HAZY LIFE


( 1 ) www.wiradhamma.com
( 2 ) www.ashintejaniya.com
( 3 ) www.ashinpanna.com
( 4 ) www.ashinnipuna.com 
( 5 ) www.thuthayet.com
( 6 ) www.ashinsumana.com
( 7 ) www.sarpayalin.com
( 8 ) www.zmohazylife.com
( 9 ) www.3rdthameetaw.com
(10) www.myittaryik.com

Domain Name စုစုပေါင်း (၁၀) ခုကို (၃)နှစ်စာလှူခဲ့တာပါ… အလှူမတည်ကြိုးစားပြုလုပ်သူကတော့ ကိုစွယ်စုံကျမ်းhttp://www.zwmnna.com/2012/11/blog-post_18.html?utm_source=BP_recent ဖြစ်ပါတယ်… ကိုစွယ်စုံကျမ်းမှတဆင့် လှူဒါန်းသူများကိုလည်း သာဓုအနုမောဒနာ ခေါ်ဆိုလိုက်ပါတယ်…

ကျွန်တော် ဒီဘလောခ့်လေးကို စလုပ်ကတည်းက ဘာသာရေးဘလောခ့်အနေနဲ့ စခဲ့တာဖြစ်ပြီးတော့တောက်လျှောက်ဘာသာရေး ဘလောခ့်အနေနဲ့ ရှေ့ဆက်သွားကြိုးစားတင်ဆက်သွားဖို့ စိတ်ဆုံးဖြတ်ပြီးသားပါ… ဒါပေမယ့် Domain Name လှူမယ့် အလှူရှင်ပေါ်ပေါက်လာဖို့တော့ မစဉ်းစားခဲ့ဖူးပါဘူး… ကိုယ်တိုင်ဝယ်ယူပြီးလုပ်မယ်လို့ စဉ်းစားထားပေမယ့် အခြေအနေ (ငွေကြေးမဟုတ်)က မပေးတဲ့အတွက် မလုပ်ဖြစ်ခဲ့သေးတာပါ… ၂၀၁၃ ဇန်န၀ါရီမှာ Domain Name ၀ယ်မယ်လို့ စိတ်ထဲဆုံးဖြတ်ထားခဲ့ပေမယ့်
ကောင်းမှုကုသိုလ်ရဲ့အကျိုးအားဖြင့် မထင်မှတ်ပဲ ကျွန်တော်ဝယ်ခါနီးမှာပဲ အလှူရှင်ပေါ်လာခဲ့ပါတယ်… လှူဒါန်းဖို့ ဆက်သွယ်လာပေးခဲ့သူက အပေါ်မှာပြောခဲ့တဲ့ ကိုစွယ်စုံကျမ်းပါပဲ… တကယ့်အင်တိုက်အားတိုက်ပါပဲ သူကြိုးစားဆက်သွယ်ခဲ့တဲ့ ဆိုဒ်တွေမနည်းပါဘူး… ကျွန်တော်လည်း
တတ်နိုင်သလောက် အကူအညီပေးခဲ့ပါတယ် ဒါပေမယ့်နည်းနည်းပါးပါးလေးပါ… ကိုစွယ်စုံကျမ်းအနေနဲ့ အနည်းဆုံး အလှူခံပုဂ္ဂိုလ်တွေဆီကို ဖုန်းဆက်တာနဲ့တင် သူတော်တော်ပိုက်ဆံကုန်မှာပါ… ရေခြားမြေခြားကနေ မြန်မာပြည်ကိုဖုန်းခေါ်ရင် ပိုက်ဆံဘယ်လောက်ကုန်မလဲ အားလုံးလည်း သိကြမှာပါ… ဒါပေမယ့် ကျွန်တော့်ဆီကို လှူဒါန်းဖို့တစ်ခါ… Domain ချိတ်ဖို့ တစ်ခါ… ၂ခါတိတိ ဖုန်းဆက်ပေးခဲ့ပါတယ်… အဲလို အနည်းဆုံး ၁၀ ယောက်ကို ဆက်သွယ်ရတဲ့အတွက် ဖုန်းဖိုးတင် အခါ ၂၀ စာကုန်သွားပါပြီ… ကျေးဇူးလည်း တင်သလို လုပ်နိုင်တာကိုလည်း သဘောကျ လေးစားမိပါတယ်…
ကျွန်တော့်အနေနဲ့ထပ်ပြောချင်တာကတော့ ကျွန်တော် ဘာသာရေးဆိုဒ်ကို Blogspot ကနေ စတင်လိုက်ကတည်းက နောက်ဆုတ်ဖို့မစဉ်းစားဖူးပါဘူး… အရင်ကတည်းက Blogspot နဲ့လုပ်ပြီး အလကားရတဲ့ Blog ဆိုပြီး တန်ဖိုးမထားမလုပ်ဖူးသလို အခုလို အခကြေးငွေပေးပြီး ၀ယ်ယူ (လှူ) ထားတဲ့ ဆိုဒ်လေးအဖြစ် ရာထူးတက်သွားပြီးဖြစ်တဲ့အတွက် ကျွန်တော့်စိတ်မှာတော့ ဒီဆိုဒ်လေးကို ပိုပြီးအားတင် အားစိုက်လုပ်ဖို့အတွက် တွန်းအားတစ်ရပ်လို ဖြစ်သွားပါပြီး… အဲဒါကြောင့် ယုံကြည်ပေးပါ… ကျွန်တော့် Blog လေးကို စာဖတ်ပရိတ်သတ်တွေအတွက်… အလှူရှင်တွေအတွက်… ကျွန်တော်ကိုယ်တိုင်အတွက်… ဒီ့ထက်ကောင်းမွန်အောင် ဒီ့ထက်တိကျစုံလင်အောင် ကိုယ်အား ဥာဏ်အား တတ်စွမ်းသရွေ့ကြိုးစားသွား ပါ့မယ်လို့ ကတိပေးပါတယ်ခင်ဗျ… ကိုစွယ်စုံကျမ်းနဲ့တကွ အလှူရှင်တွေကနေတဆင့် ကျွန်တော့်ရဲ့ Blog လေးကလည်း ကြည့်ရှုလည်ပတ် ဖတ်မှတ်သူ အရေအတွက် အရင်ကထက်ပိုတိုးလာမယ်လို့ မျှော်လင့်သလို ဝေဖန်မှု အကြံပေးမှုတွေကိုလည်း ပျော်ရွှင်စွာမျှော်လင့်လျက်ပါလို့ ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်ခင်ဗျ…

အားလုံးရဲ့သူငယ်ချင်း

ဇင်မျိုး

Leave a Reply