ကျွန်တော့်ရဲ့ post (၁၀၀) မြှောက်မှာ ကျွန်တော် သိသလောက်ရယ် ဆရာတော်အရှင်သူမြတ်တွေရဲ့ စာသားတစ်ချို့ရယ်... စာအုပ်တစ်အုပ်မှ ဖတ်ထားတာတွေရယ်ကို ပေါင်းပြီး နွား/အမဲသားစားခြင်း ကိစ္စအကြောင်းလေး တစ်ခုရေးမယ်လို့ စဉ်းစားမိပါတယ်... အရင်ဆုံး ရဟန်းတော်များမှာ သီးသန့်မစားအပ်တဲ့ အသားကြီး (၁၀)မျိုး အကြောင်း ပြောပြပါ့မယ်... အဲဒီ အသားကြီး (၁၀) မျိုးကတော့... ဒီပို့စ်မှာလည်း ဖော်ပြခဲ့ပြီးပါပြီ... ၁။
စေတီပုထိုးပုံတော်များ
မဟာယနဗုဒ္ဓဘာသာသည် ပျူခေတ်ကတည်းကပင် မြန်မာနိုင်ငံသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ကြောင်း ပျူခေတ်ဘုရားလောင်းပုံပါ အုတ်ခွက်များက သက်သေခံနေခဲ့သည်။ ပျူမြို့တော်ဟောင်းများကို တူးဖော်ပြီး ဖြစ်သော်လည်း ပြည့်ပြည့်စုံစုံ သုတေသန မပြုရသေးသောကြောင့် ပျူခေတ်တွင် ဗုဒ္ဓဘာသာတန္တရ၀ါဒ ထွန်းကားခဲ့ခြင်း ရှိ၊ မရှိကိုမူ အတိအကျမသိရသေးချေ။ ပျူခေတ်ကို ဆက်ခံသော ပုဂံခေတ်၌ကား၊ သမိုင်းဝင်ဖြစ်ရပ်များ၊
“ဘေးကိုကြောက်ရွံထိန့်လန်ကုန်သော သူတို့သည် တောတောင်တို့ကိုလည်းကောင်း၊နေရာအရံတို့ကိုလည်းကောင်း၊ တောဆိုးသစ်ပင်တို့ကိုလည်းကောင်း၊ (ဘေးမှလွတ်ရန်)များစွာ ဆည်းကပ်ကိုးကွယ်ကြကုန်သည် ဟု ဂေါတမဗုဒ္ဓ က မိန့်တော်မူသည်။ဤသို့ ကိုးကွယ်ခြင်းမှာ သမိုင်းမတင်မှီကာလမှ ယနေ့တိုင် ရှိနေသည်။ဘေးအန္တရာယ်မှ လွတ်ရန်၊ လိုတာမရသော ဘေးမှ လွတ်ရန်၊ ရပြီးသားလက်လွတ်ရမည့်ဘေးမှ လွတ်ရန်အတွက်၊ ရေနစ်သူသည် ဆွဲမိဆွဲရာကိုဆွဲကိုင်အားကိုးတတ်သကဲ့သို့
နုနယ်ရုပ်ဆင်း၊ လှပခြင်းကား၊ အိုမင်းနောက်ဆုံးရှိချေ၏။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံးရှိချေ၏။ ဝိညာဏ်တင်းလင်း၊ သက်ရှင်ခြင်းကား၊ သေမင်းနောက်ဆုံးရှိချေ၏။ ချစ်ခင်ပေါင်းသင်း၊ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံးရှိချေ၏။ တက်ကြွားကြွကြွ၊ မြင့်သမျှကား၊ လျှောကျနောက်ဆုံးရှိချေ၏။ ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံးရှိချေ၏။ ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံးရှိချေ၏။ ကြည်သာရွှင်ပြ၊
ကျွန်တော် ဟိုးငယ်စဉ်ဘ၀တည်းက ကြားကြားနေတာပါ... ပတ်ဝန်းကျင်မှာလဲပြောတယ်... အိမ်မှာလည်းပြောတယ်... ကျောင်းမှာလည်းပြောကြတယ်... စာချိုးလိုလို ကဗျာလိုလို စကားလေးတစ်ခွန်းပါ... အဲဒါက ဘာလဲဆိုတော့... မွေးနေ့ သောကြာ... တနင်္လာ... ကေသာဆံသ မပြုရ... ဆိုတဲ့စကားလေးပါ... ကျွန်တော်လည်း ကလေးဘ၀ လူငယ်ဘ၀တုန်းကဆိုတော့ အဲ့ဒီစာချိုးလေးအတိုင်းပေါ့... ကိုယ့်မွေးနေ့ရယ် (အင်္ဂါနေ့)... သောကြာနေ့ရယ်... တနင်္လာနေ့ရယ်...
ဘုရားလက်ထက်မှာ သံဃာအပါး ၁၀၀၀... အပါး ၁၀၀၀၀... အဲလိုတွေ ဆွမ်းခံကြတာ ဟုတ်ပါ့မလား... ဖြစ်နိုင်ပါ့မလား... လှူတဲ့သူတွေရော အဲလောက်လှူနိုင်လို့လား... ခဏခဏ မေးတဲ့သူတွေအတွက်ပါ... ပထမဆုံး အမေးအတွက် ကျွန်တော် အင်တာနက်က ရထားတဲ့ ပုံတွေနဲ့သက်သေပြပါရစေ... ပုံလေးတွေကြည့်ပြီးရင် ဖြစ်နိုင်မဖြစ်နိုင် ကိုယ့်ဥာဏ်မှီသလောက်လေးနဲ့ ဆုံးဖြတ်ကြပါ... ဒုတိယတစ်ခုအနေနဲ့
အမေး။ ။ What does Buddhism believe how the world was made? ဗုဒ္ဓဘာသာမှာ ကမ္ဘာကို ဘယ်ကစတာလဲလို့ ယုံကြည်ပါသလဲဘုရား။ မောင်တိုးနန္ဒSydney, Australia အဖြေ။ ။ တစ်ခြားခြားသော ဘာသာများက ကမ္ဘာကြီးကို ထာဝရဘုရားက ဖန်ဆင်းတယ်လို့ ပြောပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကတော့ ကမ္ဘာကြီးကို ဘယ်သူမှ ဖန်ဆင်းတာ မဟုတ်ပါဘူး၊ သဘာဝတရားက ဖြစ်လာတာပါလို့ ပြောရပါ့မယ်။ လူသားများဟာ ဘယ်ကစတင်ဖြစ်တယ်ဆိုတာ မမြင်နိုင်သလို

အသက်က တစ်နှစ်ကြီးလာပြန်ပြီ... လွန်ခဲ့တဲ့ ၂၆ နှစ်ရဲ့ ဒီနေ့လေးက ပါပါး မာမား အသဲတုန် အူတုန်ဖြစ်မဲ့ နေ့လေးဆိုရင် မမှားလောက်ပါဘူး... အခုထိလည်း တုန်နေတုန်းပါပဲ... အဝေးကနေ ဟိုသွားဒီသွား တစ်ခုခုဖြစ်မှာစိတ်ပူ ဟိုစားဒီစား အစားမှားမှာစိတ်ပူ... နောက်ဆုံး Facebook သုံးတာ ကအစ စိတ်ပူပေးနေတဲ့ မာမား... ၂၆ နှစ်ပြည့်လည်း ဒီသားက ကလေးပါပဲ... ဘယ်အချိန်မဆို မာမားရှေ့မှာ သားဟာ ကလေးတစ်ယောက်ပါ...
လပြည့်ဥပုသ်နေ့၌ ဦးခေါင်းဆေးမင်္ဂလာ ပြုပြီးလျှင် ပြာသာဒ်ထက်သို့ တက်၍ ဥပုသ်ဆောက်တည်၏။ အပြစ်ကင်းသော စကြဝတေးကျင့်ဝတ်ကို ကျင့်၏။ ထို့ကြောင့် ထိုမင်းထံသို့ စကြာရတနာ ဆိုက်ရောက်လာ၏။ ထိုစကြာရတနာသည် အရှေ့အရပ်သို့ လည်လေ၏။ စစ်အင်္ဂါ လေးပါးနှင့်တကွ စကြဝတေးမင်းသည်လည်း တပါတည်း လိုက်ပါသွားလေ၏။ စကြာရတနာ ရပ်တန့်ရာ အရပ်၌ စစ်အင်္ဂါလေးပါးနှင့် တကွသော စကြဝတေးမင်းသည် စခန်းချနေ၏။ ထိုအခါ အရှေ့အရပ်၌ရှိသော

သင်သေသွားသော် (ဆရာဇော်ဂျီ)... သြော်....လူ့ပြည်လောက လူ့ဘ၀ကား အိုရနာရသေရဦးမည် မှန်ပေသည်တည်း။ သို့တပြီးကား..... သင်သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ သင်၏မျိုးသား၊ စာစကားလည်း၊ ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏။ သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့်၊ သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း ပြောင်းလျက်ဝင်းလျက် ကျန်စေသတည်း။
Chit Thu Ko Tayar Haw Par (function() { var scribd = document.createElement("script"); scribd.type = "text/javascript"; scribd.async = true; scribd.src = "http://www.scribd.com/javascripts/embed_code/inject.js"; var s = document.getElementsByTagName("script")[0]; s.parentNode.insertBefore(scribd, s); })(
37 min (u phoe kyar) (function() { var scribd = document.createElement("script"); scribd.type = "text/javascript"; scribd.async = true; scribd.src = "http://www.scribd.com/javascripts/embed_code/inject.js"; var s = document.getElementsByTagName("script")[0]; s.parentNode.insertBefore(scribd, s); })(
ပွင့်လင်းရာသီမှာ အများအားဖြင့် ရာသီဥတုက သာယာတာများပါတယ်။စာရေးသူတို့ အောက်ပြည်အောက်ရွာမှာ အချို့ အချိန်တွေဆိုရင် အပူအအေးမျှတပြီးနေထိုင်လို့ကောင်းတတ်ပါတယ်။အချို့အချိ န်တွေဆိုရင်လဲ မိုးတွေ အဆက်မပြတ် အရမ်းရွာလာတဲ့အခါ အအေးဒါဏ်က ဆောင်းရာသီနဲ့မတူစိမ့်ပြီးအေးတတ်ပါတယ်။ သို့သော်လဲ ဘုရားသားတော်ရဟန်းတော်တို့ဆိုတာဆွမ်းအလှူ့ရှင်က ပင့်ဖိတ်ရင် ရာသီဥတု ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
သာသနာတော်၌ အဓမ္မ၀ါဒီ အ၀ိနယ၀ါဒီများ ပေါ်ပေါက်လာခဲ့ပြီဆိုလျှင် အနုနည်းဖြင့် ဖြေရှင်းရသည်လည်း ရှိသည်။ အကြမ်းနည်းဖြင့် ဖြေရှင်းရသည်လည်း ရှိသည်။ တစ်ပါးတည်း ဖြေရှင်းရသည်လည်းရှိသည်။ အုပ်စုဖွဲ့၍ ဖြေရှင်းရသည်လည်း ရှိသည်။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သံဃာ့ပရိသတ်နှင့်တကွ ဥပုသ်ပြုရန် ဥပုသ်အိမ်ထဲ၌ သီတင်းသုံးတော်မူလျှက်ရှိပါသည်။ ထိုအခါ သံဃာ့ပရိသတ်ထဲတွင် ဒုဿီလ - သီလမဲ့ ရဟန်းတပါး ပါဝင်နေ၍ မြတ်စွာဘုရားက
သာသနာကို ဖျက်စီးဖို့ကြိုးစားလာလျှင်၊ သာသနာကို စော်ကားဖို့ကြိုးစားလာလျှင် ဘုရားအစ ရှိသောသူတော်ကောင်းများ လက်ပိုက်ကြည့်မနေဘူးဆိုတာ အပိုင်း - ၁ - မှ သာဓကဖြစ်စဉ် များကိုကြည့်ပါက ထင်ထင်ရှားရှားသိမြင်နိုင်ပေသည်။ အခြားသောသာဓကများကိုလည်း ဤအပိုင်းတွင် ထပ်မံ၍ တင်ပါဦးမည်။ သာသနာတော်၌ အဓမ္မ၀ါဒီမိစ္ဆာတစ်ယောက် ပေါ်ပေါက်လာလျှင် ဘုရားအစရှိသော သူတော်ကောင်းများ အဘယ်သို့ စိတ်နှလုံးတုန်လှုပ်ခြောက်ခြားအောင်
မိုးပြာဦးဥာဏကို ထောင်ချတာ အနိုင်ကျင့်တာလားဆိုတဲ့ အမေးကို စာရေးသူက ပြတ်ပြတ်သားသား အဖြေပေးချင်လို့ ဒီခေါင်းစဉ်ကိုပေးပြီး ဒီပို့စ်ကို ရေးဖို့ဖြစ်လာပါတယ်။ တဖက်မှဆောင်းပါးရှင် ၀င့်ထန်း ရဲ့ အဆိုပြုချက်ကို ခိုင်လုံသော အထောက်ထားပြဆိုပြီးတော့မိုးပြာဦးဥာဏကို ထောင်ချလိုက်တာဟာ ထေရ၀ါဒ ဗုဒ္ဓသာသနာအတွက် မှန်ကန်သော လုပ်ရပ်တခုဖြစ်ကြောင်း သက်သေပြဖို့အတွက် အပိုင်းခွဲပြီး တင်ပြသွားပါမယ်၊ ဆောင်းပါးရှင်း
ဗုဒ္ဓဘုရားရှင်အပေါ်ကို စော်ကားပြောဆိုထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို အင်တာနက်မှာဖတ်မိပြီး ဒီဆောင်းပါးလေး ရေးချင်စိတ်ဖြစ်သွားတာနဲ့ ရေးဖြစ်သွားတယ်။ ပြန်လည်ပြီးတိုက်ခိုက်ပြောဆိုဖို့ရာ မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ စွတ်စွဲပြောဆိုသူရဲ့ စကားလုံးတွေက ကြမ်းတမ်းပြီးတော့ တစ်ခုမှလည်း မမှန်ကန်လို့ပါ။ ဗုဒ္ဓဘာသာတွေဘက်ကလည်း ပြန်လည်တိုက်ခိုက်ပြောဆိုတာတွေ ရှိပါတယ်။ အဲဒီလိုတွေ အပြန်အလှန် ပြောဆိုနေကြရင်ဖြင့်
သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။ (ကိုယ်ချင်းစာတရား ထားနိုင်ကြပါစေ) ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။ ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည် မမြဲ၊ ဖေါက်လွှဲတတ်သည်၊ မချွတ်စသာ၊ သတ္တ၀ါတည်း။ ရှစ်ခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်းခဲ့တုံ၏၊ ခိုက်ကြုံ
ကိုယ်တစ်ခါမှမသွားမလာဖူးတဲ့ လမ်းခရီး တစ်ခုသွားတော့မယ်ဆိုရင် ဒီလမ်းခရီး အကြောင်း ကြိုသိထား သင့်တာပေါ့။ ဘယ်နေရာမှာ ခလုတ်ကန်သင်းကျင်းချိုင့်ရှိတယ်။ ဘယ်နေရာမှာ သားရဲတိရစ္ဆာန်ရှိတယ်။ စမ်းချောင်းကလေးကတော့ဖြင့် ဘယ်နေရာမှာ စသည်သိ ထားရမယ်။ လမ်းခရီးအကြောင်း အစမှ အဆုံး ပြည့်စုံအောင်
ကမ္ဘာဦးခေတ်ကာလ လူများဟာ အကြောက်တရားများ ဖြစ်ပေါ်လာရာကစတင်ပြီး သစ်ပင်၊ တော ၊ တောင် စတဲ့အရာတွေကို နည်းအမျိုးမျိုးအဖုံဖုံတို့ဖြင့် ကိုးကွယ်ပူဇော်လာကြပါတယ်။ နောက်တော့ မမြင်ရတဲ့ နတ် ၊ဗြဟ္မာများကိုလဲ ဘုရားတစ်ဆူသဖွယ် ကိုးကွယ် လာကြတာကို တွေ့ရပါတယ်။ ဒီလိုကိုးကွယ်ပူဇော်မှုတွေနဲ့အတူ အရိုအသေပေးမှု ‘ရှိခိုးမှု’ ဆိုတဲ့ ဝေါရဟရစကားလုံးကို သုံးနှုန်းလာခဲ့ ကြရာ ယနေ့ထိတိုင် ဖြစ်ပါတယ်။ တစ်နေ့
ဗုဒ္ဓဘာသာအဖြစ်ကို အသက်ထက်တန်ဖိုးထားခဲ.သော အီတလီဘုန်းတော်ကြီးဦးလောကနာထသည် ဗုဒ္ဓသာသနာ ကမ္ဘာအနှံ.ပြန်.အောင် မနားမနေသာသနာပြုရင်း ပြင်ဦးလွင်မြို.တွင် ပျံလွန်တော်မူခဲ.ပါသည် ။ ပျံလွန်တော်မမူမီ တခုသောရက်က သာသနာရေးဦးစီးဌာန ၊ သုသေသနအရာရှိ ဦးဟန်ဌေးအား နိုင်ငံခြား ၊ ဘာသာခြားများ ဗုဒ္ဓဘာသာကိုတန်ဖိုးထားပုံ ၊ မြန်မာနိုင်ငံဗုဒ္ဓဘာသာဝင်များ ဗုဒ္ဓဘာသာကို တန်ဖိုးထားမှုနည်းပုံနှင်.ပတ်သက်၍
လူငယ်ဆိုတာ ဖျက်လတ်တက်ကြွသော၊ ရဲရင့်သော၊ သန်စွမ်းသော၊ ခိုင်မာသော၊ သတ္တိရှိသော၊ နိုးကြား၍ဇွဲရှိသောသူကို လူငယ်ဟု ခေါ်ပါသည်။ သို့သော်ထိုလူငယ်၏ ဂုဏ်ပုဒ်များသည် ကောင်းမွန်သော၊ အကျိုးရှိသော နေရာများတွင်သာ အသုံးချသင့်ပါသည်။ အမျိုးဘာသာကို ထိခိုက်စေနိုင်သော၊ ယဉ်ကျေးမှုကို ပျက်ပြားစေနိုင်သော အမှုကိစ္စများတွင် အသုံး ချမည်ဆိုပါက မသင့်တော်နိုင်ပေ။ အမျိုးကိုဆက်မည့်၊ ထိန်းသိမ်းမည့်
ယခု တင်ပြသွားမည့်စာသားလေးက (မနုသီဟ) လူနှင့်ခြင်္သေ့နှစ်ခွ အကြောင်းဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ရေးသားရခြင်းအကြောင်းက ဘုရားရှေ့ခြင်္သေ့အကြောင်းကိုရေး သား၍ ပို့တင်ပေးလိုက်သောအခါ pyae pho aung သည် (အရှင်ဘုရားကျေးဇူးတော်ကြီးမားလှပါတယ်ဘုရား ၊ မနုသီဟ အကြောင်းကိုလည်း သိလိုပါတယ်ဘုရား ) ဟု ရေးသားပြီး တင်ဘို့ လျောက်ထားလာတဲ့အတွက်ကြောင့်သော်လည်းကောင်း၊ ဗုဒ္ဓဘာသာ၏ သင်္ကေတများကို လွဲမှားပြီး
ပိဋကတ်သုံးပုံ... ၁။ ဝိနည်းပိဋက ၂။ သုတ္တန်ပိဋက ၃။ အဘိဓမ္မာပိဋက တို့ဖြစ်ကြပါသည်။ ၁။ ဝိနည်းပိဋက ဝိနည်းပိဋကဆိုသည်မှာ သာသနာ့ဝန်ထမ်းရဟန်းတော်များ လိုက်နာကျင့်ကြံရမည့် ကျင့်ဝတ်၊ စည်းကမ်းများကို စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။ သိက္ခာပုဒ်တော်ပေါင်း (၂၂၇)သွယ် ရှိပါသည်။ ဒီဆရာတော်ကြီးဟာ ဖြင့် ဝိနည်းနဲ့အရမ်းညီလိုက်တာတို့၊ ဝိနည်းတော်နှင့်အညီ ချုပ်ထားသော သင်္ကန်းတို့ ဆိုပြီး
အမေး။ ။ အရှင်ဘုရား……လူ့ပတ်ဝန်းကျင်မှာအတင်းပြောတတ်တဲ့ အကျင့်ဟာ လူမှုရေးအရ နှာခေါင်းရှုံ့ချင်စ ရာ ဖြစ်နိုင်ပေမယ့် ဆေးပညာအရတော့ မိန်းကလေးတွေအတွက် အကျိုးထူးတွေ ရစေနိုင်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မစ်ချီဂန်တက္ကသိုလ်က ပညာရှင်တွေက အတင်းပြောတာဟာ မိန်းကလေးတွေကို ပိုပြီးကျန်းမာစေသလို ပိုပြီးလည်း ပျော်ရွှင်စေတယ်လို့ ဖော်ထုတ်တွေ့ရှိခဲ့လို့ပါပဲ။ သုတေသီတွေရဲ့ အပြောအရတော့ အတင်းပြောတဲ့
မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့ အလွန်အရိုးစွဲနေတဲ့ ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။ ဥပမာပြောရရင် သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊ ဘုရားတောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊ သာသနာ့ဘောင်ဝင်မယ့် မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊ အလှူပွဲတွေမှာ မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့အချက်
မေးလျှောက်သူ - စက္ခုပါလမထေရ် ဖြေဆိုသူ - မြတ်စွာဘုရားရှင် မေး။ ။ မြတ်လှစွာသောအရှင်မြတ်ဘုရား… ဤသာသနာ၌ `ဓူရ` ဘယ်နှစ်ပါးရှိပါသနည်းဘုရား…။ ဖြေ။
ဖတ်ချင်သူများ စိတ်ဝင်တစ်စားဖတ်လို့ရရန်အလို့ငှာ comment တွေကိုပါ ကူးယူတင်ပြပေးလိုက်ပါတယ်... ကျွန်တော့်အနေနှင့် သိရှိစေရန်အလို့ငှာ တင်ပြပေးချင်းသာဖြစ်ပါသည်... ကွန့်မန့်တွေမှာလည်း အမြင်အမျိုးမျိုး ဝေဖန်မှုအမျိုးမျိုး တွေ့ရမှာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဘာမှ ထပ်မပြောကြားလို တော့ပါဘူးဗျာ... ဒီလိုအဖြစ်မျိုးတွေအတွက် အလွန်ပဲဝမ်းနည်းမိပါတယ်...။ ရေးချင်စိတ် မရှိပေမယ့် http://hninhaymar.blogspot.com/2009/08/blog-post_14.html<<
ကြာတော့ကြာခဲ့ပါပြီ... ကျွန်တော်ဥာဏ်မမှီ၍အခုထိ ဓမ္မအဓမ္မကို နှိုက်နှိုက်ချွတ်ချွတ် ဝေဖန်ဖို့အလို့ငှာ မတတ်နိုင်သေးပါဘူး... တရားတော်ပေါင်းများစွာ နာယူခဲ့ဖူးပါတယ်... ဆရာတော်ဦးကောသလ္လရဲ့ တရားတော်တွေကိုလည်း နှစ်ခြိုက်ဖူးပါတယ်... ဒါပေမယ့် တစ်ကမ္ဘာလုံးမှာ လက်တစ်ဆုပ်စာလောက်သာ ရှိတော့တဲ့ ဗုဒ္ဓဘာသာတွေကြားမှာ အခုလိုဝါဒ ဂိုဏ်းပေါင်းများစွာ ကွဲပြားနေတာမြင်ရတော့ စိတ်မကောင်းမိတာ အမှန်ပါ...
မေးလျှောက်သူ - တောစိုးနတ်သားတစ်ဦး ဖြေဆိုသူ - မြတ်စွာဘုရားရှင် မေး။ ။ လူနတ်ဗြဟ္မာတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား… အကြင်ရဟန်းသည် ရဟန္တာဆိုပါက… ရဟန်းကိစ္စပြီးစီးသော ပုဂ္ဂိုလ်မှန်ပါက… အာသဝေါကုန်ခန်းပြီးဖြစ်ပါက…

မင်းကွန်း တိပိဋက ဆရာတော်ကြီး ဦးဆောင်ကျင်းပသော ပြိတ္တာတို့၏ အကျွတ် အလွတ်ပွဲ (ပေတ ဥဒ္ဒိဿဒါန)ကို ဗန်းမော်ဆရာတော်ကြီးကိုယ်တိုင် ပါဝင်ဖူးသည်။ ထို့ အပြင် ယခု ပျံလွန်တော်မူသွားကြပြီဖြစ်သော တိပိဋက ဆရာတော်များနှင့် ဆရာ တော်ကြီး အတော်များများ ကြွရောက် ချီးမြှင့်ကြကြောင်းလည်း မိန့်ကြားသည်။ အကျွတ်အလွတ်ပွဲပြုလုပ်သော
သုဿန်သင်္ချိုင်း၌ အပြစ်ငါးမျိုးရှိကြောင်းကို မြတ်စွာဘုရားက ဤသို့ ဟောကြားတော်မူခဲ့ပါသည်။ “ရဟန်းတို့၊ သင်္ချိုင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ... (၁) မစင်ကြယ်၊ (၂) မကောင်းသော အနံ့ရှိ၏၊ (၃) ဘေးဘျမ်းရှိ၏၊ (၄) သရဲသဘက်တို့ နေရာဖြစ်၏။ (၅) များစွာသော လူအပေါင်းတို့ ငိုကြွေးရာဖြစ်၏၊ “ရဟန်းတို့၊ သင်္ချိုင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ ဤသင်္ချိုင်းကို ဥပမာပြု၍
မကောင်းသော အသက်မွေးမှု မိစ္ဆာအာဇီဝ မှ ရှောင်ကြဉ်မှုကို သမ္မာအာဇီဝ ဟု ဆို၏။ ကာယဒုစရိုက် များဖြင့်လည်း အသက်မမွေး၊ ၀စီဒုစရိုက် များဖြင့်လည်း အသက်မမွေး၊ ထို ဒုစရိုက်နှစ်မျိုးမှ လွတ်သော ကောင်းသော အသက်မွေးမှု့ကို သမ္မာအာဇီဝ ဟု ဆို၏။ ဤလောက၌ အသက်မွေးမှု့သည် များစွာရှိ၏။ အသက်မွေးမှု အာဇီဝသည် မကောင်းသော အသက်မွေးမှုဖြစ်ပါက မိစ္ဆာအာဇီဝ ဖြစ်လာရ၏။ ကောင်းသော အသက်မွေးမှုဖြစ်ပါက သမ္မာအာဇီဝ ဖြစ်လာရ၏။
အမေး။ ။ ရှင်အရဟံက အနော်ရထာမင်းကို ပထမဆုံး ဟောတဲ့တရားဦးများရှိရင် သိပါရစေပါဘုရား။Dr. တင့်ဇင်ဦးMen sfield, Endland အဖြေ။ ။ ရှင်အရဟံရဲ့ တရားဦးကိုပြောမယ်ဆိုရင် ရှင်အရဟံနဲ့ အနော်ရထာမင်းတို့ တွေ့ဆုံကြပုံ စိတ်ဝင်စားစရာ ကောင်းပါတယ်။ စာဖတ်သူများလည်း ဗဟုသုတဖြစ်အောင် သူတို့နှစ်ဦးတွေ့ဆုံပုံလေးကို အကျဉ်းမျှ ဖေါ်ပြပေးလိုက်ပါတယ်။ အခါတစ်ပါး မြန်မာပြည်မှာ သာသနာထွန်းကားနိုင်ရန်အတွက်
သူတော်ကောင်း နှလုံးသားတွေထဲမှာ အရှင်သာရိပုတ္တရာ မထေရ်ကဲ့သို့ နှလုံးသားကို ဖူးမြော်ကြည်ညိုရတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကြယ်တာရာတွေ စုံလင်တဲ့ညချမ်းမှာ ကောင်းကင်ပြင်ကြီးကို မော်ကြည့်မိတဲ့အခါ သောကြာကြယ်လို့ခေါ်တဲ့ သောက်ရှူးကြယ်ကြီးကို ကြယ်တာရာတွေထဲမှာ ထူးခြားတောက်ပစွာ တွေ့မြင်ရသလို အရှင်သာရိပုတ္တရာလည်း သူတော်ကောင်း အစားစားတွေထဲမှာ ကိုယ်ကျင့်တရားအရရော စိတ်နေ သဘောထားအရနဲ့
မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့်၊ သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ၀ဋ်သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း။ v မူလနှစ်ဖြာ = အ၀ိဇ္ဇာ နှင့် တဏှာ v သစ္စာနှစ်ခု = သမုဒယသစ္စာ၊ ဒုက္ခသစ္စာ v လေးခုအလွှာ = အတိတ်အကြောင်း တစ်လွှာ၊ ပစ္စုပ္ပန်အကျိုး တစ်လွှာ၊ ပစ္စုပ္ပန်အကြောင်း