ပညာရှိမည်သည် မိမိအတွက်ဖြစ်စေ၊ သူ တစ်ပါးအတွက်ဖြစ်စေ မကောင်းမှုကိုမပြု။ ယုတ်မာ
သောအကျင့်ဖြင့် သားသမီး ပစ္စည်းဥစ္စာ တိုင်းပြည် စည်းစိမ်ကို အလိုမရှိရာ။ မတရားသဖြင့် မိမိ၏ စည်းစိမ်ချမ်းသာ ပြည့်စုံခြင်းကို အလိုမရှိရာ။ သီလ ရှိသောသူ၊
ပညာရှိသောသူ၊ တရားရှိသောသူဖြစ်ရာ၏။
(ဓမ္မပဒ၊ ပဏ္ဍိတ၀ဂ်)
ပညာရှိတို့မည်သည်
မိမိချမ်းသာရေးဟူသော အကြောင်းကြောင့် ယုတ်မာသောအမှုကို မပြုကြပေ။
သူတော်ကောင်းတို့သည် ဆင်းရဲဒုက္ခနှင့် ကြုံတွေ့သော ကြောင့်ဖြစ်စေ၊
နှိပ်စက်ညှဉ်းဆဲခံရ သောကြောင့်ဖြစ် စေ၊ ချစ်သောကြောင့်ဖြစ်စေ၊ အမျက်ရန်ငြိုးကြောင့်
ဖြစ်စေ မှန်ကန်သော တရားကို မစွန့်ကြချေ။
(ဇာတက၊ သရဘင်္ဂဇာတ်
၅၂၂)
လူသားသည် လူ့အဖွဲ့အစည်းအတွင်း ကျင် လည်နေထိုင်သော
လူ့အဖွဲ့အစည်းဝင်တစ်ဦးဖြစ်ပါ သည်။ လူ့အဖွဲ့အစည်းကြီးက လူတစ်ဦးချင်းစီကို လုံခြုံ
နွေးထွေးမှုပေးသကဲ့သို့ လူတစ်ဦးချင်း စီကလည်း အဖွဲ့ အစည်းဝင်တစ်ဦးအနေဖြင့်
လူ့အဖွဲ့အစည်းကြီး ငြိမ်း ချမ်းသာယာစေရန် ဆောင်ရွက်ဖို့ တာဝန်ရှိပါသည်။
လူ့အဖွဲ့အစည်းတစ်ခု တည်ငြိမ်သာယာရေးမှာ ထိုအဖွဲ့ အစည်းတွင် အမှန်တရား
ထွန်းကားဖို့လိုပါသည်။ သမုတိသစ္စာပန်းများ ပွင့်လန်းဝေဆာဖို့ လိုပါသည်။
အမှန်တရားထွန်းကားမှသာ လူ့အဖွဲ့အစည်းကြီး၌ တရား မျှတမှုရှိလာပါလိမ့်မည်။ တရားမျှတမှု
ထွန်းကားမှသာ လူ့အဖွဲ့အစည်းတွင် စည်းလုံးညီညွတ်မှုကို တည်ဆောက် ၍ ရနိုင်ပါသည်။
စည်းလုံးညီညွတ်မှုသည် လူ့အဖွဲ့ အစည်းကြီး သာယာဝပြောရေးအတွက် အခြေခံအကျ ဆုံးနှင့်
အရေးအကြီးဆုံးလည်းဖြစ်ပါ၏။
လူတစ်ဦးချင်းစီက အမှန်တရားကို
သိတတ် မြတ်နိုးတတ်မည်၊ အမှန်တရားကို ကိုယ်တိုင်ကျင့်သုံး မည်။ အမှန်တရားကို
ဖြန့်ဝေမည်၊ အမှန်တရားဘက်က ကာကွယ်မည်ဆိုလျှင် လူ့အဖွဲ့အစည်းကို စောင့်ရှောက်
ရာရောက်ပါ၏။ ထိန်းသိမ်းရာ ရောက်ပါ၏။ သစ္စာရှိ ရာ ရောက်ပါ၏။ အမှန်တရားကို မသိတတ်၊
မမြတ်နိုး တတ်၊ ကိုယ်တိုင်လည်း မကျင့်သုံး၊ အမှန်တရားဘက် က
ရပ်တည်ခြင်းလည်းမရှိလျှင် လူ့အဖွဲ့အစည်းအပေါ် သစ္စာမဲ့ခြင်းဖြစ်ပါ၏။
တာဝန်မဲ့ခြင်းဖြစ်ပါ၏။
လူတို့သည် မိမိနှင့် မိသားစု၏ ဘ၀ရပ်တည်
ရေးအတွက် စီးပွားဥစ္စာရှာဖွေကြရပါသည်။ ငွေကြေး ရှာဖွေမှုသည် သက်ရှင်တည်မြဲရေးအတွက်
မဖြစ်မနေ ဆောင်ရွက်ရသော လုပ်ငန်း ဆောင်တာတစ်ရပ်ဖြစ်ပါ သည်။ သို့တစေ
ယင်းသို့ငွေကြေးရှာဖွေရာ၌ တရားမျှ တသော နည်းလမ်းဖြင့်သာ ရှာဖွေဖို့လိုပါသည်။ ဘယ်
သူသေသေ ငတေမာပြီးရော စိတ်ဓာတ်ဖြင့် မသမာ သော၊ မတရားသော နည်းလမ်းများဖြင့်မူ
ရှာဖွေမှု မပြုအပ်ပါ။ မိစ္ဆာအာဇီဝနည်းဖြင့် မိမိ၏အတ္တ အကျိုးစီးပွားကို မထူထောင်အပ်ပါ။
မိမိ၏ ငွေကြေးရှာဖွေမှုနည်းလမ်းသည် အခြားသူတစ် ဦးဦး၏ အကျိုးစီးပွား၊
နိုင်ငံနှင့်လူမျိုး၏ အကျိုးစီး ပွားကို ထိခိုက်စေခြင်း မဖြစ်သင့်ပါ။
အချို့သူတို့သည် ငွေရလျှင်ပြီးရော ငွေရရေးသာ အဓိက၊ နည်းလမ်း သည် သာမညဟုခံယူလျက်
မိစ္ဆာအာဇီဝလား၊ သမ္မာ အာဇီဝလားဟု စိစစ်ခြင်းကင်းလျက် ငွေကြေးဥစ္စာ ကို
ရသည့်နည်းလမ်းဖြင့်ရှာ၏။ ယင်းသို့ မိစ္ဆာအာဇီဝ မှုဖြင့် စီးပွားဖြစ်ထွန်းလာမှုအပေါ်
ရှက်ရကောင်း မှန်းမသိသည့်အပြင် ဂုဏ်ပင်ယူ တတ်ကြ၏။ ထိုသူမျိုးအတွက် တောင်တန်းသာ
သနာပြုဆရာတော်ကြီး အရှင် ဥတ္တမသာရ၏ အဆုံးအမတော် မှာ များစွာမှတ်သားဖွယ်ကောင်း
လှပါ၏။
''ကျုပ်တို့ကတော့ ချမ်းသာချင် လို့
ငွေရပေါက်ရှာနေတာဗျို့တဲ့။ များ စွာသော လူတို့ပါးစပ်က ဤသို့ ပြော တတ်ကြသည်။
ထိုစကားသည် အမှိုက်ကဲ့သို့ ပေါ့ပေါ့သုံးသော စကားဖြစ်သည်။ ငွေရလျှင် ပြီးရောဟု တရားသေ
တွက်ဆထားသူသည် နှလုံးသွင်းမှားနေသူဖြစ်သည်။ ဘယ်သောအခါမှ မြင့်မြတ်သောချမ်းသာမှုမျိုး
ရောက် လာမည်မဟုတ်။ အထက်တန်းစား ဘ၀ရောက်နေ သူပင် အောက်တန်းကျသွားပေမည်။ တရားသည်
မတရားသည် မမှု၊ ဘာပဲဖြစ်ဖြစ် ငွေရလျှင် ပြီး စတမ်းဟု တွက်ဆသောသူသည် ဘ၀ကို
ချမ်းမြေ့စွာ ကျင်လည်တတ်သူ မဟုတ်ချေ။
တွက်ဆချက်ပေါ့ လွန်းသော
လူစားမျိုး၏ နှလုံးသွင်းမှုသည် ပတ်ဝန်းကျင် လူများအတွက် ကြောက်မက်ဖွယ်ရာ ဖြစ်၏။
ကြမ်းကြုတ်သော ဒုစရိုက် ကိုလုပ်ရမည်ဟူသောရောထွေး မှုကြီးဆီသို့ ရှေးရှုနေခြင်း
သက်ရောက်သည်''
အချို့သူတို့သည် တည်ကြည်ခိုင်မာသော
ကိုယ်ကျင့်သိက္ခာမရှိ။ မိမိ အကျိုးစီးပွားဖြစ်ထွန်း မည်ဆိုလျှင် မည်သူ၏ မျက်နှာကိုမှ
မထောက်ထား၊ မည် သူ့ကိုမှ ညှာတာစာနာ ခြင်းမရှိ၊ အမှန်တရားကို မူးတင်း
ပဲတင်းလုပ်တတ်၏။ အမှန်တရားကို မျက်နှာလွှဲ၏။ အမှန်တရားကို ချောင်ထိုးတတ်၏။
အမှန်တရားနှင့် မသမာမှုဖြင့်ရသော ငွေကြေးဥစ္စာကို အလဲအလှယ် ပြုသူများသည်
လူ့အဖွဲ့အစည်းအတွက် အဆိပ်အဆူး များသာဖြစ်သည်။ မတရားမှုဖြင့်
ငွေကြေးရှာဖွေမှုမပြုသင့်ကြောင်း ကျေးဇူးရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး က
ဤသို့ဆုံးမ တော်မူခဲ့ပါ၏။
''ဘုန်းကြီးက ဘုန်းကြီးအတွက်ဆိုလျှင်
ငတ် နေပါစေ ငတ်ပြီးတော့ အသေခံသွားမယ်။ မတရား မလုပ်ပါဘူး။ မတရားညာပြီးတော့
မလုပ်ပါဘူး။ ဘုန်း ကြီးရဲ့ ဒကာဒကာမတွေ စီးပွားလျော့ သွားစမ်းပါစေ။
သူများအထင်သေးပါစေ။ မတရားဆိုတဲ့ကိစ္စနဲ့ဖြင့် အဲအဲ စက္ကူလေးတစ်ချပ်မျှ
ကျပ်တန်လေးတစ်ချပ်မျှ မပါကြပါစေနဲ့။ ငါ့ရဲ့ပိုက်ဆံအိတ်ထဲမှာ တစ်ကျပ်မျှ မပါစေနဲ့။
အားလုံးတရားသဖြင့် ရတဲ့ပစ္စည်းချည်းဖြစ် စေရမယ်လို့ အဲဒီလိုများ အဓိဋ္ဌာန်ထားဖို့
သိပ်ကောင်း တာပဲ။ သိပ်ကောင်းတာပဲ''
အမှန်စင်စစ်
ကိုယ်ကျင့်သိက္ခာနှင့် ငွေကြေး ဥစ္စာကို အလဲအလှယ်လုပ်ခြင်းသည် နံ့သာဆီနှင့် ရွှံ့နှစ်
ရည်ကို အလဲအလှယ်လုပ်ခြင်းနှင့် ပမာတူပါ၏။ ကိုယ် ကျင့်သိက္ခာဟူသည် ကိုယ်ပိုင်ဥစ္စာ
စစ်စစ်ဖြစ်ပါ၏။ တစ်ဘ၀တာနှင့်သာဆိုင်သော ကိုယ်ပိုင်ဥစ္စာမဟုတ်ပါ။ သံသရာနှင့်ဆိုင်သော
ကိုယ်ပိုင်ဥစ္စာဖြစ်ပါသည်။ ဘ၀ ဆက်တိုင်း အတွင်းအနှစ် အစစ်အမှန်တန်ဖိုးနှင့် လိုက်
ပါနေမည့် ကိုယ်ပိုင်ရတနာဟု ဆိုနိုင်ပါ၏။
ငွေကြေးဥစ္စာတို့မည်သည်
မိမိပိုင်ဆိုင်ခွင့် ရသည်မှာ သည်ပစ္စုပ္ပန်ဘ၀တာမျှသာဖြစ်ပါ၏။ ကံ မကောင်း
အကြောင်းမလှလျှင် တခဏနှင့် ကုန်ခန်း တတ်၏။ ပျက်စီးဆုံးရှုံးတတ်၏။ ယင်းသို့
မဆုံးရှုံးသည့် တိုင် ဘ၀နိဂုံးကမ္ပတ် အဆုံးသတ်သောအခါ ယင်း ပစ္စည်းဥစ္စာတို့ကို
ထားခဲ့ချန်ခဲ့ စွန့်ခွာခဲ့ရသည်သာ။ မည်သူမျှ တမလွန်သို့တိုင် သယ်ဆောင်သွား၍
မရနိုင်။ မသမာသော မတရားသော အဂတိလိုက်စားသော မိစ္ဆာနည်းလမ်းမျိုးစုံဖြင့်
ရှာဖွေရရှိထားသော ပစ္စည်း ဥစ္စာဟူသမျှ သည်ဘ၀မှာ ထားချန်စွန့်ခွာခဲ့ရသော် လည်း
ယင်းပစ္စည်းဥစ္စာရဖို့အတွက် ရင်းနှီးမြှုပ်နှံခဲ့ရ သော ''အကုသိုလ်ကံ''ကမူ
ကိုယ်ပိုင်ဥစ္စာအဖြစ် တမ လွန်သို့တိုင် လိုက်ပါအကျိုးပေးပေလိမ့်မည်။
မိစ္ဆာအာဇီဝမှုဖြင့် ရှာဖွေရရှိထားသော ဥစ္စာပစ္စည်းများဖြင့်
အလှူဒါနပြုခြင်းနှင့် သမ္မာအာဇီဝ မှုဖြင့် ရှာဖွေရရှိထားသော ဥစ္စာပစ္စည်းဖြင့် အလှူဒါန
ပြုခြင်းနှစ်မျိုး မည်သို့ခြားနားကြောင်း၊ ကျေးဇူးရှင် မာန်လည်ဆရာတော်ကြီးက
ဤသို့နှိုင်းယှဉ်ရေးသား တော်မူခဲ့ပါ၏။
''အဓမ္မဖြင့် ရသည့်ဥစ္စာ၊ ထောင်သပြာကို လှူပါသောသူ တစ်သိန်းလှူ၏။
အလှူတို့အား တရား ညီမျှ နည်းငယ်ပြုသည့် ထိုသူ့ဒါန၊ တစ်ခုမျှကို ပုံချ
တွက်ဘွဲ့စံနှိုင်းရှဲ့သော် တစ်ဆယ့်ခြောက်စိတ်၊ ခွဲဝေ စိတ်၍
တစ်စိတ်ကိုမျှမမီစွ''
(မာဃဒေ၀)
အချို့သော သူတို့သည် ၀ိသမလောဘမကြီး မား။ ပုံမှန်အခြေအနေ
ပုံမှန်အနေအထားတွင် မတရားမှု မသမာမှုများဖြင့် ငွေကြေးဥစ္စာ မရှာဖွေ၊ သို့တစေ ဘ၀တွင်
ငွေကြေးဆိုင်ရာ ကြီးကြီးမားမား အခက်အခဲနှင့် ကြုံဆုံသောအခါ ယင်းအခက်အခဲပြေ
လည်စိမ့်သောငှာ ဘ၀တစ်လျှောက်လုံး ထိန်းသိမ်းခဲ့ သော ကိုယ်ကျင့်သိက္ခာကို
မငဲ့ကွက်တတ်တော့ပေ။ အမှန်တရားကိုလည်း လျစ်လျူရှုချေတော့၏။ အဂတိ တရားလေးပါးတွင်
ပျော်ဝင်နစ်မွန်းလေတော့၏။ စင် စစ် ဤသို့အခက်အခဲပြဿနာတစ်စုံတစ်ရာနှင့် ပက်
ပင်းရင်ဆိုင်ရစဉ် မိမိ၏ ကိုယ်ကျင့်သိက္ခာကို ထိပါး ပွန်းပဲ့စေခြင်း၊ မှန်သောတရားကို
စွန့်လွှတ်ခြင်းတို့မှာ လူကောင်းတို့၏ သွင်ပြင် လက္ခဏာမဟုတ်ပါချေ။ သင်္ခါရလောက၌
မည်သည့်အရာမျှ မမြဲပါ။ အခက်အခဲ ပြဿနာဟူ သည်လည်း မမြဲပါ။ ကိုယ်ကျင့်သိက္ခာ နှင့်
အမှန်တရားကို အထိပါးမခံမူလျက် နည်းမှန်လမ်းမှန် ဖြင့် ဖြေရှင်းသော် အချိန်တန်သောအခါ
ကြုံရသော အခက်အခဲ ပြဿနာတို့သည် ပြေငြိမ်းသွားမည်သာ ဖြစ်ပါ၏။
သူတော်ကောင်းတို့မည်သည် အမျိုးကောင်း သားတို့မည်သည် ဆင်းရဲခြင်းသို့ ရောက်သော်လည်း
သူတော်ကောင်းတရားနှင့် မှန်သောတရားတို့ကို မစွန့် လွှတ်ကြောင်း လောကနီတိတွင်
ဤသို့ရေးသားခဲ့ပါ၏။
''လောက၌ စန္ဒကူးပင်သည် ခြောက်သွေ့ သော်လည်း
အနံ့ကိုမစွန့်။ ဆင်ပြောင်သည် စစ်မြေပြင် သို့ ရောက်သော်လည်း လူတို့၏ မျက်မှောက်၌
တင့် တယ်ခြင်းကို မစွန့်။ ပညာရှိသူတော်ကောင်းသည် ဆင်းရဲခြင်းသို့ ရောက်သော်လည်း
သူတော်ကောင်း တရားကို မစွန့်သာလျှင်တည်း''
''မြတ်သောအမျိုး၌
ဖြစ်ထသော အမျိုးနွယ် ကို စောင့်ထသော အမျိုးကောင်းသားသည် ဆင်းရဲခြင်း သို့
ရောက်သော်လည်း ယုတ်မာသောအမှုကို မပြုရာ''
ကိုယ်ကျင့်သိက္ခာကောင်းမွန်သူ၊ စိတ်ဓာတ် အဆင့်အတန်း ခိုင်ခံ့မြင့်မားသူတို့အနေဖြင့်
မည်သို့ သော လောကဓံနှင့် ဆုံတွေ့ရင်ဆိုင်ရစေ အမှန်တရား ကို မစွန့်လွှတ်ပေ။
သိက္ခာနှင့် ရိက္ခာကို အလဲအလှယ် မပြုပေ။ တစ်ခဏတာရိက္ခာ တစ်ဘ၀တာရိက္ခာ အတွက်
'သံသရာသိက္ခာ'ကို အထိအပါးအပွန်းအပဲ့ မခံ။ ယိမ်းယိုင်ပြိုလဲမှုအဖြစ်မခံ။ မိမိတို့၏
ကိုယ်ကျင့် သိက္ခာဆိုင်ရာ ဂုဏ်သတင်းကို ဓနငွေကြေးကြောင့်
မှေးမှိန်သေးသိမ်စေခြင်းမျိုး လုံးဝအဖြစ်မခံ။
ဂရိပညာရှိ
''မင်ဆီးယပ်စ်''က
''ကျွန်ုပ်သည်ဘ၀ကို တွယ်တာ၏။ ၎င်းင်းအပြင်
ကျွန်ုပ်သည် အမှန်တရားကိုလည်း မြတ်နိုး၏။ အကယ် ၍ နှစ်ခုအနက် တစ်ခုကိုသာ ရမည်ဆိုပါက
ကျွန်ုပ် သည်ဘ၀ကို စွန့်လွှတ်၍ မှန်သည်ကိုသာ ပြုလုပ်မည်'' ဟု ပြောခဲ့ပါ၏။ သူ၏
အမှန်တရားကို အသက်ထက် တန်ဖိုးထားသော စိတ်ဓာတ် ကြောင့်ပင် ''လူသေသော် လည်း
နာမည်မသေခဲ့ခြင်း ဖြစ်ပါ၏''
''မာတင်လူသာ''ကလည်း
''မိမိလိပ်ပြာပင် ကိုယ့်အသိနှင့် ဆန့်ကျင်
ပြုမူလုပ်ဆောင်ခြင်းသည် မလုံခြုံရုံမျှမက ပညာနှင့် ယှဉ်၍ လုပ်သည်မမည်ပါ။ ကျွန်ုပ်
ဒီလိုပင်ရပ်တည် ပါမည်။ ကျွန်ုပ်အမှန်တရားမှ သွေဖည်၍ အခြားနည်း
လမ်းမလုပ်ဆောင်နိုင်ပါ''ဟု ပြောခဲ့ပါသည်။
သိက္ခာကို ရိက္ခာအတွက်
ရောင်းစားသူ သည် မိမိကိုယ်မိမိပင် လိပ်ပြာမလုံတော့။ ယုံကြည်မှု ကို တည်ဆောက်၍
မရနိုင်တော့။ မိမိကိုယ်တိုင်ပင် မိမိ၏ ကိုယ်ကျင့်သိက္ခာအပေါ် လိပ်ပြာမလုံ မယုံရဲတော့
ခြင်းမှာ စင်စစ်ရှင်လျက်နှင့် သေခြင်းတစ်မျိုးသာ ဖြစ်ပါ၏။ အမေရိကန်ကဗျာဆရာ
'ဂျွန်ဂရင်းလိစ်'က
''ယုံကြည်ကိုးစားမှု ပျောက်ကွယ်သွားပြီး
ဂုဏ်သိက္ခာပါကျဆင်းသွားသည့်အခါ အကြင်သူသည် သေဆုံးသွားလေတော့သည်''ဟု
ရေးခဲ့ဖူးပါသည်။
အမှန်တရားကို စွန့်သောသူသည် အမှန် တရား၏
စွန့်ပစ်ခြင်းကိုခံရမည်။ အမှန်တရား၏ စွန့် ပစ်ခြင်းခံရသောဘ၀သည်
အကျည်းတန်ပေလိမ့်မည်။ အမှန်တရားကို စောင့်ရှောက်သောသူသည် အမှန်တရား ၏
စောင့်ရှောက်ခြင်းကို ခံရပေလိမ့်မည်။ အထက်ပါ ဘုရားရှင်၏ အဆုံးအမတော်အတိုင်း
မတရားသဖြင့် မိမိ၏ စည်းစိမ်ချမ်းသာ ပြည့်စုံခြင်းကို မရှာဖွေသူများ၊ မိမိချမ်း
သာရေးဟူသော အကြောင်းကြောင့် မှန်ကန် သောတရားကိုမစွန့်သူများ ပေါများလာလျှင် ဤကမ္ဘာ
လောကသည် ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ သာယာ လှပခြင်းများဖြင့်
ကျက်သရေမင်္ဂလာအပေါင်းခ ညောင်း ပြည့်စုံလာပေလိမ့်မည်။ ။
Categories:
ဆုံးမသြ၀ါဒ,
ဓမ္မပဒ,
ပဏ္ဍိတ၀ဂ်,
ဘာသာရေး