Saturday, March 29, 2025

HAZY LIFE

About this site

သုံးလောကထွဋ်ထားမြတ်စွာဘုရားရှင်...
မြတ်စွာဘုရားဟောကြားလမ်းညွှန်ပြသခဲ့တော်မူသော တရားတော်များ...
မြတ်စွာဘုရား၏သားတော် သံဃာတော်အရှင်သူမြတ်များအားလုံးနှင့်...
မွေးဖွားကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သော အမိနှင့်အဖ...
ပညာရပ်များစွာ သင်ကြားပေးခဲ့ကြသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဦးထိပ်ထားလျှက်...။


အစတုန်းကတော့ ဒီဆိုဒ်လေးကို ကိုယ်တိုင်ရေးလေးတွေ တင်ပြီး ခပ်ပေါ့ပေါ့ ဘလော့ခ်လေးတစ်ခု အနေနဲ့ပဲရပ်တည်မယ်ဆိုပြီး စိတ်ကူးပြီးလုပ်လိုက်တာပါ... ဒါပေမယ့်လည်း တကယ်တမ်း လုပ်ဖြစ်ပြီး ရွေးချယ်မိတာက ဘာသာရေးဘလော့ခ်တစ်ခုလို ဖြစ်သွားပြီ... ပြန်စဉ်းစားကြည့်လည်း ဘာသာရေးဘလော့ခ်တစ်ခုဆိုတာ လွယ်ကူတဲ့အရေးအသား တာဝန်ယူမှုတွေနဲ့ လုပ်လို့ရတာတော့ မဟုတ်ဘူး... သာမာန် ကိုယ်တိုင်ရေးဆိုရင် ကိုယ်ရေးတာ မှားသွားလိုသွားရင် ဖတ်တဲ့သူတွေကို  သေချာ  တောင်းပန်လိုက်ရင် အဆင်ပြေနိုင်သေးတယ်... ဒါပေမယ့် ကိုယ့်ဘာသာတရားဖြစ်တဲ့ ထေရ၀ါဒဗုဒ္ဓဘာသာအကြောင်းတွေကို တင်ပြမယ်ဆိုပြီး ဆုံးဖြတ်မိတဲ့အခါ ကိုယ့်ဘက်က ဘာတွေတာဝန်ယူနိုင်ရမလဲဆိုတာ တော်တော်လေး စိတ်တထင့်ထင့်နဲ့တွေးမိခဲ့တယ်... ကိုယ့်ဘက်က ပို့စ်တစ်ခု  တင်မယ်ဆိုရင် တခြားဘလော့ခ်က ကူးတာပဲဖြစ်ဖြစ် စာအုပ်တွေကနေ ဖတ်ပြီး တင်တာပဲဖြစ်ဖြစ် ကိုယ်တိုင်စဉ်းစားပြီးရေးတာပဲဖြစ်ဖြစ် သေချာတာကတော့ အစအဆုံးဖတ်ပြီး လေ့လာ... တကယ့်ကို ထေရ၀ါဒဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ လက်ခံနိုင်တဲ့ ပို့စ်မျိုးပဲတင်ဖြစ်အောင် ကြိုးစားရတယ်... တခြားဘာသာတွေကိုလည်း မတိုက်ခိုက်ချင်ဘူး အဲဒါကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေရဲ့ အယူအဆအလွဲအမှားတွေကိုတင်ပြမယ်... ဘာသာတရားထဲမှာ ရှိနေတဲ့ တိမ်မြှုပ်နေတဲ့ အရေးကြီးအချက်အလက်တွေကိုတင်ပြမယ်... အစရှိတဲ့ ဘာသာရေးနဲ့ပတ်သက်သမျှ အတတ်နိုင်ဆုံး ကိုယ့်ဘက်ကတင်ပြနိုင်အောင် ကြိုးစားမယ်လို့ စိတ်ကူးပြီး ပုံဖော်ကြည့်လိုက်တာ အခုတော့ ဘလော့ခ်လေးတစ်ခုဖြစ်လာတယ်... အဲဒါကြောင့် မည်သူဖတ်သည်ဖြစ်စေ မဖတ်သည်ဖြစ်စေ ကိုယ်တိုင်လည်းအမြဲတမ်းလိုလိုပြန်ဖတ်လို့ရနိုင်အောင် တစ်ယောက်စ နှစ်ယောက်စ စာဖတ်သူ သူငယ်ချင်း မိတ်ဆွေတွေလည်း တခါဝင်လည်ပြီး ဖတ်ကြည့်လိုက်ရင် ထေရ၀ါဒနဲ့ ပတ်သက်တဲ့ အနှစ်သာရတော်တော်များများတွေကိုလည်း သိရှိသွားနိုင်အောင် စေတနာရှေ့ထားပြီး ပြုလုပ်ထားတဲ့ ဆိုဒ်လေးဖြစ်တဲ့အတွက် အမှားပါခဲ့လျှင် ကျွန်တော်ရဲ့ အမှားများသာဖြစ်ပြီးတော့ တကယ့်တရားအနှစ်သာရတွေ သိရှိသွားခဲ့ရင် မြတ်စွာဘုရားရှင် ဟောကြားခဲ့သော တရားတော်များသာဖြစ်တယ်ဆိုတာ နားလည်ပြီး... ဒီဘလော့ခ်လေးကို လည်ပတ်သူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...။

ဝန်ခံချက်

ကျွန်တော် သည်ဘလော့ခ်လေးကို ကိုစေတန်ဂေါ့ ပြုစုရေးသားတဲ့ Make A Blog ဆိုတဲ့စာအုပ်လေးကို ဖတ်ပြီးကြိုးစားပြုလုပ်ခဲ့ပါတယ်... ပညာများမျှဝေတဲ့ ကိုစေတန်ဂေါ့ ကိုကျေးဇူးတင်ပါတယ်...။

ကျွန်တော့်ဘလော့ခ်မှာ ပါဝင်တဲ့တစ်ချို့ပို့စ်တွေသည် Forward မေးလ်တွေကနေရတဲ့ အချက်တွေကို ကူးယူတင်ပြခြင်းဖြစ်ပါတယ်... ထို့ကြောင့် Credit မပေးနိုင်ခြင်းကို နားလည်ပေးပါ... အကယ်၍ ရေးသားသူများကိုယ်တိုင် ဖတ်မိ၍ Credit ပေးစေချင်လိုလျှင် အားမနာတမ်းပြောပါ ကျွန်တော်ချက်ခြင်းပြင်ဆင်ပေးပါမယ်...။

နောက်ဆုံးအနေနဲ့ ဒီဘလော့ခ်လေးကို လာလည်တဲ့သူများ ဖတ်မိတဲ့အထဲမှာ အမှားတွေ့ရင် ထောက်ပြ ဝေဖန်ပေးကြပါ... သို့သော် ဘာသာရေးနှင့်ပတ်သက်သည့် မည်သည့်စော်ကားမှုမျိုးမှ မပြုလုပ်ရန် အထူးမေတ္တာရပ်ခံပါတယ်...။






Leave a Reply