HAZY LIFE

မေးလျှောက်သူ  -        စက္ခုပါလမထေရ်
ဖြေဆိုသူ         -         မြတ်စွာဘုရားရှင်

မေး။    ။         မြတ်လှစွာသောအရှင်မြတ်ဘုရား… ဤသာသနာ၌ `ဓူရ` ဘယ်နှစ်ပါးရှိပါသနည်းဘုရား…။

ဖြေ။     ။         ချစ်သားမဟာပါလ… ဂန္ထဓူရ… ၀ိပဿနာဓူရ ဟူ၍ ဓူရတို့သည်နှစ်ပါးရှိကုန်၏…။

မေး။    ။         မှန်လှပါဘုရား...။ အဘယ်ကို ဂန္ထဓူရခေါ်၍ အဘယ်ကို ၀ိပဿနာဓူရ ခေါ်ကြောင်း ခွဲခြား၍ မိန့်ကြားတော်မူပါဘုရား…။

ဖြေ။     ။         ချစ်သားမဟာပါလ … မိမိ၏ဥာဏ်ပညာ အနုအရင့်ကိုလိုက်၍ တစ်ခုသော နိကာယ်ကို လည်ေးကာင်း… နှစ်ခုသော နိကာယ်ကိုလည်းကောင်း… အလုံးစုံသော ပိဋ္ဋကတ်သုံးပုံဟုဆိုအပ်သော ငါဘုရား စကားတော်တို့ကိုလည်းကောင်း သင်ယူ၍ ထိုပိဋ္ဋကတ်သုံးပုံကို ဆောင်ခြင်း… အံ့ခြင်း… ပို့ချခြင်းသည်      ဂန္ထဓူရမည်၏…။ ပေါ့ပါးသော အသက်မွေးခြင်း… ရှိသည်ဖြစ်၍ ဆိတ်ငြိမ်သော အရပ်၌ မွေ့လျှော်သော ရဟန်း၏ မိမိကိုယ်၌ ကုန်ခြင်း ပျက်ခြင်း… `ခယ၀ယ` ကမ္မဋ္ဌာန်းကို ၀ိပဿနာပွားများလျက် အရဟတ္တဖိုလ်ကို ယူခြင်းသည် ၀ိပဿနာဓူရမည်၏…။

မေး။    ။         အရှင်ဘုရား… တပည့်တော်မှာ အသက်အရွယ်ကြီးရင့်လေမှ ရဟန်းပြုလာရသူ ဖြစ်ပါသောကြောင့် စာပေသင်ကြားပို့ချမှု `ဂန္ထဓူရ` တာဝန်ကို မထမ်းဆောင်နိုင်တော့ပါ... ၀ိပဿနာဓူရ ကိုသာဖြည့်ကျင့်ပါအံ့… တပည့်တော်အား တပည့်တော်နှင့် သင်လျှော်မည့် တစ်ခုသော ကမ္မဋ္ဌာန်းတရားကို သနားချီးမြင့်တော်မူပါ…။

                   မြတ်စွာဘုရားသည် မဟာပါလရဟန်းအား အရဟတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်း တရားကိုဟောကြား၍ ပေးတော်မူလိုက်လျှင် မဟာပါလသည် ဘုရားပါးတော်မှ ဖယ်ခွာပြီး ပစ္စန္တရာဇ်အရပ်သို့ သွားရောက်ကာ ကမ္မဋ္ဌာန်းကို ပွားများအားထုတ်လေတော့သည်…။

Leave a Reply