HAZY LIFE

 ဖတ်ချင်သူများ စိတ်ဝင်တစ်စားဖတ်လို့ရရန်အလို့ငှာ comment တွေကိုပါ ကူးယူတင်ပြပေးလိုက်ပါတယ်... ကျွန်တော့်အနေနှင့် သိရှိစေရန်အလို့ငှာ တင်ပြပေးချင်းသာဖြစ်ပါသည်... ကွန့်မန့်တွေမှာလည်း အမြင်အမျိုးမျိုး ဝေဖန်မှုအမျိုးမျိုး တွေ့ရမှာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဘာမှ ထပ်မပြောကြားလို တော့ပါဘူးဗျာ... ဒီလိုအဖြစ်မျိုးတွေအတွက် အလွန်ပဲဝမ်းနည်းမိပါတယ်...။

ရေးချင်စိတ် မရှိပေမယ့်
http://hninhaymar.blogspot.com/2009/08/blog-post_14.html<< ဒါလေးကို ဖျက်ပေးဖို့
ဦးဇင်း ခဏ ခဏ သတိပေးခဲ့သော်လည်း ဖျက်ပစ်ခြင်း မရှိဘဲ (အခုတော့ဖျက်လိုက်ပါပြီ)
ဦးဇင်းကိုပါ စွပ်စွဲ ပုတ်ခတ်ထားတဲ့ အတွက်ကြောင့်
ဖြေရှင်းချက် ရေးလိုက်ပါတယ်

သေသေချာချာ သိထားစေချင်ပါသည်
ရတနာ ဆိုတာ ဒကာမလား ဒကာလား ဘုန်းကြီးလားဆိုတာ ဦးဇင်းအနေနဲ့
သိဖို့မလိုပါဘူး သူဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာဟာ
အဓိက မကျပါဘူး
သေချာတာကတော့ ရတနာ ဆိုသောဘလော့ပိုင်ရှင်ဟာ
တကယ့်အမှန်တရားကို ဖော်ထုတ်ပေးတဲ့သူတယောက်ပါ
ထေရ၀ါဒ သာသနာအတွက် မိစ္ဆာဒိဌိတွေကို ကာကွယ်ခဲ့သူ တစ်ယောက်ပါ
ဘယ်သူက သာသနာ ဖျက်လဲ ဆိုတာ ဖြေရှင်းပါမယ်.....

(((((ဓမ္မစေတီဆရာတော်နဲ့ ပတ်သတ်ပြီး ကျမတို့ရဲ့ ကြည်ညိုလေးစားမှုက
ဘယ်လိုအနှောက်အယှက်မျိုးကြောင့်မှ ဆံတစ်ချည်မျှင်စာတောင်
လျော့သွားလိမ့်မည်မဟုတ်ပါဘူး ဆိုတာ မရတနာ သိအောင် ပြောလိုက်ပါရစေ...။ ))))))
မနှင်းဟေမာ အနေနဲ့ ဓမ္မစေတီကို မည်မျှပင် ကြည်ညိုစေကာမူ ဦးဇင်းနဲ့လည်း မဆိုင်ပါ
ပုဂ္ဂိုလ်စွဲ ကြည်ညိုတာ ကိုးကွယ်တာ ဦးဇင်းနဲ့လဲ မဆိုင်ပါ
ကြိုက်တဲ့ အယူဝါဒက ယူလို့ရပါတယ်
ပြောစရာလဲ အကြောင်းမရှိပါ
ဦးဇင်းအနေနဲ့ အမှန်တရားဘက်ကပဲ လိုက်မှာပါ

((((((ဓမ္မစေတီဆရာတော်လို သာသနာအတွက် မျိုးဆက်သစ်လူငယ်တွေအတွက်
အားကျိုးမာန်တက်လုပ်ဆောင်ဟောပြောနေတဲ့ ဆရာတော်တစ်ပါးကို အဓမ္မ၀ါဒီသမားလို့
ပြောဆိုတာကြီးကတော့ တော်တော်ဝမ်းနည်းစရာကောင်းနေပါတယ်.. အဲဒီစကားကြားလိုက်ရမှ
ထေရ၀ါဒသာသနာ ကွယ်ဖို့များနီးနေခဲ့ပြီလားလို့ ၀မ်းနည်းစွာတွေးမိလိုက်တယ်
...။)))))))

ရဟန်းတော်တစ်ပါးမှာ အရေးကြီးတာက တရားအမှားတွေ မဟောဖို့နဲ့ သူတစ်ပါးကို
(သူတော်ကောင်းတွေကို) မပုတ်ခတ်ဖို့ပဲ။
အမှားတွေ ဟောနေရင် ဓမ္မကထိက ပလ္လင်ပေါ် မတက်သင့်တော့ဘူး။
သူတစ်ပါးကို ပုတ်ခတ်ပြောရမှ ကျေနပ်မယ်ဆိုရင်

ဖဲဝိုင်းအရက်ဝိုင်းမှာသာ ကိစ္စမရှိနိုင်ပေမယ့် တရားဟောပုဂ္ဂိုလ်တွေ ကြားထဲမှာ
မတင့်တယ်ဘူး။
ထေရ၀ါဒ သာသနာကို ကွယ်အောင်လုပ်နေတာက ဘယ်သူပါလဲ။
မေးချင်ပါတယ် ဒကာမလေး နှင်းဟေမာ

(((((((((တစ်ကယ် ထေရ၀ါဒဗုဒ္ဓသာသနာတော်ကို တစ်ကယ်စောင့်ရှောက်ချင်တဲ့သူဆိုရင်..
ဆရာတော်မှားနေတဲ့အချက်တွေကို မမြင်ကွယ်ရာမှာ တစ်ယောက်ထဲ သူရဲကောင်းကြီးလိုလို ၊
ကိုယ်သိကိုယ်တက်လိုလို လုပ်ပြီးချပြနေမယ့်အစား ဆရာတော်နဲ့ သာအမြန်ဆုံး
တိုက်ရိုက်သွားရောက်ဖြေရှင်းပါလို့ ပြောချင်ပါတယ်.. ။ အဲလိုမှ မဟုတ်ရင်လဲ
တရားဝင် တဲ့တစ်နေရာကနေ တိုင်းသိပြည်သိ ထိပ်တိုက်ဖြေရှင်းပါ။ မရတနာဘက်က
လုပ်ရပ်တွေ မှန်ကန်တယ်ဆိုရင်တော့ ဓမ္မစေတီဆရာတော်အနေနဲ့လည်း
အရေးတစ်ယူဖြေရှင်းပေးမှာပါပဲ ...။)))))))

(((((((((ဓမ္မစေတီဆရာတော် အမြဲပြောနေသလိုပါပဲ.. အကိုးအကားနဲ့ တစ်ယောက်ချင်း
ဆွေးနွေးပါ့လား.. ဘာလို့ လူမသိသူမသိ ဒီမှာ လာအော်နေရတာလည်း..။ ))))))))

ဆွေးနွေးမယ်ဆို ဦးဇင်းတို့ အသင်းကို လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်
သင်တို့ ဆရာ ဓမ္မစေတီ ကြွလာရဲလား အရင် ပင့်ကြည့်လိုက်ပါအုံး

ဓမ္မစေတီ ဦးကောသလ္လ ရဲ့ အမှားတွေကို တိုင်းပြည်တပြည်လုံးသိအောင်
ဓမ္မရံသီ မဂ္ဂဇင်းမှာ ဆောင်းပါးရှင် ဆရာတော်တပါး တင်ပြပေးခဲ့ပြီးပါပြီ
ယခုလဲ ဓမ္မစေတီ ရဲ့ အမှားတွေကို ဖော်ထုတ်ထားတဲ့
(ထေရ၀ါဒ ဆိုင်းဘုတ်အောက်မှာ အမှားဝင်္ကပါ ) ဆိုတဲ့
စာအုပ်ကို တနိုင်ငံလုံး သိအောင်ဖြန့်ချီဖို့ ကျိုးစားနေပါတယ်
ပြန့်လဲ ပြန့်နေပါပြီ အွန်လိုင်းမှာလဲ ပျံ့နှံ့နေပါပြီ
ဒကာမ နှင်းဟေမာ အနေနဲ့ ဖတ်ချင်တယ်ဆိုရင်လဲ ဒီမှာဖတ်နိုင်ပါတယ်

(ထေရ၀ါဒ ဆိုင်းဘုတ်အောက်မှာ အမှားဝင်္ကပါ)
http://www.sendspace.com/file/jbyo2g

ဓမ္မစေတီရှင်းတမ်း
အောက်မှ link ကို Download လုပ်၍ ဖတ်ပါ
http://www.sendspace.com/file/bdq0nx


ဦးကောသလ္လ ဘာတွေမှားသလဲ ဆိုတာ
ကိုယ်ကိုယ်တိုင်
ကောင်းကောင်းမသိဘဲနဲ့ တဖက်သူကို စွပ်စွဲပုတ်ခတ်မူတွေ မလုပ်ပါနဲ့

ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ ကိုတိုင် ဖြေရှင်းဖို့ ကြိုးစားခဲ့ဘူးသလား။
ဒကာမ နှင်းဟေမာ အနေနဲ့ ဦးကောသလ္လ ကို သိရင် မေးကြည့်လိုက်စမ်းပါ။
ဘယ်လိုနည်းနဲ့ ဖြေရှင်းတာလဲ ဆိုတာ ဦးဇင်းသိပြီးသားပါ
ဒီနေရာမှ ပြောဖို့ မတင့်တယ်လို့ မပြောတော့ပါဘူး။

အွန်လိုင်းကနေ လူတိုင်းသိအောင် လုပ်နေသလို
အပြင်မှာလဲ လူတိုင်းသိအောင် ဦးဇင်းတို့ ကျိုးစားနေပါတယ်
ဆိုတာ ဒကာမ နှင်းဟေမာ အနေနဲ့ သိထားစေချင်ပါတယ်။

ဘယ်သူမှန်သလဲ ဘယ်သူက မှားသလဲဆိုတာ
ကိုယ်တိုင် အရင်သေချာ စုံစမ်းပါအုံး
မှားနေတာက သင်ဖြစ်နေပြီ သာသနာကို စော်ကားဖို့ ကြိုးစားနေသူက
သင်ဖြစ်နေပြီ
ရောရုဝ ငရဲက သင့်လို လူမျိုးတွေကို စောင့်နေပါလိမ့်မယ်

((((((((((ကျမ သိသလောက်တော့ တကယ်အကျိုးကို လိုလားတဲ့သူ..
ဗုဒ္ဓဘာသာကောင်းတစ်ယောက်၊ သူတော်ကောင်းတစ်ယောက်ဟာ သူတစ်ပါး မမြင်ကွယ်ရာမှာ
သူတစ်ပါးရဲ့ မကောင်းသတင်းကို နည်းနည်းလေးမှ သပုတ်လေလွင့် မပြောဆိုပါဘူး.. ။))))))))))

ဦးဇင်းတို့က အထောက်ထားမခိုင်လုံဘဲနဲ့ တဖက်သတ် စွတ်စွဲနေတာမဟုတ်ဘူး
ဓမ္မစေတီ ရဲ့ ၀ါဒဟာ

-- ၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့တွင် ဆူးလေဦးမြင့်သိန်းဝါဒကို
အဓမ္မဝါဒအဖြစ်အတည်ပြုခဲ့တဲ့
ဝါဒကို ပြန်လည် ဖော်ထုတ်နေတာပါ
အဲဒီအထောက်ထားတွေ ဦးဇင်းဆီမှာ အကုန်ရှိပါတယ်

(((((ဓမ္မစေတီဆရာတော်လို သာသနာအတွက် မျိုးဆက်သစ်လူငယ်တွေအတွက် အားကျိုးမာန်တက်လုပ်ဆောင်ဟောပြောနေတဲ့ ဆရာတော်တစ်ပါးကို အဓမ္မ၀ါဒီသမားလို့ ပြောဆိုတာကြီးကတော့ တော်တော်ဝမ်းနည်းစရာကောင်းနေပါတယ်.. ။)))) ညွန်ကြားလွာ အမှတ် (၉၄) ဆိုတာ ထုတ်ပြန်ထားပါတယ်
<://www.sbay-student.org/2009/11/blog-post_23.html<

ဖတ်ကြည့်လိုက်ပါအုံး ဒေါ်နှင်းဟေမာ


((((((((((ဓမ္မစေတီဆရာတော်ကြောင့် ထေရ၀ါဒ မျိုးဆက်တွေ
ပြန်လည်ထွန်းကားလာခဲ့ရတယ်.. နိုင်ငံမှာ နှစ်ပေါင်းများစွာ ပိတ်ဖုန်းနေတဲ့
နတ်စွဲ ၊ဂိုဏ်းစွဲအယူဝါဒတွေ ပပျောက်သွားခဲ့တယ်.. ။ ကိုယ်တိုင်ကရော
ဆရာတော်ဆောင်ရွက်နေတဲ့ အဲ့လိုအကျိုးပြုတွေ လိုမျိုး ဘာတွေလုပ်ခဲ့ပြီးပြီလည်း ။))))))))

ဓမ္မစေတီဆရာတော်ကြောင့် ထေရ၀ါဒ မျိုးဆက်တွေ ပြန်လည်ထွန်းကားလာခဲ့ရတယ်..
ဆိုတာတော့ အရှက်မရှိ သင် လိမ်ညာတာပဲ။

သံဃာယနာတွေ တင်ခဲ့တဲ့၊ ထေရဝါဒ သာသနာကို ခေတ်အဆက်ဆက်
စောင့်ရှောက်ခဲ့တဲ့ မထေရ်ကြီးတွေကို ကျေးဇူးမဲ့ပြီး ထေရဝါဒအစ ဓမ္မစေတီက လို့
မလိမ်ညာချင်ပါနဲ့။
သင်တို့ဆရာ ဓမ္မစေတီ မမွေးခင်ကတည်းက ထေရဝါဒ သာသနာ
ထွန်းကားနေပြီးသားပါ။


သရဏဂုံ ညှိုးစေတဲ့ နတ်ကိုးကွယ်မှုတွေကို အားမကိုးဖို့ ဟောတာ ကျန်တဲ့ သံဃာတွေလဲ
ဟောပြောဆုံးမနေတာပဲ။ ဓမ္မစေတီမှ မဟုတ်ဘူး။
ဓမ္မစေတီကြောင့် နိုင်ငံမှာ နှစ်ပေါင်းများစွာ ပိတ်ဖုန်းနေတဲ့ နတ်စွဲ
ဂိုဏ်းစွဲအယူဝါဒတွေ ပပျောက်သွားခဲ့တယ်..ဆိုတာလဲ သင် ထပ်လိမ်ပြန်ပြီ။
သင့်ဆရာထက်
ထင်ရှား သြဇာကြီးတဲ့ ဆရာတော်ကြီးတွေတောင် ခုထိ နတ်စွဲ ဂိုဏ်းစွဲတွေကို
မပယ်ဖျက်နိုင်သေးဘူး။
ဘယ်မှာ ပပျောက်လို့လဲ။ ပပျောက်ရင် သာဓုခေါ်ဖို့ အသင့်ပဲ။
ထေရဝါဒ စစ်စစ်ကို ထုတ်ဖော်မယ်ဆိုပြီး ဘုရားသာသနာကို မဖျက်ဆီးပါနဲ့။

ဥပမာတစ်ခုပြောရရင်ဗျာ။
ဇမ္ဓူရာဇ်ရွှေစင်ကို ကျောက်သံပတ္တမြားက ဖျက်ဆီးလို့မရနိုင်သလို
အဲဒီကျောက်သံပတ္တမြားကိုလည်း ဇမ္ဓူရာစ်ရွှေစင်ကဖျက်စီးလို့မရနိုင်ပါဘူး။
ဘာကြောင့်လည်းဆိုတော့ အမျိုးမတူတဲ့အတွက်ကြောင့်ပါ။
ဇမ္ဓူရာစ်ရွှေစင်အစစ်ကိုတော့ အဲဒီရွှေနဲ့တူတဲ့ ဇမ္ဓူရာစ်ရွှေအတုကပဲဖျက်လို့ရသလို ။
ကျောက်သံပတ္တမြားအစစ်ကို လည်း ကျောက်သံပတ္တမြားအတုကပဲ ဖျက်စီးလို့ရပါတယ်။
အတုဆိုတာမျိုးကတော့ အစစ်နဲ့ခွဲခြားလို့တော်တော်နဲ့မရကောင်းဘူးလေ။
အဲဒီတော့ ကိုယ့်ရဲ့ဗုဒ္ဓဘာသာအစစ်ကို ဗုဒ္ဓဘာသာအတုအယောင်တွေက
(အယောင်ဆောင်တွေက)မှတ်ပုံတင်ထဲကဗုဒ္ဓဘာသာအမည်ခံတွေကပဲ ဖျက်စီးနေကြတာပါ။
သင်တို့လို ဖြစ်မှာပေါ့.......
ဒီဥပမာကိုဦးဇင်းပေးတာမဟုတ်ပါဘူး။
လောကရဲ့ တုနှိုင်းမဲ့ဖြစ်တဲ့ ဗုဒ္ဓလို့ခေါ်ဆိုတော်မူထိုက်တဲ့
မဟာသတ္ထာရ ဘုရားရှင်ကပေးခဲ့တဲ့ဥပမာပါ။

(((((((ကိုယ် ကိုယ်တိုင်က သာသနာတော်အတွက် ထေရ၀ါဒရှင်သန်စေဖို့အတွက် ဘာမှ
မစွမ်းဆောင်နိုင်သေးဘဲနဲ့ သူတစ်ပါးလုပ်နေတဲ့အရာကို ကောင်းကွက်ကိုမေ့ပြီး
မကောင်းကွက် ခုလို မရမက လိုက်ရှာပြောဆိုနေတာဟာ အင်မတန်အောက်တန်းကျပါတယ်.. ။))))))

သင်တို့ ဓမ္မစေတီဂိုဏ်းက လက်၇ှိ ထေရဝါဒဟာ အတုတွေ လွှမ်းမိုးနေတယ်၊
တိမ်မြုပ်နေတဲ့ ထေရဝါဒစစ်စစ်ကို ပြန်ထုတ်ဖော်မယ်ဆိုပြီး ဘယ်ဘုရားမှ မဟောတဲ့ သူ့အလိမ်အညာတွေနဲ့
အတွင်းက လှိုက်ဖျက်ဆီးတယ်။
သင်တို့ အတွင်းလှိုက်စားဖျက်သူနဲ့ အပြင်က ဖျက်ဆီးသူ
လူသာကွဲတာ ရည်ရွယ်ချက်တူတွေပဲ။
ဒကာမ အနေနဲ့ သူနဲ့ ၀ါဒတူ ဂိုဏ်းတူဆိုရင် ဒကာမကိုယ်တိုင် သုံးနှုန်းခဲ့တဲ့
အောက်တန်းကျပါတယ်
ဆိုတဲ့ စကားကို ပြန်လည်အသုံးပြုရမှာပါပဲ။



ဦးဇင်းအနေနဲ့ လူတိုင်းကို သိစေချင်တာက
သူဟောတဲ့တရားတွေဟာ မဟုတ်မမှန် အဓမ္မ၀ါဒ တရားတွေဆိုတာပါပဲ။

ဦးဇင်းလဲ သံဃာတပါးပဲ ဦးကောသလ္လ အနေနဲ့ မမှားဘူးဆိုရင်
ပြောစရာ စကားမရှိပါဘူး
ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ ဦးဇင်းက ဘာမှ မပတ်သက်သလို
ရန်ငြိုးရန်စလဲ မရှိဘူးဆိုတာပါ
ဦးကောသလ္လ သုံးတတ်တဲ့ စကားလေးလိုပါပဲ
ထေရ၀ါဒ သာသနာအတွက်ပဲ ကြည့်ပါတယ်
သူ့ဘာသာသူဘာကြီးပဲဖြစ်နေဖြစ်နေ။ ဘယ်လောက်နာမည်ပဲကြီးနေကြီးနေ။
ဗုဒ္ဓသာသနာအတွက် ခင်များတို့အတွက် သရဏဂုံပျက်လောက်တဲ့ အထိဖြစ်လာမယ်ဆိုရင်တော့
သုတ်သင်ရမှာပါပဲ။
ဒကာ ဒကာမတွေ အယူမှားမလိုက်စေဖို့ပဲ ကာကွယ်ရမှာပါပဲ
ကြိုးစားဖော်ထုတ်သွားရပါမယ်။

ဦးဇင်း ရဲ့ နောက်မှာ ဓမ္မရံသီ မဂ္ဂဇင်းမှာ ဓမ္မစေတီ ရဲ့ အမှားတွေကို
ဖော်ထုတ်ခဲ့ ဆောင်းပါးရှင် ဆရာတော် ၀ိဘဇ္ဇ၀ါဒီ ရှိနေသလို တခြားသော ပညာတတ်ဆရာတောကြီးတွေရှိနေတယ်ဆိုတာ သိထားစေချင်ပါတယ်

သူကန်းတို့ သွားရာလမ်း
`ရဟန်းတို့၊ မကောင်းသော မြင်ခြင်း ``မိစ္ဆာဒိဌိအယူ´´ ရှိသော သူအား
ငရဲဘုံ `နိရယဂတိ´ လည်းကောင်း၊
တိရိစ္ဆာန်မျိုး `တိရစ္ဆာန ဂတိ´ လည်းကောင်း

ဤ လားရာ `ဂတိ´ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော လားရာ ဂတိ ကို မချွတ်ရလိမ့်မည် ဟု
မျှော်လင့်အပ်၏´ ဟု မိန့်တော်မူ၏။
(အင်္ဂုတ္ထိုလ်၊ ၂၊ ဗာလ၀ဂ်)

သာသနာဖျက်သူတို့ ဆင်ခြင်ဖွယ်

ယေ ကေစိ အရိယံ ဓမ္မံ၊ ၀ိဂရဟန္တာ စရန္တိ ဒုမ္မေဓာ။
ဥပေန္တိ ရောရုဝံ ဃောရံ၊ စိရ ရတ္တံ ဒုက္ခံ အနုဘ၀န္တိ။


(သံယုတ်၊ ၁၊ ၂၇)
ပရိယတ္တိ ဗဟုသုတ ပညာ မရှိကုန်သော သူတို့သည် ညစ်ကြေးမတင်
ဖြူစင်သော ဘုရားဟော တရားတော်တို့ကို မြတ်စွာဘုရားသည် ဟောကြားတော်မူအပ်သော
တရားတော်တို့ကို ယုတ်လျော့သော ပုဒ်အက္ခရာ ၀ါကျရှိ၏ ဟူ၍လည်းကောင်း၊
သံသရာ ၀ဋ်မှ ထွက်မြောက်ကြောင်း မဟုတ်ဟူ၍လည်းကောင်း၊ ဘုရားဟော မဟုတ်ဟူ၍လည်းကောင်း
စွပ်စွဲ ကဲ့ရဲ့ကြကုန်လျက် သွားလာ လှည့်လည်ကြကုန်၏။
ထို ပညာကင်းပ လူ့ဗာလ တို့သည် ပူပြင်း ချုပ်ချုပ် ကြမ်းကြုတ်စွာသော
ရောရုဝ ငရဲ သို့ ဆိုဒ်ရောက်ကြကုန်၏။
ကြာမြင့်စွာသော နေ့ ည ကာလ ပတ်လုံး ငရဲ၌ ဖြစ်သော ဆင်းရဲကို အဖန်တလဲလဲ ခံစားကြကုန်၏။


သင့်ရဲ့ စွပ်စွဲပုတ်ခတ်မှုတွေကို ဖျက်ပေးခြင်း မရှိဘူးဆိုရင်တော့
သင့်ဘလော့ကိုလည်း အဓမ္မ၀ါဒီ စာရင်းသွင်းရပါလိမ့်မယ်...





13 comments:

win latt said...
ဦးတင်ပါသည်ဘုရား..
တပည့်တော် စိတ်ဝင်တစားရှိတဲ့ အကြောင်းအရာမို့ ဆရာတော်၏ ရှင်းလင်း ချေပမှုကို ကြည်ညိုမိပါသည်ဘုရား။
သူတော်ကောင်းဓါတ် တရားမြတ်
လွှမ်းပတ်ကမ္ဘာ တည်ပါစေ...။
win latt said...
ဦးတင်ပါသည်ဘုရား..
တပည့်တော် စိတ်ဝင်တစားရှိတဲ့ အကြောင်းအရာမို့ ဆရာတော်၏ ရှင်းလင်း ချေပမှုကို ကြည်ညိုမိပါသည်ဘုရား။
သူတော်ကောင်းဓါတ် တရားမြတ်
လွှမ်းပတ်ကမ္ဘာ တည်ပါစေ...။
ဥက္ကာငယ် said...
..နှင်းဟေမာမှ
ဘယ်လိုပြန်ပြီးတုံ့ပြန်လဲဆိုတာ..ရှာဖွေ.ဖတ်ရှုနေပါတယ်
...ဒကာမတွေများတယ်ဆိုလည်း..သက်သက်ညှာညှာလေး
ဝေဖန်ထောက်ပြပါဘုရား..။
စိတ်ထဲနာကျည်းသွားအောင်.တော့မလုပ်ပါနဲ့ဘုရား..း
တပည့်တော်တိုအချင်းချင်းတွေပါ..ဘာသာခြားတွေမဟုတ်ကြပါဘူး
ဥက္ကာငယ် said...
သာဓုပါဘုရား...း
Kosoe said...
ကောင်းပါသည်.......
Naung said...
မနှင်းဟေမာ ရေးသားခဲ့တာတွေကို သူ့ဘလော့နဲ့ ရတနာ ဘလော့မှာ အစုံ ဖတ်လိုက်ရပါတယ်။ သီတဂူ ဦးဇင်းလေးတင်မက ဓမ္မစေတီ ဦးကောသလ္လရဲ့ တရားတွေ မမှန်ကန်ကြောင်း သုံးသပ်ဆွေးနွေးကြတဲ့ အခြားပုဂ္ဂိုလ်တွေကိုပါ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ ရန်တွေ့ပုတ်ခတ်သွားတာ ဖတ်ရပါတယ်။
ဒီလို အရပ်စကားတွေနဲ့ ရန်လာလာတွေ့နေပြီးတဲ့နောက်မှာ အကျိုးအကြောင်းသင့် ဆွေးနွေးနေတဲ့ ပုဂ္ဂိုလ်တစ်ဦးစနှစ်ဦးစ ဘာမှ ဝင်မပြောတော့ဘဲ နှုတ်ဆိတ်သွားတာ တွေ့ရပါတယ်။ ဓမ္မစေတီ ဆရာတော်နဲ့ မနှင်းဟေမာရဲ့ ပူးတွဲတိုက်ကွက်ဟာ အနည်းငယ် ထိရောက်သွားတယ် ဆိုရပါမယ်။ တရားစကား ပြောဆိုဆွေးနွေးနေကြသူတွေ ကြားထဲကို နှုတ်စွာတဲ့ မိန်းမငယ်တစ်ယောက် ဝင်လာပြီး ဆဲဆိုစောင်းမြောင်းတဲ့အခါ ဆွေးနွေးနေတဲ့ တတ်သိနားလည်သူ တစ်ချို့ဟာ ဒီမိန်းမငယ်ရဲ့ အဆဲခံ၊ အစောင်းမြောင်းခံရမှာ စိုးရွံ့ပြီး နှုတ်ဆိတ်သွားကြတာပါပဲ။
သီတဂူ ဦးဇင်းလေးဟာ မူလက ရတနာကို မယုံကြည်သေးသူ၊ စွဲချက်တွေကို လက်မခံနူိုင်သေးတဲ့အတွက် ခိုင်လုံတဲ့ အထောက်အထားများ ပြဖို့ တောင်းဆိုသူ ဖြစ်ပါတယ်။ အသုံးအနှုန်း ရင့်သီးတဲ့ ကိစ္စတွေလဲ ရတနာကို ထောက်ပြဝေဖန်ပါတယ်။ ဒါကို သိပါရက်နဲ့ သီတဂူ ဦးဇင်းလေးဟာ ရတနာပဲလို့ ထပ်မံစွပ်စွဲပြီး ကိုယ့်အမှားကို ဖုံးဖိတာဟာ မသင့်လျော်ပါဘူး။

ဆရာဖြစ်သူ ဓမ္မစေင်္တီ ဦးကောသလ္လက ဒီလို သွားပြီး ဆဲဆိုရန်လုပ်ဖို့ နည်းပေး၊ စကားလုံးတွေ သင်ပေးလို့ပဲ ဖြစ်စေ၊ မိမိကိုယ်တိုင်က ဒီလို ဝင်ရန်တွေ့ပြီး နာမည်ကျော် ဓမ္မစေတီ ဆရာတော်ဘက်က အထိမခံတဲ့ ဆတ်ဆတ်ကြဲမလေး ဖြစ်ချင်လို့ဖြစ်စေ၊ ဘာကြောင့်ပြောပြော ပြောတဲ့ အသုံးအနှုန်းတွေဟာ ရုန့်ရင်းကြမ်းတမ်းလှပါတယ်။ မြတ်စွာဘုရားသခင်ကို စိဉ္စမာဏ လူပုံအလယ် စွပ်စွဲရန်လုပ်ခဲ့တာ ဒီလို ပုံစံမျိုးပါပဲ။
ကောသမ္ဘီပြည်မှာ မြတ်စွာဘုရားကို ဒီလို ဆဲဆိုရန်လုပ်မှုတွေ ခံရတော့ အရှင်အာနန္ဒာ မထေရ်မြတ်တောင် နားဆင်းရဲရှာလွန်းလို့ တခြားအရပ် ပြောင်းရွှေ့ကြဖို့ မြတ်စွာဘုရားကို လျှောက်ထားဖူးပါတယ်။ ဒီလို ရုန့်ရင်းကြမ်းတမ်းတဲ့ ရန်တွေ့မှုမျိုးကို မြတ်စွာဘုရား သည်းခံတော်မူနိုင်ပေမယ့် သာဝကကြီးတွေအဖို့တောင် ခံရမသက်သာဘူးဆိုတာ လက်တွေ့ပါပဲ။ ဒီတော့ အကျိုးသင့်အကြောင်းသင့် ဓမ္မနဲ့အညီ ဆွေးနွေးတိုင်ပင်နေကြတာကို ဓမ္မနဲ့အညီ ဝင်ဆွေးနွေးနိုင်ပါရက်နဲ့ ဝင်မဆွေးနွေးဘဲ ကက်ကက်လန်အောင် ရန်ထောင်စောင်းမြောင်းသွားတာ မလုပ်အပ်တဲ့ ပွဲဖျက်နည်းတစ်မျိုး ဖြစ်ပါတယ်။ မနှင်းဟေမာ အနေနဲ့ မိမိပြောတဲ့ စကားကို မိမိ တာဝန်ယူ ဖြေရှင်းဖို့ သီတဂူ ဦးဇင်းလေးက တောင်းဆိုတာကို ဘာမှ မကန့်ကွက်လိုပါဘူး။ အသရေဖျက်မှုဆိုတာ တရားစွဲနိုင်တဲ့ ကိစ္စတစ်ခု ဖြစ်နေပါတယ်။
ဒါပေမယ့် သူ့ဘလော့ကို အဓမ္မဝါဒ စာရင်းသွင်းရမယ် ဆိုတာကတော့ မလုံလောက်ဘူးလို့ တပည့်တော် မြင်ပါတယ်။ မသိနားမလည်ခြင်းသာ ဖြစ်ပြီး ဘာသာရေးကို နှိုက်နှိုက်နဲနဲ ရေးသားတင်ပြနေခြင်း မရှိတဲ့အတွက် အဓမ္မဝါဒကို ရေးသားဖြန့်ဝေနေခြင်း၊ ဖြန့်ဝေနိုင်စွမ်းခြင်းလဲ မရှိသေးပါဘူး။ ဒီတော့ အဓမ္မဝါဒ ဖြန့်ဖြူးတဲ့ ဘလော့အဖြစ် သတ်မှတ်လို့ မရဘူးလို့ ယူဆပါတယ်။ စကားမတတ်သေးတဲ့ ကလေးတစ်ယောက် ဆဲမှု မကျူးလွန်နိုင်သည့်နှယ် ဖြစ်ပါတယ်။
Myat said...
တပါးတည်းသော ဘုရားရှင်ရဲ့ .ကိုးကွယ်မှုအောက်မှာတောင် ဓမ္မဝါဒီ အဓမ္မဝါဒီ လို့ အရှင်ဘုရားတို့ သတ်မှတ်ရဲတယ်နော် ..နိုင်ငံတော်မှာ ဒီမိုကရေစီ နဲ့ တခြားအရာတွေဖြစ်နေလို့ နိုင်ငံမငြိမ်သက်တာက ငြိမ်သက်အောင်လုပ်နိုင်ပါသေးတယ် .. အခုတော့ တပည့်တော်တို့ကိုးကွယ်တဲ့ ဘုရားရှင်ရဲ့သာသနာတော်မှာ ဒီလိုဖြစ်တယ်ဆိုတော့ ... တပည့်တော် မတွေးရဲတော့ပါဘူး ..
တပည့်တော်ဟာ အရင်က မိရိုးဖလာကိုးကွယ်တဲ့ ဗုဒ္ဓဘာသာပါ . အခုတော့ ဓမ္နစေတီဆရာတော်ရဲ့ အကျိုးကျေးဇူးကြောင့် သရဏဂုံ တည်ခဲ့တဲ့ အပြင် တခြားကောင်းကျိုးအရာတွေလဲ အများကြီးရှိခဲ့ပါတယ် အရှင်ဘုရား .. တပည့်တော်တို့ ရဲ့ ဘုရားရှင်ကို ကိုးကွယ်တာဟာ တခုတည်းသောပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်ရှိဖို့ ပဲ မဟုတ်လား အရှင်ဘုရား .. ဆရာတော် ဦးကောသလဟောကြားတာလဲ တခုတည်းသော ပန်းတိုင်ကို ရောက်ရှိဖို့ ပဲ မဟုတ်လား . ဒါကို ဘယ်လိုလုပ်များ ဘာကြောင့်သတ်မှတ်လဲ ဆိုတာ တပည့်တော် မသိတော့ပါဘူး .. တကယ်လို့သတ်မှတ်မယ်ဆိုရင်လဲ . သတ်မှတ်နိုင်တဲ့ စွမ်းအား ရှိလို့သာ သတ်မှတ်နိုင်တယ်လို့ ယူဆမှာပါ. သတ်မှတ်နိုင်တဲ့ စွမ်းအားမရှိပဲ . ပြောတာဆိုရင်တော့ . " အကြင်သူသည် အပင်ကို စိုက်ပျိုးရာ ၏ .ထိုအပင်၏ ကောင်းကျိုး မကောင်းကျိုးဖြစ်သော အသီးတို့ အကြင်ကိုယ်တိုင်စားသုံးရာ ၏ " လို့ပဲ သတ်မှတ်ပါတော့မယ် ဘုရား ...
အရှင်ဝရသာမိ said...
Myat ဆိုသူသို့

(((ဆရာတော် ဦးကောသလဟောကြားတာလဲ တခုတည်းသော ပန်းတိုင်ကို ရောက်ရှိဖို့ ပဲ မဟုတ်လား . ဒါကို ဘယ်လိုလုပ်များ ဘာကြောင့်သတ်မှတ်လဲ ဆိုတာ တပည့်တော် မသိတော့ပါဘူး .. တကယ်လို့သတ်မှတ်မယ်ဆိုရင်လဲ . သတ်မှတ်နိုင်တဲ့ စွမ်းအား ရှိလို့သာ သတ်မှတ်နိုင်တယ်လို့ ယူဆမှာပါ. သတ်မှတ်နိုင်တဲ့ စွမ်းအားမရှိပဲ . ပြောတာဆိုရင်တော့ . " အကြင်သူသည် အပင်ကို စိုက်ပျိုးရာ ၏ .ထိုအပင်၏ ကောင်းကျိုး မကောင်းကျိုးဖြစ်သော အသီးတို့ အကြင်ကိုယ်တိုင်စားသုံးရာ ၏ " လို့ပဲ သတ်မှတ်ပါတော့မယ် ဘုရား ...))))

မသိရင် သိအောင် လေ့လာဖို့ ဦးဇင်း အပေါ်မှာ တင်ထားပါတယ်
လိုချင်ရင် ဒီမှာ ထပ်ပြီး တင်ပေးပါမယ်
(ထေရ၀ါဒ ဆိုင်းဘုတ်အောက်မှာ အမှားဝင်္ကပါ)
http://www.sendspace.com/file/jbyo2g

ဓမ္မစေတီရှင်းတမ်း
အောက်မှ link ကို Download လုပ်၍ ဖတ်ပါ
http://www.sendspace.com/file/bdq0nx

အဲဒီိမှာပါတဲ့ စာအုပ်တွေကို အရင်လေ့လာပါအုံး
သတ်မှတ်ရဲတာ မဟုတ်ဘူး
သတ်မှတ်နိုင်လောက်တဲ့ အထောက်ထား ခိုင်လုံလို့ကို သတ်မှတ်တာ
ဦးဇင်းက သတ်မှတ်တာ မဟုတ်ဘူး
ဓမ္မ ဆိုတဲ့ အမှန်တရားက သတ်မှတ်တာပါ

((တပည့်တော်တို့ ရဲ့ ဘုရားရှင်ကို ကိုးကွယ်တာဟာ တခုတည်းသောပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်ရှိဖို့ ပဲ မဟုတ်လား အရှင်ဘုရား .. ဆရာတော် ဦးကောသလဟောကြားတာလဲ တခုတည်းသော ပန်းတိုင်ကို ရောက်ရှိဖို့ ပဲ မဟုတ်လား .)))

မှန်ပါတယ်၊ ဟုတ်ပါတယ်။ နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင်ရောက်ဖို့ လိုက်နာကျင့်ကြံနေကြတာပါ။
အဲဒီလို ပန်းတိုင်ရောက်အောင် သွားဖို့အတွက် နည်းလမ်းအမှန်ဆိုတာ
ဘုရားရှင် ဟောထားပြီးသားပါ
ဘုရားရှင် ဟောပြထားတဲ့ နည်းလမ်းအမှန်အတိုင်း ဟောနေရင်
ဓမ္မစေတီ ဦးကောသလ္လ ကို အဓမ္မ၀ါဒီ အဖြစ် သတ်မှတ်စရာ မရှိပါဘူး
နည်းမှန် လမ်းမှန် မဟုတ်လို့ အဓမ္မ၀ါဒီ အဖြစ် သတ်မှတ်ကြတာပါ
ဒါကို အရင်လေ့လာပါအုံး

သေချာဖတ်ပြီးမှ ဝေဖန်ရင် အကောင်းဆုံးပေါ့

တခုတော့ ပြောပါရစေ နောက်တစ်ခါ ကွန်မန်း လာပေးရင်
နိုင်ငံရေးတွေ ဒီမိုကရေစီတွေ ပါမလာပါစေနဲ့
ဒါ ဘာသာရေး ဖြေရှင်းနေတဲ့ ဆိုဒ်ပါ
အဲဒီစကားလုံးတွေ ပါလာရင် ဦးဇင်း ကွန်မန်းကို လက်ခံမှာ မဟုတ်ပါဘူး
Delete လုပ်ပစ်ရပါလိမ့်မယ်.....

စစ်မှန်တဲ့ တရားတော်ကို သေချာလေ့လာနိုင်ပါစေ
ကောင်းဆက်လင်း said...
အားလုံးသော သံဃာတော်အပေါင်း နှင့် တတ်သိ နားလည်သော လူပုဂ္ဂိုလ်အပေါင်းတို့
တပည့်တော်တော့ ရူးချင်လာပီ.......
ဘယ်ဟာကို ဘယ်လို ယုံကြည်ပြီး ဘယ်လမ်းလိုက်ရမယ်ဆိုတာတောင် မသိဘူးဖြစ်နေတယ်။

တပည့်တော်တို့လို လူပိန်းတွေအတွက်တော့ ဝေခွဲရာမဲ့ပြီး
နောက်ဆုံး ကိုးကွယ်ရာတောင် မဲ့ရမဲ့ဘ၀တော့ ဆိုက်တော့မယ် ထင်တယ်။

ဒီနေ့လဲ ဒါလေးဖတ်လိုက်ရတယ် http://www.scribd.com/doc/25332528/%E1%81%80%E1%80%AD%E1%80%98%E1%80%87%E1%81%A8%E1%81%80%E1%80%AB%E1%80%92%E1%80%AE%E1%80%A1%E1%80%99%E1%80%8A%E1%80%B9%E1%80%81%E1%80%B6-%E1%80%A1%E1%80%99%E1%80%BD%E1%80%AC%E1%80%B8%E1%81%80%E1%80%80%E1%81%A4%E1%80%95%E1%80%AB%E1%80%96%E1%80%94%E1%80%B9%E1%80%86%E1%80%84%E1%80%B9%E1%80%B8%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%80%E1%80%AD%E1%80%AF-%E1%80%95%E1%80%B6%E1%80%AF%E1%80%B1%E1%80%96%E1%80%AC%E1%80%B9%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%B7%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8
kaung.khant75 said...
ဆရာတော်ဘုရား
တပြည့်တော်ဦးတင်လျှက်ပါတယ်ဘုရား
ဆရာတော်ကအခုအဓမ္မ၀ါဒလို့ ဓမ္မစေတီဆရာတော်ကိုပြောနေပါတယ်
ဆရာတော်ပြောတာလည်းအထောက်ထားတွေနဲ့ပါ တပြည့်တော် ဆရာတော်ရဲ့
စာသားတွေကိုကြည့်ပြီး ဆရာတော်က ဓမ္မစေဆီကို တော်တော်လေးပြစ်မှတ်ထားသလိုပါပဲ ဓမ္မစေတီဆရာတော်ကပုလ်ကိုယ်ရေးတွေကိုဝေဖန်တာတွေ ကိုယ့်ကိုကိုယ် ထေရ၀ါဒသာသနာကိုတည်ထောင်တယ်လို့ပဲပြောပြောပါ ဒါလောက်လေးနဲ့
တပြည့်တော်တို့ကအယူမှားသွားရမှာပါလားဘုရား ဘာသားခြားတွေရဲ့ရန်ကို တပြည့်တော်တို့နဲ့ ဆရာတော်တို့နဲ့ဘယ်လိုကာကွယ်ရမလည်းဆိုတာ တိုင်ပင်ညှိနိုင်းရမှာပါ အခုတော့ကိုယ့်ဘာသာချင်း အညင်းပွားနေကျတယ် ဘာသာခြားတွေက၀မ်းသာနေတယ် ဓမ္မစေတီမှားသွားခဲ့ရင်လည်းနိုင်သံတော်က မနေပါဘူး ရက်မကူးပါဘူး စစ်တပ်အုပ်ချုပ်နေတာပါ ဘုရား မိုးကုတ်ဆရာတော်ဘုရားကြီးကိုတောင် အမျိုးမျိုးဝေဖန်ကဲ့ရဲ့ပြီးအမှားတွေလုပ်ခဲ့ပါတယ် တရားတွေကမှားပါတယ်ဆိုပြီး ကမ္ဘာအေး သံဃနာယာကထိတင်ထားခဲ့သေးတာပဲ ဓမ္မစေတီလောက်ကတော့ ဘာပြောကောင်းပါမလည်းဘုရား ဓမ္မစေတီဟောခဲ့တဲ့တရားတွေဟာ နာခဲ့တဲ့သူတွေက ငရဲကြီးသွားပါသလားဘုရား?ဘုရားတပြည့်တော်လျှောက်ထားလိုသည်က အရင်ဆုံး ကိုယ့်ဘာသာချင်းစည်းလုံးစွာနဲ့ဖြေရှင်းညှိနိုင်းစေချင်ပါတယ်ဘုရား ဘာသာခြားတွေသာသနာပြုနေတာနေရာတိုင်းမှာဒါတွေကိုတော့ ဘယ်သူမှသတိမထားမိကြဘူး ဘုန်းကြီးအချင်းချင်းပြသနာဖြစ်တာ ဖုန်းကြီးအချင်းချင်းလုပ်လို့ ကျောင်းဖျက်ရတာ ကျောင်းထိုင်နေရလူနေတာတွေပဲကြားနေရပါတယ်ဘုရား ဘုရားတပြည့်တော်ရဲ့ဆန္ဒကတော့ဓမ္မစေတီဆရာတော်နဲ့ညှိနိုင်းယူသင့်ပါတယ်ဘုရား ၀က်ဆိုက်တွေမှာရေးတာတွေ စာဆောင်တွေမှာရေးတာတွေက နောက်ဆုံးလုပ်ရမှာပါဘုရား အခုတော့ဘာသာခြားတွေက အရမ်းအရမ်းဝမ်းသာစရာတွေဖြစ်ကုန်ပါပြီဘုရား။သာသနာအထွန့်ရှည်တည်တံ့လိုသူ။ အမှားတွေပါရင် ဘုရားတပြည့်တော်ဝန်ချတောင်းပန်ပါတယ်ဘုရား။
ဖျာပုံသား။
မျိုးမင်း said...
ဓမ္မစေတီရဲ့တရားတွေဟာ အဓမ္မတွေ ဆိုရင် မြန်မာနိုင်ငံမှာ တရားဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံတော်သံဃာ့နာယကအဖွဲ့ကြီးဆိုတာ အလကားဖွဲ့စည်းထားတာမဟုတ်သလို အဲ့ဒီအဖွဲ့အစည်းမှာ ရှိနေတဲ့သံဃာတော်အ၇ှင်သူမြတ်တွေကလဲအကျင့်သီလ၊ သိက္ခာ အစရှိတာတွေနဲ့ပြည့်စုံပြီးသားပါ ။ တကယ်လို့အဓမ္မတရားတွေသာဆိုရင် အဲ့ဒီအ၇ှင်သူမြတ်တွေ ဒီအတိုင်းနေမှာလား။ရှင်းရှင်းလေး
ပါ. ကိုးကွယ်ယုံကြည်သောမြန်မာပြည်သူပြည်သားတွေဟာလဲ စဉ်းစားတွေးခေါ်တတ်တဲ့ ဦးဏှောက်ရှိပါတယ်။ ကိုယ်တိုင်ယုံကြည်လို့ကိုး
ကွယ်ကြတဲ့သူချည်းပါဘဲ။ အတင်းရိုက်နှက်ပြီးတော့ ကိုးကွယ်ခိုင်းလို့လဲမရ
ပါဘူး...မြတ်စွာဘုရားဟောထားတာလဲရှိတာပဲ..သူများစိတ်ကိုသွားမစစ်နဲ့ ကိုယ်စိတ်ကိုယ်စစ် ဆိုတာကို ကျွန်တော်တို့တစ်တွေက သူများစိတ်ကို သွားစစ်နေတယ်..ဒါတော့မဟုတ်သေးဘူးထင်တယ် ။ တကယ်လို့ ဆရာတော်ဘုရားတွေ အနေနဲ့ ဓမ္မစေတီတရားတွေဟာ မဟုတ်မမှန်တဲ့တ၇ားတွေပါဆိုရင် အွန်လိုင်းမှာ အချိန်ကုန်နေမဲ့အစား နိုင်ငံတော်သံဃာ့နာယက အဖွဲ့နဲဆက်သွယ်ပြီးတော့ ရှင်လူအများရှေ့မှာဓမ္မစေတီ ဆရာတော် နဲ့ One by One သွားရောက်ဆွေးနွေးလိုက်တာ ပိုပြီးတော့သင့်တော်မယ်ထင်ပါတယ်...ဒါမှ
လည်း ဘယ်သူမှန်တယ်.ဘယ်သူမှားတယ်ဆိုတာ သိရတာပေါ့....
jack said...
walk in own way.

walk with wisdom.

don't be waste time.
min si said...
အရှင်ဘုရား....တပည့်တော်...ကြည်ညိုလေးစားမိပါတယ်ဘု၇ား....

ထေရ၀ါဒတို့တိုင်းပြည်ဘလော့ခ်မှ ကူးယူတင်ပြပါသည်။

3 Responses so far.

  1. ကောင်းတယ်။ ကောင်းတယ်။ အချင်းချင်းတွေ ဖြစ်ကြ။ ဟင်္သာကိုးသောင်းလိုဖြစ်သွားလိမ့်မယ်။

  2. ဟေ့ကောင်မင်းကပွဲ့လန့်တုန်းဖျာခင်းတဲ့ကောင်ပဲ

  3. Anonymous says:

    ဓမ္မစေတီဆရာတော်ရဲ့ ရှင်းလင်းပြတ်သား တဲ့ တရားတော်တွေကို သဘောကျမိတယ်။ ၀မ်းစာကို ရုန်းကန်နေရလို့ ဘာသာ သာသနာရေး မလှည့်နိုင်သေးပါ။ အငြင်းပွားဖွယ်များ ကို ဖတ်ရသည့် အတွက် စိတ်ပျက်မိပါတယ်။

Leave a Reply