HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်

Showing posts with label အယူမှားများ. Show all posts
Showing posts with label အယူမှားများ. Show all posts



ဘာသာရေးနဲ့ပတ်သက်ပြီး ပုခုံးပြောင်းတာဝန်ကို တက်တက်ကြွကြွ စိတ်ပါဝင်စားစွာ လုပ်ကိုင်နေကြတဲ့..
လူငယ်မျိုးဆက်သစ်တွေကြားမှာ.. စိတ်မချမ်းမြေ့ဖွယ် အယူအဆတစ်ခုကိုမကြာခဏ တွေ့ရှိနေရပါတယ်..
အဲဒါကတော့ ဘုရားဟော တရားစာပေများနဲ့ ပတ်သက်ပြီး..
ကိုယ်နားမလည်နိုင်တဲ့အယူအဆ၊ ခေတ်ကာလ.. အတွေးအမြင်နဲ့ မကိုက်ညီတဲ့ အတွေးအခေါ်..
ကိုယ့်အမြင်မှာ တိတ္တရသ ဆန်တယ်ထင်တဲ့.. အရေးအသားတွေ.. စာပေတွေ..တွေ့ရင်၊ မြင်ရင်..
ဒါမှမဟုတ် ဘာသာခြားတွေက မေးမြန်းလာရင်..ဒါ.. အဋ္ဌကထာထဲက ဟာတွေပဲ.. ဘုရားဟော
ပါဠိတိုက်ရိုက်မဟုတ်ဘူး.. ရှင်မဟာဗုဒ္ဓဂေါသရဲ့ လက်ရာတွေပဲ.. ဒါတွေကို ကျုပ်တို့က လက်မခံဘူး..
စသဖြင့် အဋ္ဌကထာ၊ ဋီကာတွေကို ခါးသီးစွာ လူလိမ်တွေက ပြုစုထားတဲ့ ကျမ်းစာတွေပမာ..
ပြောတတ်၊ ဆိုတတ်ကြတယ်..

တချို့လူငယ်တွေကလည်း.. အဋ္ဌကထာဆိုတာ.. ပါဠိတော်တွေကို ပုံပြင်တွေနဲ့
တန်ဆာဆင် ဟောပြောထားတာပဲ.. ဘုရားဟော တိုက်ရိုက်မဟုတ်ဘူး စသဖြင့်..
အဋ္ဌကထာဟူသည်.. မုသာဝါဒ အပေါင်းတို့ စုဝေးရာ စာပေသဖွယ်.. မိမိဘာသာစာပေ
အနှစ်သာရကို သေးသိမ်အောင်၊ ချိုးနှိမ်ပြောဆိုလေ့ ရှိတာကို မကြာခဏ တွေ့မြင်နေရပါတယ်...

ဒီအတွေးအခေါ်တွေ.. ဘယ်ကရောက်လာပြီး ဘယ်လိုကျယ်ပြန့်လာတယ်ဆိုတာ ဆန်းစစ်ကြည့်တော့..
ပင်ကိုယ် သဘာဝအားဖြင့် လူငယ်တွေဟာ.. ဆန်းသစ်မှု။ ရှေးရိုးစွဲအယူအဆများကို
ဆန့်ကျင်လိုမှု၊ သဘာဝယုတ္တိကိုပဲ လက်ခံယုံကြည်နိုင်မှုစတဲ့ အမူအကျင့်တွေရှိတတ်ပါတယ်..

ဘာသာခြားတွေနဲ့ ဘာသာရေးကိစ္စ ငြင်းခုန်ပြောဆိုကြတဲ့အခါ..ဒီကိစ္စနဲ့ပတ်သက်ပြီး
သမိုင်းမှာ အခိုင်အမာရှိခဲ့တဲ့ ကျောက်ကွင်းအရေးတော်ပုံလို မှတ်တမ်းစာအုပ်တွေကို လေ့လာကိုးကား
မိတတ်ကြတယ်..ဒါကတော့အခုမျိုးဆက်မှမဟုတ်ပါဘူး.. ရှေ့ကမျိုးဆက်မှာလည်း ဒီလိုပဲ ရှိခဲ့တာပါပဲ..
ဒီစာတွေ ဖတ်ပြီး မိမိဘာသာဖက်က ပိုင်နိုင်စွာ ချေပပြောဆိုနိုင်တဲ့ ရှင်ဥက္ကဌ-ဟာ
စာဖတ်သူရဲ့ အတွေးပုံရိပ်မှာ..တကယ့်လူစွမ်းကောင်း ဟီးရိုးကြီးပမာ ထင်မြင်ယူဆမိတတ်တာ သဘာဝပါ..

ဒီကိစ္စမှာ တကယ်လည်း တော်တဲ့ အရည်အချင်းရှိတဲ့ ဆရာတော်တစ်ပါးဆိုတာကိုတော့ လက်ခံရမှာပါပဲ..
ပြီးတော့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို လေ့လာချင်သူ လူငယ်တွေဟာ
စာအုပ်စင်မှာ ဘယ်စာအုပ်ကို ဖတ်ရင်ကောင်းမလဲလို့..
စာအုပ်ခေါင်းစဉ်တွေကို အရင်လေ့လာကြည့်တာအခါ..ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ ဆိုတဲ့ စာအုပ်ခေါင်းစဉ်ဟာ
မိမိသိလိုတာတွေကို သိရှိနိုင်မယ့် စာအုပ်လို့ စာအုပ်နာမည်ကို ကြည့်ပြီး
ထင်မြင်ယူဆမိတတ်ကြတယ်..

ဒီလိုနဲ့.. ဘာသာရေးစာပေမျိုးစုံကို ထောင့်စိအောင် မလေ့လာမီ..တနည်းအားဖြင့်.. စာဖတ်ပါးမ၀ခင်..
ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို မြင်နိုင်သေးတဲ့ အသိဥာဏ် မရင့်ကျက်မီ..
ဘာသာ၊ သာသနာအပေါ်ထားအပ်တဲ့ သဒ္ဓါတရား အားမကောင်းမီ.. အဲဒီစာအုပ်တွေကို ဖတ်ရှုမိသူ
လူငယ်တွေဟာ..အဲဒီစာအုပ်တွေရဲ့ အယူအဆမှားတွေကို အဟုတ်ကြီးထင်ပြီး.. တကယ့်ကို
လက်တွေ့ဆန်တဲ့ စာအုပ်တွေလို့ ထင်မြင်ယူဆသွားတတ်ကြတယ်..

တကယ်တော့ အဲဒီစာအုပ်တွေကို ရေးသားတဲ့ ပုဂ္ဂိုလ်များဟာ ဗုဒ္ဓဘာသာကို သညာသိ၊ စာသိမျှနဲ့
လမ်းဆုံးနေကြသူများ ဖြစ်တဲ့အပြင်.. ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအပေါ် သဒ္ဓါတရား လွန်စွာနည်းပါးလှတဲ့
အမည်ခံ ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ပါတယ်.. သူတို့ဟာ ဘာသာရဲ့ အနှစ်သာရကို လက်တွေ့ကျင့်ကြံအားထုတ်မှု
လုံးဝ မပြုလုပ်ပဲ အနောက်တိုင်းက ဘာသာခြားစာရေးဆရာများရဲ့ လိုရာဆွဲရေးတဲ့စာအုပ်၊ စာပေတွေကိုသာ..
တကယ့်အားကိုးအားထားပြုဖွယ် အနှစ်သာရအစစ်အမှန်များပမာ.. ရာခိုင်နှုန်းပြည့် ကိုးကားခဲ့ကြတာပါ..

ပြည်တွင်းက ပရိယတ်၊ ပဋိပတ်စွယ်စုံ တတ်ကျွမ်းသူ.. လက်တွေ့ကျင့်ကြံ ပြီးမြောက်ကြသူတွေ ရေးသားပြုစုတဲ့
စာပေတွေကိုတော့ မျက်ကွယ်ပြုခဲ့ကြတယ်..အနှစ်သာရကို အထဲထိ နှိုက်ပြီးရှာဖွေဖို့ သဒ္ဓါတရား အခြေခံတောင် မရှိ၊
မဖြစ်ခဲ့ကြပါဘူး.. အဲဒီဘာသာခြား စာရေးဆရာတွေဟာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ၊ သဘောသဘာဝအမှန်ကို
လက်တွေ့ကျင်ကြံမှုအပိုင်း.. လုံးဝမရှိပဲ.. ပျောက်သောသူ ရှာဖွေသလို
ဗုဒ္ဓဘာသာကို ခုနှစ်သက္ကရာဇ်၊ သမိုင်းအမှတ်အသားတွေထဲမှာ..ရှာဖွေသုံးသပ်ကြသူတွေ ဖြစ်တယ်..

တကယ်တော့ လက်ရှိအထင်အရှား ရှိနေတဲ့ ဗုဒ္ဓဘာသာရဲ့ အဖြစ်မှန်တွေကို အမှန်တကယ်သိချင်ရင်..
အရင်အားထုတ်လေ့လာ ကြည့်ရမှာပါ.. လောကရဲ့ အမှန်တရားတွေကို မြင်နိုင်တဲ့ အသိဥာဏ်
အထိုက်အလျောက် ရလာတော့မှ.. ဗုဒ္ဓရဲ့မဟာဥာဏ်တော်ကြီးကို အရိပ်အမြွတ်
သိနားလည်လာနိုင်တာပါ.. အနှစ်သာရကို သင့်တင့်အောင်နှလုံး သွင်းနိုင်တဲ့ အသိဥာဏ်ရှိမှ
ပြင်ပဗဟိဒ္ဓိကိစ္စတွေကို သမာသမတ်ကျစွာ ဆင်ခြင်နိုင်မှာပါ..
အခုတော့ လေ့လာသိရှိထားတဲ့ သမိုင်းနယ်ပယ် ခပ်ကျဉ်းကျဉ်းလေးကိုပဲ ဗဟိုပြုပြီး



ကျောင်းသားဘဝက .. စာမေးပွဲအောင်ဖို့ သူရဿတီဂါထာကို အကြိမ်ကြိမ်ရွတ်ဆိုခဲ့ဖူးပါတယ်။ ရွတ်ဆိုလို့လား ကိုယ့်အားထုတ်မှုကြောင့်လား ရှင်းရှင်လင်းလင်းတော့ မပြောတတ် စာမေးပွဲတွေလည်း အလီလီအောင်မြင်ခဲ့ဖူး ပါတယ်။ ထူးဆန်းတာက ယုံကြည်မှုရှိလာရင် ယုတ္တိရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ.. စွမ်းအားတွေ ၊ သတ္တိတွေဖြစ်လာတာကတော့ အမှန်ပါပဲ။ အသက်အရွယ်အရ စဉ်စားတတ်တဲ့ အချိန်ရောက်မှ သူရဿတီ ဘယ်ကစလို့ ကိုးကွယ်ခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။

သူရဿတီဆိုတာ အန္ဒိယသူပါ… အိန္ဒိယသူဆိုပေမယ့် တကယ့် လူသားစင်စစ် မဟုတ်ပါဘူး မြစ်တတစ်ရဲ့ အမည်နာမပဲဖြစ်ပါတယ်။ အဲဒါကိုပဲ အမျိုးသမီးပုံလှလှလေးနဲ့ ဟင်္သာပေါ်မှာ ပိဋကတ်သုံးပုံကိုင်ပြီး ၊ စာပေစောင့်နတ်ဟုဆိုကာ မည်သူက ပါဠီဖြင့် တီထွင်လိုက်သည်မသိ သူရဿတီဂါထာ
 ( စာမေးပွဲ အောင်ဂါထာဆိုပြီး ) မြန်မာပြည်မှာ ထင်ရှားပါတယ်။



သူရဿတီ ဘယ်ကစ ?
ဗြဟ္မဏဝါဒမှာ ဝေဒကျမ်းလာ .. ဝေဒလေးပုံရှိပါတယ်။
1.ရိဂ်ဝေဒ ( Rig Veda)
2.ယဇုဝေဒ ( Yajwar Veda)
 3. သာမဝေဒ ( Sama Veda)
4. အာထဗ္ဗဏဝေဒ (Athave Deda)
သူရဿတိအကြောင်းကို ဣသျှဝေဒခေါ် (ဣရုဝေဒ) ထဲမှာ စတင်ပါဝင်တာကို   လေ့လာတွေ့ရှိရပါတယ်။

အဲဒီဝေဒကျမ်းမှာနက္ခတ်ပညာ၊ ဗေဒင်ပညာသာမက ရှေးအရိယာန်မျိုးနွယ်စုတွေရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု၊  အတွေးအခေါ်တွေ အများဆုံးပါဝင်နေပါတယ်။

သူရဿတိအကြောင်းပါဝင်တဲ့ ရိဂ်ကျမ်းဟာ ရှေးအလွန်ကျပြီး သက်မဲ့ တော၊တောင်၊ ရေ၊မြေ လေ၊ မီး၊ မိုးကောင်းကင်၊ လျှပ်စီး၊ နေ၊ နက္ခတ်၊ တာရာစတဲ့ သက်မဲ့ အဝိညာဏကတွေကော ၊ လူတွေရဲ့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ ရွံခြင်း စတဲ့ စိတ္တဇနာမ်တွေကိုပါ သက်ရှိနတ် ဒေဝတာတွေ၊ ဒေဝီတွေ၊ တန်ခိုးဣဒ္ဓိပါဒ်ရှင်တွေအဖြစ် မှတ်ယူကြောက်လန့် ကိုးစားခဲ့တဲ့ ခေတ်လောက်က စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

သမိုင်းပညာရှင်များကတော့ ဘီစီနှစ်ထောင် ဝန်ကျင်းလောက်မှာ “ရိဂ်ဝေဒ” ကျမ်း စတင်ပေါ်ပေါက်လာကြောင်း ခန့်မှန်းကြပါတယ်။
သဘာဝတရားအားလုံးလိုလို နတ်ဘုရားတွေ အဖြစ်ယူဆပြီး စိတ်ကူယဉ် နာမည်မျိုးစုံနဲ့ ထောပနာပြုတဲ့ လင်္ကာ ၊ ဂါထာပေါင်း ( ၁၀၂၈) ပုဒ်အထိ ရိဂ်ကျမ်းမှာ ပါဝင်တာတွေ့ရပါတယ်။ စိတ်ကူးယဉ်နတ်သား ၊ နတ်သမီးတွေမှာတောင် အဆင့်အတန်းသတ်မှတ်တဲ့အခါ နတ်သမီးများက တန်းခိုးအနိမ့်ဆုံး နတ်သားများနှင့် တန်းတူသတ်မှတ်ကြပါတယ်။ နတ်သမီးတွေ အဆင့်နိမ့်တဲ့ အထဲမှာ သရဿတီ



ထွက်ရပ်ပေါက် အကြောင်းတွေကို မပြောခင် လူတွေဖြစ်ပေါ်လာဖို့ နိယာမ အကြောင်းကို
နည်းနည်း ပြန်ပြောရပါလိမ့်မယ်၊ ယင်က ဥချပြီး၊ ဥကနေ လောက်ကောင်ဖြစ်၊ လောက်ကောင်ကနေ တဆင့်မှ
ယင်ဖြစ်လာတယ် ဆိုတာ ဟာ ဗီဇ နိယာမ အတွင်းမှာ ပါဝင်ပါတယ်၊
သတ္တ၀ါ တွေ ဟာ တိုက်ရိုက် ပေါက်ဖွားတဲ့ ဧကဇ အမျိုးအစား၊ နှစ်ဆင့် ပေါက်ဖွားတဲ့ ဒွိဇ အမျိုးအစား၊ သုံးဆင့် သုံးခါ ပေါက်တဲ့ တိဇ အမျိုးအစား စသောအားဖြင့် အမျိုးမျိုး ရှိကြပါတယ်၊

လူတို့ ကျွဲ နွား စတဲ့ သတ္တ၀ါတွေကတော့ အမိဝမ်းဗိုက်က တကြိမ်ထည်း မွေးဖွားကြလို့ ဧကဇ မျိုးလို့ ခေါ်ပါတယ်၊ ကြက် တွေ ငှက်တွေ မြွေတွေ ဖွတ်တွေ ကျတော့ အမိက ဥကို တကြိမ် ဥတယ်၊ ဥကမှ အကောင်ပေါက်တဲ့ အတွက် ဒွိဇ မျိုး နှစ်ကြိမ်ပေါက် သတ္တ၀ါတွေပါ၊

ယင် ပျားကောင် လိပ်ပြာ တို့ကျတော့ ပထမ ဥတယ်၊ လောက်ကောင်လို ပိုးကို ပေါက်တယ်၊ အဲဒီ ပိုးက အစားအစာ ၀ပြီး တနေရာမှာ အမြှေးတွေ ဖုံးအုပ်ပြီး ငြိမ်သက်စွာ ဖိုဝင်တယ်၊ အဲဒီ ဖိုက ထွက်မှ မူလ သတ္တ၀ါမျိုး ဖြစ်ရတယ်၊
ဒါကြောင့် သူတို့ကို တိဇ မျိုး သုံးခါ ပေါက် လို့ ခေါ်ရတယ်၊
လူကတော့ ဧကဇ မျိုးမို့ လူမိန်းမကနေ လူသားကို တိုက်ရိုက် ဖွားမြင်တာပါ၊ ဒွိဇမျိုး တိဇမျိုးလို အဆင်ဆင့် ပြောင်းလဲမှု့မရှိပါဘူး၊ သို့သော်လည်း လူသားဟာ ပိုးလောက်လန်းများလို ဖိုလ်ဝင်နိုင်လျင် ခြင် ယင် လိပ်ပြာများဖြစ်နိုင်သလို သိဒ္ဓိပေါက်တဲ့ လူသားတစ်ယောက်ဖြစ်နိုင်တယ်လို့ ယူဆပြီး ဖိုလ်ဝင်တဲ့ အတတ်ကို လိုက်စားခဲ့ကြပါတယ်၊

ရာဇ၀င်မှာ ပါတဲ့ ဗျတ်ဝိ ဗျတ္တတို့ မီးကင်စားတဲ့ လူသားဟာ ဇော်ဂျီဖိုလ်ဝင်သားလို့ သိရပါတယ်၊ ဆင်ဖြူရှင်မင်းတရား လက်ထက် သက္ကရာဇ် ၉၂၈ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် သောကြာနေ့ ဟံသာဝတီမြို့ ၀န်းကျင်ကို ကျုံးစတင် တူးရာက မြေအတွင်း ဇော်ဂျီကို ရဖူးပါသတဲ့။

အဲဒီလို ဖိုလ်ဝင်လို့ အန္တရာယ်မရှိ အောင်မြင်လျင်တော့ ထွက်ရပ်ပေါက်သွားပါတယ်။
ဝိဇ္ဇာဓိုရ် ဖြစ်သွားတယ်လို့ လောကီကျမ်းများက ဆိုပါတယ်။ ဖိုလ်ဝင်တာက အမျိုးမျိုးရှိပြီး အချို့က မြေအောင်းတယ်၊ အချို့က ပိုးလောက်လန်းများ အမြှေးဖုံးသလို အမြှေးဖုံးတာလဲ ရှိပါတယ်။ ပွက်ပွက် ဆူတဲ့ ရေကို ချိုးရတာလဲ ရှိပါသတဲ့။ မီးပုံအတွင်း ခုန်ဆင်းရတာလဲ ရှိပါတယ်။ ဖိုလ်အောင်းခြင်း မရှိတဲ့ ၀ိဇ္ဇာဓိုရ် များလဲ ရှိပါသေးတယ်။ အဲဒါတွေကတော့ - -

၁။ ပြဒါးကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ ပြဒါးဝိဇ္ဇာမျိုး၊
၂။ သံကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားတဲ့ သံဝိဇ္ဇာ၊
၃။ ဆေးစီရင်ပြီး အောင်မြင်သွားတဲ့ ဆေးဝိဇ္ဖာ၊
၎။ အင်းချ အောင်မြင်သွားတဲ့ အင်းဝိဇ္ဖာ၊
၅။ မန္တာန် ရွတ်ဆို အောင်မြင်သွားတဲ့ မန္တာန် ၀ိဇ္ဖာ၊
၆။ သန်လျက် ကို အသက်သွင်းပြီး အောင်မြင်သွားတဲ့ သန်လျက်ဝိဇ္ဖာ၊
ဆိုပြီး ၀ိဇ္ဖာ အမျိုးအစား ၆ မျိုးရှိပါတယ်။

မြန်မာပြည်မှာတော့ ထွက်ရပ်ပေါက်အောင်ရယ်လို့ ကြိုးစားသူတွေက ပြဒါးကစားသူ၊ သံကစားသူ၊ ဆေးကစားသူ၊ အင်းကစားသူတွေသာ များပါတယ်၊ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ မျိုးကတော့ တော်တော်ရှားပြီး မတွေ့ရသလောက်ပါပဲ။
ဒီနေရာမှာ မန္တာန်ဝိဇ္ဇာ၊ သန်လျက်ဝိဇ္ဖာ အကြောင်းနည်းနည်း ပြောပြပါမယ်၊

ဆက္ကနိပါတ်၊ ၀ိဇ္ဖာဓရ ဇာတ်တော်မှာလာတဲ့ ၀ိဇ္ဇာဓိုရ် ဟာ မန္တာန် ၀ိဇ္ဇာပါ၊ ရှေးရှေးတုံးက တကယ့်အဖြစ်အပျက်အနေနဲ့ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း လက်ထက်မှာ ဘုရားအလောင်းတော်ဟာ သိကြားမင်း ဖြစ်နေပါတယ်၊ အဲဒီတုံးက ၀ိဇ္ဖာဓိုရ်တယောက်ဟာ သန်းခေါင်ယံအချိန်ရောက်တိုင်း မန္တာန်ကို မန်းမှုတ်ပြီး နန်းတော်ကို လာကာ မိဖုရားကြီးနဲ့ ပျော်ပါးလေ့ရှိသတဲ့။

မိဖုရားကြီးမှာလဲ အိပ်မက်လိုလို တကယ်လိုလို ဖြစ်နေပြီး ဘာမှ မတတ်နိုင်တဲ့ အဆုံး ဘုရင်ကြီးကို ဖွင့်ပြောတိုင်ပင်ရပါတယ်။ ဘုရင်ကြီးကလဲ ဥာဏ်ပညာကြွယ်ဝလေတော့ အဲဒီ လူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသား တခုခုကို ထင်ကျန်အောင် လုပ်နိုင်ပါ့မလား လို့ မေးတော့ မိဖုရားကြီးကလဲ စွမ်းနိုင်ပါကြောင်း

အမေး။ ။ အရှင်ဘုရား တပည့်တော်သူငယ်ချင်းက သူ့အမြင်နဲ့ အမေးတစ်ခုမေးလာပါတယ်၊ သူ့အမြင်က မြန်မာနိုင်ငံရဲ့ အထင်ကရ ဘုရားစေတီများ၊ ထီးတော်၊ ငှက်မြတ်နားတော်များ၊ ကျောင်းများ စတာတွေမှာ စိန်၊ရွှေ၊ကျောက်သံပတ္တမြား၊ ၀တ္တုကြေးငွေတို့ကို အများကြီးအကုန် အကျခံပြီး ပေးလှူထားတာတွေ တွေ့မြင်ရပါတယ်။ ချမ်းသာတဲ့သူများက အကုန်ခံနိုင်တယ်ထားဦးတော့။ ဆင်းရဲတဲ့သူများကလည်း တတ်နိုင်သလောက်ပေးကမ်းတာ တွေ့ရပါတယ်။ ဒီလိုနေရာတွေမှာ အကုန်ခံနေမဲ့အစား ကိုယ့်တိုင်းပြည်မှာ လိုအပ်နေတဲ့ ဆေးရုံ၊စာသင်ကျောင်း၊ ချို့တဲ့တဲ့သူများအတွက် ပညာသင်ထောက်ပံ့စရိတ်၊ စာကြည့်တိုက် စတာတွေကို အများကြီးအကုန်ခံပြီး အကူအညီပေးသင့်တယ်လို့ ထင်ပါတယ်။ ဒီအယူအဆနဲ့ပတ်သက်ပြီး အဖြေပေးစေချင်ပါတယ်ဘုရား။



အဖြေ။ ။ ဒီလိုအယူအဆတွေ ရှေးကလည်း ရှိခဲ့ဖူးတယ်။ အခုလည်း ရှိနေဦးမယ်၊ နောင်လည်း ရှိနေဦးမှာဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုရင် ဒီအယူအဆဟာ ဘာသာခြားများရဲ့ အယူအဆ ဖြစ်နေလို့ပါပဲ။ ဒါနဲ့ပတ်သက်ပြီး ဘာသာခြားများအတွက် အတတ်နိုင်ဆုံး အဖြေပေးပါမယ်။ ဒီမေးခွန်းဟာ လူသားအားလုံးသိသင့်တဲ့ မေးခွန်းတစ်ခု ဖြစ်နေတဲ့အတွက် မေးလာသူကို ကျေးဇူးတင်ရဦးမှာပါ။

မိမိပိုင်တဲ့ပစ္စည်းကို သူတစ်ပါးအား ပေးကမ်းတယ်ဆိုတာဟာ စွန့်လွတ်မှု(ရက်ရောမှု)လို့ ခေါ်ပါတယ်။ ဒီရက်ရောမှု စွန့်လွတ်မှုဖြစ်ဖို့အတွက် ပစ္စည်းအပေါ်မှာ မိမိစိတ်က အနှောင်အဖွဲ့ကင်းနေရမှာပါ။ ဒါကို အနှောင်အဖွဲ့ကင်းတဲ့ စွန့်လွတ်မှုဖြစ်သလို အားကြီးတဲ့ စိတ်ဓါတ်အင်အားတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒီလိုဖြစ်အောင်လည်း တဖြည်းဖြည်းလေ့ကျင့် ယူရတာပါ။ အများအားဖြင့် တော်ရုံလူများ မလုပ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်တယ်။

ယနေ့ကမ္ဘာမှာ အချင်းချင်း သတ်ဖြတ်ညင်းဆဲနေကြတယ်။ သူတစ်ပါးပစ္စည်းကိုလည်း နည်းအမျိုးမျိုးဖြင့် လုယူ၊ဓားမြတိုက်နေကြတယ်။ ကိုယ့်အကျိုးဖြစ်ထွန်းမယ်ဆိုရင် ဘယ်သူပဲအကျိုးယုတ်ယုတ် လိမ်ပြောဖို့ ၀န်မလေးကြဘူး။ အချို့ကလည်း လူကိုသတ်တာမှ အပြစ်ရှိတယ်၊ သတ္တ၀ါကောင်လေးတွေကိုသတ်က အပြစ်မရှိဘူး၊ ရှေ့ဘ၀ နောက်ဘ၀ မရှိဘူးဆိုတဲ့ ၀ါဒအတွေးအခေါ်တွေ၊ ပေးကမ်းလှူဒါန်းတာတွေဟာ အကျိုးမရှိ၊ အကျင့်သိက္ခာ စောင့်ထိန်းဆောက်တည်တယ်ဆိုတာလည်း အလကားပဲ၊ ဘာမှ အကျိုးမပေးဘူး၊ တကယ်တော့ ဘာသာရေးဆိုတာဟာ လူပျင်းတွေရဲ့အလုပ်လို့ ယူဆနေကြတာဟာ ၀ါဒဆိုးတစ်ခု ဖြစ်ပါတယ်။

ထိုဝါဒဆိုးများရှိတဲ့ နိုင်ငံများဟာ အခုထိရှိနေဆဲပါ။ ထိုဝါဒဆိုးများဖြစ်လာတဲ့အခါမှာ တားဆီးစရာ ဘာလက်နက်ရှိကြပါလဲ၊ အချို့က ဓါး-ဓါးချင်း၊ လှံ-လှံချင်း၊ လက်နက်-လက်နက်ချင်း အပြန်အလှန် တိုက်ခိုက်ပြီး အဖြေရှာကြတယ်။ ကြာလာတော့ နှစ်ဖက်စလုံးမှာ ဆိုးကျိုးများနဲ့သာ ရင်ဆိုင်ရပါတယ်။ ဖြေရှင်းမှု မအောင်မြင်ဘူး၊ ဒါဟာ ၀ါဒဆိုးတွေကို ဖြေရှင်းမှုနည်းလမ်း မမှန်လို့ပဲ ပြောရပါလိမ့်မယ်။

ယနေ့ ကမ္ဘာမှာဖြစ်နေတဲ့ ထိုဝါဒဆိုးကို ဘယ်လိုလက်နက်မျိုးနဲ့ ဖြေရှင်းကြမှာလဲ၊ ဘာလက်နက်နဲ့မှ ဖြေရှင်းလို့မရပါဘူး။ အားကောင်းပြင်းထန်တဲ့ စိတ်ဓါတ်အင်အားကို ခံဓါတ်လုပ်ပြီး ထိုဝါဒဆိုးအား ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုရင် စွန့်လွတ်ရက်ရောမှု စတာတွေဖြစ်ပေါ်လာအောင် အခြေခံတဲ့ စိတ်ဓါတ်အင်အားဟာ အားလုံးကို ရင်ဆိုင်ဖြေရှင်းနိုင်လို့ပါပဲ။ ဒီစိတ်ဓါတ်အင်အားက တခြားမဟုတ်၊ ဗုဒ္ဓ၀ါဒအရ ယုံကြည်မှု(သဒ္ဓါ)ပင်ဖြစ်ပါတယ်။ တစ်ခုရှိတယ်၊ သဒ္ဓါဆိုတဲ့ယုံကြည်မှုဟာ အခြားဘာသာအများ ယုံကြည်တဲ့ ယုံကြည်မှုမျိုးကို မဆိုလိုပါ။ ပညာနဲ့ယှဉ်တဲ့ ယုံကြည်မှုမျိုး ဖြစ်ပါတယ်။ ထိုယုံကြည်မှုကြောင့်လည်း ဘုရားကျောင်းကန်စတာတွေမှာ အလှူရေစစ်လက်နဲ့မကွာ ဖြစ်နေကြတာပါလို့ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com

၁၉၇၈ ခုနှစ်က ဂိုင်ယာနာတွင် ဂျင်ဂျုံးနှင့်တကွ နောက်လိုက် ကိုးရာကျော်တို့သည်
စည်ပေပါကြီးများဖြင့် အဆိပ်ရည်များ ဖျော်သောက်ပြီး မိမိကိုယ်ကိုမိမိ
အဆုံးစီရင်လိုက်ကြသည်။ အကြောင်းပြချက်က ယခုအချိန် သေခြင်းသည် မြင့်မြတ်ပြီး
ထာဝရ ဘုရားသခင် အလိုကျ ဖြစ်သောကြောင့် ဟူ၍ပါ၏။

၂၂-၉-၁၉၈၅ နေ့ထုတ် မြန်မာ့အလင်း သီတင်းစာ၌ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့
တောင်ဘက်၊ မိုင်ခြောက်ရာခန့် အကွာ ဒါဗိုပြည်နယ်၊ ၀ုမီတန်ကျေးရွာတွင် လူမျိုးစု
အကြီးအကဲတစ်ဦးက ဘုရားသခင်ကို တွေ့ရမည်ဟု ပြောပြီး လူပေါင်း ၇၀ ကို ပိုးသတ်ဆေး
ခတ်ထားသော ယာဂုကို တိုက်ကျွေးရာမှ အားလုံး သေကြရကြောင်း ဖော်ပြထားသည်။

၁၉၉၃ ခုနှစ်ခန့်ကလည်း အမေရိကန် ပြည်ထောင်စု၊ တပ်ဆပ်ပြည်နယ်မှ ဒေးဗစ်ကိုရက်ရှ်
သည်လည်း ကြီးမားသော ခြံဝန်းကြီးတစ်ခုကို စစ်ဌာနချုပ်ကြီး တစ်ခုကဲ့သို့
လုံခြုံအောင်စီမံပြီး ဘာသာရေးဗန်းပြကာ ဆွဲဆောင်သဖြင့် မိန်းမ၊ ယောက်ျား
အတော်များများ စုမိသည်။ ထိုဌာနချုပ်ထဲ ရောက်လာသော အမျိုးသမီးမှန်သမျှ
သူနှင့်လွတ်ကင်းသူ ခပ်ရှားရှားဟူ ပါ၏။နောက်တဆင့်တက်ပြီး လက်နက်များပါ စုဆောင်းလာသဖြင့် အမေရိကန်လုံခြုံရေးအရာရှိများက စစ်ဆေးခွင့်ပြုရန် တောင်းသော်လည်း မရဘဲ
ဒေးဗစ်ကိုရက်ရှ်တို့ဘက်မှ စတင်ပစ်ခတ်သဖြင့် လုံခြုံရေး အရာရှိများမှာ
လက်နက်သုံးပြီး အတင်းဝင်သိမ်း ကြရတော့သည်။ ထိုအခါ သူ့ကိုယ်သူ မေတ္တာရှင်၊
ကရုဏာရှင် ဟု ၀န်ခံထားသော ဒေးဗစ်ကိုရက်ရှက်က ဌာနချုပ်ကြီးကို အလုံပိတ်ပြီး
မီးတင်ရှို့ကာ အထဲမှ အမျိုးသား၊ အမျိုးသမီးများကို ထွက်မပြေးစေဘဲ
မီးလောင်ခံသေရန် ပြောကြားပါသတတ်၊ မနေနိုင်၍ ထွက်ပြေးသူများသာ အသက်ရှင်ပြီး
ဒေးဗစ်ကိုရက်ရှ် အပါအ၀င် ၈၅ ယောက်တို့မှာ မီးလောင်ခံပြီး သေကြရသည်။

၈-၁၀-၁၉၉၄ ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ဘာသာရေး အယူမှားကြောင့် အစုလိုက်
အပြုံလိုက် သေဆုံးရသော သတင်း တစ်ပုဒ်ကို ဖတ်ရပြန်သည်။ ဆွစ်ဇာလန်နိုင်ငံတွင်
ဘာသာရေး အယူလွဲမှုကြောင့် မီးလောင်ကျွမ်း သေဆုံးသူများ၏ အလောင်း ၄၈ လောင်းကို
တွေ့ရှိရကြောင်း အေပီက ဖော်ပြသည်။ သေဆုံးသူများမှာ ခရော့အင်ရိုစ်
ဘာသာရေးအသင်းမှ အသင်းဝင် ၄၈ ဦး ဖြစ်သည်ကို တွေ့ရှိရပြီး မြေအောက်
ဘုရားကျောင်းနှင့် အခြားအဆောက်အအုံများအတွင်း အလောင်းများကို
တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။သေဆုံးသူများ၏ ခေါင်းဆောင် လမ်းပြဖြစ်သူမှာ အသက် ၄၆ နှစ်ရှိ ဆရာဝန်နှင့်ကနေဒါနိုင်ငံ ကွီဘက်မှ အော်ဒါအော့ဖ်ဆိုလာ ဘုရားကျောင်း ၀တ်အသင်း တည်ထောင်သူ
လပ်ဂျူးနက် ဖြစ်သည်ဟု ယူဆသည်။ ၄င်းမှာ လက်နက်မှုဖြင့် ဆွစ်ဇာလန်နိုင်ငံသို့
ယမန်နှစ်က တိမ်းရှောင်လာသူ ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။

ကာလာမသုတ်တွင် ဟောကြားတော်မူထားသော ၀ိဘဇ္ဇ အားနည်းသောကြောင့် ယခုလိုကြုံတွေ့
နေရခြင်းဖြစ်ပါသည်။

မှတ်ချက်။        ။ ဆန်းစစ် ဝေဖန်တတ်စေလိုသော စေတနာဖြင့်သာတင်ပြခြင်းဖြစ်ကြောင်းနှင့် မည်သည့် ဘာသာကိုမှ ဘာသာရေး ပုတ်ခတ်လိုစိတ် မရှိပါကြောင်း သိစေအပ်ပါသည်။

ကိုးကား...


အရှင်ဇ၀န-မတ္တာရှင်ရွှေပြည်သာ (မျက်ရည်မကျခင်သိစေချင်...)

ဘ၀ဆိုတာ တိုးတောင်းလွန်းလှပါတယ်... အထူးသဖြင့် စစ်မှန်တဲ့ ဘာသာတရားရဲ့ အရိပ်အောက်မှာ
နေရတဲ့ ဘ၀ဟာ ပိုပြီးတော့တောင် တိုတောင်းလွန်းလှပါတယ်... အဲ့ဒီစကားလေးရဲ့ အဓိပ္ပါယ်ကို ကျွန်တော်ရှင်းပြပါရစေ... စစ်မှန်တဲ့ ဘာသာတရားရဲ့အရိပ်အောက်မှာ နေရတဲ့ဘ၀ဟာ ဘာလို့ ပိုပြီး
တိုတောင်းလွန်းလှတယ်လို့ ပြောရသလဲဆိုရင်...

ကျွန်တော် လက်ရှိနေတဲ့ နေရာလေးဟာ မောင်တောမြို့ လို့ခေါ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့ မြို့လေး တစ်မြို့ပေါ့... ဒီမြို့လေးမှာ အလုပ်လုပ်ဖို့ ရောက်လာတာ ၂ နှစ်တောင်ပြည့်ခဲ့ပြီ... တော်တော်လေးလည်းနေသားကျသွားပါပြီ... ဒီမြို့လေးမှာ မီးလာချိန်ကတော့ ညဘက် ၆း၃၀ ကနေ ၁၀း၃၀ အထိပေါ့... စနေတနင်္ဂနွေဆိုကျွန်တော် တော်တော်လေး နေရခက်တယ်... မီးမရှိရင် လုပ်စရာကိစ္စတွေတော်တော်နည်းသွားပြီလေ... အဲဒါနဲ့ တစ်နေ့ ကျွန်တော် အားအားယားယား အခန်းထဲမှာတစ်ယောက်တည်း စဉ်းစားမိတယ်... ဘာအကြောင်းလဲဆိုတော့ ခပ်မြင့်မြင့်လေး ပြောရရင် လူ့ဘ၀ကြီးရဲ့ အကြောင်းပေါ့... ကျွန်တော်တို့လူ့ဘ၀ကို သက်တမ်းအားဖြင့် (၈၀)နှစ် နဲ့ ကျွန်တော်စပြီး စဉ်းစားလိုက်တာ... သက်တမ်းက (၈၀)ဆိုရင်ကျွန်တော်တို့ လူ့ဘ၀မှာ အိပ်ချိန်ကို ၆ နာရီနဲ့တွက်ရင် တစ်ရက်ရဲ့ ၄ ပုံတစ်ပုံကို အိပ်တာနဲ့ ကျွန်တော်တို့ အချိန်ဖြုန်းလိုက်ပြီ... အဲဒါဆို နှစ်ပေါင်း (၈၀) မှာ ၄ ပုံတစ်ပုံဆို နှစ် (၆၀) ပဲကျန်တယ်... အဲ့ဒီထဲကမှ စားချန်ကို ထပ်နှုတ်မယ်ဗျာ... တစ်နေ့ကို စားချိန် ၂ နာရီ ထားလိုက်မယ်... အဲဒါဆိုရင် (၆)နှစ်ကျော် အချိန်က အစားစားတာနဲ့ ကုန်သွားပြန်ပြီ... ရေချိုးတာကို ကျွန်တော် (၁)နှစ်လို့တွက်လိုက်မယ်ဗျာ... အဲဒါဆို ကျွန်တော်တို့ နှစ် (၅၃)နှစ်ပဲကျန်တော့မယ်... အဲဒီထဲကမှ ဘာသာရေးအကြောင်း စစ်မှန်တဲ့ ဘာသာတရားအကြောင်း ကုသိုလ်ရေး အကုသိုလ်ရေးအကြောင်း အဲဒါတွေကို နားမလည်နိုင်တဲ့ (၅)နှစ်သားလောက်ကို ထပ်နှုတ်လိုက်မယ်...ဒါဆိုရင် (၄၉) နှစ်ပဲကျန်တော့မယ်... ကျောင်းစတက်တဲ့ အချိန်ကို တွက်ကြည့်လိုက်တယ်... သူငယ်တန်းကနေဆယ်တန်းအထိ ဆိုတော့ အားလုံး (၁၁)နှစ်ကျောင်းတက်ခဲ့ရတယ်... ကျွန်တော်တွက်ရင်းနဲ့ တော်တော်ချွေးပြန်လာတယ်... အဲ့ဒီ (၁၁)နှစ်လုံးလုံး ကျွန်တော် ဘာသာရေးနဲ့ပတ်သက်လို့ အယူအဆ အလွဲတွေ နဲ့ပဲ
တောက်လျှောက်နေလာခဲ့တာ... အဲဒါဆို ကျွန်တော့်ရဲ့ တွက်ချက်မှုအရ သက်တမ်း (၃၈)နှစ်ပဲ ကျန်တော့တယ်... ကျွန်တော် ဘုရားတသွားမိတယ်... ဆက်တွက်ရင် ဂိမ်းကစားတာ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာ သင်တန်းတွေတက် နည်းပညာနောက်ကိုလိုက်ပြီး အချိန်ကုန်တာတွေ... ဆက်ပြီးတွက်ရင်
ကျွန်တော် သက်တမ်း အနှုတ်ပြမလားတောင် စိုးရိမ်မိတဲ့အထိဖြစ်သွားတယ်... ဆက်လည်း မတွက်ရဲ
တော့ဘူး အဲဒီတွက်ချက်တဲ့ ကိစ္စကိုကျော်လိုက်တယ်...

အဲ့ဒီ တွက်ချက်တာလုပ်တဲ့အချိန်က အသက် ၂၆ နှစ်ထဲဝင်နေပြီ... ကိုယ့်အတွက် ကုသိုလ်ကောင်းမှု ဘာတွေများလုပ်ခဲ့ပြီးပြီလဲ စဉ်းစားကြည့်တယ်... ခေါင်းထဲမှာ တော်တော်လေး လေးလံသွားတယ် သိပ်ပြီး များများစားစားမထွက်လာဘူး... မထွက်လာဘူးဆိုတာ ကောင်းမှု ဘာလုပ်လဲ စဉ်းစားလိုက်တိုင်း မကောင်းမှု လုပ်ခဲ့တာတွေချည်းပဲ အရင်ထွက်ထွက်လာတယ်... အဲဒါဆို သေချာပြီတော့ ကုသိုလ်ထက် အကုသိုလ်က များနေပြီဆိုတာ... အဲဒါနဲ့ အဲဒီ ကိစ္စကိုလည်း မစဉ်းစားတော့ဘူး ကျော်လိုက်တယ်...

အဲဒါနဲ့ဆက်ပြီး ကိုယ်ကိုးကွယ်တဲ့ ဘာသာကိုဆက်ပြီးစဉ်းစားကြည့်လိုက်တယ်...
ဘုရား... တရား... သံဃာ... အဲ့ဒီ စစ်မှန်တဲ့ ရတနာမြတ်သုံးပါးကို ငါ ဘယ်လောက် ယုံကြည်မြတ်နိုးပြီး ကိုးကွယ်ခဲ့ပြီးလဲ... နှစ် နဲ့တွက်ရင် ဘယ်နနှစ်ရှိပြီလဲ... ပြန်စဉ်းစားတော့ အသက် ၂၆ နှစ်မတိုင်ခင် ၅နှစ်
လောက်ကမှစပြီး (၀ါ) ၂၁ နှစ်လောက်ကမှစပြီး ထေရ၀ါဒဆိုတာ ဘာလဲ သေသေချာချာသိခဲ့တယ် (ဒါတောင် လုံးဝအတိအကျပါလို့ မပြောရဲသေးပါဘူး)... ဘုရား... တရား... သံဃာ... ဆိုတဲ့ ရတနာ သုံးပါးကလွဲရင် ကျန်တာတွေဟာ ကိုးကွယ်ရာ အစစ်အမှန်မဟုတ်ဘူးဆိုတာ တကယ်သဘောပေါက်တာ

ကျွန်တော် ဟိုးငယ်စဉ်ဘ၀တည်းက ကြားကြားနေတာပါ... ပတ်ဝန်းကျင်မှာလဲပြောတယ်... အိမ်မှာလည်းပြောတယ်... ကျောင်းမှာလည်းပြောကြတယ်... စာချိုးလိုလို ကဗျာလိုလို စကားလေးတစ်ခွန်းပါ... အဲဒါက ဘာလဲဆိုတော့...

မွေးနေ့ သောကြာ... တနင်္လာ... ကေသာဆံသ မပြုရ... ဆိုတဲ့စကားလေးပါ...

ကျွန်တော်လည်း ကလေးဘ၀ လူငယ်ဘ၀တုန်းကဆိုတော့ အဲ့ဒီစာချိုးလေးအတိုင်းပေါ့... ကိုယ့်မွေးနေ့ရယ် (အင်္ဂါနေ့)... သောကြာနေ့ရယ်... တနင်္လာနေ့ရယ်... အဲ့ဒီသုံးရက် ဆံပင်မညှပ်ဘူးပေါ့... ငယ်ငယ်တုန်းကတော့ ဘာကြောင့်လဲမစဉ်းစားဘူးလေ... အဲလိုတွေ လုပ်ရင် ငရဲကြီးမလိုလို... မလုပ်မိရင် ကုသိုလ်ပဲဖြစ်မလိုလိုကြီးကိုး... အဲဒီတော့ အဲ့ဒီ ၃ရက် ဆံပင်လုံးဝမညှပ်ဘူး... အကုသိုလ်ဖြစ်မှာကြောက်တာကိုး... အဲလိုနဲ့ မသိလိုက်မသိဖာသာ နေလာလိုက်တာတော်တော်စာဖတ်သန်တဲ့ လူတစ်ယောက်နဲ့သွားတွေ့တယ်... သူကလည်း လုံးဝ သီအိုရီသမား... ကျွန်တော်ကလည်း ဟိုလိုလို ဒီလိုလို လက်တွေ့သမား... ငြင်းကြပါလေရောပေါ့... စငြင်းငြင်းချင်းပဲ ကျွန်တော်ငိုင်သွားတယ်... သူပြောတာက စည်းကိုက်ဝါးကိုက်ကိုး... ကျွန်တော့မှာက ပြန်ချေပစရာဆိုလို့...
အိမ်က ဆွေမျိုးတွေ ခေါ်ပြပြီး ကျွန်တော်ပြောတာ ဟုတ်ပါတယ် အတင်းခေါင်းငြိမ့်ခိုင်းမှပဲရတော့မှာ... သူပြောတာလေးကို ကျွန်တော်အခုထိ မှတ်မိနေပါသေးတယ်... အဲ့ဒီစာချိုးရဲ့ အဓိပ္ပါယ်ကို သူရှင်းပြ သွားတာလေးက လွယ်လွယ်လေးပါ...

မွေးနေ့မွေးနံ သောကြာသားတွေဟာ တနင်္လာနေ့မှာ ဆံပင်ညှပ်တာတွေ ဘာတွေမလုပ်ရဘူးတဲ့... ဘာလို့လဲဆိုတော့ မြတ်စွာဘုရားက သောကြာနေ့သား... ဘုရားအဖြစ်ဆုပန်ပြီး ဆံတော်ပယ်တဲ့နေ့က တနင်္လာနေ့.. အဲဒါကြောင့် အဲ့ဒီနေ့တွေမှာ လူတွေ လိုက်လုပ်တာ မသင့်တော်မှာစိုးလို့ အဲ့ဒီစာချိုး ဖြစ်လာတာတဲ့... နောက်ပြီးသူက ထပ်ပြောသွားသေးတယ် အလကားတွေပါကွာ တဲ့...

အဲ့ဒီ အလကားတွေပါကွာ ဆိုတဲ့စကားကို အဲ့ဒီအချိန်ကစပြီး နားမလည်လာလိုက်တာ အခုလက်ရှိအသက် မရောက်ခင် ၂ နှစ်အလိုအထိပဲဆိုပါတော့... အဲ့ဒီ စကားကို စာဖတ်နေတဲ့ ပရိတ်သတ် အားလုံးလည်း အပြည့်အ၀နားလည်နိုင်မယ်လို့ ကျွန်တော်မယူဆပါဘူး... ဘာလို့လဲဆိုတော့ အရင်တုန်းက ကျွန်တော့်လို အယူအစွဲများပြီး ဟိုလိုလို ဒီလိုလို လူတွေကတော့ နားလည်ဦးမယ် မထင်ပါဘူး...

ကျွန်တော်လည်း အဲ့ဒီနေ့ကတည်းက အဲ့ဒီကိစ္စလေးကို စာတတ်ပေတတ်တွေအနား လိုက်ကပ်မေးလာလိုက်တာ တကယ့် စာဖတ်အားကောင်း ပညာတတ်တဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများ ပြောမှပဲ ယုံတော့တယ်...

မကောင်းတဲ့အစွဲဆိုတာ တော်တော်ချွတ်ရခက်တာပဲကိုး...


အားလုံးကိုကျေးဇူးတင်ပါတယ်...

ဇင်မျိုး...

ကမ္ဘာဦးခေတ်ကာလ လူများဟာ အကြောက်တရားများ ဖြစ်ပေါ်လာရာကစတင်ပြီး သစ်ပင်၊ တော ၊ တောင် စတဲ့အရာတွေကို နည်းအမျိုးမျိုးအဖုံဖုံတို့ဖြင့် ကိုးကွယ်ပူဇော်လာကြပါတယ်။ နောက်တော့ မမြင်ရတဲ့ နတ် ၊ဗြဟ္မာများကိုလဲ ဘုရားတစ်ဆူသဖွယ် ကိုးကွယ် လာကြတာကို တွေ့ရပါတယ်။ ဒီလိုကိုးကွယ်ပူဇော်မှုတွေနဲ့အတူ အရိုအသေပေးမှု ‘ရှိခိုးမှု’ ဆိုတဲ့ ဝေါရဟရစကားလုံးကို သုံးနှုန်းလာခဲ့ ကြရာ ယနေ့ထိတိုင် ဖြစ်ပါတယ်။

တစ်နေ့ လုပ်ဖေါ်ကိုင်ဖက် သူငယ်ချင်းအဖေါ်နဲ့အတူ သူနာပြုဆရာမလေးတစ်ယောက် ကျောင်းပေါ် သို့ ရောက်ရှိလာပါတယ်။ ၀တ်ပြုပြီးတဲ့အခါ သူမရဲ့နာမည်က မ…………..ပါလို့ သူမကိုသူမ မိတ်ဆက်လာပါတယ်။ တစ်ဖန်သူမက “တပည့်တော်တို့ ဗုဒ္ဓဘာသာ များ ဦးချကန်တော့တဲ့အခါမှာ ထိခြင်းကြီးငါးပါးနဲ့ ဦးချကန်တော့ကြတာကို မြင်ခဲ့ ကြားခဲ့ သင်ခဲ့ရပါတယ်ဘုရား။ တစ်နေ့ တပည့်တော်သူငယ်ချင်းမအိမ်ကို ကိစ္စတစ်ခုနဲ့ သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ သူငယ်ချင်းရဲ့ အမေက ဘုရားအဆောင်ရှေ့မှာ ထိုင်ကာ ထူးဆန်းတဲ့ ရှိခိုးနည်းနဲ့ ရှိခိုးနေတာကို တွေ့ရပါတယ်။ ဒီလို ရှိခိုးတာကိုလဲ အခုမှမြင်ဖူးတဲ့အတွက် ထူးဆန်းနေသလိုပါပဲ။ ဒါကြောင့် စိတ်ထဲ မနေနိုင်တာနဲ့ ရှိခိုးနည်းအကြောင်းကိုမေးလိုက်ပါတယ်။ သူငယ်ချင်းရဲ့အမေက ဒီလိုရှိခိုးတာဟာ ဘုရားရှင်တို့ မုဒြာကန်တော့ နည်း ဖြစ်တယ် လို့ ဆိုပါတယ်။ မုဒြာရှိခိုးနည်းကို မြင်ရတဲ့အတိုင်း ပြောရရင် လက်နှစ်ဘက်ကို ဆန့်တန်းကာ ဟိုရမ်းဒီရမ်းနဲ့ သဘင်သည် ကနေသလိုမျိုးပါပဲဘုရား။ ပြီးတော့ ဘုရားရှင်တို့ကို အာရုံပြုပြီး အမူအရာအမျိုးမျိုးနဲ့ ကန်တော့ရတယ်လို့လဲ ရှိခိုးသူ အမျိုးသမီးကြီးက ပြောပြပါတယ်။
လောကမှ ဒီလိုရှိခိုးနည်းမျိုးလဲ ရှိသေးပါလား လို့ တွေးမိပါတယ်။ မုဒြာကန်တော့နည်းလို့ နာမည်ပေးထားတဲ့ ကန်တော့နည်း မျိုးဟာ မှန်ကန်သင့်လျော်မှု ရှိသလား လို့ တပည့်တော် သံသယ ဖြစ်မိပါတယ်ဘုရား။ ဒါကြောင့် ရှိခိုးမှုနဲ့ ပတ်သက်ပြီး တပည့်တော်အပါအ၀င် ဗုဒ္ဓဘာသာဝင်အားလုံး သေသေချာချာ ဂဃနဏ သိသင့်တယ်လို့ တပည့်တော်ထင်ပါတယ်ဘုရား” လို့ လျှောက်ထားလာပါတယ်။
သူနာပြုဆရာမလေး ပြောလိုက်တဲ့အခါကျမှ စာရေးသူတို့ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာသွားစဉ်က မြင်ဖူးခဲ့တဲ့ ရှိခိုးနည်းတစ်မျိုးကို သတိရမိတယ်။ အဲဒါကတော့ တိဗက်ဘုန်းကြီးများ ရှိခိုးကန်တော့တဲ့နည်းပါ။ မတ်တတ်ရပ်ကနေ မြေကြီးပေါ်မှာ ၀မ်းလျားမှောက်ပြီး လက်ကိုဆန့်တန်းထားပါတယ်။ မြေကြီးပေါ် ခန္ဓာကိုယ်ကို မှောက်လျက် ပြားပြားဝပ်လိုက် မတ်တတ်ပြန်ရပ်လိုက် ရှိုးခိုးနေတာကို မြင်ခဲ့ရပါတယ်။ ဒါဟာ သူတို့နည်းသူတို့ဟန်နဲ့ သူတို့ယုံကြည်ချက်အတိုင်း ရှိခိုးနေကြတာပါ။ ဥပမာလူတို့ပြောတဲ့ စကားများဟာ ဒေသတစ်ခုနဲ့တစ်ခု မတူ အပြောအဆိုအသုံးအနှုန်း ကွဲလွဲကြပါတယ်။ ထို့အတူပဲ တိဗက်နိုင်ငံက (မဟာယာန)တိဗက်တွေရဲ့ ရှိခိုးမှုဟာ တစ်မျိုးတစ်ဘာသာဖြစ်သလို မြန်မာနိုင်ငံ က ထေရ၀ါဒဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးမှုဟာလဲ တစ်မျိုး တစ်ဘာသာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ

မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့
အလွန်အရိုးစွဲနေတဲ့ ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။ ဥပမာပြောရရင်
သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊ ဘုရားတောင်မှ မိဘကျေးဇူးကို
နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊ သာသနာ့ဘောင်ဝင်မယ့်
မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊ အလှူပွဲတွေမှာ
မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ
ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။ ဒါတွေက အလွန်လွဲမှားပြီး ယနေ့အထိ
အများလက်ခံ ယုံကြည်နေကြတဲ့ အရာတွေထဲက ထင်ရှားတဲ့ အချက်လေးတွေပါ။


ဒီအလွဲတွေထဲက နောက်တစ်ခုက ၀ါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း
တစ်ခုအပါအ၀င် ဖြစ်နေပြန်ပါပြီ။ ၀ါမ၀င်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊
ဝါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ
မျက်မှောက်ခေတ်လူငယ် အတော်များများ ဘ၀င်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။
ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့ ဒီအယူအဆဟာ ဘုရားရှင်ဟောကြားတော်မူ၊
သတ်မှတ်တော်မူခဲ့တာလားလို့ မေးလာသူတွေလည်း ရှိပါတယ်။ ဒါကြောင့်
ဝါတွင်းကာလနဲ့ အိမ်ထောင်ပြုခြင်းလို့ ခေါင်းစဉ်တပ်ကာ ပို့စ်တစ်ပုဒ်
ရေးဖြစ်ခဲ့ရပြန်ပါတယ်။

တကယ်တော့ ၀ါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ်
ဆိုတဲ့ ၀ိနည်းဥပဒေ ပညတ်သတ်မှတ်ပြီး ချိန်မှသာ ထိုရဟန်းတော်များ
ဝါဆိုဝါကပ်ပြုနေတဲ့ သုံးလတာကာလကို ရည်ရွယ်ပြီး ခေါ်ဝေါ်သုံးစွဲကြတဲ့
ဝေါဟာရဖြစ်ပါတယ်။ ဒီဝါတွင်းဟာ လူတွေအတွက်တော့ မိုးတွင်းကာလပါပဲ။
ရဟန်းတော်များ ၀ါတွင်းသုံးလကာလပတ်လုံး တစ်ခြားတစ်နေရာသို့
ကြွရောက်တော်မမူဘဲ ကိုယ်ဝါဆိုရာ ကျောင်းတိုက်အရာမ်တွင်းမှာပဲ
နေထိုင်သီတင်းသုံးကြဖို့ သတ်မှတ်ထားတဲ့ ၀ိနည်းဥပဒေဟာ ၀ါတွင်းကာလမှာ
အိမ်ထောင်မပြုရဘူးဆိုတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အချက်နဲ့
ဘာမှမသက်ဆိုင်ပါဘူး။ ဘယ်သူကဘယ်လို စတင်ခဲ့တယ်၊ ဘယ်တုန်းကစပြီး
ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အတိအကျ ပြောလို့မရတဲ့ ၀ါတွင်းကာလ အိမ်ထောင်မပြုရ
ဆိုတဲ့ ဒီယုံကြည်ချက်ဟာ ဘုရားဟော မဟုတ်တာကတော့ သေချာပါတယ်။ ပိဋကတ်မှာ
ပါတဲ့အချက်လည်း မဟုတ်ပါဘူး။

ဝါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိတယ်ဆိုရင်
ဝါဆိုဖို့ ပညတ်ချက်တွေ မသတ်မှတ်ချိန်တုန်းက
ဘယ်လိုသတ်မှတ်ကြသလဲဆိုတာ စဉ်းစားစရာပါ။ ဘုရားရှင်ဝါဆိုဖို့ ၀ိနည်းဥပဒေ
သတ်မှတ်ချိန်ဟာ ဘုရားဖြစ်တော်မူပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်နောက်ပိုင်းမှ
ပေါ်ပေါက်ခဲ့တာပါ။ ၀ါတွင်းကာလနဲ့ ပတ်သက်ပြီး ဘုရားရှင်ဟာ
ရဟန်းတော်များအတွက်သာ သီးသန့်ဝိနည်း ဥပဒေထားကာ ပညတ်ချက်ပဲရှိပါတယ်။
လူတွေအတွက် ၀ါတွင်းကာလမှာ ဘာမလုပ်ရဘူး၊ ဘယ်မသွားရဘူး စတဲ့ ဥပဒေ
သတ်မှတ်ချက် မရှိပါဘူး။ တစ်ခုတော့ရှိတယ် ဥပုသ်နေ့တွေမှာ ဥပုသ်သီလစောင့်
စေလိုတဲ့ ဟောကြားချက်အချို့ရှိပါတယ်။ ဒါကလည်း ၀ါတွင်းကာလမှ မဟုတ်ပါဘူး။
ဝါတွင်းမဟုတ်တဲ့ အချိန်တွေမှာလည်း ဥပုသ်နေ့များမှာ ဥပုသ်သီလစောင့်လို့
ရပါတယ်။

ဘုရားရှင်ဟာ လူတွေအတွက် ကာမဂုဏ်အာရုံများ နည်းအောင်၊ ကိလေသာများပါးအောင်