HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်


(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမယ့်။
လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)


(၂) ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်း မဟုတ်ဘဲ၊ တပည့်သာဝကတို့ကို အသိညဏ် အလင်းရရှိစေရန် တရားဟောခြင်း ဖြစ်သည်။ (စာရေးဆရာတစ်ဦး)

(၃) ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူးကွဲပြားသကဲ့သို့ပင် ဖြစ်သည်။ (စာရေးဆရာတစ်ဦး)

(၄) အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် လက်၎င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)

(၅) သတ်ပစ်လိုက်
ခန္ဓာကိုယ်ကို သတ်ပစ်ခြင်းသည် အကျိုးမရှိပါ၊ ခန္ဓာကိုယ်က အပြစ်ကျူး လွန်ခြင်း ကိစ္စမှာ တာဝန်မရှိပါ၊ မသိမိုက်မဲစိတ်ကသာ အပြစ်ကို ကျုးလွန်၍ တာဝန်ရှိသူဖြစ်တယ်၊ မသိမိုက်မဲမှုလျင် လူသတ်သမားအစစ်ဖြစ်ပါတယ်။
ဒါ့ကြောင့် မသိမိုက်မဲမှုကိုသာ သတ်ပစ်ရမယ်၊ ကြိုးပေးရမယ်၊ ဘယ်လို သတ်ဖြတ် ကြိုးပေးရမလဲ? လူသတ်သမားကို သစ္စာ ပညာ ဗုဒ္ဓဒေသနာတရား ဟောကြားပြီး မိုက်မဲမှု မသိမှုကို ပယ်သတ်ပြစ်နိုင်တယ်။ (မဟတ္တမဂန္ဒီ - Gandhi)

(၆) အနာဂါတ်ဘာသာတရားက သဘာဝလောကဓာတ်တခွင်လုံးအတွက် အဖြေပေးစွမ်းနိုင်သော အယူဝါဒတစ်ရပ်သာဖြစ်ရလိမ့်မည်။ အနှီးဘာသာသည် ပုဂ္ဂလအဓိဌာန်အယူအဆဖြင့် ဖန်တီးတီထွင်ထားသော ဖန်ဆင်ရှင်တရားနှင့် မသက်ဆိုင်စေသင့်။ တစ်ယူသန်အစွဲအလမ်းများနှင့် ယင်တို့မှ ပေါက်ဖွား ခဲ့သော အကိုးအကြောင်းဆက်ပညာကိုလည်း ကျော်လွှားလွန်မြောက် ရလိမ့်မည်။ ထိုဘာသာတရားသည် သာဘာဝလောကဓာတ်(ရုပ်တရား)နှင့်တကွ နာမ်တရာများကို လွှမ်းခြုံ၍ ဒိဌဓမ္မဖြင့် အဓိပ္ပါယ်ပြည့်ဝသော ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်စွမ်းရှိရပေလိမ့်မည်။ ဗုဒ္ဓဘာသာသည် ထိုအရည်အချင်းများနှင့် ပြည့်စုံသည်ကို တွေ့ရ၏။ မျက်မှောက်ခေတ် သိပ္ပံပညာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်းသော ဘာသာတရား တစ်ခုရှိသည်ဆိုပါလျင် ထိုဘာသာတရားက ဗုဒ္ဓဘာသာဖြစ်လိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)

(၇) ကမ္ဘာပေါ်တွင် မည်သည့် ဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည် ဆိုခြင်းကို မပြောလျှင်မဖြစ် ပြောပါဟု သင်ကကျွနုပ်အား တိုက်တွန်းခဲ့သော် ကျွနုပ် စိတ်ပါလက်ပါ စာနာထောက်ထားသော အားဖြင့် "ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်" ဟု မဆိုင်းမတွ အဖြေပေးရမည် ဖြစ်ပါသည်။ (ရာဘင်ဒြာနတ်တဂိုးလ် - Rabindranath Tagroe)

(၈) ဗုဒ္ဓ၏ကြီးမားသော အနှစ်နာခံမှု၊ စွန့်လွတ်မှုနှင့် ဘဝ၏သန့်ရှင်း စင်ကြယ်မှုတို့ဖြင် ဟိန္ဒူဝါဒအပေါ်တွင် မပျက်ပြယ်နိုင်သည့် အမှတ်တံဆိပ် တစ်ခုကို ထားရစ်ခဲ့ပြီး ဟိန္ဒူဝါဒသည် ထိုမြတ်သောဆရာအား အနန္တကျေးဇူး ကြွေးများ ပေးဆပ်ရန် ရှိနေပေသည်။ (မဟတ္တမဂန္ဒီ - Gandhi)

(၉) အကယ်၍ ပြဿနာတစ်ခုခုဖြေရှင်းဖွယ်ရာရှိခဲ့လျှင် ဗုဒ္ဓဟောကြားခဲ့သည့် လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ



ဆရာတော်၏ ထေရုပ္ပတ္တိအား ကြည်ညိုပူဇော်ကြရန် အကျဉ်းမျှ တင်ပြပေးလိုက်ပါသည်။  

မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသ-၏ ထေရုပ္ပတ္ထိအကျဉ်း မန္တလေးမြို့ မစိုးရိမ်တိုက်သစ်   ကျောင်းတိုက် ကြီး (၃)တိုက်တို့၏ အဓိပတိ မဟာနာယက ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ-၏ဘဝပုံရိပ် ဆရာတော် သည် မြန်မာသက္ကရာဇ် ၁၂၉၅-ခု၊ ၀ါဆိုလပြည့်ကျော် ၁၃-ရက်၊ ခရစ်နှစ် ၁၉၃၃-ခု၊ ဇူလိုင် ၁၉ -ရက်နေ့၌ ဖွားမြင်တော်မူသည်။ ညီအကိုမောင်နှမ ငါးယောက်အနက် တတိယမြောက် သားရတနာဖြစ်သည်။ 

၁၃၀၈-ခုနှစ်၊ နှောင်းတန်ခူးလတွင် သာမဏေအဖြစ်သို့ ရောက်ရှိသည်။ ၁၃၁၅ ခုနှစ်၊ ပထမ၀ါဆိုလဆန်း ၅-ရက်နေ့တွင် ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ ဥပဇ္ဈာယ်မှာ ဆရာတော် ဦးကိတ္တိဖြစ်သည်။ 

အင်တိုင်းရွာ တောင်ကျောင်း ဆရာတော် ဦးရ၀ိန္ဒ၊ ဆရာတော် ဦးကောဝိဒ တို့အထံတွင် သင်ပုန်းကြီးမှ စ၍ စတင်ပညာသင်ခဲ့သည်။ ၁၃၁၂-ခုနှစ်၊ နယုန်လမှ စ၍ မုံရွာမြို့ မဟာဇောတိကာရာမ စာသင်တိုက်သို့  
ရောက်ရှိခဲ့သည်။ ယင်းတိုက်မှ ပထမငယ် ပထမလတ်တန်းများ အောင်မြင်ခဲ့သည်။ 

၁၃၁၄-ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁၂-ရက်နေ့တွင် မန္တလေးမြို့၊ တောင်သမန်တိုက် ပုသိမ်ကျောင်း သို့  
ရောက်ရှိပြီး ပညာသင်ယူခဲ့သည်။ ၁၃၁၅-ခုနှစ်၊ နတ်တော်လတွင် မစိုးရိမ်တိုက်ကြီးသို့ ပြောင်းရွှေ့၍ ပညာသင်ခဲ့သည်။ 

မစိုးရိမ်တိုက်ကြီးမှ ပထမကြီးတန်း၊ စာသင်တန်း၊ အစိုးရစာချတန်း၊ သကျသီဟ စာချတန်းများကို  
အောင်မြင်သဖြင့် မစိုးရိမ် တိုက်ကြီး၌ ကျောင်းထိုင်နာယက စာချ အဖြစ်သို့ ရောက်ရှိခဲ့သည်။ 

မစိုးရိမ်တိုက်ကြီး၌ ခြောက်နှစ် တိတိ စာချပြီး ၁၃၂၉-ခု၊ တပို့တွဲလ၌ စိန်းပန်း မစိုးရိမ်တိုက်သစ်သို့ မစိုးရိမ် ဆရာတော်ကြီး၏ အမိန့်အရ ပြောင်းရွှေ့နေထိုင်၍ စာချခဲ့သည်။ ထိုအချိန်ကမစိုးရိမ်တိုက်သစ်တတိုက်လုံး 
စာသင်သား သံဃာ-၆၃ ပါးမျှ သာရှိသည်။ 

တဖြေးဖြေး သံဃာ တိုးပွါးလာရာ ၁၃၅၀-ခုနှစ်၌ သံဃာတစ်ထောင်ကျော်အထိ တိုးတက်လာသည်။ ယခု အချိန်၌မူ နှစ်စဉ် သံဃာ ၂၅၀၀-၃၀၀၀ ခန့်အထိ တိုးတက်လာသည်။ စိန်းပန်း မစိုးရိမ်တိုက်သစ်၌ သံဃာ များလွန်းသဖြင့် ပြည်ကြီးတံခွန် မြို့နယ်၌ မစိုးရိမ်တိုက်သစ် တတိုက် တည်ထောင်ခဲ့ သည်။

 ပြည်ကြီးတံခွန် မစိုးရိမ်တိုက်သစ်၌ သံဃာ ၃၀၀-ကျာ်ခန့်အထိ နေထိုင်သီတင်းသုံးလျှက်ရှိသည်။ ယင်းတိုက်သစ်၌် စာသင်သားသံဃာများ တဖြေးဖြေး တိုးတက်လာသော်လည်း သောက်သုံးရေမှာ

ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်လူငယ်များသည် ဘာသာရေးအသိအလွန်ပင် အားနည်းလျက်ရှိသည်
ကို တွေ့နေမြင်နေရပါသည် ။အကြောင်းတိုက်ဆိုင်၍ ဘာသာရေးအကြောင်းပြောကြရာတွင် " အဋ္ဌကထာ "
က ဒီလိုဖွင့်ပြတယ် ၊ " အဋ္ဌကထာ " က ဒီလိုဆိုတယ် စသည်အားဖြင့် ရှင်းပြ ပြောဆိုမိတဲ့အခါမှာ လူငယ်
အများစုမှာ " အဋ္ဌကထာ " ဆိုတာ ဘာကိုပြောမှန်း သိနားလည်ကြခြင်း မရှိကြသည်ကို တွေ့ရှိရပါသည် ။
ထို့ကြောင့် " အဋ္ဌကထာ " ဆိုသည်မှာ အဘယ်နည်းဟု သိချင်သူများအတွက်ဤနေရာမှ ဖော်ပြလိုက်ရပါ
သည် ။

             မြတ်စွာဘုရား ဟောကြားတော်မူသော ပါဠိတော်တွင် အရိပ်အမြွက်မျှ ဖော်ပြထားသဖြင့် အနက်

အဓိပ္ပာယ် အသိခက် ကွယ်ဝှက် တိမ်မြုပ်နေသည်ကို သိလွယ်မြင်လွယ်ရန် အနက်အဓိပ္ပာယ်ပေါ်လွင်အောင်

ဖော်ပြသော စကားကို " အဋ္ဌကထာ " ဟု ခေါ်သည် ။

        ပဋ္ဌာန်းပါဠိတော်တွင် " ယံ ရူပံ နိဿယ မနောဓာတု စ မနောဝိညာဏဓာတု စ ၀တ္တန္တိ " တွင် " ယံ ရူပံ "

ဟု သာမန်မျှသာ ဖော်ပြထားသည်ကို အဋ္ဌကထာဆရာက " အကြင် ဟဒယ ၀တ္ထုရုပ် " ဟု ဖွင့်ပြသည် ။

             ပါဠိတော်လာ လောက၀ိဒူဂုဏ်တော်တွင် ပါဝင်သော လောကကို အဋ္ဌကထာဆရာက သတ္တလောက

သြကာသလောက ၊ သင်္ခါရလောက ဟူ၍ သုံးမျိုးစလုံးကို ယူရမည်ဟု ဖွင့်ပြသည် ။ ဤသို့ လောကသုံးပါးကို

ယူရမည်ဟု ဖွင့်ပြသော အဋ္ဌကထာဆရာသည် သတ္တလောကဖြစ်သော သက်ရှိသတ္တ၀ါတို့၏ နေထိုင်ရာ

သြကာသလောကဆိုင်ရာ ကမ္ဘာကြီးနှင့်တကွ ၄င်းကမ္ဘာကြီး ဖြစ်ပုံ ၊ ပျက်ပုံ ၊ တည်ပုံ ၊ ရာသီဥတု ၊ နေ , လ ၊

နက္ခတ် ဆိုင်ရာများကိုလည်း ဆက်လက် ဖွင့်ပြရပြန်သည် ။

               မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူသော ဓမ္မပဒ ကို ပါဠိတော်

ဇာတ်ပါဠိတော်တွင် လာရှိသော မိန်းမပျက်အင်္ဂါ(၂၅)ချက်

၁။ လင်ယောက်ျား အရပ်တစ်ပါးသွားတာကို ချီးမွမ်းတတ်ခြင်း။
၂။ အရပ်ဝေးသွားသော လင်ယောက်ျားအား အမှတ်မရတတ်ခြင်း။
၃။ လင်ပြန်ရောက်လာသည်ကို မနှစ်သက်ခြင်း။
၎။ လင်ယောက်ျား ဂုဏ်ကျေးဇူးမဲ့အောင် ပြောဆိုတတ်ခြင်း။
၅။ လင်ယောက်ျားအပေါ်တွင် ချီးမွမ်းစကား မပြောဆိုတတ်ခြင်း။

၆။ လင်ယောက်ျားအပေါ်တွင် အကျိုးမဲ့ကိုသာ ပြုတတ်ခြင်း။
၇။ လင်ယောက်ျားအပေါ်တွင် အကျိုးရှိသည်ကို မပြုတတ်ခြင်း။
၈။ လင်ယောက်ျားအပေါ်တွင် ပြုလုပ်ပေးရမည့်တာဝန်ကို မပြုလုပ်ပေးခြင်း။



မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ ချွေးမတစ်ယောက်ရှိပါတယ်။ ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်။ ယောက္ခမနဲ့ လင်သားကို ရိုသေရကောင်းမှန်းမသိဘူး။ ဇနီးမယားဆိုး တစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သားအတွက် ဘယ်လိုဇနီးမယား ဖြစ်တယ်ဆိုတာ သိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထားပါတယ်။ မြတ်စွာဘုရားရှင်က သုဇာတာသင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။ အဲဒီ(၇)မျိုးက

(၁) ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား)
မိမိရဲ့လင်သားအပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိ၊ လင်ယောက်ျားသိက္ခာအားချခြင်း၊လင်ယောက်ျားမကောင်းကြောင်အား ပြောဆိုတတ်ခြင်း၊ အမြဲတန်း ပြစ်မှားတတ်ခြင်း၊ ဆူပူခြင်း၊ ဆဲဆိုခြင်း၊ ဆောင့်အောင့်ခြင်း၊ အရွဲ့တိုက်ခြင်း၊ မိမိရဲ့လင်သားမှ တစ်ပါးသောယောင်္ကျားတို့ကို ချစ်ခင်နှစ်သက်ဖောက်ပြန်ခြင်း၊ မိမိလင်သားအပေါ် မချစ်ခင်မနှစ် သက်ခြင်း၊ ငွေနှင့်ဝယ်ထားသော ကျွန်ကိုနှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သောမယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးက မိန်းကလေးအနေနဲ့ မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင် ရှောင်ကြဉ်ရမှာပါ။

(၂) စောရီ ဘရိယာ(ခိုးသူနှင့်တူသော မယား)
လင်ယောင်္ကျားသည် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုခုဖြင့် ရှာဖွေ၍သော်၎င်း၊ ကုန်သွယ်ခြင်းဖြင့်ရှာဖွေ၍သော်၎င်း၊ စိုက်ပျိုးမွေးမြူရေးဖြင့် ရှာဖွေ၍သော်၎င်း၊ ရှာဖွေလို့ရတဲ့ငွေကြေးဥစ္စာကို (လင်ယောင်္ကျားအလုပ်လုပ်ပြီးရှာလို့ရတဲ့ငွေကို) လင်ယောင်္ကျားမသိအောင် ခိုးယူသုံးဖြုန်းတတ်တဲ့မယားကို သူခိုးနှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့ မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။

(၃) အယျာ ဘရိယာ(သခင်နှင့်တူသောမယား)
လင်သားအပေါ် ပြုသင့်ပြုထိုက်သည့်အမှုတို့ကို မပြုမူ၍ ပျင်းရိတတ်ခြင်း၊ အစားကြီးခြင်း၊ လင်ယောင်္ကျားကို ကျွန်လိုသဘောထားပြီး ကြမ်းတမ်းရုန့်ရင်းစွာ မကောင်းသောစကားတို့နှင့် ပြောဆိုဆက်ဆံတတ်တဲ့မယားကို သခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောင်္ကျားလေးများလည်း