Saturday, March 29, 2025

HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

မေး။ ။ ဖိုးသူတော် ဘဝကနေ ပြုစုပျိုးထောင်လို့ အခုဆို စာချကျောင်းထိုင် ဆရာတော်ဖြစ်နေတဲ့ ဘုန်းကြီးကို သိက္ခာထပ်ပေးခြင်းဖြင့် ထိုဘုန်းကြီးနဲ့ဒကာမှာ လောကီလောကုတ္တရာ ဘာအကျိုးများ ထူးပါသလဲ ဘုရား။ ဖြေကြားစေချင်ပါတယ်။ အဖြေ။ ။ သိက္ခာထပ်ပေးတာနဲ့စပ်ပြီး ဘုန်းကြီးနဲ့ ဒကာမှာ ဘာအကျိုးများရနိုင်မလဲလို့ မေးခွန်းရှင်ကဆိုလိုဟန် ရှိပါတယ်။ သိက္ခာထပ်ခြင်းနှင့် ပတ်သက်ပြီး ရဟန်းဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်များမှာ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ဉာဏ်စဉ် မာတိကာ ၁။ နာကြားအပ်သော တရားသဘော၌ (ဖြစ်သော) ပညာ သုတမယ ဉာဏ် {နာကြားမှုဖြင့် ပြီးသောဉာဏ်} ၂။ နာကြားရ၍ စောင့်စည်းမှု၌ (ဖြစ်သော) ပညာ သီလမယ ဉာဏ် {သီလဖြင့် ပြီးသော ဉာဏ်} ၃။ စောင့်စည်းခြင်းကြောင့် တည်ကြည်မှု၌ (ဖြစ်သော) ပညာ သမာဓိ ဘာဝနာမယဉာဏ် {တည်တံ့ ပွါးများမှုဖြင့် ပြီးသောဉာဏ်} ၄။ အကြောင်းတရားတို့ကိုသိမ်းဆည်းမှု၌ (ဖြစ်သော) ပညာ ဓမ္မဋ္ဌိတိဉာဏ်

သီလရှင်စတင်ဖြစ်ပေါ်လာပုံ၊ သီလရှင်ထံမှ သီလယူလို့ရမရ၊ သီလရှင်အား မိဘများ၊ ယောက်ျားလေးများက ရှိခိုးသင့်လားစတဲ့ မေးခွန်းများကို ဦးဇင်းဆီ မကြာခဏ မေးခွန်းတွေ ရောက်လာပါတယ်။ ဒါကြောင့် သီလရှင်အကြောင်းနဲ့ပတ်သတ်ပြီး ဆရာရဝေထွန်း ရေးသား ထားတဲ့ ဘိက္ခုနီသာသနာနဲ့သီလရှင် သမိုင်းစာအုပ်ကို လေ့လာခဲ့ပါတယ်။ အဲဒီမှာဖော်ပြထားတာ က သီလရှင်တွေဟာ ဘိက္ခုနီသာသနာကွယ်ပြီး သာသနာနှစ်ကိုးရာကျော်၊ အေဒီသုံးရာစု

ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုသလို ဝဋ်ဆိုတဲ့အရာက ဘယ်လိုပုဂ္ဂိုလ်ကိုမှ မျက်နှာသာမပေးသလို ဘယ်သို့သောပုဂ္ဂိုလ်ကမှာလည်း လွတ်ကင်းကြတယ်ဆိုတာမရှိပါဘူး။ဦးဇင်းတို့ကိုးကွယ်ဆည်းကပ်နေတဲ့ မြတ်စွာဘုရားသည်ပင်လျှင် ဝဋ်တော်နှင့်မကင်းတဲ့အတွက် ကျန်သော ပုဂ္ဂိုလ်များမှာ ဆိုဖွယ်ရာပင်မရှိပါ။ငယ်ငယ်ကလေးလေးတွေက ပုဇဉ်းလေးတွေကိုဖမ်း၊ပြီးတော့ အရှင်လတ်လတ် အတောင်ချိုး၊စာကလေးတွေကိုဖမ်းပြီး မပျံနိုင်အောင်အတောင်ကိုဓါးနဲ့ဖြတ်။စတာတွေကိုလုပ်တော့

Shay Bawa Nout Bawa With Siences (function() { var scribd = document.createElement("script"); scribd.type = "text/javascript"; scribd.async = true; scribd.src = "http://www.scribd.com/javascripts/embed_code/inject.js"; var s = document.getElementsByTagName("script")[0]; s.parentNode.insertBefore(scribd, s); })(

၁၉၇၈ ခုနှစ်က ဂိုင်ယာနာတွင် ဂျင်ဂျုံးနှင့်တကွ နောက်လိုက် ကိုးရာကျော်တို့သည် စည်ပေပါကြီးများဖြင့် အဆိပ်ရည်များ ဖျော်သောက်ပြီး မိမိကိုယ်ကိုမိမိ အဆုံးစီရင်လိုက်ကြသည်။ အကြောင်းပြချက်က ယခုအချိန် သေခြင်းသည် မြင့်မြတ်ပြီး ထာဝရ ဘုရားသခင် အလိုကျ ဖြစ်သောကြောင့် ဟူ၍ပါ၏။ ၂၂-၉-၁၉၈၅ နေ့ထုတ် မြန်မာ့အလင်း သီတင်းစာ၌ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ တောင်ဘက်၊ မိုင်ခြောက်ရာခန့် အကွာ ဒါဗိုပြည်နယ်၊

နေ့စဉ်ပွားပါ ဤငါးဖြာ ၁။ ငါသည် အိုခြင်းသဘော ရှိသည်ဖြစ်၏။ အိုခြင်း သဘောတရားကို မလွန်ဆန်နိုင်။ ၂။ ငါသည် နာခြင်းသဘော ရှိသည်ဖြစ်၏။ နာခြင်း သဘောတရားကို မလွန်ဆန်နိုင်။ ၃။ ငါသည် သေခြင်းသဘော ရှိသည်ဖြစ်၏။ သေခြင်း သဘောတရားကို မလွန်ဆန်နိုင်။ ၄။ ငါ့အား ခပ်သိမ်းသော နှလုံးကို ပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့်အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲ

အမေး။ ။ ဒီကနေ့ခေတ် လူတွေမှာ အသဲစီပိုးရောဂါ၊ ကင်ဆာရောဂါ၊ လူတုတ်ကွေးရောဂါစတဲ့ ရောဂါများခံစားကြရပါတယ်။ ခေတ်ပေါ်ရောဂါများလို့လည်း ပြောနိုင်တာပေါ့ဘုရား။ ဒီရောဂါများနဲ့ သေဆုံးကြရတဲ့သူများလည်း ကမ္ဘာတစ်ဝန်း များပြားလှပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဒီလိုရောဂါမျိုး ဘုရားရှင်လက်ထက်က ဖြစ်ဖူးခဲ့ပါသလားဘုရား။ ဒီထက်ဆိုးတဲ့ရောဂါမျိုးကော ရှိပါသလား၊ လောကမှာ အဆိုးဆုံးရောဂါဟာ ဘာရောဂါမျိုးလဲဆိုတာ

အလောင်းမှန် ရထားဆိုက်သည် ဘုရားအလောင်းအလျာတို့အား တန်ဖိုးအလျောက် ဖုဿရထားဆိုက်၍ အထွတ် အမြတ်သို့ရောက်ရသော ဇနကဇာတ်ကို ထောက်၍အလောင်းအလျာမှန်က ရထားဆိုက် သည်ဟုဆိုလိုသည်။ (အသုဘအလောင်းရှိရာ အလောင်းတင်ရထားဆိုက်သည်ဟု အချို့ယူဆနေကြသည်။) ထိုက်လျော်သောသူသည် မိမိအရည်အချင်းအားလျော်စွာ ထိုက်လျော်သော အခွင့်အလမ်းရရှိနိုင်ကြောင်း ဖော်ပြသုံးနှုန်းသည်။ အမေးကျွဲကျောင်း အဖြေဘုရားလောင်း မေးလိုရာမေးရသည်မှာ

  အိပ်မက်မက်ခြင်းအကြောင်း လေးမျိုးရှိတယ်လို့ မှတ်ယူရပါမယ်။ ထိုလေးမျိုးမှာ (၁) ဓာတ်ချောက်ချား၍ အိပ်မက်မြင်မက်ခြင်း။ (၂)ရှေးကလေ့ကျင့် ခံစားဖူးလို့ အိပ်မက်မြင်မက်ခြင်း။ (၃) နတ်များက လှည့်စားသောကြောင့် အိပ်မက်ခြင်း။ (၄)ပုဗ္ဗနိမိတ်ကြောင့် အိပ်မက်မြင်မက်ခြင်းတို့ ဖြစ်ကြပါတယ်။ (၁)ဓာတ်ချောက်ချား၍ အိပ်မက်မက်ခြင်း။ ဓာတ်ချောက်ချားသည့်အတွက် အိပ်မက်မြင်မက်ရာ တွင် တောင်ပေါ်မှ

အမေး။ ။ အရိမေတ္တေယျဘုရားရှင်ဟာ ဘယ်အချိန်မှာ ပွင့်မှာလဲဘုရား။ အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာက ပျက်မှာလား၊ မပွင့်သေးခင် ပျက်မှာလားဆိုတာ သိချင်ပါတယ်ဘုရား။  မေသက်လှိုင် လာရှိုး  အဖြေ။ ။ ဒါမပြောမီ တစ်ကမ္ဘာရဲ့သက်တမ်းကို ပထမပြောပါ့မယ်။ ဒါပြောမယ်ဆိုရင် အသင်္ချေယျဆိုတဲ့စကားကို အရင်ပြောရမယ်။ အသင်္ချေယျဆိုတာ မရေမတွက်နိုင်တာကို ပြောတာပါ။ ဒါမှမဟုတ် တစ်အနောက်က သုညပေါင်း(၁၄၀)

ပထမပို့စ်က ကြိုတင်ပြင်ဆင်မှုတွေကို ကြည့်ရှုပြီးရင်တော့ ဒီပို့စ်လေးမှာ ဘယ်လိုလောင်းလှူ လှူဒါန်း ကြလဲဆိုတာကို ဆက်လက်ကြည့်ရှု့ ကုသိုလ်ယူကြပါဦးခင်ဗျာ...  လူငယ်တွေများလို့ အားတက်မိပါတယ်...  သာသနာ့အလံ လွှင့်ထူလျက်...  သာသနာ့အလံအနောက်က ရခိုင်မင်္ဂလာစည်... ရခိုင်ပြည်နယ်မှာကလွဲလို့ တခြားနေရာတွေမှာ တွေ့ရခဲလှတဲ့ မောင်တောမြို့ ရခိုင်စည်အဖွဲ့အနီးကပ် မြတ်စွာဘုရားကို

မနေ့က (၁၅.၁၁.၂၀၁၁) မှာ မောင်တောမြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်ခဲ့ပါတယ်... သံဃာတော်အပါး ၂၀၆ ပါးကို ပင့်ဖိတ်ခဲ့တဲ့ ဒီ အလှူပွဲလေးကို အများသူငှာ သာဓု ခေါ်ဆိုနိုင်ဖို့ ယခု ပို့စ်လေးကို ဓါတ်ပုံများ ဝေေ၀ဆာဆာနဲ့ တင်ပြလိုက်ပါတယ်ခင်ဗျာ... ကျွန်တော် ဆွမ်းဆန်စိမ်း အတွက် ပို့စ် ၂ခု တင်ပါ့မယ်... အခုတင်ပေးလိုက်တဲ့ ပို့စ်လေးကတော့ ကြိုတင်ပြင်ဆင်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့

လွန်ခဲ့တဲ့အပတ်ကပီနန်ကျောင်းကို တရုတ်မိသားစုတစ်စု ရောက်လာတယ်။ ဒကာမကြီးက သူ့သားကို ရဟန်းဝတ်ပေးချင်လို့လို့ဆိုပါတယ်။ ဘယ်နှရက်လောက် ၀တ်မှာလဲဆိုတော့ ၇-ရက်လို့ ဆိုပါတယ်။ ဘာကြောင့် ၀တ်ချင်တာလဲဆိုတော့သူက အခုတလော ကံတွေ အရမ်းဆိုးနေတယ်။ ဘာလုပ်လုပ် မအောင်မြင်ဘူး။ အဖျက်တွေ ခဏခဏ ၀င်နေတယ်။စားသောက်ဆိုင် ဖွင့်ထားတာ။ အခု ပိတ်လိုက်ရပြီ။ ကံကောင်းအောင်လို့ ၀တ်တာပါလို့ ဆိုပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်

မေး။ ။ ဦးဇင်းဘုရား လူတွေတော်တော်များများ ပြောနေကြပါတယ်ဘုရား။ တပည့်တော်လည်း အကျယ်တ၀င့်သိလို့ပါ၍ သနားဂရုဏာထားပြီး ဖြေကြားပေးတော်မူပါဘုရား။ ၀ိဇ္ဖာသုံးပါး၊ ၀ိဇ္ဖာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးကို တပည့်တော် သိလိုပါ၍ ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။ ဦးဇင်း စိတ်ချမ်းသာကိုကျန်းမာပြီး ဘာသာသာသနာအကျိုးတွေ ဒီထက်မကဆောင်ရွက်နိုင်ပါစေဘုရား။တင်လွန်း၊ မလေးရှား။ ဖြေ။ ။ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်(၁၀)ပါးတွင်

တစ်နေ့ အရေးပေါ် နိုင်ငံခြားကခေါ်တဲ့ ဖုန်းဝင်လာလို့ ကိုင်လိုက်တော့ “ဘုန်းဘုန်းဘုရား.. တပည့်တော် ဘယ်နိုင်ငံ၊ ဘယ်မြို့မှာ ရောက်နေတဲ့ ဘယ်သူပါဘုရား…၊ တပည့်တော် သူငယ်ချင်းတစ်ယောက် မနေ့ကဘဲ ရုတ်တရက် ဆုံးသွားလို့၊ အဲဒါ တပည့်တော် ရောက်နေတဲ့ နိုင်ငံမှာကလည်း ဘုန်းကြီးမရှိဘူး ဖြစ်နေတာကြောင့် သူ့အတွက် သရဏဂုံ တင်တာကို ဖုန်းနဲ့တစ်ဆင့်၊ ဒါမှမဟုတ် အင်တာနက်ကတစ်ဆင့် တင်ပေးလို့ ရသလားဘုရား”ဆိုတဲ့

ဘုရားဂုဏ်တော် (၉)ပါး... (၁) အရဟံ ဂုဏ်တော် ကိလေသာမှဝေးကွာခြင်း၊ ကိလေသာရန်သူကို သတ်တတ်ခြင်း၊ သံသရာလည်ပတ်ခြင်းကို ဖျက်စီးတတ်ခြင်း၊ အပူဇော်ခံထိုက်ခြင်း၊ ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို မပြုခြင်း။ (၂) သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော် တရားအားလုံးကို ဆရာ မ၇ှိဘဲ ပါရမီစွမ်းအားကြောင့် မိမိအလိုလို မှန်ကန်စွာ သိတော်မူခြင်း။ (၃) ၀ိဇ္ဇာစရဏ သမ္ပန္န ဂုဏ်တော် အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့်

မနေ့က သီတင်းကျွတ်လပြည့်နေမှာ သူငယ်ချင်းတွေနဲ့အတူ အလှူအဒါန်းလေးတစ်ခုလုပ်ဖို့ ရောက်ရှိခဲ့ တဲ့နေရာလေးတစ်ခုကို ပြန်ပြီး မျှဝေချင်လို့ပါ... အဲဒီ နေရာလေးကတော့ ကျွန်တော်လက်ရှိ အလုပ်နဲ့ ရောက်ရှိနေတဲ့ မောင်တောမြို့ရဲ့ တစ်နေရာဖြစ်တဲ့ (၆)မိုင်တောင် ဆိုတဲ့နေရာလေးတစ်ခုပါ... အဲ့ဒီ တောင်ရဲ့ထူးခြားချက်ကတော့ မြတ်စွာဘုရားရဲ့ ဓါတ်တော်များစွာထဲမှ တစ်ဆူဖြစ်တဲ့ ၀ဲဖက်ဖနောင့်တော် ဓါတ်ကို တည်ထားကိုးကွယ်ထားတဲ့