HAZY LIFE

 

ဓမ္မဒါနဆိုတာ တရားအလှူပါ၊ တရားအလှူနဲ့ပတ်သက်ပြီး ကိံဒဒသုတ်မှာ “အမတံ ဒဒေါ စ သော ဟောတိ၊ ယော ဓမ္မမနုသာသတိ”လို့ ဘုရားရှင် ဟောကြားထားပါတယ်။
အဓိပ္ပါယ်က ဘုရားဟောစာပေများ ပို့ချပေးခြင်း၊ သင်ကြားပေးခြင်း၊ ဘာသာရေး အမေးပြဿနာများကို ရှင်းလင်းဖြေကြားပေးခြင်း၊ ကမ္မဋ္ဌာန်းတရားပြသပေးခြင်း၊ သွန်သင်ဆုံးမ နည်းလမ်းညွန်ပြပေးခြင်းစတဲ့ တရားအလှူများဟာ သံသရာဝဋ်က လွတ်ရာလွတ်ကြောင်း လမ်းကောင်းကို ညွန်ပြပေးနေတာ ဖြစ်တဲ့အတွက်ကြောင့် အမတဒါန အမြိုက်နိဗ္ဗာန်ကို ပေးလှူရာ ရောက်ပါတယ်။

ဒါကြောင့်လည်း အလှူဟူသမျှတို့မှာ ဓမ္မဒါနဆိုတဲ့ တရားအလှူဟာ အသာဆုံး အမြတ်ဆုံးလို့ ဓမ္မပဒပါဠိတော်၊ တဏှာဝဂ်၊ သက္ကပဥှဝတ္ထု (၆၄)မှာ ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။ သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ တဏှာက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။ တရားအလှူဟာ အလှူဟူသမျှတို့ကို အောင်နိုင်တယ်၊ (အသာဆုံးအမြတ်ဆုံးဖြစ်တယ်)။ တရားအရသာဟာ အရသာဟူသမျှတို့ကို အောင်နိုင်တယ်၊ (အသာဆုံးအမြတ်ဆုံးဖြစ်တယ်)။ တရားနဲ့ မွေ့လျော်တာဟာ မွေ့လျော်မှုဟူသမျှတို့ကို အောင်နိုင်တယ်၊(အသာဆုံးအမြတ်အဆုံးဖြစ်တယ်)။ တဏှာကုန်ရာ နိဗ္ဗာန်တရားဟာ ဆင်းရဲဒုက္ခဟူသမျှကို အောင်နိုင်တယ်။ ဒါဆိုရင် ဓမ္မဒါနအကြောင်း သဘောပေါက်ပြီထင်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com

Leave a Reply