Wednesday, April 02, 2025

HAZY LIFE

၁၉၇၈ ခုနှစ်က ဂိုင်ယာနာတွင် ဂျင်ဂျုံးနှင့်တကွ နောက်လိုက် ကိုးရာကျော်တို့သည်
စည်ပေပါကြီးများဖြင့် အဆိပ်ရည်များ ဖျော်သောက်ပြီး မိမိကိုယ်ကိုမိမိ
အဆုံးစီရင်လိုက်ကြသည်။ အကြောင်းပြချက်က ယခုအချိန် သေခြင်းသည် မြင့်မြတ်ပြီး
ထာဝရ ဘုရားသခင် အလိုကျ ဖြစ်သောကြောင့် ဟူ၍ပါ၏။

၂၂-၉-၁၉၈၅ နေ့ထုတ် မြန်မာ့အလင်း သီတင်းစာ၌ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့
တောင်ဘက်၊ မိုင်ခြောက်ရာခန့် အကွာ ဒါဗိုပြည်နယ်၊ ၀ုမီတန်ကျေးရွာတွင် လူမျိုးစု
အကြီးအကဲတစ်ဦးက ဘုရားသခင်ကို တွေ့ရမည်ဟု ပြောပြီး လူပေါင်း ၇၀ ကို ပိုးသတ်ဆေး
ခတ်ထားသော ယာဂုကို တိုက်ကျွေးရာမှ အားလုံး သေကြရကြောင်း ဖော်ပြထားသည်။

၁၉၉၃ ခုနှစ်ခန့်ကလည်း အမေရိကန် ပြည်ထောင်စု၊ တပ်ဆပ်ပြည်နယ်မှ ဒေးဗစ်ကိုရက်ရှ်
သည်လည်း ကြီးမားသော ခြံဝန်းကြီးတစ်ခုကို စစ်ဌာနချုပ်ကြီး တစ်ခုကဲ့သို့
လုံခြုံအောင်စီမံပြီး ဘာသာရေးဗန်းပြကာ ဆွဲဆောင်သဖြင့် မိန်းမ၊ ယောက်ျား
အတော်များများ စုမိသည်။ ထိုဌာနချုပ်ထဲ ရောက်လာသော အမျိုးသမီးမှန်သမျှ
သူနှင့်လွတ်ကင်းသူ ခပ်ရှားရှားဟူ ပါ၏။နောက်တဆင့်တက်ပြီး လက်နက်များပါ စုဆောင်းလာသဖြင့် အမေရိကန်လုံခြုံရေးအရာရှိများက စစ်ဆေးခွင့်ပြုရန် တောင်းသော်လည်း မရဘဲ
ဒေးဗစ်ကိုရက်ရှ်တို့ဘက်မှ စတင်ပစ်ခတ်သဖြင့် လုံခြုံရေး အရာရှိများမှာ
လက်နက်သုံးပြီး အတင်းဝင်သိမ်း ကြရတော့သည်။ ထိုအခါ သူ့ကိုယ်သူ မေတ္တာရှင်၊
ကရုဏာရှင် ဟု ၀န်ခံထားသော ဒေးဗစ်ကိုရက်ရှက်က ဌာနချုပ်ကြီးကို အလုံပိတ်ပြီး
မီးတင်ရှို့ကာ အထဲမှ အမျိုးသား၊ အမျိုးသမီးများကို ထွက်မပြေးစေဘဲ
မီးလောင်ခံသေရန် ပြောကြားပါသတတ်၊ မနေနိုင်၍ ထွက်ပြေးသူများသာ အသက်ရှင်ပြီး
ဒေးဗစ်ကိုရက်ရှ် အပါအ၀င် ၈၅ ယောက်တို့မှာ မီးလောင်ခံပြီး သေကြရသည်။

၈-၁၀-၁၉၉၄ ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ဘာသာရေး အယူမှားကြောင့် အစုလိုက်
အပြုံလိုက် သေဆုံးရသော သတင်း တစ်ပုဒ်ကို ဖတ်ရပြန်သည်။ ဆွစ်ဇာလန်နိုင်ငံတွင်
ဘာသာရေး အယူလွဲမှုကြောင့် မီးလောင်ကျွမ်း သေဆုံးသူများ၏ အလောင်း ၄၈ လောင်းကို
တွေ့ရှိရကြောင်း အေပီက ဖော်ပြသည်။ သေဆုံးသူများမှာ ခရော့အင်ရိုစ်
ဘာသာရေးအသင်းမှ အသင်းဝင် ၄၈ ဦး ဖြစ်သည်ကို တွေ့ရှိရပြီး မြေအောက်
ဘုရားကျောင်းနှင့် အခြားအဆောက်အအုံများအတွင်း အလောင်းများကို
တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။သေဆုံးသူများ၏ ခေါင်းဆောင် လမ်းပြဖြစ်သူမှာ အသက် ၄၆ နှစ်ရှိ ဆရာဝန်နှင့်ကနေဒါနိုင်ငံ ကွီဘက်မှ အော်ဒါအော့ဖ်ဆိုလာ ဘုရားကျောင်း ၀တ်အသင်း တည်ထောင်သူ
လပ်ဂျူးနက် ဖြစ်သည်ဟု ယူဆသည်။ ၄င်းမှာ လက်နက်မှုဖြင့် ဆွစ်ဇာလန်နိုင်ငံသို့
ယမန်နှစ်က တိမ်းရှောင်လာသူ ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။

ကာလာမသုတ်တွင် ဟောကြားတော်မူထားသော ၀ိဘဇ္ဇ အားနည်းသောကြောင့် ယခုလိုကြုံတွေ့
နေရခြင်းဖြစ်ပါသည်။

မှတ်ချက်။        ။ ဆန်းစစ် ဝေဖန်တတ်စေလိုသော စေတနာဖြင့်သာတင်ပြခြင်းဖြစ်ကြောင်းနှင့် မည်သည့် ဘာသာကိုမှ ဘာသာရေး ပုတ်ခတ်လိုစိတ် မရှိပါကြောင်း သိစေအပ်ပါသည်။

ကိုးကား...


အရှင်ဇ၀န-မတ္တာရှင်ရွှေပြည်သာ (မျက်ရည်မကျခင်သိစေချင်...)

2 Responses so far.

  1. zmozmo says:

    thz for your comment bro...

Leave a Reply