HAZY LIFE

ဘုရားလက်ထက်မှာ သံဃာအပါး ၁၀၀၀... အပါး ၁၀၀၀၀... အဲလိုတွေ ဆွမ်းခံကြတာ ဟုတ်ပါ့မလား... ဖြစ်နိုင်ပါ့မလား... လှူတဲ့သူတွေရော အဲလောက်လှူနိုင်လို့လား... ခဏခဏ မေးတဲ့သူတွေအတွက်ပါ...

ပထမဆုံး အမေးအတွက် ကျွန်တော် အင်တာနက်က ရထားတဲ့ ပုံတွေနဲ့သက်သေပြပါရစေ...






 ပုံလေးတွေကြည့်ပြီးရင် ဖြစ်နိုင်မဖြစ်နိုင် ကိုယ့်ဥာဏ်မှီသလောက်လေးနဲ့ ဆုံးဖြတ်ကြပါ... 

ဒုတိယတစ်ခုအနေနဲ့ လှူတဲ့သူတွေရှိပါ့မလားဆိုတာလေးပါ...

လှူတဲ့သူရှိမရှိက ဒီပုံလေးတွေနဲ့ဆက်စပ်တွေးကြည့်ရင်သိနိုင်ပါတယ်... လှူတဲ့သူမရှိပဲ သံဃာတွေ ဘယ်ဆွမ်းခံကြွမလဲ... အဲဒါကို အထွဋ်တက်ချင်ရင်လည်းဖြစ်ပါတယ်... ကျွန်တော်ဥပမာ
တစ်ခုထပ်ပေးပါ့မယ်...


UN/INGOs ဥပမာ

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းကြီးနဲ့တခြားသော အဖွဲ့တွေဖြစ်တဲ့ UN/INGOs အဖွဲ့အစည်းတွေ ကနေတဆင့် လူတွေကို ဆန်...ဆီ...ဆား...ဆေးဝါး... အိမ်...ကျောင်း...အလုပ်... စတဲ့အရာတွေပေးလှူနေကြတာပါ... အဲဒီအဖွဲ့အစည်းတွေ သူတို့လှူဖို့ ပိုက်ဆံတွေ ဘယ်ကရပါသလဲ... ရှင်းပါတယ် အလှူရှင်တွေဆီကပါ... အလှူရှင်တွေက ဘယ်သူတွေလဲ... ပိုတောင်ရှင်းပါသေးတယ်... ပြည်သူလူထုတွေပေါ့... အဲဒီလူတွေ အလှူဒါနကို များလှချည်လားဆိုပြီး မယုံမကြည်ဖြစ်နေမလား... အဲဒါဆိုရင်တော့ ကျွန်တော်ထပ်ပြီး တခြားဥပမာ မပေးတတ်တော့ဘူး...

အဲဒီတော့ကာ... လက်ရှိခေတ်အခြေအနေ လောဘ ဒေါသ မောဟ တွေပြည့်နှက်နေတဲ့ ခေတ်အခြေအနေ အချိန်အခါမှာတောင် လူသန်းပေါင်းများစွာရဲ့ ဒုက္ခဘေးဒဏ်တွေအတွက် လှူပေးနေကြတယ်ဆိုရင်... ဟိုးရှေးယခင် ကလို  လောဘ ဒေါသ မောဟ ဖြစ်စရာ နည်းတဲ့ ခေတ်ဆိုရင်အလှူအဒါန်း အတွက်  ပြောဖို့တောင်မလိုပါဘူး... ဒါကလူတွေကို ပေးတဲ့အလှူကိုပြောတာနော်... ကိုယ်ကိုးကွယ်ရာ စေတီဘုရားတွေ ရဟန်းသံဃာတွေဆိုရင်တော့ ပြောနေဖို့တောင်လိုမယ်မထင်ပါဘူး...

ကျွန်တော်ဒီပို့စ်လေးကနေ ရဲရဲကြီးပြောလိုက်မယ်... အလှူဒါနနဲ့ ပတ်သက်ရင် တခြားနိုင်ငံတွေ တခြားနေရာတွေမှာ ချမ်းသာလို့ လှူဒါန်းတာတွေ ကမ္ဘာ့စံချိန်တင် ရှိကောင်းရှိမယ်... ဒါပေမယ့် ဗုဒ္ဓဘာသာနိုင်ငံ/လူမျိုးတွေလောက် မရှိတဲ့အထဲက ဖဲ့လှူတဲ့နိုင်ငံ/လူမျိုး... ကမ္ဘာမှာရှိကိုမရှိဘူးဆိုတာပဲ...

အားလုံးကို ကျေးဇူးတင်ပါတယ်...

ဇင်မျိုး...

19 Responses so far.

  1. Anonymous says:

    I believe the same.Thank for the post and photoes.
    Gyidaw

  2. ပုံလေးတွေ တွေ့လို အဖွားကို သတိရတယ်ဗျာ
    ကျွန်တော်တို့ ငယ်ငယ်က
    နှစ်တိုင်း တစ်မြို့လုံး ရှင်ပြုရဟန်ခံ
    မနက်ဆို ရဟန် ကိုရင် အားလုံး ၅၀၀ တစ်ထောင်
    ခုထိကြည်နူးနေရတုန်းပါဘဲဗျာ

    ခုကစီပွားကျလို့ တို့မြန်မာပြည် အဲလိုအလှူမျိုး မတွေ့ရသေးတာပါ
    နောက် သိတ်မကြခင်တွေ့ရမှာပေါ့ဗျာ

    ပုံလေးတွေကြည့်ခွင့်ရတဲ့အတွက် ကျေးဇူးပါ

  3. zmozmo says:

    ဟုတ်ကဲ့အကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်... အကိုနဲ့လည်း မပြောဖြစ်တာတောင် ကြာပြီ... ကျွန်တော့်ဆိုဒ်လေးကိုလည်း အဆင်ပြေရင် အကို့ဆိုဒ်လေးမှာ tag လို့ရရင် tag ပေးပါဦး... ကျွန်တော်လည်း ning တွေ ပိတ်ကတည်းက ဒီဘလော့ခ်လေးတွေမှာပဲ ပျော်နေလိုက်တာ... :) အကို့ရဲ့ အနာဂတ်အိပ်မက် ကိုရောက်ဖြစ်နေပါတယ်... မေးလ်ကနေလဲ အားပေးနေဆဲပါ...

  4. အင်္ဂါမောင် says:

    It is my fervent belief that there were thousands of monks going together at the same time for alms-collection from the several alms-donors in a town or city at the Buddha's life time.

    By the way, where did you take or get such a huge numer of monks in a single line procession? Amazing!!!!!!

    Friendly,
    Mr. Tuesday

  5. zmozmo says:

    ဦးဇင်း အဲဒါက မိုးကုတ်က ဓါတ်ပုံလို့ပြောပါတယ်ဘုရား...တပည့်တော်လည်း အွန်လိုင်းက ရလို့ကူးထားလိုက်ပြီး ဘယ်ကရလည်း သတိမရလိုက်လို့ပါ... ဒီကယ်ကို ကြည်ညို... ကြည်နှုးဖွယ်ကောင်းတဲ့ မြင်ကွင်းလေးတစ်ခုပါပဲ... ကွန်မန့်အတွက် ကျေးဇူးတင်ပါတယ်ဘုရား...

  6. Anonymous says:

    ကျနော်တို့ပဲခူးမြို့မှာလဲ မနက်ဖက်ဆို စာသင်တိုက်တွေက ရဟန်း၊ကိုရင်တွေ ၄၀၀-၅၀၀ ဆွမ်းခံကြွနေကြပါ။ မြို့ခံသူတွေသာမကပါဘူး။ ဆွမ်းခံကြွလို့ လမ်းမကြီးပိတ်တာကို စောင့်နေတဲ့ ခရီးသွားတွေကအစ ကားပေါ်ကဆင်းပြီး လှူကြတန်းကြတာပါ။ တချို့ဆို လွန်ခဲ့တဲ့လေးငါးနှစ်ကကို တစ်ထောင်တန် အုပ်လိုက်ဖြုတ်ပြီး လှူတာတန်းတာ မြင်ဖူးပါရဲ့။

  7. လာရောက်အားပေးခဲ့ ပါတယ်
    အကို ဒီထက်မက
    ထာဝရအောင်မြင်နိုင်ပါစေလို့ 
    ကျနော် အားပေးပါတယ်

  8. ညီရေ... ကျေးဇူးတင်ပါတယ်ဗျာ...

  9. မိုးကုတ်မြို့  မင်းတံတားရပ် နဲ့တူနေတယ်..
    ဟုတ်မယ် လို့ တော့ထင်တာပဲ

  10. Unknown says:

    ကျမ မျက်ရည်တောင်လည်မိတယ်။မဟာဂန္ဓရုံကျောင်း(အမရပူရ)မှာဆွမ်းခံကြွကြတာလဲဒီလိုပါဘဲ..ခုလိုတန်ဆောင်းမုန်းလပြည့်နေ( သာမညဖလအခါတော်နေ့)ကိုဖဆ်ရှ့ကြည်ညို
    ရလို့ကျေးဇူးတင်ထာထက်လေးနက်တဲ့စကားရှိရင် အဲဒီစကားကိုကျမပြောပါတယ်။
    ပြတိုက်မှာ ကျမ မျှဝေလိုက်တယ်နော်...( လင့် ကိုဖေါ်ပြပြီးကျေးဇူးတင်ကြောင်းကိုလဲ
    ပြောထားပါတယ်။)
    လေးစားစွာဖြင့်
    ခင်တဲ့..ခင်မိုးညို...။

  11. Unknown says:

    အမရပူရမဟာဂန္ဓာရုံကျောင်းတိုက်ကို..သတိရမိပါတယ်..။ခုလိုတင်ပြပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားထက်လေးနက်တဲ့စကားရှိရင်..အဲဒီစကားကို ကျမ
    ပြောပါတယ်..။ပြတိုက်မှာမျှဝေလိုက်ပါတယ်..။တန်ဆောင်မုန်းလပြည့်နေ့အမှီတင်ချင်လို့ခွင့်မပန်လိုက်ရဘူး။ဒါပေမဲ့လင့်ကိုဖေါ်ပြပြီး ကျေးဇူးအထူးတင်ရှိပါကြောင်းပြော
    ကြားထားပါတယ်။
    ခင်မင်လေးစားစွာဖြင့်
    ၏ခင်မိုးညို

  12. အလည်လာတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်မိုးညိုရေ... ကျွန်တော် blog roll မှာလည်း ထည့်ထားလိုက်ပါပြီ... ခင်မင်လျက်ပါခင်ဗျ...

  13. Anonymous says:

    ကျေဇူးတင်ပါတယ်

  14. KthNht says:

    ပို့စ် လေးကတိုတိုလေးနဲ့ ထိထိမိမိကောင်းလှပါတယ်။ သံဃာတော်တွေ အလှူခံကြွကြတာမြင်ရတော့လည်း ပိုလို့ ကြည်ညို
    သဒ္ဒါဖြစ်ရပါတယ်။ ကျေးဇူးတင်ပြီး သာဓု၊ သာဓု၊ သာဓုလည်းခေါ်ပါတယ်။

  15. Anonymous says:

    ကျေးဇူးတင်ပါတယ်

  16. ဇနက ကျောက်ဖူးကျောင်းသစ် ပန်းတောင်းနယ် says:

    ဦးဇင်းတို့ အဖွဲ့ကလည်းအားပေးပါတယ်တကာကြီးရေ..ဆထက်တန်းပိုး ကိုယ့်အမျိုးနှင့်
    ကိုယ်ကျိုးစီးပွားတိုးစေသော်ဝ်......။။

  17. Unknown says:

    ဖူးရလို့ကျေးဇူးတင်ပါတယ်

  18. panthazin says:

    မသိသေးတာတွေကျယ်ကျယ်ပြန့်ပြန့်သိခွင့်ရလို့ ကျေးဇူးပါရှင်။

Leave a Reply