HAZY LIFE

မြတ်စွာဘုရားသည် ကေသမုတ္တိနိဂုံးရှိ ကာလာမအနွယ် အမျိုးသားတို့ နေရာသို့ ဒေသစာရီ လှည့်လည်
တော်မူစဉ် ရောက်ရှိခဲ့ပါသည်... ကာလာမ အမျိုးအနွယ်တို့ကလည်း မြတ်စွာဘုရားကို ဖူးမြော်ကြည်ညို
၍၀မ်းမြောက်ဖွယ်စကားများကို ပြောဆိုပြီးနောက် ယခုကဲ့သို့ လျှောက်ထားကြလေသည်...

"အရှင်မြတ်ဘုရားကျွန်တော်မျိုးတို့ နေထိုင်ရာကို ရောက်လာသမျှသော ဘာသာရေးခေါင်းဆောင် ဟူသမျှ
ကာလာမအနွယ်တို့ရဲ့ အယူဝါဒဟူသမျှတွင် ငါတို့၏အယူဝါဒသည် အကောင်းဆုံး အမြတ်ဆုံး အမှန်ဆုံး 
ဖြစ်သည်ဟာပြောဆိုဟောကြားလေ့ ရှိကြပါသည်... သို့ပါ၍ ကျွန်တော်မျိုးတို့မှာ အဘယ်အယူဝါဒဟာ အကောင်းဆုံးဖြစ်ကောင်းကို မဆုံးဖြတ်နိုင်ဖြစ်နေကြပါသည်ဘုရား..." ဟုလျှောက်ထားကြလေရာ မြတ်စွာ
ဘုရားရှင်က အောက်တွင်ဖော်ပြထားသော ၀ိဘဇ္ဇ - ဝေဖန်ပိုင်းခြားပြီးမှ ယုံကြည်ရသောဝါဒကို ဟောကြား
တော်မူခဲ့ပါသည်...
Ma anussavena.
Do not believe something just because it has been passed along and retold for many generations. [Simpler: Do not be led by what you are told.]

မျိုးရိုးစဉ်ဆက်ကတည်းကပြောခဲ့ပါသည်၊ လက်ခံခဲ့ကြပါသည်ဟုကြားခါမျှဖြင့် တစ်ပါးသောသူတို့ပြောသော အရာကိုမယုံလေနှင့်။ (တစ်ဆင့်ကြားဖြစ်လို့ မှန်တယ်လို့ မယူဆကြနဲ့...)


Ma paramparaya.
Do not believe something merely because it has become a traditional practice. [Do not be led by whatever has been handed down from past generations.]
နှောင်းလူတို့လက်ဆင့်ကမ်းခဲ့သော အလေ့အကျင့်၊ အထုံဓလေ့ဖြစ်ကာမျှဖြင့် မယုံလေနှင့်။
(ရှေးအစဉ်အလာ ဆိုရုံမျှနဲ့လည်း အမှန်လို့ မယူကြနဲ့...)


Ma itikiraya.
Do not believe something simply because it is well-known everywhere. [Do not be led by hearsay or common opinion.]

အလွန်တရာပြန့်နှံ့ကျော်ကြား၊ လူသိများကာ လက်ခံကြသည်ဟု သိယုံမျှဖြင့်မယုံလေနှင့်။



Ma Pitakasampadanena.
Do not believe something just because it is cited in a text. [Do not be led by what the scriptures say]

စာအုပ်စာပေတို့တွင် ရေးသားဖော်ပြထားသည်မျှဖြင့်ပင် မယုံလေနှင့်။
(စာအုပ်စာပေတွေဆိုရာမှာ ဘုရားဟောပိဋကတ်တွေမပါပါဘူး... အဲလိုပြောရင်လည်း တစ်ဖက်သတ် ဆန်တယ်ပြောဦးမယ်... ရှင်းပြပါ့မယ်... ဘုရားလက်ထက်မှာ ပိဋကတ်သုံးပုံဆိုတာမပေါ်သေးဘူး... ပိဋကတ်သုံးပုံဆိုတာ စတုတ္ထ သင်္ဂါယနာမှ ပေထပ်အက္ခရာတင်တာ... အဲဒီအရှေ့ပိုင်းအားလုံး စုပေါင်းရွတ်ဆို အာဂုံဆောင်ပြီး သင်္ဂါယနာ တင်ခဲ့ကြတာကြီးပဲ... အဲလောက်ဆိုရှင်းပြီထင်တယ်နော်... ဘယ်စာအုပ်တွေကို မယုံနဲ့  ပြောတာလဲဆိုတာ နောက်ကြုံရင်ရေးပါဦးမယ်... မြတ်စွာဘုရားက သူပြောတဲ့ တရားတွေကို မယုံနဲ့လို့ ဘယ်တော့မှမပြောဘူး... လာလှည့်ရှူ့လှည့် စမ်းစစ်လှည့်ဆိုပြီး အမြဲတမ်းဖိတ်ခေါ်ပြီးသားပါ...)


Ma takkahetu.
Do not believe something solely on the grounds of logical reasoning. [Do not be led by mere logic.]

ယုတ္တိတန်သည်ဆိုယုံမျှဖြင့် မယုံလေနှင့်။
(နည်းမှီ၍ ယူခြင်းမျိုးဖြင့်လည်း အမှန်လို့ မယူကြနဲ့...)



Ma nayahetu.
Do not believe something merely because it accords with your philosophy. [Do not be led by mere deduction or inference.]

သင့်လက်ခံထားသော အတွေးအမြင်ဖြစ်ယုံ၊ တိုက်ဆိုင်ယုံမျှဖြင့်မယုံလေနှင့်။
(မိမိတို့ ကြံစည် နှစ်သက် လက်ခံထားသော အယူနှင့် ကိုက်ညီသည်ဆိုရုံနှင့်
အမှန်လို့ မယူကြနဲ့...)



Ma akaraparivitakkena.
Do not believe something because it appeals to "common sense". [Do not be led by considering only outward appearance.]

အပေါ်ယံ၊ အမြင်ခံစားမှုမျှနှင့်ပင် မယုံလေနှင့်။


Ma ditthinijjhanakkhantiya.
Do not believe something just because you like the idea. [Do not be led by preconceived notions (and the theory reflected as an approval)]

သင်စိတ်ကြိုက်တွေ့မိသော အတွေးအမြင်အယူအစတစ်ခုဖြစ်သည်ဆိုယုံမျှဖြင့်ပင်မယုံလေနှင့်။



Ma bhabbarupataya.
Do not believe something because the speaker seems trustworthy. [Do not be led by what seems acceptable; do not be led by what some seeming believable one says.]

ပြောသူပုဂ္ဂိုလ်ကိုယုံကြည်စိတ်ချယုံမျှနှင့်ပင် မယုံလေနှင့်။
(လက်ခံထိုက်သော ပုဂ္ဂိုလ်၏စကား ဖြစ်ရုံဖြင့် အမှန်လို့ မယူကြနဲ့...)



Ma samano no garu ti.
Do not believe something thinking, "This is what our teacher says". [Do not be led by what your teacher tells you is so.]

ဆရာစကားဆိုယုံမျှဖြင့် မယုံလေနှင့်။
(မိမိတို့ လေးစားအပ်သော ဆရာ၏ စကားဖြစ်ရုံဖြင့် အမှန်လို့ မယူကြနဲ့...)

သင်တို့သည် မိမိကိုယ်တိုင် ဤတရားတို့သည် အကုသိုလ်တရားတို့တည်း... ဤတရားတို့သည်
အပြစ်ရှိသော တရားတို့တည်း... ဤတရားတို့သည် ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း... ဤတရားတို့နှင့် ပြည့်စုံလျှင် ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးမဲ့ခြင်း... ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏... ဟုသိကြသောအခါ ထိုတရားတို့ကို ပယ်ကြကုန်လော့...

ဤတရားတို့သည် ကုသိုလ်တရားတို့တည်း... ဤတရားတို့သည် အပြစ်မရှိသော တရားတို့တည်း... ဤတရားတို့သည် ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း... ဤတရားတို့နှင့်
ပြည့်စုံလျှင်... ဤတရားတို့ကို ဆောက်တည်လျှင် အကျိုးရှိခြင်းငှာ... ချမ်းသာခြင်းငှာ
ဖြစ်၏... ဟုသိကြသောအခါ ထိုတရားတို့ကို ဆောက်တည် ကျင့်သုံးကြကုန်လော့ ဟူ၍
ဟောကြားတော်မူခဲ့ပါသည်။

ကိုးကား...

http://oaks.nvg.org/kalama.html#wobud (from/translate ယဉ်မင်း)
အရှင်ဇ၀န-မေတ္တာရှင်ရွှေပြည်သာ (မျက်ရည်မကျခင်သိစေချင်)

Leave a Reply