HAZY LIFE

 ကြာတော့ကြာခဲ့ပါပြီ... ကျွန်တော်ဥာဏ်မမှီ၍အခုထိ ဓမ္မအဓမ္မကို နှိုက်နှိုက်ချွတ်ချွတ် ဝေဖန်ဖို့အလို့ငှာ မတတ်နိုင်သေးပါဘူး... တရားတော်ပေါင်းများစွာ နာယူခဲ့ဖူးပါတယ်... ဆရာတော်ဦးကောသလ္လရဲ့ တရားတော်တွေကိုလည်း နှစ်ခြိုက်ဖူးပါတယ်... ဒါပေမယ့် တစ်ကမ္ဘာလုံးမှာ လက်တစ်ဆုပ်စာလောက်သာ ရှိတော့တဲ့ ဗုဒ္ဓဘာသာတွေကြားမှာ အခုလိုဝါဒ ဂိုဏ်းပေါင်းများစွာ ကွဲပြားနေတာမြင်ရတော့ စိတ်မကောင်းမိတာ အမှန်ပါ... ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ထေရ၀ါဒဆိုတာ မြတ်စွာဘုရားရှင် ဟောပြော ညွန်ကြားလမ်းပြတော်မူခဲ့သော တရားတော်များ နှင့် ပဋိကတ် (၃) သုံး ပထမ သင်္ဂါယနာမှစပြီး ပြင်ဆင်ခြင်း ပြောင်းလဲထုတ်နှုတ် ဖြည့်စွပ်ခြင်းမရှိတာကို ထေရ၀ါဒ ဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်... ကျွန်တော်ကတော့ ဘာမှမဝေဖန်တော့ပါဘူး... မသိသေးသူတွေ မဖတ်ရသေးသူတွေ ဖတ်စေချင်ယုံသပ်သပ်ပါ... (မိုးပြာဂိုဏ်းကိုတော့ လုံးဝလက်မခံပါဘူး...) ဆူးလေဦးမြင့်သိန်းဝါဒ နှင့် ဆရာတော်ဦးကောသလ္လ ဟောပြောချက်များ တူညီသည်မတူညီသည် ကျွန်တော်မသိပါ... ထေရ၀ါဒကို ယုံကြည်မယ်ဆိုလျှင် ပုဂ္ဂိုလ်စွဲတော့ ချွတ်ရလိမ့်မည်လို့တော့ ခံယူထားပါတယ်...။


ပြည်ထောင်စု မြန်မာနိုင်ငံတော်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
မဟာနာယကကျောင်းတော်ကြီး၊
ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့

တယ်လီဖုန်း
ဥက္ကဋ္ဌဆရာတော် - ၆၅၁၀၀၇

ဒုတိယဥက္ကဋ္ဌဆရာတော် - ၆၆၁၀၀၆၊ ၆၆၁၇၄၆
အကျိုးတော်ဆောင်ဆရာတော် -၆၂၁၀၀၈
တွဲဖက်အကျိုးတော်ဆောင်ဆရာတော် -၆၆၀၈၀၄၊ ၆၆၄၁၅၇၀ိနိစ္ဆယအဖွဲ့ငယ် - ၆၆၁၀၀၅
သာသနာရေးရာအဖွဲ့ငယ် - ၆၆၀၇၉၉ပညာရေးရာအဖွဲ့ငယ် - ၆၆၀၇၆၆၊ ၆၆၄၄၆၅

စာအမှတ်၊ ၀ ၀ ၁ / ညွှန်ကြား / ၄ / သာ - မ ဟ န
ရက်စွဲ၊ ၁၃၇၁-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်
(၂၀၀၉ -ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် )

ညွှန်ကြားလွှာ အမှတ် (၉၄)

အကြောင်းအရာ။ ။သာသနာ့ဝန်ထမ်းရဟန်းသာမဏေများ
သည် ဂန္ထဓုရ၀ိပဿနာဓုရကိုသာအားထုတ်
အားထုတ်ဆောင်ရွက်ကြလျက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အရှည်တည်တံ့ခိုင်မြဲ စေရေး
အလေးထားဆောင်ရွက်ကြရန် ညွှန့်ကြားခြင်း။

၁။ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်
ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ
အစည်းအဝေးကြီးက သံဃာ့အဖွဲ့ အစည်းအခြေခံစည်းမျဉ်းကို အတည်ပြုပြဋ္ဌာန်းခဲ့၍ ယင်းအခြေခံစည်းမျဉ်းနှင့်အညီ သံဃာ့ဂိုဏ်းကြီး (၉)ဂိုဏ်း ပါဝင် သော
သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ပြီး
ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း သီတင်းသုံးနေထိုင် ကြသော ရဟန်းသာမဏေဟူသမျှသည်
သံဃာနာယကအဖွဲ့ တစ်ဖွဲ့ဖွဲ့၏ ကြီးကြပ်အုပ်ချုပ်မှု အောက်၌ သာသနာ
တော်သန့်ရှင်းတည်တံ့ပြန့်ပွားေ
ရးလုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်
ရှိကြပါသည်။

၂။
နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော တရားဥပဒေများကို တစ်ဦးချင်းဖြစ်စေ၊
အုပ်စုဖွဲ့၍ ဖြစ်စေ အကြမ်းဖက် ကျူးလွန်မှုများတွင် ရဟန်းသာမဏေများ
မပါဝင်စေရေးအတွက်လည်းကောင်း၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် ၏

ကြီးကြပ်အုပ်ချုပ်မှုကို မခံယူသည့် တရားမ၀င် သံဃာ့အဖွဲ့အစည်းကို ဖွဲ့စည်ခြင်း၊
ပါဝင်ခြင်း၊ အားပေး ထောက် ခံခြင်း မပြုရေးအတွက်လည်းကောင်း၊ ရဟန်းသာမဏေ
အချင်းချင်း စိတ်ဝမ်းကွဲပြားမှုကို မလွဲမသွေ ဖြစ်ပေါ် စေမည့် ပါတီနိုင်ငံရေးများ၌
ပါဝင်ပတ်သက်မှု ကင်းရှင်းစေရေးအတွက်လည်းကောင်း၊ ဗုဒ္ဓသာသနာတော် ဂုဏ် ကျက်သရေ
ညှိုးမှိန်စေပြီး သာမဏေ သာရုပ္ပမဖြစ်သည့်အမှုများကို ရဟန်းသာမဏေများ
မကျူးလွန်ကြစေရန် ဆုံးမ သွန်သင်ကြစေရေးအတွက်လည်းကောင်း၊ သာသနာ့ဝန်ထမ်း
ရဟန်းသာမဏေများအား လောကီလူမှုကိစ္စ များ၌ ပါဝင် ပတ်သတ်မှု မရှိကြဘဲ ဂန္ထဓူရ၊
ဝိပဿနာဓုရ တာဝန်နှစ်ရပ်ကိုသာ အားထုတ်ကြစေရေးအတွက် လည်း ကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားလွှာများ ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါသည်။

၃။
ထို့ပြင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်မပေါ်မီ
က ပေါ်ပေါက်ခဲ့သော သာသနာတော်ကြီး
တိမ်းပါးပျက်စီးသွားနိုင်သည့်
တောင်တွင်းကြီးရှင်ဥက္ကဋ္ဌဦးဆောင်
သည့်
လူသေလူဖြစ်ဝါဒ၊
သမ္မာဒိဋ္ဌိသုတေသန၀ါဒ၊
ရွှေအဘိဓမ္မာ ၀ါဒ၊
ကျောက်သင်္ဘောဝါဒ၊
ကျောက်ပုံတောရဦးစံရင်း၏ ကမ္ဘာ့ဝိပဿနာဝါဒ၊
ကြောင်ပန်းတောရ ၀ါဒ စသည်တို့ ကို
နိုင်ငံတော်သီခြားဝိနည်းဓိုရ်
အဖွဲ့များက အဓမ္မ၀ါဒ ဟု ဆုံးဖြတ်ထားပြီး ဖြစ်၍
ယင်းဝါဒများကို ဟောပြောခြင်း၊ ရေးသားခြင်း၊ ဆွေးနွေးခြင်း၊ တိတ်ခွေဖွင့်ခြင်း၊
သင်တန်းပေးခြင်း စသည့် အပြုအမူအားလုံးကို မပြုလုပ်တော့ပါ ကြောင်း
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ရှေ့မှောက်၌ ၀န်ခံကတိပြု၍ လက်မှတ်ရေးထိုးထားပြီးဖြစ်ပါသည်။

ယင်းသို့ဖြစ်သော်လည်း ထိုဝါဒများကို အထင်အရှားဖြစ်စေ၊
မထင်မရှားဖြစ်စေ ဟောပြောခြင်း၊ ဆွေးနွေးခြင်း၊ မိတ္တူ ကူး၍ စာအုပ်စာတမ်းများ
ထုတ်ဝေခြင်း စသည်များ ပြုလုပ်နေကြပါသည်။ ထို့ပြင် ပထမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၅)ပါးစုံညီအစည်းအဝေးက
အဓမ္မ၀ါဒ ဟု ဆုံးဖြတ်ထားပြီး ဖြစ်သော
ဆူးလေဦးမြင့်သိန်း ၀ါဒ
(ယခု ဓမ္မစေတီ ဦးကောသလ္လ
ဟောပြောဖြန့်ဝေနေသော ၀ါဒကို-ဆိုလိုပါသည်)

နှင့်
ရှင်ဥာဏ၀ါဒ (ဓမ္မ၀ိဟာရီမိုးပြာဂိုဏ်းဝါဒ)
စသည်တို့ကိုလည်း
ယခုအခါ သွင်အမျိုးမျိုးဖြင့် ပြန်လည် ထုတ်ဖော်လျက်
ထေရ၀ါဒ ဗုဒ္ဓသာသနာတော်အတွင်း
ဓမ္မ အဓမ္မ ၀ိဝါဒါ ဓိကရုဏ်း ဖြစ်အောင် လှုံ့ဆော် ဖန်တီးလာကြပါ သည်။ ထို့ပြင်
အချို့ပုဂ္ဂိုလ်များကလည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကာလကို အခွင့်ကောင်းယူ၍
ပရိယတ် ပဋိပတ် ကို အေးချမ်းစွာ ကျင့်ကြံကြိုးကုတ်အားထုတ်နေကြေ
သာ
သံဃာထုအတွင်းသို့ ထိုးဖောက် ၀င်ရောက်ကာ စည်းလုံးလှုံ့ဆော်ကြသဖြင့်
အချို့ရဟန်းသာမဏေများသည်
သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းအခန်း (၂) အပိုဒ် (၄)၌
ပြဋ္ဌာန်းထားသော
“ပြည်ထောင်စုမြန်မာနိုင်ငံတော်
အတွင်း၌ ဤစည်းမျဉ်းအရ
သတ်မှတ်ထားသည့် ဂိုဏ်းပေါင်း စုံ ပါဝင်သော သံဃာ့အဖွဲ့အစည်း
တစ်ခုတည်းသာရှိရမည်” ဟူသော

ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်၍ အမည်အမျိုး မျိုးဖြင့်
သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်း၍ သာသနာတော်ကွယ်စေနိုင်သော နတ်လူအများစီးပွားချမ်းသာမဲ့ရန် အကြောင်းဖြစ်သော အဓမ္မကို ဓမ္မဟုလည်းကောင်း၊ အ၀ိနယကို
ဝိနယဟု လည်းကောင်း ပြုလုပ်ဆောင်ရွက်နေ ကြပါသည်။ ဤသို့
ပြုလုပ်ဆောင်ရွက်ခြင်းသည် သာသနာတော်ကို ကွယ်စေနိုင်၍ နတ်လူအများ
စီးပွားချမ်းသာမဲ့ ရန်အကြောင်း ဖြစ်သည့်အပြင် သံဃာအချင်းချင်းကွဲပြားစေရန်
ဆောင်ရွက်ခြင်းဖြစ်၍ အနာဂတ် သာသနာတော် အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်ပါသည်။

၎။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသော ညွှန့်ကြားလွှာများသည်
ထေရ၀ါဒဗုဒ္ဓသာ သာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားစေရန်န
ှင့်
သံဃာ့ဦးသျှောင်မထေရ်မြတ်ကြီးမျ
ား ခဲခဲယဉ်းယဉ်း တည် ဆောက်ထားရသော
ဂိုဏ်းပေါင်းစုံသံဃာ့ညီညွတ်ရေြး
ကီး မပြိုကွဲစေရန် ရည်ရွယ်၍ ထုတ်ပြန်ထားခြင်း
ဖြစ်ပါ သဖြင့်
ပြည်ထောင်စု မြန်မာနိုင်ငံတော် ဂု
ိဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းအောက်တွင်
ရှိကြသည့် ရဟန်း သာမဏေ အား လုံးတို့သည် ဘုရားရှင် ပညတ်တော်မူထားသည့်
ဝိနည်းသိက္ခာပုဒ်တော်များကို ကျင့်သုံးလိုက်နာကြသည့်နည်းတူ
သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့၏ ညွှန်ကြားလွှာများ၊ အတည်ပြုပြဋ္ဌာန်းထားသည့်
စည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာကြရန် ညွှန်ကြားပါသည်။

(ဘဒ္ဒ န္တကုမာရ)
အဘိဓဇမဟာရဋ္ဌဂုရု
အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက
ဥက္ကဋ္ဌဆရာတော်
(ဘဒ္ဒ န္တသြသဓာဘိဝံသ)
အဘိဓဇမဟာရဋ္ဌဂုရု
အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက
အကျိုးတော်ဆောင်ဆရာတော်
ထေရ၀ါဒတို့တိုင်းပြည်ဘလော့ခ်မှကူးယူဖော်ပြပါသည်။

2 Responses so far.

  1. Unknown says:

    ဆူးလေမြင့်သိန်း.... ကောသလ္လ...
    ဗုဒ္ဓကို စော်ကားရင် ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာလို့မသုံးနုန်းကြပါနဲ့တော့ ...
    နှင်းဟေမာ ...မင်းလည်း တခြားဘာသာပြောင်းကိုးကွယ်လိုက်တော့

  2. သိပ်မှန်ပါတယ်... သူတို့ ကိုယ်တိုင်ဘာသာတည်ထောင်ခွင့်ရှိပါတယ်... အဲလိုလုပ်ရင် ဘယ်သူမှ ဘာမှပြောမှမဟုတ်ပါဘူး... ဒါပေမယ့် ဗုဒ္ဓဘာသာလို့ နာမည်ခံပြီး ပစ္စုပ္ပန်ကမ္မ၀ါဒီတွေ လုပ်နေတာဟာ ဘယ်လိုမှ မသင့်တော်သလို လက်လည်းမခံနိုင်ပါဘူး...

    (ကျေးဇူးတင်ပါတယ် ကိုမောင်မြရေ...)

Leave a Reply