္ဂီ ၅ ဦးအား မြတ်စွာဘုရားမှ တရားဦးဟောကြားချီးမြင့်နေပုံ...

နဂါး လာရောက်ဖူးမျှော်ဟန်...

ခြေတော်ရာ (၁)...

ခြေတော်ရာ (၂)...

ခြေတော်ရာ (၃)...

ခြေတော်ရာ (၄)...

ခြေတော်ရာ (၅)...

ခြေတော်ရာ၏ ထူးဆန်းအံ့ဖွယ်များ...

မြွေနှင့်ဖား ခြေတော်ရာထဲတွင် ချစ်ချစ်ခင်ခင်...

ခြုံငုံ ဖူးမျှော်စေချင်လို့ပါ...

အပြန်လမ်းကွေ့လေးတစ်နေရာ...

နဂါးရုံဘုရားနှင့် စေတီသာ...


နောက်ဆုံးအနေနဲ့ ဗီဒီယိုလေးတစ်ခုထည့်ပေးလိုက်ပါတယ်... အားလုံးစိတ်ဝင်စားမယ်လို့လည်းမျှော်လင့်ပါတယ်... ကြည့်ဖြစ်အောင် ကြည့်သွားပေးကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်...

 
Chay Taw Yar from zmozmo on Vimeo.

သူငယ်ချင်းများအားလုံးရဲ့...

ဇင်မျိုး...

ပထမပို့စ်က ကြိုတင်ပြင်ဆင်မှုတွေကို ကြည့်ရှုပြီးရင်တော့ ဒီပို့စ်လေးမှာ ဘယ်လိုလောင်းလှူ လှူဒါန်း ကြလဲဆိုတာကို ဆက်လက်ကြည့်ရှု့ ကုသိုလ်ယူကြပါဦးခင်ဗျာ...

 လူငယ်တွေများလို့ အားတက်မိပါတယ်...
 သာသနာ့အလံ လွှင့်ထူလျက်...
 သာသနာ့အလံအနောက်က ရခိုင်မင်္ဂလာစည်...
ရခိုင်ပြည်နယ်မှာကလွဲလို့ တခြားနေရာတွေမှာ တွေ့ရခဲလှတဲ့ မောင်တောမြို့ ရခိုင်စည်အဖွဲ့အနီးကပ်
မြတ်စွာဘုရားကို ရှေ့ဆုံးမှာ အမှူးထား၍...
 ရှေ့ဆုံးမှ ဘင်္ဂလားကျောင်းတိုက် ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီး...
  အခုလို အားရပါးရ သဒ္ဒါထက်သန်စွာ လှူဒါန်းကြသည်...
 သံဃာတော် ၂၀၆ ပါး လှည့်လည် အလှူခံစဉ်...
ရိုရိုသေသေ လှူဒါန်းနေသော...
 ကြွချီလာမည့် ဘုရားနှင့်တကွ သံဃာတော် အရှင်သူမြတ်များအား စောင့်မျှော်နေကြပုံ...
 အဝေးတစ်နေရာမှ မြင်ကွင်းတစ်ခု...
 အားရပါးရ လောင်းလှူကြသည်...
 ကပ္ပိယများလည်း တော်တော်လေးပင်ပန်းကြမှာ အမှန်ပါပဲ (လှူဖွယ်တွေ များတာကိုး)...