HAZY LIFE

ဒုက္ခသစ္စာ၏အနက် ၄-ချက်

ဒုက္ခဿ=ဒုက္ခသစ္စာ၏
(၁) ပီဠနဋ္ဌော = သတ္တ၀ါကို ညှာတာမဖက် အမြဲနှိပ်စက်တတ်သည့် သဘောလည်းကောင်း၊
(၂) သင်္ခတဋ္ဌော = အဖန်ဖန်ပြုပြင် ထူထောင်တတ်သည့်သဘော (၀ါ) တဏှာယောက်ျားလက်သမား၏
ဆိုးဝါးယုတ်မာပြုပြင်ရာကို ရံခါမသွေ အမြဲခံနေသည့် သဘောလည်းကောင်း၊
(၃) သန္တာပဋ္ဌော = သတ္တ၀ါကို အမြဲတစေ ပူလောင်စေတတ်သည့် သဘောလည်းကောင်း၊
(၄) ၀ိပရိနာမဋ္ဌော = ခန္ဓာငါးပါး၏ အမြဲမပြတ်ဖေါက်ပြန်ပျက်စီးတတ်သည့် သဘောလည်းကောင်း။

သမုဒယသစ္စာ၏အနက် ၄-ချက်


သမုဒယဿ= သမုဒယသစ္စာ၏
(၁) အာယူဟနဋ္ဌော = ဒုက္ခ၀တ္ထု ဒုက္ခမှုတွေကို စုဆောင်းဆည်းပူးတတ်သည့် သဘောလည်းကောင်း၊
(၂) နိဒါနဋ္ဌော = ဒုက္ခ၀တ္ထု ဒုက္ခမှုတွေကို တရံမစဲ အမြဲပေးအပ် ဆောင်နှင်းတတ်သည့် သဘောလည်းကောင်း၊
(၃) သံယောဂဋ္ဌော = ဒုက္ခ၀တ္ထု ဒုက္ခမှုတွေနှင့် အမြဲယှဉ်တွဲ ဖွဲ့နှောင်တတ်သည့် သဘောလည်းကောင်း၊
(၄) ပလိဗောဓဋ္ဌော = ဒုက္ခလက်မှ မလွတ်ရအောင် နှောင့်ယှက်တားမြစ်တတ်သည့် သဘောလည်းကောင်း။

နိရောဓသစ္စာ၏အနက် ၄-ချက်

နိရောဓဿ = နိရောဓသစ္စာ၏
(၁) နိဿရဏဋ္ဌော = ဒုက္ခ၀ဋ်မှ ၀ဋ်သုံးပါးမှ ကျွတ်လွတ်သည့် သဘောလည်းကောင်း၊
(၂) ၀ိဝေကဋ္ဌော = ရုပ်နာမ်တို့၏ နှောက်ယှက်ခြင်း၊ ရှုပ်ယှက်ခတ်ခြင်းမှ ကင်း ဆိတ်ခြင်း သဘောလည်းကောင်း၊
(၃) အသင်္ခတဋ္ဌော = အကြောင်းတရားတို့က မပြုပြင်ရပဲ ပကတိအားဖြင့် ခိုင်ခန့်တည်မြဲသည့် သဘောလည်းကောင်း၊
(၄) အမတဋ္ဌော = မအိုမနာမသေ အမြဲတည်နေသည့် သဘောလည်းကောင်း၊

မဂ္ဂသစ္စာ၏အနက် ၄-ချက်

မဂ္ဂဿ= မဂ္ဂသစ္စာ၏
(၁) နိယျာနဋ္ဌော = ၀ဋ်သုံးပါးမှ ထွက်မြောက်ကြောင်း(၀ါ) ထုတ်ဆောင်တတ်သည့် သဘောလည်းကောင်း၊
(၂) ဟေတွဋ္ဌော = နိဗ္ဗာန်သို့မကွေ့မထောင့် ဖြောင့်ဖြောင့်သွားတတ်သည့် သဘောလည်းကောင်း၊
(၃) ဒဿနဋ္ဌော = အနမတဂ္ဂသံသရာက တခါမှမမြင်ဘူးသည့် နိဗ္ဗာန်ကြီးကို ထင်လင်းစွာ မြင်စွမ်းနိုင်သည့်

သဘောလည်းကောင်း၊
(၄) အဓိပတေယျဋ္ဌော = မိမိကိုယ်ကို မိမိအစိုးရသည့်အဖြစ်သို့ ရောက်ကြောင်း သဘောလည်းကောင်း။

မိုးကုတ် ဆရာတော်ဘုရားကြီး ၏ သြ၀ါဒတရားများ
(သစ္စာအနက် ၁၆-ချက်တရားတော်များမှ၊)

Leave a Reply