HAZY LIFE

ပထမပို့စ်က ကြိုတင်ပြင်ဆင်မှုတွေကို ကြည့်ရှုပြီးရင်တော့ ဒီပို့စ်လေးမှာ ဘယ်လိုလောင်းလှူ လှူဒါန်း ကြလဲဆိုတာကို ဆက်လက်ကြည့်ရှု့ ကုသိုလ်ယူကြပါဦးခင်ဗျာ...

 လူငယ်တွေများလို့ အားတက်မိပါတယ်...
 သာသနာ့အလံ လွှင့်ထူလျက်...
 သာသနာ့အလံအနောက်က ရခိုင်မင်္ဂလာစည်...
ရခိုင်ပြည်နယ်မှာကလွဲလို့ တခြားနေရာတွေမှာ တွေ့ရခဲလှတဲ့ မောင်တောမြို့ ရခိုင်စည်အဖွဲ့အနီးကပ်
မြတ်စွာဘုရားကို ရှေ့ဆုံးမှာ အမှူးထား၍...
 ရှေ့ဆုံးမှ ဘင်္ဂလားကျောင်းတိုက် ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီး...
  အခုလို အားရပါးရ သဒ္ဒါထက်သန်စွာ လှူဒါန်းကြသည်...
 သံဃာတော် ၂၀၆ ပါး လှည့်လည် အလှူခံစဉ်...
ရိုရိုသေသေ လှူဒါန်းနေသော...
 ကြွချီလာမည့် ဘုရားနှင့်တကွ သံဃာတော် အရှင်သူမြတ်များအား စောင့်မျှော်နေကြပုံ...
 အဝေးတစ်နေရာမှ မြင်ကွင်းတစ်ခု...
 အားရပါးရ လောင်းလှူကြသည်...
 ကပ္ပိယများလည်း တော်တော်လေးပင်ပန်းကြမှာ အမှန်ပါပဲ (လှူဖွယ်တွေ များတာကိုး)...
 ညနေစောင်းအချိန်တောင် ရောက်ရှိလာပြီ...
 ကိုရင်များနှင့်ကိုရင်တို့၏ ကပ္ပိယများ...
 တတ်အားသရွှေ့အလှူခံပေးနေတဲ့ အရုပ်ကြီး ၂ရုပ်...

ဒီလိုပွဲတော်မျိုးမှာ လူငယ်တွေ အများဆုံးပါဝင်နိုင်တာကိုပဲ အလွန်ဝမ်းသာမိပါတယ်... သာသနာကို ထိန်းသိမ်း စောင့်ရှောက်မှာ ဆရာတော်တွေဖြစ်ပါတယ်... 

တိုင်းပြည် နဲ့ဘာသာကို ထိန်းသိမ်းစောင့်ရှောက်မှာကတော့ လူငယ်တွေပဲဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲ... ဗုဒ္ဓဘာသာရေးအတွက် ခြေလက်မနှေးကြတဲ့ လူငယ်တွေအတွက် ဒီပို့စ်လေးနဲ့
ဂုဏ်ပြု ဂုဏ်ယူ လိုက်ပါတယ်ခင်ဗျာ...။

အားလုံးကိုကျေးဇူးတင်ပါတယ်...

ဇင်မျိုး...

Leave a Reply