HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label စက္ခုပါလမထေရ်. Show all posts
Showing posts with label စက္ခုပါလမထေရ်. Show all posts

မေးလျှောက်သူ  -        စက္ခုပါလမထေရ်
ဖြေဆိုသူ         -         မြတ်စွာဘုရားရှင်

မေး။    ။         မြတ်လှစွာသောအရှင်မြတ်ဘုရား… ဤသာသနာ၌ `ဓူရ` ဘယ်နှစ်ပါးရှိပါသနည်းဘုရား…။

ဖြေ။     ။         ချစ်သားမဟာပါလ… ဂန္ထဓူရ… ၀ိပဿနာဓူရ ဟူ၍ ဓူရတို့သည်နှစ်ပါးရှိကုန်၏…။

မေး။    ။         မှန်လှပါဘုရား...။ အဘယ်ကို ဂန္ထဓူရခေါ်၍ အဘယ်ကို ၀ိပဿနာဓူရ ခေါ်ကြောင်း ခွဲခြား၍ မိန့်ကြားတော်မူပါဘုရား…။

ဖြေ။     ။         ချစ်သားမဟာပါလ … မိမိ၏ဥာဏ်ပညာ အနုအရင့်ကိုလိုက်၍ တစ်ခုသော နိကာယ်ကို လည်ေးကာင်း… နှစ်ခုသော နိကာယ်ကိုလည်းကောင်း… အလုံးစုံသော ပိဋ္ဋကတ်သုံးပုံဟုဆိုအပ်သော ငါဘုရား စကားတော်တို့ကိုလည်းကောင်း သင်ယူ၍ ထိုပိဋ္ဋကတ်သုံးပုံကို ဆောင်ခြင်း… အံ့ခြင်း… ပို့ချခြင်းသည်      ဂန္ထဓူရမည်၏…။ ပေါ့ပါးသော အသက်မွေးခြင်း… ရှိသည်ဖြစ်၍ ဆိတ်ငြိမ်သော အရပ်၌ မွေ့လျှော်သော ရဟန်း၏ မိမိကိုယ်၌ ကုန်ခြင်း ပျက်ခြင်း… `ခယ၀ယ` ကမ္မဋ္ဌာန်းကို ၀ိပဿနာပွားများလျက် အရဟတ္တဖိုလ်ကို ယူခြင်းသည် ၀ိပဿနာဓူရမည်၏…။

မေး။    ။         အရှင်ဘုရား… တပည့်တော်မှာ အသက်အရွယ်ကြီးရင့်လေမှ ရဟန်းပြုလာရသူ ဖြစ်ပါသောကြောင့် စာပေသင်ကြားပို့ချမှု `ဂန္ထဓူရ` တာဝန်ကို မထမ်းဆောင်နိုင်တော့ပါ... ၀ိပဿနာဓူရ ကိုသာဖြည့်ကျင့်ပါအံ့… တပည့်တော်အား တပည့်တော်နှင့် သင်လျှော်မည့် တစ်ခုသော ကမ္မဋ္ဌာန်းတရားကို သနားချီးမြင့်တော်မူပါ…။

                   မြတ်စွာဘုရားသည် မဟာပါလရဟန်းအား အရဟတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်း တရားကိုဟောကြား၍ ပေးတော်မူလိုက်လျှင် မဟာပါလသည် ဘုရားပါးတော်မှ ဖယ်ခွာပြီး ပစ္စန္တရာဇ်အရပ်သို့ သွားရောက်ကာ ကမ္မဋ္ဌာန်းကို ပွားများအားထုတ်လေတော့သည်…။