HAZY LIFE



၁။ ဤလောက၌ သူတော်ကောင်း ယောက်ျားမြတ်သည် -
သူတစ်ပါး၏ ဂုဏ်မဲ့စကား (မကောင်းကြောင်း)ကို၊ မေးသော်လည်း ထင်ရှားစွာပြု၍မပြော။ မမေးလျှင်ကား၊ အထူးဆိုဖွယ်ရာမရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍မေးလျှင် (သူ့စကားကို အခြေတည်၍ စဉ်းစားဖို့မေးလျှင်)၊ သူတပါး၏ ဂုဏ်မဲ့ကို၊ လျှော့ဖော့၍ ဆိုင်းဆိုင်းတွတွဖြင့် မပြည့်မစုံ အကျယ်မဖွင့်ဘဲ ပြောဆိုတတ်၏။
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။

၂။ နောက်တမျိုးကား၊ သူတော်ကောင်းယောက်ျားမြတ်သည် -
သူတစ်ပါး၏ ဂုဏ်ရှိစကားကို၊ မမေးသော်လည်း ထင်ရှားစွာပြု၍ ပြောတတ်၏။ မေးလျှင်ကား၊ အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍ မေးလျှင်၊ သူတစ်ပါး၏ဂုဏ်ကို၊ မလျှော့မဖော့ဘဲ မဆိုင်းမတွပင်၊ ပြည့်ပြည့်စုံစုံ အကျယ်တ၀င့် ပြောဆိုတတ်၏၊
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင်ဖြစ်၏။

၃။ နောက်တမျိုးကား သူတော်ကောင်း ယောက်ျားမြတ်သည် -
မိမိ၏ ဂုဏ်မဲ့စကားကို၊ မမေးသော်လည်း ထင်ရှားစွာပြု၍ ပြော၏၊ မေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍ မေးလျှင်၊ မိမိ၏ဂုဏ်မဲ့ကို မလျှော့မဖော့ဘဲ မဆိုင်းမတွပင်၊ ပြည့်ပြည့်စုံစုံ အကျယ်တ၀င့် ပြောဆိုတတ်၏၊
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။

၎။ နောက်တမျိုးကား၊ ပညာရှိ ယောက်ျားမြတ်သည် -
မိမိ၏ဂုဏ်ကို မေးသော်လည်း၊ ထင်ရှားစွာပြု၍ မပြော။ မမေးလျှင်ကား အထူးဆိုဖွယ်ရာ မရှိ။
ပြဿနာပြုရန်အတွက် ရှေးရှုဆောင်၍မေးလျှင်၊ မိမိ၏ဂုဏ်ကို လျှော့ဖော့၍ ဆိုင်းဆိုင်းတွတွဖြင့်၊ မပြည့်မစုံ အကျယ်မဖွင့်ဘဲ ပြောဆိုတတ်၏၊
ဤသည်ကား၊ ဤသူသည် သူတော်ကောင်း ယောက်ျားမြတ်တည်း-ဟု သိအပ်သော အကြောင်းပင် ဖြစ်၏။

( စတုက္က အင်္ဂုတ္တိုရ်၊ ဒု ပဏ္ဏာသက ၊ ၃-အပဏ္ဏက၀ဂ်၊ ၃-သပ္ပုရိသသုတ်။ )

စိမ့်စမ်းရေ ဆိုဒ်မှကူးယူတင်ပြသည်...။

Leave a Reply