HAZY LIFE


အမေး။ ။ အရှင်ဘုရား လူတွေဟာ မွေးနေ့ကို မင်္ဂလာလို့ ပြောနေကြပါတယ်။ မွေးနေ့မင်္ဂလာဆိုပြီး ကြားနေရတာလည်း ကြာပါပြီဘုရား။ တပည့်တော်ထင်တာက ဘုရားအလောင်း အရိယာသူတော်ကောင်းတွေ မွေးဖွားလာမှ မင်္ဂလာလို့ယူဆပါတယ်ဘုရား။ သာမာန် ပုထုဇဉ်တွေ မွေးလာတာတော့ မင်္ဂလာလို့ မယူဆပါဘုရား။ တပည့်တော်သိချင်တာက မွေးနေ့ဆိုတာ မင်္ဂလာဟုတ်မဟုတ် သိချင်ပါတယ်ဘုရား။

Dr. တင့်ဇင်ဦး

Mensfield, England



အဖြေ။ ။ မေးသင့်တဲ့မေးခွန်းမို့လို့ အားလုံးအတွက် အကျိုးရှိမှာပါ။ လောကမှာ မွေးနေ့မင်္ဂလာ၊ နားထွင်းမင်္ဂလာ၊ လက်ထပ်ထိမ်းမြားမင်္ဂလာ၊ ကင်ပွန်းတတ်မင်္ဂလာ၊ လယ်ထွန်မင်္ဂလာ၊ ဘိသိက်မင်္ဂလာစတာတွေ အများကြီးပါပဲ။ ဒါတွေဟာ မင်္ဂလာလို့ မဆိုနိုင်ပါဘူး။

မင်္ဂလာဆိုတာ “မင်္ဂလံ ပါပံ ဆန္ဒတီတိ မင်္ဂလံ” အဓိပ္ပါယ်က မကောင်းမှု အကုသိုလ်အညစ်ကျေးတို့ကို ရိတ်ဖြတ်ပယ်ဖျောက်တတ်တဲ့အတွက်အကြောင့် မင်္ဂလာလို့ ခေါ်ပါတယ်။

လောကီမင်္ဂလာဆိုတာ အကုသိုလ်နဲ့ မကင်းသေးတဲ့အတွက် မင်္ဂလာမခေါ်နိုင်ပါဘူး။ မကောင်းမှု ကုသိုလ်အညစ်အကြေးတွေကို နည်းပါးအောင် ကုန်သွားအောင် ရိတ်ဖြတ်နေတာကမှ
မင်္ဂလာလို့ ခေါ်ပါတယ်။ ဥပမာ လူတစ်ယောက်အတွက် ဒါနပြုလုပ်၊ သီလဆောက်တည်၊ ဘာဝနာတစ်ခုခုကို ပွားနေတဲ့ အချိန်ဟာ (သို့) ပုညကရိယာဝတ္တုဆယ်ပါးထဲက တစ်ပါးပါး ပြုလုပ်ပွားများနေတဲ့အချိန်ဟာ မင်္ဂလာရှိသောအချိန် ဖြစ်ပါတယ်။

တဖန် ဘုရားရှင်က မင်္ဂလာသုတ်မှာ မင်္ဂလာမည်တဲ့ မင်္ဂတရားများ (၃၈)ပါးရှိတယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။ ဒါကြောင့် မေးခွန်းရှင်က မင်္ဂလာလို့ မှတ်ထင်မိတဲ့ အရာများကို မင်္ဂလာတရား(၃၈)ပါးထဲမှာ ပါဝင်မှုရှိ/မရှိဆိုတာကို စီစစ်ပြီး အဖြေရှာနိုင်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/

Leave a Reply