HAZY LIFE


မနေ့က (၁၅.၁၁.၂၀၁၁) မှာ မောင်တောမြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်ခဲ့ပါတယ်... သံဃာတော်အပါး ၂၀၆ ပါးကို ပင့်ဖိတ်ခဲ့တဲ့ ဒီ အလှူပွဲလေးကို အများသူငှာ သာဓု ခေါ်ဆိုနိုင်ဖို့ ယခု
ပို့စ်လေးကို ဓါတ်ပုံများ ဝေေ၀ဆာဆာနဲ့ တင်ပြလိုက်ပါတယ်ခင်ဗျာ... ကျွန်တော် ဆွမ်းဆန်စိမ်း အတွက်
ပို့စ် ၂ခု တင်ပါ့မယ်... အခုတင်ပေးလိုက်တဲ့ ပို့စ်လေးကတော့ ကြိုတင်ပြင်ဆင်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ညီအောင်လို့ လှူဒါန်းမဲ့ ကုသိုလ်ရှင်တွေ ဘယ်လိုတွေ ပြင်ထားလဲဆိုတာ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားလို့ ဓါတ်ပုံလိုက်ရိုက်ပြီး တင်ပေးလိုက်တာဖြစ်ပါတယ်...

သီရိမင်္ဂလာခန်းမကနေ စတင်မထွက်ခွါမှီ ၃၀မိနစ် အလိုလောက်ကပါ...
 သံဃာအပါး ၂၀၆ ပါး (ဆွမ်းဆန်စိမ်း အလှူခံမကြွမှီ သံဃာတော် အရှင်သူမြတ်တစ်ပါးမှ တရားဟော ရေစက်ချ အမျှဝေ ပြုလုပ်ပေးပါတယ်...)
  သံဃာတော်များနောက်မှ လိုက်ပါပေးမဲ့ ကပ္ပိယများ...
လှည့်လည်အလှူခံပေးဦးမဲ့ အရုပ်ကြီးများ...
ဒါကတော့ န.စ.က ဌာနာချုပ်မှ လှူဒါန်းဖို့ ပြင်ဆင်ထားတဲ့ မဏ္ဍပ်ပါ...
 ဒါကတော့ ခရိုင်ထွေ/အုပ် နဲ့ မြို့နယ်ထွေ/အုပ် တို့ရဲ့ အလှူမဏ္ဍပ်ပါ...
 ဒါကတော့ ရဲတပ်ရင်း မှ စုပေါင်းအလှူ...
 ဆွမ်းဆန်စိမ်းလောင်းဖို့ စောင့်နေကြတဲ့ ကလေးငယ်များ...
 အ.လ.က(၁)မောင်တော မှ ကျောင်းသူကျောင်းသား ဆရာမများအလှူ...
 သပ်သပ်ရပ်ရပ် ပြင်ဆင်စောင့်ဆိုင်းနေကြတဲ့ နေရာလေးတစ်ခု...
 ချစ်စရာ့ ကလေးငယ်...
 ဒါနေရာလေးကလည်း တစ်မျိုး သပ်သပ်ရပ်ရပ်လေး ရှိတယ်...
စုရုံး စုရုံး တစ်နေရာ...
နေပူလည်း ပူပါစေ ထီးမိုးထားတယ်...
 ပြည်ခိုင်ဖြိုး တဲ့...
လှူဖွယ်ပစ္စည်းစုံစုံလင်လင်ဖြင့်...
 ရဲတပ်ဖွဲ့...
 လှလှပပ ပုံထားသည်...
ဆွမ်းလောင်းအဖွဲ့တစ်ခုမှ...
 တော်တော်လေးကို ပြည့်စုံပါတယ်...
 မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ မဏ္ဍပ်...
 မောင်တော ကုန်သည်များအသင်းမဏ္ဍပ်...
 ယမ်ယမ်...ဆန်...ဂေါ်ဇီလာ...
 ဆိပ်ကမ်းရွာ/ဒါက်ရွာ အလှူမဏ္ဍပ်...
 ရှိတ္တာရွာ ဆွမ်းလောင်းအဖွဲ့...
 ဆွမ်းခံကြွမဲ့ လမ်းတစ်လျှောက်...
 ဟိန္ဒူဗုဒ္ဓဘာသာများ...
 ရ.တ.ပ ရဲ့အလှူ...
အဆင်မပြေတာများမရှိရင် comment ဖြစ်ဖြစ် cbox မှာဖြစ်ဖြစ် ပြောကြားခဲ့နိုင်ပါတယ်ခင်ဗျာ...

အားလုံးကိုကျေးဇူးတင်ပါတယ်...

ဇင်မျိုး...

Leave a Reply