HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

 
၁။ဘုရားအလောင်းတော် ယောင်္ကျားမြတ်ကို ဖွားမြင်သောခဏ၌ လောကဓာတ်တစ်သောင်း တုန်လှုပ်
၏။(ဤလောကဓာတ် စကြာဝဠာတိုက် တစ်သောင်း၌ တုန်လှုပ်ခြင်းသည်ကား အလောင်းတော်
ယောင်္ကျားမြတ်၏ သဗ္ဗညုတဥာဏ်တော်ကို ထိုးထွင်းမြင်သိ ရရှိအံ့သော ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်
ဖြစ်ပေ၏)။

၂။လောကဓာတ် စကြာဝဠာတိုက်တစ်သောင်း၌ နေကြကုန်သော နတ်ဗြဟ္မာတို့သည် ဤစကြဝဠာ
တစ်ခုတည်း၌ ပေါင်းဆုံစည်းဝေးကြကုန်၏။
(ဤလောကဓာတ် စကြဝဠာ တိုက်တစ်သောင်း၌ နေကြကုန်သော နတ်ဗြဟ္မာတို့ ဤစကြဝဠာ တစ်ခု
တည်း၌ ပေါင်းဆုံစည်းဝေးခြင်းသည်ကား ဓမ္မစကြာတရားတော်ကို ဟောတော်မူသောအခါ၌ ထိုနတ်
ဗြဟ္မာအပေါင်းတို့ တစ်ပြိုင်နက်စုဝေး၍ တရားတော်ကို နာယူရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၃။ဖွားမြင်လာသော အလောင်းတော်ယောင်္ကျားမြတ်ကို ရှေ့ဦးစွာ နတ်ဗြဟ္မာတို့က ခံယူကြကုန်၏။
(ထိုသို့ ရှေ့ဦးစွာ ဗြဟ္မာနတ်တို့ ခံယူကြခြင်းသည် ရူပါဝစရဈာန်တရား လေးပါးတို့ကို ရဖို့ရန် ရှေ့ပြေး
အကြောင်း ပုဗ္ဗနိမိတ်ကြီးဖြစ်ပေ၏။)
၎။ဖွားမြင်လာသော အလောင်းတော်ယောင်္ကျားမြတ်ကို ဗြဟ္မာနတ်တို့ခံယူပြီးနောက် လူတို့ခံယူကြကုန်
၏။(ထိုသို့ဗြဟ္မာနတ်တို့ ခံယူကြပြီးနောက် လူတို့ခံယူခြင်းသည် အရူပါဝစရဈာန်လေးပါးကို ရရှိဖို့ရန်
ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၅။ညှို့ကြိုးဖြင့်ဖွဲ့ယှက် စီရင်အပ်သော စောင်းညှင်းတို့သည် မတီးခတ်ရဘဲ အလိုအလျောက်မြည်ကုန်၏
(ထိုသို့ စောင်းညှင်းများ မတီးခတ်ရဘဲ အလိုအလျှောက် မြည်ကြခြင်းသည် အစဉ်အတိုင်း ဝင်စားအပ်
သည့် ရူပါဝစရသမာပါတ်(၄)ပါး၊အရူပါဝစရသမာပါတ်(၄)ပါး၊နိရောဓသမာပတ်အားဖြင့် ဤကိုးပါး
သော အနုပုဗ္ဗဝိဟာရ သမာပတ်တို့ကို ရရှိဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၆။သားရေဖြင့် ဖွဲ့ယှက်ကျက်အပ်သော စည်ကြီးစည်ငယ်(ဗုံကြီး ဗုံငယ်)တို့သည် မတီးမခတ်ရဘဲ အလို
အလျှောက် မြည်ကြကုန်၏။
(ထိုစည်ကြီး စည်ငယ်များ မတီးခတ်ရဘဲ အလိုအလျှောက်မြည်ကြခြင်းသည် အလွန်မြတ်သော တရား
စည်တော်ကြီး ရိုက်တီးယွမ်းဆော် လူနတ်တို့ကို ကြားလှုံ့ဆော်စေတော်မူမည့် ရှေ့ပြေးအကြောင်း
ပုဗ္ဗနိမိတ် ဖြစ်ပေ၏။)

၇။လူတို့အား သွင်းနှောင်တုတ်ချည်အပ်ကုန်သော နှောင်အိမ် နှောင်ကြိုးတို့သည် အပိုင်းပိုင်းပြတ်ကုန်ပါတယ်။
(ထိုသို့ပြတ်ခြင်းသည် ငါတည်းဟူသော မာန်မာနကို အကြွင်းမဲ့အမြစ်ပြတ် ပယ်သတ်နိုင်ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၈။ကြေးနီ၌ ငြိတွယ်တင်ကပ်သော အညစ်အကြေးကို အချဉ်ရေဖြင့် ဆေးကြောလိုက်သကဲ့သို့ ရောဂါ
ရှိနေသော ရောဂါသည်တို့၌ စွဲကပ်လျက်ရှိသော ရောဂါခပ်သိမ်းတို့ ပျောက်ငြိမ်းကြကုန်၏။
(ထိုသို့ ရောဂါခပ်သိမ်း ပျောက်ငြိမ်းကြခြင်းသည် လူများအပေါင်း၏ အလုံးစုံသော ဝဋ်ဒုက္ခ ရောဂါ၏
ကင်းငြိမ်းမှုဖြစ်သော သစ္စာလေးပါးတရားကို သိမြင်ဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၉။အမိဝမ်းတွင်းမှပင် မျက်စိကွယ်ခဲ့ကြသော သူတို့သည် အဆင်းရူပါရုံကို ပကတိလူကဲ့သို့ပင်မြင်ကြကုန်၏။
(ထိုသို့ မြင်ကြခြင်းသည် လူအများအပေါင်းတို့ ဒိဗ္ဗစက္ခုဥာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၀။အမိဝမ်းတွင်းမှပင် နားပင်းခဲ့ကြသော သူတို့သည် အသံ သဒ္ဒါရုံ ပကတိလူတို့ကဲ့သို့ပင် ကြားကြကုန်၏။
(ထိုသို့ ကြားခြင်းသည် လူများအပေါင်းတို့ ဒိဗ္ဗသောတဥာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၁။ခြေဆွံ့သဖြင့် မသွားနိုင်ကုန်သော သူတို့သည် ခြေကောင်းသန်စွမ်းလာကာ သွားနိုင်ကြကုန်၏။
(ထိုသို့သွားနိုင်ကြခြင်းသည် ဣဒ္ဓိပါဒ်လေးပါးကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၂။အမိဝမ်းတွင်းမှာပင် ဆွံ့အသဖြင့် စကားမပြောနိုင်သောသူတို့သည် သတိတရားဖြစ်ပွားလာကာ စကားပြောဆိုတတ်ကုန်၏။
(ထိုသို့ လူအများ စကားပြောတတ်လာခြင်းသည် သတိပဋ္ဌာန်လေးပါးတရားကို ရရှိဖို့ရန်၊ရှေ့ပြေး အကြောင်းပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၃။ကြောက်မက်ဖွယ်ရာ ဘေးကြမ်းထူပြောသော အရပ်တစ်ပါးသို့ ရောက်ရှိနေကြသော လှေ၊သဘောင်္
တို့သည် ဘေးရန်ကင်းကွာ မိမိတို့ဆိပ်ကမ်းသို့ ချမ်းသာစွာ ရောက်ကုန်၏။
(ထိုသို့ ရောက်ကြခြင်းမှာ ပဋိသမ္ဘိဒါဥာဏ်လေးပါးကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၄။ကောင်းကင်၌တည်သော ရတနာအမျိုးမျိုး၊မြေ၌တည်သော ရတနာအမျိုးမျိုးတို့သည် မိမိတို့၏..
အလွန်ထွန်လင်းသော အရောင်အဝါတို့ဖြင့် တောက်ပကုန်၏။
(ထိုသို့ ရတနာအမျိုးမျိုးတို့ မိမိတို့အရောင်ဖြင့် တောက်ပခြင်းသည် တရားတည်းဟူသော အရောင်..
တရားတည်းဟူသော အလင်းကို ရဖို့ရန်၊ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။တရားအလင်းရောင်ကို
ဝေနေယျတို့အား ပေး၍ ကိုယ်တော်မြတ်၏ ဘုန်းတန်ခိုးရောင်ဖြင့် တောက်ပြောင်းခြင်း၏ ရှေ့ပြေး
အကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၅။ရန်သူဖြစ်သော သတ္တဝါတို့ အချင်းချင်း ချစ်ခင်သည့် မေတ္တာစိတ်ကိုရကြကုန်၏။
(ထိုသို့ မေတ္တာစိတ်ကို ရကြခြင်းသည် ဗြဟ္မာ့ဝိဟာရတရားလေးပါး(ဗြဟ္မစိုရ်)တရားလေးပါးကို ရရှိဖို့ရန်
ရှေ့ပြေးအကြောင်း နိမိတ်ဖြစ်ပေ၏)။

၁၆။ငရဲမီး ငြိမ်းအေး၏။
(ထိုသို့ ငရဲမီးငြိမ်းအေးခြင်းသည် လောဘ ၊ ဒေါသ ၊စသော မီး(၁၁)မျိုးတို့ ငြိမ်းအေးဖို့ရန်၊ရှေ့ပြေး
အကြောင်းနိမိတ်ဖြစ်ပေ၏။)

၁၇။မှောင်အတိကျနေသော လောကန္တရက် ငရဲတို့၌ အရောင်အလင်းသည် ထင်လင်းစွာဖြစ်ပေါ်၏။
(ထိုသို့ဖြစ်ပေါ်ခြင်းသည် အဝိဇ္ဇာတည်းဟူသော အမိုက်အမှောင်ကို ပယ်ဖြိုခွင်း၍ အလင်းဥာဏ်ပညာ
ဝိဇ္ဇာကို ပြုနိုင်ပေးနိုင်ရေး၏ ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၈။စီးမြဲသော မြစ်ရေအယဉ်သည် မစီးတော့ဘဲ တန့်ရပ်၏။
(ထိုသို့တန့်ရပ်ခြင်းသည် စတုဝေသာရဇ္ဇဥာဏ်ကို ရရှိဖို့ရန် ရှေ့ပြေးအကြောင်း ပုဗ္ဗနိမိတ်ဖြစ်ပေ၏။)

၁၉။မဟာသမုဒ္ဒရာ၌ ရှိသမျှသောရေသည် ချိုမြိန်ကောင်းမွန်သော အရသာရှိ၏။
(ထိုသို့ မဟာသမုဒ္ဒရာ၌ရှိသမျှသော ရေ ချိုမြိန်ခြင်းသည် ကိလေသာတို့ ငြိမ်းအေးမှုတည်းဟူသော

ဒီနေ့ (၂၄.၂.၂၀၁၂) မှာ မနက်စောစော ဖေ့ဘုတ်ကနေပြီးတော့ လင့်ခ်တစ်ခုတွေ့လိုက်တယ်... ခေါင်းစဉ်ကြောင့် ချက်ခြင်းပဲ ဖွင့်ကြည့်မိတယ်... အားလုံးပဲ စိတ်ဝင်စားတယ်ဆိုရင် ဗီဒီယိုဖိုင်လေး လင့်ခ် ချိတ်ထားပေးပါတယ်... ကြည့်လို့အဆင်ပြေမယ်ဆို တိုက်ရိုက်ကြည့်သွားနိုင်ပါတယ်... အကယ်၍ ကွန်နက်ရှင်ကြောင့် အဆင်မပြေဘူးဆိုရင်လည်း ကျွန်တော် ပြီးခဲ့တဲ့အခေါက်က ၀ိမုတ္တိရသ ဆိုဒ်လေးက ကုသိုလ်ပြု အပင်ပန်းခံ စာရိုက်တင်ပြတာကို အတုယူပြီး ကျွန်တော်လည်း ကျွန်တော့် ဆိုဒ်လေးကနေ တင်ပေးလိုက်ပါတယ်...

 

ကြေငြာချက်...

ဆရာနည်းနည်းကြေငြာစရာလေးရှိတယ်လို့... ဤပလ္လင်က ဘုရားရဲ့ ဘုန်းတော်အတွက်ပဲဖြစ်တယ်လို့ ပြောချင်တယ်... ဘုရားသခင်ရဲ့ ဘုန်းတော်ကိုထောက်ပြီးစကားပြောကြရအောင်လို့... အေမင်...
ဘုရားသခင် ဘုန်းတော်ကိုထောက်ပြီးစကားပြောကြရအောင်လို့... တခါတလေမှာ ဒီပလ္လင်ကိုသုံးပြီးတော့မှ
ပြောတာမှားတဲ့အတွက်ကြောင့် မြောက်မြားစွာသောသူတွေ ခက်ခဲ့မှုတွေရောက်တတ်တယ်...

S.Gum Aung ကိစ္စ

ဆရာဒီနေ့ဘာပြောချင်သလဲဆိုတော့ ကျန်ခဲ့တဲ့ ၅ ရက်နေ့တုန်းက S.Gum Aung နဲ့ပတ်သက်ပြီးမှ နည်းနည်းလေး ပြောပြချင်တယ်... ဒီမှာရှိတဲ့ အသင်းသူ အသင်းသားတွေကော ကမ္ဘာတစ်လွှားရှိတဲ့ ၀က်ဆိုဒ်မှာကြည့်ပြီး ခွန်အားယူတဲ့ ညီအကိုမောင်နှမတွေအယောက်တိုင်းကို စကားပြောချင်တယ်... ဒီဆရာရဲ့ သွန်သင်ချက်တွေ ဒီတစ်ခါ သက်သေခံချက်ပေါ့ သွန်သင်ချက်မပါပါဘူး... သူသက်သေခံသွားတဲ့ အရာပေါ်မှာ အားလုံးခွန်အားရပြီးတော့မှ အကြီးအကျယ် ၀မ်းမြောက်ကြတယ်... စိတ်လှုပ်ရှားကြတယ်... တကယ်ကောင်းတဲ့ ဇာတ်လမ်းဖြစ်တယ်လို့ ခံယူမိခဲ့ကြတယ်... သို့သော် MCA အသင်းတော်က အသင်းတော်တပါးတည်းပဲ မဟုတ်ပဲနဲ့ လုပ်ဖော်ဆောင်ဖက်တွေက ကမ္ဘာနဲ့အ၀ှမ်းရှိနေကြတယ်... MCA ကိုလည်း ချစ်တယ် ထိုအသင်းတော်များကိုလည်း ချစ်ကြတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် မိသဟတွေ မြောက်မြားစွာ ရှိတဲ့အတွက်ကြောင့် အသင်းတော် တော်တော်များများက သင်းအုပ်ဆရာများ လုပ်ဖော်ဆောင်ဖက်တွေပေါ့နော်...
တစ်ချို့က စာရေးလာပြီးတော့မှ  ဆရာရဲ့ ဆရာ S.Gum Aung နဲ့ပတ်သက်ပြီးတော့မှ



ရသမျှ အချိန်တွေ အားလုံးနီးနီး ဖြစ်ညစ်ရေးထားရတဲ့ စာအုပ်လေးတစ်အုပ်တော့ ပြီးသွားပါပြီ... vote ကိုလေးစားတဲ့အနေနဲ့ တကယ့်ကို vote အတိုင်းပဲ လုပ်မယ်လို့ ဆုံးဖြတ်ထားတာပါ... ebook လုပ်ဖို့ vote များတဲ့အတွက် ebook အရင်ဆုံးတင်လိုက်ပါတယ်... နောက်ပိုင်းမှာ post အနေနဲ့လည်း ထပ်တင်သွားပေးပါ့မယ်...အားလုံး စာမျက်နှာ ၉၃ မျက်နှာတည်းပါတာပါ... ၉၃ မျက်နှာအတွက် ညဘက်တွေလည်း တော်တော် အိပ်ရေးပျက်ခဲ့ရပါတယ်... သမိုင်းတွေမှားသွားမှာစိုးတဲ့စိတ်... စေတီပုထိုးဘုရားတွေအကြောင်းမှားမှာ စိုးတဲ့စိတ်နဲ့ စာအုပ်တွေလည်း တော်တော်ဖတ်ပြီးမှ ရေးခဲ့ရတာပါ... အမှန်အတိုင်းပြောရင် အရင်စာအုပ်တွေကို ကျွန်တော် သိပ်ပြီး စိတ်မပူဘူး... ဘာလို့လဲဆိုတော့ ဘုရားတစ်ဆူ စာအုပ်တစ်အုပ် အဲလိုရေးခဲ့တာကိုး... အားလုံးကလည်း စာမျက်နှာ ၂၀ ထက်မပိုဘူး... ကျွန်တော့်အတွက်လည်း သမိုင်းကြောင်း လက်လှမ်းမှီတဲ့ ဘုရားစေတီတွေဖြစ်တော့ မခက်ခဲ့ဘူး... ဒါပေမယ့် အခု မြောက်ဦးခရီးစဉ် စာအုပ်ကတော့ ကျွန်တော် စိတ်တော်တော်လေးလည်း ပင်ပန်းရသလို တော်တော်လည်း စိတ်ပူရတယ်...
ကိုယ့်ဗုဒ္ဓဘာသာရဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်တာကတစ်ကြောင်း... ကျွန်တော်ပုဂ္ဂိုလ်ရေး ခံစားချက်အရ... ဘာသာရေး နဲ့ လူမျိုးရေး မှာ ကျွန်တော်လေးစားရတဲ့ အစွမ်းသတ္တိတွေနဲ့ ပြည်စုံနေတဲ့ ရခိုင်သူရခိုင်သားအားလုံးရဲ့ သမိုင်းဝင် သာသနာ့နယ်မြေ ဖြစ်နေတာကတစ်ကြောင်း... အဲဒါတွေကြောင့် စိတ်ပူပင်ခဲ့ရတာလည်းပါပါတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော့် ဒီဆိုဒ်လေးမှာ လူတွေ လာရောက်လည်ပတ် ကြတာ တစ်နေ့တစ်ခြားများလာတဲ့အတွက် ကျွန်တော် စာအုပ်တွေရေးရတာလည်း အားရှိပါတယ်... ဗုဒ္ဓဘာသာအတွက်ဆိုရင်လည်း လက်မနှေးကြတဲ့ ဆရာတော်အရှင်သူမြတ်တွေ... သူငယ်ချင်းမိတ်ဆွေတွေ... ဒီဆိုဒ်မှာရော... ဖေ့ဘုတ်မှာရော... G+ မှာပါ... မားမားမတ်မတ်တည်ရှိနေကြတဲ့အတွက်... ကျွန်တော် ဘာလုပ်လုပ် အင်အားရှိနေတာ အမှန်ပါ... မှားလည်း အားမနာတမ်းထောက်ပြမဲ့သူတွေရှိနေသလို မှန်လည်း အားပေးမဲ့သူတွေ ရှိနေတဲ့အတွက်
ကျွန်တော် အပင်ပန်းခံရကျိုးနပ်မယ်ဆိုတာ မျှော်လင့်ပြီးသားပါ... အားလုံး အဆင်မပြေတာရှိရင် ပြောပေးကြပါဦး.. ကျွန်တော် ဒေါင်းလုပ်လုပ်နည်းလေးပါ




အစအဆုံးကို ဒီ http://www.dhammaflavour.net ဆိုဒ်လေးကနေ ကူးလာတာဖြစ်ပါတယ်...
စာတွေအားလုံးက ဗွီဒီယိုထဲမှာ ပြောထားတဲ့စကားတွေကို မှတ်တမ်းတင်ထားတာဖြစ်တဲ့အတွက်...
အကယ်၍ ဗီဒီယိုကြည့်ရဘူးဆိုရင်လည်း စာဖတ်ပြိး ဘာတွေပြောသွားလဲဆိုတာချင့်ချိန်နိုင်ကြပါစေ...

အဖွင့်အမှာစကား.. ဆရာဦးဇော်မင်း

ဒီကနေ့နှုတ်ကပါတ်တော်သွားဖို့ရန်အတွက် ကျွန်တော်နှုတ်ကပတ်တော်မဝေငှဘူးဆိုတဲ့အကြောင်း ကြိုတင်ပြီးတော့ပြောပါရစေ။ ဒီနေ့ နေ့ခင်းတုန်းက လာတဲ့ဆရာဂွန်အောင် S.Gum Aung၊ ဆရာကအရင်က နယ်မှာနေတယ်။ ပြီးတောမှ မိဘမဲ့ဖြစ်သွားတယ်၊ ကိုယ့်ဘ၀ကိုလမ်းကြောင်းတယ်၊ ပညာဆုံးသွာတဲ့အခါမှာ ဘုန်းကြီးဝတ်တယ်။ ပြီးတဲ့အခါမှာ အိန္နိယမှာပညာသင်ခွင့်ရတယ်။ ဒေါက်တာဘွဲ့ရတယ်။ ပီအိပ်ခ်ျဒီအောင်တယ်။ ဘုန်းကြီးအနေနဲ့ပါ။ ပီအိပ်ခ်ျဒီအောင်ပြီးတော့ မြန်မာပြည်ပြန်လာပြီး နှလုံးသားမှာဟာတဲ့အတွက်ကြောင့် ဘုရားကိုရှာတဲ့အခါမှာ ဆရာကြီးဦးတင်မောင်ထွန်းရဲ့ တရားဟောချက်ကိုကြားပြီးတော့ ဘုရားကိုစိမ်ခေါ်တဲ့ ဆရာတပါးဖြစ်တယ်။ စိမ်ခေါ်ပြီးတော့မှ လူဝတ်လဲပြီး အလုပ်ပြန်လုပ်တယ်။ ဘွဲ့ရတဲ့အလုပ်နဲ့ ပြန်ပြီးအလုပ်လုပ်ပြီးတော့ ဘုရားရှင်က ကြီးမားစွာအသုံးချနေတဲ့ ဆရာတပါးဖြစ်တယ်။ မြောက်များစွာသောအတွေ့အကြုံတွေရှိတယ်။ ဒါကြောင့်မို့ ဒီနေ့ကျွန်တော်တို့ ဘုရားရှင်ဘာလုပ်နေသလဲ ဆိုတဲ့ အံ့သြစရာကောင်းတဲ့အရာကို စဉ်းစားဖို့ဖြစ်တယ်။

ညီမတယောက်ရှိတယ်။ ၈၈နောက်ပိုင်းမှာ ညီမလေးက ပြည်ပထွက်သွားတယ်။ ဘုရားကိုမသိသေးတဲ့ကာလဖြစ်တယ်။ သို့သော် ဒီဆရာလည်း ဘုရားကိုသိသွားတဲ့ကာလသော်လည်းကောင်း၊ ညီမငယ်လေးကလည်း ဘုရားကိုသိပြီး၊ မျက်ရည်နဲ့ဘုရားကိုဒူးထောက်ပြီးတော့ ဆစ်ဒနီအသင်းတော်မှ ဆုတောင်းတဲ့အခါ ပြန်သတင်းကြားတော့ နှစ်ယောက်စလုံး ယုံကြည်သူဖြစ်နေပြီတဲ့ ..ဟာလေလုယ။

ဆရာ့အတွေ့အကြုံများ၊ မြောက်များစွာရှိတယ်။ အဲဒီအထဲမှာ နှုတ်ကပတ်တော်ရဲ့ အောင်မြင်ခြင်းတွေကို တွေ့မှာဖြစ်တယ်။ နှုတ်ကပါတ်တော်ဝေငှခြင်းဆိုပေမဲ့လည်း ဆရာက သက်သေခံခြင်းကို များများသွားမယ်၊ ပြီးတော့ နှုတ်ကပတ်တော်လေး နည်းနည်းနဲ့ ပိတ်မှာဖြစ်ပါတယ်။

ဆရာကိုယေရှုနာမနဲ့ ဖိတ်ခေါ်ပါတယ်။ ဘုရားရှင်ကောင်းကြီးပေးပါစေ။ ကျွန်တော်တို့အားလုံး နှလုံးသားများကို ဖွင့်ပေးပါ၊ ဘုရားသခင်ကောင်းမြတ်ခြင်းများကို နားထောင်ရအောင်...။



သက်သေခံခြင်းနှင့်တရားဒေသနာ
Rev.T.Peter/S.GumAung(လဇွန်ခွန်အောင်) (Professor)

ဟာလေလုယ၊ အာမင်..။
အမြင့်ဆုံးသောဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် ကျွန်တော် မနေ့ကပဲ ဒီအသင်းတော်ကို ရောက်ရှိလာပါတယ်။ လာတဲ့အကြောင်းကတော့ ကျွန်တော်တို့ နယ်စပ်ဒေသ အသင်းတော်အတွက် ဆရာကြီးနဲ့လာပြီး မိတ်သဟာရဖွဲ့၊ ဆွေးနွေးခြင်းလည်းဖြစ်ပါတယ်။ ရောက်ရှိရင်းနဲ့ ကျွန်တော် အသင်းတော်ကဏ္ဍ ပြောခွင့်လည်းရခဲ့ပါတယ်။ ဒါလည်း ဘုရားသခင်ရဲ့ ကျေးဇူးတော်ဖြစ်ပါတယ်။ ကျွန်တော့နာမည် ဆရာ အက်စ်ဂွန်အောင်ဖြစ်ပါတယ်။ ကျွန်တော့်မွေးစားဖေက ဦးစိုင်ဝါး၊ အမေကဒေါ်လော်ဝယ် ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အဖေရင်း၊အမေရင်းကတော့ ကျွန်တော် ၇နှစ်သားကတည်းက သေသွားပါပြီ။ လွန်ခဲ့တဲ့ ၁၉၆၇ခုနှစ်လောက်ကတည်းက အဖေရော၊အမေရော .သူများသတ်လို့သေသွားပြီ။ သေပြီးတဲ့နောက် ကျွန်တော်တို့မောင်နှမနှစ်ယောက် လမ်းဘေးမှာ ပလပ်စတစ်ကောက်တယ်။ ရေထမ်းရောင်းရင်းနဲ့ပဲ ကျွန်တော်ကျောင်းတက်လာခဲ့ပါတယ်။ ကျွန်တော်တို့မိဘတွေ သေသွားနဲ့နေရာကတော့ မွန်ပြည်နယ်။ကျိုက်မရောနားလေးမှာ ဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေကို အရမ်းစိတ်ဝင်စားတယ်။ ဘုရားသခင်ထံမှာ အကြီးအကျယ်ဆုတောင်းခဲ့ဖူးတယ်။ ဆုတောင်းတဲ့အခါမှာ ကျွန်တော်တို့မြန်မာနိုင်ငံမြေပုံထဲမှာ အ၀ါရောင်တွေချယ်ထားတဲ့နေရာ၊ ဒီနေရာတွေကို မင်း သာသနာလုပ်ရမယ်လို့ ဗီးရှင်းပေးခဲ့တဲ့အခါမှာ ကျွန်တော် ပုဂံညောင်ဥိးဒေသမှအစပြီးတော မြန်မာနိုင်ငံအနှံ သာသနာဝင်ခဲ့ဖူးပါတယ်။ ကျွန်တော် ၁၉၆၇ခု ကတည်းက မိဘမရှိခဲ့ဖူး၊ မရှိခဲ့ပဲနဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို အဲဒီအချိန် နားမလည်ခဲ့ပေမဲ့လည်း ဘုရားသခင်က ကျွန်တော့ကို လမ်းပြပို့ဆောင်ခဲ့ပါတယ်။
ရှေးဦးစွာနှုတ်ကပါတ်တော်
သမ္မာကျမ်းစာတော်မြတ်ကို ဖတ်ပါရစေ။ ဓမ္မရာဇ၀င်ပထမစာစောင် အခန်းကြီး(၂) အပိုဒ်ငယ် ၆ကနေစပြီး အောက်ကိုအနည်းငယ် ဖတ်ပါမယ်။
ထာဝရဘုရားသည် သေစေသောအခွင့်၊ အသက်ရှင်စေသောအခွင့်၊ မရဏနိုင်ငံသို့ နှိမ့်ချသောအခွင့်၊ ထမြောက်စေသော အခွင့်ရှိတော်မူ၏။ ဆင်းရဲစေ ခြင်းငှါ၎င်း၊ ရတတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရားပြု၍နှိမ့်ချသော အခွင့်၊ ချီးမြောက်သောအခွင့် ရှိတော်မူ၏၊ ဆင်းရဲသောသူကို မြေမှုန့် ထဲက၄င်း၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲက ၄င်း၊ မြှောက်၍၊ မင်းသားတို့ နှင့်ထိုင်ရ သောအခွင့်၊ ဘုန်းကြီးသော ပလ္လင်ကို အမွေခံ ရသောအခွင့်ကိုပေး တော်မူ၏။ အကြောင်းမူကား၊ မြေကြီးတိုင်ကို့ ထာဝရဘုရားပိုင်၏၊ ထိုတိုင်တို့ အပေါ်မှာ လောက ဓါတ်ကိုတည်တော်မူပြီ။

ဖတ်သွားတဲ့ အသက်ရှင်တော်မူသော နှုတ်ကပတ်တော်ပေါ်မှာသော်၎င်း၊ ကြားနာသောသူအပေါင်းတို့အပေါ်မျာ၎င်း၊ ဘုရားသခင်သာ၍ကောင်းကြီးမင်္ဂလာပေးပါစေ။ အာမင်..။
ကျေးဇူးတော်ချီးမွမ်းခြင်း
ကျွန်တော်အသက်တာမှာ ဒီနှုတ်ကပါတ်တော်က ကျွန်တော်ကိုအကြိမ်ကြိမ်စကားပြောပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ခရစ်တော်ကို ရလာပြီးတဲ့အချိန်မှာ၊ ကျွန်တော်လုံးဝမမျှော်မှန်းတဲ့ ဘ၀အသက်တာတွေကို ရရလာခဲ့တယ်။ ရတဲ့အချိန်တိုင်း ကျွန်တော်အများကြီးမျက်ရည်ကျတယ်။ ဘာလို့လဲဆိုတော့ ကိုယ်တော်ဘာလို့ ကျွန်တော့ကိုကောင်းကြီးပေးသလဲ၊ ကျွန်တော်မထိုက်တန်ပါဘူး..လို့၊ ဘာလို့လဲဆိုတော့ ကျွန်တော်ငယ်ငယ်တုန်းက ပြားငါးဆယ်သုံးဖို့တောင်မှ ကျွန်တော် ခုနှစ်ရက် စဉ်းစားဖူးတယ်။ အဲဒီလို ခုနှစ်ရက်စဉ်းစားပြီးနေတဲ့ ကျွန်တော့မှာ ဒီနေ့ဆိုရင် ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ဥယျာဉ်တွေလည်း အများကြီးပိုင်တယ်။ ကျွန်တော်မလိုချင်လဲ ဘုရားရှင်ပေးတယ်။ နောက် ..ကျွန်တော် ခရစ်တော်ကို စရတဲ့အချိန်မှာ ပိုက်ဆံတစ်ပြားမှမယူပဲ ခရစ်တော်နောက်လိုက်ခဲ့တယ်။ ကျောက်တူးရင်းနဲ့ ဧ၀ံဂေလိလုပ်တယ်။ ဧ၀ံဂေလိလုပ်ရင်း ကျောက်တူးတယ်။ ဒိလိုနဲ့ ဘုရားသခင်က ကျွန်တော့်ကို ကောင်းကြီးပေးတယ်။ ကိုယ်ပိုင်ကားတစီးရရှိခဲ့တယ်။ အမှုတော်ဆောင်တယ်။ ဒီလိုနဲ့ ကျမ်းစာကျောင်းတက်တယ်။ အမှုတော်ဆောင်ပါတယ်။ ဒီကနေ့အထိ အစေခံသက်သက်ပဲ အမှုတော်ဆောင်တယ်။ လုံးဝ လစာမစားဘူး။ ဒါဆိုဘာနဲစားသလဲ .. ဘုရားအမြဲတမ်းကျွေးတယ်..ပိုလျှံနေတယ်။ ကျွန်တော်ဘယ်နေရာပဲသွားသွား ကျွန်တော်မျက်နှာမငယ်ဘူး။ မနေ့က ကျွန်တော်တို့၅ယောက် ထွက်လာကြတယ်။ တစ်ယောက်က အမည်ခံခရစ်ယာန်၊ သူ့အတွက်တော့ ကျွန်တော်နှမျောတယ်။ မကျွေးချင်ဘူး။ ဒါပေမဲ့ခရစ်တော်ကိုဆပ်ကပ်တဲ့ညီအစ်ကိုများအတွက်တော့ ကျွန်တော့မှာပါသမျှအကုန်ပေးရတာ ကျွန်တော်မနှမျောဘူး၊ ဘာကြောင့်လဲဆိုတော့ ဘုရားက ကျွန်တော့ကိုပေးတာ အမှုတော်အတွက်ပေးတယ်။ စာတန်အတွက်မပေးဘူး၊ ဟာလေလုယ၊ အာမင်..။

ဒီတော့ ဘယ်နေရာမှလဲ၊ ဘယ်လိုပဲပြောပြော ဘုရားသခင်လမ်းပြတဲ့နေရာတိုင်းကို ကျွန်တော်သွားပါတယ်။ ကျွန်တော့ရဲ့ ညီအစ်ကိုမောင်နှမတွေ၊ အသင်းတော်ကို ပြောတဲ့စကားတခွန်းပဲရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့၊ ဘုရားသခင်မလွှတ်လို့ရှိရင် ခြေလှမ်းတစ်လှမ်း၊ လှမ်းလို့မရဘူး၊ ဘုရားသခင်ပို့လို့ရှိရင် ဘယ်လောက်ပဲ ပိတ်ထားတဲ့တံခါးတွေဖြစ်ဖြစ်၊ ဘုရားသခင်ရိုက်ချိုးသွားတယ်။ ဒါကြောင့် ဒီကနေ့ကျွန်တော် အနည်းငယ်သက်သေခံပါရစေ။ ကျွန်တော် ဆရာတော်ကိုလည်း ခွင့်တောင်းထားတယ်။ ကျွန်တော်ဒေသနာဟောတာထက် သက်သေပဲခံပါရစေ။


အသက်၇နှစ်အရွယ်၊မိဘမဲ့ဖြစ်ရခြင်း
ဘာလို့လဲဆိုတော့ ကျွန်တော်ခရစ်တော်နောက်လိုက်နေတာ ၁၈နှစ်ပဲရှိပါသေးတယ်။ ဒါပေမဲ့ ခရစ်တော်နဲ့တကယ်ပဲလျှောက်လှမ်းလာတာက ၁၅နှစ်ကျော်၊ ၁၆နှစ်အတွင်းထဲမှာပဲ ရှိပါသေးတယ်..လို့။ ဒါကြောင့် ဒီလိုအချိန်အတွင်းထဲမှာပဲ ဘုရားသခင်ကျွန်တော်ကို အများကြီးချီးမြျှောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၉၆၇ခုနှစ်မှာ မိဘနှစ်ပါးစလုံး အသတ်ခံပြီးတဲ့နောက်၊ မောင်နှမနှစ်ယောက်ထဲ ဘ၀မှာ ဘုရားဆိုတာနားမလည်ခဲ့ဘူး။ နေ့စဉ်စားနိုင်ဖို့အတွက် ပလပ်စတစ်ကောက်တယ်၊ ရေထမ်းရောင်းတယ်။ ဒီဘ၀နဲ့အသက်ရှင်လာတော့ လူတွေရှေ့မှာ အရမ်းမျက်နှာငယ်တယ်။ အဖေရဲ့အမျိုးအနွယ်၊ဘာမှန်းမသိဘူး။ အမေရဲ့အမျိုးအနွယ် ဘာမှန်းမသိဘူး၊ မိဘတွေနဲ့အတူ ခရီးထွက်လာတယ်။လမ်းမှာလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အမေကိုမုဒိမ်းကျင့်သွားတယ်။ အဖေကိုလည်း ဘက်နက်နဲ့ထိုးသတ်သွားတယ်။ မျက်စိအောက်မှာ အဖေနဲ့အမေက နှစ်ယောက်လုံး၊ အလောင်းကို ကားဓါတ်ဆီဖေါက်ပြီး၊ ကားရောမီးရှို့ပြီး ထားထားခဲ့တဲ့အခါ၊ လမ်းဘေးကခြုံပုတ်ထဲမှာ မောင်နှမနှစ်ယောက် ဘယ်သွားရမှန်းမသိခဲ့ဘူး။ ဒီလိုနဲ့ ရမ်းသမ်းပြီးတော့ လမ်းလျှောက်လာတော့ ကရင်တောင်သူ တဲတစ်တဲရောက်တယ်။ ကရင်တောင်သူတဲက ညီမလေးကိုတော့ ကျောင်းထားပေးမယ်၊ ကျွန်တော်တော့ အလုပ်လုပ်ရမယ်ဆိုတော့ ကျွန်တော်အရမ်းဝမ်းနဲတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် စာအရမ်းတတ်ချင်တယ်။ ပညာတတ်မှဘဲ ကျွန်တော်ဘ၀ကို မားမားမတ်မတ်ရပ်တည်နိုင်လိမ့်မယ်၊ ကျွန်တော်တို့မောင်နှမနှစ်ယောက် အဲဒီမှာ ၁၀ရက်လောက် ကပ်နေပြီးတော့ ကြိုးစားပြီးလမ်းဆက်သွားကြတယ်။ မော်လမြိုင်ရောက်လာတော့ မော်လမြိုင်မှာ ခဏနေတယ်။ အဲဒီကဆရာကြီးက ကျွန်တော်တို့ကိုပညာသင်ပေးခဲ့တဲ့ ဆရာကြီးက ပြန်တွေ့တော့ ပဲခူးမြို့ကိုပို့ပေးတယ်။ ဒါနဲ့ ပဲခူးမြို့၊ဆန်တော်တွင်း(၄)လမ်းမှာရှိ မိတ်ဆွေတဦးရဲ့အိမ်အောက်မှာ မောင်နှမနှစ်ယောက် ကပ်နေပြီးတော့ မောင်နှမနှစ်ယောက် အ.ထ.က(၆)မှာ ကျောင်းတက်ခဲ့ကြတယ်။ ပဲခူး အ.ထ.က (၆)ကနေ ကျွန်တော် ၁၀တန်းကို ဂုဏ်ထူး (၄)ဘာသာနဲ့ အောင်ခဲ့တယ်။ ညီမလေးကလည်း ဂုဏ်ထူး (၅)ဘာသာနဲ့ အောင်ခဲ့ကြတယ်။ အဲဒီတော့ မောင်နှမနှစ်ယောက် ဒီလိုဂုဏ်ထူးတွေရဘို့အတွက်ကတော့ ရေထမ်းခဲ့ရတယ်၊ ပလပ်စတစ်ကောက်နဲ့ သူများတွေရဲ့နှိပ်စက်ခြင်းကို အများကြီးခံခဲ့ရပါတယ်။ သို့သော် အဲဒီအချိန်က ဘုရားကိုမသိပေမဲ့ ကိုယ်တော်က ကျွန်တော့ကိုသိနေခဲ့ပါတယ်။ ဟာလေလုယ...အာမင်..(ပြုံးရွှင်လျှက်)။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းမှာ ကိုယ်တော်ရဲ့အကြောင်းကို ပိုပြီးသိလာခဲ့တယ်။ အဲဒါနဲ့ ၁၉၈၂ခုနှစ်မှာ ကျွန်တော် ရန်ကုန် အာအိုင်တီ RIT ကနေပြီးတော့ ကျွန်တော်ကျောင်းပြီးပါတယ်။ ညီမလေးကလည်း ကျွန်တော်ပြီးတဲ့နောက်မှာ ဆေးတက္ကသိုလ်ကနေ ကျောင်းပြီးခဲ့ကြတယ်။ ကျွန်တော်က အစိုးရအလုပ်လုပ်မလား၊ မိဘတွေကိုသတ်သွားတဲ့လူကို လိုက်ရှာမလား..လို့၊ ကျွန်တော်အများကြီးတွေးတယ်။ မောင်နှမနှစ်ယောက်စလုံး ငယ်ငယ်လေးကတည်းက အခက်အခဲ၊ဒုက္ခကြုံတွေ့တိုင်း မိဘသတ်တဲ့လူကို ပြန်ပြီးသတ်ချင်တဲ့ စိတ်ပဲရှိခဲ့တယ်။ အမြဲတမ်းနှလုံးသားက လူသတ်ချင်တဲ့စိတ် အချိန်ပြည့်ဖုံးလွှမ်းပြီးတော့ အာယာတနဲ့ပဲ အသက်ရှင်ခဲ့တဲ့ မောင်နှစ်မနှစ်ယောက်ဖြစ်ပါတယ်။


အရွယ်ရောက်ချိန်သံယာတော်ဘဝ
ဒါနဲ့ ကျွန်တော် လက်နက်ကိုင်အဖွဲ့အစည်းတခုကို ၀င်မယ်ဆိုပြီးသွားတဲ့အခါ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက မ၀င်ဘို့ တားခဲ့တယ်။ ပဲခူးသာသနာ့မဏ္ဍိုင်၊ ပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော်ကြီး၊ ဘန္ဒဓပညာဇောတ..ပေါ့။ သူကလိုက်တားပြီး သူခေါ်တဲ့အခါ ကျွန်တော်ဘုန်းတော်ကြီးကျောင်းမှာ လိုက်သွားတယ်။ အဲဒီဘုန်းကြီးကျောင်းရောက်တော့ ဘုန်းကြီးက အတင်းချော့ပြီးတော့ ကတုန်းတုံးခိုင်းပြီး သင်္ကန်းဝတ်ခိုင်းတော့ ကျွန်တော်လည်း ၀တ်လိုက်တယ်။ အဲဒီမှာ သင်္ကန်းဝတ်ပြီးတော့ စာသင်တိုက်ကြီး၊ ပါဠိတက္ကသိုလ်ကြီးဖြစ်နေတော့ သူများတွေ၊ ဗုဒ္ဓစာတွေ လေ့လာကြတယ်၊ ကျွန်တော် ငယ်ငယ်လေးကတည်းက အတွေးတခုရှိတာက ဘယ်နေရာမှာပဲရောက်ရောက် ကျွန်တော် ကိုယ်လုပ်မဲ့အလုပ်ကို ဆုံးခမ်းတိုင်လုပ်မယ်ဆိုတဲ့ စိတ်က ငယ်ငယ်လေးကတည်းက ရှိခဲ့တဲ့အခါ ဗုဒ္ဓစာပေကို စလေ့လာပြီးတော့ ၁၉၈၆ခုနှစ်မှာ သာသနာ့ ဓမ္မစရိယဘွဲ့၊ စင်္ကြာဘုန်းကြီးဘွဲ့ကိုအောင်မြင်ခဲ့တယ်။ အဲဒီကနေ အောင်မြင်ပြီးတော့ ၁၉၈၈ခုနှစ်မှာ မြန်မာနိုင်ငံ၊ အားလုံးသိပြီးသားဖြစ်ပါတယ်။ အရေးအခင်းဖြစ်တယ်။ အရေးအခင်းမှာ ဘုန်းကြီးတွေလည်း တော်တော်များများပါသွားတယ်။ ကျောင်းသားကျောင်းသူတွေ ပါပြီး၊ ပျက်စီးသွားကြတယ်။ အဲဒီတော့ နိုင်ငံတော်အစိုးရကို လူထုက မကြေမနပ်ဖြစ်နေတဲ့အချိန်၊ အဲဒီမှာ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးဦးစောမောင်ကနေပြီး၊ ကျွန်တော့ကို အိန္နိယနိုင်ငံ ဗီဟာပြည်နယ်၊ နလန္တာတက္ကသိုလ်ပေါ့။ အဲဒီမှာ ဗုဒ္ဓဘာသာတက္ကသိုလ်ကို တက်ဖို့ (၉)ယောက်ရွေးချယ်တဲ့အထဲ နံပါတ်(၁)အနေနဲ့ ရွေးချယ်ပြီး၊ ပို့ဆောင်ခဲ့တယ်။ ပို့ဆောင်ခဲ့တဲ့အတွက် အိန္နိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ နလန္တာတက္ကသိုလ်မှာ ကျွန်တော် MA Buddhism ပြီးတဲ့အထိ ကျောင်းတက်ခွင့်ရရှိခဲ့တယ်။ အဲဒီကနေပြီး သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ဗုဒ္ဒသိဓသန် တက္ကသိုလ်မှာ ကျွန်တော် ပီအိပ်ခ်ျဒီ Ph.D ဆက်လက်ရလာခဲ့တယ်။ ဒါနဲ့ ၁၉၉၃ခု ဇန္န၀ါရီလ (၃)ရက်နေ့မှာ မြန်မာနိုင်ငံပြန်ရောက်ပြီး၊ ဇန္န၀ါရီလ (၄)ရက်နေ့ မြန်မာနိုင်ငံလွတ်လပ်ရေးနေ့မှာ ကျွန်တော့ကို နိုင်ငံတော်အကြီးအကဲက ၀ိသံသက ပဏ္ဍိတဘွဲ့၊ ဦးဆွတ်အောင်ပန်းလို့ခေါ်တာပေါ့၊ သံယာတွေထဲမှာ အသက်အငယ်ဆုံး၊ ၀ါအနုဆုံးနဲ့ Ph.D ရလာတယ်ဆိုပြီး ဦးဆွတ်အောင်ပန်းဘွဲ့ကို ပေးတယ်။ ကျွန်တော့်ဘုန်းကြီးနာမည်က ဘနဓ္ဒသမနာလင်္ကရ၊ ပါဠိပါရဂူရ၊ ဂိုရိတ္တ၊မဟာပဏ္ဍိတထေ (စာလုံးပေါင်းမမှန်၍ခွင့်လွှတ်ပါရန်) အားလုံး ဗုဒ္ဓဘာသာဘွဲ့(၉)ဘွဲ့ ရရှိခဲ့ပါတယ်။ အဲဒဗုဒ္ဓဘာသာဘွဲ့(၉)ဘွဲ့ ရရှိပြီးတဲ့နောက်မှာ ကျွန်တော် နိုင်ငံတော်အကြီးအကဲ့ ဦးစောမောင်သွားတဲ့နောက်ကို ကျွန်တော်အမြဲတမ်း လိုက်ခဲ့တယ်။ လိုက်ခဲ့တဲ့အခါ ခုနပြောခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ နောက် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ တရုပ်နိုင်ငံ ရှန်ဟိုင်း ယူနီဗာစတီအထိ ကျွန်တော် လေ့လာခွင့် ရရှိခဲ့တယ်။ ရရှိပြီးတော့ အိန္နိယနိုင်ငံ၊ နိပေါနိုင်ငံ နဲ့ ဘူတန်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံတွေကို သာသနာရေး သွားခဲ့တယ်။
သွေးအန်၊နှလုံးကင်ဆာရောဂါကျွမ်းပြီ
သွားရင်းသွားရင်းနဲ့ ၁၉၉၃ခုနှစ် သြဂုတ်လမှာ ကျွန်တော်၊ ချင်းပြည်နယ် တွန်းဇံမြို့ပေါ့၊ အဲဒီတုန်းက တွန်းဇံက မြို့နယ်ခွဲမဖြစ်သေးဘူး၊ တွန်းဇံမှာ အရင်တုန်းက ခရစ်ယာန်ဆုတောင်းတောင်ရှိတယ်။ ခရစ်ယာန်ဆုတောင်းတောင်ကို လက်ဝါးကားတိုင်ဖယ်ပြီး အဲဒီမှာ စေတီတည်ထားတဲ့၊ စေတီမှာ ထီးတင်ပွဲ တရားဟောဖို့ဖိတ်တဲ့အခါ ကျွန်တော် ၁၉၉၃ခု သြဂုတ်လမှာ တွန်ဇံမြို့ကိုရောက်တယ်။ ရောက်တဲ့အခါ အဲဒီစေတီရဲ့ထီးတင်ပွဲ၊ လောကမာဇရိန်ဆုတောင်းပြည့်စေတီ၊ ထီးတင်ပွဲမှာ ကျွန်တော်တရားဟောတယ်။ တရားဟောပြီးတဲ့အခါ သူတို့ ဆွမ်းကပ်တယ်။ ထမင်းကြွေးတာပေါ့။ ဆွမ်းကပ်တဲ့အခါ ကျွန်တော်ထမင်းစားလို့မရလိုက်ဘူး။ ရင်ဘတ်ကအောင့်ပြီးတော့ ပျို့တက်လာပြီး၊ အန်တဲ့အခါမှာ သွေးနဲ့၊ပြည်တွေ ဖြစ်နေတယ်။ သွေးနဲ့ပြည်တွေ ဖြစ်နေပြီး လူကလည်း တုံပြီးမောလာတဲ့အခါမှာ ကျွန်တော် ဟယ်လီကော်ပတာနဲ့ပဲ မန္တလေးကိုဆင်းတယ်။ မန္တလေး ကုတင်၃၀၀ ဆေးရုံအုပ်၊ မန္တလေးဆေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဖြစ်တဲ့ သမားတော် ဒေါက်တာဖေ၀င်း၊ သူကနေ အလတြာဆောင်း Ultra Sound ရိုက်တယ်။ အဲဒီ အလတြာဆောင်း ရိုက်တဲ့အခါ တီဗီမှာ ကျွန်တော့်နှလုံးပုံပေါ်လာတယ်။ အဲဒီမှာ အနာတွေနဲ့၊ ပြည်တွေတည်နေတယ်။ ရောဂါလက္ခဏာ ရှာလို့မရတော့ နံဘေးကနေဖေါက်ပြီးတော့ နှလုံးကနေ သွေးကိုထုတ်ယူတယ်။ ရောဂါစစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာ ကင်ဆာ...။ အဲဒီတော့ လူပေါင်း တစ်သောင်းမှာတောင် တစ်ယောက် မကြုံဖူးတဲ့ ကင်ဆာရောဂါ နှလုံးမှာဖြစ်နေတယ်။ ကင်ဆာဆို သေပြီးပေါ့။ ကိုယ့်ကိုယ်ကိုလဲ သေလူလို့ သတ်မှတ်လိုက်တယ်။ ဆရာဝန်ကလည်း ကုလို့မရတောဘူး။ ကင်ဆာရောဂါလက္ခဏာ ပေါ်လာပြီ၊ သိလာပြီ၊ ကင်ဆာဆိုတာ သတ်မှတ်လို့ရပြီးဆိုရင် ကင်ဆာရောဂါရဲ့သက်တမ်းက အနည်းဆုံး ခုနှစ်နှစ်ရှိနေပြီလို့ သူပြောမှ ကျွန်တော်လည်း တအားစိတ်ဓါတ်ကျသွားတယ်။ အဲဒီတော့ နိုင်ငံတော်အကြီးအကဲက ကုလို့ရတဲ့နိုင်ငံတွေမှာ လိုက်ကုမယ်။ ဒါနဲ့ ဂျပန်နိုင်ငံ .. ဂျပန်နိုင်ငံတိုကျိုမှာ ကျွန်တော်မနေနိုင်ဘူး၊ အဲဒီမှာ ဟိုကိုင်းဒိုး .. ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ချင်းတောင်လိုလို၊ ရှမ်းပြည်နယ်လိုလို အင်မတန်လှတယ်။ နေလို့ကောင်းတယ်။ နှင်းတွေလည်း တအားကျတယ်။ အဲဒီ ဟိုကိုင်းဒိုးကို ပို့တယ်။ ဘယ်လောက်ပဲ ရှုခင်းလှလှ၊ ဘယ်လောက်ပဲ နေလို့ကောင်းကောင်း၊ ကျွန်တော်က သေလူအဖြစ် ကိုယ့်ကိုယ်ကို သတ်မှတ်ထားတော့ ပတ်ဝန်းကျင်အလှက ကျွန်တော့အတွက် ဘာမှမထူးခြားဘူး။

ဒါနဲ့ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ် ကင်ဆာအထူးကုဆေးရုံ၊ ရောက်ရှိတယ်။ မြန်မာနိုင်ငံမှ ပြန်သေပါရစေ..လို့၊ နိုင်ငံတော်အကြီးအကဲကို အခွင့်တောင်းတဲ့အခါ နိုင်ငံတော်အကြီးအကဲက ကိုးရီးယားမှာကျန်နေခဲ့တဲ့ ကျွန်တော့ကို မြန်မာနိုင်ငံပြန်ရောက်ခွင့်ရရှိခဲ့တယ်။ မြန်မာနိုင်ငံကို ၁၉၉၃ နိုဝင်ဘာလ ၂၈ရက်မှာ ပြန်ရောက်တယ်။ အဲဒီမှာ သေဖို့စောင့်နေတယ်။ ပဲခူးမြို့ သာသနာမဏ္ဍိုင် ပါဠိတက္ကသိုလ် ကျောင်းဆောင်ပေါ့၊ အဲဒီကျောင်းဆောင် အပေါ်ထပ်မှာ ကျွန်တော့အတွက် နေရာထားပေးတယ်။


ခေါ်သံကိုကြားရပြီ
သေဖို့စောင့်နေရင်းနဲ့ ၁၉၉၄ခု ဇန္န၀ါရီလ (၁၅)ရက်နေ့မှာ မထင်မှတ်ပဲနဲ့ ရေဒီယိုတလုံးက ဒီ..သီချင်းသံထွက်နေတယ်။ သီချင်းသံထွက်နေတော့ ကျွန်တော်တို့က ရွှေကျင်ကျောင်းတိုက်ဆိုတော့ ရဟန်းသံယာတွေ ရေဒီယိုသံ၊ ကက်ဆက်သံ နားထောင်ခွင့်မရှိဘူး။ ဒီနေ့အထိ အဲဒီကျောင်းရဲ့ စည်းကမ်းကလဲ အခွင့်မရှိပါဘူး။ အဲဒီမရှိတဲ့ ကျောင်းတိုက်ကြီးမှာ ထူးထူးဆန်းဆန်း ဒီအသံကြားတော့ သွားပြီးတော့ ခေါ်တယ်။ ခေါ်တော့ သူတို့ဖွင့်ထားတဲ့ဟာကို မပိတ်ရဲဘူး။ ကိုယ်ရင်ပေါက်စလေးတပါး..။ အဲဒါ ထားပစ်ခဲ့လိုက်၊ အဲဒီ ရေဒီယိုကို နောက်မကိုင်နဲ့တော့။ မင်းဝယ်ထားတဲ့ ငွေကြေးရှိတယ်ဆိုရင် အိပ်ယာအောက်ကနေယူပြီး ဆင်းသွားလိုက် ..ဆိုတော့ သူဆင်းသွားတယ်။ ကလေးက မပိတ်တော့ပဲနဲ့ ထားခဲ့တော့ သီချင်းသံအပြီးမှာ တရားဟောချက်ထွက်လာတယ်။ အဲဒီတုန်းက မှတ်မှတ်ရရသီချင်းက အဆိပ်မဲ့ပန်းပါမေမေ ဆိုတဲ့ ပိုးဒါလီသိန်းတန်ဆိုတဲ့သီချင်းလေး၊ ကိုယ်ဝန်ဖျက်ချတဲ့ဟာ အပြစ်ဖြစ်တယ်..ဆိုတဲ့ သီချင်းလေးကို အဲဒီမှာ ကျွန်တော် အဲ့သြပြီးနားထောင်နေတုန်းမှာပဲ သီချင်းအပြီးမှာ သိင်္ခါရမှအစဉ်ထာဝရသို့ ဆိုတဲ့ တရားဟောချက်ကိုကြားတော့ ဟော..ခရစ်ယာန်တွေ သင်္ခါရကနေ အစဉ်ထာဝရ ဘယ်လို ရှိသလဲ။ နဲနဲလဲ လေ့လာချင်တယ်။ အိပ်ယာထဲကနေ မပိတ်တော့ပဲ နားထောင်တော့ အဲဒီညမှာ ဆရာကြီးကနေပြီး ဟောတဲ့ဒေသနာက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာကြီး (၃)ပါးကို အခြေခံပြီး ဟောသွားတယ်။ လူတွေက ခန္တာကိုယ်တွေကို လှဘို့၊ ပဘို့ ..မွေးတယ်။ ကောင်းတာတွေနဲ့ စားကြတယ်။ လှတာတွေ တန်ဘိုးရှိတာတွေနဲ့ ဘယ်လောက်ပဲ ပြုပြင်ပြီး။ ဖုံးလွှမ်းနေ..သေလို့ရှိရင်တော့ မြေကိုကြွေးဖို့ပဲ။ ဘာမှတန်ဖိုးမရှိဘူး။ အဲဒီလိုပဲ ..ဥစ္စာတွေကိုလည်း စုကြတယ်။ ဘယ်လောက်ပဲစုစု နောက်ဆုံးသေသွားလို့ရှိရင် ယူသွားလို့မရဘူး။ ဥစ္စာတွေစုတာ ထိုက်တဲ့သူအတွက်ပဲ။ နောက် ကိုယ့်ရဲ့ ဆံပင်တချောင်းတောင်မှ မဖြူအောင် မတတ်နိုင်ကြဘူး၊ မတတ်နိုင်ပဲနဲ့ ငါ့ဟာ၊ ငါ့မိသားစု၊ ငါ့မယား၊ ငါ့ဥစ္စာ၊ ငါ့မိသားစု၊ ငါ့နိုင်ငံ ဆိုပြီး ငါဆိုတဲ့ အတ္တတွေနဲ့ စွဲလမ်းနေကြတယ်။ တကယ်တော့ ဒီအရာတွေ ဘာယူသွားလို့ရသလဲ..။ လောကမှာ ခရစ်တော်မရှိဘူးဆိုရင် ပူလောင်မှုတွေ၊ ဒုက္ခနဲ့ပဲတွေ့ပြီး နောက်ဆုံး မီးငရဲထဲပဲ ကျဖို့ရှိတယ်။ အဲဒီတော့ ဒီဘ၀ထဲကနေ လွတ်မြောက်စေသောအရာကတော့ ယေရှုခရစ်တော်ရှိတယ်..ဆိုပြီး အဲဒီည ၁၅မိနစ်အတွင်း ဟောသွားတဲ့ တရားဟောချက်ကို ကျွန်တော် အံ့သြတယ်။ အဲဒီမှာ သင်္ခါရနယ်ပယ်ကနေ အစဉ်ထာဝရနယ်ပယ်၊ ဗုဒ္ဓဘာသာမှာလည်း ရှိပါတယ်။ အဲဒီတော့ ၃၁ဘုံ...၊ ဒီ ၃၁ဘုံထဲမှာ ဘယ်မှာပဲဖြစ်ဖြစ် သေကျေပျက်စီးခြင်း၊ နောက်ဆုံး ငရဲဘဲ ရောက်လိမ့်မယ်။ ၃၁ဘုံကနေလွန်မြောက်စေတဲ့ အသင်္ဂတဓါတ် နိဗာန်ဆိုတဲ့အရာမှာ၊ အဲဒီတော့ ဒီ..နိဗာန် နဲ့ ဆရာတင်မောင်ထွန်းပြောတဲ့၊ ဒီ..ထာဝရနိုင်ငံ တူသလား..ဆိုပြီးတော့ တညလုံးတွေးမိတယ်။

နောက်နေ့ရောက်တော့ အဲဒီအချိန်ကလေးမှာ တအားကြားချင်လာတယ်။ ကြားချင်လာတော့ ဇန္န၀ါရီ (၁၆)ရက် ည၉နာရီ ၄၅ကနေစပြီး နားထောင်ဖြစ်တယ်။ အဲဒီမှာ နားထောင်တဲ့အခါမှာ ညတိုင်းညတိုင်း ၁၅မိနစ်၊ ၁၅မိနစ် နားထောင်ပုံမှန် နားထောင်လာတယ်။ နားထောင်ရင်းနဲ့ ၁၉၉၇ခုနှစ် မေလ (၁၃)ရက်နေ့ မနက်ခင်း အစောကြီး ၃နာရီလောက်မှာ သွေးက ထအန်တယ်။ လူကမောပြီး မနေနိုင်တော့ ၀ရံဒါဘက် ထွက်တယ်။ ၀ရံဒါထွက်ပြီးတော့ အပေါ်ကို မော့ကြည့်တဲ့အခါ ကြယ်ကလေးတလုံး၊ ကြွေကျလာတယ်။ ကြယ်တလုံးကြွေကျလာတော့...ဒီကြယ်ကို ကျွန်တော်ကြည့်တယ်။ အောက်ထိမရောက်ဘူး၊ ပျောက်သွားတယ်။ ငယ်ငယ်လေးတုံးကလဲ ကြယ်ကြွေတာတွေ ခဏခဏ မြင်ဘူးတယ်။ ဒါပေမဲ့ မတွေးဖူးဘူး။ ဒါပေမဲ့ အခုတော့ ကျွန်တော်တွေးမိတယ်။ လောကမှာ လူတွေထိန်းချုပ်မောင်းနေတဲ့ မော်တော်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ ပင်လယ်ထဲမှာရှိနေတဲ့ သင်္ဘောတွေ၊ နောက်ပြီးတော့ Station တခုနဲ့တခု၊ တိတိကျကျ လွှတ်ပေးနေတဲ့ သံလမ်းပေါ်မှာ ပြေးနေတဲ့ မီးရထားတွေ၊ နောက် ကောင်းကင်မှာ ကျယ်ပြန့်တဲ့နေရာမှာ သူလေကြောင်းနဲ့သူ သွားနေတဲ့ လေယဉ်တွေ၊ မကြာမကြာ တိုက်ခိုက်မိကြတယ်။ ပျက်စီးကြရတယ်။ လူတွေ ထိန်းချုပ်မောင်းနှင်နေတဲ့ အရာတွေက တိုက်ခိုက်ပျက်စီးနေတယ်။ ဒါဆိုလို့ရှိရင် နေကိုဗဟိုပြုပြီးတော့ . ဘဲဥပုံသဏ္ဍန်နဲ့ တစက္ကန့်ကို မိုင်၇၀၀နှုံးနဲ့ ပြေးနေတဲ့ ကျွန်တော်တို့ ကမ္ဘာကြီး၊ အဲဒီလိုပဲ သူ့လမ်းကြောင်းနဲ သူသွားနေကြတဲ့၊ ဂြိုလ်တွေ၊ နက္ခတ်တာရာတွေ ဘာကြောင့်မတိုက်သလဲ၊ သူတို့ရဲ့ Systematic ဘာဖြစ်လို့ ဖြစ်နေသလဲ..။ ဒါဆိုရင် သူတို့ကို ဘယ်သူက ထိန်းချုပ်မောင်းနှင်နေတာလဲ။ ဒါဆိုရင် သူတို့ကို ထိန်းချုပ်မောင်းနှင်နေတာက ဆရာတင်မောင်ထွန်းပြောတဲ့ ယေရှုဘုရားလား... ကျွန်တော်စိတ်ထဲမှာ ဖြစ်လာတယ်။ ဖြစ်လာတဲ့အချိန် နားထဲမှာ အသံတခု ပြန်ကြားလာတယ်။


စိန်ခေါ်ခြင်း
ဆရာတော်ကြီးက ညတိုင်းညတိုင်း သူပြောတယ်။ မြည်းစမ်းကြည့်ပါ၊ ခေါ်ကြည့်ပါ၊ အဖြေတွေ့ရမယ် ..ဆိုတဲ့စကားကို ပြန်ကြားလာတော့ ကျွန်တော် စိန်ခေါ်ချင်တယ်။ ဒီတော့ ကောင်းကင်ကို လက်ညိုးထိုးပြီး ခင်ဗျား၊ တကယ်တော့ ဘုရားအစစ်လား..၊ ဘုရားအစစ်ဆိုရင် ဘုန်းကြီးကိုပြပါ။ ပြနိုင်ရင်ယုံမယ်၊ မပြနိုင်ရင် မယုံဘူး။

သေတော့သေခါနီးပြီ၊ မာနတော့ရှိသေးတယ်..။ ကိုယ့်ကိုယ်ကို ဘုန်းကြီးကတော့ တပြားမှမလျော့သေးဘူး၊ ဒါနဲ့ အဲဒီနေ့တနေကုန် ကုန်သွားတယ်။ မနက်လင်းလာရာကနေ တနေကုန်သွားတယ်။ ကျွန်တော် မသေခင် အကောင်းဆုံးနေမယ် ..လို့ တွေးထားတာဆိုတော့ တတ်နိုင်သလောက် အားလေးနဲ့၊ မိုက်ကရိုဖုန်းနဲ့ စါဝါ ပို့ချတယ်။ ကျွန်တော် နောက်ဆုံးပို့ချခဲ့တဲ့ စာအုပ်ကို ထုတ်ထားပါတယ်။ အထသာဠိဒီ ..
ဒိကာပေါ့။ စာမျက်နှာ ၄၇၅မျက်နှာရှိတယ်။ ပါဠိလိုဖြစ်တယ်။ ဒီစာအုပ်ကို နောက်ဆုံး ဘုန်းကြီးဘ၀မှာ ထုတ်ခဲ့တာဖြစ်ပါတယ်။ နောက် လောကစာပေ တော်တော်များများ ရေးခဲ့ဖူးတယ်။ ၁၉၇၈ခုနှစ်ကတည်းက လောကစာပေရေးခဲ့တယ်။ ကလောင်နာမည် တက္ကသိုလ်ငြိမ်းနွယ်ခေါ်ပါတယ်။ အဲဒီတော့ ကျွန်တော် ဗုဒ္ဓစာပေ ကျမ်းဂန်ကို ပြုစုရင်းနဲ့ နောက်ဆုံးတော့ အဲဒီကျမ်းကိုလည်း ပြီးခါနီးပြီ၊ စာဝါပို့ချတဲ့ ညတိုင်းညတိုင်း၊ အဲဒီ မရှိမဲ့၊ ရှိမဲ့ အားလေးနဲ့ ကြိုးစားပြီး ပို့ချခဲ့တယ်။


စိန်ခေါ်မှုရဲ့အဖြေ - အံ့သြဖွယ်အလင်း၊
ဒီလိုနဲ့ အဲဒီညမှာ ၁၉၉၄ခု မေလ(၃)ရက်နေ့ ည (၆)နာရီခွဲတော့ ပဲခူးမှာ၊ အဲဒီနှစ်ကတော့ အစောဆုံးမိုးရွာတာပေါ့၊ အကြီးအကျယ် မိုးက တ၀ုန်းဝုန်းနဲ့ ရွာတယ်။ မိုးတွေ မိုးဦးရွာတော့ မိုးကြိုးတွေကလည်း ပစ်တယ်။ အကြီးအကျယ် မိုးကြိုးတွေပစ်တယ်။ မိုးကြိုးတွေပစ်ရင်းနဲ့ ၇၇တပ်မဌာနချုပ်က အဲဒီအချိန်တုန်းက ဘယ်မှာလဲဆိုတော့ ပဲခုးမှာပဲရှိသေးတယ်။ အခုမှ ရန်ကုန်ပြောင်းသွားတယ်။ အဲဒီတော့ ၇၇တပ်မဌာနချုပ်ရဲ့ တပ်ဦးမှာရှိနေတဲ့ တပ်ဦးကျောင်ကို
မိုးကြိုးကပစ်ပြီး တိုက်ကြီးကကွဲပြီးတော့ အတွင်းထဲမှာရှိနေတဲ့ ကိုယ်ရင်နဲ့ဦးဇင်းတွေ သေသွားတယ်။ အဲဒိတော့ စဉ်းစားတယ်။ ကိုယ့်ကိုယ်ကို သေတော့မယ်လို့ မျှော်နေတဲ့အချိန်၊ သန်သန်မာမာနဲ့ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေက သေသွားတယ်။ ဟုတ်ပြီး.. သေခြင်းဆိုတာ ခြေတလှမ်းပဲ...။ ဘယ်လောက်မှ မဝေးပါလား..လို့ တွေးမိတယ်။ တွေးမိပြီးတော့ ဖြစ်နေတဲ့အချိန် အဲဒီတုန်းက ပဲခူးမှာ ရပ်ကွက်ပေါင်း (၇)ခုက မီးလုံးက ပျက်သွားတယ်။ ထရန်စဖွန်မာက စက်ကွင်းမိပြီး အားလုံးကပျက်သွားတယ်။ ပျက်သွားတဲ့အခါမှာ တခါတည်း ဘယ်လိုပြောမလဲဆိုရင် မီးမရှိတော့ ဖယောင်းတိုင်နဲ့နေရင်းနဲ့ ည ၁၂နာရီလောက်မှာ သွေးက သွေးအန်တယ်။ သွေးအန်တော့ လူကမောပြီးတော့ ဒေါက်တာဇိဝကရယ်၊ ဒေါက်တာအေးကျော်၊ ဒေါက်တာကျော်ကျော်လွင်ဆိုတာ အခု ပဲခူးမှာ နာမည်ကြီး ဆရာဝန်ကြီးတွေရှိတယ်။ သူတို့တတွေ အလှည့်ကျ ဆေးလာလာကုပေးတယ်။ ကျွန်တော့ဘေးမှာ အမြဲတမ်း လာလာ ပြုစုတာကတော့ ယခု လက်ရှိ ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှာ၊ ဒုတိယညွန်ကြားရေးမှုးလုပ်နေတဲ့ စာရေးဆရာလည်းဖြစ်တယ်။ မနုသကျော်ဝင်းဆိုတာ၊ သူက အမြဲတမ်းပြုစုတယ်။ အဲဒီ မှာဘယ်လိုပြောမလဲဆိုတော့ သူတို့တတွေလည်း လာလာပြီး ပြုစုတော့ ဒိုင်ကော်စင်လို့ခေါ်တယ်။ နှလုံးငြိမ်ဆေး၊ ဂျပန်ကနေ ယူထားတယ်။

ဒီဆေးကို ကျွန်တော် ၁၅လုံး သောက်တယ်။ ဘာလို့လဲဆိုတော့ သေရင်လဲ သေပစေတော့၊ လောကကြီးနေရတာ အရမ်းပင်ပမ်းတယ်။ ခန္တာကိုယ်ကလည်း မသယ်နိုင်တော့ဘူး၊ လူက ရောဂါကြွမ်းနေပြီဆိုတော့ မလှုပ်ချင်တော့ဘူး၊ အဲဒီတော့ သက်သာအောင် ဒီဆေးပဲ သောက်နေရတယ်။ အမြဲတမ်းလဲ မသက်သာဘူး၊ ခဏခဏ သောက်နေရတယ်။ ဒီဆေးသောက်ပြီး အိပ်ယာပေါ်မှ ခဏလှဲတယ်။ မနက်အစော တနာရီလောက်မှာ အိပ်ပျော်သွားတယ်။ အိပ်ပျော်သွားတော့ သိပ်မကြာဘူး၊ မျက်စေ့ကို အင်မတန်မှစူးသျှတဲ့ ဆလိုက်မီးတခုလိုဟာမျိုးက လာထိုးထားတယ်။ မျက်စိဘယ်လောက်ပဲပိတ်ထားပိတ်ထား၊ အပေါ်မှာ အလင်းရှိရင် အိပ်မရတော့ဘူး။ ဒီတော့ မီးပြန်လာတယ်ထင်ပြီး မီးခလုပ်ကိုပိတ်တယ်။ ကျွန်တော့အခန်းက ရှင်းရှင်းလေးပါ။ ပေ၂၀ ပတ်လည်ပဲ ကျယ်တယ်။ အဲယားကွန်း တပ်ထားတယ်။ ကုတင်တလုံးရှိတယ်။ စာအုပ်တွေထည့်တဲ့ ဘီရိုတလုံးရှိတယ်။ နောက်ပြီးတော့ စားပွဲတလုံးနဲ့ ထိုင်ခုံ ၂လုံးပဲရှိတယ်။ ဘာမှမရှိဘူး။

ဒီအခန်းထဲမှာ မျက်စိဖွင့်လိုက်တော့ အခန်းတခန်းလုံးက လင်းနေတယ်။ အရိပ်မပေါ်ဘူး။ အဲဒီတော့ မီးပြန်လာတဲ့ အလင်းမဟုတ်ပဲ၊ အရိပ်မပေါ်တဲ့ အလင်းဖြစ်နေတော့ ကျွန်တော်.. ထူးဆန်းတယ်။ ဒါ..ဘာလဲ..၊ ကုတင်ပေါ်မှာ ထထိုင်တယ်။ စဉ်းစာနေတဲ့အချိန်ကျမှ သြော်..ငါ မနက်ခင်းအစောကြိး ယေရှုကို စိန်ခေါ်ထားတာ၊ ဒါဆိုရင် ယေရှုဘုရားလား...။ အဲဒီမှာ အလိုလိုနေရင်း နှလုံးက ဒုတ်ဒုတ်ဒုတ်နဲ့ ပိုခုန်လာတော့ ယေရှုဘုရား၊ တပည့်တော်ယုံပြီ...။ အဲဒီအချိန်မှာ ကျွန်တော် ကုတင်အောက်မှာ ဒူးထောက်ပြီးသားဖြစ်နေတယ်။ မထင်မှတ်ဘူး။ ကုတင်ပေါ်က ဘယ်လိုဆင်းမိမှန်းမသိဘူး။ ယေရှုဘုရား..တပည့်တော်ယုံပြီ...လို့ နှုတ်ကနေ ၀န်ခံတဲ့အခါကျမှ ၀န်လေး၍ပင်ပန်းသောသူအပေါင်းတို့..ငါ့ထံသို့လာကြလော့၊ ငါသည်ချမ်းသာပေးမည်။ သင့်ကိုလူမျိုးတကာအတွက် ငါခွဲခန့်ထားမည်။ ... ဒီအသံကို အံ့သြဘွယ်ကြားရတယ်။ တခါမှမကြားဖူးတဲ့အသံဖြစ်နေတော့ ကျွန်တော်ပတ်ကြည့်တယ်။ မတွေ့ဘူး.. ။ အဲဒီမှာ စိတ်ကနှိုးဆော်လာတယ်။ အဲဒီမှာ ဘာပြောချင်သလဲဆိုတော့ ကျွန်တော့မှာ နှလုံးကင်ဆာရှိတယ်။ ဘယ်လိုလုပ် လူမျိုးတကာအတွက်ဖြစ်မလဲ..ဒါပေမဲ့ အံ့သြစရာကောင်းတာက အဲဒိအချိန်ကစပြီး ကျွန်တော်အသက်ရှုလို့ကောင်းတယ်။ ၀လာတယ်။ အသက်ရှုဝလာတယ်။ နေရတာသက်သာတယ်။ ပေါ့ပါးတယ်။ အဲဒီမှာ တဖြေးဖြေးနဲ့ အလင်းက မှိန်လာတဲ့အချိန် တခါးကလည်း အပြင်ကခေါက်လာတယ်။

တခါးခေါက်လာတဲ့အချိန်ကျတော့ အလင်းက တဖြေးဖြေးပျောက်သွားတယ်။ အဲဒီတော့မှ ကျွန်တော် ထပြီးတော့ တံခါးသွားဖွင့်တယ်။ ဘာလို့တံခါးခေါက်နေတာလဲ..မင်းတို့ဝင်လို့ရတာပဲ၊ ၀င်လိုက်ပါလား..တံခါးကပိတ်မှမပိတ်ပဲ၊ ဆွဲစိထားရုံပဲကိုး။ ဘုန်းကြီးအခန်းဆိုတော့ သူတို့က မခေါက်ပဲ မ၀င်ရဲ၊ အဲဒီတော့ ဘယ်လိုပြောသလဲဆိုတော့ အောက်ကနေ မှန်ပြူတင်းကနေ အလင်းရောင်တွေ တအားထွက်နေတယ်။ ထွက်နေတဲ့အတွက် ဘာလဲဆိုပြီးပြေးလာတာတဲ့...အဲဒီတော့ ဘာမှမဟုတ်ဘူး။ ဆင်းပါ ..ဆိုတော့ သူတို့ဆင်းသွားတယ်။


ပါဠိစာအုပ်တအုပ်
(ပါဠိ-စာလုံးမှန်ပြင်ရန်လိုသည်။ ခွင့်လွှတ်ဖတ်ရှုပါရန်)
အဲဒီအချိန်ကစပြီး ကျွန်တော်ညမအိပ်ဘူး၊ ဖယောင်းတိုင်တတိုင်းထွန်းပြီးတော့ စဉ်းစားရင်းနဲ့ စာအုပ် ပါဠိစာအုပ်တအုပ်ကို ကောက်ကြည့်တယ်။ ကောက်ကြည့်တာက ဒီစာအုပ်ကို ကျွန်တော် တခါမှမကိုင်ဖြစ်ဘူး။ မကိုင်ဖြစ်ဘူးဆိုတာ မလိုလဲ မလိုအပ်ဘူး။ လွန်ခဲ့တဲ့ ပဉ္စမသင်္ဂါယနာ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာဆို သင်္ဂါယနာ (၆)ကြိမ်တင်ခဲ့တယ်။ ပဉ္စမသင်္ဂါယနာ မင်းတုန်းမင်းလက်ထက်ကတည်းက ဒီစာအုပ်ကို ပယ်ထားတယ်။ ဟောတာကတော့ ဗုဒ္ဓဟောတယ်။ ဒါပေမဲ့ ..ဒီစာအုပ်ကို ဘာကြောင့်ပယ်သလဲဆိုတာ ကျွန်တော်နောက်မှ လေ့လာခဲ့တယ်။ အဲဒီတော့ ဒီပယ်ထားတဲ့စာအုပ်ဖြစ်တယ်။ ဆဌသင်္ဂါယနာမှာတော့ လုံးဝမပါတဲ့ စာအုပ်။ ဒီ ပါဠိမူရင်းရှိနေတယ်ဆိုတော့ ဒီစာအုပ်ကိုကျွန်တော်လေ့လာဖို့ ဆိုပြီး ယူထားတာပဲရှိတယ်။ မဖတ်ဖြစ်ဖူး။ ဒါနဲ့ စာအုပ်တွေ ဘီရိုထဲကဟာတွေက အားလုံး အလွတ်ရပြီးသားတွေဖြစ်နေတော့ ဒီစာအုပ်ကလေးတအုပ်ကို ကျွန်တော်မီးရောင်အောက်မှာ ဖတ်တယ်။ နေရထိုင်ရတာ သက်သာပြီး၊ မောလဲမမောဘူးဆိုတော့ ဒီစာအုပ်ကိုကျွန်တော် လှန်ဖတ်တယ်။ ဖတ်တဲ့အခါ စာမျက်နှာ ၁၂၀ပဲရှိပါတယ်။ အဲဒီတော့ ပါဠိလို စာမျက်နှာ၁၂၀ပဲရှိတယ်ဆိုတော့ ဒီစာအုပ်ကိုဖတ်ရတဲ့အချိန်က အားလုံးမှ ၅၇မိနစ်ပဲကြာတယ်။ တနာရီမကြာဘူး။ ဒါနဲ့ ဖတ်တော့ စာမျက်နှာ ၁၂၀လောက်ရောက်တော့မှ အဲဒီမှာထူးထူးဆန်းဆန်း ပါဠိတော်ကို သွားတွေ့တယ်။ ပါဠိလိုဆိုရင်တော့ သဘောပေါက်မှာမဟုတ်ဘူး။ အဲဒီမှာ အချက်(၃)ချက်ကို သွားတွေ့တယ်။ ဘာအချက်(၃)ချက်လဲဆိုတော့ ..

အာနန္တာက ဗုဒ္ဓကိုမေးတယ်။ ဗုဒ္ဓက ပရိန္တိဗာန်စံတော့မယ်။ မြောက်အရပ်ကို ခေါင်းပြုပြီး အနောက်အရပ်ကိုမျက်နှာလှည့်ပြီးတော့ စောင်းပြီးတော့ လှဲနေတဲ့အချိန် အာနန္တာက အရှင်ဘုရား ... အရှင်ဘုရားမရှိတော့ရင် တပည့်တော်တို့ကို ဘယ်သူအုပ်ချုပ်မလဲ..။ ဘယ်သူသွန်သင်မလဲ၊ အရှင်ဘုရားဟာ စစ်မှန်တဲ့ဘုရားလား၊ ဒါမှမဟုတ် စစ်မှန်တဲ့ဘုရားဆိုတာ ရှိသလား..ဗုဒ္ဒကိုမေးတဲ့အခါ ဗုဒ္ဓက ဘာပြောလဲဆိုတော့.....

ဟံဥတမာမောဓိတော် ငါသည် ယောင်္ကျားတကာတို့ထက် မြင့်မြတ်သောလူသားသာလျှင်ဖြစ်တယ်။ ဧဂုဘုတောအဒီထိ တဆူတည်းသော ဘုရားကရှိတယ်။ ဇိနံပရဒါန်နဘ၀ိတ်ထိ ဘုရားစစ်ဘုရားမှန်ဟာ သေခြင်းမရှိဘူး...တဲ့။ အဲဒီတော့ သင်ဂရန်ဏာ ဧဂုဘုတော်အဒီထိ.. ဘယ်မှာလဲ တဆူတည်းသောဘုရားဆိုတာ..။ အာနန္တာ ပြန်မေးတဲ့အခါကျတော့မှ ဗုဒ္ဓက အချက်(၃)ချက်ကိုပြောတယ်။

အဲဒီအချက်(၃)ချက်မှာ ချစ်သားတို့ ငါ တပါးသောအရှင်မှာ တခုတည်းသော တရားအဖြစ် ရှုမှတ်ပွားများ၊ဆင်ချင်အောက်မေ့၊ နှလုံးသွင်းတဲ့အခါ တဆူတည်းသော ဘုရားကို ငါတွေ့တယ်။ ထိုဘုရားဟာ မယ်တော်ဖြစ်တဲ့ မာရိအမည်ရှိသော သတိုးသမီး အပျိုကညာက မွေးသောသားဖြစ်တယ်။ သူဟာ ပရိနိဗာန်စံပြီးမှ ပြန်ရှင်တဲ့ဘုရားဖြစ်တယ်...တဲ့။ သူပြောတယ်။ ပါဠိလိုတော့ ပိုရှင်းတယ်။ မြန်မာလိုပြန်တဲ့အခါမှာ နည်းနည်းလေး လိုအပ်ချက်တွေရှိမယ်။ အဲဒီမှာ မာတာမာရိယာမာ မာရိရာပုဒ်တော်လို့ သုံးတယ်။ မယ်တော်ဖြစ်တဲ့ မာရိအမည်ရှိ သတိုးသမီးကညာက မွေးမယ်။ သတ္တသာနေဘပရိတ်နုဘေ တဲ့။ အသက်ဇိဝိန်ချုပ်ပြီးရင် ပြန်ရှင်တဲ့ဘုရားဖြစ်တယ်...တဲ့။ ဒီအချက်ကိုကြည့်လိုက်တော့ ဆရာကြီးတင်မောင်ထွန်းပြောနေတဲ့ ယေရှုခရစ်တော်အကြောင်းနဲ့ (၃)ချက်ကိုက်ညီနေတယ်။ အပျိုစင်မာရိမှမွေးဖွားမယ်။ အသေခံမယ်။
သူဟာသေခြင်းတရားကိုနိုင်ပြီး ၃ရက်မြောက်သောနေ့မှာ ရှင်ပြန်ထမြောက်တယ်။ အဲဒီမှမှ ကျွန်တော်ပိုပြီးနှိုင်းယှဉ်ပြီး ရှင်းရှင်းလင်းလင်းနဲ့ အလင်းရတယ်။

နှလုံးကင်ဆာပျောက်ပြီ
ဒါနဲ့ နာရီကြည့်လိုက်တော့ မနက်၆နာရီ၊၁၅မိနစ်ဖြစ်နေတယ်။ ဒါနဲ့ကျောင်းပေါ်ကနေဆင်းတယ်။ ခါတိုင်းက တွဲပို့မှ အောက်ကိုဆင်းတယ်။ အပေါ်လောက် နည်းနည်းပါးပါးလောက်ဆိုရင် ကိုယ်ဖာသာ ပေပြီးလမ်းလျှောက်လို့ရပေမဲ့ ကျောင်းပေါ်ကနေအောက်ဆင်းတယ်ဆိုရင် အတွဲရှိမှ၊ ဒါပေမဲ့ အဲဒီနေ့က ဒိုင်းဒိုင်း၊ ဒိုင်းဒိုင်းနဲ့ ကျွန်တော်ဆင်းလာတယ်။ ကျွန်တော့်ကို သင်္ကန်းဝတ်ပေးခဲ့တဲ့ ဆရာတော်ကြီး ဘန္ဒဓပညာဇောတ အဲဒီတုန်းက ရှိသေးတယ်။ မသေသေးဘူး။ သူ့ဆီကိုတိုက်ရိုက်သွားတယ်။ ကျွန်တော်ထွက်ပါရစေ။ တပည့်တော် ထွက်ပါရစေလို့ သွားပြောတော့ ..သူကနေပြီး၊ တပ်မမှုးကိုခေါ်တယ်။ တိုင်းမှုးကိုခေါ်တယ်။ ထွက်ခွင့်မရခဲ့ဘူး။ ထွက်ရင်ဖမ်းမယ်..။ ထွက်ရင်ဖမ်းမယ်ဆိုတော့ ကျွန်တော်စဉ်းစားတယ်။ အချီးနှီးအဖမ်းခံမလား..ဆိုတော့...နဲနဲကြောက်တာပေါ့။ အဲဒီတုန်းက တခါမှအဖမ်းမခံဖူးဘူး။ ပြီးတော့ ဘုန်းကြီးဘ၀နဲ့ဆိုတော့ ဒါနဲ့ တနှစ်ကြာသွားတယ်။ ၁၉၉၅ခု မေလ၂၁ရက် ရောက်သွားတယ်။ မေလ၂၀ရက်နေ့ညမှာ ဆရာကြီးတင်မောင်ထွန်းက ဘာဟောသလဲဆိုတော့ ခန္တာကိုယ်ကို သတ်နိုင်ပြီးတော့ စိတ်ဝိညာဉ်ကို မသတ်နိုင်တဲ့ပုဂ္ဂိုလ်ကို မကြောက်နဲ့..။ ခန္တာကိုယ်ကိုလဲ သတ်နိုင်တယ်။ စိတ်ဝိညာဉ်ကိုလည်း ငရဲချနိုင်တဲ့ပုဂ္ဂိုလ်ကို ကြောက်ပါ...။ သင်တို့ရဲ့ခေါင်းက ဆံပင်တချောင်းခြင်းကိုပင် ဘုရားသခင်ရေထားတယ်...ဆိုတဲ့ တရားဟောချက်က ကျွန်တော့ကိုအားပေးတယ်။ အဲဒီမှာ ကျွန်တော်ထိုင်ပြီးစဉ်းစာတယ်..။ ဘာစဉ်းစားသလဲဆိုတော့ ကျွန်တော့နှလုံးကင်ဆာပျောက်နေပြီ။ ပြန်ဝနေပြီ။ လူတွေက ကျွန်တော့ကို သေတွင်းထွက်ဆိုပြီးတော့ လူတိုင်းအံ့သြကြတယ်။
မနုသကျော်ဝင်းထုတ်တဲ့စာအုပ် တအုပ်ရှိတယ်။ ခန္တီမြတ်သောဘုန်း ဆိုတဲ့ ကျွန်တော့ဓါတ်ပုံတွေနဲ့ထုတ်ထားတဲ့ ကင်ဆာရောဂါ ခံစားနေရတဲ့ အရှင်၊ ကိုးရီးယားဆေးရုံကြီးမှာ ပက်လက်လှန်ပြီးနေတဲ့အချိန်၊ နောက်ပြီးတော့ သူတို့ဆေးကုသနေတဲ့ပုံတွေ၊ အဲဒီကနေပြီး နောက်ဆုံး ကျွန်တော် ၀၀ဖြိုးဖြိုးနဲ့ ပြန်ပြီးတော့ ကျန်းမာလာတဲ့ ပုံအထိ ..ပါတယ်။ အဲဒီစာအုပ်ကလဲ သူတို့ ထုတ်ထားပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျွန်တော် ခန္ခီ၊ သည်းခံနိုင်ခြင်းတရားတွေနဲ့ ကျွန်တော်နေထိုင်နိုင်ခဲ့တယ်။ ပြီးတော့ တရားအားထုတ်လို့ တရားပေါက်သွားပြီး ကျန်းမာသွားပြီ..လို့ သူတို့က ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အခန်းထဲက အလင်းရောင်ကို အပြင်ကမြင်ထားတယ်။ ကျွန်တော်လည်း မပြောရဲဘူး။ အဲ..ဒါနဲ့ .. သူတို့ကမေးတယ်..ဘုန်းကြီးအကျွတ်တရားရသွားပြီလား..တဲ့။ ကျွန်တော်က ရပြီး....။ ဘာလို့လဲဆိုတော့ ကြိုးစားလို့ရတာမဟုတ်ဘူး။ ခရစ်တော်လာပေးသွားတာ..။ ဒါပေမဲ့ ကျွန်တော်မပြောရဲခဲ့သေးဘူး။ အဲဒီတုန်းက ကျွန်တော်ကြောက်တယ်။ ဒါကိုနောင်တရတယ်။ ဒါနဲ့ ၁၉၉၅ခု မေလ ၂၀ရက်နေ့၊ ညမှာ ၁၀နာရီလောက်ကစပြီး မအိပ်တော့ဘူး။ ထိုင်ပြီးစဉ်းစားတယ်။ အသေခံမလား၊ အဖမ်းခံမလား။ ကျွန်တော့အတွက် ခရစ်တော်က အသေခံပေးပြီးသွားပြီ။ ကျွန်တော့အတွက် အသွေးသွင်းလောင်းပေးသွားပြီးပြီ။ အဲဒီမျာ ကျွန်တော်ဘာကြားရသလဲဆိုတော့ ..မင်းအတွက်ငါအသွေးသွန်းလောင်းပေးပြီးသွားပြီ။ မင်းငါ့အတွက် ဘာလုပ်ပေးပြီးပြီလဲ..။

ဘုန်ကြီးလူထွက်ပြီ
မင်းအတွက်ငါအသက်ပေးပြီးသွားပြီး..မင်းဘာလို့ကြောက်နေသေးသလဲ..။ ခံစားလာရတယ်။ ခံစားလာရပြီးတော့ ..တော်ပြီ၊ ဖမ်းရင်လည်း ဖမ်းတော့.။ သတ်ချင်လည်း သတ်တော့၊ သေစရာမလိုတော့ဘူး။ ခန္တာကိုယ်ကို သူတို့သတ်မှာပဲ၊ ငါ့စိတ်ဝိညာဉ်က ခရစ်တော်နဲ့ရှိပြီ။ ရဲရဲဝံ့ဝံ့နဲ့ မေလ ၂၁ရက်နေ့မှာ ကျွန်တော် ဘယ်သူမှခွင့်မပေးဘူး။ မန္တလေးကိုထွက်သွားတယ်။ မန္တလေးရောက်တော့ မိတ်ဆွေ ဘုန်းကြီးတွေနဲ့ တွေ့ပြီးတော့ ဘုန်းကြီးကထွက်တယ်။ ပြီးတော့ ဘာလုပ်စားမလဲ..စဉ်းစားတယ်။ သူများလှုထားတဲ့ပစ္စည်း တပြားမှယူမသွားဘူး။ ထားပစ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဗုဒ္ဓဘာသာတို့ အတွေးအခေါ်ရှိတယ်။ သူများလှုထားတဲ့ပစ္စည်းကို အပြင်မှာစားရင် သူများတွေကလည်း အပြစ်မြင်တယ်။ ကျွန်တော်လည်း မစားဖူး။ ထားပစ်ခဲ့တယ်။ အဲဒီတော့ ... ဘုန်းကြီးတုန်းကတော့ ပူစရာမလိုဘူး။ လှုမဲ့လူတွေ အများကြီးရှိတယ်။ ခရစ်တော်နောက်ကို စလိုက်တဲ့အချိန်မှာ ကျွန်တော့ကို ဘယ်သူမှမယုံဘူး။ အဲဒီမှာ ကျွန်တော် အလုပ်လုပ်မှဖြစ်မယ်ဆိုပြီးတော့ အဲဒါနဲ့ ဆည်မြောင်းမှာ အင်ဂျင်နီယာပြန်လုပ်ပါတယ်။ ဘယ်မှာလဲဆိုတော့ မန္တလေးတိုင်း၊ မိတ္တီလာခရိုင်၊ သာစည်မြို့နယ်၊ စမုံဆည် စီမံကိန်းမှာ ကျွန်တော် ကိုးပေါက်တာဝန်ကို သွားယူပါတယ်။ ယူပြီးတော့ အဲဒီမှာပဲ ဗိုလ်ချုပ်ခင်ညွန့်တို့ ရောက်လာတယ်။ ဗိုလ်ချုပ်ခင်ညွန့်က နောက်ဆုံးအားပေးစကားပြောပြီး ပြန်သွားတယ်။
ဒါနဲ့ ကျွန်တော် အဲဒီမှာ အေအီးရာထူးအထိ ကျွန်တော်လုပ်ပြီးတော့ ကျွန်တော်က တဖက်ခန်း၊ ကျွန်တော်နဲ့အတူတူ ဘေးမှာလာပြီးတော့ တပ်ကနေလာပြီးအုပ်ချုပ်နေတဲ့ ဗိုလ်မှုးကြီးဘသာက တဖက်ခန်း၊ သူကလည်း ညဆိုလို့ရှိရင် ဘီယာသောက်တယ်။ အကုန်လုံး၊ မနက်ခင်းဆိုရင် သူကအစောကြီးထတယ်။ အဲဒီကြရင် သူက ဘုရားရှိခိုးပြီ။ သူက တဖက်ခန်းကနေ အကျယ်ကြီး ဘုရားရှိခိုးပြီး၊ ကျွန်တော်ကလည်း တဖက်ခန်းကနေ ဘာလုပ်လဲဆိုတော့ ကျမ်းစာရွတ်တယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော့မှာ ကျမ်းစာအုပ်မရှိသေးဘူး။ ဆရာကြီးတင်မောင်ထွန်းဟောတဲ့ တရားဟောချက်အတိုင်း၊ နောက်ပြီးတော့ ဆရာဦးဇော်ဝင်းထွန်း..သူကရေဒီယိုကနေ ကျမ်းစာဖတ်တဲ့ဟာတိုင်းကို ကျွန်တော်နောက်ကနေ လိုက်ဆိုပြီးတော့ ကျမ်းပိုဒ်ပေါင်း အလွတ် ၆၀၀ကျော်လောက်ရပြီ။ အဲဒါနဲ့ ကျွန်တော်က ဒီဘက်ကနေပြီး ဘုန်းကြီးအသံက မပျောက်သေးဘူး။ ကျမ်းစာကို ဒီဘက်က ဘုန်းကြီးသံနဲ့ရွတ်၊ သူကတဖက်က ဘုရားရှိခိုး၊ ကျွန်တော်တို့၂ယောက် ပြသနာခဏခဏတက်တယ်။ (ရယ်သံများ)၊ ဘာဖြစ်လို့လဲဆိုတော့ သူက အစောကြီးထတဲ့အကျင့်ရှိတယ်။ ကျွန်တော်ကလည်း ဘုန်းကြီးကတည်းက အစောကြီးထတဲ့အကျင့်က ရှိနေတော့ ၂ယောက်စလုံး အကျင့်တူနေတယ်။ အစောထတဲ့အကျင့်။ သူကလည်း ထပြီဆိုရင် ကျွန်တော်ကတွေးတယ်။ အရင်က အဲဒီအချိန်ဆိုကျွန်တော်လည်း ဘုရားရှိခိုးတာပဲ။ အခုကျွန်တော်ဘယ်သူ့ကိုရှိခိုးမလဲ။ ခရစ်တော်ရှိခိုးမယ်။ ဘယ်လိုဆုတောင်းမှန်းလဲတော့ ကျွန်တော်မသိဘူး။ မသိတော့ ဘာလုပ်လဲဆိုတော့ အလွတ်ရတဲ့ကျမ်းစာကို အစကနေစပြီးတော့ ဘုန်းကြီးအသံနဲ့ ထိုင်ရွတ်တယ်။ အဲဒီမှာ သူကလဲဒုက္ခရောက်၊ ကျွန်တော်ကလည်း ဒုက္ခရောက်၊ ၂ယောက်စလုံးဖြစ်တော့ တနေ့ရောက်တော့ သူကဘာပြောလဲဆိုတော့...ခဏလာပါဦး၊ ..ဟုတ်ကဲ့ပြောပါ..။ သူနဲ့ကျွန်တော်နဲ့ကတော့ အကိုကြီး၊ညီလေးပဲ ခေါ်ကြတာကိုး။ ပြောပါ ဆိုတော့..သူက၊ ခင်ဗျားဒီမှာဒီလိုနေရင်တော့ မဖြစ်ဘူး၊ ခရစ်ယာန်လည်းမဟုတ်၊ ဘာမဟုတ်နဲ့၊ ခရစ်ယာန်ဆိုရင် ရေထဲမှာငုတ်တယ်။ ခင်ဗျားက ငုတ်လည်းမငုတ်ဘူး။ ..ဘာလုပ်မလဲ.. ဆိုတော့။ ကချင်ပြည်နယ်သွားပါ။ ကချင်ပြည်နယ်မှာ ခရစ်ယာန်တွေအများ..ကြီး..(ရယ်သံများ)။

ခရစ်ယန်အများကြီးရှိတဲ့ကချင်ပြည်
ဒါနဲ့ကျွန်တော်လည်း ကချင်ပြည်နယ်ထွက်ချသွားတယ်။ အဲဒီလိုထွက်လို့မရဘူး...အလုပ်ပြောင်းပါ..တဲ့။ မပြောင်းတော့ဘူး။.ကျွန်တော်ကချင်ပြည်နယ်သွားမယ်။ ထွက်ခွင့်မပေးလဲ ထွက်စာတင်တယ်။ ထွက်စာတင်ပြီးတော့ ကချင်ပြည်နယ်သွားတော့ ဖားကန့်၊ ဆိုင်းတောင်မှာ မှော်တွေမှာ ကျောက်တူးရင်းနဲ့ ကျွန်တော်သက်သေခံတယ်။ သက်သေခံရင်းကျောက်တူးတယ်။ ကျမ်းစာအုပ်တအုပ် ၄၅၀နဲ့ဝယ်ပြီးဖတ်တယ်။ ကချင်တွေက ကျွန်တော့ကို မြန်..ဆိုပြီး .. လက်မခံဘူး။ ချင်းအသင်းတော်ကိုသွားတယ် ..ကျွန်တော့်ကို ကော်သဲလို့ပြောပြီး ဘယ်သူမှလက်မခံဘူး။ ဒါနဲ့ ကျွန်တော်တယောက်ထဲဖြစ်နေတယ်။ ဒါနဲ့ကျွန်တော် ဆုတောင်းရင်းနဲ့၊ အသင်းတော်တပါးမှာသွားတယ်။ ကျွန်တော်တို့နောက်က အစွန်းခုံလေးမှာထိုင်တယ်။ ကျွန်တော်တို့က အ၀တ်က ခပ်စုတ်စုတ်၊ ကျောက်တူးသမားဆိုတော့ ..နေရာကနောက်ဆုံး၊ သင်းထောက်ကြီးတွေကလာပြီးတော့ ဒီနားမှာ ဧည့်သည်တွေလာမှာမို့ ခဏဖယ်ပေးပါ။ အဲဒါနဲ့ ကျွန်တော်တို့ကွန်ကရစ်ခင်းလေးမှာ ထိုင်တယ်။ ဖားကန့်ဒေသဆိုတော့ လူတွေက ဖိနပ်နဲ့ဘုရားကျောင်းတက်တာ၊ ရွံ့တွေရော၊ ဘာတွေရော ..ပါလာတယ်။ အဲဒီကွန်ကရစ်ခင်းလေးမှာ တရားနာချင်လို့ ထိုင်တယ်။ ခဏခဏ ကျွန်တော်တို့ကိုကြည့်တယ်။ ဖိုးသမားတွေလား၊ ဖိနပ်ခိုးလို့တော့မရပါဘူး..ဆိုပြီးတော့ ..ကျွန်တော်က ကျေးဇူးတင်တယ်၊ ကိုယ်တော်ကျေးဇူးတင်တယ်... နဲ့ ..နောက်ဆုံးရောက်တော့၊ အတူတူသွားတဲ့ ဗမာ၂ယောက်က ဆရာပြန်ကြစို့ ဆိုတော့မှ၊ ပြန်သွားရင်းနဲ့ ချင်းဘုရားကျောင်းကလေးမှာ သွားတက်တယ်။ ချင်းဘုရားကျောင်းကလေးက မောင်းတော့မထုတ်ဘူး။ မြေကြီးပေါ်မှာ ကျွန်တော်တို့ ၃ယောက် တရားနာသွားတယ်။ နာပြီး ပြန်တဲ့အခါ လောပန့်ကလည်း ကျွန်တော်တို့ကို အလုပ်ဖြုတ်လိုက်ပြီ။ အလုပ်ဖြုတ်တဲ့အခါ ကဲ...ကျေးဇူးတော်ပဲ၊ ၃ယောက်သား သူများတိုင်လေးမှာ လက်ချင်းယှက်ပြီး ဆုတောင်းကြတယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် အဲဒီကနေ ကျွန်တော်တို့ ဆယ်ဖို့တစ်ဖို့ ပေးပြီးသား ငွေ သုံးဆယ့်ခုနှစ်သိန်းစီရလိုက်တယ်။
၁၉၉၆ခုနှစ် သြဂုတ်လမှာ ..။ ၃၇သိန်းဆိုတော့ အဲဒီခေတ် ၉က စူပါရူးဗင်မှ ၁၁သိန်းခွဲပဲရှိတယ်။ ဒါနဲ့ကျွန်တော်ကားတစ်စီးဝယ်တယ်။ ကျွန်တော့သူငယ်ချင်းတွေနဲ့ကျွန်တော်နှင်ထုတ်ခံရတဲ့ ဘုရားကျောင်းကို အရင်ဆုံးရောက်တယ်။ သွားတယ်။ ကြိုကြပါတယ်။ ရှေ့ဆုံးမှာ ကျွန်တော်နေရာရပါတယ် (ရယ်သံများ)။ သြော်..ဒါကျွန်တော့ကို နေရာပေးတာတော့မဟုတ်ဘူး ..လို့တွေးတယ်။ ဒါနဲ့ ကျွန်တော့်ကို မိတ်ဆက်ခိုင်းတယ်။ ခင်ဗျားတို့ ..လောပန်တို့ ဘယ်ကုမ္ပဏီကလဲ ..လို့။ ကုမ္ပဏီနာမည်လေးနဲ့ လောပန်နာမည်ပြောပါဦး..ဆိုတော့၊ ကျွန်တော် လောပန်လည်းမဟုတ်ဘူး၊ ကုမ္ပဏီတခုမှလည်း မပိုင်ဘူး။ ကျွန်တော်ကလည်း ဘုန်းကြီးထွက်၊ စကားပြောရင် တုတ်ထိုးအိုးပေါက် ဆိုတော့ ရှေ့ဆုံးကထွက်ပြီး ဘာပြောလဲဆိုတော့ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၂ပါတ်ကျော်လောက်က ဟိုးနောက်ဆုံးခုံမှာထိုင်တော့ ဟိုအန်ကယ်ကြီးတွေ ကျွန်တော်တို့ကို မောင်းထုတ်လို့ ပြန်သွားတဲ့လူတွေပါ....။ ကျွန်တော် ဒီလိုပဲပြောတယ်။.. အဲဒီကနေ ချင်းဘုရားကျောင်းကိုသွားပြီး ကျွန်တော်ဆယ်ဖို့တစ်ဖို့ လှုတယ်။ အဲဒီချင်းဘုရားကျောင်းမှာ ပါဝင်ကြတယ်။ ဒါပေမဲ့ နောက်တော့ ကချင်နှစ်ခြင်းအသင်းတော်က ကျွန်တော့မွေးစားဖခင် ဦးချောလမွန်နဲ့ တွေ့ပြီးတော့ ကျွန်တော်တို့ကို ဖိတ်ခေါ်တဲ့အတွက်၊ သူ့အသင်းတော်မှာ ကျွန်တော်တို့ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ ဒီကနေ့အထိ အမှုတော်မှာ ဆောင်ရွက်ခဲ့ကြတယ်။


မိတ်ဆွေဟောင်းများထံသို့ (၁၉၉၉)
ဒီနေ့ ကျွန်တော်တို့ ..ကျွန်တော့အသက်တာမှာ ဘုရားသခင်ရဲ့လမ်းပြမှုကြောင့် အမှုတော်မှာပါဝင်ခဲ့တယ်။ ဗုဒ္ဓဘာသာကြားမှာ ကျွန်တော်ခံစားရတာ ဗုဒ္ဓဘာသာဘုန်တော်ကြီးများအတွက် ကျွန်တော့ကိုရွေးထားတယ်။ ပြီးတော့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများအတွက် ရွေးတယ်ဆိုပြီးတော့ ဘုန်းကြီးတွေနဲ့လည်း တရားသွားဆွေးနွေးတယ်။ ပြီးတော့ ဗုဒ္ဓဘာသာတွေနဲ့လည်း ဆွေးနွေးတယ်။ ဆွေးနွေးရင်းနဲ့ လွန်ခဲ့တဲ့ ၁၉၉၉ခုနှစ် မန္တလေးမြို့၊ သမားတော်ကြီး ဒေါက်တာဖေ၀င်း၊ သူ့ဆီကိုသွားတွေ့တော့ သူကလည်း အငြိမ်းစာယူတဲ့နှစ်၊ သူ့ဆီမှာ မန္တလေးအောင်တော်မူဆရာတော် ၇၂နှစ်ရှိပြီ၊ သူကလည်းလာပြီး ဆေးကုနေတဲ့အချိန် ကျွန်တော်ရောက်သွားတယ်။ ကျွန်တော့ဆေးမှတ်တမ်းတွေ သွားပေးတယ်။ အန်ကယ်..ခင်ဗျားသေမယ်ပြောတယ်။ ကျွန်တော်မသေဘူး။ သူကအံ့သြပြီးကြည့်တယ်။ ဆေးမှတ်တမ်းကြည့်လိုက်၊ ကျွန်တော့ကိုကြည့်လိုက်။ သူကောင်းကောင်းမှတ်မိတယ်။ ဘုန်းကြီးမဟုတ်တော့ပေမဲ့လို့ လူဝတ်နဲ့လည်း သူကောင်းကောင်းမှတ်မိနေတော့၊ သူကအကျီ င်္ချွတ်ခိုင်းတယ်။ ကျွန်တော်ချွတ်ပေးလိုက်တယ်။ ခွဲစိတ်ရာလဲမရှိ၊ ဘာမှမရှိပဲပျောက်တော့၊ သူက တခါတည်းခေါ်တယ်။ လာပါဦး..။ အာလတြာဆောင်း Ultra Sound ရိုက်တယ်။ ကျွန်တော့နှလုံးကို ဒုတိယအကြိမ် ကျွန်တော်ပြန်မြင်ခွင့်ရတယ်။ နှလုံးကအသစ်ပဲ၊ အကောင်း။ ... ဟာလေလုယ...။ အဲဒီမှာ တခါတည်း ကျွန်တော့ကိုဘာမေးလဲဆိုတော့ ဘယ်သူက ဘယ်သူကုပေးသလဲ...တဲ့။ ကျွန်တော့ကိုကုပေးတဲ့ သမားတော်ကြီးက အန်ကယ်နဲ့မတူဘူး..။ အန်ကယ့်ထက် အရမ်းတော်တယ်။ သမားတော်ထဲမှာ အတော်ဆုံးပဲ..လို့၊ သူ့ရဲ့ဆေးညွှန်း ကျွန်တော့်မှာပါတယ်။ ကုပုံကုနည်း..ဆိုတော့ ... ဟ..ပေးခဲ့..တဲ့။ ကျွန်တော် ကျမ်းစာအုပ်ကို သူကိုပေးခဲ့တယ်။ ပေးတော့ သူကဘယ်လိုပြောသလဲဆိုတော့ ..ဗမာလိုဖတ်ရတာ အားမသန်ဘူး..တဲ့။ ရတယ်...ကျွန်တော် King James KJV ပေါ့။ အဲဒီတအုပ် ပေးတယ်။ ပေးတဲ့အခါမှာ ကျွန်တော်ဘာကို မျဉ်းကြောင်းလေး ထည့်ပေးထားသလဲ ဆိုတော့၊ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး၁၄၊ အပိုဒ်ငယ်၆ နဲ့ သုတ္တံအခန်းကြီး၎၊ အပိုဒ်ငယ် ၂၂ကို ကျွန်တော်ပေးလိုက်တယ်။ အဲဒါ၂ခုကို အရင်ဖတ်ခိုင်းပြီး စာအုပ်ကိုပေးလိုက်တော့ ..တရားစကားကို နှလုံးသွင်းလျှင် တကိုယ်လုံး၊ကျန်းမာခြင်း၊ အသက်ရှင်ခြင်းကိုဖြစ်မယ် .. ဟာလေလုယ...။ အာမင်..။ နောက်ပြီးတော့ ယေရှုက ငါသည် လမ်းခရီးဖြစ်သည်၊ သမ္မာတရားဖြစ်သည်။ အသက်လည်းဖြစ်သည် ..ဆိုတဲ့ အဲဒီ၂ခုနဲ့ ကျမ်းစာအုပ်ကို ပေးလိုက်တယ်။
အဲဒီမှာထားခဲ့ပြီး ၂၀၀၀ခုနှစ် သူ့ဆီလာတဲ့အခါ သူကျမ်းစာအုပ်ကို ၃၈ခေါက် ဖတ်ပြီးသွားပြီ။ ... အာမင်..။ အဲဒီမှာ သူ ..ဗတ္တိဇံယူတယ်။ မန္တလေးအောင်တော်မူဆရာတော်ကြီးကိုလည်း သူကနေ သက်သေခံတယ်။ ကျွန်တော်နဲ့လည်းတွေ့တယ်။ ဘုန်းကြီးက ဆေးကုနေတဲ့အချိန်၊ ကျွန်တော်က မေးတယ်။ ဒီဆေးကုရင်ကော ခင်ဗျားအသက်ရှင်မလား..၊ မရှင်ဘူး.. ကျွန်တော့်ကိုသိသလား...ဆိုတော့ .. ဟ..သိတာပေါ့....။ ဘာကြောင့်လဲဆိုတော့ ဒီလောက်နာမည်ကြီးတဲ့ဘုန်းကြီးဘဲ။ ဒါဆိုရင်..ဘုန်းကြီး..ဒီဆေးကုရင်လည်း သေမှာပဲ၊ ဘာကြောင့်သေလဲဆိုတော့ ...အပြစ်တရားကြောင့် သေတယ်...ဆိုပြီး၊ သူ့ကို ကယ်တင်ခြင်းထိုင်ဟောတယ်။ အဲဒီနေ့မှာပဲ အောင်တော်မူဘုန်းကြီးက လူထွက်လိုက်တယ်။ အသက်ကြီးပြီ။ လူထွက်ပြီးတော့ အခုတော့ နာဂစ်ဒေသပေါ့။ ပန်းတနော်မြို့နယ်၊ ကပိုင်ရွာမှာ သမားတော်ကြီး ဒေါက်တာဖေ၀င်းနဲ့အတူ သူက လက်တွဲပြီးတော့ သာသနာပြုနေပါတယ်။ အဲဒီတော့ ..သမားတော်ကြီးရဲ့အနီးကပ် သူ့ရဲ့ လက်ထောက်ဆရာဝန်မကလည်း ခရစ်တော်ကိုရသွားခဲ့တယ်။
အဲဒိလိုပဲ ကျွန်တော့ နှလုံးကင်ဆာမှာ အနီးကပ်ပြုစုခဲ့တဲ့၊ ဆရာဝန်တွေ တော်တော်များများကို လိုက်သက်သေခံတယ်။ သူတို့တတွေလည်း ကျေးဇူးတော်ကြောင့် ဘုရားသခင်ရဲ့နမိတ်လက္ခဏာတွေ့ပြီး၊ ပြောင်းလဲလာခဲ့ကြတယ်။ အဲဒီတော့ ...မြန်မာနိုင်ငံမှာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ဟိုး..နာဂတောင်တန်း၊ ခန္တီးဒေသ၊ နောက်ပြီးတော့ ကချင်ပြည်နယ်၊ အောင်ဘာလေ ..ဟိုး..အခု KIA တပ်ရင်း ၆၊ လုံးခင်းကနေပြီး မိုင်၆၀နီးပါးတက်သွားရမယ်လို့ ထင်တယ်။ ကန်ဆီးဒေသပေါ့။ ဖားကန့်နဲ့ မိုင်၆၀လောက် ဝေးမယ်။ အဲဒိဒေသတွေမှာ အောင်ဘာလေရွာ စတဲ့ရွာတွေမှာလဲ၊ သာသနာဝင်ခဲ့တယ်။ နောက်ပြီးတော့..မြန်မာနိုင်ငံ ဗုဒ္ဓဘာသာအများဆုံးဒေသတွေမှာ ကျွန်တော် သာသနာသွားခဲ့တယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ကျွန်တော် အသင်းတော် ၉ပါး ရပါပြီ။ အားလုံး ကျွန်တော့ လက်နဲ့ ဗတ္တိဇံပေးတာ လူ တထောင့်ရှစ်ရာရှိသွားပါပြီ။ ဒီတစ်ထောင့်ရှစ်ရာက ဗုဒ္ဓဘာသာကပြောင်းလဲတဲ့လူတွေ ချည်းပါပဲ။

ထိုင်းနိုင်ငံသို့ (၂၀၁၂)
မိရိုးဖလာခရစ်ယာန်၊ သင်တန်းတက်လို့တော့ရတယ်။ ကျွန်တော် အသင်းတော်မှာ မထားဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက သူ့အတွေးအခေါ်တွေယူလာပြီး လာလာပြီး ငြင်းလွန်းလို့..။ ...ပြန်.. ပြန်လွှတ်တယ်။ (ရယ်သံများ)။ ကျွန်တော်က ဗုဒ္ဓဘာသာက ဗုဒ္ဓဘာသာက ပြောင်းလဲတဲ့လူတွေနဲ့ပဲ ရပ်တည်တယ်။ ဒီနေ့အထိ..ဘုရားသခင်က လမ်းပြခဲ့တယ်..။ အခုလက်ရှိ ကျွန်တော် အိန္နိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမှာ အလုပ်လုပ်နေတဲ့ ဗမာတွေနဲ့ အသင်းတော်တပါး တည်ထောင်တယ်။ နောက်ပြီးတော့ အိုက်ဇောမြို့မှာရှိနေတဲ့ ဘူတန်၊ မိုရီယန်ဘိုင်ဘယ်စကူးမှာ ပရော်ဖက်ဆာ အနေနဲ့၊ အချိန်ပိုင်းတာဝန်ယူတယ်။ နောက် မြန်မာနိုင်ငံမှာ .. သာသနာလုပ်တယ်။ လုပ်ရင်းကနေ ဘုရားသခင်ပို့ဆောင်လို့ ထိုင်းနိုင်ငံ နယ်စပ်ဒေသမှာ ဧ၀ံဂေလိလာရင်းနဲ့၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ရက်နဲ့ ၃၁ရက်နေ့၊ နယ်စပ်ဒေသ ၂ဖက်ခေါင်းဆောင်တွေရဲ့၊ ဆွေးနွေးတဲ့ပွဲမှာ ကျွန်တော်ကောင်းကြီးလာပေးတယ်။ ခရစ်စမတ်ရယ်၊ နယူရီးယားရယ်၊ ကရင်နှစ်သစ်ကူးပွဲတော်တွေမှာ တရားဟောတယ်။ ကောင်းကြီးပေးတယ်။ အဲဒီမျာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် အခက်အခဲမရှိဘူး။ ရောက်လာတယ်။ ရောက်ပြီး တရားဟောရင်းနဲ့ တဂိုးလမ်း ...ဆိုတဲ့ ရွာကလေးမှာ၊ ဒုက္ခသည်နဲ့မဆိုင်ဘူးပေါ့...အပြင်ဖက်မှာ မှာ ဧ၀ံဂေလိတရားဟောဖို့

 
အရှင်ဘုရား ကျန်းမာပါရဲ့လားဘုရား။ တပည့်တော်အား မရှင်းလင်းတဲ့မေးခွန်းများ၊ ပြဿနာ များအား မေးလျှောက်ခွင့်ပြုပါဘုရား။ သိုက်နှင့်ပတ်သတ်ပြီး တပည့်တော် သိချင်ပါတယ်ဘုရား။ များသောအားဖြင့်လူတွေက သိုက်မှာနေတယ်တို့၊ သိုက်ကလာတယ်တို့၊ သိုက်ကစောင့်ရှောက်တယ်လို့ ယုံကြည်နေကြတာတွေရှိပါတယ်ဘုရား။ တကယ်တော့ သိုက်ဆိုတာ အစွဲတွေကြောင့် မကျွတ်မလွတ် ဘဲဖြစ်နေတဲ့ ဝေမာနိကပြိတ္တတွေပဲလို့ တပည့်တော် နားလည်ထားပါတယ်ဘုရား။ အဲဒါကို လူတွေဘာကြောင့် ပူဇော်ပသကိုးကွယ် နေကြတာလဲဘုရား။

(တပည့်တော်နဲ့ညီမလေးတစ်ယောက်လိုခင်တဲ့ သူငယ်ချင်းတစ်ယောက်ကဆိုရင်) သူ့အမလိုခင်တဲ့ သူတစ်ယောက်က သိုက်ကလာတယ်၊ သူမွေးတော့လည်း စီးပွားတွေတတ်လာတယ်။ အစစအရာရာ အဆင်ပြေလာတယ်လို့ပြောပါတယ်ဘုရား။ နောက်ပြီး သူသေသွားတော့ သိုက်မှာပြန်သွားဖြစ်တယ်။ သူ့ကိုလည်း စောင့်ရှောက်တယ်လို့ပြောပါတယ်ဘုရား။ သူ့မွေးနေ့ရောက်ရင် အမွှေးနံတွေပေးလေ့ရှိတယ်၊ အိပ်မက်ပေးလေ့ရှိတယ်လို့ပြောပါတယ်ဘုရား။ အဲဒီအတွက် တပည့်တော်တို့ နားလည်သိရှိအောင် ရှင်းပြပေးပါဘုရား။

နေမင်းဝေ၊ ဂျပန်၊ အပြုံးပန်းဈေးခင်းဆိုဒ်



သိုက်နဲ့ပတ်သတ်ပြီး ဦးဇင်းသိသလောက် ပြောပြပေးရမယ်ဆိုရင် သိုက်ကလာတယ်ဆိုတဲ့ လူတွေဟာ ဝေမာနိကပြိတ္တာဘ၀ကနေ လာတဲ့လူတွေလို့ ယူဆရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဝေမာနိကပြိတ္တာဆိုတာက နေ့စံညခံ၊ ညခံနေ့စံဘ၀တွေမို့ပါ။ သူတို့ဟာ ကောင်းကျိုးနဲ့ဆိုးကျိုးကို တလှည့်စီခံရပါတယ်။ တချို့ကျတော့လည်း နေ့မှာနတ်ပြည်လို နတ်ချမ်းသာတွေကို ခံစားရပြီး ညမှာငရဲသားတွေလို ခံရတာရှိသလို ညမှာနတ်ပြည်လိုခံစားရပြီး နေ့မှာ ငရဲလိုခံစားရကြပါတယ်။ ၀ိတ္တမိန္ဒကအကြောင်းကို ဖတ်ဖူးတဲ့လူတိုင်း သိပါလိမ့်မယ်။ မိတ္တ၀ိန္ဒကဟာ တစ်ခုသောဘ၀မှာ သူများရဲ့လာဘ်လာဘရမဲ့ဟာကို မနာလိုဝန်တိုဖြစ်ခဲ့တဲ့ မကောင်းမှုကြောင့် နေ့စံညခံပြိတ္တာ ဘ၀ကို ရောက်ခဲ့ရတာပါ။ သူ့ကျောင်းလာတည်းတဲ့ အာဂန္တုကရဟန်းကို သူ့ဒကာအိမ်မှာ ဆွမ်းစားမလိုက်စေချင်တဲ့ မကောင်းမှုမစ္ဆရိယကံကြောင့်ပါ။ အဲဒါကြောင့် မိမိတို့လည်း မစ္ဆရိယစိတ်များ မနာလိုမှုများ မထားရှိကြဖို့ အရေးကြီးပါတယ်။

အဲဒီတော့ သိုက်ကလာတယ်ဆိုတဲ့လူတွေဟာ ဝေမာနိကပြိတ္တာဘ၀ကနေ အချိန်ကန့်သတ်ချက်နဲ့ လူ့ချမ်းသာကို ခံစားရဖို့လာတဲ့လူတွေ ဖြစ်မှာပါ။ အဲဒီလိုလာတဲ့လူတွေထဲမှာလည်း ဝေမာနိကပြိတ္တာကနေ ကျွတ်လွတ်လာတဲ့ပုဂ္ဂိုလ်ရှိသလို ပြိတ္တာဒုက္ခကို မခံစားရသေးဘဲ လူ့ချမ်းသာကို အရင်ခံစားရအောင်




အမေး။ ။ အရှင်ဘုရား ရဟန်းတော်များမှာ ဒါယကာ/မတို့ရဲ့ ပစ္စည်းလေးပါး အထောက်အပံ့ရမှာသာ သာသနာပြုနိုင်ကြပါတယ်ဘုရား။ တခါတရံ တစ်ချို့ရင်းနှီးတဲ့ အိမ်တွေကို မလွဲမရှောင်သာ သွားရပါတယ်။ အဲဒီအခါမျိုးမှာ ရဟန်းသံဃာတော်များ ကြွလာမှန်းသိပါလျက် အဖက်မလုပ်၊ ခရီးဦးလည်းမကြိုဆိုတာတွေ့ရပါတယ်။ ရဟန်းတော်များအတွက် စိတ်မကောင်းရုံမှတစ်ပါး ဘာမှမတတ်နိုင်ပါ။ တပည့်တော်သိ
ချင်တာက ဒီလိုအိမ်မျိုးကို နောက်တစ်ခါ သွားသင့်/မသင့်ဆိုတာ သိချင်ပါတယ်ဘုရား။


မနွယ်နွယ်အေး

ရန်ကုန်


အဖြေ။ ။ လူတွေဟာ အလုပ်ကိုအချိန်နဲ့ လုပ်နေကြရတဲ့အတွက် ရဟန်းတော်များကို မအားလပ်တဲ့ကြားက ဧည့်ခံဖို့ရာ လုံးဝမဖြစ်နိုင်ပါ။ သူတို့ကိုယ်၌က ရဟန်းတော်များအား ကြည်ညိုကြတာရှိပါတယ်။ အကြောင်းကြောင်းကြောင့် ဧည့်ဝတ်ချွတ်ယွင်းခဲ့ပေမဲ့ ကြည်ညိုတဲ့ဒါယကာများက ရှိပါတယ်။ ဒါပေမဲ့ တချို့ကျတော့ ရင်းနှီးကျွမ်းဝင်ပြီးသား ဒါယကာအိမ်ကိုသွားတဲ့အခါ အဖက်မလုပ်၊ ခရီးဦးမကြိုဆို၊ လုံးဝကြည်ညိုမှုမရှိဘူးဆိုရင် နောက်တစ်ခါမသွားမိအောင် သတိထားရပါ့မယ်။ ဒါယကာများက ကိုယ့်ကိုမကြည်ညိုဘူးဆိုရင်တော့ နောက်တစ်ခါသွားဖို့ရာ စဉ်းစားရပါလိမ့်မယ်။ ဒါကိုတော့



အမေး။ ။ ယခု၂၀၀၉ခုနှစ်၊ ကမ္ဘာအ၀ှမ်း နိုင်ငံများမှာ မြေငလျင်ဒါဏ်နှင့် မုန်တိုင်းဒါဏ်ကို အလူးအလဲ ခံကြရပါတယ်။ အင်ဒိုနီးရှားမှာဆိုရင် ဒီနှစ်ထဲမှာ ငလျင်အကြိမ်ကြိမ် လှုပ်ခဲ့ပါတယ်။ အချို့နေရာများမှာ မုန်တိုင်းထန်ခဲ့ကြပါတယ်။ မုန်တိုင်းတောင်မှ သာမာန်မုန်တိုင်းမဟုတ်ဘူး၊ စူပါတိုင်ဖွန်မုန်းတိုင်း အဆင့်အထိတောင် တိုက်ခတ်ခဲ့ပါတယ်။ သပ္ပံပညာရှင်များက နျူကလီးယားကြောင့် သဘာဝပတ်ဝန်းကျင်များ ညစ်ညမ်းမှု များလာပါတယ်။ အဲဒီကနေ မုန်တိုင်းကျတာတို့ ငလျင်လှုပ်တာတို့ ဖြစ်ကြတယ်လို့ဆိုပါတယ်။ တပည့်တော်သိချင်တာက ငလျင်လှုပ်တာနဲ့ပတ်သက်ပြီး ဘုရားရှင် မိန့်တော်မူခဲ့တာတွေ ရှိပါသလား၊ တကယ်လို့ ရှိခဲ့တယ်ဆိုရင် မကြာသေးခင်ကမှ အင်ဒိုနီးရှားမှာ ဘာ့ကြောင့်ငလျင် လှုပ်ခဲ့တာလဲဆိုတာကို ဘုရားဟောနဲ့အညီ အဖြေပေးစေချင်ပါတယ်ဘုရား။

မနွယ်နွယ်အေး

ရန်ကုန်


အဖြေ။ ။ ငလျင်နဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်များက ယခုခေတ်မှသာ ဖေါ်ထုတ်ကြတာပါ။ ဘုရားရှင်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ကျော်ကတည်းက ဖေါ်ထုတ်ခဲ့ပါတယ်။ သိပ္ပံပညာရှင်များလို အချိန်အကြာကြီး သုတေသနပြုစရာမလိုပါဘူး။ ဘုရားရှင်ဟာ သိရန်မှန်က မကျန်ရအောင် လုံးဝစုံလင် အကုန်မြင်တဲ့ သဗ္ဗညုတဥာဏ်တော်နဲ့ ပြည့်စုံတော်မူတာကြောင့် တရားအလုံးစုံကို ကိုယ်တိုင်လည်း သိသလို ဝေနေယျများကိုလည်း ဟောတော်မူခဲ့ပါတယ်။ ဒါကြောင့်လည်း ဘုရားရှင်ဟာ ငလျင်လှုပ်ခြင်းရဲ့အကြောင်းကို ဟောတော်မူခဲ့ပါတယ်။

အခါတစ်ပါး ဘုရားရှင်က အရှင်အာနန္ဒာအား ငလျင်လှုပ်ခြင်းနဲ့ပတ်သက်ပြီး ရှစ်ပါးရှိကြောင်းကို မိန့်တော်မူခဲ့ပါတယ်။ အဲဒါတွေကတော့


“ဒီကိုယ်တော်ကြီးက ဒုလ္လဘကြီးပါကွာ”၊ ဒီဦးဇင်းက ဒုလ္လဘရဟန်း ခနဝတ်တာ”။
ဒုလ္လဘရဟန်းများအပေါ်တွင် အထင်သေးသည့်လေသံဖြင့် မိမိတို့ကိုယ်တိုင်ပြောဆိုဖူးကြပေလိမ့်မည်၊
သို့တည်းမဟုတ် သူတစ်ပါး ပြောဆိုတာကို ကြားဖူးကြပေလိမ့်မည်။ တကယ်တော့ ဒုလ္လဘဆိုသောစကား
လုံးမှာ လေးနက်လွန်းလှပေသည်။ တန်းဘိုးရှိလှပါသည်။ မဖြစ်နိုင်သေးတဲ့အရာ၊ ခက်ခဲတဲ့အရာတွေကို ရရှိဖြစ်တည်နေ၍ဒုလ္လဘဟုခေါ်ဆိုရခြင်းဖြစ်သည်။ဘုရားပွင့်ဖို့၊လူဖြစ်ဖို့၊ရှင်ရဟန်းဖြစ်ဖို့၊သဒ္ဓါတရားစစ်စစ်ဖြစ်ဖို့၊
သူတော်ကောင်းတရားတွေ ကြားနာရဖို့ ဆိုတာ တကယ်ပင်ခက်ခဲလှပါသည်။ ထိုခက်ခဲသောဒုလ္လဘတရားငါးပါးထဲတွင် ခေတ္တခနဝတ်သောရဟန်းတော်သည်ပင် ဒုလ္လဘတရားလေးပါးကိုပိုင်ဆိုင်ထားသူဖြစ်ပါသည်။ အပျော်ဝတ်၊ အပျင်းပြေဝတ်မဟုတ်ဘဲ သာသနာစိတ် ဘာသာစိတ်ဖြင့် ရဟန်းဝတ်သော ဒုလ္လဘများကို များစွားလေးစားကြည်ညိုသင့်ပါသည်။ ကိုယ်မလုပ်နိုင်တဲ့အရာကို ပြုလုပ်နိုင်၍ ဝမ်းမြောက်ဝမ်းသာကြည်ညိုသင့်ပါသည်။
ခနဝတ်တဲ့ရဟန်း၊ ဒုလ္လဘရဟန်းဟု အထင်မသေးသင့်ပါ။
မလေးရှားရောက်မြန်မာတွေအနေဖြင့်နှစ်စဉ်ဆိုသလို အလုပ်ရက်ရှည်ပိတ်သောတရုတ်နှစ်ကူးမှာ ဒုလ္လဘရဟန်းဝတ်ခွင့်ရကြပါသည်။ မြန်မာဘုန်းကြီးကျောင်းများ များစွားရှိနေခြင်းကလည်း အလုပ်ပိတ်ရက်မှာရဟန်းဝတ်ဖို့ အခွင့်အရေးတစ်ခု ရရှိနေခြင်းဖြစ်ပါသည်။ တစ်နှစ်ပတ်လုံး လောကဓံအလုပ်တွေကြားမှာနေထိုင်လာခဲ့သည့်မိမိတို့ဘဝလေးကို ဘာသာရေးအရိပ်ဖြင့် ခနတာလွှမ်းခြုံခွင့်ရကြပါသည်။ ဘာသာရေးသည် ကိုယ်ဆင်းရဲမှုဒုက္ခ၊စိတ်ဆင်းရဲမှုဒုက္ခတွေကို
အေးငြိမ်းအောင်ပြုလုပ်ပေးတတ်ပါသည်။ ဘယ်နေရာပဲရောက်ရောက် ဘာသားရေးနဲ့ မကင်းသင့်ပါ။ မဆိုင်သလို မနေသင့်ပါ။ဆရာများက ရှေ့သွားဖြောင့်လျှင် ဒကာများက နိုင်သည့်ဝန်ကိုထမ်းပြီး တည့်တည့်မတ်မတ်လိုက်သင့်ပါသည်။ဆရာများကလည်းဒကာများအပေါ် စေတနာရှေ့ထားပြီး ဖြောင့်ဖြောင့်တန်းတန်းသွားသင့်
ပါသည်။ ဘာမှမလုပ်ရင် ဘာမှမဖြစ်နိုင်ပါ။ အလုပ်လုပ်ဖြစ်မှသာ အကောင်းအဆိုးအကြောင်းအကျိုးတွေကို
လက်တွေ့ခံစား သိရှိနိုင်ပြီး ဘဝသင်္ခန်းစာတွေ အများကြီးရရှိနိုင်မှာဖြစ်ပါသည်။ ဘဝသင်္ခန်းစာတွေအများ
ကြီးရမှ ဘဝတိုးတက်မှာသေချာပါသည်။ ကိုယ်လုပ်လိုက်တာ အဆင်ပြေတယ်ဆိုလျှင် နားထင်သွေး
မရောက်ဖို့၊ အဆင်မပြေဘူးဆိုလျှင် စိတ်ဓာတ်မကျဖို့လိုပါသည်။ အဆင်ပြေမှု မပြေမှုသည် အလုပ်လုပ်
ခြင်း၏ ရလဒ်ဖြစ်ပါသည်။ ကောင်းတာတွေလုပ်တဲ့အခါမှာ အဆင်မပြေ၍ စိတ်ဆင်းရဲစရာများ ကြုံရတတ်
ပါသည်။ အနှောက်အယှက်များ ဝင်လာတတ်ပါသည်။ ဒီလိုအဆင်မပြေမှုမျိုးကို လောကနိယာမဟု သဘောထားနိုင်ရပါမည်။ ကျော်လွှားနိုင်ရပါမည်။ ဒီလိုကျော်လွှားနိုင်မှသာ မိမိလုပ်သောအလုပ်သည် အောင်မြင်မှုရမှာသေချာပါသည်။ အောင်မြင်မှုရဖို့ဆိုတာကလည်း စေတနာကောင်းအရင်းခံဖို့ လိုပါသည်။စေတနာကောင်းနဲ့အလုပ်လုပ်လျှင် မအောင်မြင်နိုင်စရာ အကြောင်းမရှိပါ။
ဒီနှစ်မိမိကျောင်းမှာ ဒုလ္လဘရဟန်း(၃၄)ပါး၊ကိုရင်(၃)ပါးဝတ်ကြပါသည်။ မဟာစည်ဆရာတော်ကြီး၏