HAZY LIFE

မေးလျှောက်သူ  -        တောစိုးနတ်သားတစ်ဦး
ဖြေဆိုသူ         -         မြတ်စွာဘုရားရှင်

မေး။    ။         လူနတ်ဗြဟ္မာတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား… အကြင်ရဟန်းသည် ရဟန္တာဆိုပါက… ရဟန်းကိစ္စပြီးစီးသော ပုဂ္ဂိုလ်မှန်ပါက… အာသဝေါကုန်ခန်းပြီးဖြစ်ပါက… တစ်ဖန် ပဋိသန္ဓေ နေရခြင်းမရှိသောနောက်ဆုံး ခန္ဓာဝန် အတ္တဘောရှိသည် ဆိုပါက… ထိုရဟန်းသည် `အဟံဝဒါမိ` ငါပြောသည်ဟူ၍ လည်းကောင်း... `အဟံပိဝါမိ` ငါသောက်၏ဟူ၍ လည်းကောင်း… `မမစီဝရံ` ငါ့သင်္ကန်းဟူ၍ လည်းကောင်း… အတ္တစွဲ `ငါ` ဟူသောစကားကို ဆိုရာပါသလော…။

ဖြေ။     ။         အချင်းဒါယကာနတ်သား… မှတ်သားနာယူလော့… အကြင်ရဟန်းသည်ကုန်ပြီးသော အာသဝေါတရားလေးပါးလည်းရှိ၏… ပြီးပြီးသော ရဟန်းကိစ္စ ဆယ့်ခြောက်ပါးလည်းရှိ၏… နောက်ထပ်တစ်ဖန် ပဋိသန္ဓေနေခြင်းမရှိသော နောက်ဆုံး ခန္ဓာဝန်ကိုလည်းဆောင်၏… ထိုရဟန်းသည် `အဟံဝဒါမိတိပိ` ငါပြောသည် ငါဆိုသည်ဟူ၍လည်းကောင်း… `မမံ` ငါ့ကို… `ပရေ` တစ်ပါးသောသူတို့… `၀ဒန္တိတိပိ` ပြောကုန်သည် ဆိုကုန်သည် ဟူ၍လည်းကောင်း ပြောဆိုရာပေသည်… ခန္ဓာလောက၍ လိမ္မာသောရဟန်းကာ လူ့ဝေါဟာရ… လူ့အသုံးအနှုန်းကို သိတော်မူ၏… သိသောကြောင့်လောကဝေါဟာရမျှဖြင့်သာဆိုရာသည်… ဆိုနိုင်ပေသည်… ဆိုကောင်းသည်မှတ်ရာ၏…
                   အချင်းဒါယိကာနတ်သား… ငါထင်ရှားစွာဆိုဦးအံ့… ခန္ဓာငါးပါ တို့သည်သွားကုန်၏… စားကုန်၏… ရပ်ကုန်၏… နေကုန်၏… ခန္ဓာငါးပါးတို့သည် အိပ်ကုန်၏… သောက်ကုန်၏ ဆိုခဲ့သော်လည်းကောင်း… ဤသင်္ကန်းကား ခန္ဓာငါးပါး၏ သင်္ကန်းတည်း… ဤသပိတ်ကား ခန္ဓာငါးပါး၏ သပိတ်တည်းဟု ဤသို့သောဝေါဟာရဖြင့်ဆိုခြင်း… ပြောခြင်း… သုံးနှုန်းခြင်းပြုခဲ့သည်ရှိသော်လည်းကောင်း… လောက ဝေါဟာရ အစဉ်အလာ ပြောရိုး ဆိုရိုး လူ့အသုံးအနှုန်းပျက်လေ၏…
                   အချင်းဒါယိကာနတ်သား… ယင်းသို့ခန္ဓာငါးပါးသွားသည်… ခန္ဓာငါးပါစားသည် စသည်ဖြင့် မဆိုပဲ လူ့ဝေါဟာရ… လူ့အသုံးအနှုန်း ဖြင့်သာလျှင် (လူ့ဝေါဟာရ နှင့် မဆန့်ကျင်သောစကားဖြင့်) ရဟန္တာ ပုဂ္ဂိုလ်သည်ဆိုပေရာ၏… လောကဝေါဟာရ လူ့အသုံးအနှုန်း မပျက်စေခြင်းငှာ… နားလည်စေခြင်းငှာ… ငါသွားသည်… ငါစားသည်… ငါ့သင်္ကန်း… ဟူ၍ ဘုရား… ပစ္စေကဗုဒ္ဓါတို့သည်လည်း ဆိုကုန်၏… ရဟန္တာတို့သည်လည်း ဆိုပေကုန်၏… အတ္တစွဲရှိ၍ ဆိုသည်မဟုတ်…။

(သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်နှင့် ၄င်းအဋ္ဌာကထာ)

Leave a Reply