HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label ဘာသာခြား. Show all posts
Showing posts with label ဘာသာခြား. Show all posts



ပို့ စ်တင်ရခြင်း၏ ရည်ရွယ်ချက် >>>>

ဗုဒ္ဓဘာသာကျမ်းတွင်ရှိသော ဘုရားဟော မြင့်မိုရ်တောင်ကို ဘာသာခြားသူငယ်ချင်းများက
သိချင်နေ၍ တင်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် ရှင်းပြချက်မှာ ဘာသာခြားများ
သာမန်သိမြင်နိုင်တဲ့ပုံစံဖြင့်သာ ရှင်းပြပေးထားခြင်းဖြစ်ပါတယ်။



ဖွင့်ဆိုချက် >>>>

မြင့်မိုရ်တောင်ဟာ ဘယ်နားမှာရှိလဲဆိုတာကို ဖြေဆိုဖို့ အတွက်အရင်ဆုံး
ကျမ်းညွန်းကိုပြောဆိုပေးပါ့မယ်။
ဗုဒ္ဓမြတ်စွာ ဒေသနာတွင် ကမ္ဘာဦး (လောကဓါတ် အစပြုရာ) အကြောင်းကို


► သုတ္တန်ပိဋကတ် ဒီဃနိကာယ် ပါထိက၀ဂ် အဂ္ဂညသုတ်မှာ ဗုဒ္ဓဘုရားရှင်
ဟောတော်မူထားသည်ဖြစ်ရာ ထိုသုတ္တန်ကို ပါဠိနှင့်တကွ လေ့လာမှပိုသိမြင်ပါလိမ်မယ်။
http://myanmarsutta.net/%E1%80%92%E1%80%AE%E1%80%83%E1%80%94%E1%80%AD%E1%80%80%E1%80%AC%E1%80%9A%E1%80%B9/%E1%80%92%E1%80%94-%E1%81%82%E1%81%87-%E1%80%A1%E1%80%82%E1%81%A2%E1%80%8A%E1%80%9E%E1%80%AF%E1%80%90%E1%80%B9/
မြတ်စွာဘုရားဟောတော်မူသည်မှာ -
http://www.tipitaka.org/mymr/
.
(ပါဠိမူရင်း)
========
‘‘ဟောတိ ခေါ သော, ဝါသေဋ္ဌ, သမယော ယံ ကဒါစိ ကရဟစိ ဒီဃဿ အဒ္ဓုနော အစ္စယေန အယံ လောကော ဝိဝဋ္ဋတိ။ ဝိဝဋ္ဋမာနေ လောကေ ယေဘုယျေန သတ္တာ အာဘဿရကာယာ စဝိတွာ ဣတ္ထတ္တံ အာဂစ္ဆန္တိ။ တေဓ ဟောန္တိ မနောမယာ ပီတိဘက္ခာ သယံပဘာ အန္တလိက္ခစရာ သုဘဋ္ဌာယိနော စိရံ ဒီဃမဒ္ဓါနံ တိဋ္ဌန္တိ။ (အဂ္ဂည ၁၁၉)


(မြန်မာပြန်အနက်)
============
" ကာလကြာရှည်သော် လောကဓါတ်သည်ပျက်၏။ ထိုအခါ သတ္တ၀ါတို့သည် အများအားဖြင့် အာဘဿရဘုံ၌ ဖြစ်ကုန်၏။ ကာလကြာသော် လောကဓါတ်တည်ပြန်၏။ ထိုအခါ သတ္တ၀ါတို့သည် အာဘဿရဘုံမှ စုတေ၍ ဤလောကဓါတ်အသစ်သို့ ရောက်လာကြ၏။ " ဆိုပြီး ဗုဒ္ဓမြတ်စွာဘု၇ားရှင်က ဟောကြားတော်မူခဲ့ပါတယ်။
.
ဒီနေရာမှာပြောလိုတာက အာဘဿရဘုံမှ စုတေလာသော သူများကို
' ရှေးဟောင်းလူသား မူလ မနုဿာ/ ပေါရာဏ မနုဿာ' ဟုဟောတော်မမူပဲ 'သတ္တာ / သတ္တဿ' ဟူ၍ ယေဘူယျသဘောအားဖြင့် 'ထင်ရှားဖြစ်လာသော သက်ရှိ' ဟုသာ ဘုရားရှင်က ဟောပြောထားတာကို တွေ့ ရပါတယ်။
.
ကမ္ဘာဦးအစ လောကဓာတ်အစကို ဟောကြားတဲ့နေရာမှာ နေလနက္ခတ်များမရှိ၊ ထိုသူများတောင့်တမှသာ ဖြစ်လာသည် ဟူသော မိန့်ကြားချက် ကို ဘာသာခြားများက ရီစရာတစ်ခုဆိုပြီး ပြောနေတာကိုတွေ့ နေရပါတယ်။ အမှန်မှာ ထိုသို့ နေလနက္ခတ်များ မရှိကြောင်း ဗုဒ္ဓက မိန့်ကြားချက် တစ်ချက်ပင်မရှိဘူးဆိုတာကို ပါဠိနဲ့ တကွ သက်သေပြပေးမှ သဘောပေါက်မှာဖြစ်ပါတယ်။
.
ဆက်လက်ပြီး မြတ်စွာဘုရားဟောတော်မူသည်မှာ-
http://www.tipitaka.org/mymr/
(ပါဠိမူရင်း)
========
‘‘ဧကောဒကီဘူတံ ခေါ ပန, ဝါသေဋ္ဌ, တေန သမယေန ဟောတိ အန္ဓကာရော အန္ဓကာရတိမိသာ။ န စန္ဒိမသူရိယာ ပညာယန္တိ, န နက္ခတ္တာနိ တာရကရူပါနိ ပညာယန္တိ, န ရတ္တိန္ဒိဝါ ပညာယန္တိ, န မာသဍ္ဎမာသာ ပညာယန္တိ, န ဥတုသံဝစ္ဆရာ ပညာယန္တိ, န ဣတ္ထိပုမာ ပညာယန္တိ, သတ္တာ သတ္တာတွေဝ သင်္ချံ ဂစ္ဆန္တိ။ '' (အဂ္ဂည ၁၂၀)
.
(မြန်မာပြန်အနက်)
============
'ထို (ကမ္ဘာဦး) အခါ၌ ရေပြင်ကျယ်ကြီးသာရှိ၏။ မမြင်နိုင်လောက်အောင် မှောင်၏။ အလွန်မှောင်၏။ လနေတို့သည် ထင်ထင်ရှားရှားမရှိ။ ' စသည်ဖြင့်သာ ဟောထားပါတယ်။
'န စန္ဒိမသူရိယာ ပညာယန္တိ = စန္ဒိမသူရိယာ၊ လနေ တို့သည်။ န ပညာယန္တိ၊ ထင်ထင်ရှားရှားမရှိ။' ဟူသော ဗုဒ္ဓ၀စနသည် ' နတ္ထိ စန္ဒိမသူရိယာ၊ လနေ တို့ လုံးဝမရှိ' ဟူသော စကားနှင့် လားလားမျှ တူညီခြင်းမရှိပါဘူး။ ထို့အတူ 'သတ္တာ သတ္တာတွေဝ သင်္ချံ ဂစ္ဆန္တိ၊ သက်ရှိတို့သည် သက်ရှိဟု ခေါ်ဝေါ်ရေတွက်ခြင်းသို့ သာ ရောက်ကုန်၏ လို့ သာဟောပါတယ်။
.
အဓိပါယ်ရှင်းလင်းချက် >>>>
န = အထင်အရှားမရှိ၊ ထင်ထင်ရှားရှားမရှိ
နတ္ထိ = မရှိ၊ လုံးဝမရှိ
ပါဠိတော်တွင်ပါရှိသော စကားမှာ ( န စန္ဒိမသူရိယာ ပညာယန္တိ ) ဖြစ်ပါတယ်။
( နတ္ထိ စန္ဒိမသူရိယာ ပညာယန္တိ ) ဟုဖော်ပြခြင်းလုံးဝ မဟုတ်ပါဘူး။
( ဘာသာခြားများက စကားကပ်ပြီး စကားနိုင်လုခြင်းအတွက် ဖြေရှင်းပြထားပါတယ် )
.
ဆက်လက်ပြီးရှင်းပြလိုတာက >>>
လောကဓါတု(ပါဠိလို) = လောဓာတ်(မြန်မာလို) = (စကြာဝဠာတစ်ခု)သိပ္ပံအခေါ်
တို့ ပဲဖြစ်ပါတယ်။
လောဓာတ်တစ်ခုမှာ မြင့်မိုရ်တောင်၁ခု၊ တောင်စဉ်ခုနှစ်လုံး၊ ကျွန်းကြီး၎ကျွန်း နဲ့ 
နေ ၊ လ တို့ ပါဝင်ပြီး ကျွန်းငယ်ပေါင်းများစွာ ရှိကြပါတယ်။
မြင့်မိုရ်တောင်ဟာ လောကဓာတ်တစ်ခု အလယ်ဗဟိုမှာရှိခြင်းဖြစ်ပါတယ်။
ဆိုလိုသည်မှာ စကြာဝဠာတစ်ခုအလယ်ဗဟိုကို မြင့်မိုရ်တောင်ဟု ခေါ်ဆိုတာပါ။
ဘာသာခြားများက ကမ္ဘာထဲမှာရှိတယ်လို့ ထင်နေကြတယ်။

မြင့်မိုရ်တောင်ထိပ်သည် တာဝတိံသာနတ်တို့ ၏ နေထိုင်ရာဘုံဌာနဖြစ်ပါတယ်။
မြင့်မို၇်တောင်အလယ်ပိုင်းမှအောက်အထိသည် စတုမဟာရာဇ်နတ်တို့ နေထိုင်ရာ
ဘုံဌာနဖြစ်ပြီး၊ အောက်ခြေမှာ အသူရကာယ်နတ်များ၊ ဘီလူများ၊ နဂါးများနေထိုင်ပါတယ်။
ဒါကြောင့် မြင့်မိုရ်တောင်ကို သာမာန်လူသားများ ဘယ်လိုမှမြင်တွေ့ နိုင်မှာမဟုတ်ပါဘူး။
အကြောင်းကတော့ နတ်ခန္ဓာကိုယ်များသည် လူ့ ခန္ဓာကိုယ်ထက်အလွန်သိမ်မွေ့ သော
ပရမာအဏုမြူများဖြင့် ဖွဲ့ စည်းထားသော ရုပ်တရားများဖြစ်သောကြောင့် မမြင်တွေ့ ရခြင်းပဲ
ဖြစ်ပါတယ်။ ထိုထက်ပိုပြီးသိမ်မွေ့ သော ခန္ဓာကိုယ်များမှာ ဗြဟ္မာများဖြစ်ကြပါတယ်။
နတ်၊ ဗြဟ္မာများကို သာမာန်လူသားများ ဘယ်နည်းနဲ့ မှမြင်တွေ့ နိုင်ခြင်းမရှိပါဘူး။
သမထတန်ခိုး၊ ဈဉ်အဘိညာဉ်တန်ခိုးဖြစ်သော ဒိဗ္ဗစက္ကုဖြင့်သာ မြင်တွေ့ နိုင်မှာဖြစ်ပါတယ်။
.
ဥပမာ ၁) ( မိုက်ခရိုစကုတ် ဥပမာ )
======================
အလွန်ကြည်လင်သော ဖန်ခွက်ထဲရှိ ရေကို ဘာမှမရှိ၍ ကျွန်တော်တို့ သာမာန်လူတွေကအားရပါးရ မျိုချသောက်သုံးနေခြင်း ဖြစ်ပါတယ်။
အကယ်၍ မိုခရိုစကုတ်ကို ပိုင်ဆိုင်သော လူတစ်ယောက်က ထိုကြည်လင်နေသော ရေထဲကို ကြည့်လိုက်မယ်ဆိုရင် ပိုးမွှားပေါင်း သိန်း သန်း ကုဋေ ကုဋာ မက လှုပ်ရှားသွားလာနေကြ သည်ကို မြင်တွေ့ နိုင်မှာပဲ ဖြစ်ပါတယ်။
ဒါကို သာမာန်လူက သူ့ ၏ပကတိ မျက်စိဖြင့် မမြင်တွေ့ နိုင်တိုင်းထိုဖန်ခွက်ထဲ၌ ရှိသောရေထဲတွင် ဘာမှမရှိဘူးဆိုပြီး ငြင်းဆိုနေမယ် ဆိုပါလျှင် ငြင်းဆိုနေသူသာ မှားယွင်းနေပါလိမ့်မယ်။
မိမိကိုယ်တိုင် မြင်တွေ့ ချင်ပါလျှင် မိမိကိုယ်တိုင် မိုက်ခရိုစကုတ် ကို ရရှိအောင် ကြိုးစားမှ မှန်ပါလိမ့်မယ်။
.
ဥပမာ ၂) ( အဝေးကြည့်မှန်ပြောင်း ဥပမာ )
============================
နှင်းဆီပန်း တစ်ပွင့်ကို ၁၀ ပေ အကွာတွင် ထားပါက ။
လူတို့ မျက်စိဖြင့် မြင်နိုင်စွမ်း ရှိကြပါတယ်။
သို့ သော် ထိုနှင်းဆီပန်းကိုပဲ မိုင်ထောင်ချီဝေးကွာလှတဲ့နေရာမှာ ထားလိုက်မယ်ဆိုရင် သာမာန်လူတို့ ၏ ပကတိမျက်စိဖြင့် မြင်နိုင်စွမ်း မရှိတော့ပါ။ ထိုသို့ မမြင်နိုင်သော်လည်း မိုင်ထောင်ချီဝေးကွာသောအရပ်တွင် ထိုနှင်းဆီပန်းပွင့်သည် တည်ရှိနေခြင်းသာ ဖြစ်ပါတယ်။ ထိုနှင်းဆီပန်းပွင့်ကို မိုင်ထောင်ချီဝေးတဲ့ အဝေးကြည့်မှန်ပြောင်း၊ လကမ္ဘာသို့ ကြည့်ရှု့ နိုင်သော သိပ္ပံမှန်ပြောင်းထို့ ဖြင့် ကြည့်ရှု့ မည်ဆိုပါက အထင်းသားတွေ့ မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ မိမိမျက်စိဖြင့် မမြင်နိုင်တိုင်း မရှိဘူးဆိုပြီး ငြင်းဆို၍မရနိုင်ပါဘူး။ အကြောင်းကတော့
မိမိကိုယ်တိုင် မြင်တွေ့ ချင်ရင် မိမိကိုယ်တိုင် ထိုမြင်နိုင်သော အရာကို ပိုင်ဆိုင်ရရှိအောင် လုပ်ဆောင်ခြင်းမှ တပါး အခြားမရှိနိုင်ပါလို့ ပဲ ပြောလိုပါတယ်။
.
ဥပမာ ၃) ဒေးဗစ်ကော်ပါဖီးလ် ( David Copperfield )
==================================
http://en.wikipedia.org/wiki/David_Copperfield_%28illusionist%29
သာမာန်လူသားတစ်ယောက်ဖြစ်တဲ့ David Copperfield တောင်မှ
လူမြင်ကွင်းနေရာများတွင် တကယ့် မီးရထား၊ တကယ့် လေယာဉ်ပျံ၊ တကယ့်သင်္ဘော၊
လေဘာတီရုပ်တုကြီး နဲ့ အရာဝတ္ထုများကို ဖျောက်ပြနိုင်ခဲ့ရင်
သာမာန်လူတစ်ယောက်ထက် စိတ်တန်ခိုး၊ ကံစွမ်းသတ္တိပြည့်ဝသော နတ်၊ သိကြားများက
၎င်းတို့ နေထိုင်ရာ မြင့်မိုရ်တောင်လောက်ကို ဖျောက်ထားခြင်းမှာ ခက်ခဲသောအလုပ်မဟုတ်
ဆိုတာကို ကောင်းကောင်းသဘောပေါက်မယ်ဆိုရင် ဘာသာခြားများသိမြင်နိုင်ပါလိမ့်မယ်။
.
ဥပမာ ၄) မားစ်ဂြိုလ်
========== ===
ကမ္ဘာနှင့်အနီးဆုံးဖြစ်သော မားစ်ဂြိုလ်ကိုတောင် သိပ္ပံမှန်ပြောင်းဖြင့်ကြည့်မှ
မြင်နိုင်တာကိုတွေ့ ရပါတယ်။ ကမ္ဘာပေါ်မှာနေကြသော သာမန်လူသားများက
မင်တွေ့ နိုင်ပါ့မလား။ သေချာစဉ်းစားစေချင်ပါတယ်။ ကမ္ဘာနဲ့ အနီးဆုံး
မားစ်ဂြိုလ်ကိုတောင် မြင်နိုင်စွမ်းမရှိရင် လောကဓာတ်တစ်ခုအလယ်၊ စကြာဝဠာ
တစ်ခုရဲ့ အလယ်ဗဟိုမှာတည်ရှိသော မြင့်မိုရ်တောင်မြင်တွေ့ ချင်တယ်လို့ ပြောနေသော
ဘာသာခြားများသည် မဖြစ်နိုင်သောအတွေးအခေါ်များကို တွေးခေါ်ပြီးစိတ်ကူးယာဉ်နေခြင်း
သာဖြစ်ပါတော့တယ်။
.
ဒီနေရာမှာ ကျွန်တော့်အနေဖြင့် တစ်ခုပြောကြားလိုတာက အစ္စလာမ်ဘာသာဝင်
မွတ်စလင်များက မြင့်မိုရ်တောင်၊ ငရဲ ၈ ထပ်၊ နတ်ပြည် ၆ ဘုံ၊ ဗြဟ္မာ့ဘုံ ၂၀ တို့ ကို
သူတို့ မျက်စိဖြင့် မမြင်မတွေ့ နိုင်တိုင်း မရှိကြဘူးဆိုပြီး ငြင်းဆိုနေ ကြခြင်းပဲ ဖြစ်ပါတယ်။ ဘာသာခြားများအပါအ၀င် သာမာန်လူသားများဟာ ပကတိမျက်စိများသာ ရှိကြပါတယ်။ ဈာဉ်အဘိညာဏ်တန်ခိုး ၊ ဒိဗ္ဗစက္ကု ဖြင့်သာမြင်တွေ့ နိုင်သော ဘုံဌာနများပင် ဖြစ်ကြပါတယ်။
ဗုဒ္ဓဘာသာတွင် ထိုသို့ သော် ဈဉ်အဘိညာဏ်တန်ခိုးများကို ပိုင်ဆိုင်နိုင်ဖို့ ရာ
ဗုဒ္ဓဘုရားရှင်သည် သမထကျင့်စဉ်၊ ဈဉ်ကျင့်စဉ်ဖြစ်သော ကမ္မဌာန်းနည်း ၄၀ ကို
အတိအလင်း အဘိဓမ္မာတွင် ဟောကြားထားခဲ့ပါသည်။ ထိုကျင့်စဉ် နည်း
၄၀ အနက် မိမိတို့ နှစ်သက်ရာ ကျင့်စဉ်နည်းကို ရွေးချယ်၍
ကျင့်ကြံအားထုတ်မယ်ဆိုပါက ဘုရား ၊ ပစ္စေကဗုဒ္ဓ၊ ရဟန္တာများ နှင့် ဈာဉ်ရပုဂ္ဂိုလ်များ မြင်တွေ့ နိုင်သောမြင့်မိုရ်တောင်၊ ငရဲ ၈ ထပ် ၊ နတ်ပြည်
၆ ဘုံ နှင့် ဗြဟ္မာ့ဘုံ ၂၀ တို့ ကိုကောင်းစွာ မြင်တွေ့ နိုင်ကြမှာပဲ ဖြစ်ပါတယ်လို့ ပြောလိုပါတယ်။ အခြားသော ဘာသာများ မှာကဲ့သို့  နောင်ဘ၀ရောက်မှ သေလွန်ပြီးမှ မြင်တွေ့ နိုင်မယ့်အရာမျိုး ဗုဒ္ဓဘာသာတွင် လုံးဝ မရှိပါဘူး။ ဗုဒ္ဓတရားတော်များသည် ယခုကျင့်ကြံမည်ဆိုပါက ယခုတရားထူးကို သိမြင်နိုင်သော သတ္တိအထူးရှိတဲ့ တရားတော်များပဲ ဖြစ်ကြပါတယ်။
ထိုကျင့်စဉ်နှင့်ပတ်သက်ပြီး ဥပမာ ပုံဆောင်ပြီး ပြောပြလိုပါသေးတယ်။
ဘာကြောင့်လဲ ဆိုရင် ဘာသာခြားများက မကျင့်ဘဲနှင့် သိမြင်ချင်ကြပါတယ်။ လောကမှာ မိမိကိုယ်တိုင် မကျင့်ကြံဘဲ သိမြင်နိုင်တဲ့တရားမျိုး လုံးဝ မရှိပါဘူး။
အားလုံးပဲ အမှန်တရားကို သိမြင်နိုင်ကြပါစေဗျာ...
 
By

Kaung Myat Min Soe https://www.facebook.com/guidingstar112 ထံမှ ကူးယူဖော်ပြပါသည်...




ဘာသာခြားကမေးရင် ဘယ်လိုဖြေမလဲ (မြန်မာ-အင်္ဂလိပ်)

မေး။ ။ အရှင်ဘုရား တပည့်တော် အစ္စလမ်နဲ့ဗုဒ္ဓဘာသာရဲ့ ခြားနားချက်မေးခွန်းအနည်းငယ်ကို သိလိုပါတယ်ဘုရား။ တပည့်တော်သူငယ်ချင်း အစ္စလမ်တစ်ယောက် ဗုဒ္ဓဘာသာနဲ့ပတ်သတ်ပြီး မေးတဲ့အခါ တပည့်တော်ရှင်းလင်းအောင် မဖြေပေးနိုင်တဲ့အရာတွေရှိနေလို့မို့ တပည့်တော်မေးတဲ့ မေးခွန်းများကို အင်္ဂလိပ်လို ပြန်ဖြေပေးစေချင်ပါတယ်ဘုရား။

၁။ အစ္စလမ်ဘာသာဝင်တွေက ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတဲ့အရာအားလုံးကို အလ္လာဟ်က ဖန်ဆင်းထားတယ်လို့ ပြောတယ်ဘုရား။ အဲဒါနဲ့ တပည့်တော်က ဗုဒ္ဓဘာသာမှာက ဘာပဲလုပ်လုပ် ကံကံရဲ့အကျိုးကြောင့် ဖြစ်တယ်။ ကံကံရဲ့အကျိုးတရားအတိုင်း ပြန်လည်ခံစားရတယ်လို့ ပြောတဲ့အခါ သူငယ်ချင်းက ဒါဆို ကမ္ဘာမြေ၊ လ၊ နေ၊ တိရစ္ဆာန်၊ လူစတာတွေဟာ ဘယ်လိုလုပ်ပေါ်ပေါက်လာသလဲလို့ မေးပါတယ်။ ဒါနဲ့ တပည့်တော်က မင့်တို့အလ္လာဟ်ကိုရော ဘယ်သူဖန်ဆင်းသလဲလို့ ပြန်မေးတဲ့အခါ သူက မသိဘူးလို့ ပြောပါတယ်။ သူက သူ့ဘာသာအကြောင်း မရှင်းပြတတ်ပေမဲ့ တပည့်တော်က ကိုယ့်ဘာသာအကြောင်း ရှင်းပြချင်လို့ ဒီမေးခွန်းကို ဖြေပေးပါဦးဘုရား။

၂။ တပည့်တော်တို့ဟာ သူတစ်ပါးအသက်သတ်ရင်တော့ အပြစ်ဖြစ်တယ်ဆိုပြီး ဘာဖြစ်လို့ အသားငါးကျတော့ စားကြတာလဲတဲ့၊ အသားငါးစားတာဟာလည်း သူတစ်ပါးအသက်သတ် သလို ဖြစ်မနေဘူးလားတဲ့။ ဒါနဲ့ တပည့်တော်က ကိုယ်တိုင်မသတ်ဘူး။ သူများရောင်းလို့ ၀ယ်စားတာ၊ ရောင်းတဲ့လူမရှိရင် မစားဘူးလို့ပြောတဲ့အခါ သူငယ်ချင်းက ၀ယ်စားတာဟာလည်း ရောင်းတဲ့ လူသတ်အောင် အားပေးသလိုဖြစ်နေတဲ့အတွက် အပြစ်မဖြစ်ဘူးလားလို့ မေးပါတယ်ဘုရား။

၃။ ဗုဒ္ဓဘာသာဟာ ဘာကိုယုံကြည်ပါသလဲလို့ မေးပါတယ်ဘုရား။

၎။ ဗုဒ္ဓဆိုတာ ဘယ်သူလဲ။ ဗုဒ္ဓဟာ လူတစ်ယောက်ဆိုရင် မင့်တို့က ဘာဖြစ်လို့ ရှိခိုးရိုသေပေးနေရတာလဲ၊ သူ့မှာ တန်ခိုးတွေ မရှိဘူးလားလို့ မေးပါတယ်ဘုရား။ ဒီမေးခွန်းတွေကို တပည့်တော်လည်းတက်နိုင်သလောက်တော့ ဖြေပေးပါတယ်ဘုရား။ ဒါပေမဲ့ တပည့်တော် တိတိကျကျမဖြေနိုင်တာတွေရှိတဲ့အတွက် အရှင်ဘုရားအနေနဲ့ ဖြေပေးဖို့ရန် တောင်းဆိုလိုက် ရခြင်း ဖြစ်ပါတယ်ဘုရား။ တပည့်တော်ဟာ ဒူဘိုင်းမှာနေတဲ့လူမို့ အဲဒီကမူစလင်လူတွေနဲ့ပဲပေါင်းသင်းနေရပြီး ဗုဒ္ဓဘာသာသူငယ်ချင်းမရှိတဲ့အတွက် သူငယ်ချင်းမူစလင်တွေ က ကိုယ့်ဘာသာအကြောင်းမေးရင် သေချာမရှင်းပြနိုင်လို့ အခုမေးခွန်းတွေကို တပည့်တော်အားသနားသဖြင့် ဖြေဆိုပေးပါရန် လျှောက်ထားတောင်းပန်းအပ်သည်အရှင်ဘုရား။ ဦးတင်ပါတယ်ဘုရား။

ဖြေ။ ။ (၁) ကမ္ဘာမြေ၊ လ၊ နေ၊ လူစတဲ့အရာတွေဟာ လောကကြီးထဲမှာ ဖြစ်ပျက်နေတဲ့ သဘာဝတရားတွေမို့ တစ်စုံတစ်ယောက်မှ ဖန်ဆင်းထားတာ မဟုတ်ပါဘူး။ လောကမှာရှိတဲ့အရာတွေဟာ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်လာတဲ့အရာတွေကြီးပါပဲ။ ရှေးယခင်အချိန်ကာလများစွာက နေ၊ လတို့မဖြစ်ပေါ်သေးတာတွေ ရှိခဲ့ပါတယ်။ အဲဒီအခါတုန်းက နေလတို့မရှိတဲ့အတွက် ကမ္ဘာလောကကြီးဟာ အမှောင်ထုကြီးပဲ တည်ရှိနေခဲ့ရတာပါ။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ နေလတို့ဖြစ်ပေါ်လာတဲ့အခါကျမှ ကမ္ဘာပေါ်မှာ အလင်းရောင်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီလို နေတွေလတွေပေါ်လာလို့ အလင်းရောင်ရရှိခဲ့တဲ့အခါကျမှသာလျှင် နှစ်၊ လ၊ ရက်၊ ရာသီဥတုတွေကို လူတွေက သတ်မှတ် လာခဲ့ကြတာပါ။

ဗုဒ္ဓဘာသာတို့ရဲ့ အယူအဆအတိုင်း အကြောင်းကြောင့် အကျိုးဖြစ်လာတာလား၊ ဖန်ဆင်းရှင်ဝါဒတို့ရဲ့ ဖန်ဆင်းထားလို့ အရာဝတ္ထုလူတွေ ဖြစ်လာတာလားဆိုတာကို ရှင်းလင်းနားလည်အောင် ဥပမာပေးလေးတစ်ခုနဲ့ နှိုင်းယဉ်ပြောပြပေးပါမယ်။ မောင်နီဆိုတဲ့လူတစ်ယောက် ဖြစ်လာတာဟာ ဖန်ဆင်းရှင်က ဖန်ဆင်းပေးလို့ ဖြစ်လာတာလား။ သူ့ရဲ့မိဘနှစ်ပါးအတူအိပ်ခဲ့ကြလို့ ဒါမှမဟုတ် သူတို့ရဲ့ သွေးသားတွေ ရောစပ်ပေးလိုက်လို့ ဖြစ်လာတာလားဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ အဲဒီလိုစဉ်းစားကြည့်မယ်ဆိုရင် ဘယ်ရာမဆို အကြောင်းတရားမရှိဘဲ အကျိုးတရားဖြစ်မလာနိုင်ဘဲနဲ့ အကြောင်းကြောင့် အကျိုးတရားရလာဒ်များ ပေါ်ပေါက်လာတယ်ဆိုတာ သိသာထင်ရှားစွာ သိမြင်လာပါလိမ့်မယ်။ ဒါဆို လောကရှိအရာများဟာ ဘယ်သူမှဖန်ဆင်းပေးလို့မဟုတ်ဘဲ အကြောင်းတရားရှိခြင်းကြောင့် အကျိုးတရားတွေ ဖြစ်လာတဲ့အရာတွေဆိုတာ သိလောက်မယ် ထင်ပါတယ်။

အရာအားလုံးမှာ အတိတ်၊ မျက်မှောက်ဆိုတဲ့ ကြောင်းကျိုးလှုပ်ရှားပြုလုပ်မှုတွေကြောင့် ပျော်ရွှင်မှုတွေ၊ စိတ်ဆင်းရဲမှုတွေ ဖြစ်လာကြတာပါ။ မိမိက ပျော်ရွှင်အောင်လုပ်ခဲ့မယ်ဆိုရင် မိမိထံမှာ ပျော်ရွှင်မှုတွေရောက်လာမှာဖြစ်ပြီး မိမိက သူတစ်ပါးစိတ်ထိခိုက်အောင် လုပ်ခဲ့ပေးမယ်ဆိုရင် မိမိဆီကိုလည်း စိတ်ဒုက္ခရောက်စရာတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် မိမိတို့ရောက်ချင်တဲ့ နိဗ္ဗာန်ကိုလည်း မိမိတို့ဘာသာရောက်အောင် ပြုလုပ်ကြတာဖြစ်သလို မိမိတို့မရောက်ချင်တဲ့ ငရဲပြည်ကိုလည်း မိမိဘာသာပြုလုပ်ကြလို့ သွားကြရခြင်း ဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင် ဖန်တီးသူများဖြစ်ပြီး မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာ ပြုလုပ်ကြတာပါ။

ဥပမာ-ကြည့်မှန်တစ်ခုကိုယူပြီး အဲဒီမှန်ကို ကြည့်လိုက်တဲ့အခါမှာ မိမိမျက်နှာက ပြုံးနေရင် မှန်ထဲမှာ ပြုံးနေပုံလေး မြင်ရမှာဖြစ်သလို မိမိက ဒေါသထွက်စိတ်တိုနေပုံနဲ့ မှန်ကိုကြည့်ရင် မှန်ထဲမှာ အဲဒီအတိုင်းပဲ မြင်ရပါလိမ့်မယ်။ အဲဒီပြုံးပျော်ရွှင်ဝမ်းနည်းမှု ဒေါသထွက်မှုတွေကို တခြားတစ်စုံတစ်ယောက်က ဖန်ဆင်းပေးလို့ မှန်ထဲမှာပေါ်လာတာမဟုတ်ဘဲ မိမိတို့ကိုယ်တိုင် ဖန်ဆင်းလို့ မိမိတို့ဖန်ဆင်းသလို မှန်ထဲမှာ ပုံရိပ်ပေါ်လာခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် မိမိတို့က မျက်မှောက်မှာ သူတစ်ပါးကောင်းစားအောင်၊ သူတစ်ပါးအပေါ် စိတ်ထားကောင်းနဲ့ပြုလုပ်ပေးရင် အဲဒီပြုလုပ်ပေးတဲ့အရာတွေဟာ မိမိပြုလုပ်တဲ့အတိုင်း မှန်တွင်ပေါ်လာသလို ပြန်လည်ပုံဖော်ပေးမှာမို့ မိမိပုံဖော်ခဲ့တဲ့အတိုင်း ပြန်လည်ခံစားရပါလိမ့်မယ်။ မိမိက သူတော်ကောင်းအလုပ်လုပ်ရင် သူတော်ကောင်းအကျိုး ခံစားရမှာဖြစ်ပြီး မိမိက သူယုတ်မာအလုပ်လုပ်ရင် သူယုတ်မာအကျိုးကို ခံစားရပါမယ်။ မိမိက အများအကျိုးလုပ်ပေးရင် မိမိမှာလည်း အများကပြန်လည်ပေးဆပ်ကြမဲ့ ကောင်းကျိုးတွေ ပြန်လည်ရရှိမှာပါ။

မိမိက ကြည့်မှန်ထဲမှာ မျက်နှာကြီးရှုံ့မဲပြပြီး မှန်ထဲမှာ ပြုံရွှင်နေတဲ့ပုံစံလေး ပြန်ပေါ်လာချင်လို့တော့ မရသလို ဘယ်သူကမှလည်း လုပ်ပေးလို့မရပါဘူး။ မိမိစိတ်က ပြုလုပ်တဲ့အတိုင်း မိမိစိတ်မှာ ပြန်လည်သက်ရောက်လာမှာဖြစ်သလို မိမိနှုတ်၊ ကိုယ်တို့နဲ့ပြုလုပ်တဲ့အရာတွေကလည်း မိမိပြုလုပ်ခဲ့သလို ကောင်းတာဆိုရင် ကောင်းတာပြန်လာမှာဖြစ်ပြီး မကောင်းတာလုပ်ခဲ့ရင် မကောင်းတာတွေ ပြန်လာမှာပါ။ ဒါကြောင့် လူချင်းတူနေပေမဲ့ လှတာ၊ ချမ်းသာတာ၊ ပညာတတ်တာ၊ စိတ်ထားကောင်းတာစတဲ့အချက်တွေဟာ ကိုယ့်ပြုလုပ်ခဲ့တဲ့လုပ်ရပ်ပေါ်မှာမူတည်ပြီး အကျိုးပေးနေတာကြောင့် ကွဲပြားနေရတာပါ။ တကယ်လို့ လူအားလုံးကို ဖန်ဆင်းရှင်တစ်ဦးကသာ ဖန်ဆင်းပေးတာဆိုရင် လူလူချင်းမို့ ကျန်တာတွေလည်း တူနေရပါလိမ့်မယ်။

သက်ရှိမှာတောင် မိမိတို့ဖန်ဆင်းပြုလုပ်ထားတဲ့အတိုင်း ပြန်လည်ဖြစ်ပေါ်သေးတာဆိုရင် သက်မဲ့တွေမှာလည်း အကြောင်းကြောင့် အကျိုးတရားတွေ ဖြစ်ပေါ်လာကြတယ်ဆိုတာ ထူးထွေပြောစရာလိုမယ် မထင်ပါ။ ဥပမာ-သက်မဲ့တွေမှာလည်း မိုးရွာရင်၊ မြေသြဇာရှိရင် မြက်ပင်ဟာ ပေါက်လာမှာဖြစ်သလို မိုးမရွာရင်ဖြစ်စေ၊ မြေသြဇာ မရှိခဲ့ရင်ဖြစ်စေ မြက်ပင်ဟာ ပေါက်လာမှာမဟုတ်ပါဘူး။ အဲဒါကြောင့် သက်ရှိ၊ သက်မဲ့အရာအားလုံးဟာ အကြောင်းတရားပေါ်မူတည်ပြီး အကျိုးတရားတွေဖြစ်လာကြတာမို့ မည်သူကမှ ဖန်ဆင်းပေးစရာမလိုသလို ဖန်ဆင်းပေးလို့လည်း မရပါဘူး။

(၂) လူသားတွေရဲ့ ခန္ဓာကိုယ်ဓာတ်သဘာဝကြီးက အသားစားမှဖြစ်မယ်၊ အသားစားမှ လိုအပ်တဲ့ခန္ဓာကိုယ်စွမ်းအားတွေရှိပြီး ကျန်းမာအသက်ရှည်မယ်ဆိုရင် အသားကိုစားနိုင်ပါတယ်။ ဒါပေမဲ့ မိမိစားမဲ့အသားဟာ သူ့ဘာသာသူ ဘယ်လိုပုံစံနဲ့ဖြစ်စေ သေပြီးသားသတ္တ၀ါ ဖြစ်နေရပါမယ်။ မိမိကိုယ်တိုင်လည်း တိရစ္ဆာန်ကို မသတ်ရသလို သူတစ်ပါးကိုလည်း မသတ်ခိုင်းရ၊ မိမိစားမှာဆိုပြီးတော့လည်း သူတစ်ပါးက ပြုလုပ်မပေးရ၊ မိမိပယောဂလုံးဝမပါရပါ။ အဲဒီလိုဆိုရင်တော့ မိမိစားတဲ့အသားရဲ့သက်ရှိတိရစ္ဆာန်ဟာ မိမိနဲ့မည်သို့မည်မျှမှ ပတ်သတ်မှုမရှိတဲ့အတွက် အပြစ်မရှိပါပေ။ အဲဒီလိုမဟုတ်ဘဲ မိမိပယောဂတစ်ခုခုပါခဲ့ရင်ဖြစ်စေ၊ မိမိရှေ့မှာသတ်နေတာကိုမြင်နေရတဲ့ အသားငါးကိုဖြစ်စေ၊ မိမိကြိုတင်မှာထားလို့ သူတစ်ပါးကသတ်ပေးလိုက်ရင်ဖြစ်စေ အဲဒီလိုအသားငါးများကို စားမယ်ဆိုရင်တော့ မိမိမှာလည်း အပြစ်ရှိတာမို့ ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

တချို့သောလူတွေဟာ အသားငါးတော့ မစားကြပါဘူး။ ဒါပေမဲ့ စိတ်ဓာတ်ကျတော့ ညစ်ပစ်ယုတ်မာကြပါတယ်။ အဲဒီလို လူတွေနဲ့စာရင် စိတ်ဓာတ်ကောင်းပြီး အသားငါးစားတဲ့လူတွေကို လူကောင်းလို့ ခေါ်နိုင်ပါတယ်။ ဒါကြောင့် မိမိခန္ဓာကိုယ်ကြီးဟာ အသားငါးစားမှ ကျန်းမာသက်ရှည်မှာမို့ဖြစ်စေ၊ သစ်သီးသစ်ရွက်နဲ့ အသက်ဆက်ဖို့မဖြစ်နိုင်ရင်ဖြစ်စေ စိတ်ဓာတ်ကောင်းဖို့သည် အဓိကအကျဆုံးဖြစ်တာမို့ မိမိပယောဂမပါတဲ့ အသားငါးဆို စားချင်ပါက စားနိုင်ကြပါတယ်။

(၃) ရေကန်ထဲကို ကျောက်ခဲတစ်လုံး ပစ်လိုက်တဲ့အခါ အဲဒီကျောက်ခဲပစ်ချလိုက်တဲ့အရှိန်ကြောင့် ရေလေးတွေဟာ နဘေးကို လွင့်စင်သွားကြပေမဲ့ အချိန်တန်တဲ့အခါကျတော့ အဲဒီပစ်လိုက်တဲ့ ကျောက်ခဲဆီကိုပဲ ရေလေးတွေ ပြန် လာကြပါတယ်။ ဘောလုံးတစ်လုံးနဲ့ နံရံတစ်ခုကို ကန်လိုက်တဲ့အခါ မိမိကန်လိုက်တဲ့ဘောလုံးလေးဟာ နံရံကိုမှန်ပြီး မိမိဆီကိုပဲ ပြန်လာသလို မိမိလုပ်တဲ့ ကောင်းကံမကောင်းကံဟာ မိမိဆီပဲပြန်လာကြတာမို့ အဲဒါကို မလွဲမသွေ ခံစားကြရပါတယ်။ မိမိက ကောင်းတာလုပ်ရင် ကောင်းကျိုးတွေပြန်လာမှာဖြစ်သလို မကောင်းတာလုပ်ရင် မကောင်းကျိုးတွေ မိမိဆီကို ပြန်လာမှာ အမှန်ပါ။ ဒါတွေဟာ သဘာဝတရားတစ်ခုပဲမို့ မည်သူကမှ ဖန်ဆင်းပေးခြင်း မဟုတ်ပါ။

အဲဒီလို မိမိလုပ်တဲ့လုပ်ရပ်တွေ မိမိဆီကို အကျိုးပေးရန်ပြန်လာတဲ့အခါမှာ အောက်ပါအတိုင်း (၄)မျိုးထဲက တစ်မျိုးမျိုးနဲ့တော့ ပြန်လာကြပါတယ်။

၁။ တချို့ ကောင်းကံမကောင်းကံတွေဟာ မျက်မှောက်ဘ၀မှာ အကျိုးပေးတယ်။
၂။ တချို့ ကောင်းကံမကောင်းကံတွေဟာ ဒုတိယဘ၀မှာ အကျိုးပေးတယ်။
၃။ တချို့ ကောင်းကံမကောင်းကံတွေဟာ တတိယဘ၀ကနေ ပန်းတိုင်ရောက်တဲ့အထိ အကျိုးပေးတယ်။
၎။ တချို့ ကောင်းကံမကောင်းကံတွေဟာ အကျိုးပေးခွင့်မရလိုက်လို့ ပျောက်ပျက်သွားတတ်ပါတယ်။ ဥပမာ-ကောင်းမှုသေးလေးဟာ ကောင်းမှုကြီးအကျိုးပေးခွင့်ရှိလာတဲ့အခါ ကောင်းမှုကြီးအကျိုးပေးနေလို့ ကောင်းမှုလေးဟာ အကျိုးပေးခွင့်မရဘဲ ပျောက်ပျက်သွားတာမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်။

ကိလေသာချုပ်ငြိမ်းပြီးသား ရဟန္တာအရှင်မြတ်တွေဟာ ရှေ့ဆက်ဘ၀ဖြစ်စရာ မရှိတော့လို့ ကောင်းကျိုးခံစားရမှာမဟုတ်တော့တဲ့အတွက် သူတို့ဘာသာ အေးဆေးနေနိုင်ကြပါတယ်။ ဒါပေမဲ့ အဲဒီလိုမနေကြဘဲ သာမန်ရဟန်းများလုပ်တဲ့ ဆွမ်းစားကျောင်းတာဝန်၊ အိမ်သာဆေးတာဝန်တွေကအစ အများအကျိုးပြုလုပ်ပေးကြတာကို အတုယူတတ်မယ်ဆိုရင် မိမိတို့လို ဘ၀အဆုံးမသတ်သေးဘဲ ရှေ့ဆက်လျှောက်ရဦးမဲ့ မိမိတို့ဟာ ပိုမိုပြီးတောင် အများအကျိုး ကောင်းမှုများကို ပြုလုပ်ပေးသင့်ပါတယ်။ ဒါကြောင့် ရဟန္တာအရှင်မြတ်များကို အတုယူပြီး မိမိတို့ဟာ ကောင်းကျိုးများခံစားရဖို့ ရှိသေးတာကြောင့် အသက်ရှင်စဉ်လေးမှာ ကောင်းမှုများနဲ့ ဘ၀ကိုအဆုံးသတ်နိုင်အောင် ကြိုးစားကြပါလိမ့်မယ်။ ယခု အောက်ဆုံးကံ(၄)မျိုး အကြောင်းကတော့ မြန်မာဗုဒ္ဓဘာသာများအတွက် သီးသန့်ထပ်ဖြည့်စွက်ပေးလိုက်တာပါ။

(၄) တကယ်တော့ ဗုဒ္ဓဆိုတာ ကိလေသာအမှောင်တွေထဲကနေ ရုန်းကန်နိုးထလာသူ၊ ကိလေသာအမှောင်တွေကို တွန်းလှန်နိုင်သူ၊ လောကရှိအရာအားလုံးကို အမှန်တကယ် သိမြင်သူ၊ မကောင်းမှုအားလုံးကို ပယ်ထုတ်ခဲ့သူ ဖြစ်ပါတယ်။ ရှေ့ယခင်ကလည်း ဒီလိုဗုဒ္ဓတွေအများကြီးဖြစ်ခဲ့သလို အနာဂတ်မှာလည်း ဖြစ်ကြပါလိမ့်ဦးမယ်။ ဗုဒ္ဓဆိုတာ မသိတာမရှိတဲ့ သဗ္ဗညုတဉာဏ်ပိုင်ရှင်ရရှိ သူများ ဖြစ်ပါတယ်။ ဒါပြင် ဗုဒ္ဓဟာ သူတစ်ပါးအပေါ် သနားကရုဏာကြီးမားသူဖြစ်ပြီး သမာသမတ်စိတ်ထားကောင်းနဲ့ပြည့်စုံသူ ဖြစ်ပါတယ်။

ဗုဒ္ဓဟာ ရှေးယခင်ကဖြစ်ခဲ့တဲ့အရာတွေကို မှတ်မိခြင်း ပုဗ္ဗေနိဝါသနုဿတိဉာဏ်။ နတ်မျက်စိကဲ့သို့ အဝေးကို ဖောက်ထွင်းသိမြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်။ ကိလေသာနူနာအားလုံးကို ပယ်သတ်နိုင်သော အာသ၀က္ခယဉာဏ်(၃)မျိုးကို ရရှိထားပါတယ်။

မြတ်ဗုဒ္ဓဟာ သူရရှိတဲ့အဘိဉာဏ်တန်ခိုးတွေကို လူတွေယဉ်ကျေးလာအောင်၊ လူတွေကို ထိန်းချုပ်နိုင်အောင်အတွက် အသုံးမပြုခဲ့ဘဲ တရားဟောတဲ့အခါ၊ နာယူသူအား ဘယ်လိုတရားမျိုးဟောရင် ပိုအကျိုးများမလဲ၊ ဘယ်လိုတရားနဲ့ထိုက်တန်သလဲ၊ ဘယ်သူဟာ ဘယ်ချိန်မှာ တရားထူးရတဲ့သူဖြစ်မလဲဆိုတဲ့ အများတရားရရှိဖို့အတွက်တော့ တစ်ခါတရံမှာ သူရရှိထားတဲ့ အဘိဉာဏ်တန်ခိုးများကို အသုံးပြုပြီး ဟောကြားလမ်းညွှန်ပေးလေ့ရှိပါတယ်။ ဒါပြင် ဗုဒ္ဓဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အမှန်တရားများဖြစ်တဲ့ ဆင်းရဲခြင်းအမှန်၊ ဆင်းရဲခြင်းဖြစ်ကြောင်း အမှန်တရား၊ ဆင်းရဲချုပ်ငြိမ်းခြင်းအမှန်တရား။ ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်ကြောင်း လမ်းမှန်တရားတို့ကို သူကိုယ်တိုင်လည်းသိမြင်ပြီး အများကိုလည်း လမ်းညွှန်ဟောပြပေးခဲ့ပါတယ်။ ဗုဒ္ဓရဲ့တရားများဟာ သာမာန်အခြေခံတရားများရော၊ အနက်အဓိပ္ပါယ်လေးနက်တဲ့ တရားများရော ပါဝင်ပါတယ်။ ဒါပြင် စိတ်ကိုဖြူစင်အောင်ထားပြီး ကောင်းသောအလုပ်များ ဆောင်ရွက်တတ်အောင်၊ မကောင်းမှုအားလုံးတို့ အဆုံးသတ်နိုင်အောင်လည်း သူ့ရဲ့ဉာဏ်ထဲမှာ အမှန်အတိုင်း သိမြင်သမျှအားလုံးတို့ကို ဟောကြားပေးခဲ့ပါတယ်။

ဒါကြောင့် ဗုဒ္ဓဟာ ငါတို့ရဲ့ ကျေးဇူးရှင်ဖြစ်သလို ကောင်းတာမကောင်းတာကို သိအောင်၊ ပြုလုပ်တတ်အောင် လမ်းညွှန်ပေးတဲ့ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ငါတို့ဟာ မြတ်ဗုဒ္ဓရဲ့ ငါတို့အပေါ်ရှိတဲ့ ကျေးဇူးတရား၊ ငါတို့မှာမရှိတဲ့ ပညာစွမ်းအား၊ ကရုဏာစွမ်းအားစတာတွေကို အမြဲတမ်းအာရုံပြုပြီး ရိုသေကန်တော့နေခြင်း ဖြစ်ပါတယ်။ မိမိအပေါ်မှာ ကျေးဇူးရှိခဲ့တဲ့ကျေးဇူးရှင်ကို ဘယ်သူမဆိုသိတတ်ပြီး ကျေးဇူးဆပ်ရမှာပါ။ ဒါဟာ လောကရဲ့သဘာဝပါ။

ဦးဇင်းမှာ အချိန်မအားပေမဲ့ ဦးဇင်းဒီမေးခွန်းများကို ဖြေမပေးခဲ့ဘူးဆိုရင် မိမိဘာသာအကြောင်းမရှင်းပြတတ်ဘူးဆိုပြီး ဘာသာခြားက မိမိတို့ဘာသာအပေါ် အထင်သေးမှုများနဲ့ ကြုံတွေ့ရမှာစိုးလို့ ဦးဇင်း အသိဉာဏ်ဗဟုသုတ၊ အင်္ဂလိပ်စာအရည်အချင်း ရှိသလောက် ဖြေပေးလိုက်ပါတယ်။ ဒီလောက်ဆို မေးခွန်းရှင်ရဲ့အဖြေဟာ လုံလောက်မယ် ထင်ပါတယ်။ ဦးဇင်းအင်္ဂလိပ်စာ မကျွမ်းကျင်သေးလို့ အင်္ဂလိပ်စာအားနည်းမှုများပါရင်လည်း ခွင့်လွတ် နားလည်ပေးကြပါလေ။

ဦးဇင်းရဲ့ စာဖတ်ပရိတ်သတ်အားလုံး အချိန်တိုင်းမှာ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး ကမ္ဘာပေါ်မှာရှိတဲ့ ဒုက္ခအားလုံးတို့မှလည်း ကင်းလွတ်ပြီးလျှင် ပန်းတိုင်ကိုလျင်မြန်စွာရောက်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းပေးလျက်…..။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

Questions and Answers about Buddhism

If you want to know about Buddhism you will be able to read this post

Questions-
I would like to ask a few questions regarding with the Islam and Buddhism differences. This is my first time to ask a question. Kindly please forgive me if there are mistakes. I would like to request that please answer to me in English. It is because the person who asked me about Buddhism is Forigner and I could not translate some of the terms of Burmese Parli into English. My Islamic Friends always ask me about Buddha and I could not translate or explain to him.

Islam belive that the earth, the moon, the sun, day, night, animals, human and everythings are created by Allah. My Muslim Friend asked me that

1. If we (Buddhism) belive that what we do, is what we get (Kamma Result) then in this case, who create human, earth, moon and everything? How these things appear? I could not answer his question. I told him that our Buddha is not creator. I am so sad that I could not explain to him in English although I am Buddhism. I had read that in burmeseclassic.com, one of the post answers is if Allah is a creator of everyone; there has someone who creates Allah. It is because everything is happening like a circle. I explain to my friend that everything is like a circle and I asked him there should be someone who creates Allah. He said "No" and I could not explain more to him.

2. I told him killing animal is sin. He asked why I am eating meat if I said killing animal is sin? And he said animals are created by Allah for all the human to eat. Therefore, it is no sin. I told him, we did not kill the animal. However, there are people who selling the meat. Therefore, we buy and we eat. If the people are not selling meat, we are not going to eat meat at all. But he said somehow it is indirect way we are encouraging to kill the animal and we are getting sin. I am so confuse that am I getting sin because of I am eating meat? How can I explain to him?

3. What Buddhism Believe? (How can I answer this question to non Buddhist person? I told him we belive in Buddha Teaching and practices. Then he asked me what those are. It is really hard for me to explain)

4. Who is the Buddha? (I told him the Buddha is one of the human and he borned and he died. But he found the universal truth. And then my friend asked if he is human like us why u are giving worship to him? Does he have any power? Sayardaw! I do not know how to explain in English. What do I understand in English is Buddha has power and when he met with Da wa dat, he show fire, water comes out from nose and mouth at the same time. Could you please explain to me properly in terms with English? And also in order to become a Buddha, he has to pass many lifes and finally he can be the Buddha. Oh. I really could not explain although I understand in Burmese)

Sayadaw! I am asking this question is I do not want to give wrong idea of Buddhist or Buddhism to some one who is enthusiastic to know about Buddhism. I really want to explain to him very well. Now I am trying to read "The Teachings of The Buddha" (Basic Level) by Ministry of Religious Affairs. However, many of the word written in Sanskrit and it is hard to understand. Therefore, I really appreciate if Sayardaw can answer my questions.

I am staying at the United Arab Emirates and most of the people here is Muslim and I do not have Buddhist friends here who I can disucss or ask in English. Kindly allow me to ask more questions in future.

Please forgive me to write with "I, you, he, or she"

I am aspecting you Bante.

ANSWERS

1. No one creates human, the earth, the moon and everything because that is nature in the world. As long as the moon and sun have not arisen in the world, so long as there is nothing shining forth a great light of great radiance. There prevails gross darkness. Later when the moon and the sun rise in the world, then a great light of great radiance shine forth and gross darkness is not in the world the months, the half-moon and the seasons of years are.

For example about creation that if your parents don’t sleep together or don’t blend their blood you will not be able be a human. In this way, other everything is the result of their own past and present actions. That’s why we ourselves are responsible for our own happiness and misery. We create our own Heaven. We create our own Hell. We are the architects of our own fate.

Bring a mirror and look at it, you will see yourself in the mirror. When you are happy your face would be bright, when you are sad your face will be frown, when you are angry your face will be red and ugly. Is that right? Now answer me who create your happy face, who create your frown face, who create your ugly face?

The God believer was thinking your different faces reflected by the different mood (state of the mind) is the creator of the faces. Your inner mind is your own Creator. Your face always reflected on your mind or mood (state of mind), if you have anger, greedy, delusion your face will show ugly, and frown. Your mind can change your face in this present life, as well as your future life, or next life. If you are dwelling in anger, hatred, greed, and delusion, your next life will be the same as your face showing in the mirror. Now you will see who is a Creator? If you wanted to be haven, you should abstain from bad mood, like anger, hatred, greed, and delusion. If your mind is under the influence of this bad mood, your future and next life will be misery.
Finally he understood that "Our Mind is our own Creator." That is what I have explained to those who believe in God or Creator from the aspect of Buddhism .All living beings have actions (Karma) as their own, their inheritance, their congenital cause, their refuge. It is Karma that differentiates beings into low and high states.

2. When we are really necessary for survival we are allowed to eat meat but you obviously don’t say one should kill an animal. You are harmful to humans and animals yourself or someone has said to doing if you are going to feel negative fate. According to the needs of our body for health we should eat meat some time because I think that we will not be surviving for a long time with vegetable. That’s why, you haven’t been haပ်rd-working to death the animal and if you haven’t wanted to die you will probably eat meat. Some people don’t eat meat but they are not honest. That is better than dishonest one. If universal people refrain from eating meat, it will be more peaceful the universe.

3. When we throw a stone into the lake, the water splash away from the stone but later it comes back to the stone. When we play football on the wall, it come will back to us. In this way, if you do good or evil you will return them. That is natural law and the mainest of our religion.

4. In general, Buddha means Awakened One, someone who has awakened from the sleep of ignorance and sees things as they really are. The Buddha was a person who has eliminated from all faults and mental obstructions. There were many people who have become Buddhas in the past, and many people wil be able to become a Buddha in the future. There is nothing that the Buddha does not know. Moreover, the Buddha has great compassion which is completely impartial.

The Buddha has attained three kinds of Power. There are-
1. Pubbe-nivasanussati- remembrance of former existences power.
2. Dibba-cakkhu- divine eye power.
3. Asavakkhaya-extinction of all cankers power.

But most of the time He hasn’t used his powers to tame or control the people. The Buddha has used sometime to make them devotional has faith in Dhamma. Moreover, the Buddha taught us the universal Truth; this is suffering; this is the arising of suffering; this is the ceasing of suffering; this is the approach to the ceasing of suffering. His teaching was basically simple and meaningful then to put an end to evil; to fulfil all good; to purify the mind. This is the advice of all the Buddhas. So, the Buddha is our benefactor and guide. That’s why we always have been respecting to Him. If someone has been beneficial we will have to be grateful to him. That is natural law.

I don’t have free time but if I haven’t been answering your questions you are going to experience difficult. So, I am answering as knowledge as English language. I think these answers enough for your questions.

I haven’t just been cleaver English language if weaking should abide me.

I wish that all my Dhamma friends and kiths will have to be happy every time and then will be able to free from too much suffering in the world.

Ashin Komala or Sanninaymin
sanninaymin@gmail.com
Colombo, Sri Lanka.


ကူးယူဖော်ပြပါသည်...။




အမေး။ ။ အရှင်ဘုရား ဘယ်ဘာသာမှ ကိုးကွယ်မှုမရှိတဲ့ လူတစ်ယောက်အနေနဲ့ လက်ရှိဘ၀မှာရော တမလွန်ဘ၀မှာပါ ဘယ်လိုအခြေအနေမျိုး ဖြစ်လာနိုင်ပါသလဲဘုရား။

ရန်အောင်ဖြိုး
ရုရှား



အဖြေ။ ။ဘာသာမဲ့သူများအတွက် အနာဂတ်ဘ၀ ဘယ်လိုဖြစ်သွားမလဲဆိုရင် သူရဲ့လုပ်ရပ် အခြေအနေအပေါ်မူတည်ပြီး ဖြစ်သွားနိုင်ပါတယ်။ ဆက်ပါအုံးမယ်။ လုပ်ရပ်ဆိုတာက ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံတို့ ဖြစ်ပါတယ်။ ကောင်းတဲ့ ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံများကြောင့် ဘ၀ကြီးသာယာ ဖြောင့်တန်းသွားနိုင်သလို၊ မကောင်းတဲ့ ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံတို့ကြောင့်လည်း ဘ၀ကြီး ခက်ထန်ကြမ်းတမ်း သွားနိုင်ပါတယ်။ ဆိုလိုတာက ဘာသာမဲ့သူဖြစ်စေ၊ ဘာသာရှိသူဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ ဘ၀ကို အဆိုးအကောင်း ပြောင်းလဲပေးနိုင်တာက “ံကံတရား”ပဲ ဖြစ်ပါတယ်။ ရှင်းသွားအောင် ပြောပါအုံးမယ်။

ဒီအကြောင်းနဲ့စပ်လို့ ဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ် ဘုရားရှင်ကပုဏ္ဏားတစ်ဦးကို “အသင်ပုဏ္ဏား….သင်ဟာ ဘယ်ခုနှစ်၊ ဘယ်ရက် ဘယ်အချိန်မှာ သေမယ်၊ သေတဲ့အခါ မျောက်ဖြစ်လိမ့်မယ်” ဆိုတာကို မိန့်တော်မူလိုက်ပါတယ်။ ပုဏ္ဏားက ဗုဒ္ဓဘာသာဝင်တစ်ယောက်မဟုတ်ပေမဲ့ ဘုရားရှင် မိန့်တော်မူတာဆိုရင် မှန်တာကများပါတယ်။ မှန်လည်းမှန်တယ်လို့ သူက ယုံကြည်ထားတယ်။

ဒါနဲ့ ပုဏ္ဏားဟာ သူသေပြီးမျောက်ဖြစ်တဲ့အခါ လွယ်လွယ်ကူကူ စားနိုင်အောင်ဆိုပြီး သူ့ရဲ့ဥယျာဉ်ထဲမှာ စားပင်သီးပင်တွေ စိုက်ပါတော့တယ်။ စတင်စိုက်ပျိုးတုန်းကတော့ မျောက်ဖြစ်ရင် စားဖို့ဆိုတဲ့


Jonas Ko Jonas ဆိုတဲ့  ကိုးဘွဲ့ရလို့လိမ်ညာနေတဲ့ ခရစ်ယာန်ဓမ္မဆရာရဲ့ဖိုင်ကိုတင်ထားသူ ဖေ့ဘုတ်ယူဆာက  ဗုဒ္ဓဘာသာသီလရှင်နှစ်ဝါ ၀တ်ခဲ့ပြီး ခရစ်ယာန်ဘာသာသို့ပြောင်းသွားသည်ဆိုတဲ့ တိုင်းရင်းသူ Thet Mon ဆိုသူ၏ Witness ဆိုတဲ့ဖိုင်ကိုတင်ပြိး …….
  “သီလရှင် နစ်ဝါ....သင့်ဘယ်လိုထင်သလည်....ဘယ်လိုမြင်သလည်...တဲ့ အင်း ဦးဇင်းကိုရောမေးထားတော့ အမြင်ကိုတင်ပြရမှာပေါ့ …
        ပဗ္ဗဇိတ ရဟန်း (သီလရှင်)ဘာ့ကြောင့်ရဟန်းပြုခဲ့ပါသလဲ ငတ်လို့လား ဖြတ်ဖို့လား (ထမင်းငတ်လို့လား သံယောဇဉ် သံသရာ အကုသိုလ်ဖြတ်ဖို့လား )
    မိလိန္ဒပဥှာမှာတော့ ရဟန်းပြုရခြင်း၏ ရည်ရွယ်ချက်အမျိုးမျိုးရှိပုံကို ဒီလိုရှင်းထားပါတယ် --
                                 *ရဟန်းပြုရခြင်း၏ ရည်ရွယ်ချက်*
      မိလိန္ဒမင်းသည် ''အသျှင်ဘုရားနာဂသေန အသျှင်ဘုရားတို့၏ ရဟန်းအဖြစ်သည် အဘယ်အကျိုး ရှိပါသနည်း၊ အသျှင်ဘုရားတို့ တောင့်တအပ် မြတ်သော အကျိုးကား အဘယ်ပါနည်း''ဟု မေးလျှောက်၏။
    နာဂသေနမထေရ်သည် ''မင်းမြတ် ဤသံသရာဆင်းရဲသည် အဘယ်သို့သော နည်းနာ အကြောင်းဖြင့် ချုပ်ငြိမ်းရာအံ့နည်းဟု ကြံစည်၍ ရဟန်းပြုကြရကား ငါတို့၏ ရဟန်းအဖြစ်သည် ဤ ပြဆိုခဲ့သည့် အကျိုးရှိ၏၊ ထို့ပြင် ငါတို့ တောင့်တအပ် မြတ်သော အကျိုးသည် တဏှာဒိဋ္ဌိကပ်ငြိ စွဲလမ်းခြင်း မရှိမူ၍ တဏှာညွှတ်မှ လွတ်မြောက်ရခြင်းပင်တည်း''ဟု ဖြေကြားတော်မူ၏။
     အသျှင်နာဂသေန မေးလျှောက်ပါဦးအံ့ ရဟန်းအားလုံးတို့သည်ပင် ဤပြဆိုခဲ့သည့် အကျိုးငှါ ရဟန်းပြုကြပါကုန်သလောဟု မေးလျှောက်၏။
     မင်းမြတ် အချို့သောသူတို့သည် ဤပြဆိုခဲ့သည့် အကျိုးငှါ ရဟန်းပြုသည် မဟုတ်ကုန်၊ အချို့သောသူတို့သည် မင်းနှိပ်စက်ကုန်၍ ရဟန်းပြုကုန်၏၊
အချို့သောသူတို့သည် ခိုးသူနှိပ်စက်ကုန်၍ ရဟန်းပြုကုန်၏၊
အချို့သောသူတို့သည် ကြွေးမြီနှိပ်စက်ကုန်၍ ရဟန်းပြုကုန်၏၊
 အချို့သောသူတို့သည် အသက်မွေးဝမ်းကျောင်းအလို့ငှါ ရဟန်းပြုကုန်၏၊ …စသည်ဖြင့်



ကျောင်းသားဘဝက .. စာမေးပွဲအောင်ဖို့ သူရဿတီဂါထာကို အကြိမ်ကြိမ်ရွတ်ဆိုခဲ့ဖူးပါတယ်။ ရွတ်ဆိုလို့လား ကိုယ့်အားထုတ်မှုကြောင့်လား ရှင်းရှင်လင်းလင်းတော့ မပြောတတ် စာမေးပွဲတွေလည်း အလီလီအောင်မြင်ခဲ့ဖူး ပါတယ်။ ထူးဆန်းတာက ယုံကြည်မှုရှိလာရင် ယုတ္တိရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ.. စွမ်းအားတွေ ၊ သတ္တိတွေဖြစ်လာတာကတော့ အမှန်ပါပဲ။ အသက်အရွယ်အရ စဉ်စားတတ်တဲ့ အချိန်ရောက်မှ သူရဿတီ ဘယ်ကစလို့ ကိုးကွယ်ခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။

သူရဿတီဆိုတာ အန္ဒိယသူပါ… အိန္ဒိယသူဆိုပေမယ့် တကယ့် လူသားစင်စစ် မဟုတ်ပါဘူး မြစ်တတစ်ရဲ့ အမည်နာမပဲဖြစ်ပါတယ်။ အဲဒါကိုပဲ အမျိုးသမီးပုံလှလှလေးနဲ့ ဟင်္သာပေါ်မှာ ပိဋကတ်သုံးပုံကိုင်ပြီး ၊ စာပေစောင့်နတ်ဟုဆိုကာ မည်သူက ပါဠီဖြင့် တီထွင်လိုက်သည်မသိ သူရဿတီဂါထာ
 ( စာမေးပွဲ အောင်ဂါထာဆိုပြီး ) မြန်မာပြည်မှာ ထင်ရှားပါတယ်။



သူရဿတီ ဘယ်ကစ ?
ဗြဟ္မဏဝါဒမှာ ဝေဒကျမ်းလာ .. ဝေဒလေးပုံရှိပါတယ်။
1.ရိဂ်ဝေဒ ( Rig Veda)
2.ယဇုဝေဒ ( Yajwar Veda)
 3. သာမဝေဒ ( Sama Veda)
4. အာထဗ္ဗဏဝေဒ (Athave Deda)
သူရဿတိအကြောင်းကို ဣသျှဝေဒခေါ် (ဣရုဝေဒ) ထဲမှာ စတင်ပါဝင်တာကို   လေ့လာတွေ့ရှိရပါတယ်။

အဲဒီဝေဒကျမ်းမှာနက္ခတ်ပညာ၊ ဗေဒင်ပညာသာမက ရှေးအရိယာန်မျိုးနွယ်စုတွေရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု၊  အတွေးအခေါ်တွေ အများဆုံးပါဝင်နေပါတယ်။

သူရဿတိအကြောင်းပါဝင်တဲ့ ရိဂ်ကျမ်းဟာ ရှေးအလွန်ကျပြီး သက်မဲ့ တော၊တောင်၊ ရေ၊မြေ လေ၊ မီး၊ မိုးကောင်းကင်၊ လျှပ်စီး၊ နေ၊ နက္ခတ်၊ တာရာစတဲ့ သက်မဲ့ အဝိညာဏကတွေကော ၊ လူတွေရဲ့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ ရွံခြင်း စတဲ့ စိတ္တဇနာမ်တွေကိုပါ သက်ရှိနတ် ဒေဝတာတွေ၊ ဒေဝီတွေ၊ တန်ခိုးဣဒ္ဓိပါဒ်ရှင်တွေအဖြစ် မှတ်ယူကြောက်လန့် ကိုးစားခဲ့တဲ့ ခေတ်လောက်က စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

သမိုင်းပညာရှင်များကတော့ ဘီစီနှစ်ထောင် ဝန်ကျင်းလောက်မှာ “ရိဂ်ဝေဒ” ကျမ်း စတင်ပေါ်ပေါက်လာကြောင်း ခန့်မှန်းကြပါတယ်။
သဘာဝတရားအားလုံးလိုလို နတ်ဘုရားတွေ အဖြစ်ယူဆပြီး စိတ်ကူယဉ် နာမည်မျိုးစုံနဲ့ ထောပနာပြုတဲ့ လင်္ကာ ၊ ဂါထာပေါင်း ( ၁၀၂၈) ပုဒ်အထိ ရိဂ်ကျမ်းမှာ ပါဝင်တာတွေ့ရပါတယ်။ စိတ်ကူးယဉ်နတ်သား ၊ နတ်သမီးတွေမှာတောင် အဆင့်အတန်းသတ်မှတ်တဲ့အခါ နတ်သမီးများက တန်းခိုးအနိမ့်ဆုံး နတ်သားများနှင့် တန်းတူသတ်မှတ်ကြပါတယ်။ နတ်သမီးတွေ အဆင့်နိမ့်တဲ့ အထဲမှာ သရဿတီ

ဒီကိစ္စပေါ်ပေါ်လာခြင်းတုန်းက တော်တော်ဝရုန်းသုန်းကားဖြစ်လိုက်တယ်... ဒါပေမယ့် ဆရာတော်တွေရဲ့ အလွန်ကောင်းမွန်တဲ့ ဦးဆောင်မှု... အလွန်ကောင်းမွန်တဲ့ ဖြေရှင်းမှုတွေကြောင့် အကျိုးတွေ အမြတ်တွေ အများကြီးရလိုက်ပါတယ်... ပထမဆုံးအနေနဲ့ MCA အသင်းက အမှုဆောင်ကိုယ်တိုင် ထုတ်ပြန်ပေးခဲ့ရတယ်... နောက်တစ်ဆင့်အခု မြန်မာခရစ်ယာန်အသင်းကနေ ထပ်ထုတ်ပြန်ပေးတယ်...
ဒါဟာ ကြိုးစားမှုကြောင့်ရခဲ့တဲ့ အကျိုးရလဒ်တွေပါပဲ... ဘာပဲဖြစ်ဖြစ် နောင်ဆိုရင်လည်း ဆရာဒကာများ ကောင်းမွန်စွာ စုစုစည်းစည်း ဆက်လက်လက်တွဲဆောင်ရွက်သွားရမယ်ဆိုတဲ့ အသိစိတ် ကျွန်တော်စိတ်သဏ္ဍာန်မှာ ပိုမိုစွဲမြဲသွားခဲ့ပါတယ်...။



သူငယ်ချင်းများအားလုံးရဲ့...

ဇင်မျိုး



ထွက်ရပ်ပေါက် အကြောင်းတွေကို မပြောခင် လူတွေဖြစ်ပေါ်လာဖို့ နိယာမ အကြောင်းကို
နည်းနည်း ပြန်ပြောရပါလိမ့်မယ်၊ ယင်က ဥချပြီး၊ ဥကနေ လောက်ကောင်ဖြစ်၊ လောက်ကောင်ကနေ တဆင့်မှ
ယင်ဖြစ်လာတယ် ဆိုတာ ဟာ ဗီဇ နိယာမ အတွင်းမှာ ပါဝင်ပါတယ်၊
သတ္တ၀ါ တွေ ဟာ တိုက်ရိုက် ပေါက်ဖွားတဲ့ ဧကဇ အမျိုးအစား၊ နှစ်ဆင့် ပေါက်ဖွားတဲ့ ဒွိဇ အမျိုးအစား၊ သုံးဆင့် သုံးခါ ပေါက်တဲ့ တိဇ အမျိုးအစား စသောအားဖြင့် အမျိုးမျိုး ရှိကြပါတယ်၊

လူတို့ ကျွဲ နွား စတဲ့ သတ္တ၀ါတွေကတော့ အမိဝမ်းဗိုက်က တကြိမ်ထည်း မွေးဖွားကြလို့ ဧကဇ မျိုးလို့ ခေါ်ပါတယ်၊ ကြက် တွေ ငှက်တွေ မြွေတွေ ဖွတ်တွေ ကျတော့ အမိက ဥကို တကြိမ် ဥတယ်၊ ဥကမှ အကောင်ပေါက်တဲ့ အတွက် ဒွိဇ မျိုး နှစ်ကြိမ်ပေါက် သတ္တ၀ါတွေပါ၊

ယင် ပျားကောင် လိပ်ပြာ တို့ကျတော့ ပထမ ဥတယ်၊ လောက်ကောင်လို ပိုးကို ပေါက်တယ်၊ အဲဒီ ပိုးက အစားအစာ ၀ပြီး တနေရာမှာ အမြှေးတွေ ဖုံးအုပ်ပြီး ငြိမ်သက်စွာ ဖိုဝင်တယ်၊ အဲဒီ ဖိုက ထွက်မှ မူလ သတ္တ၀ါမျိုး ဖြစ်ရတယ်၊
ဒါကြောင့် သူတို့ကို တိဇ မျိုး သုံးခါ ပေါက် လို့ ခေါ်ရတယ်၊
လူကတော့ ဧကဇ မျိုးမို့ လူမိန်းမကနေ လူသားကို တိုက်ရိုက် ဖွားမြင်တာပါ၊ ဒွိဇမျိုး တိဇမျိုးလို အဆင်ဆင့် ပြောင်းလဲမှု့မရှိပါဘူး၊ သို့သော်လည်း လူသားဟာ ပိုးလောက်လန်းများလို ဖိုလ်ဝင်နိုင်လျင် ခြင် ယင် လိပ်ပြာများဖြစ်နိုင်သလို သိဒ္ဓိပေါက်တဲ့ လူသားတစ်ယောက်ဖြစ်နိုင်တယ်လို့ ယူဆပြီး ဖိုလ်ဝင်တဲ့ အတတ်ကို လိုက်စားခဲ့ကြပါတယ်၊

ရာဇ၀င်မှာ ပါတဲ့ ဗျတ်ဝိ ဗျတ္တတို့ မီးကင်စားတဲ့ လူသားဟာ ဇော်ဂျီဖိုလ်ဝင်သားလို့ သိရပါတယ်၊ ဆင်ဖြူရှင်မင်းတရား လက်ထက် သက္ကရာဇ် ၉၂၈ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် သောကြာနေ့ ဟံသာဝတီမြို့ ၀န်းကျင်ကို ကျုံးစတင် တူးရာက မြေအတွင်း ဇော်ဂျီကို ရဖူးပါသတဲ့။

အဲဒီလို ဖိုလ်ဝင်လို့ အန္တရာယ်မရှိ အောင်မြင်လျင်တော့ ထွက်ရပ်ပေါက်သွားပါတယ်။
ဝိဇ္ဇာဓိုရ် ဖြစ်သွားတယ်လို့ လောကီကျမ်းများက ဆိုပါတယ်။ ဖိုလ်ဝင်တာက အမျိုးမျိုးရှိပြီး အချို့က မြေအောင်းတယ်၊ အချို့က ပိုးလောက်လန်းများ အမြှေးဖုံးသလို အမြှေးဖုံးတာလဲ ရှိပါတယ်။ ပွက်ပွက် ဆူတဲ့ ရေကို ချိုးရတာလဲ ရှိပါသတဲ့။ မီးပုံအတွင်း ခုန်ဆင်းရတာလဲ ရှိပါတယ်။ ဖိုလ်အောင်းခြင်း မရှိတဲ့ ၀ိဇ္ဇာဓိုရ် များလဲ ရှိပါသေးတယ်။ အဲဒါတွေကတော့ - -

၁။ ပြဒါးကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ ပြဒါးဝိဇ္ဇာမျိုး၊
၂။ သံကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ သံဝိဇ္ဇာ၊
၃။ ဆေးစီရင်ပြီး အောင်မြင်သွားတဲ့ ဆေးဝိဇ္ဖာ၊
၎။ အင်းချ အောင်မြင်သွားတဲ့ အင်းဝိဇ္ဖာ၊
၅။ မန္တာန် ရွတ်ဆို အောင်မြင်သွားတဲ့ မန္တာန် ၀ိဇ္ဖာ၊
၆။ သန်လျက် ကို အသက်သွင်းပြီး အောင်မြင်သွားတဲ့ သန်လျက်ဝိဇ္ဖာ၊
ဆိုပြီး ၀ိဇ္ဖာ အမျိုးအစား ၆ မျိုးရှိပါတယ်။

မြန်မာပြည်မှာတော့ ထွက်ရပ်ပေါက်အောင်ရယ်လို့ ကြိုးစားသူတွေက ပြဒါးကစားသူ၊ သံကစားသူ၊ ဆေးကစားသူ၊ အင်းကစားသူတွေသာ များပါတယ်၊ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ မျိုးကတော့ တော်တော်ရှားပြီး မတွေ့ရသလောက်ပါပဲ။
ဒီနေရာမှာ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ အကြောင်းနည်းနည်း ပြောပြပါမယ်၊

ဆက္ကနိပါတ်၊ ၀ိဇ္ဖာဓရ ဇာတ်တော်မှာလာတဲ့ ၀ိဇ္ဇာဓိုရ် ဟာ မန္တာန် ၀ိဇ္ဇာပါ၊ ရှေးရှေးတုံးက တကယ့်အဖြစ်အပျက်အနေနဲ့ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း လက်ထက်မှာ ဘုရားအလောင်းတော်ဟာ သိကြားမင်း ဖြစ်နေပါတယ်၊ အဲဒီတုံးက ၀ိဇ္ဖာဓိုရ်တယောက်ဟာ သန်းခေါင်ယံအချိန်ရောက်တိုင်း မန္တာန်ကို မန်းမှုတ်ပြီး နန်းတော်ကို လာကာ မိဖုရားကြီးနဲ့ ပျော်ပါးလေ့ရှိသတဲ့။

မိဖုရားကြီးမှာလဲ အိပ်မက်လိုလို တကယ်လိုလို ဖြစ်နေပြီး ဘာမှ မတတ်နိုင်တဲ့ အဆုံး ဘုရင်ကြီးကို ဖွင့်ပြောတိုင်ပင်ရပါတယ်။ ဘုရင်ကြီးကလဲ ဥာဏ်ပညာကြွယ်ဝလေတော့ အဲဒီ လူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသား တခုခုကို ထင်ကျန်အောင် လုပ်နိုင်ပါ့မလား လို့ မေးတော့ မိဖုရားကြီးကလဲ စွမ်းနိုင်ပါကြောင်း

ဒီနေ့ (၂၄.၂.၂၀၁၂) မှာ မနက်စောစော ဖေ့ဘုတ်ကနေပြီးတော့ လင့်ခ်တစ်ခုတွေ့လိုက်တယ်... ခေါင်းစဉ်ကြောင့် ချက်ခြင်းပဲ ဖွင့်ကြည့်မိတယ်... အားလုံးပဲ စိတ်ဝင်စားတယ်ဆိုရင် ဗီဒီယိုဖိုင်လေး လင့်ခ် ချိတ်ထားပေးပါတယ်... ကြည့်လို့အဆင်ပြေမယ်ဆို တိုက်ရိုက်ကြည့်သွားနိုင်ပါတယ်... အကယ်၍ ကွန်နက်ရှင်ကြောင့် အဆင်မပြေဘူးဆိုရင်လည်း ကျွန်တော် ပြီးခဲ့တဲ့အခေါက်က ၀ိမုတ္တိရသ ဆိုဒ်လေးက ကုသိုလ်ပြု အပင်ပန်းခံ စာရိုက်တင်ပြတာကို အတုယူပြီး ကျွန်တော်လည်း ကျွန်တော့် ဆိုဒ်လေးကနေ တင်ပေးလိုက်ပါတယ်...

 

ကြေငြာချက်...

ဆရာနည်းနည်းကြေငြာစရာလေးရှိတယ်လို့... ဤပလ္လင်က ဘုရားရဲ့ ဘုန်းတော်အတွက်ပဲဖြစ်တယ်လို့ ပြောချင်တယ်... ဘုရားသခင်ရဲ့ ဘုန်းတော်ကိုထောက်ပြီးစကားပြောကြရအောင်လို့... အေမင်...
ဘုရားသခင် ဘုန်းတော်ကိုထောက်ပြီးစကားပြောကြရအောင်လို့... တခါတလေမှာ ဒီပလ္လင်ကိုသုံးပြီးတော့မှ
ပြောတာမှားတဲ့အတွက်ကြောင့် မြောက်မြားစွာသောသူတွေ ခက်ခဲ့မှုတွေရောက်တတ်တယ်...

S.Gum Aung ကိစ္စ

ဆရာဒီနေ့ဘာပြောချင်သလဲဆိုတော့ ကျန်ခဲ့တဲ့ ၅ ရက်နေ့တုန်းက S.Gum Aung နဲ့ပတ်သက်ပြီးမှ နည်းနည်းလေး ပြောပြချင်တယ်... ဒီမှာရှိတဲ့ အသင်းသူ အသင်းသားတွေကော ကမ္ဘာတစ်လွှားရှိတဲ့ ၀က်ဆိုဒ်မှာကြည့်ပြီး ခွန်အားယူတဲ့ ညီအကိုမောင်နှမတွေအယောက်တိုင်းကို စကားပြောချင်တယ်... ဒီဆရာရဲ့ သွန်သင်ချက်တွေ ဒီတစ်ခါ သက်သေခံချက်ပေါ့ သွန်သင်ချက်မပါပါဘူး... သူသက်သေခံသွားတဲ့ အရာပေါ်မှာ အားလုံးခွန်အားရပြီးတော့မှ အကြီးအကျယ် ၀မ်းမြောက်ကြတယ်... စိတ်လှုပ်ရှားကြတယ်... တကယ်ကောင်းတဲ့ ဇာတ်လမ်းဖြစ်တယ်လို့ ခံယူမိခဲ့ကြတယ်... သို့သော် MCA အသင်းတော်က အသင်းတော်တပါးတည်းပဲ မဟုတ်ပဲနဲ့ လုပ်ဖော်ဆောင်ဖက်တွေက ကမ္ဘာနဲ့အ၀ှမ်းရှိနေကြတယ်... MCA ကိုလည်း ချစ်တယ် ထိုအသင်းတော်များကိုလည်း ချစ်ကြတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် မိသဟတွေ မြောက်မြားစွာ ရှိတဲ့အတွက်ကြောင့် အသင်းတော် တော်တော်များများက သင်းအုပ်ဆရာများ လုပ်ဖော်ဆောင်ဖက်တွေပေါ့နော်...
တစ်ချို့က စာရေးလာပြီးတော့မှ  ဆရာရဲ့ ဆရာ S.Gum Aung နဲ့ပတ်သက်ပြီးတော့မှ




အစအဆုံးကို ဒီ http://www.dhammaflavour.net ဆိုဒ်လေးကနေ ကူးလာတာဖြစ်ပါတယ်...
စာတွေအားလုံးက ဗွီဒီယိုထဲမှာ ပြောထားတဲ့စကားတွေကို မှတ်တမ်းတင်ထားတာဖြစ်တဲ့အတွက်...
အကယ်၍ ဗီဒီယိုကြည့်ရဘူးဆိုရင်လည်း စာဖတ်ပြိး ဘာတွေပြောသွားလဲဆိုတာချင့်ချိန်နိုင်ကြပါစေ...

အဖွင့်အမှာစကား.. ဆရာဦးဇော်မင်း

ဒီကနေ့နှုတ်ကပါတ်တော်သွားဖို့ရန်အတွက် ကျွန်တော်နှုတ်ကပတ်တော်မဝေငှဘူးဆိုတဲ့အကြောင်း ကြိုတင်ပြီးတော့ပြောပါရစေ။ ဒီနေ့ နေ့ခင်းတုန်းက လာတဲ့ဆရာဂွန်အောင် S.Gum Aung၊ ဆရာကအရင်က နယ်မှာနေတယ်။ ပြီးတောမှ မိဘမဲ့ဖြစ်သွားတယ်၊ ကိုယ့်ဘ၀ကိုလမ်းကြောင်းတယ်၊ ပညာဆုံးသွာတဲ့အခါမှာ ဘုန်းကြီးဝတ်တယ်။ ပြီးတဲ့အခါမှာ အိန္နိယမှာပညာသင်ခွင့်ရတယ်။ ဒေါက်တာဘွဲ့ရတယ်။ ပီအိပ်ခ်ျဒီအောင်တယ်။ ဘုန်းကြီးအနေနဲ့ပါ။ ပီအိပ်ခ်ျဒီအောင်ပြီးတော့ မြန်မာပြည်ပြန်လာပြီး နှလုံးသားမှာဟာတဲ့အတွက်ကြောင့် ဘုရားကိုရှာတဲ့အခါမှာ ဆရာကြီးဦးတင်မောင်ထွန်းရဲ့ တရားဟောချက်ကိုကြားပြီးတော့ ဘုရားကိုစိမ်ခေါ်တဲ့ ဆရာတပါးဖြစ်တယ်။ စိမ်ခေါ်ပြီးတော့မှ လူဝတ်လဲပြီး အလုပ်ပြန်လုပ်တယ်။ ဘွဲ့ရတဲ့အလုပ်နဲ့ ပြန်ပြီးအလုပ်လုပ်ပြီးတော့ ဘုရားရှင်က ကြီးမားစွာအသုံးချနေတဲ့ ဆရာတပါးဖြစ်တယ်။ မြောက်များစွာသောအတွေ့အကြုံတွေရှိတယ်။ ဒါကြောင့်မို့ ဒီနေ့ကျွန်တော်တို့ ဘုရားရှင်ဘာလုပ်နေသလဲ ဆိုတဲ့ အံ့သြစရာကောင်းတဲ့အရာကို စဉ်းစားဖို့ဖြစ်တယ်။

ညီမတယောက်ရှိတယ်။ ၈၈နောက်ပိုင်းမှာ ညီမလေးက ပြည်ပထွက်သွားတယ်။ ဘုရားကိုမသိသေးတဲ့ကာလဖြစ်တယ်။ သို့သော် ဒီဆရာလည်း ဘုရားကိုသိသွားတဲ့ကာလသော်လည်းကောင်း၊ ညီမငယ်လေးကလည်း ဘုရားကိုသိပြီး၊ မျက်ရည်နဲ့ဘုရားကိုဒူးထောက်ပြီးတော့ ဆစ်ဒနီအသင်းတော်မှ ဆုတောင်းတဲ့အခါ ပြန်သတင်းကြားတော့ နှစ်ယောက်စလုံး ယုံကြည်သူဖြစ်နေပြီတဲ့ ..ဟာလေလုယ။

ဆရာ့အတွေ့အကြုံများ၊ မြောက်များစွာရှိတယ်။ အဲဒီအထဲမှာ နှုတ်ကပတ်တော်ရဲ့ အောင်မြင်ခြင်းတွေကို တွေ့မှာဖြစ်တယ်။ နှုတ်ကပါတ်တော်ဝေငှခြင်းဆိုပေမဲ့လည်း ဆရာက သက်သေခံခြင်းကို များများသွားမယ်၊ ပြီးတော့ နှုတ်ကပတ်တော်လေး နည်းနည်းနဲ့ ပိတ်မှာဖြစ်ပါတယ်။

ဆရာကိုယေရှုနာမနဲ့ ဖိတ်ခေါ်ပါတယ်။ ဘုရားရှင်ကောင်းကြီးပေးပါစေ။ ကျွန်တော်တို့အားလုံး နှလုံးသားများကို ဖွင့်ပေးပါ၊ ဘုရားသခင်ကောင်းမြတ်ခြင်းများကို နားထောင်ရအောင်...။



သက်သေခံခြင်းနှင့်တရားဒေသနာ
Rev.T.Peter/S.GumAung(လဇွန်ခွန်အောင်) (Professor)

ဟာလေလုယ၊ အာမင်..။
အမြင့်ဆုံးသောဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် ကျွန်တော် မနေ့ကပဲ ဒီအသင်းတော်ကို ရောက်ရှိလာပါတယ်။ လာတဲ့အကြောင်းကတော့ ကျွန်တော်တို့ နယ်စပ်ဒေသ အသင်းတော်အတွက် ဆရာကြီးနဲ့လာပြီး မိတ်သဟာရဖွဲ့၊ ဆွေးနွေးခြင်းလည်းဖြစ်ပါတယ်။ ရောက်ရှိရင်းနဲ့ ကျွန်တော် အသင်းတော်ကဏ္ဍ ပြောခွင့်လည်းရခဲ့ပါတယ်။ ဒါလည်း ဘုရားသခင်ရဲ့ ကျေးဇူးတော်ဖြစ်ပါတယ်။ ကျွန်တော့နာမည် ဆရာ အက်စ်ဂွန်အောင်ဖြစ်ပါတယ်။ ကျွန်တော့်မွေးစားဖေက ဦးစိုင်ဝါး၊ အမေကဒေါ်လော်ဝယ် ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အဖေရင်း၊အမေရင်းကတော့ ကျွန်တော် ၇နှစ်သားကတည်းက သေသွားပါပြီ။ လွန်ခဲ့တဲ့ ၁၉၆၇ခုနှစ်လောက်ကတည်းက အဖေရော၊အမေရော .သူများသတ်လို့သေသွားပြီ။ သေပြီးတဲ့နောက် ကျွန်တော်တို့မောင်နှမနှစ်ယောက် လမ်းဘေးမှာ ပလပ်စတစ်ကောက်တယ်။ ရေထမ်းရောင်းရင်းနဲ့ပဲ ကျွန်တော်ကျောင်းတက်လာခဲ့ပါတယ်။ ကျွန်တော်တို့မိဘတွေ သေသွားနဲ့နေရာကတော့ မွန်ပြည်နယ်။ကျိုက်မရောနားလေးမှာ ဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေကို အရမ်းစိတ်ဝင်စားတယ်။ ဘုရားသခင်ထံမှာ အကြီးအကျယ်ဆုတောင်းခဲ့ဖူးတယ်။ ဆုတောင်းတဲ့အခါမှာ ကျွန်တော်တို့မြန်မာနိုင်ငံမြေပုံထဲမှာ အ၀ါရောင်တွေချယ်ထားတဲ့နေရာ၊ ဒီနေရာတွေကို မင်း သာသနာလုပ်ရမယ်လို့ ဗီးရှင်းပေးခဲ့တဲ့အခါမှာ ကျွန်တော် ပုဂံညောင်ဥိးဒေသမှအစပြီးတော မြန်မာနိုင်ငံအနှံ သာသနာဝင်ခဲ့ဖူးပါတယ်။ ကျွန်တော် ၁၉၆၇ခု ကတည်းက မိဘမရှိခဲ့ဖူး၊ မရှိခဲ့ပဲနဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို အဲဒီအချိန် နားမလည်ခဲ့ပေမဲ့လည်း ဘုရားသခင်က ကျွန်တော့ကို လမ်းပြပို့ဆောင်ခဲ့ပါတယ်။
ရှေးဦးစွာနှုတ်ကပါတ်တော်
သမ္မာကျမ်းစာတော်မြတ်ကို ဖတ်ပါရစေ။ ဓမ္မရာဇ၀င်ပထမစာစောင် အခန်းကြီး(၂) အပိုဒ်ငယ် ၆ကနေစပြီး အောက်ကိုအနည်းငယ် ဖတ်ပါမယ်။
ထာဝရဘုရားသည် သေစေသောအခွင့်၊ အသက်ရှင်စေသောအခွင့်၊ မရဏနိုင်ငံသို့ နှိမ့်ချသောအခွင့်၊ ထမြောက်စေသော အခွင့်ရှိတော်မူ၏။ ဆင်းရဲစေ ခြင်းငှါ၎င်း၊ ရတတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရားပြု၍နှိမ့်ချသော အခွင့်၊ ချီးမြောက်သောအခွင့် ရှိတော်မူ၏၊ ဆင်းရဲသောသူကို မြေမှုန့် ထဲက၄င်း၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲက ၄င်း၊ မြှောက်၍၊ မင်းသားတို့ နှင့်ထိုင်ရ သောအခွင့်၊ ဘုန်းကြီးသော ပလ္လင်ကို အမွေခံ ရသောအခွင့်ကိုပေး တော်မူ၏။ အကြောင်းမူကား၊ မြေကြီးတိုင်ကို့ ထာဝရဘုရားပိုင်၏၊ ထိုတိုင်တို့ အပေါ်မှာ လောက ဓါတ်ကိုတည်တော်မူပြီ။

ဖတ်သွားတဲ့ အသက်ရှင်တော်မူသော နှုတ်ကပတ်တော်ပေါ်မှာသော်၎င်း၊ ကြားနာသောသူအပေါင်းတို့အပေါ်မျာ၎င်း၊ ဘုရားသခင်သာ၍ကောင်းကြီးမင်္ဂလာပေးပါစေ။ အာမင်..။
ကျေးဇူးတော်ချီးမွမ်းခြင်း
ကျွန်တော်အသက်တာမှာ ဒီနှုတ်ကပါတ်တော်က ကျွန်တော်ကိုအကြိမ်ကြိမ်စကားပြောပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ခရစ်တော်ကို ရလာပြီးတဲ့အချိန်မှာ၊ ကျွန်တော်လုံးဝမမျှော်မှန်းတဲ့ ဘ၀အသက်တာတွေကို ရရလာခဲ့တယ်။ ရတဲ့အချိန်တိုင်း ကျွန်တော်အများကြီးမျက်ရည်ကျတယ်။ ဘာလို့လဲဆိုတော့ ကိုယ်တော်ဘာလို့ ကျွန်တော့ကိုကောင်းကြီးပေးသလဲ၊ ကျွန်တော်မထိုက်တန်ပါဘူး..လို့၊ ဘာလို့လဲဆိုတော့ ကျွန်တော်ငယ်ငယ်တုန်းက ပြားငါးဆယ်သုံးဖို့တောင်မှ ကျွန်တော် ခုနှစ်ရက် စဉ်းစားဖူးတယ်။ အဲဒီလို ခုနှစ်ရက်စဉ်းစားပြီးနေတဲ့ ကျွန်တော့မှာ ဒီနေ့ဆိုရင် ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ဥယျာဉ်တွေလည်း အများကြီးပိုင်တယ်။ ကျွန်တော်မလိုချင်လဲ ဘုရားရှင်ပေးတယ်။ နောက် ..ကျွန်တော် ခရစ်တော်ကို စရတဲ့အချိန်မှာ ပိုက်ဆံတစ်ပြားမှမယူပဲ ခရစ်တော်နောက်လိုက်ခဲ့တယ်။ ကျောက်တူးရင်းနဲ့ ဧ၀ံဂေလိလုပ်တယ်။ ဧ၀ံဂေလိလုပ်ရင်း ကျောက်တူးတယ်။ ဒိလိုနဲ့ ဘုရားသခင်က ကျွန်တော့်ကို ကောင်းကြီးပေးတယ်။ ကိုယ်ပိုင်ကားတစီးရရှိခဲ့တယ်။ အမှုတော်ဆောင်တယ်။ ဒီလိုနဲ့ ကျမ်းစာကျောင်းတက်တယ်။ အမှုတော်ဆောင်ပါတယ်။ ဒီကနေ့အထိ အစေခံသက်သက်ပဲ အမှုတော်ဆောင်တယ်။ လုံးဝ လစာမစားဘူး။ ဒါဆိုဘာနဲစားသလဲ .. ဘုရားအမြဲတမ်းကျွေးတယ်..ပိုလျှံနေတယ်။ ကျွန်တော်ဘယ်နေရာပဲသွားသွား ကျွန်တော်မျက်နှာမငယ်ဘူး။ မနေ့က ကျွန်တော်တို့၅ယောက် ထွက်လာကြတယ်။ တစ်ယောက်က အမည်ခံခရစ်ယာန်၊ သူ့အတွက်တော့ ကျွန်တော်နှမျောတယ်။ မကျွေးချင်ဘူး။ ဒါပေမဲ့ခရစ်တော်ကိုဆပ်ကပ်တဲ့ညီအစ်ကိုများအတွက်တော့ ကျွန်တော့မှာပါသမျှအကုန်ပေးရတာ ကျွန်တော်မနှမျောဘူး၊ ဘာကြောင့်လဲဆိုတော့ ဘုရားက ကျွန်တော့ကိုပေးတာ အမှုတော်အတွက်ပေးတယ်။ စာတန်အတွက်မပေးဘူး၊ ဟာလေလုယ၊ အာမင်..။

ဒီတော့ ဘယ်နေရာမှလဲ၊ ဘယ်လိုပဲပြောပြော ဘုရားသခင်လမ်းပြတဲ့နေရာတိုင်းကို ကျွန်တော်သွားပါတယ်။ ကျွန်တော့ရဲ့ ညီအစ်ကိုမောင်နှမတွေ၊ အသင်းတော်ကို ပြောတဲ့စကားတခွန်းပဲရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့၊ ဘုရားသခင်မလွှတ်လို့ရှိရင် ခြေလှမ်းတစ်လှမ်း၊ လှမ်းလို့မရဘူး၊ ဘုရားသခင်ပို့လို့ရှိရင် ဘယ်လောက်ပဲ ပိတ်ထားတဲ့တံခါးတွေဖြစ်ဖြစ်၊ ဘုရားသခင်ရိုက်ချိုးသွားတယ်။ ဒါကြောင့် ဒီကနေ့ကျွန်တော် အနည်းငယ်သက်သေခံပါရစေ။ ကျွန်တော် ဆရာတော်ကိုလည်း ခွင့်တောင်းထားတယ်။ ကျွန်တော်ဒေသနာဟောတာထက် သက်သေပဲခံပါရစေ။


အသက်၇နှစ်အရွယ်၊မိဘမဲ့ဖြစ်ရခြင်း
ဘာလို့လဲဆိုတော့ ကျွန်တော်ခရစ်တော်နောက်လိုက်နေတာ ၁၈နှစ်ပဲရှိပါသေးတယ်။ ဒါပေမဲ့ ခရစ်တော်နဲ့တကယ်ပဲလျှောက်လှမ်းလာတာက ၁၅နှစ်ကျော်၊ ၁၆နှစ်အတွင်းထဲမှာပဲ ရှိပါသေးတယ်..လို့။ ဒါကြောင့် ဒီလိုအချိန်အတွင်းထဲမှာပဲ ဘုရားသခင်ကျွန်တော်ကို အများကြီးချီးမြျှောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၉၆၇ခုနှစ်မှာ မိဘနှစ်ပါးစလုံး အသတ်ခံပြီးတဲ့နောက်၊ မောင်နှမနှစ်ယောက်ထဲ ဘ၀မှာ ဘုရားဆိုတာနားမလည်ခဲ့ဘူး။ နေ့စဉ်စားနိုင်ဖို့အတွက် ပလပ်စတစ်ကောက်တယ်၊ ရေထမ်းရောင်းတယ်။ ဒီဘ၀နဲ့အသက်ရှင်လာတော့ လူတွေရှေ့မှာ အရမ်းမျက်နှာငယ်တယ်။ အဖေရဲ့အမျိုးအနွယ်၊ဘာမှန်းမသိဘူး။ အမေရဲ့အမျိုးအနွယ် ဘာမှန်းမသိဘူး၊ မိဘတွေနဲ့အတူ ခရီးထွက်လာတယ်။လမ်းမှာလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အမေကိုမုဒိမ်းကျင့်သွားတယ်။ အဖေကိုလည်း ဘက်နက်နဲ့ထိုးသတ်သွားတယ်။ မျက်စိအောက်မှာ အဖေနဲ့အမေက နှစ်ယောက်လုံး၊ အလောင်းကို ကားဓါတ်ဆီဖေါက်ပြီး၊ ကားရောမီးရှို့ပြီး ထားထားခဲ့တဲ့အခါ၊ လမ်းဘေးကခြုံပုတ်ထဲမှာ မောင်နှမနှစ်ယောက် ဘယ်သွားရမှန်းမသိခဲ့ဘူး။ ဒီလိုနဲ့ ရမ်းသမ်းပြီးတော့ လမ်းလျှောက်လာတော့ ကရင်တောင်သူ တဲတစ်တဲရောက်တယ်။ ကရင်တောင်သူတဲက ညီမလေးကိုတော့ ကျောင်းထားပေးမယ်၊ ကျွန်တော်တော့ အလုပ်လုပ်ရမယ်ဆိုတော့ ကျွန်တော်အရမ်းဝမ်းနဲတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် စာအရမ်းတတ်ချင်တယ်။ ပညာတတ်မှဘဲ ကျွန်တော်ဘ၀ကို မားမားမတ်မတ်ရပ်တည်နိုင်လိမ့်မယ်၊ ကျွန်တော်တို့မောင်နှမနှစ်ယောက် အဲဒီမှာ ၁၀ရက်လောက် ကပ်နေပြီးတော့ ကြိုးစားပြီးလမ်းဆက်သွားကြတယ်။ မော်လမြိုင်ရောက်လာတော့ မော်လမြိုင်မှာ ခဏနေတယ်။ အဲဒီကဆရာကြီးက ကျွန်တော်တို့ကိုပညာသင်ပေးခဲ့တဲ့ ဆရာကြီးက ပြန်တွေ့တော့ ပဲခူးမြို့ကိုပို့ပေးတယ်။ ဒါနဲ့ ပဲခူးမြို့၊ဆန်တော်တွင်း(၄)လမ်းမှာရှိ မိတ်ဆွေတဦးရဲ့အိမ်အောက်မှာ မောင်နှမနှစ်ယောက် ကပ်နေပြီးတော့ မောင်နှမနှစ်ယောက် အ.ထ.က(၆)မှာ ကျောင်းတက်ခဲ့ကြတယ်။ ပဲခူး အ.ထ.က (၆)ကနေ ကျွန်တော် ၁၀တန်းကို ဂုဏ်ထူး (၄)ဘာသာနဲ့ အောင်ခဲ့တယ်။ ညီမလေးကလည်း ဂုဏ်ထူး (၅)ဘာသာနဲ့ အောင်ခဲ့ကြတယ်။ အဲဒီတော့ မောင်နှမနှစ်ယောက် ဒီလိုဂုဏ်ထူးတွေရဘို့အတွက်ကတော့ ရေထမ်းခဲ့ရတယ်၊ ပလပ်စတစ်ကောက်နဲ့ သူများတွေရဲ့နှိပ်စက်ခြင်းကို အများကြီးခံခဲ့ရပါတယ်။ သို့သော် အဲဒီအချိန်က ဘုရားကိုမသိပေမဲ့ ကိုယ်တော်က ကျွန်တော့ကိုသိနေခဲ့ပါတယ်။ ဟာလေလုယ...အာမင်..(ပြုံးရွှင်လျှက်)။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းမှာ ကိုယ်တော်ရဲ့အကြောင်းကို ပိုပြီးသိလာခဲ့တယ်။ အဲဒါနဲ့ ၁၉၈၂ခုနှစ်မှာ ကျွန်တော် ရန်ကုန် အာအိုင်တီ RIT ကနေပြီးတော့ ကျွန်တော်ကျောင်းပြီးပါတယ်။ ညီမလေးကလည်း ကျွန်တော်ပြီးတဲ့နောက်မှာ ဆေးတက္ကသိုလ်ကနေ ကျောင်းပြီးခဲ့ကြတယ်။ ကျွန်တော်က အစိုးရအလုပ်လုပ်မလား၊ မိဘတွေကိုသတ်သွားတဲ့လူကို လိုက်ရှာမလား..လို့၊ ကျွန်တော်အများကြီးတွေးတယ်။ မောင်နှမနှစ်ယောက်စလုံး ငယ်ငယ်လေးကတည်းက အခက်အခဲ၊ဒုက္ခကြုံတွေ့တိုင်း မိဘသတ်တဲ့လူကို ပြန်ပြီးသတ်ချင်တဲ့ စိတ်ပဲရှိခဲ့တယ်။ အမြဲတမ်းနှလုံးသားက လူသတ်ချင်တဲ့စိတ် အချိန်ပြည့်ဖုံးလွှမ်းပြီးတော့ အာယာတနဲ့ပဲ အသက်ရှင်ခဲ့တဲ့ မောင်နှစ်မနှစ်ယောက်ဖြစ်ပါတယ်။


အရွယ်ရောက်ချိန်သံယာတော်ဘဝ
ဒါနဲ့ ကျွန်တော် လက်နက်ကိုင်အဖွဲ့အစည်းတခုကို ၀င်မယ်ဆိုပြီးသွားတဲ့အခါ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက မ၀င်ဘို့ တားခဲ့တယ်။ ပဲခူးသာသနာ့မဏ္ဍိုင်၊ ပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော်ကြီး၊ ဘန္ဒဓပညာဇောတ..ပေါ့။ သူကလိုက်တားပြီး သူခေါ်တဲ့အခါ ကျွန်တော်ဘုန်းတော်ကြီးကျောင်းမှာ လိုက်သွားတယ်။ အဲဒီဘုန်းကြီးကျောင်းရောက်တော့ ဘုန်းကြီးက အတင်းချော့ပြီးတော့ ကတုန်းတုံးခိုင်းပြီး သင်္ကန်းဝတ်ခိုင်းတော့ ကျွန်တော်လည်း ၀တ်လိုက်တယ်။ အဲဒီမှာ သင်္ကန်းဝတ်ပြီးတော့ စာသင်တိုက်ကြီး၊ ပါဠိတက္ကသိုလ်ကြီးဖြစ်နေတော့ သူများတွေ၊ ဗုဒ္ဓစာတွေ လေ့လာကြတယ်၊ ကျွန်တော် ငယ်ငယ်လေးကတည်းက အတွေးတခုရှိတာက ဘယ်နေရာမှာပဲရောက်ရောက် ကျွန်တော် ကိုယ်လုပ်မဲ့အလုပ်ကို ဆုံးခမ်းတိုင်လုပ်မယ်ဆိုတဲ့ စိတ်က ငယ်ငယ်လေးကတည်းက ရှိခဲ့တဲ့အခါ ဗုဒ္ဓစာပေကို စလေ့လာပြီးတော့ ၁၉၈၆ခုနှစ်မှာ သာသနာ့ ဓမ္မစရိယဘွဲ့၊ စင်္ကြာဘုန်းကြီးဘွဲ့ကိုအောင်မြင်ခဲ့တယ်။ အဲဒီကနေ အောင်မြင်ပြီးတော့ ၁၉၈၈ခုနှစ်မှာ မြန်မာနိုင်ငံ၊ အားလုံးသိပြီးသားဖြစ်ပါတယ်။ အရေးအခင်းဖြစ်တယ်။ အရေးအခင်းမှာ ဘုန်းကြီးတွေလည်း တော်တော်များများပါသွားတယ်။ ကျောင်းသားကျောင်းသူတွေ ပါပြီး၊ ပျက်စီးသွားကြတယ်။ အဲဒီတော့ နိုင်ငံတော်အစိုးရကို လူထုက မကြေမနပ်ဖြစ်နေတဲ့အချိန်၊ အဲဒီမှာ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးဦးစောမောင်ကနေပြီး၊ ကျွန်တော့ကို အိန္နိယနိုင်ငံ ဗီဟာပြည်နယ်၊ နလန္တာတက္ကသိုလ်ပေါ့။ အဲဒီမှာ ဗုဒ္ဓဘာသာတက္ကသိုလ်ကို တက်ဖို့ (၉)ယောက်ရွေးချယ်တဲ့အထဲ နံပါတ်(၁)အနေနဲ့ ရွေးချယ်ပြီး၊ ပို့ဆောင်ခဲ့တယ်။ ပို့ဆောင်ခဲ့တဲ့အတွက် အိန္နိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ နလန္တာတက္ကသိုလ်မှာ ကျွန်တော် MA Buddhism ပြီးတဲ့အထိ ကျောင်းတက်ခွင့်ရရှိခဲ့တယ်။ အဲဒီကနေပြီး သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ဗုဒ္ဒသိဓသန် တက္ကသိုလ်မှာ ကျွန်တော် ပီအိပ်ခ်ျဒီ Ph.D ဆက်လက်ရလာခဲ့တယ်။ ဒါနဲ့ ၁၉၉၃ခု ဇန္န၀ါရီလ (၃)ရက်နေ့မှာ မြန်မာနိုင်ငံပြန်ရောက်ပြီး၊ ဇန္န၀ါရီလ (၄)ရက်နေ့ မြန်မာနိုင်ငံလွတ်လပ်ရေးနေ့မှာ ကျွန်တော့ကို နိုင်ငံတော်အကြီးအကဲက ၀ိသံသက ပဏ္ဍိတဘွဲ့၊ ဦးဆွတ်အောင်ပန်းလို့ခေါ်တာပေါ့၊ သံယာတွေထဲမှာ အသက်အငယ်ဆုံး၊ ၀ါအနုဆုံးနဲ့ Ph.D ရလာတယ်ဆိုပြီး ဦးဆွတ်အောင်ပန်းဘွဲ့ကို ပေးတယ်။ ကျွန်တော့်ဘုန်းကြီးနာမည်က ဘနဓ္ဒသမနာလင်္ကရ၊ ပါဠိပါရဂူရ၊ ဂိုရိတ္တ၊မဟာပဏ္ဍိတထေ (စာလုံးပေါင်းမမှန်၍ခွင့်လွှတ်ပါရန်) အားလုံး ဗုဒ္ဓဘာသာဘွဲ့(၉)ဘွဲ့ ရရှိခဲ့ပါတယ်။ အဲဒဗုဒ္ဓဘာသာဘွဲ့(၉)ဘွဲ့ ရရှိပြီးတဲ့နောက်မှာ ကျွန်တော် နိုင်ငံတော်အကြီးအကဲ့ ဦးစောမောင်သွားတဲ့နောက်ကို ကျွန်တော်အမြဲတမ်း လိုက်ခဲ့တယ်။ လိုက်ခဲ့တဲ့အခါ ခုနပြောခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ နောက် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ တရုပ်နိုင်ငံ ရှန်ဟိုင်း ယူနီဗာစတီအထိ ကျွန်တော် လေ့လာခွင့် ရရှိခဲ့တယ်။ ရရှိပြီးတော့ အိန္နိယနိုင်ငံ၊ နိပေါနိုင်ငံ နဲ့ ဘူတန်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံတွေကို သာသနာရေး သွားခဲ့တယ်။
သွေးအန်၊နှလုံးကင်ဆာရောဂါကျွမ်းပြီ
သွားရင်းသွားရင်းနဲ့ ၁၉၉၃ခုနှစ် သြဂုတ်လမှာ ကျွန်တော်၊ ချင်းပြည်နယ် တွန်းဇံမြို့ပေါ့၊ အဲဒီတုန်းက တွန်းဇံက မြို့နယ်ခွဲမဖြစ်သေးဘူး၊ တွန်းဇံမှာ အရင်တုန်းက ခရစ်ယာန်ဆုတောင်းတောင်ရှိတယ်။ ခရစ်ယာန်ဆုတောင်းတောင်ကို လက်ဝါးကားတိုင်ဖယ်ပြီး အဲဒီမှာ စေတီတည်ထားတဲ့၊ စေတီမှာ ထီးတင်ပွဲ တရားဟောဖို့ဖိတ်တဲ့အခါ ကျွန်တော် ၁၉၉၃ခု သြဂုတ်လမှာ တွန်ဇံမြို့ကိုရောက်တယ်။ ရောက်တဲ့အခါ အဲဒီစေတီရဲ့ထီးတင်ပွဲ၊ လောကမာဇရိန်ဆုတောင်းပြည့်စေတီ၊ ထီးတင်ပွဲမှာ ကျွန်တော်တရားဟောတယ်။ တရားဟောပြီးတဲ့အခါ သူတို့ ဆွမ်းကပ်တယ်။ ထမင်းကြွေးတာပေါ့။ ဆွမ်းကပ်တဲ့အခါ ကျွန်တော်ထမင်းစားလို့မရလိုက်ဘူး။ ရင်ဘတ်ကအောင့်ပြီးတော့ ပျို့တက်လာပြီး၊ အန်တဲ့အခါမှာ သွေးနဲ့၊ပြည်တွေ ဖြစ်နေတယ်။ သွေးနဲ့ပြည်တွေ ဖြစ်နေပြီး လူကလည်း တုံပြီးမောလာတဲ့အခါမှာ ကျွန်တော် ဟယ်လီကော်ပတာနဲ့ပဲ မန္တလေးကိုဆင်းတယ်။ မန္တလေး ကုတင်၃၀၀ ဆေးရုံအုပ်၊ မန္တလေးဆေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဖြစ်တဲ့ သမားတော် ဒေါက်တာဖေ၀င်း၊ သူကနေ အလတြာဆောင်း Ultra Sound ရိုက်တယ်။ အဲဒီ အလတြာဆောင်း ရိုက်တဲ့အခါ တီဗီမှာ ကျွန်တော့်နှလုံးပုံပေါ်လာတယ်။ အဲဒီမှာ အနာတွေနဲ့၊ ပြည်တွေတည်နေတယ်။ ရောဂါလက္ခဏာ ရှာလို့မရတော့ နံဘေးကနေဖေါက်ပြီးတော့ နှလုံးကနေ သွေးကိုထုတ်ယူတယ်။ ရောဂါစစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာ ကင်ဆာ...။ အဲဒီတော့ လူပေါင်း တစ်သောင်းမှာတောင် တစ်ယောက် မကြုံဖူးတဲ့ ကင်ဆာရောဂါ နှလုံးမှာဖြစ်နေတယ်။ ကင်ဆာဆို သေပြီးပေါ့။ ကိုယ့်ကိုယ်ကိုလဲ သေလူလို့ သတ်မှတ်လိုက်တယ်။ ဆရာဝန်ကလည်း ကုလို့မရတောဘူး။ ကင်ဆာရောဂါလက္ခဏာ ပေါ်လာပြီ၊ သိလာပြီ၊ ကင်ဆာဆိုတာ သတ်မှတ်လို့ရပြီးဆိုရင် ကင်ဆာရောဂါရဲ့သက်တမ်းက အနည်းဆုံး ခုနှစ်နှစ်ရှိနေပြီလို့ သူပြောမှ ကျွန်တော်လည်း တအားစိတ်ဓါတ်ကျသွားတယ်။ အဲဒီတော့ နိုင်ငံတော်အကြီးအကဲက ကုလို့ရတဲ့နိုင်ငံတွေမှာ လိုက်ကုမယ်။ ဒါနဲ့ ဂျပန်နိုင်ငံ .. ဂျပန်နိုင်ငံတိုကျိုမှာ ကျွန်တော်မနေနိုင်ဘူး၊ အဲဒီမှာ ဟိုကိုင်းဒိုး .. ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ချင်းတောင်လိုလို၊ ရှမ်းပြည်နယ်လိုလို အင်မတန်လှတယ်။ နေလို့ကောင်းတယ်။ နှင်းတွေလည်း တအားကျတယ်။ အဲဒီ ဟိုကိုင်းဒိုးကို ပို့တယ်။ ဘယ်လောက်ပဲ ရှုခင်းလှလှ၊ ဘယ်လောက်ပဲ နေလို့ကောင်းကောင်း၊ ကျွန်တော်က သေလူအဖြစ် ကိုယ့်ကိုယ်ကို သတ်မှတ်ထားတော့ ပတ်ဝန်းကျင်အလှက ကျွန်တော့အတွက် ဘာမှမထူးခြားဘူး။

ဒါနဲ့ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ် ကင်ဆာအထူးကုဆေးရုံ၊ ရောက်ရှိတယ်။ မြန်မာနိုင်ငံမှ ပြန်သေပါရစေ..လို့၊ နိုင်ငံတော်အကြီးအကဲကို အခွင့်တောင်းတဲ့အခါ နိုင်ငံတော်အကြီးအကဲက ကိုးရီးယားမှာကျန်နေခဲ့တဲ့ ကျွန်တော့ကို မြန်မာနိုင်ငံပြန်ရောက်ခွင့်ရရှိခဲ့တယ်။ မြန်မာနိုင်ငံကို ၁၉၉၃ နိုဝင်ဘာလ ၂၈ရက်မှာ ပြန်ရောက်တယ်။ အဲဒီမှာ သေဖို့စောင့်နေတယ်။ ပဲခူးမြို့ သာသနာမဏ္ဍိုင် ပါဠိတက္ကသိုလ် ကျောင်းဆောင်ပေါ့၊ အဲဒီကျောင်းဆောင် အပေါ်ထပ်မှာ ကျွန်တော့အတွက် နေရာထားပေးတယ်။


ခေါ်သံကိုကြားရပြီ
သေဖို့စောင့်နေရင်းနဲ့ ၁၉၉၄ခု ဇန္န၀ါရီလ (၁၅)ရက်နေ့မှာ မထင်မှတ်ပဲနဲ့ ရေဒီယိုတလုံးက ဒီ..သီချင်းသံထွက်နေတယ်။ သီချင်းသံထွက်နေတော့ ကျွန်တော်တို့က ရွှေကျင်ကျောင်းတိုက်ဆိုတော့ ရဟန်းသံယာတွေ ရေဒီယိုသံ၊ ကက်ဆက်သံ နားထောင်ခွင့်မရှိဘူး။ ဒီနေ့အထိ အဲဒီကျောင်းရဲ့ စည်းကမ်းကလဲ အခွင့်မရှိပါဘူး။ အဲဒီမရှိတဲ့ ကျောင်းတိုက်ကြီးမှာ ထူးထူးဆန်းဆန်း ဒီအသံကြားတော့ သွားပြီးတော့ ခေါ်တယ်။ ခေါ်တော့ သူတို့ဖွင့်ထားတဲ့ဟာကို မပိတ်ရဲဘူး။ ကိုယ်ရင်ပေါက်စလေးတပါး..။ အဲဒါ ထားပစ်ခဲ့လိုက်၊ အဲဒီ ရေဒီယိုကို နောက်မကိုင်နဲ့တော့။ မင်းဝယ်ထားတဲ့ ငွေကြေးရှိတယ်ဆိုရင် အိပ်ယာအောက်ကနေယူပြီး ဆင်းသွားလိုက် ..ဆိုတော့ သူဆင်းသွားတယ်။ ကလေးက မပိတ်တော့ပဲနဲ့ ထားခဲ့တော့ သီချင်းသံအပြီးမှာ တရားဟောချက်ထွက်လာတယ်။ အဲဒီတုန်းက မှတ်မှတ်ရရသီချင်းက အဆိပ်မဲ့ပန်းပါမေမေ ဆိုတဲ့ ပိုးဒါလီသိန်းတန်ဆိုတဲ့သီချင်းလေး၊ ကိုယ်ဝန်ဖျက်ချတဲ့ဟာ အပြစ်ဖြစ်တယ်..ဆိုတဲ့ သီချင်းလေးကို အဲဒီမှာ ကျွန်တော် အဲ့သြပြီးနားထောင်နေတုန်းမှာပဲ သီချင်းအပြီးမှာ သိင်္ခါရမှအစဉ်ထာဝရသို့ ဆိုတဲ့ တရားဟောချက်ကိုကြားတော့ ဟော..ခရစ်ယာန်တွေ သင်္ခါရကနေ အစဉ်ထာဝရ ဘယ်လို ရှိသလဲ။ နဲနဲလဲ လေ့လာချင်တယ်။ အိပ်ယာထဲကနေ မပိတ်တော့ပဲ နားထောင်တော့ အဲဒီညမှာ ဆရာကြီးကနေပြီး ဟောတဲ့ဒေသနာက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာကြီး (၃)ပါးကို အခြေခံပြီး ဟောသွားတယ်။ လူတွေက ခန္တာကိုယ်တွေကို လှဘို့၊ ပဘို့ ..မွေးတယ်။ ကောင်းတာတွေနဲ့ စားကြတယ်။ လှတာတွေ တန်ဘိုးရှိတာတွေနဲ့ ဘယ်လောက်ပဲ ပြုပြင်ပြီး။ ဖုံးလွှမ်းနေ..သေလို့ရှိရင်တော့ မြေကိုကြွေးဖို့ပဲ။ ဘာမှတန်ဖိုးမရှိဘူး။ အဲဒီလိုပဲ ..ဥစ္စာတွေကိုလည်း စုကြတယ်။ ဘယ်လောက်ပဲစုစု နောက်ဆုံးသေသွားလို့ရှိရင် ယူသွားလို့မရဘူး။ ဥစ္စာတွေစုတာ ထိုက်တဲ့သူအတွက်ပဲ။ နောက် ကိုယ့်ရဲ့ ဆံပင်တချောင်းတောင်မှ မဖြူအောင် မတတ်နိုင်ကြဘူး၊ မတတ်နိုင်ပဲနဲ့ ငါ့ဟာ၊ ငါ့မိသားစု၊ ငါ့မယား၊ ငါ့ဥစ္စာ၊ ငါ့မိသားစု၊ ငါ့နိုင်ငံ ဆိုပြီး ငါဆိုတဲ့ အတ္တတွေနဲ့ စွဲလမ်းနေကြတယ်။ တကယ်တော့ ဒီအရာတွေ ဘာယူသွားလို့ရသလဲ..။ လောကမှာ ခရစ်တော်မရှိဘူးဆိုရင် ပူလောင်မှုတွေ၊ ဒုက္ခနဲ့ပဲတွေ့ပြီး နောက်ဆုံး မီးငရဲထဲပဲ ကျဖို့ရှိတယ်။ အဲဒီတော့ ဒီဘ၀ထဲကနေ လွတ်မြောက်စေသောအရာကတော့ ယေရှုခရစ်တော်ရှိတယ်..ဆိုပြီး အဲဒီည ၁၅မိနစ်အတွင်း ဟောသွားတဲ့ တရားဟောချက်ကို ကျွန်တော် အံ့သြတယ်။ အဲဒီမှာ သင်္ခါရနယ်ပယ်ကနေ အစဉ်ထာဝရနယ်ပယ်၊ ဗုဒ္ဓဘာသာမှာလည်း ရှိပါတယ်။ အဲဒီတော့ ၃၁ဘုံ...၊ ဒီ ၃၁ဘုံထဲမှာ ဘယ်မှာပဲဖြစ်ဖြစ် သေကျေပျက်စီးခြင်း၊ နောက်ဆုံး ငရဲဘဲ ရောက်လိမ့်မယ်။ ၃၁ဘုံကနေလွန်မြောက်စေတဲ့ အသင်္ဂတဓါတ် နိဗာန်ဆိုတဲ့အရာမှာ၊ အဲဒီတော့ ဒီ..နိဗာန် နဲ့ ဆရာတင်မောင်ထွန်းပြောတဲ့၊ ဒီ..ထာဝရနိုင်ငံ တူသလား..ဆိုပြီးတော့ တညလုံးတွေးမိတယ်။

နောက်နေ့ရောက်တော့ အဲဒီအချိန်ကလေးမှာ တအားကြားချင်လာတယ်။ ကြားချင်လာတော့ ဇန္န၀ါရီ (၁၆)ရက် ည၉နာရီ ၄၅ကနေစပြီး နားထောင်ဖြစ်တယ်။ အဲဒီမှာ နားထောင်တဲ့အခါမှာ ညတိုင်းညတိုင်း ၁၅မိနစ်၊ ၁၅မိနစ် နားထောင်ပုံမှန် နားထောင်လာတယ်။ နားထောင်ရင်းနဲ့ ၁၉၉၇ခုနှစ် မေလ (၁၃)ရက်နေ့ မနက်ခင်း အစောကြီး ၃နာရီလောက်မှာ သွေးက ထအန်တယ်။ လူကမောပြီး မနေနိုင်တော့ ၀ရံဒါဘက် ထွက်တယ်။ ၀ရံဒါထွက်ပြီးတော့ အပေါ်ကို မော့ကြည့်တဲ့အခါ ကြယ်ကလေးတလုံး၊ ကြွေကျလာတယ်။ ကြယ်တလုံးကြွေကျလာတော့...ဒီကြယ်ကို ကျွန်တော်ကြည့်တယ်။ အောက်ထိမရောက်ဘူး၊ ပျောက်သွားတယ်။ ငယ်ငယ်လေးတုံးကလဲ ကြယ်ကြွေတာတွေ ခဏခဏ မြင်ဘူးတယ်။ ဒါပေမဲ့ မတွေးဖူးဘူး။ ဒါပေမဲ့ အခုတော့ ကျွန်တော်တွေးမိတယ်။ လောကမှာ လူတွေထိန်းချုပ်မောင်းနေတဲ့ မော်တော်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ ပင်လယ်ထဲမှာရှိနေတဲ့ သင်္ဘောတွေ၊ နောက်ပြီးတော့ Station တခုနဲ့တခု၊ တိတိကျကျ လွှတ်ပေးနေတဲ့ သံလမ်းပေါ်မှာ ပြေးနေတဲ့ မီးရထားတွေ၊ နောက် ကောင်းကင်မှာ ကျယ်ပြန့်တဲ့နေရာမှာ သူလေကြောင်းနဲ့သူ သွားနေတဲ့ လေယဉ်တွေ၊ မကြာမကြာ တိုက်ခိုက်မိကြတယ်။ ပျက်စီးကြရတယ်။ လူတွေ ထိန်းချုပ်မောင်းနှင်နေတဲ့ အရာတွေက တိုက်ခိုက်ပျက်စီးနေတယ်။ ဒါဆိုလို့ရှိရင် နေကိုဗဟိုပြုပြီးတော့ . ဘဲဥပုံသဏ္ဍန်နဲ့ တစက္ကန့်ကို မိုင်၇၀၀နှုံးနဲ့ ပြေးနေတဲ့ ကျွန်တော်တို့ ကမ္ဘာကြီး၊ အဲဒီလိုပဲ သူ့လမ်းကြောင်းနဲ သူသွားနေကြတဲ့၊ ဂြိုလ်တွေ၊ နက္ခတ်တာရာတွေ ဘာကြောင့်မတိုက်သလဲ၊ သူတို့ရဲ့ Systematic ဘာဖြစ်လို့ ဖြစ်နေသလဲ..။ ဒါဆိုရင် သူတို့ကို ဘယ်သူက ထိန်းချုပ်မောင်းနှင်နေတာလဲ။ ဒါဆိုရင် သူတို့ကို ထိန်းချုပ်မောင်းနှင်နေတာက ဆရာတင်မောင်ထွန်းပြောတဲ့ ယေရှုဘုရားလား... ကျွန်တော်စိတ်ထဲမှာ ဖြစ်လာတယ်။ ဖြစ်လာတဲ့အချိန် နားထဲမှာ အသံတခု ပြန်ကြားလာတယ်။


စိန်ခေါ်ခြင်း
ဆရာတော်ကြီးက ညတိုင်းညတိုင်း သူပြောတယ်။ မြည်းစမ်းကြည့်ပါ၊ ခေါ်ကြည့်ပါ၊ အဖြေတွေ့ရမယ် ..ဆိုတဲ့စကားကို ပြန်ကြားလာတော့ ကျွန်တော် စိန်ခေါ်ချင်တယ်။ ဒီတော့ ကောင်းကင်ကို လက်ညိုးထိုးပြီး ခင်ဗျား၊ တကယ်တော့ ဘုရားအစစ်လား..၊ ဘုရားအစစ်ဆိုရင် ဘုန်းကြီးကိုပြပါ။ ပြနိုင်ရင်ယုံမယ်၊ မပြနိုင်ရင် မယုံဘူး။

သေတော့သေခါနီးပြီ၊ မာနတော့ရှိသေးတယ်..။ ကိုယ့်ကိုယ်ကို ဘုန်းကြီးကတော့ တပြားမှမလျော့သေးဘူး၊ ဒါနဲ့ အဲဒီနေ့တနေကုန် ကုန်သွားတယ်။ မနက်လင်းလာရာကနေ တနေကုန်သွားတယ်။ ကျွန်တော် မသေခင် အကောင်းဆုံးနေမယ် ..လို့ တွေးထားတာဆိုတော့ တတ်နိုင်သလောက် အားလေးနဲ့၊ မိုက်ကရိုဖုန်းနဲ့ စါဝါ ပို့ချတယ်။ ကျွန်တော် နောက်ဆုံးပို့ချခဲ့တဲ့ စာအုပ်ကို ထုတ်ထားပါတယ်။ အထသာဠိဒီ ..
ဒိကာပေါ့။ စာမျက်နှာ ၄၇၅မျက်နှာရှိတယ်။ ပါဠိလိုဖြစ်တယ်။ ဒီစာအုပ်ကို နောက်ဆုံး ဘုန်းကြီးဘ၀မှာ ထုတ်ခဲ့တာဖြစ်ပါတယ်။ နောက် လောကစာပေ တော်တော်များများ ရေးခဲ့ဖူးတယ်။ ၁၉၇၈ခုနှစ်ကတည်းက လောကစာပေရေးခဲ့တယ်။ ကလောင်နာမည် တက္ကသိုလ်ငြိမ်းနွယ်ခေါ်ပါတယ်။ အဲဒီတော့ ကျွန်တော် ဗုဒ္ဓစာပေ ကျမ်းဂန်ကို ပြုစုရင်းနဲ့ နောက်ဆုံးတော့ အဲဒီကျမ်းကိုလည်း ပြီးခါနီးပြီ၊ စာဝါပို့ချတဲ့ ညတိုင်းညတိုင်း၊ အဲဒီ မရှိမဲ့၊ ရှိမဲ့ အားလေးနဲ့ ကြိုးစားပြီး ပို့ချခဲ့တယ်။


စိန်ခေါ်မှုရဲ့အဖြေ - အံ့သြဖွယ်အလင်း၊
ဒီလိုနဲ့ အဲဒီညမှာ ၁၉၉၄ခု မေလ(၃)ရက်နေ့ ည (၆)နာရီခွဲတော့ ပဲခူးမှာ၊ အဲဒီနှစ်ကတော့ အစောဆုံးမိုးရွာတာပေါ့၊ အကြီးအကျယ် မိုးက တ၀ုန်းဝုန်းနဲ့ ရွာတယ်။ မိုးတွေ မိုးဦးရွာတော့ မိုးကြိုးတွေကလည်း ပစ်တယ်။ အကြီးအကျယ် မိုးကြိုးတွေပစ်တယ်။ မိုးကြိုးတွေပစ်ရင်းနဲ့ ၇၇တပ်မဌာနချုပ်က အဲဒီအချိန်တုန်းက ဘယ်မှာလဲဆိုတော့ ပဲခုးမှာပဲရှိသေးတယ်။ အခုမှ ရန်ကုန်ပြောင်းသွားတယ်။ အဲဒီတော့ ၇၇တပ်မဌာနချုပ်ရဲ့ တပ်ဦးမှာရှိနေတဲ့ တပ်ဦးကျောင်ကို
မိုးကြိုးကပစ်ပြီး တိုက်ကြီးကကွဲပြီးတော့ အတွင်းထဲမှာရှိနေတဲ့ ကိုယ်ရင်နဲ့ဦးဇင်းတွေ သေသွားတယ်။ အဲဒိတော့ စဉ်းစားတယ်။ ကိုယ့်ကိုယ်ကို သေတော့မယ်လို့ မျှော်နေတဲ့အချိန်၊ သန်သန်မာမာနဲ့ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေက သေသွားတယ်။ ဟုတ်ပြီး.. သေခြင်းဆိုတာ ခြေတလှမ်းပဲ...။ ဘယ်လောက်မှ မဝေးပါလား..လို့ တွေးမိတယ်။ တွေးမိပြီးတော့ ဖြစ်နေတဲ့အချိန် အဲဒီတုန်းက ပဲခူးမှာ ရပ်ကွက်ပေါင်း (၇)ခုက မီးလုံးက ပျက်သွားတယ်။ ထရန်စဖွန်မာက စက်ကွင်းမိပြီး အားလုံးကပျက်သွားတယ်။ ပျက်သွားတဲ့အခါမှာ တခါတည်း ဘယ်လိုပြောမလဲဆိုရင် မီးမရှိတော့ ဖယောင်းတိုင်နဲ့နေရင်းနဲ့ ည ၁၂နာရီလောက်မှာ သွေးက သွေးအန်တယ်။ သွေးအန်တော့ လူကမောပြီးတော့ ဒေါက်တာဇိဝကရယ်၊ ဒေါက်တာအေးကျော်၊ ဒေါက်တာကျော်ကျော်လွင်ဆိုတာ အခု ပဲခူးမှာ နာမည်ကြီး ဆရာဝန်ကြီးတွေရှိတယ်။ သူတို့တတွေ အလှည့်ကျ ဆေးလာလာကုပေးတယ်။ ကျွန်တော့ဘေးမှာ အမြဲတမ်း လာလာ ပြုစုတာကတော့ ယခု လက်ရှိ ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှာ၊ ဒုတိယညွန်ကြားရေးမှုးလုပ်နေတဲ့ စာရေးဆရာလည်းဖြစ်တယ်။ မနုသကျော်ဝင်းဆိုတာ၊ သူက အမြဲတမ်းပြုစုတယ်။ အဲဒီ မှာဘယ်လိုပြောမလဲဆိုတော့ သူတို့တတွေလည်း လာလာပြီး ပြုစုတော့ ဒိုင်ကော်စင်လို့ခေါ်တယ်။ နှလုံးငြိမ်ဆေး၊ ဂျပန်ကနေ ယူထားတယ်။

ဒီဆေးကို ကျွန်တော် ၁၅လုံး သောက်တယ်။ ဘာလို့လဲဆိုတော့ သေရင်လဲ သေပစေတော့၊ လောကကြီးနေရတာ အရမ်းပင်ပမ်းတယ်။ ခန္တာကိုယ်ကလည်း မသယ်နိုင်တော့ဘူး၊ လူက ရောဂါကြွမ်းနေပြီဆိုတော့ မလှုပ်ချင်တော့ဘူး၊ အဲဒီတော့ သက်သာအောင် ဒီဆေးပဲ သောက်နေရတယ်။ အမြဲတမ်းလဲ မသက်သာဘူး၊ ခဏခဏ သောက်နေရတယ်။ ဒီဆေးသောက်ပြီး အိပ်ယာပေါ်မှ ခဏလှဲတယ်။ မနက်အစော တနာရီလောက်မှာ အိပ်ပျော်သွားတယ်။ အိပ်ပျော်သွားတော့ သိပ်မကြာဘူး၊ မျက်စေ့ကို အင်မတန်မှစူးသျှတဲ့ ဆလိုက်မီးတခုလိုဟာမျိုးက လာထိုးထားတယ်။ မျက်စိဘယ်လောက်ပဲပိတ်ထားပိတ်ထား၊ အပေါ်မှာ အလင်းရှိရင် အိပ်မရတော့ဘူး။ ဒီတော့ မီးပြန်လာတယ်ထင်ပြီး မီးခလုပ်ကိုပိတ်တယ်။ ကျွန်တော့အခန်းက ရှင်းရှင်းလေးပါ။ ပေ၂၀ ပတ်လည်ပဲ ကျယ်တယ်။ အဲယားကွန်း တပ်ထားတယ်။ ကုတင်တလုံးရှိတယ်။ စာအုပ်တွေထည့်တဲ့ ဘီရိုတလုံးရှိတယ်။ နောက်ပြီးတော့ စားပွဲတလုံးနဲ့ ထိုင်ခုံ ၂လုံးပဲရှိတယ်။ ဘာမှမရှိဘူး။

ဒီအခန်းထဲမှာ မျက်စိဖွင့်လိုက်တော့ အခန်းတခန်းလုံးက လင်းနေတယ်။ အရိပ်မပေါ်ဘူး။ အဲဒီတော့ မီးပြန်လာတဲ့ အလင်းမဟုတ်ပဲ၊ အရိပ်မပေါ်တဲ့ အလင်းဖြစ်နေတော့ ကျွန်တော်.. ထူးဆန်းတယ်။ ဒါ..ဘာလဲ..၊ ကုတင်ပေါ်မှာ ထထိုင်တယ်။ စဉ်းစာနေတဲ့အချိန်ကျမှ သြော်..ငါ မနက်ခင်းအစောကြိး ယေရှုကို စိန်ခေါ်ထားတာ၊ ဒါဆိုရင် ယေရှုဘုရားလား...။ အဲဒီမှာ အလိုလိုနေရင်း နှလုံးက ဒုတ်ဒုတ်ဒုတ်နဲ့ ပိုခုန်လာတော့ ယေရှုဘုရား၊ တပည့်တော်ယုံပြီ...။ အဲဒီအချိန်မှာ ကျွန်တော် ကုတင်အောက်မှာ ဒူးထောက်ပြီးသားဖြစ်နေတယ်။ မထင်မှတ်ဘူး။ ကုတင်ပေါ်က ဘယ်လိုဆင်းမိမှန်းမသိဘူး။ ယေရှုဘုရား..တပည့်တော်ယုံပြီ...လို့ နှုတ်ကနေ ၀န်ခံတဲ့အခါကျမှ ၀န်လေး၍ပင်ပန်းသောသူအပေါင်းတို့..ငါ့ထံသို့လာကြလော့၊ ငါသည်ချမ်းသာပေးမည်။ သင့်ကိုလူမျိုးတကာအတွက် ငါခွဲခန့်ထားမည်။ ... ဒီအသံကို အံ့သြဘွယ်ကြားရတယ်။ တခါမှမကြားဖူးတဲ့အသံဖြစ်နေတော့ ကျွန်တော်ပတ်ကြည့်တယ်။ မတွေ့ဘူး.. ။ အဲဒီမှာ စိတ်ကနှိုးဆော်လာတယ်။ အဲဒီမှာ ဘာပြောချင်သလဲဆိုတော့ ကျွန်တော့မှာ နှလုံးကင်ဆာရှိတယ်။ ဘယ်လိုလုပ် လူမျိုးတကာအတွက်ဖြစ်မလဲ..ဒါပေမဲ့ အံ့သြစရာကောင်းတာက အဲဒိအချိန်ကစပြီး ကျွန်တော်အသက်ရှုလို့ကောင်းတယ်။ ၀လာတယ်။ အသက်ရှုဝလာတယ်။ နေရတာသက်သာတယ်။ ပေါ့ပါးတယ်။ အဲဒီမှာ တဖြေးဖြေးနဲ့ အလင်းက မှိန်လာတဲ့အချိန် တခါးကလည်း အပြင်ကခေါက်လာတယ်။

တခါးခေါက်လာတဲ့အချိန်ကျတော့ အလင်းက တဖြေးဖြေးပျောက်သွားတယ်။ အဲဒီတော့မှ ကျွန်တော် ထပြီးတော့ တံခါးသွားဖွင့်တယ်။ ဘာလို့တံခါးခေါက်နေတာလဲ..မင်းတို့ဝင်လို့ရတာပဲ၊ ၀င်လိုက်ပါလား..တံခါးကပိတ်မှမပိတ်ပဲ၊ ဆွဲစိထားရုံပဲကိုး။ ဘုန်းကြီးအခန်းဆိုတော့ သူတို့က မခေါက်ပဲ မ၀င်ရဲ၊ အဲဒီတော့ ဘယ်လိုပြောသလဲဆိုတော့ အောက်ကနေ မှန်ပြူတင်းကနေ အလင်းရောင်တွေ တအားထွက်နေတယ်။ ထွက်နေတဲ့အတွက် ဘာလဲဆိုပြီးပြေးလာတာတဲ့...အဲဒီတော့ ဘာမှမဟုတ်ဘူး။ ဆင်းပါ ..ဆိုတော့ သူတို့ဆင်းသွားတယ်။


ပါဠိစာအုပ်တအုပ်
(ပါဠိ-စာလုံးမှန်ပြင်ရန်လိုသည်။ ခွင့်လွှတ်ဖတ်ရှုပါရန်)
အဲဒီအချိန်ကစပြီး ကျွန်တော်ညမအိပ်ဘူး၊ ဖယောင်းတိုင်တတိုင်းထွန်းပြီးတော့ စဉ်းစားရင်းနဲ့ စာအုပ် ပါဠိစာအုပ်တအုပ်ကို ကောက်ကြည့်တယ်။ ကောက်ကြည့်တာက ဒီစာအုပ်ကို ကျွန်တော် တခါမှမကိုင်ဖြစ်ဘူး။ မကိုင်ဖြစ်ဘူးဆိုတာ မလိုလဲ မလိုအပ်ဘူး။ လွန်ခဲ့တဲ့ ပဉ္စမသင်္ဂါယနာ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာဆို သင်္ဂါယနာ (၆)ကြိမ်တင်ခဲ့တယ်။ ပဉ္စမသင်္ဂါယနာ မင်းတုန်းမင်းလက်ထက်ကတည်းက ဒီစာအုပ်ကို ပယ်ထားတယ်။ ဟောတာကတော့ ဗုဒ္ဓဟောတယ်။ ဒါပေမဲ့ ..ဒီစာအုပ်ကို ဘာကြောင့်ပယ်သလဲဆိုတာ ကျွန်တော်နောက်မှ လေ့လာခဲ့တယ်။ အဲဒီတော့ ဒီပယ်ထားတဲ့စာအုပ်ဖြစ်တယ်။ ဆဌသင်္ဂါယနာမှာတော့ လုံးဝမပါတဲ့ စာအုပ်။ ဒီ ပါဠိမူရင်းရှိနေတယ်ဆိုတော့ ဒီစာအုပ်ကိုကျွန်တော်လေ့လာဖို့ ဆိုပြီး ယူထားတာပဲရှိတယ်။ မဖတ်ဖြစ်ဖူး။ ဒါနဲ့ စာအုပ်တွေ ဘီရိုထဲကဟာတွေက အားလုံး အလွတ်ရပြီးသားတွေဖြစ်နေတော့ ဒီစာအုပ်ကလေးတအုပ်ကို ကျွန်တော်မီးရောင်အောက်မှာ ဖတ်တယ်။ နေရထိုင်ရတာ သက်သာပြီး၊ မောလဲမမောဘူးဆိုတော့ ဒီစာအုပ်ကိုကျွန်တော် လှန်ဖတ်တယ်။ ဖတ်တဲ့အခါ စာမျက်နှာ ၁၂၀ပဲရှိပါတယ်။ အဲဒီတော့ ပါဠိလို စာမျက်နှာ၁၂၀ပဲရှိတယ်ဆိုတော့ ဒီစာအုပ်ကိုဖတ်ရတဲ့အချိန်က အားလုံးမှ ၅၇မိနစ်ပဲကြာတယ်။ တနာရီမကြာဘူး။ ဒါနဲ့ ဖတ်တော့ စာမျက်နှာ ၁၂၀လောက်ရောက်တော့မှ အဲဒီမှာထူးထူးဆန်းဆန်း ပါဠိတော်ကို သွားတွေ့တယ်။ ပါဠိလိုဆိုရင်တော့ သဘောပေါက်မှာမဟုတ်ဘူး။ အဲဒီမှာ အချက်(၃)ချက်ကို သွားတွေ့တယ်။ ဘာအချက်(၃)ချက်လဲဆိုတော့ ..

အာနန္တာက ဗုဒ္ဓကိုမေးတယ်။ ဗုဒ္ဓက ပရိန္တိဗာန်စံတော့မယ်။ မြောက်အရပ်ကို ခေါင်းပြုပြီး အနောက်အရပ်ကိုမျက်နှာလှည့်ပြီးတော့ စောင်းပြီးတော့ လှဲနေတဲ့အချိန် အာနန္တာက အရှင်ဘုရား ... အရှင်ဘုရားမရှိတော့ရင် တပည့်တော်တို့ကို ဘယ်သူအုပ်ချုပ်မလဲ..။ ဘယ်သူသွန်သင်မလဲ၊ အရှင်ဘုရားဟာ စစ်မှန်တဲ့ဘုရားလား၊ ဒါမှမဟုတ် စစ်မှန်တဲ့ဘုရားဆိုတာ ရှိသလား..ဗုဒ္ဒကိုမေးတဲ့အခါ ဗုဒ္ဓက ဘာပြောလဲဆိုတော့.....

ဟံဥတမာမောဓိတော် ငါသည် ယောင်္ကျားတကာတို့ထက် မြင့်မြတ်သောလူသားသာလျှင်ဖြစ်တယ်။ ဧဂုဘုတောအဒီထိ တဆူတည်းသော ဘုရားကရှိတယ်။ ဇိနံပရဒါန်နဘ၀ိတ်ထိ ဘုရားစစ်ဘုရားမှန်ဟာ သေခြင်းမရှိဘူး...တဲ့။ အဲဒီတော့ သင်ဂရန်ဏာ ဧဂုဘုတော်အဒီထိ.. ဘယ်မှာလဲ တဆူတည်းသောဘုရားဆိုတာ..။ အာနန္တာ ပြန်မေးတဲ့အခါကျတော့မှ ဗုဒ္ဓက အချက်(၃)ချက်ကိုပြောတယ်။

အဲဒီအချက်(၃)ချက်မှာ ချစ်သားတို့ ငါ တပါးသောအရှင်မှာ တခုတည်းသော တရားအဖြစ် ရှုမှတ်ပွားများ၊ဆင်ချင်အောက်မေ့၊ နှလုံးသွင်းတဲ့အခါ တဆူတည်းသော ဘုရားကို ငါတွေ့တယ်။ ထိုဘုရားဟာ မယ်တော်ဖြစ်တဲ့ မာရိအမည်ရှိသော သတိုးသမီး အပျိုကညာက မွေးသောသားဖြစ်တယ်။ သူဟာ ပရိနိဗာန်စံပြီးမှ ပြန်ရှင်တဲ့ဘုရားဖြစ်တယ်...တဲ့။ သူပြောတယ်။ ပါဠိလိုတော့ ပိုရှင်းတယ်။ မြန်မာလိုပြန်တဲ့အခါမှာ နည်းနည်းလေး လိုအပ်ချက်တွေရှိမယ်။ အဲဒီမှာ မာတာမာရိယာမာ မာရိရာပုဒ်တော်လို့ သုံးတယ်။ မယ်တော်ဖြစ်တဲ့ မာရိအမည်ရှိ သတိုးသမီးကညာက မွေးမယ်။ သတ္တသာနေဘပရိတ်နုဘေ တဲ့။ အသက်ဇိဝိန်ချုပ်ပြီးရင် ပြန်ရှင်တဲ့ဘုရားဖြစ်တယ်...တဲ့။ ဒီအချက်ကိုကြည့်လိုက်တော့ ဆရာကြီးတင်မောင်ထွန်းပြောနေတဲ့ ယေရှုခရစ်တော်အကြောင်းနဲ့ (၃)ချက်ကိုက်ညီနေတယ်။ အပျိုစင်မာရိမှမွေးဖွားမယ်။ အသေခံမယ်။
သူဟာသေခြင်းတရားကိုနိုင်ပြီး ၃ရက်မြောက်သောနေ့မှာ ရှင်ပြန်ထမြောက်တယ်။ အဲဒီမှမှ ကျွန်တော်ပိုပြီးနှိုင်းယှဉ်ပြီး ရှင်းရှင်းလင်းလင်းနဲ့ အလင်းရတယ်။

နှလုံးကင်ဆာပျောက်ပြီ
ဒါနဲ့ နာရီကြည့်လိုက်တော့ မနက်၆နာရီ၊၁၅မိနစ်ဖြစ်နေတယ်။ ဒါနဲ့ကျောင်းပေါ်ကနေဆင်းတယ်။ ခါတိုင်းက တွဲပို့မှ အောက်ကိုဆင်းတယ်။ အပေါ်လောက် နည်းနည်းပါးပါးလောက်ဆိုရင် ကိုယ်ဖာသာ ပေပြီးလမ်းလျှောက်လို့ရပေမဲ့ ကျောင်းပေါ်ကနေအောက်ဆင်းတယ်ဆိုရင် အတွဲရှိမှ၊ ဒါပေမဲ့ အဲဒီနေ့က ဒိုင်းဒိုင်း၊ ဒိုင်းဒိုင်းနဲ့ ကျွန်တော်ဆင်းလာတယ်။ ကျွန်တော့်ကို သင်္ကန်းဝတ်ပေးခဲ့တဲ့ ဆရာတော်ကြီး ဘန္ဒဓပညာဇောတ အဲဒီတုန်းက ရှိသေးတယ်။ မသေသေးဘူး။ သူ့ဆီကိုတိုက်ရိုက်သွားတယ်။ ကျွန်တော်ထွက်ပါရစေ။ တပည့်တော် ထွက်ပါရစေလို့ သွားပြောတော့ ..သူကနေပြီး၊ တပ်မမှုးကိုခေါ်တယ်။ တိုင်းမှုးကိုခေါ်တယ်။ ထွက်ခွင့်မရခဲ့ဘူး။ ထွက်ရင်ဖမ်းမယ်..။ ထွက်ရင်ဖမ်းမယ်ဆိုတော့ ကျွန်တော်စဉ်းစားတယ်။ အချီးနှီးအဖမ်းခံမလား..ဆိုတော့...နဲနဲကြောက်တာပေါ့။ အဲဒီတုန်းက တခါမှအဖမ်းမခံဖူးဘူး။ ပြီးတော့ ဘုန်းကြီးဘ၀နဲ့ဆိုတော့ ဒါနဲ့ တနှစ်ကြာသွားတယ်။ ၁၉၉၅ခု မေလ၂၁ရက် ရောက်သွားတယ်။ မေလ၂၀ရက်နေ့ညမှာ ဆရာကြီးတင်မောင်ထွန်းက ဘာဟောသလဲဆိုတော့ ခန္တာကိုယ်ကို သတ်နိုင်ပြီးတော့ စိတ်ဝိညာဉ်ကို မသတ်နိုင်တဲ့ပုဂ္ဂိုလ်ကို မကြောက်နဲ့..။ ခန္တာကိုယ်ကိုလဲ သတ်နိုင်တယ်။ စိတ်ဝိညာဉ်ကိုလည်း ငရဲချနိုင်တဲ့ပုဂ္ဂိုလ်ကို ကြောက်ပါ...။ သင်တို့ရဲ့ခေါင်းက ဆံပင်တချောင်းခြင်းကိုပင် ဘုရားသခင်ရေထားတယ်...ဆိုတဲ့ တရားဟောချက်က ကျွန်တော့ကိုအားပေးတယ်။ အဲဒီမှာ ကျွန်တော်ထိုင်ပြီးစဉ်းစာတယ်..။ ဘာစဉ်းစားသလဲဆိုတော့ ကျွန်တော့နှလုံးကင်ဆာပျောက်နေပြီ။ ပြန်ဝနေပြီ။ လူတွေက ကျွန်တော့ကို သေတွင်းထွက်ဆိုပြီးတော့ လူတိုင်းအံ့သြကြတယ်။
မနုသကျော်ဝင်းထုတ်တဲ့စာအုပ် တအုပ်ရှိတယ်။ ခန္တီမြတ်သောဘုန်း ဆိုတဲ့ ကျွန်တော့ဓါတ်ပုံတွေနဲ့ထုတ်ထားတဲ့ ကင်ဆာရောဂါ ခံစားနေရတဲ့ အရှင်၊ ကိုးရီးယားဆေးရုံကြီးမှာ ပက်လက်လှန်ပြီးနေတဲ့အချိန်၊ နောက်ပြီးတော့ သူတို့ဆေးကုသနေတဲ့ပုံတွေ၊ အဲဒီကနေပြီး နောက်ဆုံး ကျွန်တော် ၀၀ဖြိုးဖြိုးနဲ့ ပြန်ပြီးတော့ ကျန်းမာလာတဲ့ ပုံအထိ ..ပါတယ်။ အဲဒီစာအုပ်ကလဲ သူတို့ ထုတ်ထားပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျွန်တော် ခန္ခီ၊ သည်းခံနိုင်ခြင်းတရားတွေနဲ့ ကျွန်တော်နေထိုင်နိုင်ခဲ့တယ်။ ပြီးတော့ တရားအားထုတ်လို့ တရားပေါက်သွားပြီး ကျန်းမာသွားပြီ..လို့ သူတို့က ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အခန်းထဲက အလင်းရောင်ကို အပြင်ကမြင်ထားတယ်။ ကျွန်တော်လည်း မပြောရဲဘူး။ အဲ..ဒါနဲ့ .. သူတို့ကမေးတယ်..ဘုန်းကြီးအကျွတ်တရားရသွားပြီလား..တဲ့။ ကျွန်တော်က ရပြီး....။ ဘာလို့လဲဆိုတော့ ကြိုးစားလို့ရတာမဟုတ်ဘူး။ ခရစ်တော်လာပေးသွားတာ..။ ဒါပေမဲ့ ကျွန်တော်မပြောရဲခဲ့သေးဘူး။ အဲဒီတုန်းက ကျွန်တော်ကြောက်တယ်။ ဒါကိုနောင်တရတယ်။ ဒါနဲ့ ၁၉၉၅ခု မေလ ၂၀ရက်နေ့၊ ညမှာ ၁၀နာရီလောက်ကစပြီး မအိပ်တော့ဘူး။ ထိုင်ပြီးစဉ်းစားတယ်။ အသေခံမလား၊ အဖမ်းခံမလား။ ကျွန်တော့အတွက် ခရစ်တော်က အသေခံပေးပြီးသွားပြီ။ ကျွန်တော့အတွက် အသွေးသွင်းလောင်းပေးသွားပြီးပြီ။ အဲဒီမျာ ကျွန်တော်ဘာကြားရသလဲဆိုတော့ ..မင်းအတွက်ငါအသွေးသွန်းလောင်းပေးပြီးသွားပြီ။ မင်းငါ့အတွက် ဘာလုပ်ပေးပြီးပြီလဲ..။

ဘုန်ကြီးလူထွက်ပြီ
မင်းအတွက်ငါအသက်ပေးပြီးသွားပြီး..မင်းဘာလို့ကြောက်နေသေးသလဲ..။ ခံစားလာရတယ်။ ခံစားလာရပြီးတော့ ..တော်ပြီ၊ ဖမ်းရင်လည်း ဖမ်းတော့.။ သတ်ချင်လည်း သတ်တော့၊ သေစရာမလိုတော့ဘူး။ ခန္တာကိုယ်ကို သူတို့သတ်မှာပဲ၊ ငါ့စိတ်ဝိညာဉ်က ခရစ်တော်နဲ့ရှိပြီ။ ရဲရဲဝံ့ဝံ့နဲ့ မေလ ၂၁ရက်နေ့မှာ ကျွန်တော် ဘယ်သူမှခွင့်မပေးဘူး။ မန္တလေးကိုထွက်သွားတယ်။ မန္တလေးရောက်တော့ မိတ်ဆွေ ဘုန်းကြီးတွေနဲ့ တွေ့ပြီးတော့ ဘုန်းကြီးကထွက်တယ်။ ပြီးတော့ ဘာလုပ်စားမလဲ..စဉ်းစားတယ်။ သူများလှုထားတဲ့ပစ္စည်း တပြားမှယူမသွားဘူး။ ထားပစ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဗုဒ္ဓဘာသာတို့ အတွေးအခေါ်ရှိတယ်။ သူများလှုထားတဲ့ပစ္စည်းကို အပြင်မှာစားရင် သူများတွေကလည်း အပြစ်မြင်တယ်။ ကျွန်တော်လည်း မစားဖူး။ ထားပစ်ခဲ့တယ်။ အဲဒီတော့ ... ဘုန်းကြီးတုန်းကတော့ ပူစရာမလိုဘူး။ လှုမဲ့လူတွေ အများကြီးရှိတယ်။ ခရစ်တော်နောက်ကို စလိုက်တဲ့အချိန်မှာ ကျွန်တော့ကို ဘယ်သူမှမယုံဘူး။ အဲဒီမှာ ကျွန်တော် အလုပ်လုပ်မှဖြစ်မယ်ဆိုပြီးတော့ အဲဒါနဲ့ ဆည်မြောင်းမှာ အင်ဂျင်နီယာပြန်လုပ်ပါတယ်။ ဘယ်မှာလဲဆိုတော့ မန္တလေးတိုင်း၊ မိတ္တီလာခရိုင်၊ သာစည်မြို့နယ်၊ စမုံဆည် စီမံကိန်းမှာ ကျွန်တော် ကိုးပေါက်တာဝန်ကို သွားယူပါတယ်။ ယူပြီးတော့ အဲဒီမှာပဲ ဗိုလ်ချုပ်ခင်ညွန့်တို့ ရောက်လာတယ်။ ဗိုလ်ချုပ်ခင်ညွန့်က နောက်ဆုံးအားပေးစကားပြောပြီး ပြန်သွားတယ်။
ဒါနဲ့ ကျွန်တော် အဲဒီမှာ အေအီးရာထူးအထိ ကျွန်တော်လုပ်ပြီးတော့ ကျွန်တော်က တဖက်ခန်း၊ ကျွန်တော်နဲ့အတူတူ ဘေးမှာလာပြီးတော့ တပ်ကနေလာပြီးအုပ်ချုပ်နေတဲ့ ဗိုလ်မှုးကြီးဘသာက တဖက်ခန်း၊ သူကလည်း ညဆိုလို့ရှိရင် ဘီယာသောက်တယ်။ အကုန်လုံး၊ မနက်ခင်းဆိုရင် သူကအစောကြီးထတယ်။ အဲဒီကြရင် သူက ဘုရားရှိခိုးပြီ။ သူက တဖက်ခန်းကနေ အကျယ်ကြီး ဘုရားရှိခိုးပြီး၊ ကျွန်တော်ကလည်း တဖက်ခန်းကနေ ဘာလုပ်လဲဆိုတော့ ကျမ်းစာရွတ်တယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော့မှာ ကျမ်းစာအုပ်မရှိသေးဘူး။ ဆရာကြီးတင်မောင်ထွန်းဟောတဲ့ တရားဟောချက်အတိုင်း၊ နောက်ပြီးတော့ ဆရာဦးဇော်ဝင်းထွန်း..သူကရေဒီယိုကနေ ကျမ်းစာဖတ်တဲ့ဟာတိုင်းကို ကျွန်တော်နောက်ကနေ လိုက်ဆိုပြီးတော့ ကျမ်းပိုဒ်ပေါင်း အလွတ် ၆၀၀ကျော်လောက်ရပြီ။ အဲဒါနဲ့ ကျွန်တော်က ဒီဘက်ကနေပြီး ဘုန်းကြီးအသံက မပျောက်သေးဘူး။ ကျမ်းစာကို ဒီဘက်က ဘုန်းကြီးသံနဲ့ရွတ်၊ သူကတဖက်က ဘုရားရှိခိုး၊ ကျွန်တော်တို့၂ယောက် ပြသနာခဏခဏတက်တယ်။ (ရယ်သံများ)၊ ဘာဖြစ်လို့လဲဆိုတော့ သူက အစောကြီးထတဲ့အကျင့်ရှိတယ်။ ကျွန်တော်ကလည်း ဘုန်းကြီးကတည်းက အစောကြီးထတဲ့အကျင့်က ရှိနေတော့ ၂ယောက်စလုံး အကျင့်တူနေတယ်။ အစောထတဲ့အကျင့်။ သူကလည်း ထပြီဆိုရင် ကျွန်တော်ကတွေးတယ်။ အရင်က အဲဒီအချိန်ဆိုကျွန်တော်လည်း ဘုရားရှိခိုးတာပဲ။ အခုကျွန်တော်ဘယ်သူ့ကိုရှိခိုးမလဲ။ ခရစ်တော်ရှိခိုးမယ်။ ဘယ်လိုဆုတောင်းမှန်းလဲတော့ ကျွန်တော်မသိဘူး။ မသိတော့ ဘာလုပ်လဲဆိုတော့ အလွတ်ရတဲ့ကျမ်းစာကို အစကနေစပြီးတော့ ဘုန်းကြီးအသံနဲ့ ထိုင်ရွတ်တယ်။ အဲဒီမှာ သူကလဲဒုက္ခရောက်၊ ကျွန်တော်ကလည်း ဒုက္ခရောက်၊ ၂ယောက်စလုံးဖြစ်တော့ တနေ့ရောက်တော့ သူကဘာပြောလဲဆိုတော့...ခဏလာပါဦး၊ ..ဟုတ်ကဲ့ပြောပါ..။ သူနဲ့ကျွန်တော်နဲ့ကတော့ အကိုကြီး၊ညီလေးပဲ ခေါ်ကြတာကိုး။ ပြောပါ ဆိုတော့..သူက၊ ခင်ဗျားဒီမှာဒီလိုနေရင်တော့ မဖြစ်ဘူး၊ ခရစ်ယာန်လည်းမဟုတ်၊ ဘာမဟုတ်နဲ့၊ ခရစ်ယာန်ဆိုရင် ရေထဲမှာငုတ်တယ်။ ခင်ဗျားက ငုတ်လည်းမငုတ်ဘူး။ ..ဘာလုပ်မလဲ.. ဆိုတော့။ ကချင်ပြည်နယ်သွားပါ။ ကချင်ပြည်နယ်မှာ ခရစ်ယာန်တွေအများ..ကြီး..(ရယ်သံများ)။

ခရစ်ယန်အများကြီးရှိတဲ့ကချင်ပြည်
ဒါနဲ့ကျွန်တော်လည်း ကချင်ပြည်နယ်ထွက်ချသွားတယ်။ အဲဒီလိုထွက်လို့မရဘူး...အလုပ်ပြောင်းပါ..တဲ့။ မပြောင်းတော့ဘူး။.ကျွန်တော်ကချင်ပြည်နယ်သွားမယ်။ ထွက်ခွင့်မပေးလဲ ထွက်စာတင်တယ်။ ထွက်စာတင်ပြီးတော့ ကချင်ပြည်နယ်သွားတော့ ဖားကန့်၊ ဆိုင်းတောင်မှာ မှော်တွေမှာ ကျောက်တူးရင်းနဲ့ ကျွန်တော်သက်သေခံတယ်။ သက်သေခံရင်းကျောက်တူးတယ်။ ကျမ်းစာအုပ်တအုပ် ၄၅၀နဲ့ဝယ်ပြီးဖတ်တယ်။ ကချင်တွေက ကျွန်တော့ကို မြန်..ဆိုပြီး .. လက်မခံဘူး။ ချင်းအသင်းတော်ကိုသွားတယ် ..ကျွန်တော့်ကို ကော်သဲလို့ပြောပြီး ဘယ်သူမှလက်မခံဘူး။ ဒါနဲ့ ကျွန်တော်တယောက်ထဲဖြစ်နေတယ်။ ဒါနဲ့ကျွန်တော် ဆုတောင်းရင်းနဲ့၊ အသင်းတော်တပါးမှာသွားတယ်။ ကျွန်တော်တို့နောက်က အစွန်းခုံလေးမှာထိုင်တယ်။ ကျွန်တော်တို့က အ၀တ်က ခပ်စုတ်စုတ်၊ ကျောက်တူးသမားဆိုတော့ ..နေရာကနောက်ဆုံး၊ သင်းထောက်ကြီးတွေကလာပြီးတော့ ဒီနားမှာ ဧည့်သည်တွေလာမှာမို့ ခဏဖယ်ပေးပါ။ အဲဒါနဲ့ ကျွန်တော်တို့ကွန်ကရစ်ခင်းလေးမှာ ထိုင်တယ်။ ဖားကန့်ဒေသဆိုတော့ လူတွေက ဖိနပ်နဲ့ဘုရားကျောင်းတက်တာ၊ ရွံ့တွေရော၊ ဘာတွေရော ..ပါလာတယ်။ အဲဒီကွန်ကရစ်ခင်းလေးမှာ တရားနာချင်လို့ ထိုင်တယ်။ ခဏခဏ ကျွန်တော်တို့ကိုကြည့်တယ်။ ဖိုးသမားတွေလား၊ ဖိနပ်ခိုးလို့တော့မရပါဘူး..ဆိုပြီးတော့ ..ကျွန်တော်က ကျေးဇူးတင်တယ်၊ ကိုယ်တော်ကျေးဇူးတင်တယ်... နဲ့ ..နောက်ဆုံးရောက်တော့၊ အတူတူသွားတဲ့ ဗမာ၂ယောက်က ဆရာပြန်ကြစို့ ဆိုတော့မှ၊ ပြန်သွားရင်းနဲ့ ချင်းဘုရားကျောင်းကလေးမှာ သွားတက်တယ်။ ချင်းဘုရားကျောင်းကလေးက မောင်းတော့မထုတ်ဘူး။ မြေကြီးပေါ်မှာ ကျွန်တော်တို့ ၃ယောက် တရားနာသွားတယ်။ နာပြီး ပြန်တဲ့အခါ လောပန့်ကလည်း ကျွန်တော်တို့ကို အလုပ်ဖြုတ်လိုက်ပြီ။ အလုပ်ဖြုတ်တဲ့အခါ ကဲ...ကျေးဇူးတော်ပဲ၊ ၃ယောက်သား သူများတိုင်လေးမှာ လက်ချင်းယှက်ပြီး ဆုတောင်းကြတယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် အဲဒီကနေ ကျွန်တော်တို့ ဆယ်ဖို့တစ်ဖို့ ပေးပြီးသား ငွေ သုံးဆယ့်ခုနှစ်သိန်းစီရလိုက်တယ်။
၁၉၉၆ခုနှစ် သြဂုတ်လမှာ ..။ ၃၇သိန်းဆိုတော့ အဲဒီခေတ် ၉က စူပါရူးဗင်မှ ၁၁သိန်းခွဲပဲရှိတယ်။ ဒါနဲ့ကျွန်တော်ကားတစ်စီးဝယ်တယ်။ ကျွန်တော့သူငယ်ချင်းတွေနဲ့ကျွန်တော်နှင်ထုတ်ခံရတဲ့ ဘုရားကျောင်းကို အရင်ဆုံးရောက်တယ်။ သွားတယ်။ ကြိုကြပါတယ်။ ရှေ့ဆုံးမှာ ကျွန်တော်နေရာရပါတယ် (ရယ်သံများ)။ သြော်..ဒါကျွန်တော့ကို နေရာပေးတာတော့မဟုတ်ဘူး ..လို့တွေးတယ်။ ဒါနဲ့ ကျွန်တော့်ကို မိတ်ဆက်ခိုင်းတယ်။ ခင်ဗျားတို့ ..လောပန်တို့ ဘယ်ကုမ္ပဏီကလဲ ..လို့။ ကုမ္ပဏီနာမည်လေးနဲ့ လောပန်နာမည်ပြောပါဦး..ဆိုတော့၊ ကျွန်တော် လောပန်လည်းမဟုတ်ဘူး၊ ကုမ္ပဏီတခုမှလည်း မပိုင်ဘူး။ ကျွန်တော်ကလည်း ဘုန်းကြီးထွက်၊ စကားပြောရင် တုတ်ထိုးအိုးပေါက် ဆိုတော့ ရှေ့ဆုံးကထွက်ပြီး ဘာပြောလဲဆိုတော့ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၂ပါတ်ကျော်လောက်က ဟိုးနောက်ဆုံးခုံမှာထိုင်တော့ ဟိုအန်ကယ်ကြီးတွေ ကျွန်တော်တို့ကို မောင်းထုတ်လို့ ပြန်သွားတဲ့လူတွေပါ....။ ကျွန်တော် ဒီလိုပဲပြောတယ်။.. အဲဒီကနေ ချင်းဘုရားကျောင်းကိုသွားပြီး ကျွန်တော်ဆယ်ဖို့တစ်ဖို့ လှုတယ်။ အဲဒီချင်းဘုရားကျောင်းမှာ ပါဝင်ကြတယ်။ ဒါပေမဲ့ နောက်တော့ ကချင်နှစ်ခြင်းအသင်းတော်က ကျွန်တော့မွေးစားဖခင် ဦးချောလမွန်နဲ့ တွေ့ပြီးတော့ ကျွန်တော်တို့ကို ဖိတ်ခေါ်တဲ့အတွက်၊ သူ့အသင်းတော်မှာ ကျွန်တော်တို့ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ ဒီကနေ့အထိ အမှုတော်မှာ ဆောင်ရွက်ခဲ့ကြတယ်။


မိတ်ဆွေဟောင်းများထံသို့ (၁၉၉၉)
ဒီနေ့ ကျွန်တော်တို့ ..ကျွန်တော့အသက်တာမှာ ဘုရားသခင်ရဲ့လမ်းပြမှုကြောင့် အမှုတော်မှာပါဝင်ခဲ့တယ်။ ဗုဒ္ဓဘာသာကြားမှာ ကျွန်တော်ခံစားရတာ ဗုဒ္ဓဘာသာဘုန်တော်ကြီးများအတွက် ကျွန်တော့ကိုရွေးထားတယ်။ ပြီးတော့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများအတွက် ရွေးတယ်ဆိုပြီးတော့ ဘုန်းကြီးတွေနဲ့လည်း တရားသွားဆွေးနွေးတယ်။ ပြီးတော့ ဗုဒ္ဓဘာသာတွေနဲ့လည်း ဆွေးနွေးတယ်။ ဆွေးနွေးရင်းနဲ့ လွန်ခဲ့တဲ့ ၁၉၉၉ခုနှစ် မန္တလေးမြို့၊ သမားတော်ကြီး ဒေါက်တာဖေ၀င်း၊ သူ့ဆီကိုသွားတွေ့တော့ သူကလည်း အငြိမ်းစာယူတဲ့နှစ်၊ သူ့ဆီမှာ မန္တလေးအောင်တော်မူဆရာတော် ၇၂နှစ်ရှိပြီ၊ သူကလည်းလာပြီး ဆေးကုနေတဲ့အချိန် ကျွန်တော်ရောက်သွားတယ်။ ကျွန်တော့ဆေးမှတ်တမ်းတွေ သွားပေးတယ်။ အန်ကယ်..ခင်ဗျားသေမယ်ပြောတယ်။ ကျွန်တော်မသေဘူး။ သူကအံ့သြပြီးကြည့်တယ်။ ဆေးမှတ်တမ်းကြည့်လိုက်၊ ကျွန်တော့ကိုကြည့်လိုက်။ သူကောင်းကောင်းမှတ်မိတယ်။ ဘုန်းကြီးမဟုတ်တော့ပေမဲ့လို့ လူဝတ်နဲ့လည်း သူကောင်းကောင်းမှတ်မိနေတော့၊ သူကအကျီ င်္ချွတ်ခိုင်းတယ်။ ကျွန်တော်ချွတ်ပေးလိုက်တယ်။ ခွဲစိတ်ရာလဲမရှိ၊ ဘာမှမရှိပဲပျောက်တော့၊ သူက တခါတည်းခေါ်တယ်။ လာပါဦး..။ အာလတြာဆောင်း Ultra Sound ရိုက်တယ်။ ကျွန်တော့နှလုံးကို ဒုတိယအကြိမ် ကျွန်တော်ပြန်မြင်ခွင့်ရတယ်။ နှလုံးကအသစ်ပဲ၊ အကောင်း။ ... ဟာလေလုယ...။ အဲဒီမှာ တခါတည်း ကျွန်တော့ကိုဘာမေးလဲဆိုတော့ ဘယ်သူက ဘယ်သူကုပေးသလဲ...တဲ့။ ကျွန်တော့ကိုကုပေးတဲ့ သမားတော်ကြီးက အန်ကယ်နဲ့မတူဘူး..။ အန်ကယ့်ထက် အရမ်းတော်တယ်။ သမားတော်ထဲမှာ အတော်ဆုံးပဲ..လို့၊ သူ့ရဲ့ဆေးညွှန်း ကျွန်တော့်မှာပါတယ်။ ကုပုံကုနည်း..ဆိုတော့ ... ဟ..ပေးခဲ့..တဲ့။ ကျွန်တော် ကျမ်းစာအုပ်ကို သူကိုပေးခဲ့တယ်။ ပေးတော့ သူကဘယ်လိုပြောသလဲဆိုတော့ ..ဗမာလိုဖတ်ရတာ အားမသန်ဘူး..တဲ့။ ရတယ်...ကျွန်တော် King James KJV ပေါ့။ အဲဒီတအုပ် ပေးတယ်။ ပေးတဲ့အခါမှာ ကျွန်တော်ဘာကို မျဉ်းကြောင်းလေး ထည့်ပေးထားသလဲ ဆိုတော့၊ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး၁၄၊ အပိုဒ်ငယ်၆ နဲ့ သုတ္တံအခန်းကြီး၎၊ အပိုဒ်ငယ် ၂၂ကို ကျွန်တော်ပေးလိုက်တယ်။ အဲဒါ၂ခုကို အရင်ဖတ်ခိုင်းပြီး စာအုပ်ကိုပေးလိုက်တော့ ..တရားစကားကို နှလုံးသွင်းလျှင် တကိုယ်လုံး၊ကျန်းမာခြင်း၊ အသက်ရှင်ခြင်းကိုဖြစ်မယ် .. ဟာလေလုယ...။ အာမင်..။ နောက်ပြီးတော့ ယေရှုက ငါသည် လမ်းခရီးဖြစ်သည်၊ သမ္မာတရားဖြစ်သည်။ အသက်လည်းဖြစ်သည် ..ဆိုတဲ့ အဲဒီ၂ခုနဲ့ ကျမ်းစာအုပ်ကို ပေးလိုက်တယ်။
အဲဒီမှာထားခဲ့ပြီး ၂၀၀၀ခုနှစ် သူ့ဆီလာတဲ့အခါ သူကျမ်းစာအုပ်ကို ၃၈ခေါက် ဖတ်ပြီးသွားပြီ။ ... အာမင်..။ အဲဒီမှာ သူ ..ဗတ္တိဇံယူတယ်။ မန္တလေးအောင်တော်မူဆရာတော်ကြီးကိုလည်း သူကနေ သက်သေခံတယ်။ ကျွန်တော်နဲ့လည်းတွေ့တယ်။ ဘုန်းကြီးက ဆေးကုနေတဲ့အချိန်၊ ကျွန်တော်က မေးတယ်။ ဒီဆေးကုရင်ကော ခင်ဗျားအသက်ရှင်မလား..၊ မရှင်ဘူး.. ကျွန်တော့်ကိုသိသလား...ဆိုတော့ .. ဟ..သိတာပေါ့....။ ဘာကြောင့်လဲဆိုတော့ ဒီလောက်နာမည်ကြီးတဲ့ဘုန်းကြီးဘဲ။ ဒါဆိုရင်..ဘုန်းကြီး..ဒီဆေးကုရင်လည်း သေမှာပဲ၊ ဘာကြောင့်သေလဲဆိုတော့ ...အပြစ်တရားကြောင့် သေတယ်...ဆိုပြီး၊ သူ့ကို ကယ်တင်ခြင်းထိုင်ဟောတယ်။ အဲဒီနေ့မှာပဲ အောင်တော်မူဘုန်းကြီးက လူထွက်လိုက်တယ်။ အသက်ကြီးပြီ။ လူထွက်ပြီးတော့ အခုတော့ နာဂစ်ဒေသပေါ့။ ပန်းတနော်မြို့နယ်၊ ကပိုင်ရွာမှာ သမားတော်ကြီး ဒေါက်တာဖေ၀င်းနဲ့အတူ သူက လက်တွဲပြီးတော့ သာသနာပြုနေပါတယ်။ အဲဒီတော့ ..သမားတော်ကြီးရဲ့အနီးကပ် သူ့ရဲ့ လက်ထောက်ဆရာဝန်မကလည်း ခရစ်တော်ကိုရသွားခဲ့တယ်။
အဲဒိလိုပဲ ကျွန်တော့ နှလုံးကင်ဆာမှာ အနီးကပ်ပြုစုခဲ့တဲ့၊ ဆရာဝန်တွေ တော်တော်များများကို လိုက်သက်သေခံတယ်။ သူတို့တတွေလည်း ကျေးဇူးတော်ကြောင့် ဘုရားသခင်ရဲ့နမိတ်လက္ခဏာတွေ့ပြီး၊ ပြောင်းလဲလာခဲ့ကြတယ်။ အဲဒီတော့ ...မြန်မာနိုင်ငံမှာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ဟိုး..နာဂတောင်တန်း၊ ခန္တီးဒေသ၊ နောက်ပြီးတော့ ကချင်ပြည်နယ်၊ အောင်ဘာလေ ..ဟိုး..အခု KIA တပ်ရင်း ၆၊ လုံးခင်းကနေပြီး မိုင်၆၀နီးပါးတက်သွားရမယ်လို့ ထင်တယ်။ ကန်ဆီးဒေသပေါ့။ ဖားကန့်နဲ့ မိုင်၆၀လောက် ဝေးမယ်။ အဲဒိဒေသတွေမှာ အောင်ဘာလေရွာ စတဲ့ရွာတွေမှာလဲ၊ သာသနာဝင်ခဲ့တယ်။ နောက်ပြီးတော့..မြန်မာနိုင်ငံ ဗုဒ္ဓဘာသာအများဆုံးဒေသတွေမှာ ကျွန်တော် သာသနာသွားခဲ့တယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ကျွန်တော် အသင်းတော် ၉ပါး ရပါပြီ။ အားလုံး ကျွန်တော့ လက်နဲ့ ဗတ္တိဇံပေးတာ လူ တထောင့်ရှစ်ရာရှိသွားပါပြီ။ ဒီတစ်ထောင့်ရှစ်ရာက ဗုဒ္ဓဘာသာကပြောင်းလဲတဲ့လူတွေ ချည်းပါပဲ။

ထိုင်းနိုင်ငံသို့ (၂၀၁၂)
မိရိုးဖလာခရစ်ယာန်၊ သင်တန်းတက်လို့တော့ရတယ်။ ကျွန်တော် အသင်းတော်မှာ မထားဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက သူ့အတွေးအခေါ်တွေယူလာပြီး လာလာပြီး ငြင်းလွန်းလို့..။ ...ပြန်.. ပြန်လွှတ်တယ်။ (ရယ်သံများ)။ ကျွန်တော်က ဗုဒ္ဓဘာသာက ဗုဒ္ဓဘာသာက ပြောင်းလဲတဲ့လူတွေနဲ့ပဲ ရပ်တည်တယ်။ ဒီနေ့အထိ..ဘုရားသခင်က လမ်းပြခဲ့တယ်..။ အခုလက်ရှိ ကျွန်တော် အိန္နိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမှာ အလုပ်လုပ်နေတဲ့ ဗမာတွေနဲ့ အသင်းတော်တပါး တည်ထောင်တယ်။ နောက်ပြီးတော့ အိုက်ဇောမြို့မှာရှိနေတဲ့ ဘူတန်၊ မိုရီယန်ဘိုင်ဘယ်စကူးမှာ ပရော်ဖက်ဆာ အနေနဲ့၊ အချိန်ပိုင်းတာဝန်ယူတယ်။ နောက် မြန်မာနိုင်ငံမှာ .. သာသနာလုပ်တယ်။ လုပ်ရင်းကနေ ဘုရားသခင်ပို့ဆောင်လို့ ထိုင်းနိုင်ငံ နယ်စပ်ဒေသမှာ ဧ၀ံဂေလိလာရင်းနဲ့၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ရက်နဲ့ ၃၁ရက်နေ့၊ နယ်စပ်ဒေသ ၂ဖက်ခေါင်းဆောင်တွေရဲ့၊ ဆွေးနွေးတဲ့ပွဲမှာ ကျွန်တော်ကောင်းကြီးလာပေးတယ်။ ခရစ်စမတ်ရယ်၊ နယူရီးယားရယ်၊ ကရင်နှစ်သစ်ကူးပွဲတော်တွေမှာ တရားဟောတယ်။ ကောင်းကြီးပေးတယ်။ အဲဒီမျာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် အခက်အခဲမရှိဘူး။ ရောက်လာတယ်။ ရောက်ပြီး တရားဟောရင်းနဲ့ တဂိုးလမ်း ...ဆိုတဲ့ ရွာကလေးမှာ၊ ဒုက္ခသည်နဲ့မဆိုင်ဘူးပေါ့...အပြင်ဖက်မှာ မှာ ဧ၀ံဂေလိတရားဟောဖို့


အမေး။ ။ ဘုန်းကြီးနှင့် သားသတ်သမားတို့က မိတ်ဆွေတွေဖြစ်ကြတယ်။ ဘုန်းကြီးက မနက်တိုင်းထပြီး ဘုရားစာတွေရွတ်တယ်။ သားသတ်သမားလဲ စောစောထပြီး သားသတ်ပြီး ရောင်းလေ့ရှိတယ်။ မနက်အိပ်ယာထ နောက်မကျအောင်လို့ တစ်ဦးကိုတစ်ဦးနိုးဖို့ ပြောကြတယ်။ ဒီလိုနဲ့ သူတို့တွေ သေဆုံးတော့ သားသတ်သမားက နတ်ပြည်ရောက်ပြီး ဘုန်းကြီးကတော့ ငရဲပြည်ရောက်သွားတယ်။ အဲဒါဘာ့ကြောင့်ပါလဲဘုရား။ ဒီအကြောင်းဟာ ဗုဒ္ဓဘာသာမှာကော ရှိပါသလားဘုရား။ ဒါမှမဟုတ် မယုံရင်ပုံပြင်ပဲ မှတ်ရမှာလားဘုရာ။

မယ်အေး
ရန်ကုန်



အဖြေ။ ။ ဒီဟာက ပုံပြင်အဆင့်မှာပဲ ရှိပါတယ်။ ဒါကြောင့် ဘာသာခြားတွေရဲ့ ပုံပြင်တစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ။ ဒီအမေးအတွက် အဖြေမရှိပါဘူး။ ဒါပေမဲ့ မေးခွန်းရှင်အတွက် ကျေနပ်လောက်တဲ့ အဖြေလေးတော့ ပေးလိုက်ပါရစေ။

ဒီအမေးအတွက် ကံနဲ့ကံအကျိုးယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်များအဖို့တော့ အမြင်ရှင်းကြပါလိမ့်မယ်။ ဘုရားရှင်က စိတ္တေန နီယတိ လောက–လောကကို စိတ်က ဦးဆောင်တယ်လို့ဆိုထားပါတယ်။ ဒါကိုပဲ စိတ်သာရှင်စောဘုရားဟောလို့လဲ ပြောကြပါတယ်။ အတူတူပါပဲ၊ ပုထုဇဉ်လူသားတစ်ယောက်မှာ ကုသိုလ်မရှိရင် အကုသိုလ်ရှိမယ်။ အကုသိုလ်မရှိရင် ကုသိုလ်ရှိမယ်။ တစ်ခုမဟုတ် တစ်ခုရှိမယ်။

ဒါကြောင့် ကုသိုလ်၊အကုသိုလ်ကို သဘောပေါက်အောင် အရင်ပြောပါ့မယ်။ လူတွေဟာ အကုသိုလ်ဆိုလို့ရှိရင် မကောင်းတာပဲ သိတယ်၊ ဘာမကောင်းတာလဲဆိုတာ မသိဘူး။ ဒါကြောင့် အကုသိုလ်ရဲ့သဘောကို အရင်ပြောပါမယ်။

အကုသိုလ်ဆိုတာ အပြစ်ရှိတယ်၊ ဆင်းရဲတဲ့အကျိုးပေးခြင်းလက္ခဏာရှိတယ်။ အပြစ်ဆိုတာ ရလိုမှု၊ လိုချင်မှုအပြစ်၊ မခံသာ၊နှလုံးမသာမှုအပြစ်တွေပါ။ ဒါတွေဟာ စိတ်ထဲရှိနေသမျှ ကာလပတ်လုံး စိတ်ဟာ ရှုပ်ထွေးနေမယ်၊ ဒီအပြစ်တွေကြောင့် စိတ်လွတ်လပ်မှု မရှိတော့။ လွတ်လပ်မှုမရှိတဲ့စိတ်ဟာ ဆင်းရဲစေပါတယ်။ အဲဒါကိုပဲ အကုသိုလ် လို့ခေါ်တယ်။

ကုသိုလ်ဆိုတာ ကောင်းတယ်လောက်ပဲ သိကြတယ်။ ဒါကြောင့် ကုသိုလ်ရဲ့သဘောကို ပြောပါ့မယ်။ ကုသိုလ်ဆိုတာ အပြစ်မရှိခြင်း၊ ကောင်းတဲ့အကျိုးကိုပေးတဲ့ လက္ခဏာ ရှိတယ်။

အဲဒါကို ကုသိုလ်လို့ခေါ်တယ်။ နားလည်အောင် ဆက်ပြောရရင် လိုချင်မှုတွေ ကင်းနေတာရယ်၊ မခံသာမှုတွေကင်းနေတာရယ်ကြောင့် စိတ်ဟာရှင်းပြီး လွတ်လပ်ပေါ့ပါးနေပါတယ်။ ပေါ့ပါးလွတ်လပ်ပြီး အပြစ်ကင်းနေတဲ့စိတ်ဟာ ချမ်းသာစေပါတယ်။

အဲဒါကိုပဲ ကုသိုလ်လို့ခေါ်တာပါ။ ဥပမာ….အနာရှိတဲ့ လက်နဲ့ ဆားကိုင်မိရင် စပ်မှာပါ၊ အနာမရှိတဲ့လက်နဲ့ ဆားကိုင်ရင် မစပ်ပါဘူး။ ဘုရားရှင်လက်ထက်က လင်က မုဆိုး၊ မယားက သောတာပန်ပါ။ အဲဒီမှာ မုဆိုးတောလည်သွားဖို့အတွက် မနက်ပိုင်းမှာ မယားက မြှားတွေကို ပြင်ဆင်ပေးရပါတယ်။ အဲဒီမှာ