HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label ဌေးသာမဏေကျော်. Show all posts
Showing posts with label ဌေးသာမဏေကျော်. Show all posts

 

“သံဃာဟူသည်”
************
သံဃာဆိုတဲ့အဓိပ္ပါယ်က ရှင်းရှင်းပြောရရင် အဖွဲ့အစည်းတစ်ခုလို့ အဓိပ္ပါယ် ထွက်ပါတယ်။ ဒါကို ထပ်ခွဲရင် ပရမတ္ထသံဃာ၊ သမုတိသံဃာဆိုပြီး နှစ်မျိုးထွက်လာတာ တွေ့ရမယ်။ ပရမတ္ထသံဃာဆိုတာ သစ္စာလေးပါးကို ထိုးထွင်းသိပြီး ရဟန္တာအရှင်မြတ်များကို ဆိုလိုပါတယ်။ သမုတိသံဃာဆိုတာကတော့ သိမ်ထဲမှာ ဥတ္တိစတုတ္ထကမ္မ၀ါစာနဲ့ ရဟန်းဖြစ်ခဲ့ပြီး မြတ်စွာဘုရားစကားတော်တွေကို လိုက်နာကျင့်ကြံနေတဲ့ ရဟန်းသံဃာကို ဆိုလိုပါတယ်။ သမုတိသံဃာဆိုပေမဲ့ မြတ်ဗုဒ္ဓကိုယ်တိုင် ဒီလိုရဟန်းဘောင်တက်ရမယ်လို့ ညွန်ကြားတော်မူခဲ့လို့ ရဟန်းဘောင်ရောက်လာသူပါ။ ဒါဆိုရင် သမုတိသံဃာဆိုတာ နားလည်လောက်ပြီ။

ရဟန်းလောင်းအား ရဟန်းဘောင်စတတ်ချိန်မှာ ရှောင်ရမည့်တရား၊ ဆောင်ရမည့်တရားတွေ ပြောပြရပါတယ်။ အဲဒီထဲမှာမှ ပါရာဇိကလေးပါးဆိုတာ ရဟန်းတစ်ပါးရဲ့ အသက်ပါပဲ။ ဒီတရားလေးပါး ရဟန်းတော်တွေ မကျူးလွန်မချင်း ရဟန်းပါပဲ။ နောက်ဆုံး အဲဒီရဟန်းဟာ ပြင်းပြင်းထန်ထန်ပညတ်ထားတဲ့ ဒီပါရာဇိကတရာလေးပါးကို မကျူးလွန်ပါပဲ အင်္ကျီအ၀တ်စားဝတ်လို့ သုံးနှစ် သုံးမိုး လယ်ထွန်ကုန်ရောင်းအလုပ်တွေ လုပ်နေစေဦးတော့။ သူဟာ သိက္ခာမချ၊ ထိုလေးပါးကို မကျူးလွန်မိသေးခဲ့လျှင် ရဟန်းပါပဲ။ ရဟန်းဖြစ်နေပေမဲ့ သီလတွေညိုးနေတာတော့ မပြောလိုတော့ပါဘူး။ အဓိကပြောချင်တာက လူမဖြစ်သေးဘူးဆိုတာကို ပြောချင်တာပါ။

ထိုလေးပါးကို မကျူးလွန်မိပါပဲ သုံးနှစ် သုံးမိုးအပြင်မှာ လယ်ထွန်ကုန်ရောင်းလုပ်နေတာတောင် ရဟန်းတစ်ပါးဟု ခေါ်ဆို၍ ရနိုင်သေးလျှင်(အဆုံးစွန်ထိ ပြောပြရခြင်းပါ။) ယခုခေတ်မှာ ထိုကဲ့သို့မဟုတ်ပါပဲ သာမန်အာပတ်အပြစ်လောက်ရှိသော ရဟန်းသံဃာများကို ပြင်းပြင်းထန်ထန်ရှုတ်ချ၊ ကဲ့ရဲ့ အပြစ်တင်နေကြသော သာမန်လူပုဂ္ဂိုလ်များ အပြစ်မည်သို့ ရှိကြမည်နည်း။

ဝိသာခါ၊ အနာထပိဏ်တို့ကဲ့သို့သော စိတ်ထားဖြင့် ဝေဖန်ထောက်ပြပါက သာသနာအတွက်အကျိုးရှိ၍ ထိုကဲ့သို့ မဟုတ်ပါဘဲ ကဲ့ရဲ့အပြစ်တင်လိုစိတ်ထားနဲ့ ပြစ်တင်ဝေဖန် ဆဲဆိုကြမည်လျှင် ထိုသူတို့ဘ၀ မသာမယာရှိမည်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။

ရဟန်းသံဃာကိုစော်ကားခြင်းကြောင့် စီးပွါးပျက်ခြင်း၊ အနာရောဂါစွဲကပ်ခြင်း၊ အိမ်မီးလောင်ခြင်း စတဲ့ သာဓကများ အချိန်ရပါက တင်ပြပေးပါအုံးမည်။ ထိုအတွက်ကြောင့် အမြင်မတော်တဲ့ ရဟန်း၊ သံဃာများအားဆဲဆိုအပြစ်တင်နေကြမည့်အစား သက်ဆိုင်ရာကျောင်းတိုက်၊ သာသနာရေး၊ အာဏာပိုင်များကို ဆက်သွယ်အကြောင်းကြားကာ အရေးယူကြမည်ဆိုလျှင် ကိုယ်လည်း အပြစ်ကင်း၊ သာသနာလည်း သန့်ရှင်းမည်ဖြစ်ပါသည်။
ထို့ကြောင့် “ ပြောမိကြံလျှင် သတိယှဉ်၊ ဆင်ခြင်ဥာဏ်ရှေ့သွား“ဆိုတဲ့ စကားလက်ကိုင်ထားလို့ စစ်မှန်သော စိတ်ထားဖြင့် ဝေဖန်ထောက်ပြသူများသာဖြစ်နိုင်ကြပါစေ။

မှတ်ချက်။ ။ ဒီလိုရေးရင် ရဟန်းသံဃာဘက်က လိုက်ရေးသည်ဖြစ်မှာစိုးသည့်အတွက် မရေးပဲ နေခဲ့တာကြာပါပြီ။ ယခုတော့ ပြောမှ သိမည်၊ သိမှ ရှောင်နိုင်မည်ဟု သတိဝင်မိသောကြောင့် ရေးသားလိုက်ခြင်းဖြစ်ပါတယ်။


“ဌေး”သာမဏေကျော်ဆရာတော်

ဒီနေ့ (၂၄.၂.၂၀၁၂) မှာ မနက်စောစော ဖေ့ဘုတ်ကနေပြီးတော့ လင့်ခ်တစ်ခုတွေ့လိုက်တယ်... ခေါင်းစဉ်ကြောင့် ချက်ခြင်းပဲ ဖွင့်ကြည့်မိတယ်... အားလုံးပဲ စိတ်ဝင်စားတယ်ဆိုရင် ဗီဒီယိုဖိုင်လေး လင့်ခ် ချိတ်ထားပေးပါတယ်... ကြည့်လို့အဆင်ပြေမယ်ဆို တိုက်ရိုက်ကြည့်သွားနိုင်ပါတယ်... အကယ်၍ ကွန်နက်ရှင်ကြောင့် အဆင်မပြေဘူးဆိုရင်လည်း ကျွန်တော် ပြီးခဲ့တဲ့အခေါက်က ၀ိမုတ္တိရသ ဆိုဒ်လေးက ကုသိုလ်ပြု အပင်ပန်းခံ စာရိုက်တင်ပြတာကို အတုယူပြီး ကျွန်တော်လည်း ကျွန်တော့် ဆိုဒ်လေးကနေ တင်ပေးလိုက်ပါတယ်...

 

ကြေငြာချက်...

ဆရာနည်းနည်းကြေငြာစရာလေးရှိတယ်လို့... ဤပလ္လင်က ဘုရားရဲ့ ဘုန်းတော်အတွက်ပဲဖြစ်တယ်လို့ ပြောချင်တယ်... ဘုရားသခင်ရဲ့ ဘုန်းတော်ကိုထောက်ပြီးစကားပြောကြရအောင်လို့... အေမင်...
ဘုရားသခင် ဘုန်းတော်ကိုထောက်ပြီးစကားပြောကြရအောင်လို့... တခါတလေမှာ ဒီပလ္လင်ကိုသုံးပြီးတော့မှ
ပြောတာမှားတဲ့အတွက်ကြောင့် မြောက်မြားစွာသောသူတွေ ခက်ခဲ့မှုတွေရောက်တတ်တယ်...

S.Gum Aung ကိစ္စ

ဆရာဒီနေ့ဘာပြောချင်သလဲဆိုတော့ ကျန်ခဲ့တဲ့ ၅ ရက်နေ့တုန်းက S.Gum Aung နဲ့ပတ်သက်ပြီးမှ နည်းနည်းလေး ပြောပြချင်တယ်... ဒီမှာရှိတဲ့ အသင်းသူ အသင်းသားတွေကော ကမ္ဘာတစ်လွှားရှိတဲ့ ၀က်ဆိုဒ်မှာကြည့်ပြီး ခွန်အားယူတဲ့ ညီအကိုမောင်နှမတွေအယောက်တိုင်းကို စကားပြောချင်တယ်... ဒီဆရာရဲ့ သွန်သင်ချက်တွေ ဒီတစ်ခါ သက်သေခံချက်ပေါ့ သွန်သင်ချက်မပါပါဘူး... သူသက်သေခံသွားတဲ့ အရာပေါ်မှာ အားလုံးခွန်အားရပြီးတော့မှ အကြီးအကျယ် ၀မ်းမြောက်ကြတယ်... စိတ်လှုပ်ရှားကြတယ်... တကယ်ကောင်းတဲ့ ဇာတ်လမ်းဖြစ်တယ်လို့ ခံယူမိခဲ့ကြတယ်... သို့သော် MCA အသင်းတော်က အသင်းတော်တပါးတည်းပဲ မဟုတ်ပဲနဲ့ လုပ်ဖော်ဆောင်ဖက်တွေက ကမ္ဘာနဲ့အ၀ှမ်းရှိနေကြတယ်... MCA ကိုလည်း ချစ်တယ် ထိုအသင်းတော်များကိုလည်း ချစ်ကြတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် မိသဟတွေ မြောက်မြားစွာ ရှိတဲ့အတွက်ကြောင့် အသင်းတော် တော်တော်များများက သင်းအုပ်ဆရာများ လုပ်ဖော်ဆောင်ဖက်တွေပေါ့နော်...
တစ်ချို့က စာရေးလာပြီးတော့မှ  ဆရာရဲ့ ဆရာ S.Gum Aung နဲ့ပတ်သက်ပြီးတော့မှ