HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်



ဝါတွင်းကာလလွန်လျှင် ကထိန်ခင်းကြတော့မည်... အချိန်အားဖြင့် လိုနေသေးပေမယ့် ကြိုသိထားအောင်ပါ...
ကထိန်မခင်းထိုက်သော ရဟန်း

(၁) ကထိန်သင်္ကန်း ဖြစ်ပေါ်ရာကျောင်းတိုက်၌ ဝါမဆိုဝါမကပ်သော ရဟန်း၊
(၂) ပုရိမဝါဆို ဝါ ကပ်ခဲ့သော်လည်း ဝါကျိုးဝါပျက်သော ရဟန်း၊
(၃) သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ ပဝါရဏာမပြုသော ရဟန်း၊
(၄) ပစ္ဆိမဝါဆိုသောရဟန်း၊
(၅) လုံးဝ ဝါမဆို ဝါမကပ်သော ရဟန်း၊
(၆) ပုဗ္ဗကရဏစသော ကထိန်ခင်းထိုက်သော အင်္ဂါရှစ်ပါးနှင့် မပြည့်စုံသော ရဟန်း၊
(၇) ကထိန်ခင်းခြင်းငှါ မစွမ်းနိုင်သော ရဟန်းတို့သည် ကထိန်မခင်းထိက်သောရဟန်းတို့
ပေတည်း။
ဆိန္နဝဿာ ဝါပစ္ဆိမိကာယ ဥပဂတာ ဝါ န လဘန္တိ၊
အညသ္မိံ ဝိဟာရေ ဝုတ္ထဝဿာပိ န လဘန္တီတိ မဟာပစ္စရိယံ ဝုတ္တံ။
[မဟာဝါ အဋ္ဌကထာ/၃၈၈]
အဋ္ဌဟင်္ဂေဟိ သမန္နာဂတော ပုဂ္ဂလော အဘဗ္ဗော ကထိနံ အတ္ထရိတုံ။
[ပရိဝါ ပါဠိတော်]

ကထိန်ခင်းထိုက်သောရဟန်း

(၁) ပုရိမဝါကျွတ်ပြီး ပဌမမဟာပဝါရဏာနေ့၌့ ဝါရဏာပြုသောရဟန်း၊
(၂) ပုရိမဝါ မကျိုး၊ ဝါမပျက်သောရဟန်း၊
(၃) ပုဗ္ဗကရဏစသည်ကို သိခြင်းစသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ရဟန်း၊
(၄) သံဃာက ဝိနည်းကံနှင့်အညီ ဉ တ်ကမ္မဝါစာဖတ်၍ပေးသော ကထိန်ခင်းရန်
သင်္ကန်းကို ခံယူရရှိသာရဟန်း၊
(၅) ကထိန်ခင်းရန် စွမ်းနိုင်သော ရဟန်း။
ဤသို့သော ရဟန်းမျိုးတို့သည် ကထိန်ခင်းထိုက်သော ရဟန်းတို့ပေတည်း။
ဝုတ္ထဝဿဝသေန ပုရိမိကာယ ဝဿံ ဥပဂန္တွာ ပဌမ ပဝါရဏာရ ပဝါရိတာ လဘန္တိ
[မဟာဝါ အဋ္ဌကထာ]
၁။ ပုဗ္ဗကရဏံ ဇာနာတိ။
၂။ ပစ္စုဒ္ဓါရံ ဇာနာတိ။
၃။ အဓိဋ္ဌာနံ ဇာနာတိ။
၎။ အတ္ထာရံ ဇာနာတိ။
၅။ မာတိကံ ဇာနာတိ၊
၆။ ပလိဗောဓံ ဇာနာတိ။
၇။ ဥဒ္ဓါရံ ဇာနာတိ။
၈။ အာနိသံသာ ဇာနာတိ။
ဣမေဟိ အဋ္ဌဟင်္ဂေဟိ သမန္နာဂတော ပုဂ္ဂလော ဘဗ္ဗော ကထိနံ အတ္ထရိတုံ။
[ပရိဝါ ပါဠိတော်]
လင်္ကာ* ပုရိမဝါ ကောင်းစွကျွတ်ထ၊ ပဌမ ပဝါရဏာပြုပြီးခါ၊
သံဃာထံမှ သင်္ကန်းရ ခင်းရကထိန်သာ
ပုဗ္ဗကရဏံ၊ ပစ္စု ဒ္ဓံစ၊ အင်ရှစ်ဝနှင့် ပြည့်ထသူသာ၊ ကထိနာ
ခင်းရာထိုက်လေမှတ်။[သံခိပ်]

ရဟန်းတော်တို့ကထိန်အာနိသင်ရမှု

ကထိန်ခင်းမှုကြောင့် ရဟန်းတော်တို့အား ရအပ်သော အာနိသင်အကျိုးတရားတို့ သည် (၅)ပါးဖြစ်ကုန်၏ ။ ခင်းပြီးကထိန်မနှုတ်မခြင်း ကာလတိုင်အောင် လည်းကောင်း၊ တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့မှတပေါင်းလပြည့်အထိ (၅) လတိုင်တိုင် ထိုကထိန် အာနိသင်အကျိုးတရား ငါးပါးတို့ကို ကထိန်ခင်းသည့် ရဟန်း၊ ကထိန်အနုမောဒနာပြုသည့် ရဟန်းများရှိကြလေကုန်၏။
ကထိန်အာနိသင်အကျိုး(၅)ပါး
(၁) အနာမန္တစာရ-ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ ရပ်ရွာအတွင်းသို့ သွားနိုင်ခြင်း
အကျိုး။
(၂)အသမာဒါနစာရ-အဓိဋ္ဌာန်တင်ထားသော နှစ်ထပ်သင်္ကန်းကြီးနှင့် ညဥ့်ကင်းနေနိုင်ခြင်း
အကျိုး။
(၃) ဂဏဘောဇန- [မအပ်မရာပင့်ဖိတ်သည့်] ဂဏဘောဇဉ်ကို ဘုန်းပေးသော်လည်း
အာပတ်မသင့်ခြင်း အကျိုး။
(၄) ယာဝဒတ္ထစီဝရ- အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ သက်န်းကို အလိုရှိသလောက်
ထားနိုင်ခြင်း။
(၅) ယောစတတ္ထစီဝရုပ္ပါဒ- ကထိန်ခင်းရာကျောင်း၌ ဖြစ်ပေါ်သော သံဃိက သင်္ကန်းကို
ရပိုင်ခွင့်ရျိသောအကျိုး။
အတ္ထတကထိနာနံ ဝေါ ဘိက္ခဝေ ပဉ္စာနိသံသာ ကပ္ပိဿန္တိ အနာမန္တစာရော၊ အသမာဒါနစာရော ၊ ဂဏဘောဇနံ ၊ ယာဝဒတ္ထ ၊ စီဝရံ ၊ ယောစ တတ္ထ စီဝရုပ္ပါ ဒေါ ၊ သော နေသံ ဘဝိဿတီတိ။ [မသာဝါ ပါဠိတော်]

ကထိန်အလှူရှင်တို့ ရအပ်သော အကျိုးများ

လင်္ကာ**ကထိန်ဒါန လှူကြသူမှာ ကျိုးငါးဖြာကား သွားလေရာဝယ် အန္တရာယ်ကင်း ၊ ပစ္စည်းရင်းမှာ မီးပြင်းမဖျက်၊ ဆိပ်မတက်ဘဲ ၊ မေ့လျက်ဥစ္စာ ၊ မဆုံးပါရ ၊ ပြိုင်ရှာကြသော်၊ ကိုယ်ကဦးစွာ အရသာသည် ငါးဖြာ ကထိန်လှူကျိုးတည်း။ [အောင်တော်မူမှတ်စု]
(၁) ပထမအကျိုး
(က) ကထိန်ဒါနပြုကြသူမှာ ၊ လိုရာခရီးသွားသည့်အခါ
ပိတ်ပင်စီးတား ၊ ဘေးများကင်းကွာ၊
အန္တရာယ်ကင်း ၊ သွားရင်းလွန်ချမ်းသာ၊
ပထမ ရအပ်အကျိုးပါ။
(၂)ဒုတိယ အကျိုး
(ခ) ကထိန်ဒါန ပြုကြသူမှာ ရပ်ဝေးနယ်ခြား၊
သိမ်းထားဥစ္စာ ဘေးမခ အေးမြလွန်ချမ်းသာ၊
ဒုတိယ - ရအပ်အကျိုးပါ၊။
(၃) တတိယအကျိုး
(ဂ) ကထိန်ဒါန ပြုကြသူမှာ
ကောင်းမွန်ဟာရ ၊ စားရပေတာ
အစာစား ဆိပ်ကား ၊ မသင့်တာ။
တတိယ ရအပ်အကျိုးပါ။
(၄) စတုတ္ထ အကျိုး
(ဃ) ကထိန်ဒါန ပြုကြသူမှာ
ရောက်ရာဘဝ ၊ ကြွယ်ဝချမ်းသာ၊
စည်းစိမ်များ ပေါများလွန်သာယာ
စတုတ္ထ ရအပ်အကျိုးပါ။
(၅) ပဉ္စမ အကျိုး
(င) ကထိန်ဒါန ပြုကြသူမှာ
ဖြစ်ပေါ်လာငြား ၊ စီးပွားဥစ္စာ၊
လက်ဝယ်ပိုင်ထ ၊ ခိုင်လှသည်သာ။
ဆုံးဘဝ ရောက်ရ နိဗ္ဗုတာ။ ပဉ္စမ ရအပ် အကျိုးပါ။

အရှင်ဇာဂရ၏ကထိန်အလင်းရောင်ကျမ်းမှကောက်နှုတ်ဖော်ပြပါသည်



မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေထိုင်တော်မူ စဉ်ပါဝေယျကတိုင်းသားရဟန်း(၃၀)တို့သည်အရညကင်ဓုတင်ပိဏ္ဍပါတ်ဓုတင်ပံသုကူဓုတင်တို့ကိုဆောင်ကြလေသည်။ ထိုရဟန်းတို့သည် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် သာဝတ္ထိပြည်သို့ ကြွလာကုန်၏။ သို့သော် ၀ါဆိုရက်ကို မမှီလိုက်ကြသည့်အတွက် သူတို့သည် ခရီအကြားဖြစ်သော သာကေတမြို့၌ ၀ါကပ်ကြရလေကုန်၏။ ထိုရဟန်းတို့သည် ”ငါတို့၏ အနီးဖြစ်သော ဤသာကေတမြို့မှ ခြောက်ယူဇနာအရပ်၌  မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။

ငါတို့သည် မြတ်စွာဘုရားကို ဖူးမြော်ခွင့်မရကုန်”ဟု မပျော်ပိုက်ပဲ ၀ါဆိုကြရကုန်၏။ထိုရဟန်းတို့သည် သုံးလလွန်၍ ၀ါကျွတ်ပ၀ါရဏာပြုပြီးနောက် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့ ကြွတော်မူခဲ့ကြသည်။ လမ်းခရီးတွင်း မိုးကြီးသည်းထန်စွာရွာသွန်းသည့်အတွက်အကြောင့် သူတို့၏ သင်္ကန်းများသည် မိုးရေစိုစွတ်ကုန်ကြသည်။ သင်္ကန်းအပိုမပါရှိသည့်အတွက် သင်္ကန်းအစိုများဖြင့်သာ ကြွလာခဲ့ရလေသည်။ ထိုမျှမက သူတို့သည် ရွံ့နွံများထဲမှ ရုံးကန်၍ ဆင်းရဲကြီးစွာဖြင့် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့ ရောက်လာကြရလေကုန်သည်။ ထိုအခါ မြတ်စွာဘုရားသည်

”ရဟန်းတို့ ခန့်ကျန်းသာလို့မာပါစ၊ မျှတကြပါရဲ့လား၊ အချင်းချင်း ငြင်းခုံမှု  မဖြစ်သည်၍ ချမ်းသာစွာ ၀ါဆိုခဲ့ကြပါကုန်၏လော့၊ ဆွမ်းကွမ်းကော ပြည့်စုံကြပါရဲ့လား၊”ဟူ၍ မေးတော်မူသောအခါ ရဟန်းများသည်
”တပည့်တော်တို့တတွေ ကျန်းမာကြပါတယ် ဘုရား၊ မျှတကြပါတယ်ဘုရား၊ အချင်းချင်းညီညွတ်စွာ နေခဲ့ကြပါတယ်ဘုရား၊ ဆွမ်းကွမ်းလည်း ပြည့်စုံပါတယ်ဘုရား၊ တပည့်တော်တို့တတွေ မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ္ထိပြည်သို့ လာကြတဲ့အခါဝါဆိုရက်မမှီတဲ့အတွက် ခရီးအကြား သာကေတမြို့၌ ၀ါကပ်ခဲ့ကြရပါတယ်ဘုရား၊၀ါကပ်ပြီးလို့ ပ၀ါရဏာပြုပြီးလို့ မြတ်စွာဘုရားကို ဖူးမြင်ရန် သာဝတ္ထိပြည် လာကြတဲ့အခါ လမ်းခရီးတွင် မိုးကြီးသည်းထန်စွာ ရွာတဲ့အတွက် လမ်းခရီးတစ်လျှောက် မိုးစိုသော သင်္ကန်းများဖြင့် လာခဲ့ကြရပါသည်ဘုရား၊

ထို့ပြင်ဘုရားတပည့်တော်တို့သည်ပင်ပန်းဆင်းရဲစွာမိုးထဲလေထဲရွံ့နွံဗွက်တို့ကိုဖြတ်ကျော်ပြီးလာခဲ့ရပါသည်

ဘုရား”ဟုလျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားသည် ထိုပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်တို့ကို အကြောင်းပြုကာ ကထိန်လျှာသင်္ကန်းကို ခွင့်ပြုတော်မူပါသည်။

ကထိန်ဆိုသည်
ဗုဒ္ဓါဒီဟိ ကထီယတေ သိလာဃတေ ပသံသီယတေတိ ကထိနံ-ဘုရားအစရှိသော သူတော်ကောင်းတွေက ကထိနစီဝရဒါနကို ကောင်းပေစွကောင်းပေစွမြတ်ပေစွဟုချီးမွမ်းအပ်တဲ့အတွက်ကြောင့်ကထိန်လို့ခေါ်သည်။

ချီးမွမ်းခြင်းအကြောင်းသုံးချက်
(၁) သံဃိကဒါနဖြစ်သောကြောင့်လည်းကောင်း
(၂ )အထူးသဃိကဒါနဖြစ်သောကြောင့်လည်းကောင်း
(၃)သံဃာတော်အရှင်မြတ်တို့၏ အာပတ်ကို သုတ်သင်နိုင်သော ဒါနဖြစ်သောကြောင့်လည်းကောင်းဘုရား အစရှိသော အရိယာသူတော်ကောင်းတွေက အထူးအားဖြင့် ချီးမွမ်းတော်မူပါတယ်။

(၁) သံဃိကဒါနဖြစ်သောကြောင့်
ကထိန်ကမ္မ၀ါစာဖတ်ကြတဲ့အခါ “ဣဒံ သဃဿ ကထိနစီဝရံ ဥပ္ပန္နံ”လို့ ကမ္မ၀ါစာမှာ ပါပါတယ်။ အဲဒီထဲမှာ ”သံဃဿ ဥပ္ပန္နံ”ဟူသည် သံဃာတော်အရှင်သူမြတ်များရဲ့ အထံမှာဖြစ်ပေါ်တယ်လို့ဆိုပါတယ်။ 

ဒီစကားကိုထောက်သောအားဖြင့် ကထိနဒါနကို သံဃိကဒါနလို့ဆိုနိုင်ပါတယ်။ သံဃိကသင်္ကန်းနဲ့သာကထိန် ခင်းလို့ရပါတယ်၊ဒီလိုသံဃိကဒါနဖြစ်သောကြောင့်ကထိနစီဝရဒါနကိုဘုရားအစရှိတဲ့သူတော်ကောင်းတွေက ချီးမွမ်းကြတာပါ။ပုဂ္ဂလိကဒါနထက်မြတ်နေလို့ ဒီကထိနစီဝရသံဃိကဒါနကို အထူးဝိသေသပြု ချီးမွမ်းခြင်း
ဖြစ်ပါတယ်။


တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှာလဲ တစ်ကျောင်းတည်း လှူလို့ရတယ်တစ်ကျောင်းမှာ တစ်ရက်ပဲလှူလို့ရတယ်။ တခြားဒါနထက် ထူးခြားနေတယ်။အမြဲလှူလို့မရ အချိန်ကာလအားဖြင့်သာ လှူဒါန်းရသော ဒါနဖြစ်သောကြောင့် ဘုရားစသော သူတော်ကောင်းများက ချီးမွတ်တော်မူကြပါတယ်။

(၂)အထူးသံဃိကဒါနဖြစ်သောကြောင့်
ကထိနစီဝရဒါနကို ပထမ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှစ၍ သီတင်းကျွတ်လပြည့်ကျော် တစ်ရက် မဟာ ပ၀ါရဏာနေ့၌ ပုရိမ၀ါကျွတ်လို့ ၀ါမကျိုးမပြတ်တဲ့ သံဃာတော်တွေသာ ဒီကထိန်သင်္ကန်းကို အလှူခံ ခွင့်ရှိ တယ်။
”အနုဇာနာမိ ဘိက္ခဝေ ၀ဿံဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ”
ဆိုလိုသည်မှာ ၀ါဆိုသံဃာတွေကိုသာ ကထိန်ခင်းခွင့်ပြုထားတယ်။ ကထိန်သင်္ကန်းလှူသူတွေကလဲ ဒီက ထိန်ခင်းခွင့်ရှိတဲ့ ရဟန်းတော်တွေကိုသာ ကထိန်ခင်းခွင့်ပြုထားတယ်။ ဒါကြောင့် ဒီကထိနဒါနကို ထူးခြား တဲ့ဒါနလို့ပြောတာ။ဒီလို ထူးခြားတဲ့ သံဃိကဒါနဖြစ်လို့ ဘုရားအစရှိသော သူတော်ကောင်းတို့က ချီးမွမ်း ကြတာဖြစ်ပါတယ်။

(၃) သံဃာတော်အရှင်သူမြတ်တို့၏အာပတ်ကိုသုတ်သင်သောဒါနရဟန်းတော်များမှာမြတ်ဗုဒ္ဓပညတ်ထားတဲ့ သိက္ခာပုဒ် အကျဉ်းအားဖြင့် ၂၂ရ သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော်ရှိနေပါတယ်။ ဒီသိက္ခာပုဒ်တွေကို ကြူးလွန်ရင်အာပတ်သင့်တယ်။ သို့သော် ကထိန်သင်္ကန်းကို အလှူခံကြတဲ့ သံဃာ တော်များဟာ မြတ်ဗုဒ္ဓက ချမှတ်ထားသော သိက္ခာပုဒ်ငါးမျိုးမှ လွတ်ငြိမ်းခွင့်ရရှိနိုင်ပါတယ်။ထိုလွတ်ငြိမ်းချမ်း သာခွင့် ငါးပါးဟူသည်ကား

(က) ရဟန်းသည် မပန်းကြားပဲ ဒါယကာအိမ်သို့ သွားနိုင်ခြင်း
(ခ) တိစီဝရိတ်အဓိဋ္ဌာန်တင်သော သင်္ကန်းကို မယူပဲ သွားနိုင်ခြင်း
(ဂ) ဂဏဘောဇဉ်ကို စားနိုင်ခြင်း
(ဃ)အလိုရှိသော အဓိဋ္ဌာန် ၀ိကပ္ပမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
(င) ထိုကထိန်ခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အားသာ ဖြစ်ရခြင်း တို့ပင်ဖြစ်သည်။ကထိန်အာနိသင်ရသောကာလသည်ကားသီတင်းကျွတ်လပြည့်တစ်ရက်နေ့မှတပေါင်းလပြည့်အထိ ငါးလတိုင်တိုင်ဖြစ်ပေသည်။ထို့ကြောင့် ကထိန်ကို ဘုရားအစရှိသော သူတော်ကောင်းများက ကောင်းပေစွ ကောင်းပေစွဟု ချီးမွမ်းတော်မူကြပါပေကုန်သည်။ထိုသို့သော အကြောင်းများကို ထောက်ဆကာ ရှေးဆရာ တော်ကြီးများက”ဘုရားမှာတော့စိန်၊ကျောင်းမှာတော့သိမ်၊ သင်္ကန်းမှာတော့ကထိန်”ဆိုပြီး ဆိုရိုးစကား ပြုထားကြသည်။


ကထိန်သင်္ကန်းအလှူရှင်များ ရရှိသော အကျိုးငါးပါး
(၁) မိမိတို့ အလိုရှိအပ်သော အရပ်များသို့ အတားအဆီး အချုပ်အချယ်မရှိဘဲ သွားနိုင်ခြင်း၊
(၂) ကိုယ်ပိုင်ပစ္စည်းများကို ထားလိုရာ ထားနိုင်ခြင်း၊
(၃) အမျိုးမျိုးသော အ၀တ်အစား အစာအသောက်များနှင့် ပြည့်စုံခြင်း၊
(၄) အစာအသောက်နှင့်ပတ်သက်၍ ဘယ်သောအခါမှ ဘေးမဖြစ်ခြင်း၊
(၅) စည်းစိမ်ဥစ္စာပေါများခြင်းတို့ပင်ဖြစ်သည်။

ကထိန်ခင်းခြင်းအဓိပ္ပာယ်
ကထိန်သင်္ကန်းလှူရှင်များသည် “သံဃဿ ဒေမ”ဟုဆိုကာလှူဒါန်းလိုက်သောသင်္ကန်းကိုသံဃာတော်များက သိမ်ထဲမှာရှိတဲ့ကထိန်သင်္ကန်းအလှူခံမည့်ကျောင်းမှာရှိသောရဟန်းတော်တစ်ပါးကိုသံဃာအများသဘောတူ
မှုနဲ့ ရွေးချယ်ပြီး ထိုကထိန်လျာသင်္ကန်းကို ကမ္မ၀ါစာနှင့် ရွတ်ဖတ်ကာ ပေးကြရပါသည်။ ထိုကထိန်သင်္ကန်းကို ရရှိသော ရဟန်းသည် မိမိကျောင်းတိုက်ကို ပြန်ပြီး ကထိန်ခင်းရပါသည်။ ကထိန်ခင်းဟူသည် စွန့်သင့်သော သင်္ကန်းကို စွန့်၊အဓိဋ္ဌာန်တင်သင့်သော သင်္ကန်းကို အဓိဋ္ဌာန်တင်ကာ လက်ရှိရရှိလာသော သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်သည်ကို ဆိုလိုပါသည်။ 

ကထိန်သင်္ကန်းကို ခွင့်ပြုတော်မူရခြင်း၏ ရည်ရွယ်ချက်





ပရဟိတ လှူဒါန်းချင်သူများ အတွက် ကူညီမှု လိုအပ်နေသော နေရာလေးများ...

၁)သီလရှင်စာသင်တိုက် ရွှေပုန်းပွင့်ဘုရားလမ်း၊ ကျောက်ရေတွင်းရပ်ကွက်၊ အမှတ်(၂၂)ကျောင်းအနီး ၊ မြောက်ဥက္ကလာ ဖုန်း - ၀၉ ၇၃၀ ၂၆၂၂၆

၂)ဆူထူးပန် သီရိမင်္ဂလာကန်တော် ဘုန်းတော်ကြီး ပညာသင်ကျောင်း အလွတ်းဆွတ်ကျေးရွာ၊ အေးမေတ္တာရပ်ကွက်၊ သန်လျင်။ ဖုန်း - ၀၉ ၈၆၂ ၈၄၉၄

၃)အေးရိပ်သာကျောင်း (၁၃၃) ရပ်ကွက်၊ တကောင်းလမ်း၊ ဒဂုံအရှေ့ ဖုန်း - ၀၉ ၄၃၀ ၅၆၆၀

၎)ရွှေငြိမ်စံကျောင်း အုတ်ဖိုတောရ မဟာစည် သာသနာ့ရိပ်သာ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ၊ မလစ်အုပ်စု ဖုန်း - ၀၉ ၈၆၃ ၁၇၀၉၊ ၀၁- ၅၉၉၄၁၂

၅)ပါရမီဖြည့်ဘုန်းတော်ကြီးကျောင
်း မှော်ဘီ ၀ါးနတ်ချောင်းကျေးရွာ။ ဖုန်း - ၀၉ ၇၃၀ ၉၂၄၁၅၊ ၀၉ ၇၃၁ ၄၂၈၅၆

၆)ရွှေရတနာသီလရှင်ကျောင်း အမှတ်(၂၀) ၊ မကွေးလမ်း၊ သံဒင်းရပ်ကွက်။ ဖုန်း -၀၁ ၆၁၁၅၂၃

၇) အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ အလယ်၇ွာကြီးကျေးရွာ၊ ငွေပင်လယ်စက်မှုဇုံအနီး(ရွှေပြည်သ
ာ တံတားအဆင်း) လှိုင်သာယာ၊ ရန်ကုန် ဖုန်း 613665

၈) ကုမာရရမ ပရဟိတကျောင်းတိုက် အောင်သိဒ္ဒိလမ်း ၊ (၃) ရပ်ကွက် ၊ မရမ်းကုန်း ဖုန်း -0973031875 မူလတန်းမှ ပဉ္စမတန်းအထိ မိဘမဲ့ကလေး (၁၅၀)ဦး ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

၉) ပြွန်တန်ဆာ ပရဟိတသီလရှင်ပညာရေးကျောင်း ၂၂ ရပ်ကွက် ရွှေပေါက္ကံမြို့သစ် မြောက်ဥက္ကလာပ ဖုန်း 09421075045 မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင် ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင် န၀မတန်းမှ ဒသမတန်းအထိ ပြင်ပသင် ကျောင်းသားကျောင်းသူ ၁၄၇ ဦး အတွက်

၁၀) သီရိမင်္ဂလာ (အုန်းတောကျောင်း) ဖုန်း 0954022180 မူလတန်းမှ စတုတ္ထတန်းအထိ မိဘမဲ့ကလေး ၃၀ ဦး ကျောင်းသား ၂၄၇ ဦးအတွက်

၁၁) ဓမ္မလင်္ကာရဘုန်းတော်ကြီးကျောင်း ဘုန်းတော်ကြီးစာသင်တိုက် တွံတေးမြို့ ဖုန်း 095060663 မိဘမဲ့ကလေး 168 ဦးအတွက်

၁၂) တိက္ခာရာမ ပရဟိတစာသင်ကျောင်း ၇/
၈ လမ်းဆုံ မြောက်ဒဂုံ ဖုန်း 0973024065 မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင် ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင် မိဘမဲ့ကလေး (၁၅)ဦး ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်

၁၃) သီရိမင်္ဂလာဘုန်းတော်ကြီးသင်ပညာရေးကေ
ျာင်း ၁၂-ရပ်ကွက် ပေါ်ဦး ၆ လမ်း ဒဂုံအရှေ့ပိုင်း ဖုန်း 0943082166 ၊ 01-581023 သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား ကျောင်းသူ (၁၈၀)ဦး နှင့် ကျောင်းအောက်ခန်းကို ပြင်ဆင်ရန်အတွက်

၁၄) ပိတောက်ရွှေဝါပရဟိတစာသင်ကျောင်း မြောက်ဥက္ကလာပမြို့နယ် ဖုန်း 095680582 ၊ 056-22609 မိဘမဲ့ကလေး (၄၈၀) ဦး ရပ်ကွက်နေ ကျောင်းသား (၁၂၀၀)ဦးအတွက်

၁၅) ရဲမွန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ရဲမွန်စံပြကျေးရွာ လှည်းကူးမြို့နယ် ကျောင်းသား ကျောင်းသူ ဦးရေ ၁၀၀ ခန့်အတွက်

၁၆) ကွမ်းခြံကုန်း ကံကြီး မကျီးရပ်ကွက် ရွှေကျင် (ဂျား)ကျောင်း ပရိယတ္တိစာသင်တိုက် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်ဘဒ္ဒန္တပညာဝရ ဖုန်း - 01-265043/ 098640565

၁၇) အောင် (ပရဟိတကျောင်း) ဖုန်း 098612292 မူလတန်းမှ အလယ်တန်းအထိ ကျောင်းသူ/သား ၁၂၇၀ ဦးအတွက်

၁၈) စိမ်းလမ်းမြေ (ပရဟိတဂေဟာ) ဖောင်ကြီး ဥက္ကဌဖုန်း - 01-629758 / 0945525840 ဘဏ္ဍာရေးမှူးဖုန်း 01-558395 /0973034500 ကျောင်းသား/သူ ၃၀ ကျော်

၁၉) မင်္ဂလာဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖလှယ်ကြီး (ခ) ဘုရားကြီးကျေးရွာ တွံတေးမြို့ ကျောင်းသား / သူ ၈၀၀ ကျော်အတွက်

၂၀) ကွမ်းခြံကုန်း ပရဟိတကျောင်း မဟာဝိဇိရမင်္ဂလာပရဟိတစာသင်တိုက် ကွမ်းခြံကုန်းမြို့ ပညာသင်ကြားနေကြသော ကျောင်းသား/
သူများအတွက်

၂၁) မဏိရာမ ပရတိတကျောင်း ၀မ်းဘဲအင်းကျေးရွာ ဒေးစွန်ပါတောင်အနီး ပဲခူး

၂၂) မာဃဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၅ လမ်း ၅ ရပ်ကွက် မြောက်ဥက္ကလာပ 


(Forward မေးလ်မှ)...

ဒီဓါတ်ပုံလေးကို ကျွန်တော့်ဆီ Forward Mail အမြဲပို့ပေးလေ့ရှိတဲ့ ကိုခိုင်မြဲ ဆီကရတာပါ... ကျွန်တော်က ရတဲ့ပုံတွေ ၄ ပုံထဲကမှ ဒီပုံလေးမြင်ပြီး တော်တော်ကို စိတ်ထဲ ကသိကအောက်ဖြစ်သွားတယ်... ဘယ်လိုပြောပြရမှန်းလည်းမသိဘူး... စိတ်ထဲ မကျေနပ်တာလိုလို... စိတ်တိုင်းမကျတာလိုလို... ဒေါသဖြစ်တာလိုလို... ဘယ်လိုကြီးခံစားနေရမှန်းမသိဘူးဗျာ... ပုံကိုဖန်တီးတဲ့ မူရင်း ဆရာ/ဆရာမ ကို Credit ပေးပါတယ်... ခံစားချက်ခြင်း မတိုက်ဆိုင်ရင်တောင် တခုခုတော့ ခံစားမိမှာအသေအချာပါပဲ...