ဒီနေ့တော့ အလုပ်လာရင်း ခြင်တစ်ကောင် အကြောင်းပြုလို့ ရုံးက လူတစ်ယောက်နဲ့ နည်းနည်းလေး စကားများခဲ့ပါသေးတယ်... စကားများတယ်ဆိုလို့ အော်ကြီးဟစ်ကျယ်လို့ မထင်ပါနဲ့... သာမာန်လေသံ
နဲ့ပဲ ပြောနေဆိုနေကျပုံစံအတိုင်း စကားများကြတာပါ... ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့ကိုလာကြိုတဲ့
ရုံးကားက ညတစ်ညလုံး အမှောင်ထဲမှာ ရပ်ခဲ့ရတော့... ခြင်တွေဝင်အောင်နေမှာပေါ့... အဲဒါက ဖြစ်ရိုး
ဖြစ်စဉ်ပါ... ထွေထွေထူးထူးလည်းမဟုတ်ပါဘူး... ခြင်တွေဝင်အောင်းတယ်... နောက်နေ့မနက်စောစော
ကားတံခါးတွေဖွင့်လိုက်ရင် ထွက်သွားမှာပဲ... မထွက်နိုင်တဲ့ နည်းနည်းတော့ ကျန်ရင်လည်း ကျန်မှာပေါ့
အဲဒါက ပြဿနာကြီးလည်းမဟုတ်ဘူး... ဖြစ်ပုံက ဒီလို...
ကျွန်တော်တို့ရုံးကားက အမြဲတမ်းမှန်ပိတ်ပြီးမောင်းရတယ်... အဲဒီတော့ အထဲမှာ ရှိနေရင်တော့ အဲဒီခြင်
ဘယ်ထွက်နိုင်တော့မလဲ... မနက်တုန်းက မှန်ဖွင့်ချိန် ထွက်လို့ရတဲ့ အကောင်လေးတွေပဲ လွတ်မှာပေါ့
ဖယ်ရီကြိုရင် ကျွန်တော်က ဒုတိယ ဆုံရပ်ဆိုတော့ အမြဲတမ်းဒေါင့်နေရာရတယ်... အဲဒါနဲ့ ပုံမှန်အတိုင်း
ဖယ်ရီကြိုလာလိုက်တယ်... လူစုံလို့ လမ်းတစ်ဝက်လည်းရောက်ရော ကျွန်တော့်ဘေးနားက ဘွားတော်က
ပညာပြပါလေရော... လက်တစ်ရမ်းရမ်းနဲ့ ဖမ်းဆုတ်လိုက်... ဖျတ်ဖျတ်နဲ့ လက်ဝါးနှစ်ခုပူးပြီးရိုက်လိုက်နဲ့..
ကျွန်တော်ကြည့်လိုက်တော့ ခြင်တစ်ကောင်ကို သဲကြီးမဲကြီး လိုက်ချေမှုန်းနေတာ သိလိုက်တယ်...အစက
တော့မပြောဘူး... သူလည်း မိမှမဟုတ်ဘူးလေ... ခြင်က ပျံတာတစ်ခြား သူက ရိုက်တာ တခြားချည်းပဲကိုး
အဲဒါနဲ့ ၂ ခါလောက်တော့မပြောဘူး... နောက် ၃ ခေါက် ၄ ခေါက်ကျတော့ ကျွန်တော်လည်း မနေနိုင်
တော့ဘူး... မလုပ်နဲ့တော့ တော်ပါတော့လို့... အဲဒါကို မရဘူး... ကျွန်တော်လည်း ပြောမရတာနဲ့ သူ့
လက်ကို ရိုက်လိုက်တယ်... ခြင်ရိုက်သလိုမျိုးပေါ့... အဲဒါသူက နည်းနည်းတင်းသွားပြီးမေးတယ်... ဘာလို့
သူ့ကိုရိုက်တာလဲပေါ့... ကားမှာလည်း တခြားလူတွေက အဲဒီကိစ္စကို အသံလေးတိတ်ပြီးစပ်စုနေကြတယ် (အရင်နေ့တွေဆို ကားပေါ်မှာ ဆူညံနေတာပါပဲ) ကျွန်တော်ကလည်း ပြန်ပြောလိုက်တယ်...
ခြင်လိုက်ရိုက်ရင်းနဲ့ ကျွန်တော့် မျက်နှာနားလက်ရောက်လာလို့လို့... (တကယ်လည်း အဲဒါကြောင့် ရိုက်တာပါတယ်...) ပြီးတော့ သူ့ ခြင်လိုက်ရိုက်တာကို ကြည့်မရတာက အဓိကပေါ့... သူလည်း ခဏငြိမ်
သွားတယ်... ပြီးတော့ ဇာတ်လမ်းပြန်စပါလေရော... ကျွန်တော်လည်း သည်းမခံနိုင်တော့ဘူး... ခပ်ပြတ်
ပြတ်ပဲပြောလိုက်တယ်... ဒီတစ်ခါ အဲဒီခြင်ကို လိုက်ရိုက်နေရင် သည်းမခံတော့ဘူးနော်လို့... နောက်အဲ
လိုခြင်မမြင်ချင်ရင် ကားဆရာတွေကိုပြောထား... ခြင်တွေ ကုန်အောင်ခါပြီးမှ ကားထွက်ပါလို့... အဲလို
ပြောတော့ ကားဆရာက သူ့ဘက်လှည့်လာတော့ ၀င်ငြင်းရော... ကျွန်တော်လည်း ခြင်တွေ အကုန်ကုန်
အောင်ဘယ်ခါနိုင်မလဲတဲ့... သူ့ဟာသူရှိနေတာ ဘယ်တတ်နိုင်မလဲ ဆိုပြီးဝင်ပြောရော... အဲဒါနဲ့ ကျွန်တော်ကလည်း အဲ့ဒီအဖြေကိုစောင့်နေတာ... သူ့ဟာသူရှိတာ ဘယ်တတ်နိုင်မလဲ တအားမှန်တယ်
လို့... အဲဒါကြောင့် သူ့ဟာသူ့ရှိနေတဲ့အရာကို ဒီအတိုင်းပဲ ထားလိုက်ပါ... လိုက်မသတ်နေပါနဲ့...
ကျွန်တော့်အရှေ့မှာ ဘယ်သတ္တ၀ါမှ သတ်တာမကြိုက်ဘူးလို့ ပြောလိုက်တယ်... အဲ့ဒီတော့ သူက တစ်ယောက်တည်း တစ်လမ်းလုံးပွစိပွစိလုပ်လာပါလေရော... ကျွန်တော်လည်း ထုံးစံအတိုင်း သီချင်းဖွင့်
နားကြပ်လေးတပ်ပြီး တစ်လမ်းလုံး ငြိမ့်လာလိုက်တယ်...
ရုံးရောက်တော့ ကျွန်တော်လည်း နည်းနည်းပြန်သုံးသပ်ကြည့်တယ်... ပါဏာတိပါတကံ ဆိုတဲ့အရာက
ဘယ်လိုဆိုရင် ကံမြောက်သလဲပေါ့... ကျွန်တော်လည်း မေ့တေ့တေ့ရယ်... ဦးဏှောက်က အဲလို...
သေချာစဉ်းစားတော့ ပါဏာတိပါတကံမြောက်မမြောက်က အရင်မထွက်လာဘူး... ကျွန်တော် ရန်ကုန်မှာ
နေတုန်းက ဆရာဦးမြကြိုင်(ဦးထွန်းလင်းခြံလမ်း...လှည်းတန်း) အဲဒီဆရာကြီးဆီမှာ ၆ လလောက်တက်ခဲ့
တယ်... ကျွန်တော် အရမ်းလေးစားရတဲ့ ဆရာကြီးပါ... အင်္ဂလိပ်စာမှာလည်း တအားတော်သလို တပည့်
တွေကို သွန်သင်တဲ့နေရာမှာလည်း တအားတော်ပါတယ်... ဆရာပြောခဲ့တဲ့ စကားလေးကို အရင်ဆုံး
သတိရမိလိုက်တယ်... အဲဒါကတော့ ကုသိုလ် အကုသိုလ် လုပ်မယ်ဆို အရင်ဆုံးသတိရဖို့က
ကိုယ်တိုင် တိုက်တွန်း ချီးကျူး စိတ်တူ တဲ့ အဲဒီစာသားလေးကို ငါ့တပည့်တို့ သေချာမှတ်ထားကြ ကုသိုလ်ဆိုလည်း ဒီလေးမျိုး သာတူညီမျှ ရသလို အကုသိုလ်ဆိုလည်း တူတူပဲဆိုတဲ့ဆရာ့စကား ယနေ့တိုင်း နားထဲကြားယောင်နေပါတယ်... အဲဒါနဲ့ ကျွန်တော်လည်း ပါဏာတိပါတကံမြောက်တဲ့ ကိစ္စကို ဆက်ပြီး စဉ်းစားမိတယ်... အဲဒီ ကံမြောက်ဖို့ဆိုရင်တော့ အင်္ဂါ ၅ ချက်နဲ့ပြည့်စုံရမယ်...
၁... ပါဏော = သက်ရှိလည်းဖြစ်
၂... ပါဏသညိတာ = သတ္တ၀ါလို့လည်း မှတ်ယူ
၃... ၀ဓကစိတ္တံ = သေစေလိုတဲ့စေတနာလည်းရှိ
၎... ဥပက္ကမော = လုံ့လအားထုတ်မှုလည်းပြု
၅... မရဏံ = သေလည်းသေ
အဲဒီ အင်္ဂါ ၅ ချက်ကို ပြန်စဉ်းစားလို့ ရလိုက်တယ်... အဲဒီတော့ ခုဏက ကိစ္စကို ပြန်စဉ်းစားမယ်ဆို ကျွန်တော့် ဘေးက ဘွားတော်က နံပါတ် ၁. ၂. ၃. ၄ အဲဒီ ၄ ခုတော့ ပြည့်စုံတာသေချာတယ်... ဒါပေမယ့် နံပတ် ၅ ဖြစ်တဲ့ သေလည်းသေ ဆိုတဲ့ အချက်က မပါသွားဘူး အဲဒီတော့ မသေသွားဘူး... သူလည်း ပါဏာတိပါတကံမမြောက်တော့ဘူး... ဒါပေမယ့် ဆိုင်ရာဆိုင်ရာ အကုသိုလ်တော့ ဖြစ်တာပေါ့
ဘာပဲဖြစ်ဖြစ် ခြင်တစ်ကောင်ပင်ဖြစ်လင့်ကစား အသက်တစ်ချောင်းဖြစ်တဲ့အတွက် တားနိုင်လိုက်တဲ့
ကျွန်တော့်အတွက်ကတော့ပျော်ရတာပေါ့...
ဒီပို့စ်လေးမှာပဲ စကားစပ်လို့ သေခြင်း ၄ မျိုးအကြောင်းကိုလည်း တခါတည်းပြောပြချင်ပါတယ်...
၁... သက်တမ်းကုန်လို့ သေခြင်း
၂... ကံကုန်လို့သေခြင်း
၃... သက်တမ်း+ကံ နှစ်ခုလုံး ကုန်လို့သေခြင်း
၎... လတ်တလော ကံဆိုးဖြတ်ချွေလို့ သေခြင်း
အဲလို သေခြင်း ၄ မျိုးကနေ နံပါတ် ၁. ၂. ၃. နဲ့သေတာမဟုတ်ပဲ... နံပါတ်လေးဖြစ်တဲ့ ကိုယ့်ရဲ့လုံ့လ
အားစိုက်ပြီး သေစေလိုတဲ့ စိတ်နဲ့ တခြားသော သတ္တ၀ါတွေ ကံဆိုးဖြတ်ချွေခြင်းဖြစ်ပြီး သေရတာမျိုး မဖြစ်စေရပါဘူး မပြုလုပ်ပါဘူးလို့ ခံယူကျင့်သုံးဆောက်တည်တာဟာ ပါဏာတိပါတကံ (ကာယကံ) ကိုစောင့်ထိန်းလိုက်တာတစ်မျိုးပါပဲလို့ ပြောကြားရင်းနဲ့ပဲ... နိဂုံးချုပ်လိုက်ပါတယ်...
သူငယ်ချင်းအားလုံးရဲ့...
ဇင်မျိုး...
Categories:
ကံ,
ကိုယ်တိုင်ရေး,
ပါဏာတိပါတ,
ဘာသာရေး
ဦးဇင်မျိုး...
ဘာလို့မီးတို့ကြောက်အောင် ပုံတွေတင်ရတာလဲ ( ကလေးအတွေး)
ဟုတ်ကဲ့... ခုလို သိရလို့ကျေးဇူးပါနော် အကို..
ကြောက်အောင်တင်တာမဟုတ်ပါဘူးဗျာ... ကျွန်တော့်ပို့စ်တွေတော်တော်များများက စာတွေချည်းပဲဖြစ်နေလို့... ဒီပို့စ်နဲ့ ကိုက်ညီတဲ့ ပုံလေးရှိနေတာနဲ့တင်လိုက်တာ.... လာလည်တာကျေးဇူးတင်ပါတယ်ဗျာ...