HAZY LIFE

အပြင်မှာမမြင်ဖူးပေမဲ့လည်း သူ့ဝက်ဆိုဒ်လေးကနေ အများကြီးသင်ယူခဲ့ရတာတွေရှိပါတယ်... သူလည်းကျွန်တော့်ကိုအပြင်မှာ မသိသလို ကျွန်တော်လည်းသူ့ကို အပြင်မှာမမြင်ဖူးပါဘူး... ဒါပေမယ့် အွန်လိုင်းက ကိုယ့်ရဲ့ သင်ဆရာ မြင်ဆရာလိုဖြစ်နေတဲ့ သူ့ရဲ့ မိဘ ဆိုတဲ့ထဲက အဖဆိုတဲ့ တံတိုင်းကြီး ပြိုသွားပြီလို့ ဒီနေ့ပဲ ဖတ်လိုက်ရတယ်... ဘာပဲဖြစ်ဖြစ်လောကဓံဆိုတာလာမှာပါပဲ... ကိုညီနေမင်းက အသက်အားဖြင့် ကျွန်တော့်ထက်တောင် ငယ်ဦးမယ်ထင်ပါတယ်... ကိုယ်တိုင်ကလည်း ရန်ကုန်နဲ့အဝေးမှာရောက်နေတော့ ဘယ်လိုမှသွားအားပေးလို့မဖြစ်နိုင်ဘူးလေ... အဲဒါကြောင့် အဝေးကနေပဲ ပို့စ်လေးတစ်ခုနဲ့ပဲ အားပေးစကား ပြောလိုက်ပါတယ်... ကိုညီနေမင်း အနေနဲ့ အရာရာကြံကြံခံနိုင်အောင်ကြိုးစားပြီး ကျန်ရှိတဲ့ မိသားစုအတွက် ကိုယ်ကအဖနေရာမှ အကိုကြီးအဖရာ ဆိုတဲ့စကားအတိုင်းဖြစ်အောင်နေနိုင်ပါစေ... နည်းပညာတွေကိုလည်း အရင်အတိုင်းပဲ ဆက်လက်မျှဝေနိုင်ပါစေ... ပြိုလဲသွားသော တံတိုင်းကြီးတစ်ခုဖြစ်တဲ့ အဖေ့ ဆိုတဲ့လူတစ်ယောက်ကို သတိရရင်း ကျန်တဲ့မိသားစုကိုကာကွယ်စောင့်ရှောက်နေနိုင်ပါစေလို့...

ဒီစာကို ကိုညီနေမင်း မြင်ချင်မှလည်းမြင်မယ် မြင်ရင်လည်း အမှားပါရင်ခွင့်လွှတ်ပါဗျာ... blog ရေးရင် နည်းပညာအကျိုးပြုနေတဲ့ လူတစ်ယောက်အတွက် အားပေးဆုတောင်းစကား ရေးပေးချင်လွန်းလို့ ရေးလိုက်တာပါ...

Leave a Reply