မိန်းမတစ်ယောက်မှာ ကောင်းခြင်း(၅) ဖြာ ရှိရမယ်လို့ ဆိုတယ် ။
အဲသည်ကောင်းခြင်း ငါးဖြာနဲ့ ပြည်စုံမှသာ မိန်းမ ပီသမယ်လို့ ယူဆကြတယ် ။ အဲဒါ
မှန်သင့်သလောက်တော့ မှန်ပါတယ် ။ အပြည့် အဝတော့ မမှန်ပါဘူး ။ လိုတဲ့အရာ
ရှိပါသေးတယ် ။ မိန်းမတစ်ယောက်ရဲ့ ကောင်းခြင်းငါးဖြာဆိုတာကတော့...
●ဆံပင်ရဲ ကောင်းခြင်း
●အသားရဲ့ကောင်းခြင်း
●အရေရဲ့ ကောင်းခြင်း
●အရိုးရဲ့ ကောင်းခြင်း
●အရွယ်ရဲ့ ကောင်းခြင်း
အဲသည်ကောင်းခြင်း ငါးဖြာ ရှိရုံနဲ့ မိန်းမကောင်း မိန်းမမြတ် ဖြစ်မလား မဖြစ်နိုင်သေး ပါဘူး။
မိန်းမကောင်း မိန်းမမြတ် ဖြစ်ဖို့ အခြားအကြောင်းတရားများစွာ
ရှိပါသေးတယ် ။ လောကမှာ ရုပ်တရား ကောင်းရုံနဲ မပြီသေးတဲ့ အကြောင်းတွေ
များစွာရှိပါသေးတယ် ဆိုတာကို သိဖို့ လိုအပ်ပါတယ် ။
ဒါဟာ အရေးကြီးတဲ့ အချက်တစ်ချက် ဆိုတာကို လူတော်တော်များများ သတိ မထာမိကြပါဘူး ။
မိန်းမကောင်းဖြစ်ဖို့ ဆိုတာ ရုပ်ချောရုံ အပြင်ပန်းလှရုံနဲ့တင် မဟုတ်ပဲ စိတ်သဘော တရားလည်းကောင်းရပါမယ် ။
သဘောကတော့ အကာရော အနှစ်ပါ ကောင်းရမယ် ဆိုတဲ့ သဘောပါ ။ သာမည ဖြစ်တာရော ၊ အဓိက ဖြစ်တာပါ ကောင်းရမယ် ဆိုတဲ့ သဘောပါ ။
အသားအရေတွေ ၊ အရိုးတွေ အရွယ်တွေ ကောင်းပြီး လှပ ပြေပြစ်
ချောမော နေပြီး စိတ်နှလုံး ကောင်း မရှိရင် ဘာလုပ်မလဲ ။ အပြင်ပန်းလှပြီး
အတွင်းက သုံးမရတဲ့ ကျီးအာသီး ။ ပေါက်ပန်းပွင့် ပဲ ဖြစ်မယ်
။ နှင်းဆီမ ၊ စံပယ်မလေး မဖြစ်နိုင်ဘူးလေ ။
။ နှင်းဆီမ ၊ စံပယ်မလေး မဖြစ်နိုင်ဘူးလေ ။
ကောင်းခြင်းငါးဖြာနဲ့ အတူ ပူးတွဲ ရှိရမှာက အားငါးဖြာရယ်ပါ ။
အားငါးဖြာက ဘာတွေလဲ
● ရူပဗလံဆိုတဲ့ အဆင်းအင်အား
● ဘောဂဗလံဆိုတဲ့ ပစ္စည်းဥစ္စာ အင်အား
● ဉာတိဗလံဆိုတဲ့ ဆွေမျိုးအင်အား
● ပုတ္တဗလံဆိုတဲ့ သာသမီးအင်အား
● သီလဗလံ ဆိုတဲ့ အကျင့်သီလ အင်အားပါပဲ ။
ကောင်းဖြင်းငါးဖြာနဲ့ အတူ အဲသည်အားငါးဖြာ ရှိမှသာ မိန်းမကောင်း ၊ မိန်းမမြတ် ပီသမှာ ဖြစ်ပါတယ် ။
အရေးကြီးဆုံးကတော့ အားငါးဖြာတဲမှာ သီလဗလံဆိုတဲ့ အကျင့် သီလအားပါပဲ ။
သီလကပ်မှ မိန်းမမြတ် ဖြစ်ပါတယ် ။
(စာအုပ်တစ်အုပ်မှ ကူးယူဖော်ပြသည်...။)
Categories:
မိန်းမကောင်းမိန်းမမြတ်
မှတ်သွားတယ်ဗျိုး.. :)