HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်


ဒီသိက္ခာပုဒ်က အားလုံးသိတဲ့အတိုင်း ငါးပါးသီလရဲ့ စတုတ္ထမြောက် သိက္ခာပုဒ်ပါ။ မုသာဝါဒဆိုတာက သူတစ်ပါး အကျိုးစီးပွားကို ထိခိုက် ပျက်ပြားစေသော လိမ်ညာမှု လှည့်ပတ်မှုကို မုသာဝါဒလို့ခေါ်တာပါ။ နှုတ်နဲ့မပြောပဲ ကိုယ်အမူရာနဲ့ လိမ်ညာလို့ သူတစ်ပါး အကျိုးစီးပွားလည်းပျက်မည်ဆိုပါက မုသာဝါဒပင်ဖြစ်ပါတယ်။ သူတစ်ပါးအကျိုးစီးပွားကို မထိခိုက်စေပဲ တစ်စုံတစ်ရာ ကောင်းကျိုးရစေလိုပြီး၊ တစ်ဖက်အမှားကိုသိစေလို၍ ပရိယာယ်သုံးခြင်းသည်၊ ဆိုးကျိုးရစေလို၍ ပြောခြင်းမျိုးမဟုတ်သဖြင့် မုသာဝါဒ ကံမမြောက်ဘူးလို့ပြောရမှာပါ။(ဥပမာ) မြတ်စွာဘုရားရှင်က ညီနော်နန္ဒမင်းသားအား အရဟတ္တမဂ်တည်းဟူသော တရားထူးကို ရစေလိုသောကြောင့်၊ (သို့မဟုတ်) ညီနော်နန္ဒမင်းသားရဲ့ စရိုက်ကို သုံးသပ်တော်မူပြီး ထိုစရိုက်နဲ့ကိုက်ညီမယ့် ကမ္မဋ္ဌာန်းကိုပေးခြင်း၊ (သို့မဟုတ်) ဇနပဒကလျာနီတည်းဟူသော အချောအလှနှမတော်ကိုစွဲလန်းနေခြင်းကြောင့် သာသနာတော်ကနေ လူထွက်ဖို့ကြိုးစားနေတဲ့ နန္ဒမင်းသားကို တရားထူးရစေလိုသောကြောင့် ပရိယာယ်သုံးပြီး တရားကျင့်ခိုင်းဖူးပါတယ်။ ဒါကိုထောက်ဆကြည့်ရင် သူတစ်ပါးကောင်းကျိုးဖြစ်စေမယ့်


အမေး။ ။ အရှင်ဘုရား ဘယ်ဘာသာမှ ကိုးကွယ်မှုမရှိတဲ့ လူတစ်ယောက်အနေနဲ့ လက်ရှိဘ၀မှာရော တမလွန်ဘ၀မှာပါ ဘယ်လိုအခြေအနေမျိုး ဖြစ်လာနိုင်ပါသလဲဘုရား။

ရန်အောင်ဖြိုး
ရုရှား



အဖြေ။ ။ဘာသာမဲ့သူများအတွက် အနာဂတ်ဘ၀ ဘယ်လိုဖြစ်သွားမလဲဆိုရင် သူရဲ့လုပ်ရပ် အခြေအနေအပေါ်မူတည်ပြီး ဖြစ်သွားနိုင်ပါတယ်။ ဆက်ပါအုံးမယ်။ လုပ်ရပ်ဆိုတာက ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံတို့ ဖြစ်ပါတယ်။ ကောင်းတဲ့ ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံများကြောင့် ဘ၀ကြီးသာယာ ဖြောင့်တန်းသွားနိုင်သလို၊ မကောင်းတဲ့ ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံတို့ကြောင့်လည်း ဘ၀ကြီး ခက်ထန်ကြမ်းတမ်း သွားနိုင်ပါတယ်။ ဆိုလိုတာက ဘာသာမဲ့သူဖြစ်စေ၊ ဘာသာရှိသူဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ ဘ၀ကို အဆိုးအကောင်း ပြောင်းလဲပေးနိုင်တာက “ံကံတရား”ပဲ ဖြစ်ပါတယ်။ ရှင်းသွားအောင် ပြောပါအုံးမယ်။

ဒီအကြောင်းနဲ့စပ်လို့ ဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ် ဘုရားရှင်ကပုဏ္ဏားတစ်ဦးကို “အသင်ပုဏ္ဏား….သင်ဟာ ဘယ်ခုနှစ်၊ ဘယ်ရက် ဘယ်အချိန်မှာ သေမယ်၊ သေတဲ့အခါ မျောက်ဖြစ်လိမ့်မယ်” ဆိုတာကို မိန့်တော်မူလိုက်ပါတယ်။ ပုဏ္ဏားက ဗုဒ္ဓဘာသာဝင်တစ်ယောက်မဟုတ်ပေမဲ့ ဘုရားရှင် မိန့်တော်မူတာဆိုရင် မှန်တာကများပါတယ်။ မှန်လည်းမှန်တယ်လို့ သူက ယုံကြည်ထားတယ်။

ဒါနဲ့ ပုဏ္ဏားဟာ သူသေပြီးမျောက်ဖြစ်တဲ့အခါ လွယ်လွယ်ကူကူ စားနိုင်အောင်ဆိုပြီး သူ့ရဲ့ဥယျာဉ်ထဲမှာ စားပင်သီးပင်တွေ စိုက်ပါတော့တယ်။ စတင်စိုက်ပျိုးတုန်းကတော့ မျောက်ဖြစ်ရင် စားဖို့ဆိုတဲ့



မေး။……….။တပည့်တော်ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊ရဟန်းတော်များလမ်းပေါ်ထွက်၍ဆန္ဒပြခြင်းသည်

မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။

( ကိုမြင့်သိန်း (စင်္ကာပူ))

ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။ (ရယ်သံများ)

ပက္ကာသနိယကံလုပ်တာ အခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခာပုဒ်

မဖောက်ဖျက်ရင်တော့ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ်ငြိစွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒ ကို ထုတ်ဖော်တာ

အများကိုသိအောင် လုပ်တယ်ဆိုတဲ့နေရာမှာတစ်ခုတော့မှတ်ရမယ်… Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။

Strike လုပ်တာလား Riot လား Riot ဆိုတာအကြမ်းဖက်တဲ့အဓိကရုဏ်းလုပ်တာ ဖျက်စီးတာ ဟိုဟာ