HAZY LIFE


၁။ လင်နဲ့ အိမ်သူအိမ်သားတွေ မထခင် အိပ်ရာမှ ထရခြင်း လင်နဲ့ အိမ်သူအိမ်သားတွေနောက်မှ အိပ်ရခြင်း၊ ဘာလုပ်ရမလဲ ၊ ဘာလုပ်ရမလဲ လို့ လုပ်ရမယ့် ကိစ္စကို လင်အားမေးကာ နားစွင့်က နေရခြင်း
လင်ရဲ့ မြတ်နိုးဖွင့် ရာကိုသာ ပြုလုပ်ရခြင်း? လင်အား ချစ်ဖွယ်စကားကို သာပြောဆိုရခြင်း။

၂။ လင်ရဲ့ မိဘ၊ သမဏ၊ ဗြာဟ္မဏ သူတော်ကောင်းတွေကို အရိုအသေ ပြုရခြင်း၊ လေးစားရခြင်း၊ မြတ်နိုးရခြင်း၊ ပူဇော်ရခြင်း ၊ကိုယ့်ထံရောက်လာတဲ့ ဧည့်သည် တို့ကိုလည်း နေရာ၊ ရေဖြင့် ပူဇော်ရခြင်။

၃ ။ လင်ရဲ့အတွင်းလုပ်ငန်းဖြစ်တဲ့ သိုးမွေး၊ ၀ါချည်လို လုပ်ငန်းတွေမှာ ကျွမ်းကျင်ရခြင်း ၊ မပျင်းရခြင်း၊ စူးစမ်းရခြင်း ၊ကိုယ်တိုင် လုပ်နိုင်ရခြင်း၊ သူတစ်ပါးကို စီမံနိုင်ခြင်း။

၎။ လင်ရဲ့ အတွင်းလူ၊ ကျွန်၊ အလုပ်သမားတွေရဲ့ အလုပ်လုပ်တာ၊ မလုပ်တာကို သိရခြင်း၊ မကျန်းမာသူတွေရဲ့ အင်အား ရှိမရှိကိုသိကာ ပေးသင့်တာကို ပေးရခြင်း၊ လုပ်ပေးသင့်တာကို

လုပ်ပေးရခြင်း၊ အတွင်းလူ တွေအား .. စားဖွင့် ၊ ခဲဖွယ်တွေကို ရသင့်တဲ့ အတိုင်းအတာနဲ့ ပေးရခြင်း။

၅။ လင်က စုဆောင်းရှာဖွေထားတဲ့ ဥစ္စာ၊ စပါး၊ ရွှေ၊ငွေတွေကို မပျောက် မပျက်အောင် ထိန်းသိမ်းစောင့်လျှောက်ရခြင်း၊ အခြားယျော်းတွေနဲ့ မရှုပ်ရ၊ သေရည်အရက် မသောက်ရ၊ မခိုးရ ၊ ပစ္စည်းတွေကို မဖျက်ဆီးရခြင်း။

အဲဒီအချက်ငါးမျိုးနဲ့ ပြည့်စုံတဲ့ အမျိုးသမီးဟာ သေရင် နိမ္မာနရတိ နတ်ပြည် ကို ရောက်ရတယ်။

သာမဏေကျော်

အားလုံးကိုချစ်ခင်လေးစားစွာဖြင့

ပန်းကဗျာ

ဧရာဝတီစာကြည့်တိုက်

----------------------------
ဓမ္မလမ်းပြကြယ်

Royal Hero Media


(ကျွန်တော့်ကို အမြင်စောင်းနေသူတွေရှိပါတယ်... အဲဒါကတော့ မိန်းမပျက် အင်္ဂါ ၂၅ ချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ပိုစ့်တင်ခဲ့မိလို့ပါ... ကျွန်တော် ဘာသာရေးပိုစ့်တင်တယ်ဆိုတာ ကိုယ်တိုင်ရေးတွေနည်းပြီး သံဃာတော်အရှင်သူမြတ်တွေဆီကနေ တဆင့်ပြန်လည်ကူးယူမျှဝေတာ များပါတယ်... အမြင်မစောင်းစေဖို့ တောင်းပန်ပါတယ်... ဒါတွေဟာ ရှေးခေတ်မြန်မာဗုဒ္ဓဘာသာအမျိုးသမီးတွေရဲ့ လူမှုဘ၀ကို ချိန်ထိုးကြည့်ရင် အများကြီး သိသာလာမှာပါ... အရမ်းကာရော လျှောက်ရေးနေတဲ့ စိတ်ကူးယဉ်တွေမဟုတ်ပါဘူး... အဲဒီတော့ အမြင်စောင်းမယ်ဆိုလည်စောင်းပါ ဒေါသထွက်လည်းထွက်ကြပါ ကျွန်တော်ကတော့ တင်စရာရှိရင် တင်လိုက်မှာပါပဲ... စိတ်ချပါ... ယောင်္ကျားပျက်ယောင်္ကျားမိုက် တွေအကြောင်းလည်းလာပါ့မယ်... ယောင်္ကျားကောင်းယောင်္ကျားမြတ်တွေ
အကြောင်းလည်း လာပါ့မယ်ဗျာ...)

ဇင်မျိုး

2 Responses so far.

  1. Anonymous says:

    hehehehehhe, .. ယောင်္ကျားပျက်ယောင်္ကျားမိုက် တွေအကြောင်းလည်းလာပါ့မယ်... ae`di lo post myoo ko lae`read chin par tae shint.. myaw nay mae naw.. post twe di lout read lar tar lay.. ta khar mha ယောင်္ကျားပျက်ယောင်္ကျားမိုက် တွေအကြောင်: post twe ta khar mha ma phat mi par larr shint.. . thank for sharing bro..

  2. Anonymous says:

    hehehhee.. ယောင်္ကျားပျက်ယောင်္ကျားမိုက် တွေအကြောင်းလည်း phat chin par tae shint.. di lout post twe ko read lar liet tar ta khar mha di lo ယောင်္ကျားပျက်ယောင်္ကျားမိုက် တွေအကြောင်း post twe ko ma read buu tay woo shint... bar pyit lo lu twe ka di lo post myoo kya dot ma yaee tar lae`ti wo naw.. phat chin par tae shint.. myaw nay mae naw.. post ko.. thank for sharing

Leave a Reply