HAZY LIFE

 ဒီပိုစ့်လေးကတော့ ဦးဖိုးကျား ရေးသားတဲ့ ၃၇ မင်း ဆိုတဲ့ စာအုပ်ကနေ ကူးယူရိုက်နှုတ်တင်ပြခြင်းဖြစ်ပါတယ်... အားလုံး မည်သူမဆို ယဉ်ကျေးစွာ ဝေဖန်နိုင်ပါတယ်...


ဤမြန်မာပြည်နှင့်တကွ တစ်ကမ္ဘာလုံးသည် မိရိုးဖလာ နတ်ကိုးကွယ်ခြင်းရှိရာ… သာသနာအမျိုးမျိုး နောက်ထပ်ပေါ်၍ လွမ်းမိုးသော်လည်း လုံးဝပျောက်သည်မဟုတ်ပဲ
အနည်းအများကျန်သည်သာတည်း။ နတ်ကိုးကွယ်ခြင်းမှာ ဋ္ဌာနီကဲ့သို့ဖြစ်နေပြီး… သာသနာမှာ
ယာယီကဲ့သို့ဖြစ်နေလေသည်။ အလွန်ကို ၀မ်းနည်းစရာကောင်းလှပါသည်…။

မြန်မာပြည်ကိုကြည့်ကြပါစို့…။ ရှေးဦးစွာနတ်ကိုးကွယ်သည်ကိုတွေ့ရသည် နောက် ဟိန္ဒူအယူဝါဒ ရောက်လာသည်…။ နောက်ဆုံး ဗုဒ္ဓဘာသာရောက်လာသည်…။ မြန်မာပြည်သူပြည်သားတို့သည် ဗုဒ္ဓဘာသာ ဟုဝန်ခံကြသည်…။ အကြီးကျယ်
အမြတ်နိုးဆုံးသော ကိုးကွယ်မှူလည်းဖြစ်သည်…။ သို့သော် နတ်ကိုလည်းကောင်း…
ဟိန္ဒူအယူဝါဒကိုလည်းကောင်း လုံးဝမဖြိုနိုင်ချေ…။

အိမ်တွင် အုန်းသီးဆွဲခြင်း…၊ ဦးရှင်ကြီးတင်ခြင်း…၊ ရွာဦးထပ်၌ နတ်စင်တစ်မျိုးမျိုးရှိခြင်း…၊ ရွှေညောင်ပင်…၊ ကညင်ပင်…၊ ကြို့ပင် စသော သစ်ပင်နတ်၊ တောနတ်၊ တောင်နတ်တို့ကို အနှံ့ကိုးကွယ်ကြသည်…။ မဟာဂီရိ ပုပ္ပါးနတ်ပွဲ…၊
တောင်ပြုံးနတ်ပွဲ…၊ ရတနာ့ဂူနတ်ပွဲ…တို့မှာလည်း ကြီးကျယ်ထင်ရှားလျှက်ရှိနေသည်…။

မြန်မာပြည်တွင်သာမက တစ်ကမ္ဘာလုံးတွင်ပါ အထင်ပေါ်ဆုံး ဗုဒ္ဓဘာသာအဆောက်အဦးဖြစ်သော ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခြေရင်း၌ နတ်ဝင်သည် နတ်ဆိုင်တို့ ယခုတိုင်အသက်မွေးလျှက်ရှိကြပေသည်…။ အဆိုးဆုံးကတော့
ဗိုလ်တစ်ထောင်ဘုရားဝင်းအတွင်းရှိ အစိမ်းရောင်ဝတ်စုံပိုင်ရှင်
မြနန်းနွယ်ပဲဖြစ်ပါတယ်…။ ဘုရားဖူးများကလည်း ဘုရားကိုမ၀င်ပဲ အဲဒီ
မြနန်းနွယ်အဆောက်အဦးကို ၀င်ရောက်ပြီး… အိမ်ကိုတန်းပြန်လေ့ ရှိနေကြပါပြီ…။ အဲဒါက
နတ်ကြောင့် သာသနာတော် မှေးမှိန်ခြင်းတစ်မျိုးပါပဲ…။

ဟိန္ဒူဝါဒ ဟိန္ဒူနတ်တို့သည်လည်းမပျောက်ချေ…။ ဥပမာ…ယခုအခါ ဘုရားဆွမ်းကပ်ရာ၌ ဘုရား…တရား…သံဃာ အပြင် တနင်္ဂနွေ…၊ တနင်္လာ…၊ စသော ခုနှစ်နေ့ဂြိုလ်နတ်များ…၊ သူရဿတီ…၊ စန္ဒီ…၊ ပရမီသွာ…၊ မဟာပိန္နဲ…၊ စသော ဟိန္ဒူနတ်ကြီးများ ပါနေသည်ကို
သတိပြုမိလေသည်…။

ဤသို့ဆိုလျှင် ဗုဒ္ဓဘာသာ သာသနာသည် ပေါ်သည့်အခါပေါ်၍ ပျောက်သည့် အခါပျောက်နေပေမည် …။ သို့ရာတွင် မိရိုးဖလာ နတ်ကိုးကွယ်ခြင်းသည်ကား လူရှိနေသမျှ ကာလပတ်လုံး တည်ရှိနေမည်သာတည်း…။ အဲဒါက နတ်ကြောင် သာသနာတော် မှေးမှိန်ခြင်းတစ်မျိုးပါပဲ…။

ဤဆောင်းပါးတွင်ရေးသားခဲ့သည့်အတိုင်း နတ်ကိုးကွယ်မှူသည် လူတည်ရှိနေသရွေ့ကာလပတ်လုံး တည်ရှိနေမည်ဖြစ်ရာ မည်သည့်အခါမျှ လုံးဝပျောက်နိုင်မည် မဟုတ်ချေ…။ နတ်ကိုးကွယ်မှူသည်အယူမှားသော မိစ္ဆာအမှူမျိုးဖြစ်၍ လောကကျိုး…၊
သံသရာကျိုးကို ပျက်စီးစေတတ်၏…။ အချို့နေရာ၌ လူ့အသက်…၊ တိရစ္ဆာန်အသက်တို့ဖြင့်
ပူဇော်တတ်သည် ဖြစ်ရကား များစွာကြီးလေးသော မကောင်းမှူတို့ကို ပွားများစေတတ်သည်…။
စင်စစ်သော်ကား ဤအလေ့အကျင့်များသည် တနည်းနည်းဖြင့် ကမ္ဘာပေါ်တွင် အနှံအပြားရှိလေသည်…။
အဆိုးဆုံးတွေ့ရသည်ကား အမေရိကတိုက်…၊ မက္ကဆီကိုပြည်နယ်…၊ အက်ဇ်တက်(Aztecs)
လူမျိုးတို့သည် လူကိုယဇ်နတ်ပူဇော်တတ်ကြသည်…။ ယခုအခါ ထို မက္ကဆီကိုမြို့ ပြတိုက်တွင်
ကျောက်ယဇ်ပလင်တစ်ခုသိမ်းထားသည်…။ အ၀ိုင်းပုံအချင်း ၇ ပေမျှကျယ်သည်…။
ထိုပလ္လင်ပေါ်တွင် လူပေါင်းတစ်သန်းကျော်ယဇ်ပူဇော်ခဲ့ဖူးလေသည်…။



ဆက်လက်ဖော်ပြပါဦးမည်…ယင်းဆောင်းပါးအား ဖြန့်ဝေလိုပါက http://zmo999.blogspot.com ကို refer လုပ်ပေးပါခင်ဗျာ…အမှားအယွင်းပါခဲ့လျှင် ကျွန်တော့်တာဝန်သာဖြစ်ပါတယ်...။

Categories:

Leave a Reply