HAZY LIFE

 မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်ပေါင်းများစွာထဲမှ လူတိုင်း ရွှတ်ဆိုပူဇော်နေတဲ့ ဂုဏ်တော်ကိုးပါးရဲ့ အနက်အဓိပ္ပါယ်ကို ဖော်ပြပေးလိုက်ပါတယ်...

(၁) ပူဇော်အထူးကိုခံယူတော် မူထိုက်သော မြတ်စွာဘုရား...
(၂) သစ္စာလေးပါးကို ကိုယ်တော်တိုင် ထိုးထွင်းသိမြင်ခဲ့သော မြတ်စွာဘုရား...
(၃) အကျင့်အရာတွင်အလွန်မြင့်မြတ်ပြီး ပညာအရာတွင်လည်း အနှိုင်းမဲ့သော မြတ်စွာဘုရား...
(၄) ကောင်းသောစကားကိုသာ ဆိုတော်မူလေ့ ရှိသော မြတ်စွာဘုရား...
(၅) လောကသုံးပါးကို သိရှိတော်မူသော မြတ်စွာဘုရား...
(၆) ဆုံးမထိုက်သူကို ဆုံးမတော်မူသည့် ပုဂ္ဂိုလ်ထူး ပဂ္ဂိုလ်မြတ် ဖြစ်တော်မူသော မြတ်စွာဘုရား...
(၇) လူ၊ နတ်၊ တို့အား လိမ္မာယဉ်ကျေးအောင် ဆုံးမတော်မူသည့် ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား...
(၈) သစ္စာလေးပါးတရားကို သတ္တ၀ါများအကျိုးအတွက် ဟောကြားပေးတော်မူသော မြတ်စွာဘုရား...
(၉) ဘုန်းတန်ခိုး ကြီးမားတော်မူသော မြတ်စွာဘုရား...

Categories:

Leave a Reply