HAZY LIFE

စေတီပုထိုးပုံတော်များ

ရွှေတိဂုံစေတီတော် ရန်ကုန်

ကျိုက်ထီးရိုးစေတီတော် မွန်ပြည်နယ်

ဥမင်သုံးဆယ်စေတီ စစ်ကိုင်း

စန္ဒမုနိဘုရား မန္တလေး

ကုသိုလ်တော်ဘုရား မန္တလေး

ကိုးသောင်းပုထိုးတော်ကြီးဂူတွင်း ရခိုင်ပြည်



သားသမီးဝတ္တရား ငါးပါး

ကျွေးမွေးမပျက်
ဆောင်ရွက်စီမံ
မွေခံထိုက်စေ
လှူမျှဝေ၍
စောင့်လေမျိုးနွယ်
ဝတ်ငါးသွယ် ကျင့်ဖွယ် သားတို့တာ...။


မိဘ၀တ္တရား ငါးပါး

မကောင်းမြစ်ထာ
ကောင်းရာညွှန်လတ်
အတတ်သင်စေ
ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင်
ဝတ်ငါးအင် ဖခင်မယ်တို့တာ...။

အကယ်၍ လွန်ခဲ့တဲ့ ၂၈ နှစ်လောက် အချိန်ကာလကို ခန့်မှန်းကြည့်မယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော့အမေဗိုက်ထဲကို အားမနာ လျှာမကျိုး ၀င်ရောက်ဖို့အတွက် တာစူနေလောက်ပြီဖြစ်တဲ့ အချိန်ပေါ့...
ကျွန်တော်ကို မမွေးခင်ကနေ မွေးပြီးသည်အထိ ဘယ်လောက်များ စိတ်တွေ ရှုပ်ထွေးရောပြွန်းနေမလဲဆိုတာ ကျွန်တော် ဒီအသက်အရွယ်မှာ ခံစားတတ်ပါပြီ...
(ဒါပေမယ့် ခံစားတတ်ရုံနဲ့ပြီးမလား ဆိုတဲ့ အတွေးလေးကတော့...)

မူလတန်းကျောင်းသားဘ၀ မှတ်မိနေပါသေးတယ်... မှတ်မိနေပါတယ်ဆိုတာထက်ပိုတဲ့ စွဲလမ်းတဲ့စိတ်တစ်ခုဖြစ်နေသေးတယ်... ကျွန်တော် တက်ခဲ့တဲ့ ၁၈လမ်းကျောင်းလို့ခေါ်တဲ့ အ.မ.က (၁) လသာ မူလတန်းကျောင်းတုန်းက
ကျောင်းဆင်းချိန်တစ်ခုပေါ့... အဲဒီအချိန်မှာ ကျွန်တော်ဟာ ကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့ တခြား ကျောင်းသားတွေလိုပဲ အခန်းထဲက တစ်ဟုန်ထိုး အတင်းပြေးအထွက်မှာ မထင်မှတ်ပဲ ဆရာမကြီးတစ်ယောက် ကြိမ်လုံးနဲ့ စောင့်ပြီးတော့
ကျွန်တော်တို့ကို ဗျင်းပါလေရော... ဗျင်းတာမှ ကျောကုန်းကို ၃ ချက်လောက် အားရပါးရ ဗျင်းတာ ကျွန်တော်ဆို မျက်ရည်ပေါက်ပေါက်ကျတယ် (ငယ်ငယ်က တော်တော်အငိုသန်တာကိုး :D) အဲဒါနဲ့ အိမ်ရောက်တော့ အင်္ကျီလည်း ချွတ်လည်းရော
ကျွန်တော့် အမေရဲ့ ဒေါသက ငယ်ထိပ်ရောက်ပါလေရော... ကျောကုန်းမှာ ရဲတွတ်နေတဲ့ ကြိမ်လုံးရာ ၃ ချက်... ချက်ခြင်းဆိုသလိုပဲ ကျောင်းအုပ်ဆရာမကြီးအိမ်ကိုလိုက်သွားပြီး နောက်ဆို ခြေနဲ့လက် ကိုကြိုက်သလောက်ရိုက်ပါ ကလေးအတွက်
အန္တရာယ်များလွန်းတဲ့ ကျောကုန်းလို နေရာတွေမရိုက်ပါနဲ့ဆိုပြီးတော့ သွားပြောတာ ကျောင်းအုပ်ဆရာမကြီးကလည်း တာဝန်ကျဆရာမကို သူ ကိုယ်တိုင်ပြောပါ့မယ်ဆိုပြီး ပြန်ပြောလွှတ်လိုက်လို့ တော်ကာကျတယ် မဟုတ်ရင် ပညာရေးမှုးရုံးအထိ
ရောက်မဲ့သဘောရှိတယ်... အဲဒီ ကျောကုန်းက ကြိမ်လုံးရာ ၃ ချက်ဟာ အခုချိန်မှာ မိခင်မေတ္တာကို ပြန်ပြီးတော့ ရောင်ပြန်ဟပ်ပြနေတဲ့အတွက် ကျွန်တော်အတွက်ကတော့ တန်ပါတယ်...
(ဒါပေမယ့် ကိုယ့်အလှည့်ကျမှ မိဘအတွက်ဆိုရင် မားမားမတ်မတ် ပြန်ပြီး ရပ်တည်ပေးနိုင်မလားဆိုတဲ့ အတွေးလေးကတော့...)

အလယ်တန်းကျောင်းသားဘ၀ ကျူရှင်ခတွေက ဈေးကြီးလိုက်တာလွန်ရော... ဒါပေမယ့် အတန်းပိုင်ကျူရှင် ကျောင်းကျူရှင်ကိုတော့ မထားခဲ့ဘူး... အပြင်ကျူရှင်မှာပဲ သေချာသင်ပေးခဲ့တယ်... (ကျောင်းက ဆရာ/မ တွေကိုစော်ကားတာမဟုတ်ဘူးနော်... ကျွန်တော် ဆရာ/မ တွေအားလုံးကို ရိုသေလေးစားလျက်ပါ...) ကျူရှင်စရိတ်ဆိုတာလည်း နည်းနည်းနောနောမဟုတ်ဘူး... သူ့ခေတ်နဲ့သူ တန်ရာတန်ကြေးတော့ ပေးပြီးတက်ခဲ့ရတာပါပဲ... အဲဒီ အလယ်တန်းတုန်းက

  
ရဟန်းပျိုနဲ့ အမျိုးသမီးများ ပေါင်းသင်းဆက်ဆံနည်း

တခါတုန်းက ဥဒေနဘုရင်မင်းဟာ အရှင်ပဏ္ဌောလဆိုတဲ့ ရဟန္တာမထေရ်ကို “အရှင်ဘုရား အသက်အရွယ် ငယ်ပြီး ပျိုမြစ်နုနယ်သော ရဟန်းငယ်တွေဟာ ကာမဂုဏ်အားရုံကို မခံစားပဲ အသက်ထက်ဆုံး ဘုရားသာသနာကို ဘယ်လိုအကျင့်မြတ် များနဲ့ နေထိုင် ကုန်ဆုံးကြတာလဲ ဘုရား” လို့ မေးပါတယ်။

ရဟန်းတော်က ဘုရင်မင်းကြီး ဘုရားဟောသည့်အတိုင်း “အမေအရွယ်ရှိသူကို အမေ. နှမအရွယ်ရှိသူကို နှမ. သမီးအရွယ်ရှိသူကို ...သမီး” လို့ စိတ်ထားကြပြီး နေထိုင်လို့ သာသနာမှာ ပျော်မွေ့ကြတယ်ဆိုတာကို ပြောပြပါတယ်။ ဘုရင်မင်းက ဒါလောက်နဲ့ မကျေနပ်တာမို့ အရှင်ဘုရား စိတ်ဆိုတာ မလွယ်ဘူးဘုရား အမေအရွယ် နှမအရွယ် သမီးအရွယ်လဲ တဏှာ ရာဂဆိုတာဖြစ်တယ်မို့လားဘုရား တခြားအကြောင်းများ ဘုရားဟော မရှိတော့ဘူးလား ဘုရားလို့ မေးပါတယ်။

အရှင်မြတ်က ဘုရင်းမင်းကြီး ဘုရားဟောသည့်အတိုင်း “ ချစ်သား ရဟန်းတို့ သင်တို့ လာကြကုန်လော့
အပုတ်ကောင် ရုပ်ဆောင်ထားတဲ့ ဒီခန္ဓာကိုယ်မှာ ဆံပင် အမွှေး ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုး ရိုးတွင်းချင်ဆီ အညှိ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိမ် အစာသစ် အစာဟောင်း သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ် (၃၂)ကောဌာသ တရားတွေကို ရှုပြီးနေကြလို့ မိန့်မှာတော်မူတယ်” ဒီအတိုင်း ကျင့်ပြီး သာသနာမှာ ပျော်နေကြတယ်ဆိုတာကို ဟောပြပါတယ်။ အရှင်ဘုရား ဒါကလည်း အတော်ခက်ပါတယ် ဘုရား တခါတရံ အသုဘတောင် သုဘလို့ ထင်တက်ကြတယ်မဟုက်လား ဘုရား


မြန်မာတိုင်းရင်းသားအများစုသည် မိမိတို့ကိုယ်ကို ထေရဝါဒဗုဒ္ဓဘာသာဝင်များအဖြစ် ခံယူထားကြပေးသည်။ထို့ကြောင့် ထေရဝါဒဆိုသော ဝေါဟာရသည် မြန်မာတို့နားတွင် မစိမ်းတော့ချေ။ သို့ရာတွင် ’’ ထေရဝါဒဆိုတာဘာလဲ၊ ဘာကြောင့် ထေရဝါဒဗုဒ္ဓဘာသာလို့ ဝိသေသပြုပြီးခေါ်ဆိုရပါသလဲ’’ ဟု မေးခွန်းထုတ်ကြည့်လျှင်ကား ဂဃနဏရေရေရာရာ အဖြေပေးနိုင်သူဦးရေ နည်းပါးလှသေးကြောင်း တွေ့ပေလိမ့်မည်။


မြန်မာတိုင်းရင်းသားအများစုသည် မိမိတို့ကိုယ်ကို ထေရဝါဒဗုဒ္ဓဘာသာဝင်များအဖြစ် ခံယူထားကြပေးသည်။ ထို့ကြောင့် ထေရဝါဒဆိုသော ဝေါဟာရသည် မြန်မာတို့နားတွင် မစိမ်းတော့ချေ။ သို့ရာတွင် ’’ထေရဝါဒဆိုတာဘာလဲ၊ ဘာကြောင့် ထေရဝါဒဗုဒ္ဓဘာသာလို့ ဝိသေသပြုပြီးခေါ်ဆိုရပါသလဲ’’ ဟု မေးခွန်းထုတ်ကြည့်လျှင်ကား ဂဃနဏ ရေရေရာရာ အဖြေပေးနိုင်သူဦးရေ နည်းပါးလှသေးကြောင်း တွေ့ပေလိမ့်မည်။

အချို့က’’ ထေရ၀ါဒဗုဒ္ဓဘာသာဆိုတာ ငါတို့မြန်မာ၊ သီရိလင်္ကာ၊ထိုင်း၊ကမ်ပူးချား၊လာအိုစတဲ့ တောင်ဘက်ခြမ်းနိုင်ငံတွေက ကိုးကွယ်တဲ့ တောင်ပိုင်းဗုဒ္ဓဘာသာပဲကွ။ တရုတ်၊ဂျပန်၊နီပေါလ်၊ တိဗက်၊ကိုရီးယား၊ဗီယက်နမ်၊ ဘူတန်၊ရုရှားစတဲ့ မြောက် ဘက်ခြမ်းနိုင်ငံတွေက ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကိုတော့ မြောက်ပိုင်းဗုဒ္ဓဘာသာလို့ ခေါ်တယ်ကွ’’ ဟု ပထဝီအနေအထား ပိုင်းခြား၍ အဖြေပေးကြသည်။

အချို့ကမူ ထေရ၀ါဒဗုဒ္ဓဘာသာဆိုတာ ’’ဟီနယာနဗုဒ္ဓဘာသာကိုပြောတာကွ၊ ဗုဒ္ဓဘာသာမှာ ကြီးကျယ်မြင့်မြတ်တဲ့လမ်း စဉ်လို့ အဓိပ္ပာယ်ရတဲ့ မဟာယာနဗုဒ္ဓဘာသာနဲ့ နိမ့်ကျတဲ့လမ်းစဉ်လို့ အဓိပ္ပာယ်ရတဲ့ ဟီနယာနဗုဒ္ဓဘာသာလို့ နှစ်မျိုး ရှိတယ်။ ငါတို့မြန်မာနိုင်ငံက ဗုဒ္ဓဘာသာကတော့ ဟီနယာနဗုဒ္ဓဘာသာ (ခေါ်) ထေရ၀ါဒဗုဒ္ဓဘာသာပေါ့ကွ’’ ဟု ဆိုသူကဆိုသည်။

ဤအဖြေစကားများသည် လက်ခံကျေနပ်ဖွယ်ရာ အကြောင်းမရှိချေ။ မည်သည့်ဘာသာအယူဝါဒကို


ဝါတွင်းကာလလည်း နီးလာပြီးမို့ ဥပုသ်နေ့အကြောင်းနဲ့ပတ်သတ်သမျှကို သိရှိနားလည်ဖို့ရန် လိုမယ်ထင်လို့ မိမိသိရှိသမျှ စုံလင်အောင် ရေးသားတင်ပေးလိုက်ပါတယ်။ ဥပုသ်ဆိုသည်မှာ ဥပေါသထ-ဟူသောပါဠိကို ဥပုသ်-ဟု မြန်မာပြန်ထားကြတာပါ။ ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်းစတဲ့ ကောင်းသော အကျင့်များနဲ့ ပြည့်စုံစွာ ၀သထ-နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

 ကိုယ်ကျင့်သီလမပျက်အောင် စောင့်ထိန်းကျင့်သုံးတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။ ဥပုသ်စောင့်ဖို့ အတွက် နေ့ရက်များကို ဘုရားပွင့်တော်မမူမီကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြပါတယ်။ ဥပုသ်သီလဆောက်တည်ရန်အတွက် ရှေးအစဉ်အလာကပင် ရက်သတ်မှတ်ထားတာကို အောက်ပါ အတိုင်း တွေ့ရပါတယ်။

တစ်လကို (၁) အဋ္ဌမီ လဆန်း၊ လဆုတ်(ရှစ်ရက်မြောက်နေ့)ဥပုသ်။ (၂) စတုဒ္ဒသီ (ရက်မစုံလအတွက် (၁၄)ရက်မြောက်လကွယ်နေ့) ဥပုသ်။ (၃) ပန္နရသီ (၁၅)ရက်မြောက် လပြည့်၊လကွယ်နေ့)ဥပုသ်။ (၄) ပါဋိဟာရိက (အကြိုအပို) ဥပုသ်ဟု အကျဉ်းအားဖြင့် (၄)မျိုးရှိကြောင်း ကျမ်းဂန်များ တွင် ဖော်ပြထားကြပါတယ်။

ပါဋိဟာရိက-အကြိုဥပုသ်နဲ့ အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်မရောက်မီ ကြိုတင်စောင့်ရတဲ့ (၇)ရက်မြောက်၊ (၁၃)ရက်မြောက်၊ (၁၄)ရက်မြောက်ဥပုသ်တို့ ဖြစ်ပါတယ်။ အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်နောက်တွင် အပိုဖြည့်စွက်ပြီး စောင့်ရသော (၉)ရက်၊ လပြည့်ကျော်(၁)ရက်၊ လဆန်း(၁)ရက်ဥပုသ်၊ ၀ါတွင်းမှာဆိုရင်တော့ (၁၅)ရက်ဖြစ်စေ၊ တစ်ဝါတွင်းလုံးဖြစ်စေ စောင့်ထိန်းကြတဲ့ ဥပုသ်များလည်း ရှိပါတယ်။ အဲဒီလို



လက်အုပ်ချီရှိခိုးခြင်းနှင့်ပတ်သတ်၍ ဦးဇင်းတို့ ဗုဒ္ဓဘာသာလူမျိုးများ သိရှိသူနည်းလို့လား။ ဒါမှမဟုတ် သိရဲ့သားနဲ့ မလိုက်နာကျတာလားတော့ မသိပါဘူး။ ရှိခိုးတဲ့အခါမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြတာကို ဦးဇင်းမြန်မာပြည်နေစဉ်က ခဏခဏ တွေ့ဖူးပါတယ်။ ဦးဇင်းကလည်း လူတစ်ယောက်ရှိခိုးတဲ့အခါမှာ ဒီလူ ဘာသာရေးလိုက်စားလား မလိုက်စားဘူးလားဆိုတာ သိချင်လို့ အဲဒီရှိခိုးတဲ့ပုံစံကို လူတစ်ယောက်ရှိခိုးတဲ့အခါ သေချာကြည့်တာက များပါတယ်။ သို့သော် မိမိနဲ့မရင်းနှီးသောသူများဖြစ်ပါက ပြောဆိုပေးဖို့က မဖြစ်နိုင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ မိမိနှင့်မရင်းနှီးရင် ဦးဇင်းက စကားလည်းမပြောတက် မပြောရဲတာကြောင့်လည်း ပါပါတယ်။ ဒါ့ကြောင့် ဦးဇင်းက အားလုံးကို ရင်းနှီးချင်တယ်။ ဒါမှလည်း အမြင်မတော်တာရှိရင် ကိုယ်က ရဲရဲတင်းတင်း ပြောရဲမှာလေ။
ဦးဇင်း နိုင်ငံခြားသားများနှင့် ဘုရားစေတီပေါ်တွင် တွေ့ဆုံ၍ စကားပြောဖြစ်သောအခါမှာလည်း သူတို့က မင့်တို့ ဗုဒ္ဓဘာသာလူမျိုးတွေ ဘာ့ကြောင့် ဘုရားရှိခိုးတဲ့အခါ တစ်ဦးနှင့်တစ်ဦး မတူညီကြတာလဲ။ မင့်တို့ဘုရားက ရှိခိုးခြင်းနှင့်ပတ်သတ်ပြီး မိန့်ကြားပေးခဲ့တာ မရှိဘူးလားဆိုပြီး အမေးခံရဖူးလို့ ဖြေရှင်းပေးခဲ့ရတာလည်း မနည်းပါဘူး။ အခုတစ်ခါ သီရိလင်္ကာနိုင်ငံရောက်၍ မိမိတက်နိုင်သမျှ ပညာများကို အွန်လိုင်းကနေတဆင့် ဖြန့်ဖြူးပေးနေတော့လည်း gmail ကနေ ရှိခိုးခြင်းနှင့်ပတ်သတ်ပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက ခဏခဏ အမေးခံရလို့ ဖြေပေးရတာလည်း များလှပါပြီ။



ခေါင်လောင်းတော်ဘွဲ့ - အဝိန္ဒဆောက် ခေါင်းလောင်းတော်
အလေးချိန်- ၁၈၀၀၀၀ ပိဿာ (တန်ချိန် ၂၉၀)
အတိုင်းအတာ - အဝ(၈)တောင်၊ xxx (၁၂) တောင်
သွန်းလုပ်သည့်နေ့ - သက္ကရာဇ် (၈၃၇) ခုနှစ်၊ တပေါင်းလဆန်း(၈)ရက်၊ ကြာသတေးနေ့
ရွှေတီဂုံစေတီတော်သို့ တင်လှူသည့်နေ့ - သက္ကရာဇ် (၈၃၈) ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့
ဒေါပုံမြစ်လည်တွင် နစ်မြုပ်သွားသည့်နှစ် - သက္ကရာဇ် (၉၇၄)ခုနှစ်
ကျော်ကြားမှု - ပျောက်ဆုံးနစ်မြှုပ်နေမှု

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး

ဓမ္မစေတီ ခေါင်းလောင်းကြီးသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော ခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ဖြစ်သည်။ ယင်းကား မွန်ဘာသာအားဖြင့် 'အပိန္နသော်' သို့မဟုတ် 'ဓမ္မစေတီ' ခေါင်းလောင်းပင် ဖြစ်သည်။ ခေါင်းလောင်း ဘွဲ့အမည်မှာ မြန်မာဘာသာအားဖြင့် 'အဝိန္ဒဆောက်'ဟု ခေါ်ပါသည်။ ဓမ္မစေတီ ခေါင်းလောင်းသည် ဇာကိုလိုကော ခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတော်ကြီး တစ်ခုစာ ပို၍ ကြီးမားနေသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရသည်။ ဓမ္မစေတီ ခေါင်းလောင်းကို ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ရမည် ဖြစ်ပေသည်။ ထို့အပြင် ဇာကိုလိုကော ခေါင်းလောင်းသည် (၁၈) ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး


အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည်-
     ''အာနန္ဒာ ထို အဓိကရုဏ်းသည် ငြိမ်းပြီလော''ဟု မိန့်တော်မူ၏။ အသျှင်ဘုရား ထို အဓိကရုဏ်းသည် အဘယ်မှာ ငြိမ်းပါအံ့နည်း၊ အသျှင်အနုရုဒ္ဓါ၏ အတူနေတပည့် ဗာဟိယမည်သော ရဟန်းသည် သံဃာကွဲပြားရန်နည်းမျိုးစုံ အားထုတ်လျက် ရပ်တည်နေပါ၏၊
    ထိုသို့ ဖြစ်ရာ၌ အသျှင်အနုရုဒ္ဓါသည် စကားတစ်ခွန်းမျှ ပြောစကောင်း၏ဟူ၍ မအောက်မေ့ပါဟု (လျှောက်၏)။

    အာနန္ဒာ အနုရုဒ္ဓါသည် သံဃာ့အလယ်ဝယ် အဓိကရုဏ်းတို့၌ အဘယ်အခါက မေးစိစစ်ဖူးသနည်း၊ အာနန္ဒာ ဖြစ်ပေါ်သမျှ အဓိကရုဏ်းအားလုံးတို့ကို သင်တို့သော်လည်း ငြိမ်းစေရမည် မဟုတ်ပါလော၊ သာရိပုတြာ မောဂ္ဂလာန်တို့သော်လည်း ငြိမ်းစေကြရမည် မဟုတ်ပါလော။

     အာနန္ဒာ ဤအကျိုးထူးလေးမျိုးတို့ကို မြင်သော ရဟန်းယုတ်သည် သံဃာကွဲပြားခြင်းကို နှစ်သက် လိုလား၏။ အဘယ်လေးမျိုးတို့နည်းဟူမူ-

    အာနန္ဒာ ဤသာသနာတော်၌ ရဟန်းယုတ်သည် သီလမရှိ ယုတ်ညံ့သော သဘောရှိ၏၊ မစင်ကြယ် ယုံမှားဖွယ် အကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သော အမှုရှိ၏၊ ရဟန်း မဟုတ်ဘဲလျက် ရဟန်းဟု ဝန်ခံ၏၊ မြတ်သော အကျင့် မရှိဘဲလျက် မြတ်သော အကျင့်ရှိ၏ဟု ဝန်ခံ၏၊ အတွင်းပုပ်၏၊ (ကိလေသာ) မိုးစွတ်၏၊ ယောက်သွားပုပ်ကဲ့သို့ ဖြစ်၏။ ထိုရဟန်းအား- ''ဤရဟန်းသည် 'သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏၊ မစင်ကြယ် ယုံမှားဖွယ်အကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သော အမှုရှိ၏၊ ရဟန်းမဟုတ်ဘဲလျက် ရဟန်းဟု ဝန်ခံ၏၊ မြတ်သော အကျင့် မရှိဘဲလျက် မြတ်သော အကျင့်ရှိ၏ဟု ဝန်ခံ၏၊ အတွင်းပုပ်၏၊ (ကိလေသာ) မိုးစွတ်၏၊ ယောက်သွားပုပ်ကဲ့သို့ ဖြစ်၏'ဟု ငါ့ကို့ရဟန်းတို့ အကယ်၍ သိကုန်မူ ညီညွတ်လျှင် ငါ့ကို


(ဒါန ၊ သီလ ၊ ဘာဝနာ ၊ သုံးခုမှာဘယ်ဟာအရေးကြီးဆုံးပါလဲ ဘုရား။ တချို့က သံသရာမှလွတ်မြောက်ချင်လျှင် ဒါန၊သီလ မလိုအပ်ဘူးလို့ ဆိုနေကြများမှာမှန် မမှန်ဖြေ ကြားပေးစေလိုပါ၏။)

“ဘုရားဆူဆူ ဒါနကူမှ သုံးလူသင်းကျစ် ဧကန်ဖြစ်၏”လို့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက ကိုယ်ကျင့်အဘိဓမ္မာကျမ်းမှာ ရေးသားခဲ့တယ်။

ဘုရားအလောင်းတွေဟာ ပါရမီဖြည့်ရင် ဒါနပါရမီကို အရင်ဖြည့်လေ့ရှိကြတယ်။

အရပ်ထဲမှာ လူတွေက ပြောကြတယ်။ “အူမတောင့်မှ သီလစောင့်နိုင်မှာပေါ့”တဲ့။ မရှိလို့ မလှု မလှုလို့ မရှိတဲ့။ မရှိရင် အူမတောင့်မှာ မဟုတ်ဘူး။ ဒီတော့ အူမတောင့်ဖို့အတွက် ရှိဖို့လိုတယ်။ ရှိဖို့အတွက် လှုဖို့လိုတယ်။ လှုတယ်ဆိုတာ ဒါနပြုတာပဲ။

ဒါနမရှိတော့ အရာရာ ချို့တဲ့တယ်။ အရာ ချို့တဲ့တော့ အူမမတောင့်တော့ဘူး။ အူမ မတောင့်တော့ သီလမစောင့်နိုင်ဘူး။ ဒါကြောင့် ဒါန မရှိသူများဟာ သီလပါရမီကို ဖြည့်ကျင့်နိုင်ဖို့ အင်မတန်ခက်ခဲပါတယ်။

သီလပါရမီကို မဖြည့်ကျင့်နိုင်မှတော့ သစ္စာပါရမီလဲ ဖြည့်ကျင့်နိုင်မှာ မဟုတ်တော့ဘူး။ မေတ္တာပါရမီလဲ မပြည့်ကျင့်နိုင်တော့ဘူး။ ကိုယ်ထက်ချမ်းသာတဲ့သူတွေကို မနာလိုမရှု့စိမ့်ဖြစ်တော့မယ်လေ။ ဘယ်မှာ မေတ္တာပါရမီဖြည့်နိုင်ပါတော့မလဲ။

နောက်ဆုံး ကိုယ့်ထက်ချမ်းသာသူက စေတနာနဲ့ ပြောတဲ့စကားကိုတောင်မှ “ငါ့ကို မရှိလို့ ဆင်းရဲလို့

မေး။ ။ ဆရာတော်ဘုရား တပည့်တော်အခု တရားစာအုပ်တွေဖတ်ပြီး လက်တွေ့လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားနေပါတယ်ဘုရား။ အဲဒီမှာ အခက်အခဲရှိတာတစ်ခုက အမျှဝေခြင်းပါပဲဘုရား။ လမ်းသွားရင်း အမျှဝေချင်တယ်။ ကိုယ်ပြုခဲ့တဲ့ကုသိုလ်တွေကို အဲပတ်ဝန်းကျင်မှာရှိတဲ့ လမ်းစောင့်နတ်၊ မြို့စောင့်နတ်အစရှိသဖြင့် အမျှဝေချင်လို့ပါဘုရား။
ခက်တာက အမျှကို အကျယ်ကြီးလူကြားအောင် အော်ရွတ်လို့ကလည်းမရ။ လူကြားသူကြားထဲမှာ အထူးအဆန်းကြီးလိုဖြစ်နေပြီး ရှက်လည်းရှက်လို့ပါဘုရား။ လေသံတိုးတိုးလေးနဲ့ အမျှအမျှလို့ရွတ်ရင်ကော သူတို့ကြားပါမလားဘုရား။ သူတို့ကိုယ့်ကုသိုလ်ကို သာဓုခေါ်နိုင်ပါလားဘုရား။ ဖြစ်နိုင်ရင် စိတ်ထဲကနေပဲရည်စူးပြီး စိတ်ထဲကနေ
ရွတ်ရင် ရပါသလားဘုရား။ ဒါမှမဟုတ် အသံမထွက်ပဲ နှုတ်ခမ်းလှုပ်ရုံ လေသံလောက်လေးနဲ့ ပေးလို့ရပါသလားဘုရား။


စုစုဝေ၊ ရန်ကုန်

အမျှဝေခြင်းနဲ့ပတ်သတ်ပြီး ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေ သေချာကျနစွာ မသိတာက များပါတယ်။ ဒါဟာလည်း သေချာပြောပြတဲ့လူမရှိသလို ပြောပြတဲ့လူရှိတော့လည်း သေချာမှတ်သားထားမှု အားနည်းနေလို့ပါ။ အဲဒီတော့ ဦးဇင်းသိသမျှကို အကုန်ပြောပြပေးပါမယ်။ နောက် သူများမေးရင် ပြောပြတတ်အောင် သေချာမှတ်ထားကြပေါ့လေ။

ဒါနကောင်းမှုပြုတဲ့အခါ အလှူဝတ္ထုဟာ အလှူရှင်လက်ကနေ အလှူခံပုဂ္ဂိုလ်လက်သို့ရောက်ရင် အလှူအထမြောက်ပါတယ်။ ဒါပေမဲ့ နိဗ္ဗာန်ကိုဆုတောင်းပြီး ဒါနပြုမှသာ မိမိဒါနဟာ ပါရမီဒါနဖြစ်နိုင်သဖြင့် အနည်းဆုံး-ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတုလို့ ဆုတောင်းပြီး အမျှဝေမှသာ ပတ္တိဒါနဖြစ်ပါတယ်။ ဒါကြောင့် အနည်းဆုံး ဣဒံ မေ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမလို့ဆိုပြီး အမျှဝေကာ ဒါနအလှူကို အဆုံးသတ်ကြစမြဲ ဖြစ်ပါတယ်။ ဆုတောင်းခြင်း။ အမျှဝေခြင်းတို့မှာ ကိုယ်တိုင်ပြုလုပ်ရမှာမို့ တခြားတယောက်အား ကိုယ်စားပြုလုပ်ခိုင်းလို့ မရဘူးဆိုတာလည်း သိထားဖို့ လိုပါတယ်။ တချို့က ကိုယ်စားလှူခိုင်းပြီး အမျှဝေလို့မရဘူးလားဆိုပြီး မေးတတ်လို့ပါ။

ဆုတောင်းတဲ့အခါမှာလည်း ဤသို့လှူဒါန်းရသောအကျိုးအားကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏လို့ ဆုတောင်းရမှာဖြစ်သလို အမျှဝေတဲ့အခါမှာလည်း ဤကောင်းမှု၏ အဖို့ဘာဂကို သတ္တ၀ါအားလုံး ရရှိကြပါစေဟု စိတ်စေတနာ လေးလေးနက်နက်နဲ့ ပြုလုပ်မှသာ ဘုရားအလောင်း သူတော်ကောင်းတို့လို ဖြစ်မှာပါ။

မြတ်စွာဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးဘ၀မှာ ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါတယ်။ အဲဒီလိုရေစက်ချ အမျှဝေပေးမှုကြောင့် မာရ်နတ်စစ်လာတိုက်ရာတွင် ဗောဓိပင်နှင့် ရွှေပလ္လင်ကိုရရေး (သဗ္ဗညုတဉာဏ်ကိုရရေး)အတွက် ဝေဿန္တရာဘ၀တွင် လှူဒါန်းခဲ့ပြီး ရေစက်ချခဲ့သည်ကို ဤမဟာပထ၀ီမြေကြီး အသိသက်သေဖြစ်သည်ဟု သက်သေပြုတဲ့အတွက် ပထ၀ီမြေကြီးက သက်သေခံခဲ့တာပါ။ အလှူရှင်မှာ အခြားအကုသိုလ်အကျိုးပေးလို့ ငရဲသို့ ရောက်သွားသည့်တိုင်အောင် ယမမင်းက အမျှပေးဝေဖူးသည်မဟုတ်လောဟု သတိပေးလို့ ကုသိုလ်ကို သတိရကာ ငရဲမှ လွတ်နိုင်ပါတယ်။

ဒါပြင် ပုညကိရိယ၀တ္ထု(၁၀)ပါးတွင် အမျှဝေခြင်း (ပတ္တိဒါန)ဟာလည်း ဒါနစတဲ့ ကုသိုလ်တို့လို ကုသိုလ်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ရေစက်ချ၊ အမျှဝေခြင်းဟာ ကုသိုလ်တစ်မျိုး တိုးပါတယ်။ အလှူတစ်ခုလုပ်ရာတွင် ဆုတောင်းခြင်းမပြုဘဲ လှူဒါန်းခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်လို့ နိဗ္ဗာန်ကို ဆုတောင်းမှသာ ဒါနပါရမီ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒါနပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း၊ ရေစက်ချခြင်းတို့ကို မပြုမနေ ပြုလုပ်ကြတာပါ။။

အမျှဝေခြင်းနဲ့ပတ်သတ်ပြီး သေချာကျနစွာသိမြင်အောင် ပြောရမယ်ဆိုရင် အမျှဝေရေစက်ချတဲ့အခါမှာ ရေစက်ခွက်နဲ့အောက်ခံလေးပါကြတာကို အားလုံးသိမယ်ထင်ပါတယ်။ ရှေးရှေးဆရာတော်ကြီးတွေကတော့ ရေစက်ချတဲ့အခါ ရေစက်ခွက်ကို အလုံးပိတ်နဲ့မဟုတ်ဘဲ ရိုးရိုသာမန်ဖန်ခွက်ကိုသာ အသုံးပြုခိုင်းကြပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ရေစက်ချမဲ့ရေခွက်ထဲက ရေရဲ့သန့်စင်မှုကိုမြင်ပြီး မိမိရဲ့စိတ်ကို ဖြူစင်နေအောင်ထားဖို့နှင့် ငါပြုလုပ်တဲ့ကောင်းမှုဟာ ဟောဒီရေလို သန့်ရှင်းကြည်လင်လှတဲ့ ကောင်းမှုဖြစ်တဲ့အတွက် ခုကောင်းမှုရဲ့အကျိုးဆက်ကြောင့် မြတ်နိဗ္ဗာန်ကို ရောက်ရပါစေလို့ ဆုတောင်းအာရုံပြုနိုင်အောင်လို့ပါ။ ရေကဲ့သို့ဖြူစင်အောင်ထားပြီး ဆုတောင်းနိုင်အောင်လို့ ရေကိုမြင်ရအောင် ထားခိုင်းခြင်းပါ။

ဒါပြင် ဒီရေဟာ မြေကြီးကိုသွန်းချလိုက်တဲ့အခါ ပြန်ယူလို့မရသလို ငါလှူဒါန်းခဲ့တဲ့ ကောင်းမှုမှန်သမျှကိုလည်း ငါဟာ နှမြှောတွန့်တိုပြန်လည်လိုချင်တဲ့စိတ်မရှိဘဲ လွတ်လွတ်စွန့်ကြဲပြီးသား မုတ္တစာဂီဖြစ်နေအောင် အာရုံပြုထားရပါမယ်။ ငါပြုခဲ့ကောင်းမှုကုသိုလ်ကို တကယ်များငါမေ့လျော့နေသည်ရှိသော် ကမ္ဘာမြေကြီးထဲ ရေများလောင်းချပြီး ရေစက်သွန်းချ သက်သေအရာတည်ထားခဲ့အတွက် ငါအားပြန်လည် အမှတ်ရအောင် ကူညီပေးပါစေလို့ စိတ်ထားတတ်အောင် ရေစက်ခွက်ထဲကရေကို မြေကြီးပေါ်သွန်းခိုင်းခြင်း ဖြစ်ပါတယ်။

တကယ်လို့ မိမိက ရေစက်ခွက်ထဲက ရေကို မမြင်ရရင်လည်း ရေစက်ချလို့ ရေလေးကျဆင်းနေတဲ့အချိန်မှာ ခုပြောခဲ့သလို အာရုံပြုပေးပါ။ နောက်တစ်ခုက ရှေးတုန်းကတော့ ရေကို အောက်ခံမပါဘဲ မြေကြီးပေါ်ကို တိုက်ရိုက်သွန်းချကြတယ်။ ခုတော့ အောက်ခံပါတော့ မြေကြီးပေါ်တိုက်ရိုက် မရောက်ဘဲဖြစ်နေတဲ့အတွက် မိမိစိတ်မှာ နှမြှောတွန့်တိုမှုတွေမဖြစ်ဘဲ လွတ်လွတ်စွန့်ကြဲများဖြစ်အောင်တော့ အာရုံပြုယူရကြပေါ့။ တချို့ကျတော့လည်း ရေစက်ခွက်မလိုဘဲ အထက်ကပြောခဲ့သလို အာရုံပြုနိုင်မယ်ဆိုရင်တော့ ကိုင်စရာမလိုဘူးပေါ့။ ဒါပေမဲ့ ရေစက်ခွက်ကိုင်ရတာဟာ ကျွန်တော်၊ ကျွန်တော်မတို့သည် ကောင်းမှုပြုသူတို့ဖြစ်ပါတယ်။ ကျွန်တော်တို့ပေးဝေတဲ့ကောင်းမှုကို အမျှယူကြပါလို့

ပ်လှန့်သံ

ဟေ့ … မြန်မာ … ဟေ့ … မြန်မာ
သာကီနွယ်ဖွား အောင်ဆန်းသားတို့
အနောက်တောင်ရိုး နယ်တရှိုးမှာ
သင့်ဘိုးသင့်ဘ သင့်ညီမတို့
သိမ်ဖျင်းစက်ဆုတ် အမျိုးယုတ်ကြောင့်
အသေဆိုးနဲ့ သေလေပြီ …… ။

မျိုးဖျက်လောက်များ ဒေါ်လာစားက
ဖအေပထွေး ကုလားရေးမှာ
သူခိုးလူဟစ် တို့အပြစ်လို့
တွင်တွင်ဖင်ပိတ် အော်ကြသည် …… ။

အသင် … မြန်မာ မနိုးပါက
ယုတ်ညံ့လူစွာ ရိုဟင်ဂျာက
သင့်အိမ်သင့်အိုး သင့်အမျိုးကို
အငြိုးတကြီး လည်ကိုလှီး၍
သင့်အားမီးတိုက် သတ်လိမ့်မည် …… ။

အနောက်တောင်ရိုး နယ်တရှိုးက
တို့အဘိုးမြေ ရခိုင်ပြည်ကို
ငါတို့အရိုး စည်းရိုးထိုး၍
ကာသင့်ပါလျှင် ကာရမည် …… ။ ။

by..Wai Yan
ဖေ့ဘုတ်မှ ကူးယူဖော်ပြသည်။

၁။အရှင်အညာသိကောဏ္ဍည
၂။အရှင်ဝပ္ပ
၃။အရှင်ဘဒ္ဒိယ
၎။အရှင်မဟာနာမ်
၅။အရှင်အဿဇိ
။အရှင်နာဠက
၇။အရှင်ယသ
၈။အရှင်ဝိမလ
၉။အရှင်သုဗာဟု
၁၀။အရှင်ပုဏ္ဏဇိ
၁၁။အရှင်ဂ၀မ္ပတိ
၁၂။အရှင်ဥရုဝေလကဿပ
၁၃။အရှင်နဒီကဿပ
၁၄။အရှင်ဂယာကဿပ
၁၅။အရှင်သာရိပုတြာ
၁၆။အရှင်မဟာမောဂ္ဂလာန်
၁၇။အရှင်မဟာကဿပ
၁၈။အရှင်မဟာကစ္စည်း
၁၉။အရှင်မဟာကောဋ္ဌိက
၂၀။အရှင်မဟာကပ္ပိန
၂၁။အရှင်မဟာစုန္ဒ
၂၂။အရှင်အနုရုဒ္ဓါ
၂၃။အရှင်ကင်္ခါရေ၀တ
၂၄။အရှင်အာနန္ဒာ
၂၅။အရှင်နန္ဒက
၂၆။အရှင်ဘဂု
၂၇။အရှင်နန္ဒိယ
၂၈။အရှင်ကိမိလ
၂၉။အရှင်ဘဒ္ဒိယ
၃၀။အရှင်ရာဟုလာ
၃၁။အရှင်သီဝလိ
၃၂။အရှင်ဥပါလိ
၃၃။အရှင်ဒဗ္ဗ
၃၄။အရှင်ဥပသေန
၃၅။အရှင်ခဒိရ၀နိယရေ၀တ
၃၆။အရှင်မန္တာနိပုတ္တပုဏ္ဏ
၃၇။အရှင်သုနာပရန္တကပုဏ္ဏ
၃၈။အရှင်သောဏကုဋိကဏ္ဏ
၃၉။အရှင်သောဏကောဠိဝိသ
၄၀။အရှင်ရာဓ
၄၁။အရှင်သုဘူတိ
၄၂။အရှင်အင်္ဂုလိမာလ
၄၃။အရှင်ဝက္ကလိ
၄၄။အရှင်ကာဠုဒါယီ
၄၅။အရှင်မဟာဥဒါယီ
၄၆။အရှင်ပိလိန္ဒ၀စ
၄၇။အရှင်သောဘိတ
၄၈။အရှင်ကုမာရကဿပ
၄၉။အရှင်ရဋ္ဌပါလ                 
၅၀။အရှင်ဝင်္ဂီသ
၅၁။အရှင်သဘိယ
၅၂။အရှင်သေလ
၅၃။အရှင်ဥပ၀ါဏ
၅၄။အရှင်မေဃိယ
၅၅။အရှင်သာဂတ
၆၁။အရှင်ဗာကုလ
၆၂။အရှင်ကုဏ္ဍဓာန
၆၃။အရှင်ဗာဟိယဒါရုစီရိယ
၆၄။အရှင်ယသောဇ
၆၅။အရှင်အဇိတ
၆၆။အရှင်တိဿမေတ္တေယျ
၆၇။အရှင်ပုဏ္ဏက
၆၈။အရှင်မေတ္တဂု
၆၉။အရှင်ဓောတက
၇၀။အရှင်ဥပသီဝ
၇၁။အရှင်နန္ဒ
၇၂။အရှင်ဟေမက
၇၃။အရှင်တောဒေယျ
၇၄။အရှင်ကပ္ပ
၇၅။အရှင်ဇတုကဏ္ဏီ
၇၆။အရှင်ဘဒြာဝုဓ
၇၇။အရှင်ဥဒယ
၇၈။အရှင်ပေါသလ
၇၉။အရှင်မောဃရာဇ
၈၀။အရှင်ပိင်္ဂိယ
                  
ကျမ်းကိုး။ ။  အံ၊ဋီ၊၂၊၁၃၁
ထေရဂါထာ၊ဋ္ဌ၊၂၊၅၄၂ ၌   အောက်ပါအတိုင်း မူကွဲရှိသည်။
။အရှင်နာလက ၂၇။အရှင်နန္ဒ   ၃၆။အရှင်မန္တာဏိပုတ္တပုဏ္ဏ   ၃၉။အရှင်သောဏကောဠိဝီသ ၅၃။အရှင်ဥပ၀ါန  ၆၈။အရှင်မေတ္တဂူ  ၇၀။အရှင်ဥပသိဝ ၇၅။အရှင်ဇတုကဏ္ဏိ ၇၈။အရှင်ပေါသာလ
အရှင်ဝသုတ-ရေနီ (ဆိုဒ်မှကူးယူဖော်ပြပါသည်။)