HAZY LIFE

ဒီနေ့ (၂၄.၂.၂၀၁၂) မှာ မနက်စောစော ဖေ့ဘုတ်ကနေပြီးတော့ လင့်ခ်တစ်ခုတွေ့လိုက်တယ်... ခေါင်းစဉ်ကြောင့် ချက်ခြင်းပဲ ဖွင့်ကြည့်မိတယ်... အားလုံးပဲ စိတ်ဝင်စားတယ်ဆိုရင် ဗီဒီယိုဖိုင်လေး လင့်ခ် ချိတ်ထားပေးပါတယ်... ကြည့်လို့အဆင်ပြေမယ်ဆို တိုက်ရိုက်ကြည့်သွားနိုင်ပါတယ်... အကယ်၍ ကွန်နက်ရှင်ကြောင့် အဆင်မပြေဘူးဆိုရင်လည်း ကျွန်တော် ပြီးခဲ့တဲ့အခေါက်က ၀ိမုတ္တိရသ ဆိုဒ်လေးက ကုသိုလ်ပြု အပင်ပန်းခံ စာရိုက်တင်ပြတာကို အတုယူပြီး ကျွန်တော်လည်း ကျွန်တော့် ဆိုဒ်လေးကနေ တင်ပေးလိုက်ပါတယ်...

 

ကြေငြာချက်...

ဆရာနည်းနည်းကြေငြာစရာလေးရှိတယ်လို့... ဤပလ္လင်က ဘုရားရဲ့ ဘုန်းတော်အတွက်ပဲဖြစ်တယ်လို့ ပြောချင်တယ်... ဘုရားသခင်ရဲ့ ဘုန်းတော်ကိုထောက်ပြီးစကားပြောကြရအောင်လို့... အေမင်...
ဘုရားသခင် ဘုန်းတော်ကိုထောက်ပြီးစကားပြောကြရအောင်လို့... တခါတလေမှာ ဒီပလ္လင်ကိုသုံးပြီးတော့မှ
ပြောတာမှားတဲ့အတွက်ကြောင့် မြောက်မြားစွာသောသူတွေ ခက်ခဲ့မှုတွေရောက်တတ်တယ်...

S.Gum Aung ကိစ္စ

ဆရာဒီနေ့ဘာပြောချင်သလဲဆိုတော့ ကျန်ခဲ့တဲ့ ၅ ရက်နေ့တုန်းက S.Gum Aung နဲ့ပတ်သက်ပြီးမှ နည်းနည်းလေး ပြောပြချင်တယ်... ဒီမှာရှိတဲ့ အသင်းသူ အသင်းသားတွေကော ကမ္ဘာတစ်လွှားရှိတဲ့ ၀က်ဆိုဒ်မှာကြည့်ပြီး ခွန်အားယူတဲ့ ညီအကိုမောင်နှမတွေအယောက်တိုင်းကို စကားပြောချင်တယ်... ဒီဆရာရဲ့ သွန်သင်ချက်တွေ ဒီတစ်ခါ သက်သေခံချက်ပေါ့ သွန်သင်ချက်မပါပါဘူး... သူသက်သေခံသွားတဲ့ အရာပေါ်မှာ အားလုံးခွန်အားရပြီးတော့မှ အကြီးအကျယ် ၀မ်းမြောက်ကြတယ်... စိတ်လှုပ်ရှားကြတယ်... တကယ်ကောင်းတဲ့ ဇာတ်လမ်းဖြစ်တယ်လို့ ခံယူမိခဲ့ကြတယ်... သို့သော် MCA အသင်းတော်က အသင်းတော်တပါးတည်းပဲ မဟုတ်ပဲနဲ့ လုပ်ဖော်ဆောင်ဖက်တွေက ကမ္ဘာနဲ့အ၀ှမ်းရှိနေကြတယ်... MCA ကိုလည်း ချစ်တယ် ထိုအသင်းတော်များကိုလည်း ချစ်ကြတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် မိသဟတွေ မြောက်မြားစွာ ရှိတဲ့အတွက်ကြောင့် အသင်းတော် တော်တော်များများက သင်းအုပ်ဆရာများ လုပ်ဖော်ဆောင်ဖက်တွေပေါ့နော်...
တစ်ချို့က စာရေးလာပြီးတော့မှ  ဆရာရဲ့ ဆရာ S.Gum Aung နဲ့ပတ်သက်ပြီးတော့မှ
အဖြေလေးတွေ ပေးလာတယ်...

အမှားတွေ...

 နောက်ဒီအဖြေလေးတွေကို တိုက်ကြည့်တဲ့အခါမှာ သူတို့ရဲ့ အဖြေပေးတာတွေ အားလုံးက အမှန်ဖြစ်ပြီးတော့မှ ဆရာ S.Gum Aung ပလ္လင်ကိုသုံးပြီးတော့မှ သက်သေခံချက်တွေထဲမှာ တော်တော်များများက အမှားဖြစ်တယ်ဆိုတာကို ဆရာတို့ခံစားတယ်... အမှားဖြစ်တဲ့အတွက်ကြောင့် ဒီပလ္လင်က ကျွန်တော်တို့ အမှား ပြောဖို့မဟုတ်ဘူး သမ္မာတရားကိုပြောပြီးမှ လွှတ်ခြင်းကိုရဖို့ရန်အတွက် ဖြစ်သောကြောင့် ဒီနေ့ သူ့ရဲ့အမှားတွေထဲမှာမှ ဆရာတို့ သိသလောက်ပေါ့နော်... သေချာသိသလောက်က နံပတ် (၁) က သူ R.I.T ဆင်းမဟုတ်ဘူးဆိုတဲ့အကြောင်းကို ဆရာတို့ သေချာခံယူတယ်... R.I.T လုံးဝမပြီးဘူးဆိုတာကို သဘောပေါက်သွားတယ်... ဒုတိယအချက်ကတော့ သူ ဘွဲ့တွေ ၉ လုံးလောက် ရပြီးတော့မှ ကြီးမားစွာ အဆင့် ရောက်ခဲ့တယ်ဆိုတာကလည်း အဲဒါက မမှန်တဲ့အရာဖြစ်တယ်... ဒီ ၂ ချက်လောက်နဲ့ပဲ ကျွန်တော်တို့ လုံလောက်ပါတယ်... ကျန်တာတွေကတော့ သူဘာတွေပြောတယ်ဆိုတာကိုတော့ ဆရာတို့ မစဉ်းစားတော့ဘူး သို့သော သူ့ရဲ့ ပြောဆိုချက်တွေ အားလုံးအပေါ်မှာ အမှားတွေပါတယ်... သမ္မာတရားကို တိမ်းစောင်းပြီးမှ ပြောတဲ့အရာဖြစ်သောကြောင့် ဆရာတို့ MCA အသင်းတော်အနေနဲ့ သူ့ကို... (xxxxxxxx xxxx အသံဖြတ်ပစ်ထား...) 

ဝက်ဆိုဒ်မှလင့်ခ်များကိုရပ်ဆိုင်း...

ကျန်ခဲ့တဲ့အပတ်ကစပြီးတော့မှ ၀က်ဆိုဒ်မှာ ဆရာတို့ ရပ်ဆိုင်းခဲ့ပြီးပြီ... အခုချိန်မှာတော့ ဆရာတို့ အသင်းတော်အနေနဲ့ ကြေငြာဖို့ဖြစ်တဲ့အတွက်ကြောင့် ဆရာကိုယ်တိုင် ထလာပြီးတော့မှ ဒီအရာကို တရားဝင်... တရားဝင်ဆိုတဲ့ နေရာမှာ တကယ်ကိုပြင်းပြင်းထန်ထန်ပေါ့ သူရဲ့ သြ၀ါဒတွေဟာ မှားတယ်ဆိုတဲ့ အကြောင်းကို ဒီကနေပြီးတော့ အနည်းငယ်ပြောချင်ပါတယ်... ဒီမှာရှိတဲ့ အသင်းသူ အသင်းသားတွေလည်း သိရအောင်... ကိုယ်ယူသွားတဲ့ အခွေတွေရှိမယ်... ကိုယ်ယူသွားတဲ့ ၀က်ဆိုဒ်ရဲ့ဟုတ်လား... လင့်ခ်တွေရှိတယ်ဆိုရင်လည်း အားလုံးကိုဖျက်လိုက်ပါ... ဖျက်လိုက်ဖို့ကောင်းတယ်... ဒါဟာ ကောင်းတဲ့ အရာမဟုတ်ဘူးလို့... ဘုရားရှင်က သမ္မာတရားအားဖြင့်ပဲ ပြောင်းလဲစေတာဖြစ်တယ်... အရောအနှောအားဖြင့် ပြောင်းလဲစေတဲ့ ဘုရားမဟုတ်ပါဘူးလို့... ဒါကြောင့်မို့လို့ မေတ္တာနဲ့လည်းပြောချင်တယ်... ပါဝင်ပေးတဲ့ ညီအကိုမောင်နှမတွေ စေတနာနဲ့ စာတွေပို့ဆောင်ပေးတဲ့ ညီအကိုမောင်နှမတွေပေါ်မှာလည်း ဘုရားသခင် ကောင်းချီးပေးပါစေ... အထူးပဲ ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကို အသင်းတော်ကိုယ်စား အနေနဲ့သော်လည်းကောင်း... ဆရာဇော်မင်းကနေပြီးတော့ ပြောပါတယ်လို့... အယောက်တိုင်းအယောက်တိုင်းကို ဘုရားရှင်ကောင်းချီးပေးပါစေ...
(ဦးဇော်မင်း ရှင်းလင်းချက်ပြီး...)
-----------------------------------------------------------------------------------------------------------------------
သူ ပြောတာတွေနားထောင်ပြီးတော့ ကျွန်တော် ကျေးဇူးတင်ကြောင်း နဲ့ ဘ၀င်မကျတဲ့ အချက်တွေကို နည်းနည်းလောက်တော့ ပြန်တင်ပြချင်တယ်... အဲဒါဘာလဲဆိုရင်တော့...

(၁) အမှန်တရားကို မြတ်နိုးလို့ အမှန်တရားအတိုင်းပြန်ကြေငြာပေးတာ ကျေးဇူးတင်တယ်... (ဗုဒ္ဓဘာသာတွေ အတွက် ကြေငြာတာမဟုတ်ဘူးလို့ ကျွန်တော် ကောက်ချက်ချတယ်... ဒါပေမယ့် သူ့တို့ ရည်ရွယ်ချက် နဲ့ သူ့တို့ စိတ်မှာ အနည်းငယ် ပါဝင်မယ်လို့ထင်တယ်...)

(၂) R.I.T ဆင်းမဟုတ်ဘူး ဆိုတာရယ်... ဘွဲ့ ၉ ဘွဲ့ မရဘူး ဆိုတာရယ် ၂ ချက်တည်းနဲ့ လုံလောက်တယ်ဆိုတာ ဦးဇော်မင်းတို့ရဲ့ ခရစ်ယာန်အသင်းတော်အတွက်ပဲ ဖြစ်လိမ့်မယ်... ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ မလုံလောက်ဘူး... ကျွန်တော် ဘာပြောချင်တာလဲဆိုရင်တော့
(က) ဗုဒ္ဓဘာသာရဲ့ တရားတော်တွေကို ခုတုံးလုပ်ပြီး အမှန်မပြောပဲ ဇောက်ထိုးတွေချည်းလုပ်ပြော သွားတာတွေကို MCA အသင်းအနေနဲ့ သိက္ခာရှိတယ်ဆိုရင် ရှင်းလင်းပေးသင့်တယ်...
(ခ) ဗုဒ္ဓဘာသာအကြောင်းကို လူလိမ်(လဇွန်ခွန်အောင်) ပြောသွားတာ ပါဠိလိုတွေ ဖြစ်လို့ နားမလည်ဘူးဆိုရင်တောင် သေချာ စိစစ်ပြီးမှ ကိုယ့်ဘာသာမဟုတ်တဲ့အတွက် တခြားဘာသာကို လေးစားတဲ့အနေနဲ့ ဆင်ဆာတွေ ဖြတ်ပြီးမှ တင်သင့်တယ်... တိုက်ရိုက် ပြောသမျှ တင်ထားတာ ဗုဒ္ဓဘာသာအပေါ် စော်ကားထားရာရောက်တယ်ဆိုတာ စဉ်းစားရမယ်...
(ဂ) လိမ်သွားတဲ့အချက်တိုင်းကို သေချာ ဖော်ထုတ်ပြီး အခုလိုပဲ တရားဝင်ကြေငြာ ဖော်ထုတ်သင့်တယ်... အဲဒါဟာ ခင်ဗျားတို့ အသင်းတော်အတွက် အမြဲတမ်း အမှတ်ရစရာဖြစ်နေမှာဖြစ်သလို ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေကို သေချာရှင်းပြပေးရာလည်းရောက်တယ်...

(၃) တခြားဘာသာက ပြောင်းလာဖို့အဓိက ပြောင်းပြီးရင်ပြောချင်ရာပြော စင်ပေါ်တင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ MCA အသင်း ရဲ့ ရည်ရွယ်ချက်ကိုလည်း ပြင်ရလိမ့်မယ်...

(၄) ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဘုရားဟောပါဠိတော်တွေ... တရားတော်တွေ... သာသနာရေးတွေနဲ့ ကြုံလာရင် အမှန်တရားအတွက် သံဃာ၊ဒါကာ ၀ိုင်းဝန်းစုပေါင်း ဖြေရှင်းဖို့ အသင့်ရှိနေတယ်ဆိုရတာ သိစေချင်တယ်...

(၅) နည်းပညာတိုးတက်တာကို အခွင့်ကောင်းယူ ဖြန့်ဝေချင်တယ်ဆို အခုလိုကိစ္စ မဖြစ်အောင် နောက်နောင် သတိတရနဲ့ နောင်တရစေချင်တယ်...

(၆) နောက်ဆုံးအနေနဲ့ ဗုဒ္ဓဘာသာဘက်က ဒီလို ဖြေရှင်းမှုလေးနဲ့တော့ မကျေနပ်သေးဘူးဆိုတာရယ်... ဒီကိစ္စအတွက် အဆုံးတိုင်အောင် ဆက်လက်ကြိုးစားသွားကြမယ်ဆိုတာရယ်... နောင် ဘယ်လို အချိန် ဘယ်လိုနေရာမျိုးမှာဖြစ်ဖြစ် ဒီထက်လျော့သော ဒီထက့်မကသော မည်သို့သော စော်ကားပြောဆိုတာတွေကိုမှ
ငြိမ်ခံနေမှာမဟုတ်ဘူးဆိုတာရယ်...

စတဲ့အချက်တွေကို အသိပေးပြောကြားလိုက်ပါတယ်...။

ဆရာတော်အရှင်ဝိမလာလင်္ကာရ(မုံရွာ)(လင်္ကာအရှင်)... "ဌေး"သာမဏေကျော်ဆရာတော်(ပဲခူး)... ဆရာတော်ဝီရသူ(မစိုးရိမ်)... ဆရာတော်ဝရသာမိ(မုံရွာ) နှင့် အခြားအခြားသော ဗုဒ္ဓဘာသာရဟန်းပညာရှိ... လူပညာရှိ များကိုလည်း အချက်အလက်များ ဖြည့်စွက် ဖြန့်ချိပေးဖို့ တပည့်တော် ဒီနေရာလေးကနေ အလေးအနက် တောင်းဆိုပါရစေဘုရား...
သူငယ်ချင်းများအားလုံးရဲ့...

ဇင်မျိုး...

6 Responses so far.

  1. Unknown says:
    This comment has been removed by the author.
  2. Unknown says:

    ကျေးဇူးတင်လိုက်တာ ကိုဝေဇင်။ ကျွန်တော်တို့အနေနဲ့ အစ်ကို့ရဲ့ဆွေးနွေးတင်ပြချက်များကို လေးလေးနက်နက်ထောက်ခံပါတယ် ခင်ဗျား။
    လိုအပ်လျှင်လည်း ဘာသာ့အရေး၊ သာသနာအရေးအတွက် အမြဲအဆင်သင့်ရှိနေပါ့မယ် အစ်ကို။
    ကျွန်တော်တို့တွေကလည်း မပုတ်ခက်သလို မည်သို့သော စော်ကားမှုကိုမှ သည်းခံလိမ့်မည် မဟုတ်ပါ။

  3. NLD ဘက်တော်သား ကျော်စွာ says:

    တို့ကတော့နိုင်ငံရေးပဲစိတ်ဝင်စားတယ်။
    ဘာသာရေးစိတ်မ၀င်စားဘူး။

  4. Anonymous says:

    မသိလို့ဖြေကြားပေးပါ။ဗုဒ္ဓရဲ့ဆံတော်အကြောင်းပါ။
    ပုံတော်မှာ ခေါင်းရိတ်ထားလို့ပါ။

  5. အင်း... ဒီလိုလူမျိုး NLD မှာရှိနေတာ အနာဂတ်ရင်လေးစရာပဲ... အဲလိုလူတွေကြောင့်ပဲ... NLD ဆို လူတွေက နောက်ပိုင်း စောင့်ကြည့်ရမှာပေါ့တို့... ဘာမှမလုပ်ပြသေးလို့ မယုံရဲသေးဘူးတို့... အဲလိုအသံတွေထွက်လာတာနေမယ်... အားလုံးကို ကိုယ်သမိုင်းနဲ့ကိုယ်ပါ... ဘာသာရေးကို စိတ်ဝင်စားချင်လည်းရတယ် မ၀င်စားချင်လည်းရတယ်... ဘယ်သူမှ အတင်းမတိုက်တွန်းပါဘူး... ဒါပေမယ့် NLD ဘက်တော်သားတစ်ယောက်သိရဖို့က... အမေစုကိုယ်တိုင် ဘာသာရေးကို ဘယ်လောက်စိတ်ဝင်စားတယ် အားထုတ်လဲဆိုတာ သိထားဖို့လိုတယ်...

    ကုန်ကုန်ပြောမယ်ကွာ... အီးမေလ် ဒါမှမဟုတ် ကိုယ်ပိုင်ဝက်ဆိုဒ် တစ်ခုတောင်ထည့်မဖော်ပြရဲပဲ... NLD နာမည်ခံသုံးတဲ့ ကျော်စွာ ဆိုတဲ့လူကို ကျွန်တော်ကတော့ Spy တစ်ယောက်လို့ပဲမြင်မိတယ်... ဘာသာရေးခုတုံးလုပ်ပြီး နိုင်ငံဆူပူအောင်လုပ်မဲ့လူမျိုးအဖြစ်နဲ့ပေါ့...

  6. Anonymous...

    ကျေးဇူးပြုပြီး... Link ပေးပါလား... ပြန်ဖြေပေးပါ့မယ်...

Leave a Reply