HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

၁။ လူအမည် = သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့ = ဂေါတမ
၃။ မိဘအမည် = သူဒ္ဓေါဒနမင်းနှင့် မာယာဒေဝီ
၎။ ကြင်ယာတော် = ယာသောဓရာ (ဘဒ္ဒကကစ္စာနာ)
၅။ ရင်သွေးတော် = ရာဟုလာ
၆။ ယောက်ဖတော် = ဒေဝဒတ်
၇။ မိထွေးတော် = ဂေါတမီ
၈။ နေပြည်တော် = ကပိလဝတ်ပြည်(သက္ကတိုင်း၊ မဇ္ဈိမဒေသ)
၉။ ဖွားရာဌာန = လုမ္ဗိနီဥယျာဉ်(ကပိလဝတ်နှင့် ဒေဝဒဟအကြား)
၁၀။ နန်းစံနှစ် = ၁၃နှစ်ကြာ (၁၆နှစ်မှ ၂၉နှစ်အထိ)
၁၁။ နိမိတ်ကြီးများ = သူအို၊ သူနာ၊ သူသေ၊ ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘဝ = သုမေဓာရသေံဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက် = သုမိတ္တာအမျိုးသမီး (ယသော်ဓရာလောင်း)
၁၆။ ပါရမီဖြည့်ရာကာလ = လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း(သုမေဓာဘဝမှ ဝေဿန္တရာဘဝအထိ)
၁၇။ ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် = သတ္တဝါများအကျိုးဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာကျင့်ရသောကာလ = ၆ နှစ်ကြာ(၉၇ မှ ၁၀၃အထိ)
၁၉။ ဒုက္ကရစရိယာကျင့်သည့်နေရာ = ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန်သက်တော် = ၃၅-နှစ်အရွယ်
၂၁။ ဘုရားပွင့်ရာ သက်တမ်း = ၁၀၀ တမ်း
၂၂။ အလုပ်အကျွေး = ပဉ္စဝဂ္ဂီငါးဦး (ဒုက္ကရစရိယာ ကျင့်ခိုက်)
၂၃။ တရားဦးဟောသည့်နေရာ = ဗာရာဏသီ၊ မိဂဒါဝုန်တော
၂၄။ ပထမဆုံး သာဝက = ပဉ္စဝဂ္ဂီငါးဦး
၂၅။ နောက်ဆုံးကျွတ်သော သာဝက = သုဘဒ္ဒပရိဗိုဇ်
၂၆။ လက်ယာရံ အဂ္ဂသာဝက = အရှင်သာရိပုတ္တရာ
၂၇။ လက်ဝဲရံ အဂ္ဂသာဝက = အရှင်မဟာမောဂ္ဂလာန်
၂၈။ အဆုံးအမသာသနာ = ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ
၂၉။ ကျင့်စဉ်သိက္ခာ = သီလ၊ သမာဓိ၊ ပညာ
၃၀။ ချမှတ်သောလမ်းစဉ် = မဇ္စျိမပဋိပဒါ(မဂ္ဂလမ်းစဉ်)
၃၁။ သန္ဓေယူသောနေ့ = မဟာသက္ကရာဇ် ၆၇၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့
၃၂။ ဖွားမြင်သောနေ့ = မဟာသက္ကရာဇ် ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့
၃၃။ တောထွက်သောနေ့ = မယာသက္ကရာဇ် ၉၇၊ ဝါဆိုလပြည့်၊ တနင်္လာနေ့
၃၄။ ဘုရားဖြစ်သောနေ့ = မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့
၃၅။ ဓမ္မစကြာဟောသောနေ့ = မယာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်၊ စနေနေ့
၃၆။ ပရိနိဗ္ဗာန်စံတော်မူသောနေ့ = မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့်၊ အင်္ဂါနေ့
၃၇။ တေဇောဓာတ်လောင်သောနေ့ = ၁၄၈၊ ကဆုန်လဆုတ် ၁၂၊ တနင်္ဂနွေနေ့
(ထပ်ပြီးတော့ဖြည့်စွပ်စရာများရှိရင် blog မှာ comment ပေးခဲ့နိုင်ပါတယ်ခင်ဗျ...)
 (ဆရာတော်<သာသနာနွယ်> ထံမှကူးယူဖော်ပြပါသည်...)

 

1.Religion ဘာသာတရား

2.belief ယုံကြည်မူ

3.worship ကိုးကွယ်ဆည်းကပ်သည်

4.freedom of worship လွတ်လပ်စွာကိုးကွယ်ခွင့်

5.refuge ခိုကိုးခြင်း၊ခိုကိုးရာ

6.reverence ကြည်ညိုရိုသေခြင်း

7.devotions ဘုရားတရားတွင် အာရုံပြုခြင်း၊ဆုတောင်းခြင်း

8.Lord Buddha ဗုဒ္ဓဘုရား

9.Buddha's teachings ဗုဒ္ဓဆုံးမသြ၀ါဒ

10.Buddha statue /image ဗုဒ္ဓဆင်းတုတော်/ပုံတော်

11.icon ဆင်းတုတော်

12.iconoclast ဆင်းတုတော်ကိုးကွယ်မူကိုဆန့်ကျင်သူ

13.agnostic ဘုရားတရားမယုံကြည်သူ

14.shrine စေတီ၊ပုထိုး၊နတ်ကွန်း

15.shrine room ဘုရားခန်း

16.altar ဆွမ်းတော်တင်ခုံ

17.nine attributes of Buddha ဗုဒ္ဓဂုဏ်တော်ကိုးပါး

18.the four noble truths သစ္စာတရားလေးပါး

19.the noble eightfold path မဂ္ဂင်ရှစ်ပါး

20.nirvana နိဗ္ဗာန်

21.halo ရောင်ခြည်တော်အ၀န်း

22.recite devotional verses ဘုရားဂါထာတော်များရွတ်ဆိုသည်

23.say /tell the beads ပုတီးစိပ်သည်

24.take a meditation တရားထိုင်သည်

25.strike the triangular brass gong ကြေးစည်ထုသည်

26.period of Buddhist lent ၀ါတွင်း

27.end of Buddhist lent ၀ါပ( ၀ါထွက်)

28.footprint of Buddha ဗုဒ္ဓခြေတော်ရာ( စက်တော်ရာ)

29.temple ဗိမာန်တော်၊ဘုရားကျောင်း၊နတ်ကွန်း

30.hollow vaulted temple ဂူဘုရား

31.fane ဘုရားတန်ဆောင်း

32.archway မုခ်ပေါက်

33.ascend the stairway ဇောင်းတန်း တက်သည်

34.sanctuary ၀တ္တကမြေ၊သာသနာ့မြေ၊ဘေးမဲ့လွတ်ထားသည့်မြေ

35.precinct of pagoda ဘုရားပရဂုဏ်

36.ground of victory အောင်မြေ

37.planetary post ဂြိုလ်တိုင်

38.streamer တံခွန်၊ကုက္ကား

39.scented sticks အမွှေးတိုင်

40.gilt ရွှေချထားခြင်း

41.glass mosaic မှန်စီရွှေချ

42.stupa ဘုရားပုထိုး

43.pagoda စေတီ

44.tooth relic pagoda စွယ်တော်မြတ်စေတီ

45.gilded pagoda ရွှေချထားသောစေတီ

46.white-washed pagoda ထုံးဖြုသုတ်ထားသောစေတီ

47.monastery ဘုန်းကြီးကျောင်း

48.hermitage ရသေ့ကျောင်း

49.nunnery/ convent သီလရှင်ကျောင်း

50.religious center သာသနာ့ရိပ်သာ

51.meditation center တရာစခန်းရိပ်သာ

52.International Theravada Buddhist Missionary University

အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်

53.Buddhist Scriptures ပိဋကတ်တော်များ

54.Sixth Buddhist Synod ဆဌသင်္ဂါယနာ


Credit To - Mr. Htet Htet Naung


ကမ္ဘာတစ်လွှား၌ ဗုဒ္ဓခြေတော်ရာချခဲ့သည့် နေရာမှာ (၁၀)နေရာဖြစ်ကြောင်းကို လေ့လာသိရှိရပေသည်
============================

၎င်းတို့မှာ...

(၁) အိန္ဒိယပြည်၊ ဘုံဘိုင်မြောက်ပိုင်း၊ နမ္မဒါမြစ်ထဲ၌ ခြေတော်ရာတစ်ဆူ...။

(၂) အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက် သစ္စပန်တောင်ပေါ်၌ ခြေတော်ရာတစ်ဆူ...။

(၃) အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ ခြေတော်ရာတစ်ဆူ...။

(တရုတ်ဘုန်းတော်ကြီး ဖာယီယန်၏ မှတ်တမ်းအရ)

(၄) အိန္ဒိယပြည်၊ ပါတလိပုတ်မြို့တော်၏ တောင်ဘက်သုံးလိအကွာ၌ ခြေတော်ရာတစ်ဆူ...။
(ဖာယီယန်၏ မှတ်တမ်းအရ)


(၅) သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သုမနကုဋ(SriPada) တောင်ထိပ်၌ ခြေတော်ရာတစ်ဆူ...။

(၆) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မယူကမ်းပုံစည်းကျွန်း၊ သာစည်ထောင့်ရွှာအနီး၌ ခြေတော်ရာတစ်ဆူ...။

(၇) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုလားတန်းမြစ်ဝရှိ ဖရုံကာကျွန်းစု၊ မြေငူကျွန်း၊ဆံတော်ရှင်ဓာတ်တော် အနီးရှိ ခြေတော်ရာတစ်ဆူ...။

(၈) မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းချောင်း(မန်းရွှေစက်တော်)၌ အောက်,အထက်ခြေတော်ရာနှစ်ဆူ...။

(၉) မြန်မာနိုင်ငံမြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက်ဘက် တောင်စောင်း၌ ခြေတော်ရာတစ်ဆူ...။

(၁၀) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မဟီ(မအီ)မြစ်အတွင်း၌ အထက် အောက် ဝဲယာ ခြေတော်ရာတစ်စုံ...။

စသည်တို့ ဖြစ်ကြကြောင်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောက်ရပ်၊ မဟာသုခပါဠိတက္ကသိုလ်မှ

ဆရာတော် ဦးအရိယာဝံသ၏ ရခိုင်ပြည်နယ်၊ မအီစက်တော်ရာသမိုင်း စာအုပ်တွင် မှတ်တမ်းပြုထားပါသည်...။

မြတ်စွာဘုရားရှင်သည်...မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် ရဟန္တာငါးရာနှင့်တကွ

သုနာပရန္တ ယောနကတိုင်း (ယခု မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မကုမြို့နယ်

လယ်ကိုင်းကျောင်းတော်ရာ ဒေသ)သို့လည်း ကြွရောက်ခဲ့တော်မူ၏...။

ဘုရားရှင်သည်...သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ပြန်အကြွ နမ္မဒါမြစ် (ယခု မန်းချောင်း) အနီးသို့

ရောက်သည်တွင် နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်ကြောင့် မြစ်ကမ်းနဖူး ကျောက်ဖျာထက်တွင်

လက်ဝဲခြေတော်ရာကို ချပေးခဲ့၏...။ ယင်းကို အောက်ခြေတော်ရာဟု ခေါ်ဆိုကြသည်...။

ဆက်လက်၍ ကြွမြန်းစဉ် ထိုမြစ်အနီး သစ္စဗန္ဓကတောင်ပေါ်သို့ ရောက်ပြန်သော် ရသေ့၏

လျှောက်ထားတောင်းပန်ချက်ကြောင့် မကုလမြေကျောက်ပေါ်တွင် လက်ဝဲဘက်ခြေတော်ရာကို

တံဆိပ်ခတ်နှိပ်ပေးခဲ့ပြန်သည်...။ ထိုအထက်ခြေတော်ရာကို အထက်စက်တော်ရာဟု သမုတ်ခဲ့ကြသည်ဟုဆိုကြသည်။

သို့ဖြင့် ထိုနေရာများတွင် စေတီများ တည်ထားကာ နှစ်စဉ်ခြေတော်ရာဖူးရင်း စေတီများတွင်

ပွဲတော်များ ကျင်းပခဲ့လေသည်...။ အဆိုပါ ခြေတော်ရာသည် ကာလအတန်ကြာ ကွယ်ပျောက်နေခဲ့ပြီး

တောင်ဖီလာ ဆရာတော်ကြီး (ဓားမကူးဆရာတော်)၏ ဖော်ထုတ်မှုဖြင့်
ပွင့်ပေါ်လာခြင်းဖြစ်ကြောင်းမှတ်သားရပါသည်...။