လက်အုပ်ချီရှိခိုးခြင်းနှင့်ပတ်
ဦးဇင်း နိုင်ငံခြားသားများနှင့် ဘုရားစေတီပေါ်တွင် တွေ့ဆုံ၍ စကားပြောဖြစ်သောအခါမှာလည်း သူတို့က မင့်တို့ ဗုဒ္ဓဘာသာလူမျိုးတွေ ဘာ့ကြောင့် ဘုရားရှိခိုးတဲ့အခါ တစ်ဦးနှင့်တစ်ဦး မတူညီကြတာလဲ။ မင့်တို့ဘုရားက ရှိခိုးခြင်းနှင့်ပတ်သတ်ပြီး မိန့်ကြားပေးခဲ့တာ မရှိဘူးလားဆိုပြီး အမေးခံရဖူးလို့ ဖြေရှင်းပေးခဲ့ရတာလည်း မနည်းပါဘူး။ အခုတစ်ခါ သီရိလင်္ကာနိုင်ငံရောက်၍ မိမိတက်နိုင်သမျှ ပညာများကို အွန်လိုင်းကနေတဆင့် ဖြန့်ဖြူးပေးနေတော့လည်း gmail ကနေ ရှိခိုးခြင်းနှင့်ပတ်သတ်ပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက ခဏခဏ အမေးခံရလို့ ဖြေပေးရတာလည်း များလှပါပြီ။
ဒါ့ကြောင့် နောက်တစ်ခါမေးခြင်းများကို မဖြေရအောင်နှင့် လူသားအားလုံးသိရှိပြီး လိုက်နာကျင့်သုံးနိုင်အောင် ဘယ်လိုရှိခိုးရမလဲဆိုတာကို တင်ပြပေးလိုက်ပါတယ်။
ဥက္ခောင်းမြေထိ၊ ပြားပြားပိမျှ၊ အတိဂါရဝ၊ ရိုသေခလျက်၊ တုပ်ကွကျစ်လစ်၊ မြတ်ရှင်ချစ်အား၊ ပုဆစ်နှစ်ဖက်၊ စုံလက်ပြိုင်ပူး၊ နဖူးထိပ်စ၊ ဦးနှိမ်ချပြီး၊ ပဉ္စပတိဋ္ဌီ၊ ငါးလိမယွင်း၊ တည်ညွတ်ခြင်းဖြင့်၊ အချင်းခပ်သိမ်း၊ ညွတ်ညွတ်တိမ်းမှ….ဟု မဃဒေဝလင်္ကာပိုဒ်ရေ (၁၈)မှာ တင်ပြထားသကဲ့သို့
ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး ငါးဦးညီမှသာဆိုသည့်အတိုင်း မိမိခြေဖျားဆယ်ချောင်း၊ လက်ဖျားဆယ်ချောင်း၊ နဖူး၊ တံတောင်နှစ်ဖက်၊ ဒူးခေါင်နှစ်ဖက်တို့သည် ကြမ်းပြင်(သို့မဟုတ်) မြေကြီးနဲ့ ထိစပ်ပြီး ရှိခိုးရပါမည်။
ထို့ပြင် လက်အုပ်ချီတဲ့အခါမှာလည်း ကြာဖူးသဏ္ဍာန်ပြုလုပ်ပြီး နဖူးတည့်တည့်မှာ တည်ထားကာ ခါးညွတ်၍ရှိခိုးတဲ့အခါ လက်အုပ်ကလေးကြဲလိုက်ပြီးလျှင် မြေကြီးကို အထက်ပါငါးချက်လုံး ထိစပ်မှုရှိအောင် ရှိခိုးရပါမည်။
ယခုတင်ပြခဲ့သလို ဦးဇင်းတို့ဗုဒ္ဓဘာသာလူမျိုးများ
ယခုလောက်တင်ပြလျှင် လုံလောက်မည်ဟုထင်သောကြောင့် ဒီမှာပဲ နိဂုံးချုပ်ရင်း ဦးဇင်းတို့ဗုဒ္ဓဘာသာလူမျိုးများ
forward mail မှကူးယူဖော်ပြသည်။
Categories:
ဘ၀နေနည်း,
ရှိခိုးပူဇော်ခြင်း