HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

  
ရဟန်းပျိုနဲ့ အမျိုးသမီးများ ပေါင်းသင်းဆက်ဆံနည်း

တခါတုန်းက ဥဒေနဘုရင်မင်းဟာ အရှင်ပဏ္ဌောလဆိုတဲ့ ရဟန္တာမထေရ်ကို “အရှင်ဘုရား အသက်အရွယ် ငယ်ပြီး ပျိုမြစ်နုနယ်သော ရဟန်းငယ်တွေဟာ ကာမဂုဏ်အားရုံကို မခံစားပဲ အသက်ထက်ဆုံး ဘုရားသာသနာကို ဘယ်လိုအကျင့်မြတ် များနဲ့ နေထိုင် ကုန်ဆုံးကြတာလဲ ဘုရား” လို့ မေးပါတယ်။

ရဟန်းတော်က ဘုရင်မင်းကြီး ဘုရားဟောသည့်အတိုင်း “အမေအရွယ်ရှိသူကို အမေ. နှမအရွယ်ရှိသူကို နှမ. သမီးအရွယ်ရှိသူကို ...သမီး” လို့ စိတ်ထားကြပြီး နေထိုင်လို့ သာသနာမှာ ပျော်မွေ့ကြတယ်ဆိုတာကို ပြောပြပါတယ်။ ဘုရင်မင်းက ဒါလောက်နဲ့ မကျေနပ်တာမို့ အရှင်ဘုရား စိတ်ဆိုတာ မလွယ်ဘူးဘုရား အမေအရွယ် နှမအရွယ် သမီးအရွယ်လဲ တဏှာ ရာဂဆိုတာဖြစ်တယ်မို့လားဘုရား တခြားအကြောင်းများ ဘုရားဟော မရှိတော့ဘူးလား ဘုရားလို့ မေးပါတယ်။

အရှင်မြတ်က ဘုရင်းမင်းကြီး ဘုရားဟောသည့်အတိုင်း “ ချစ်သား ရဟန်းတို့ သင်တို့ လာကြကုန်လော့
အပုတ်ကောင် ရုပ်ဆောင်ထားတဲ့ ဒီခန္ဓာကိုယ်မှာ ဆံပင် အမွှေး ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုး ရိုးတွင်းချင်ဆီ အညှိ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိမ် အစာသစ် အစာဟောင်း သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ် (၃၂)ကောဌာသ တရားတွေကို ရှုပြီးနေကြလို့ မိန့်မှာတော်မူတယ်” ဒီအတိုင်း ကျင့်ပြီး သာသနာမှာ ပျော်နေကြတယ်ဆိုတာကို ဟောပြပါတယ်။ အရှင်ဘုရား ဒါကလည်း အတော်ခက်ပါတယ် ဘုရား တခါတရံ အသုဘတောင် သုဘလို့ ထင်တက်ကြတယ်မဟုက်လား ဘုရား


မြန်မာတိုင်းရင်းသားအများစုသည် မိမိတို့ကိုယ်ကို ထေရဝါဒဗုဒ္ဓဘာသာဝင်များအဖြစ် ခံယူထားကြပေးသည်။ထို့ကြောင့် ထေရဝါဒဆိုသော ဝေါဟာရသည် မြန်မာတို့နားတွင် မစိမ်းတော့ချေ။ သို့ရာတွင် ’’ ထေရဝါဒဆိုတာဘာလဲ၊ ဘာကြောင့် ထေရဝါဒဗုဒ္ဓဘာသာလို့ ဝိသေသပြုပြီးခေါ်ဆိုရပါသလဲ’’ ဟု မေးခွန်းထုတ်ကြည့်လျှင်ကား ဂဃနဏရေရေရာရာ အဖြေပေးနိုင်သူဦးရေ နည်းပါးလှသေးကြောင်း တွေ့ပေလိမ့်မည်။


မြန်မာတိုင်းရင်းသားအများစုသည် မိမိတို့ကိုယ်ကို ထေရဝါဒဗုဒ္ဓဘာသာဝင်များအဖြစ် ခံယူထားကြပေးသည်။ ထို့ကြောင့် ထေရဝါဒဆိုသော ဝေါဟာရသည် မြန်မာတို့နားတွင် မစိမ်းတော့ချေ။ သို့ရာတွင် ’’ထေရဝါဒဆိုတာဘာလဲ၊ ဘာကြောင့် ထေရဝါဒဗုဒ္ဓဘာသာလို့ ဝိသေသပြုပြီးခေါ်ဆိုရပါသလဲ’’ ဟု မေးခွန်းထုတ်ကြည့်လျှင်ကား ဂဃနဏ ရေရေရာရာ အဖြေပေးနိုင်သူဦးရေ နည်းပါးလှသေးကြောင်း တွေ့ပေလိမ့်မည်။

အချို့က’’ ထေရ၀ါဒဗုဒ္ဓဘာသာဆိုတာ ငါတို့မြန်မာ၊ သီရိလင်္ကာ၊ထိုင်း၊ကမ်ပူးချား၊လာအိုစတဲ့ တောင်ဘက်ခြမ်းနိုင်ငံတွေက ကိုးကွယ်တဲ့ တောင်ပိုင်းဗုဒ္ဓဘာသာပဲကွ။ တရုတ်၊ဂျပန်၊နီပေါလ်၊ တိဗက်၊ကိုရီးယား၊ဗီယက်နမ်၊ ဘူတန်၊ရုရှားစတဲ့ မြောက် ဘက်ခြမ်းနိုင်ငံတွေက ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကိုတော့ မြောက်ပိုင်းဗုဒ္ဓဘာသာလို့ ခေါ်တယ်ကွ’’ ဟု ပထဝီအနေအထား ပိုင်းခြား၍ အဖြေပေးကြသည်။

အချို့ကမူ ထေရ၀ါဒဗုဒ္ဓဘာသာဆိုတာ ’’ဟီနယာနဗုဒ္ဓဘာသာကိုပြောတာကွ၊ ဗုဒ္ဓဘာသာမှာ ကြီးကျယ်မြင့်မြတ်တဲ့လမ်း စဉ်လို့ အဓိပ္ပာယ်ရတဲ့ မဟာယာနဗုဒ္ဓဘာသာနဲ့ နိမ့်ကျတဲ့လမ်းစဉ်လို့ အဓိပ္ပာယ်ရတဲ့ ဟီနယာနဗုဒ္ဓဘာသာလို့ နှစ်မျိုး ရှိတယ်။ ငါတို့မြန်မာနိုင်ငံက ဗုဒ္ဓဘာသာကတော့ ဟီနယာနဗုဒ္ဓဘာသာ (ခေါ်) ထေရ၀ါဒဗုဒ္ဓဘာသာပေါ့ကွ’’ ဟု ဆိုသူကဆိုသည်။

ဤအဖြေစကားများသည် လက်ခံကျေနပ်ဖွယ်ရာ အကြောင်းမရှိချေ။ မည်သည့်ဘာသာအယူဝါဒကို


ဝါတွင်းကာလလည်း နီးလာပြီးမို့ ဥပုသ်နေ့အကြောင်းနဲ့ပတ်သတ်သမျှကို သိရှိနားလည်ဖို့ရန် လိုမယ်ထင်လို့ မိမိသိရှိသမျှ စုံလင်အောင် ရေးသားတင်ပေးလိုက်ပါတယ်။ ဥပုသ်ဆိုသည်မှာ ဥပေါသထ-ဟူသောပါဠိကို ဥပုသ်-ဟု မြန်မာပြန်ထားကြတာပါ။ ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်းစတဲ့ ကောင်းသော အကျင့်များနဲ့ ပြည့်စုံစွာ ၀သထ-နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

 ကိုယ်ကျင့်သီလမပျက်အောင် စောင့်ထိန်းကျင့်သုံးတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။ ဥပုသ်စောင့်ဖို့ အတွက် နေ့ရက်များကို ဘုရားပွင့်တော်မမူမီကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြပါတယ်။ ဥပုသ်သီလဆောက်တည်ရန်အတွက် ရှေးအစဉ်အလာကပင် ရက်သတ်မှတ်ထားတာကို အောက်ပါ အတိုင်း တွေ့ရပါတယ်။

တစ်လကို (၁) အဋ္ဌမီ လဆန်း၊ လဆုတ်(ရှစ်ရက်မြောက်နေ့)ဥပုသ်။ (၂) စတုဒ္ဒသီ (ရက်မစုံလအတွက် (၁၄)ရက်မြောက်လကွယ်နေ့) ဥပုသ်။ (၃) ပန္နရသီ (၁၅)ရက်မြောက် လပြည့်၊လကွယ်နေ့)ဥပုသ်။ (၄) ပါဋိဟာရိက (အကြိုအပို) ဥပုသ်ဟု အကျဉ်းအားဖြင့် (၄)မျိုးရှိကြောင်း ကျမ်းဂန်များ တွင် ဖော်ပြထားကြပါတယ်။

ပါဋိဟာရိက-အကြိုဥပုသ်နဲ့ အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်မရောက်မီ ကြိုတင်စောင့်ရတဲ့ (၇)ရက်မြောက်၊ (၁၃)ရက်မြောက်၊ (၁၄)ရက်မြောက်ဥပုသ်တို့ ဖြစ်ပါတယ်။ အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်နောက်တွင် အပိုဖြည့်စွက်ပြီး စောင့်ရသော (၉)ရက်၊ လပြည့်ကျော်(၁)ရက်၊ လဆန်း(၁)ရက်ဥပုသ်၊ ၀ါတွင်းမှာဆိုရင်တော့ (၁၅)ရက်ဖြစ်စေ၊ တစ်ဝါတွင်းလုံးဖြစ်စေ စောင့်ထိန်းကြတဲ့ ဥပုသ်များလည်း ရှိပါတယ်။ အဲဒီလို