HAZY LIFE

မနေ့က သီတင်းကျွတ်လပြည့်နေမှာ သူငယ်ချင်းတွေနဲ့အတူ အလှူအဒါန်းလေးတစ်ခုလုပ်ဖို့ ရောက်ရှိခဲ့
တဲ့နေရာလေးတစ်ခုကို ပြန်ပြီး မျှဝေချင်လို့ပါ... အဲဒီ နေရာလေးကတော့ ကျွန်တော်လက်ရှိ အလုပ်နဲ့
ရောက်ရှိနေတဲ့ မောင်တောမြို့ရဲ့ တစ်နေရာဖြစ်တဲ့ (၆)မိုင်တောင် ဆိုတဲ့နေရာလေးတစ်ခုပါ... အဲ့ဒီ
တောင်ရဲ့ထူးခြားချက်ကတော့ မြတ်စွာဘုရားရဲ့ ဓါတ်တော်များစွာထဲမှ တစ်ဆူဖြစ်တဲ့ ၀ဲဖက်ဖနောင့်တော် ဓါတ်ကို တည်ထားကိုးကွယ်ထားတဲ့ စေတီဖြစ်ပါတယ်... (ရခိုင်ပြည်နယ်မှာ မြတ်စွာဘုရား ဓါတ်တော်နဲ့ တည်ထားတဲ့ စေတီများစွာရှိပါတယ် အချိန်ရရင် တင်ပြပါဦးမယ်... ဓါတ်တော်တွေရောက်ရှိလာပုံနဲ့ ပတ်သက်တဲ့ အထောက်အထား စာအုပ်စာပေများလည်း ကျွန်တော်ရရှိထားပါတယ် အချိန်ရရင် တင်ပေးပါ့မယ်...) ဒီပို့စ်လေးကိုတော့ ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ တင်ပြလိုက်တယ်...

(၆)မိုင်တောင်စေတီ မုခ်ဦးအဝေးမြင်ကွင်း
(၆)မိုင်တောင်စေတီမုခ်ဦး အနီးကပ်မြင်ကွင်း
တောင်ပေါ်မှ လှပတဲ့ မြင်ကွင်းတစ်ခု
 တောင်အလယ်လောက်မှာရှိတဲ့ နားနေတဲ့ဇရပ်လေးတစ်ခုမှာ ပူပြီး ပင်ပန်းလွန်းလို့တဲ့
လာပါပြီ ပြိုင်စံရှား အမောအပန်းဒဏ် ခံနိုင်သူကြီး :D
 လက်ဝဲဖနောင့်ဓါတ်တော်စေတီ (တောင်ရဲ့ထိပ်ဆုံးမှာတည်ထားတာပါ...)

 ကျွန်တော်တို့သူငယ်ချင်းတွေသီတင်းကျွတ်လပြည့်အလှူဒါန နဲ့ ဥပုသ်သီလ ယူခဲ့တဲ့ တောင်ပေါ်ကျောင်းလေး...
ဥပုသ်သီလယူဖို့ စောင့်နေကြတဲ့ ဥပုသ်သည်များ...
 နေ့ဆွမ်းအတွက် ပြင်ဆင်နေကြတဲ့ ဝေယာဝစ္စအဖွဲ့...
 ဆရာတော်ရဲ့ သီလပေးကို ခံယူနေကြချိန်... (ကိုးပါးသီလ ပေးပါတယ်...)
ဆွမ်းအတွက် အပြင်ဆင်...
 ဘုန်းကြီးဆွမ်းဘုန်းပြီးတာနဲ့ ဥပုသ်သည်တွေအလှည့်...

သူငယ်ချင်းအားလုံးရဲ့...

ဇင်မျိုး...



Leave a Reply