အလောင်းမှန် ရထားဆိုက်သည်
ဘုရားအလောင်းအလျာတို့အား တန်ဖိုးအလျောက် ဖုဿရထားဆိုက်၍ အထွတ် အမြတ်သို့ရောက်ရသော ဇနကဇာတ်ကို ထောက်၍အလောင်းအလျာမှန်က ရထားဆိုက် သည်ဟုဆိုလိုသည်။ (အသုဘအလောင်းရှိရာ အလောင်းတင်ရထားဆိုက်သည်ဟု အချို့ယူဆနေကြသည်။) ထိုက်လျော်သောသူသည် မိမိအရည်အချင်းအားလျော်စွာ ထိုက်လျော်သော အခွင့်အလမ်းရရှိနိုင်ကြောင်း ဖော်ပြသုံးနှုန်းသည်။
ကိုးကား...