မှတ်ကျောက်တင်ခံမည့် ထေရ၀ါဒ ဗုဒ္ဓဘာသာ...
စကားဦး။ ။ ဗုဒ္ဓ၏ သဘာဝဓမ္မဒေသာနာတော်များကို သိပ္ပံပညာဖြင့် နှိုင်းယှဉ်၍
လူ့သဘာဝဓမ္မဖြစ်သော ရုပ်အဖွဲ့အစည်းနှင့် စိတ်အဖွဲ့အစည်း တို့၏
ဖြစ်ပေါ်ပြောင်းလဲနေသော သဘာဝတရားအား ထိုးထွင်းသိမြင်နိုင်ရန် အာသီသပြုလျက်
ဆရာကြီး ဦးဌေးအောင် ဟောကြားဆုံးမချက်များကို ဒေါက်တာတစ်ဦး၏
စုစည်းမူ့ဖြင့် တင်ပြထားသော စာအုပ်ကို ကိုးကားဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည်
သဗ္ဗညုတ ညဏ်တော်၊ အာသ၀က္ခယညဏ်တော်တို့ဖြင့် သိတော်မူသော
သဘာဝအမှန်တရားများကို လူသားတို့ နားလည်နိုင်သော နယ်အတွင်းမှ
ဟောကြားတော်မူခဲ့ပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာဘုရားရှင်၏
ဒေသနာတော်များသည် သဘာဝဓမ္မ ပညာပင် ဖြစ်ပါသည်။ ယင်းသဘာဝဓမ္မဒေသနာတော်ကို
ဟောကြားရာတွင် အကြောင်းယုတ္တိ ခိုင်လုံသည် သက်သေ သာဓက ပြည့်စုံသည်။
မည်သည့်နည်းနှင့်မဆို စမ်းသပ်ခံနိုင်သည်။ ထို့ကြောင့် ယခု သိပ္ပံပညာ၏
ဘဘာဝတရား ဖြစ်ပေါ်ပြောင်းလဲမူ့ တွေ့ရှိချက်များသည် ဗုဒ္ဓဟောကြားခဲ့သော
ဒေသနာတော်များနှင့် တစ်ထပ်တည်းကြလာကြောင်းကို တွေ့ရှိနေရပါသည်။
ဗုဒ္ဓမြတ်စွာဘုရားက
ညဏ်မျက်စိဖွင့်ပေးသဖြင့် အမှန်တကယ် မရှိသော်လည်း ထပ်တလဲလဲ စွဲခဲ့ကြသော ငါ၊
သူတစ်ပါး ဟူ၍ ယုံကြည်စွဲမြဲနေသော သမုတ္တိနယ်မှ ခံယူထားသော သဘာဝတရားထက်
ကျော်လွန်ကာ ပရမတ္တနယ်မှ သဘာဝအမှန်တရားများ ရှိကြောင်း သိခဲ့ရပါသည်။
ပရမတ္တနယ်မှ အမှန်တရားသည် လူတွင် ရုပ်တရားနှင့် နာမ်တရား ဟူ၍
နှစ်မျိုးသာရှိကြောင်း ရှင်းပြခဲ့ပါသည်။
ရုပ်တရား(ရူပက္ခန္ဓာ)နှင့်
နာမ်တရား( နာမက္ခန္ဓာ) တို့ပူးပေါင်း၍ စဉ်ဆက်မပြက် လုပ်ငန်း လုပ်နေသော
သဘာဝအမှန်တရား(သစ္စာတရား)ကို စိတ်(နာမ်တရား)က တိုက်ရိုက်သိအောင် ၀ိပဿနာဖြင့်
လေ့ကျင့်ရပါတယ်။
ရှေးဦးစွာ ရုပ်တရားကို ပိုင်ခြားကြည့်ခြင်းကို
ရူပက္ခန္ဓပရိစ္ဆေဒပညာ ဟုခေါ်ပါသည် ယနေ့ခေတ် ဆေးပညာက ခန္ဓဗေဒပညာ (Anatomy)
ဟုခေါ်ပါသည်။ ရုပ်တရားတွင် အရိုး၊ အသွေး၊ အသား၊ စသည်တို့ကို ဖုံးအုပ်ထားသော
အရေပြား ရှိပါသည်။ ယင်းမှတစ်ဆင့်တက်၍ ရူပက္ခန္ဓပစ္စယပရိဂ္ဂဟပညာဖြင့် ဖော်ပြပါ
အစိတ်အပိုင်းတို့သည် အချင်းချင်း ရိုင်းပင်း၍ လုပ်ငန်းလုပ်နေကြပုံများကို
လေ့လာရသည် ယင်းကို ယနေ့ဆေးပညာက ဇီဝကမ္မဗေဒပညာ ဟုခေါ်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည်
ရုပ်တရားတွင် ရုပ်ခန္ဓာကို ဖွဲစည်းထားသော အစိတ်အပိုင်းများ အချင်းချင်း
ရိုင်းပင်း၍ ရှင်သန်ရေးလုပ်ငန်း လုပ်ကိုင်နေပုံကို ဆင်ခြင်ပြီး ရုပ်ခန္ဓာကို
ဖွဲစည်းတည်ဆောက်ထားသည့် အခဲသဘောရှိသော အစိတ်အပိုင်း (၂၀)မျိုး၊
အရည်သဘောရှိသော အစိတ်အပိုင်း (၁၂)မျိုး၊ လေသဘောရှိသော အစိတ်အပိုင်း
(၆)မျိုး၊ အပူသဘောရှိသော အစိတ်အပိုင်း(၄)မျိုး၊ ဟူ၍ ကောဋ္ဌာသ
အစိတ်အပိုင်းများကို (၄၂)မျိုး ခွဲ၍ လေ့လာနည်းကို ပေးထားသည်။ ရုပ်ခန္ဓာကို
ဖွဲ့စည်းထားသော ပထ၀ီ၊ အာပေါ၊ ၀ါယော၊ တေဇော၊ ဆိုတဲ့ ဓာတ်ကြီးလေးပါးကို
သိရန်ဖြစ်ပါတယ်။ ထိုဓာတ်လေးပါးကို ပိုင်းခြား၍ ဆင်ခြင်သော ကမ္မဋ္ဌာန်းကို
စတုဓာတု၀၀တ္တာန် ကမ္မဋ္ဌာန်းဟု ခေါ်ဆိုပါသည်။
ယနေ့သိပ္ပံ ပညာက
ဖော်ထုတ်ပြသဖြင့် ကလာပ်စည်များ အကြောင်းကို သိလာသောအခါ အခဲ၊ အရေ၊ လေ၊
အပူတို့သည် ရုပ်ခန္ဓာကို ဖွဲ့စည်းထားသော အခြေခံ(ယထာဘူတ) ဓာတ်ကြီးလေးပါး
ဖြစ်သည်ဟု လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်က ဗုဒ္ဓမြတ်စွာဘုရား၏
သင်ကြားမူ့သည် မည်မျှလေးနက်၍ သိမ်မွေ့နက်နဲသည်ကို သိကြရပါသည်။
အခဲသဘောရှိသော
အစိတ်အပိုင်းကိုလေ့လာလျှင် မာသော သဘောရှိသည်။ ထင်ရှားသော အပိုင်းကို
ပြရလျှင် အရိုးသည် အမာဆုံးဖြစ်သည် မာသောဂုဏ်သတ္တိ ရှိခြင်းကြောင့်
ခန္ဓာတစ်ခုလုံးကို ထိန်းထားနိုင်ကြောင်းကို ဗုဒ္ဓ၏ ရူပက္ခန္ဓာ ပရိစ္ဆေဒပညာတွင်
ဖော်ပြထားပါသည်။ ယနေ့ ဆေးပညာတွင်လဲ လက်ခံထားပါသည်။ အရည်သဘောရှိသော
အစိတ်အပိုင်းများတွင် သွေး၊ ချွေး၊ ဆီး၊ မျက်ရည်၊ နှာရည်
စသည်တို့ပါဝင်ပါသည် အရည်သည် စီးဆင်းခြင်း သဘောရှိပြီး သေးငယ်သော
အပေါက်တွင်းသို့ စိမ့်ဝင်ထွက်နိုင်သော ဂုဏ်သတ္တိရှိသည်။ ဤအရည်ပိုင်းတွင်
အရေးကြီးဆုံးဖြစ်သော သွေးသည် ရုပ်ခန္ဓာ အနံအပြားသို့ ရောက်ရှိပြီး
ကလာပ်စည်များ၏ အမြေးပါးကို ဖြတ်၍ အသက်ရှင်သန်ရေးအတွက် လိုအပ်သော အဟာရနှင့်
အောက်ဆီဂျင်တို့ကို ရုပ်ခန္ဓာတစ်ခုလုံးသို့ ပေးပို့နိုင်သည်။ လေသဘောရှိသော
အစိတ်အပိုင်းတွင်လဲ တွန်းကန်နိုင်ခြင်း လှုပ်ရှားနိုင်ခြင်း၊
ဖိအားပေးနိုင်ခြင်း ဂုဏ်သတ္တိရှိပါသည် ထို့ကြောင့် အစာမျိုရာတွင်
ဖိအားပေးခြင်း၊ ချောင်းဆိုးသည့်အခါ အညစ်အကြေားစွန့်သည့်အခါ အတွင်းမှ
တွန်းကန်အားပေးခြင်း တို့ လုပ်ပေးနိုင်သည်။ အပူသဘောသည် ရုပ်ခန္ဓာတွင်
အပူငွေ့ရှိပါသည် ၄င်းသည် အပူစွမ်းအင်အဖြစ်တည်ရှိပြီး အပူစွမ်းအင်ကို
ကလာပ်စည်များရှင်သန်ရေလုပ်ငန်းများမှ ရရှိသည်။ အခဲ၊ အရည်၊ လေ တို့သည်
အပူဓာတ်များရာတွင် ပြန့်ကားပြီး အပူဓာတ်နည်းလျှင် ကျုံ့ဝင်ကြပါသည်။
တစ်သမတ်တည်ရှိသော အပူဓာတ်က ထိုသို့မဖြစ်အောင်ထိန်းသိမ်းပေးသည် ရုပ်ခန္ဓာတွင်
အပူစွမ်းအင်အပြင် လျှပ်စစ်စွမ်းအင်၊ များရှိသည်ဟု သိပ္ပံပညာက
တွေ့ရှိခဲ့ပါသည်။ ရုပ်တရားတစ်ခုလုံးကို စီစစ်ကြည့်လိုက်ရင်
ဓာတ်ကြီးလေးပါးမှ လွဲ၍ ဘာမှမရှိ ယင်းဓာတ်ကြီးလေးပါးတစ်မျီုးစီတွင်
ကိုယ်ပိုင် ဂုဏ်သတ္တိ တစ်မျိုးစီ ရှိနေကြပြီး အချိုးညီညီ လုပ်ငန်းများ
လုပ်နေခြင်းကြောင့် ရုပ်ခန္ဓာ ရှင်သန်နေခြင်း ဖြစ်ပါသည်။ ဖော်ပြခဲ့သော
အကြောင်းအရာများကို လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ရုပ်ခန္ဓာ၏ အခြေခံဓာတ်ကြီးလေးပါးနှင့် ပက်သက်၍
လေးလေးနက်နက်ပိုင်းခြား ကြည့်တတ်ရန် နည်းလမ်းပေးထားခဲ့ပြီး ဖြစ်ပါသည်။
တစ်ဖန်
ဆေးပညာက ယောက်ျားနှင့် မိန်းမ ဖြစ်စေသော ဘာဝရုပ်တို့သည်(ဆေးပညာခေါ်
chromosome) အဖမျိုးဥခေါ် အဖဖက်မှ ယောက်ျားဖြစ်စေသော ဘာဝရုပ်နှင့်
အမိမျိုးဥတို့ အကြောင်းအားလျော်စွာ ပေါင်းစပ်မိလျှင် ယောက်ျားဖြစ်ပြီး
အဖဖက်မှ မိန်းမဖြစ်စေသော ဘာဝရုပ်နှင့် အမိမျိုးဥတို့ ပေါင်းစပ်မိသောအခါ
မိန်းမဖြစ်ကြောင်းကို ဖော်ပြခဲ့ပါသည်။ ယောက်ျား၊ မိန်းမဖြစ်ခြင်းသည်
အမိမျိုးဥနှင့် အဖမျိုးဥတို့ အကြောင်းအားလျော်စွာ ပေါင်းစပ်မိခြင်းကြောင့်
ဖြစ်သည်ဟု ဆိုပါသည်။
ဗုဒ္ဓ၏ လူ့သဘာဝဓမ္မပညာတွင် ပဋိသန္ဓေ တည်ဆဲခဏတွင်
ယောက်ျားဖြစ်စေသော အကြောင်း ကမ္မသတ္တိကထောက်ပံလျှင် ယောက်ျားဖြစ်ပြီး၊
မိန်းမဖြစ်စေသော ကမ္မသတ္တိက ထောက်ပံ့လျှင် မိန်းမဖြစ်ကြောင်း
ရှင်းပြထားပါသည်။ ပဋိသန္ဓေတည်ပြီးချိန်မှစ၍ လူ၏ ဗီဇနိယာမ(ဆေးပညာခေါ် genetic
law) အတိုင်း ကလာပ်စည်များ အဆင့်ဆင့် တိုးပွားလာရာ အရွယ်ရောက်သည့် အချိန်၌
ကလာပ်စည်ပေါင်း ကုဋေတစ်သိန်းကျော်ရှိသည်။ ယင်းမှာ ရုပ်၏ ဗီဇနိယာမအတိုင်း
အစိတ်အပိုင်း(ကောဋ္ဌာသ) ဖြစ်အောင်ဖွဲစည်းသည်။ ဆေးပညာက ကလာပ်စည်များသည်
တစ်စက္ကန့်တွင် ငါးကုဋေ ပျက်စီးနေကြပြီး ငါးကုဋေ အသစ်ဖြစ်ကြောင်း
ကိန်းဂဏန်းဖြင့်ဖော်ပြသည်။ ဗုဒ္ဓ၏ ဓမ္မပညာတွင် ဖော်ပြသော ရုပ်နှင့်နာမ်
တို့သည် ဖြစ်ခြင်း၊ တည်ခြင်း ပျက်ခြင်း၊ အစဉ်ကို မှန်ကန်ကြောင်း ဆေးပညာက
ထောက်ခံနေခြင်းဖြစ်သည်။ ဤကဲ့သို့ ပျက်ခြင်းနှင့် အသစ် ဖြစ်ခြင်း အစဉ်သည်
ရုပ်ကလာပ်စည်တို့၏ မတည်မြဲခြင်းသဘော ၀ိပရိဏမ ဒုက္ခဟုခေါ်ပါသည်၊ ၀ိပရိဏမ
ဒုက္ခသည်လည်း ဒုက္ခသစ္စာအနက် တစ်ခက်ဖြစ်၍ သင်္ခါရ ဒုက္ခကဲ့သို့ ညဏ်ပညာဖြင့်သာ
သိနိုင်သော ခန္ဓာဒုက္ခသစ္စာဖြစ်ပါသည်။ ကလာပ်စည်းများ ဖြစ်ခြင်းပျက်ခြင်း
ရပ်စဲသောအခါ သေခြင်း မရဏ ဖြစ်ပေါ်သည်။ သေးငယ်သော ပရမာနုမြူခေါ် ကလာပ်စည်များ
ဖြစ်ပျက်ပုံကို ဥပမာပေးရသော် တီဗီဖန်သားပြင်အား
ကြည့်ရှူ့ခြင်းဖြင့်သိနိုင်သည် သေးငယ်သောအစက်ပြောက်လေးများ
ပြောင်းလည်းလှုပ်ရှားခြင်ကြောင့် အရုပ်ပုံများလှုပ်ရှားနေခြင်း အဖြစ်
ကျနောတို့ အမြင်အာရုံတွင် ထင်လာပါသည်။
ဗုဒ္ဓသဘာဝဓမ္မသည်
ပရမတ္ထတရား (၄)ပါးရှိကြောင်းဟေားကြားခဲ့ပါသည် သိပ္ပံပညာသည် ရုပ်တရား
ရုပ်တရားတပါးကိုသာ သိနိုင်သည် ကျန်တရား သုံးပါးကို မသိနိုင်ပါ။ နောက်ပြီး
ဒီပရမတ္ထတရား အပေါင်းတို့ရဲ့ ဖြစ်ပျက် ဆက်နွယ်ပုံကို ရှင်းပြဖို့ နိယာမတရား
ငါးပါး ရှိပါတယ်။
၁။ ဥတုနိယာမ။ ။ ရုပ်ပိုင်းဆိုင်ရာနိယာမများ၊
၂။ ဗီဇနိယာမ။ ။ ဇီဝဆိုင်ရာ နိယာမများ၊
၃။ စိတ္တနိယာမ။ ။ စိတ်တို့၏ ဖြစ်မြဲသဘော၊
၎။ ကမ္မနိယာမ။ ။ ကံတရားတို၏ ဖြစ်မြဲသဘော၊
၅။ ဓမ္မနိယာမ။ ။ သဘာဝဓမ္မတို့၏ ဖြစ်မြဲသဘော၊
ဤသို့
လောကကြီးတွင် အမှန်တကယ်ရှိသော နိယာမငါးပါးတွင် သိပ္ပံပညာသည် (၁) နှင့် (၂)
ကိုသာ သိနားလည်နိုင်ပြီး ကျန်နိယာမ တရားကို မသိနားမလည်ပါ။
ကမ္ဘာကျော် သိပ္ပံပညာရှင် အိုင်စတိုင်းပြောသွားသော စကားရှိပါသည်။
Religion is lame without science and is blind without religion.
သိပ္ပံပညာမပါသော ဘာသရေးသည် အကျိုးဖြစ်ပြီး ဘာသာရေးမပါသော သိပ္ပံပညာသည် အကန်းဖြစ်သည်။
မှန်ပါသည်
ယခုမျက်မှောက်ခေတ်တွင် လူသားများ စားဝတ်နေထိုင်ရေးအတွက် သိပ္ပံပညာသည်
အမှန်တကယ်လိုအပ်ပါတယ် သို့သော် သိပ္ပံပညာသည် ခြေလက်သန်စွမ်းသည့်
မျက်မမြင်သူနှင့် အလားတူနေသဖြင့် မျက်စိနှင့်တူသော ဗုဒ္ဓသဘာဝဓမ္မသည် ပို၍ပင်
လိုအပ်ပါသည်။
ဂရိတွေးခေါ်ရှင် (Socrates)ဆိုကရေးတီးကလည်း
လူသားတို့သည် အမှန်တရားကို သိအောင် ရှာကြံရမည်။ အမှန်တရားကိုသိမှ အမှားကို မည်သူမျှ ပြုလုပ်တော့မည်မဟုတ်'
ဟု
ဆိုခဲ့ပါတယ်။ မှန်ပါသည် အမှန်တရားကို အမှန်တကယ်သိပါက အမှားတရားသည်
လှည့်စားလို့မရအောင် ရှင်းရှင်းလင်းလင်း ထင်ပေါ်နေမည်ဖြစ်ပါသည်။ ယင်းသို့
အမှန်တရားကို အမှန်တကယ်သိနိုင်ရန် ဗုဒ္ဓသဘာဝဓမ္မကို သင်ယူလေ့လာ
လိုက်စားခြင်းဖြင့်သာ ဆောင်ရွက်နိုင်ပါသည်။ဆိုကရေးတီးကပင်All i know is that i know nothing ကျွှနုပ်၏ သိမြင်ချက်အားလုံးကို သတ္ထုချလိုက်လျှင် ကျွှနုပ်သည် ဘာမှမသိခြင်းဟူသော အဖြေကိုသာရသည်
ဟု
ပညာရှိပီပီ ၀န်ခံခဲ့ပါသည်။ (Plato)ပလေတိုက အစစ်အမှန်တရားဟုသည်မှာ
(Form)ပုံစံ သဘောဆောင်သော နာမ်လောကဖြစ်သည် ရုပ်လောကသည် ပုံ၏အသွင်လက္ခဏာဖြစ်၍
အမှန်ရှိသော လောကမဟုတ်ဟုဆိုခဲ့ပါသည်။ ပလေတို့၏ တပည့်ဖြစ်သူ
(Aristotle)အရစ္စတိုတယ်ကလဲ ရုပ်လောကနှင့် နာမ်လောကသည် ခွဲမရအောင် ဒွန်တွဲ
ဆက်စပ်နေပြီး အခြေအနေအရ ပြောင်းလဲနေသည်ဟု ဆိုပါသည်။ တွေးခေါ်ပညာရှင်တို့သည်
ဆင်ခြင်းခြင်အဓိက၀ါဒ(Rationalism) ကိုဦးစားပေးကြတယ်။ ထို့ပြင် ယခုအခါ
စိတ်ချင်းဆက်သွယ်သည့် တယ်လီ၏ပသီ (Telepathy)၊ စိတ်စွမ်းအင်အားဖြင့်
အရာဝတ္ထုများကို ရွှေ့လျားစေနိုင်သော တယ်လီကိုင်းနက်ဆစ်(Telekinesis)၊
ဖုံးကွယ်နေသော အရာများနှင့် ဝေးလံသည့်အရပ်ဒေဒ၌ရှိသော အရာများကို
မြင်တွေ့နိုင်သည့် ကလယ်ဗိုးယင့်(Clairvoyance)၊ အနာဂတ်တွင်ဖြစ်လာမည့်
အကြောင်းအရာတို့ကို ကြိုတင်မြင်နိုင်သော ပရီကော့နီရှင်း(Precognition)၊
စသည့် မရစိတ်ပညာ(Parapsychology) တန်ခိုးများ ရှိကြောင်းကိုလဲ
စိတ်ပညာရှင်များနှင့် သိပ္ပံပညာရှင်များက လက်ခံထားကြပါတယ်။ သို့သော်
အဘယ်ကြောင့် ဤကဲ့သို့သော ထူးခြားသည့် စွမ်းရည်များ ရှိကြောင်းကိုကား
မရှင်းပြနိုင်ကြပါဘူး။ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သဘာဝဓမ္မပညာက စိတ်ဖြစ်ပုံ၊
ပျက်ပုံ၊ စိတ်ကြောင့်ရုပ်ဖြစ်ပုံ၊ စိတ်ကိုခြယ်လှယ်နေကြသော
စေတသိက်များကြောင့် စိတ်အမျိုးမျိုးပြောင်းလဲပုံ၊ ကုသိုလ်စိတ်နှင့်
အကုသိုလ်စိတ်ဖြစ်ပုံ၊ ယင်းစိတ်တို့နှင့် ယှဉ်ပြီး အကုသိုလ်ကံ၊ အကုသိုလ်ကံ
စေတနာကြောင့် သုဂတိနှင့် ဒုဂ္ဂဘ၀များ ဖြစ်ပေါ်ပုံ၊ ဈာန်အဘိညဏ်ရအောင်
အားထုတ်လျှင် တယ်လီပသီ၊ ကလယ်ဗိုးယင့်၊ ပရီကော့နီရှင်း စသည့်တို့ထက်
အဆများစွာပိုပြီး အစွမ်းထက်သော ညဏ်ပညာရရှိုနိုင်ပုံ၊ ဘ၀ကို
တက်မက်တွယ်တာတတ်သည့် တဏှာကို ၀ိပဿနာပညာဖြင့် ပယ်သတ်နိုင်ပုံ၊ ထိုသို့
ပယ်သက်လိုက်သည့်အခါ အချမ်းသာဆုံးဖြစ်သော သန္တိသုခကို ခံစားရပုံ
အလုံးစုံတို့ကို တိတိကျကျ ဟောကြားထားပါသည်။
ကမ္ဘာတွေးခေါ်ပညာရှင်ကြီးများသည်
ပရမတ်တရားအထိ တွေးခေါ်မြော်မြင်နိုင်ကြသည်ဟု တစ်ချို့ပညာရှိတို့က
အဆိုပြုစေကာမူ မရမတ်နယ်တို့ အမှန်တကယ်မရောက်ကြပါဘူး ၊ သိပ္ပံပညာက ရုပ်ကို
အက်တန်၊ မောလီကျူးများ အဖြစ်သို့လည်ကောင်း၊ အီလက်ထရွန်၊ ပရိုတွန်၊
နယူထရွန်၊ အဆင့်ထိလည်ကောင်း အသေးစိတ် ခွဲခြမ်းစိတ်ဖြာနိုင်စေကာမူ၊
စိတ်၊စေသသိက်၊ နိဗ္ဗာန် တို့၏အကြောင်းကို မသိမြင်ကြပါ ထိုပြင့်
ယင်းပရမတ်တရားတို့ အချင်းချင်းဆက်နွယ်နေပုံကိုလည်း မသိနားမလည်နိုင်ကြပါဘူး။
ဒါကြောင့် သိပ္ပံပညာက ပုဂ္ဂိုလ်ရှိသည်၊ ယောက်ျားရှိသည်၊ မိန်းမရှိသည်၊
ခွေးကြောင်၊ မော်တော်ကား၊လေယာဉ် ရှိသည် ဆိုသော ပညတ်အမြင်များကို
မပြောင်းလဲစေနိုင်ပါ ပညတ်လောက အတွက်မူ ယင်းမှာ အတိုင်းအသာတစ်ခုထိ
ငြင်းစရာမရှိအောင်မှန်ပါသည် သို့သော် ဗုဒ္ဓသဘာဝ ပရမတ်တရားအရမှာမူ
ထိုပညတ်ချက်များမရှိပါ။ ဥပမာ လူဟုသတ်မှတ်ထားသော လောကီအမှန်တရားကို
ဆံပင်၊မွေးညှင်း၊ ခြေသည်း၊လက်သည်း၊ အသား၊အရေ အကြော၊အရိုး ဟု
ခွဲခြမ်းစိတ်ဖြာလိုက်ပါက လူမရှိတော့ပေ ကောဋ္ဌာသ ၃၂
ပါးဖြင့်ဖွဲ့စည်းထားခြင်းသာဖြစ်သည်။ ထို့အတူ လူ၏ အစိတ်အပိုင်းအဖြစ်
သတ်မှတ်ထားသော ခံစားမူ့ဖြစ်သော ဝေဒနက္ခန္ဓာ၊ မှတ်သားမူ့ဖြစ်သော သညှာက္ခန္ဓာ၊
စေ့ဆော်မူ့ဖြစ်သော သင်္ခါရက္ခန္ဓာ၊ သိမူ့ဖြစ်သော ၀ိညာနက္ခန္ဓာ၊
ဤနာမ်ခန္ဓာလေးပါးကို လူဟု မသတ်မှတ်နိုင်ပါ၊ ရူပက္ခန္ဓာဆိုသော ရုပ်အစုနှင့်
ပေါင်းစပ်လိုက်သောအခါမှသာ လူဟူသောပညတ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မော်တော်ကား၊
လေယာဉ် စသည်တို့မှာလဲ ထိုးနည်းလည်းကောင်းပင်ဖြစ်ပါသည်။
တစ်စစီဖြုတ်လိုက်ပါက ပညတ်အမှန်တရားသည် ပျောက်ကွယ်သွားပါသည်။ ဗုဒ္ဓ၏
သဘာဝဓမ္မပညာသည် စကြ၀ဠာအလုံးစုံ၌ ရှိကြသော သက်ရှိသက်မဲ့ အလုံးစုံတို့ကို
အခြေခံအကျဆုံး ဖြစ်သည့် ပရမတ္ထ တရားများဖြင့် အရှိကိုအရှိအတိုင်း
သဘာဝအမှန်အတိုင်း ခွဲခြမ်းစိတ်ဖြာကာ ဝေဖန်စီစစ်ပြထားသော ပညာ ဖြစ်ပါသည်။
အတွင်းစိတ်(မနောဝိညဏ်)
အပြင်စိတ်ငါးမျိုးသည်
သိ သဘောသက်သက်သာပါသည့် စိတ်များဖြစ်ပါသည်။ အပြင်စိတ်များဖြစ်ပြီးတိုင်း
နောက်မှ ကပ်၍လိုက်ပြီး အဓိပ္ပါယ်ဖော်သော အလုပ်လုပ်သည့် စိတ်များသည်
အတွင်းစိတ်(မနောဝိညဏ်)များ ဖြစ်ကြသည်။ အတွင်းစိတ်၏ တည်ရာသည် အတွင်းဒွါရ
ဖြစ်ပြီး မှီရာအာရုံသည် အတွင်းအာရုံ(ဓမ္မာရုံ) ဖြစ်သည်။
အပြင်စိတ်များအာရုံကို အတွင်းစိတ်က ခံယူ၍ အတွင်းစိတ်၏ ဖြစ်လာသော အာရုံကို
ဓမ္မာရုံ ဟုခေါ်သည်။ ထို့ကြေင့် အပြင်နှင့်အတွင်း ပေါင်းလျှင်
အာရုံခြောက်မျိုး ဒွါရခြောက်ပေါက်နှင့် စိတ်(၀ိညဏ်) ခြောက်မျိုးရှိသည်။
အပြင်စိတ်တွင် သုခဝေဒနာနှင့် တွဲ၍ဖြစ်လျှင် အတွင်းစိတ်သည် သောမနဿဝေဒနာနှင့်
တွဲ၍ဖြစ်သည်။ အပြင်စိတ်သည် ဒုက္ခဝေဒနာနှင့် တွဲ၍ဖြစ်လျှင် အတွင်းစိတ်သည်
ဒေါမနဿဝေဒနာနှင့် တွဲ၍ဖြစ်သည်။ အပြင်စိတ်သည် အဒုက္ခမသုခ ဝေဒနာနှင့်
တွဲ၍ဖြစ်လျှင် အတွင်းစိတ်သည် ဥပေက္ခာဝေဒနာနှင့် တွဲ၍ ဖြစ်သည်။ အပြင်စိတ်များ
ဖြစ်ပြီးတိုင်း အတွင်းစိတ်သည် နောက်မှလိုက်၍ မြင်စိတ်၊ ကြားစိတ် စသည်တို့
အပြင် ၄င်းတစ်မျိုးတည်းလည်း အလုပ်လုပ်ပါသည်။ စိတ်ထဲတွင်
တွေးတောကြံစည်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းတို့သည် အတွင်းစိတ်လုပ်ငန်း
ဖြစ်သည်။
ဗုဒ္ဒ၏ လူ့သဘာဝဓမ္မပညာက မျက်စိတစ်မှိတ်တွင် စိတ်ပေါင်း
ကုဋေတစ်သိန်းဖြစ်သည်ဟု ဖော်ပြသည်။ မျက်စိတစ်မှိတ် ဟူသော အချိန်နှင့်
ပတ်သက်၍ မြန်မာတို့ တွက်ချက်ပုံကို သိရန်လိုသည်။
မျက်စိ ၁၀ မှိတ် = တစ်ခဏ
၁၀ ခဏ = တစ်ခရာ
၁၀ခရာ = တစ်ပြန်
၆ပြန် = တစ်ဗီဇနာ
၁၅ ဗီဇနာ = တစ်ပါဒ်
၎ ပါဒ် = တစ်နာရီ
၆၀ နာရီ = တစ်ရက်
အထက်ပါနည်းနှင့်
တွက်လျှင် တစ်စက္ကန့်တွင် မျက်စိ ၂၅၀မှိတ်ရှိကြောင်း တွက်၍ရသည်။
သို့ဖြစ်ပါ၍ ဗုဒ္ဓ၏ လူ့သဘာဝဓမ္မပညာက ဖော်ပြသော စိတ်၏ဖြစ်နှုန်းသည်
တစ်စက္ကန့်တွင် ကုဋေ (၂ဒသမ၅)ကုဋေ ဖြစ်သည်ဟု တွက်၍ရသည်။ ထို့ကြောင့်
လူ့သဘာဝဓမ္မပညာက ဖော်ပြသော စိတ်၏ဖြစ်နှုန်းကို သိပ္ပံက တွက်ပြသော
တစ်စက္ကန့်တွင် အလင်းလှိုင်းများ မျက်စိအကြည်ရုပ်ကို ရိုက်ခတ်သည့်နှုန်း ကုဋေ
(၃) ကုဋေနှင့် နှိုင်းယှဉ်နိုင်သည်။ ထိုသို့ အလွန်လျင်မြန်စွာ ဖြစ်၍
ပျက်နေကြသော မြင်သိစိတ်လေးများ၏ ဖြစ်တည်ပျက် အစဉ်အတန်းက မြင်မှုကို
တစ်ဆက်တည်းဟု ထင်ရအောင် လုပ်ပေးသည်။
Categories:
ဘာသာရေး