HAZY LIFE

ဥပုသ်သီလစောင့်သူများ စောင့်ရန် (၈)ပါးသီလကို ဖော်ပြပေးလိုက်ပါတယ် (၅)ပါးသီလကို သိထားကြပြီဖြစ်လို့ မတင်ပြတော့ပဲ ကျန်တဲ့ သုံးပါးကိုသာ တင်ပြလိုက်ပါတယ်....။


ဥပုသ်သီလတောင်းခြင်း...။


အဟံဘန္တေ၊ တိသရဏေန သဟ၊ အဋ္ဌင်္ဂ သမန္နာဂတံ၊ ဥပေါသထသီလံ၊ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ၊ သီလံ ဒေထ မေ ဘန္တေ။ (ဒုတိယမ္ပိ၊ အဟံဘန္တေ……………။တတိယမ္ပိ အဟံဘန္တေ……….….။ဆက်ဆိုပါ။)

အဓိပ္ပါယ်မှာ အရှင်ဘုရား တပည့်တော်သည် သရဏဂုံသုံးပါးနှင့်တကွ အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလကို တောင်းပါ၏ တပည့်တော်အား သနားသဖြင့် သီလပေးတော်မူပါ ဟု ဆိုလိုသည်။

ရှစ်ပါးသီလ။ 

၁။ ပါဏတိပါတာ၊ ဝေရမဏိသိက္ခာပဒံ၊ သမာဒိယာမိ။
၂။ အဒိန္နာဒါနာ၊ ဝေရမဏိသိက္ခာပဒံ၊ သမာဒိယာမိ။
၃။ အဗြဟ္မစရိယာ၊ ဝေရမဏိသိက္ခာပဒံ၊ သမာဒိယာမိ။
၎။ မုသာဝါဒါ၊ ဝေရမဏိသိက္ခာပဒံ၊ သမာဒိယာမိ။
၅။ သရာမေရယ မဇ္ဇမာဒဋ္ဌာနာ၊ ဝေရမဏိသိက္ခာပဒံ၊ သမာဒိယာမိ။
၆။ ၀ိကာလဘောဇနာ၊ ဝေရမဏိသိက္ခာပဒံ၊ သမာဒိယာမိ။
ရ။ နစ္စ ဂီတ ၀ါဒိတ္တ-၀ိဒူကဒဿန-မာလာ-ဂန္ဓ-၀ိလေပန-ဓာရဏံ မဏ္ဍန-၀ိဘူသနဋ္ဌာနာ၊ ဝေရမဏိသိက္ခာပဒံ၊ သမာဒိယာမိ။
၈။ ဥစ္စာသယန မဟာသယနာ၊ ဝေရမဏိသိက္ခာပဒံ၊ သမာဒိယာမိ။

(ကာမေသုမိစ္ဆာစာရ၊ အဗြဟ္မစရိယာ ကွာခြားပုံကို အနည်းငယ် တင်ပြလိုက်ပါတယ်)
၃။အဗြဟ္မစရိယာ၊ မမြတ်သော မေထုန်အကျင့်မှ ဝေရမဏိသိက္ခာပဒံ၊ ကို။ သမာဒိယာမိ၊ ပါ၏ မေထုန်အကျင့်မှ ရှောင်ကျဉ်ပါ၏။ မေထုန ဟူသော ပါဠိစကားကို မြန်မာလို့ မေထုန်ဟု ခေါ်ပါသည် အချင်းချင်းကိစ္စဟု အဓိပ္ပါယ်ရပါသည်။ ကာမေသုမိစ္ဆာစာရမှာ ဇနီးခင်ပွန်းအချင်းချင်း ပေါင်းသင်းဆက်ဆံခွင့်ရပါသေးသည်။ ဤ အပြဟ္မစရိယ သိက္ခာပုဒ်ကို စောင့်ထိန်းသူမှာ ဇနီးခင်ပွန်းချင်း ဆက်ဆံမူ့ကိုသော်မှ ရှောင်ကျဉ်ရသည်။ ထို့ကြောင့် သီလဥပုသ်စောင့်သူများသည် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်အရာ၌ အဗြဟ္မစရိယ သိက္ခာပုဒ်ကို ဆောက်တည်ကြရသည်။ အိမ်ထောင်မရှိသော သူတော်စင်များက ကာမေသုမိစ္ဆာစာရကို အထူးမဆောက်တည်တော့ပဲ ဤအဗြဟ္မစရိယ သိက္ခာပုဒ်ကို ဆောက်တည်လျှင် သာ၍အကျိုးများပါသည်။
ဤ မေထုန် အကျင့်သည် လူ့ဘ၀၌သာ ရှိသည်မဟုတ်ပါ နတ်ပြည်မှာလည်း ခမ်းနားစွာရှိသည်။ အောက်တန်းကို ကြည့်လျှင်လည်း ရေနေကုန်နေ ကောင်းကင်နေသော တိရစ္ဆာန်တွေမှာလည်း ရှိသည်။ မျက်စိဖြင့် ကြည့်၍ မမြင်နိုင်လောက်အောင် သေးငယ်သော ပိုးမွားကလေးများမှာလည်း ရှိကြပေသည်။ ဤအကျင့်ကို မစွန့်နိုင်ကြ၍ သံသရာဝဋ်ဆင်းရဲ၌ တ၀ဲလည်လည်နေရုံမက ယခုမျက်မြင်ပင် ထိုးခုတ်လုယက်မူ့ကြောင့် ထောင်ကျရ၊ အသက်ဆုံးရ ကိုယ်ကျင့်သိက္ခာပျက်မူ့အများပင် ရှိနေကြသည်။ ဆင်းရဲဟူသမျှသည် ဤအကျင့်ကို မရှောင်နိုင်မူ့မှ စ၍ဖြစ်ကြရသည်က များပါသည်။ ထို့ကြောင့် သူတော်စင်တို့ စက်ဆုပ်ရွံရှာသော ဤယုတ်မာသော အကျင့်ကို လူ့ဘ၀မှာပင် ကျေကျေနပ်နပ်ရှောင်ရှားပြီး ပါရမှီကိုသာ အားရပါးရ ဖြည့်ကျင့်လျက် အဆင့်ဆင့် မြင့်မြတ်အောင် အထူးသတိဆောင်နိုင်မှ ပါရမှီရှင် ပီသကြပေလိမ့်မည်။

၆။ ၀ိကာလဘောဇနနာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ။
ဝိကာလဘောဇန၊ နေလွဲအခါစားခြင်းမှ။ ဝေရာမဏိသိက္ခာပဒံ၊ ကို။ သမာဒိယာမိ၊ ပါ၏။ နေလွညစာစားခြင်းမှ ရှောင်ကျဉ်ပါ၏။ နေ့လည်မွန်းတည့် ၁၂ နာရီအချိန်မှ နောက်ကို နေလွဲမွန်းလွဲ ဟုဆို၏ ထိုနေလွဲသည်က စ၍ ညဥ့်အတွက်စားခြင်းသာမက အာရုဏ်တတ်သည် တိုင်အောင် အဖျော်ရည် ဆေး စတုမဓူ စသည်တို့မှ တစ်ပါး ထမင်းဟင်းလျား ကွမ်းဆေးလဘက် သစ်သီးဟူသမျှ မစားရတော့ပြီ။ ထမင်း ဟင်း(ဟင်းချက်၍ရသော သွားရည်စာဖြစ်သော) အသီးအရွက်များကို စားလျှင် ဤ ၀ိကာလဘောဇနသိက္ခာပုဒ်ပျက်၏။ အကြောင်းမရှိပဲ ဖျော်ရည် စတုမဓူ ထန်းလျက် သကြား ဂျင်းသုပ် ကွမ်းဆေး စသည်တို့ကို စားသောက်လျှင် ဤသိက္ခာပုဒ်ညိုးသည် လုံးလုံးကားမပျက်ပါ။ သစ်ပင်ညိုးလျှင် အသီးနည်းသကဲ့သို့ အကျိုးရနည်း၏။ ဆာလောင်မွတ်သိပလျှင် မကျည်းဖျော်ရည် ဘိလပ်ရည် စသောအရည်ကို သောက်ကောင်း၏ အဖတ်ကိုမစားကောင်း၊ ဖျော်ရည်အား အမူန်အဖတ်မပါအောင် စင်ကြယ်စွာစစ်ပြီးမှ သောက်ရသည်။ လေနာသော်လည်ကောင်း တစ်ခြားသောရောဂါ ရှိသောလည်းကောင်း စတုမဓူ ထန်းလျက် သကြားစသော ဆေးဖက်ဝင်သည့်အရာဝတ္ထုနှင့် ဆေးအမျိုးမျိုးကိုသာ စားသောက်ကောင်းသည် ထိုသို့စားသောက်ခြင်းကြောင့် သီလညိုးသည်ဟု မမှတ်ပါနှင့်၊ နေမလွဲခင်၌ကား မည်သည့် အရာမဆို စားသောက်ကောင်းပါသည်။

၇။ နစ္စ ဂီတ ၀ါဒိတ္တ-၀ိဒူကဒဿန-မာလာ-ဂန္ဓ-၀ိလေပန-ဓာရဏံ မဏ္ဍန-၀ိဘူသနဋ္ဌာနာ၊ ဝေရမဏိသိက္ခာပဒံ၊ သမာဒိယာမိ။
နစ္စဂီတ ၀ါဒိတ္တ ၀ိသူကဒဿန မာ ဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ၊ အကုသိုလ်များကြောင်း မကောင်းမူ့ဖြစ်သော ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်း၊ ဘုရား အဆုံးအမတော်၏ ဆန့်ကျင့်ဖက်ဖီလာဖြစ်သော ကြည့်ရှူ့နားထောင်ခြင်း၊ ပန်းပန်ခြင်း၊ နံ့သာပျစ်ကို ဖို့သိပ်ခြင်း၊ နံ့သာရည် နံ့သာမှုန့်တို့ကို လိမ်းကျံ ခြယ်လှယ်ခြင်းမှ။ ဝေရမဏိ သိက္ခာပဒံ၊ ကို။ သမာဒိယာမိ၊ ၏။
နစ္စ = ကိုယ်တိုင်ကခြင်း၊ သူတပါးကို ကခိုင်းခြင်း။
ဂီတ = ကိုယ်တိုင် သီဆိုခြင်း၊ သူတပါးကို တီးမှုတ်ခိုင်းခြင်း။
ဝိသူကဒဿန = (၀ိသူက=ဘုရား အဆုံးအမ၏ ဆန့်ကျင်ဖက်ဖီလာဖြစ်သော +ဒဿန= ကြည့်ရှူ့ နားထောင်ခြင်း) သူတပါးတု့ အလိုအလျောက်သောလည်းကောင်း အခြားသူက ခိုင်း၍သောလည်းကောင်း က-ဆို-တီးမှုတ် နေသည်ကို တမင်္ဂလာ သွား၍ကြည့်ရှူ့ နားထောင်ခြင်း။ (မိမိဘာသနေစဉ် မြင်လောက်၊ ကြားလောက်သောအရပ်သို့ လာ၍ ကပြသီဆို တီးမှုတ်သံကို ကြည့်ရှူ့မိ-နားထောင်မိ၍သောလည်းကောင်း သီလ မပျက်ပါ။ သို့သော် မမြင်-မြင်အောင် တမင်္ဂလာလှည့်၍ မကြည့်ရ။ (မာလာ ဂန္ဓစသည့်၌ မာလာနှင့် ဓာရဏ၊ ဂန္ဓနှင့်မဏ္ဍန၊ ၀ိလေပနနှင့်ဝိဘူသန တို့ကို အစဉ်အတိုင်း တွဲ၍လည်းကောင်း အဓိပ္ပါယ် ဖွင့်ဆိုကြပါသည်။
မာလာ= ပန်းအမျိုးမျိုး+ဓာရဏ=ပန်ဆင်ခြင်း။
ဂန္ဓ= နိမ့်ရာအရပ်၌ ဖို့သိပ်၍ ရကောင်းသော သနပ်ခါး စသော နံ့သာပျစ် နံ့သာပျောင်းကို + မဏ္ဍ= ကျောက်ပေါက်မာ စသောနိမ့်ရ အရပ်၌ ဖို့သိပ်ခြင်း။
ဝိလေပန= လိမ်းကျံ ခြယ်လှယ်ခြင်းငှားနှင့် အနံ့ထုံခြင်းငှား ရသော အရောင်တင်ဆေး ရေမွေး နံ့သာဆီ မျက်နှာချေ ပေါင်ဒါကို+၀ိဘူသန=လိမ်းကျံ ခြယ်လှယ်ခြင်း အနံ့ထုံခြင်း(ဆပ်ပြာမွေးလည်းမတိုက်ကောင်း)
ဌာနာ= ကာမစိတ်ဓာတ်ကို တိုးပွားစေခြင်းအကြောင်း။


၈။ ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ဥစ္စသယန မဟာသယန မြင့်သောနေရာ မြတ်သောနေရာ၌ အိပ်ခြင်းမှ။ ဝေရမဏိသိက္ခာပဒံ၊ ကို။ သမာဒိယာမိ၊ ၏။
ဥစ္စသယန = မြင်သောနေရာ၌ အိပ်ခြင်း၊ နေထိုင်ခြင်း (လူကြီးက အောက်အနိမ့်မှာနေလျှင် ဥပုသ်သည် လူငယ်က အထက်အမြင့်၌ မနေကောင်းဟူသော အမြင့်မျိုးမဟုတ်ပါ။
မဟာသယန = မြတ်သောနေရာ၌ အိပ်စက် နေထိုင်ခြင်း( ဤအနေမျိုးကား စည်းစိမ်အားလျှော်စွာ ခံစား စံစားလေ့ ရှိကြသော စည်းစိမ်ရှင်ကြီးများ၏ အိမ်တွင် ရှိတတ်သော လက်လေးတစ်မက အမွေးရှည်သော သားမွေးအခင်း ရွှေချည် ငွေချည်တို့ဖြင့် ချုပ်လုပ်အပ်သော ပိုးအခင်း၊ ၀ါဂွမ်းမျိုး သွက်ထားသော မွေ့ရတည်း။)
မှတ်ချက်။ ။ဤ မွေ့ရာများကို ယခုကာလ ဥပုသ်သည်များ သုံးစွဲနေကြသည်မှာ မသင့်တော်ပါ အုန်းဆံသွတ် မွေ့ရာ၊ အ၀တ်အဆာ ပိုးချည်အဆာပါသော မွေ့ရာကိုကား သုံးကောင်းပါသည်။ သင်ဖြူး ချောချော ကော်ဇောနုနု စသည့်နှင့် ရဟန်းသံဃာ ဂုဏ်ဝါကြီးသူတို့၏ နေရာ စသည်များကို ဤသိက္ခာပုဒ်အရ မြတ်သောနေရာ ဟု မဆိုထိုက်ပေ။

Leave a Reply