HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်



ဘာသာရေးနဲ့ပတ်သက်ပြီး ပုခုံးပြောင်းတာဝန်ကို တက်တက်ကြွကြွ စိတ်ပါဝင်စားစွာ လုပ်ကိုင်နေကြတဲ့..
လူငယ်မျိုးဆက်သစ်တွေကြားမှာ.. စိတ်မချမ်းမြေ့ဖွယ် အယူအဆတစ်ခုကိုမကြာခဏ တွေ့ရှိနေရပါတယ်..
အဲဒါကတော့ ဘုရားဟော တရားစာပေများနဲ့ ပတ်သက်ပြီး..
ကိုယ်နားမလည်နိုင်တဲ့အယူအဆ၊ ခေတ်ကာလ.. အတွေးအမြင်နဲ့ မကိုက်ညီတဲ့ အတွေးအခေါ်..
ကိုယ့်အမြင်မှာ တိတ္တရသ ဆန်တယ်ထင်တဲ့.. အရေးအသားတွေ.. စာပေတွေ..တွေ့ရင်၊ မြင်ရင်..
ဒါမှမဟုတ် ဘာသာခြားတွေက မေးမြန်းလာရင်..ဒါ.. အဋ္ဌကထာထဲက ဟာတွေပဲ.. ဘုရားဟော
ပါဠိတိုက်ရိုက်မဟုတ်ဘူး.. ရှင်မဟာဗုဒ္ဓဂေါသရဲ့ လက်ရာတွေပဲ.. ဒါတွေကို ကျုပ်တို့က လက်မခံဘူး..
စသဖြင့် အဋ္ဌကထာ၊ ဋီကာတွေကို ခါးသီးစွာ လူလိမ်တွေက ပြုစုထားတဲ့ ကျမ်းစာတွေပမာ..
ပြောတတ်၊ ဆိုတတ်ကြတယ်..

တချို့လူငယ်တွေကလည်း.. အဋ္ဌကထာဆိုတာ.. ပါဠိတော်တွေကို ပုံပြင်တွေနဲ့
တန်ဆာဆင် ဟောပြောထားတာပဲ.. ဘုရားဟော တိုက်ရိုက်မဟုတ်ဘူး စသဖြင့်..
အဋ္ဌကထာဟူသည်.. မုသာဝါဒ အပေါင်းတို့ စုဝေးရာ စာပေသဖွယ်.. မိမိဘာသာစာပေ
အနှစ်သာရကို သေးသိမ်အောင်၊ ချိုးနှိမ်ပြောဆိုလေ့ ရှိတာကို မကြာခဏ တွေ့မြင်နေရပါတယ်...

ဒီအတွေးအခေါ်တွေ.. ဘယ်ကရောက်လာပြီး ဘယ်လိုကျယ်ပြန့်လာတယ်ဆိုတာ ဆန်းစစ်ကြည့်တော့..
ပင်ကိုယ် သဘာဝအားဖြင့် လူငယ်တွေဟာ.. ဆန်းသစ်မှု။ ရှေးရိုးစွဲအယူအဆများကို
ဆန့်ကျင်လိုမှု၊ သဘာဝယုတ္တိကိုပဲ လက်ခံယုံကြည်နိုင်မှုစတဲ့ အမူအကျင့်တွေရှိတတ်ပါတယ်..

ဘာသာခြားတွေနဲ့ ဘာသာရေးကိစ္စ ငြင်းခုန်ပြောဆိုကြတဲ့အခါ..ဒီကိစ္စနဲ့ပတ်သက်ပြီး
သမိုင်းမှာ အခိုင်အမာရှိခဲ့တဲ့ ကျောက်ကွင်းအရေးတော်ပုံလို မှတ်တမ်းစာအုပ်တွေကို လေ့လာကိုးကား
မိတတ်ကြတယ်..ဒါကတော့အခုမျိုးဆက်မှမဟုတ်ပါဘူး.. ရှေ့ကမျိုးဆက်မှာလည်း ဒီလိုပဲ ရှိခဲ့တာပါပဲ..
ဒီစာတွေ ဖတ်ပြီး မိမိဘာသာဖက်က ပိုင်နိုင်စွာ ချေပပြောဆိုနိုင်တဲ့ ရှင်ဥက္ကဌ-ဟာ
စာဖတ်သူရဲ့ အတွေးပုံရိပ်မှာ..တကယ့်လူစွမ်းကောင်း ဟီးရိုးကြီးပမာ ထင်မြင်ယူဆမိတတ်တာ သဘာဝပါ..

ဒီကိစ္စမှာ တကယ်လည်း တော်တဲ့ အရည်အချင်းရှိတဲ့ ဆရာတော်တစ်ပါးဆိုတာကိုတော့ လက်ခံရမှာပါပဲ..
ပြီးတော့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို လေ့လာချင်သူ လူငယ်တွေဟာ
စာအုပ်စင်မှာ ဘယ်စာအုပ်ကို ဖတ်ရင်ကောင်းမလဲလို့..
စာအုပ်ခေါင်းစဉ်တွေကို အရင်လေ့လာကြည့်တာအခါ..ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ ဆိုတဲ့ စာအုပ်ခေါင်းစဉ်ဟာ
မိမိသိလိုတာတွေကို သိရှိနိုင်မယ့် စာအုပ်လို့ စာအုပ်နာမည်ကို ကြည့်ပြီး
ထင်မြင်ယူဆမိတတ်ကြတယ်..

ဒီလိုနဲ့.. ဘာသာရေးစာပေမျိုးစုံကို ထောင့်စိအောင် မလေ့လာမီ..တနည်းအားဖြင့်.. စာဖတ်ပါးမ၀ခင်..
ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို မြင်နိုင်သေးတဲ့ အသိဥာဏ် မရင့်ကျက်မီ..
ဘာသာ၊ သာသနာအပေါ်ထားအပ်တဲ့ သဒ္ဓါတရား အားမကောင်းမီ.. အဲဒီစာအုပ်တွေကို ဖတ်ရှုမိသူ
လူငယ်တွေဟာ..အဲဒီစာအုပ်တွေရဲ့ အယူအဆမှားတွေကို အဟုတ်ကြီးထင်ပြီး.. တကယ့်ကို
လက်တွေ့ဆန်တဲ့ စာအုပ်တွေလို့ ထင်မြင်ယူဆသွားတတ်ကြတယ်..

တကယ်တော့ အဲဒီစာအုပ်တွေကို ရေးသားတဲ့ ပုဂ္ဂိုလ်များဟာ ဗုဒ္ဓဘာသာကို သညာသိ၊ စာသိမျှနဲ့
လမ်းဆုံးနေကြသူများ ဖြစ်တဲ့အပြင်.. ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအပေါ် သဒ္ဓါတရား လွန်စွာနည်းပါးလှတဲ့
အမည်ခံ ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ပါတယ်.. သူတို့ဟာ ဘာသာရဲ့ အနှစ်သာရကို လက်တွေ့ကျင့်ကြံအားထုတ်မှု
လုံးဝ မပြုလုပ်ပဲ အနောက်တိုင်းက ဘာသာခြားစာရေးဆရာများရဲ့ လိုရာဆွဲရေးတဲ့စာအုပ်၊ စာပေတွေကိုသာ..
တကယ့်အားကိုးအားထားပြုဖွယ် အနှစ်သာရအစစ်အမှန်များပမာ.. ရာခိုင်နှုန်းပြည့် ကိုးကားခဲ့ကြတာပါ..

ပြည်တွင်းက ပရိယတ်၊ ပဋိပတ်စွယ်စုံ တတ်ကျွမ်းသူ.. လက်တွေ့ကျင့်ကြံ ပြီးမြောက်ကြသူတွေ ရေးသားပြုစုတဲ့
စာပေတွေကိုတော့ မျက်ကွယ်ပြုခဲ့ကြတယ်..အနှစ်သာရကို အထဲထိ နှိုက်ပြီးရှာဖွေဖို့ သဒ္ဓါတရား အခြေခံတောင် မရှိ၊
မဖြစ်ခဲ့ကြပါဘူး.. အဲဒီဘာသာခြား စာရေးဆရာတွေဟာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ၊ သဘောသဘာဝအမှန်ကို
လက်တွေ့ကျင်ကြံမှုအပိုင်း.. လုံးဝမရှိပဲ.. ပျောက်သောသူ ရှာဖွေသလို
ဗုဒ္ဓဘာသာကို ခုနှစ်သက္ကရာဇ်၊ သမိုင်းအမှတ်အသားတွေထဲမှာ..ရှာဖွေသုံးသပ်ကြသူတွေ ဖြစ်တယ်..

တကယ်တော့ လက်ရှိအထင်အရှား ရှိနေတဲ့ ဗုဒ္ဓဘာသာရဲ့ အဖြစ်မှန်တွေကို အမှန်တကယ်သိချင်ရင်..
အရင်အားထုတ်လေ့လာ ကြည့်ရမှာပါ.. လောကရဲ့ အမှန်တရားတွေကို မြင်နိုင်တဲ့ အသိဥာဏ်
အထိုက်အလျောက် ရလာတော့မှ.. ဗုဒ္ဓရဲ့မဟာဥာဏ်တော်ကြီးကို အရိပ်အမြွတ်
သိနားလည်လာနိုင်တာပါ.. အနှစ်သာရကို သင့်တင့်အောင်နှလုံး သွင်းနိုင်တဲ့ အသိဥာဏ်ရှိမှ
ပြင်ပဗဟိဒ္ဓိကိစ္စတွေကို သမာသမတ်ကျစွာ ဆင်ခြင်နိုင်မှာပါ..
အခုတော့ လေ့လာသိရှိထားတဲ့ သမိုင်းနယ်ပယ် ခပ်ကျဉ်းကျဉ်းလေးကိုပဲ ဗဟိုပြုပြီး




ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး
====================

အကြိမ်ကြိမ် ရောက်သည်။ သို့သော် အံ့ဖွယ် ၉ ပါး စုံအောင် တစ်ခါမှ မရောက်၊ ဘယ်နားမှာ ရှိမှန်း မသိတာလဲ ပါမည်။ ထိုအတွက်ကြောင့် အလွယ်တကူ မှတ်မိနိုင်စေရန် စုစည်းဖော်ပြပေးလိုက်ပါသည်။
===================================
၁။ပတ္တမြားမျက်ရှင် ဘုရား
၂။ဝိဇ္ဇာဇော်ဂျီ ဘုရား
၃။ရှင်စောပု ဘုရား
၎။ဆံတော်တွင်း ရုပ်ပွားတော်
၅။ရှင်အဇ္ဇာဂေါဏ ဘုရား
၆။ဘိုးဘိုးအောင် ဂူဘုရား
၇။ရှင်မထီး ဘုရား
၈။လက်ပက်လက်ဘုရား
၉။ပြဒါးရှင် ဘုရား
တို့ဖြစ်ကြသည်။


ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး
====================
အကြိမ်ကြိမ် ရောက်သည်။ သို့သော် အံ့ဖွယ် ၉ ပါး စုံအောင် တစ်ခါမှ မရောက်၊ ဘယ်နားမှာ ရှိမှန်း


၁။ လင်နဲ့ အိမ်သူအိမ်သားတွေ မထခင် အိပ်ရာမှ ထရခြင်း လင်နဲ့ အိမ်သူအိမ်သားတွေနောက်မှ အိပ်ရခြင်း၊ ဘာလုပ်ရမလဲ ၊ ဘာလုပ်ရမလဲ လို့ လုပ်ရမယ့် ကိစ္စကို လင်အားမေးကာ နားစွင့်က နေရခြင်း
လင်ရဲ့ မြတ်နိုးဖွင့် ရာကိုသာ ပြုလုပ်ရခြင်း? လင်အား ချစ်ဖွယ်စကားကို သာပြောဆိုရခြင်း။

၂။ လင်ရဲ့ မိဘ၊ သမဏ၊ ဗြာဟ္မဏ သူတော်ကောင်းတွေကို အရိုအသေ ပြုရခြင်း၊ လေးစားရခြင်း၊ မြတ်နိုးရခြင်း၊ ပူဇော်ရခြင်း ၊ကိုယ့်ထံရောက်လာတဲ့ ဧည့်သည် တို့ကိုလည်း နေရာ၊ ရေဖြင့် ပူဇော်ရခြင်။

၃ ။ လင်ရဲ့အတွင်းလုပ်ငန်းဖြစ်တဲ့ သိုးမွေး၊ ၀ါချည်လို လုပ်ငန်းတွေမှာ ကျွမ်းကျင်ရခြင်း ၊ မပျင်းရခြင်း၊ စူးစမ်းရခြင်း ၊ကိုယ်တိုင် လုပ်နိုင်ရခြင်း၊ သူတစ်ပါးကို စီမံနိုင်ခြင်း။

၎။ လင်ရဲ့ အတွင်းလူ၊ ကျွန်၊ အလုပ်သမားတွေရဲ့ အလုပ်လုပ်တာ၊ မလုပ်တာကို သိရခြင်း၊ မကျန်းမာသူတွေရဲ့ အင်အား ရှိမရှိကိုသိကာ ပေးသင့်တာကို ပေးရခြင်း၊ လုပ်ပေးသင့်တာကို


နှစ်သစ်ဆုတောင်းစာ

သူငယ်ချင်းမိတ်ဆွေတွေ အားလုံးပဲ နှစ်သစ်မင်္ဂလာပါလို့ ဆုတောင်းပေးပါတယ်... ဒီနှစ်သင်္ကြန်ရက်အတွင်းမှာ စိတ်ညစ်စရာ စိတ်ပျက်စရာ စိတ်အနှောက်အယှက်ဖြစ်စရာ သတင်းတွေ မကြားရ မသိရ မမြင်ရတာ ဒီနှစ်သစ်အတွက် ထူးထူးခြားခြား မင်္ဂလာပါပဲ... ကျွန်တော်ကတော့ သင်္ကြန်တွင်း ကာလပတ်လုံး ဒုလ္လဘရဟန်းဘ၀နဲ့ပဲ နေထိုင်ခဲ့ပါတယ်... ဘုန်းကြီးကျောင်းမှာနေရင်း ဆေးရုံးကားသံတွေခဏခဏ ကြားမိတာတော့ စိတ်ထဲသိပ်ပြီးတော့ မပျော်လှပါဘူး... ကျွန်တော်တို့နေထိုင်ရာ မြန်မာပြည်ကြီးနှင့် ကမ္ဘာမြေကြီးက ၃၁ ဘုံကျင်လည်ကုန်သော သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာ ချမ်းသာကြပါစေလို့ နှစ်သစ်တောင်းဆုချွေပေးလိုက်ပါတယ်... ပျော်ရွှင်စွာနဲ့ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်
ကို ကြိုဆိုကြရအောင်ပါ...။

တောင်းပန်စာ

ကျွန်တော်လည်း ဒီ Blog အသုံးပြုထားတဲ့ email ပြဿနာ (သူတစ်ပါးနှောက်ယှက်မှု)ကြောင့် blog မှာတင်ထားတဲ့ ဓါတ်ပုံတွေ အားလုံးအဖျက်ခံလိုက်ရပါတယ်... အကုန်လုံးပါပဲ... တစ်ပုံမှမကျန်ပါဘူး... ကျွန်တော် စိတ်ဓါတ်တွေကျနေပြီး ပိုစ့်လည်းမတင်ဖြစ်တော့ပါဘူး... ဒါပေမယ့် ကျွန်တော်မှ ပြန်မတင်ရင်လည်း ဒီ blog လေးဟာ မကြာခင်သေဆုံးသွားတော့မှာကို မြင်ယောင် လာပါတယ်... အဲလိုတော့ အဖြစ်မခံနိုင်ဖူးဆိုတဲ့ စိတ်ကိုတင်းပြီး ကျွန်တော် ဒီ blog လေးကို ဒီကနေ့ကစ တဖြည်းဖြည်း ပုံတွေ update ပြန်လုပ်ပါ့မယ်... အကုန်လုံး အရင်အတိုင်းဖြစ်အောင် ပြန်ပြုလုပ်ရင်း update post တွေကိုလည်း တတ်နိုင်သလောက်တင်သွားပြီးပါ့မယ်လို့ ဒီ blog ကိုဝင်ရောက်လည်ပတ်ကြတဲ့ မိတ်ဆွေတွေကို တောင်းပန်ရင်း ကတိပေးပါရစေ...

(ဓါတ်ပုံကို ကူးယူဖော်ပြခွင့်ပေးတဲ့ ကိုရဲအောင်သူ (YAT Photography) ကိုကျေးဇူးတင်ရှိပါသည်။)