HAZY LIFE

  
ရဟန်းပျိုနဲ့ အမျိုးသမီးများ ပေါင်းသင်းဆက်ဆံနည်း

တခါတုန်းက ဥဒေနဘုရင်မင်းဟာ အရှင်ပဏ္ဌောလဆိုတဲ့ ရဟန္တာမထေရ်ကို “အရှင်ဘုရား အသက်အရွယ် ငယ်ပြီး ပျိုမြစ်နုနယ်သော ရဟန်းငယ်တွေဟာ ကာမဂုဏ်အားရုံကို မခံစားပဲ အသက်ထက်ဆုံး ဘုရားသာသနာကို ဘယ်လိုအကျင့်မြတ် များနဲ့ နေထိုင် ကုန်ဆုံးကြတာလဲ ဘုရား” လို့ မေးပါတယ်။

ရဟန်းတော်က ဘုရင်မင်းကြီး ဘုရားဟောသည့်အတိုင်း “အမေအရွယ်ရှိသူကို အမေ. နှမအရွယ်ရှိသူကို နှမ. သမီးအရွယ်ရှိသူကို ...သမီး” လို့ စိတ်ထားကြပြီး နေထိုင်လို့ သာသနာမှာ ပျော်မွေ့ကြတယ်ဆိုတာကို ပြောပြပါတယ်။ ဘုရင်မင်းက ဒါလောက်နဲ့ မကျေနပ်တာမို့ အရှင်ဘုရား စိတ်ဆိုတာ မလွယ်ဘူးဘုရား အမေအရွယ် နှမအရွယ် သမီးအရွယ်လဲ တဏှာ ရာဂဆိုတာဖြစ်တယ်မို့လားဘုရား တခြားအကြောင်းများ ဘုရားဟော မရှိတော့ဘူးလား ဘုရားလို့ မေးပါတယ်။

အရှင်မြတ်က ဘုရင်းမင်းကြီး ဘုရားဟောသည့်အတိုင်း “ ချစ်သား ရဟန်းတို့ သင်တို့ လာကြကုန်လော့
အပုတ်ကောင် ရုပ်ဆောင်ထားတဲ့ ဒီခန္ဓာကိုယ်မှာ ဆံပင် အမွှေး ခြေသည်း လက်သည်း သွား အရေ အသား အကြော အရိုး ရိုးတွင်းချင်ဆီ အညှိ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိမ် အစာသစ် အစာဟောင်း သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ် (၃၂)ကောဌာသ တရားတွေကို ရှုပြီးနေကြလို့ မိန့်မှာတော်မူတယ်” ဒီအတိုင်း ကျင့်ပြီး သာသနာမှာ ပျော်နေကြတယ်ဆိုတာကို ဟောပြပါတယ်။ အရှင်ဘုရား ဒါကလည်း အတော်ခက်ပါတယ် ဘုရား တခါတရံ အသုဘတောင် သုဘလို့ ထင်တက်ကြတယ်မဟုက်လား ဘုရား
တခြား အကြောင်းများ ဘုရားဟောတာ ရှိသေးလား ဘုရားလို့ ထပ်ပြီး မေးလျောက်ပါတယ်။

အရှင်မြတ်က ဘုရင်ကြီး ဘုရားဟောသည့် နောက်တချက်ကတော့ “ချစ်သား ရဟန်းတို့ သင်တို့ဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဌဗ္ဗာရုံ ဓမ္မာရုံ ဆိုတဲ့ အာရုံ (၆)ပါး အပေါ်မှာ အမှတ်မမှားကြဘို့ စောင့်စည်းကြဘို့ မစောင့်စည်းရင် မက်မောခြင်း နှလုံးမသာခြင်းများ ဖြစ်မယ် ဒါကြောင့် အာရုံ ခြောက်ပါးကို စောင့်စည်းပြီး နေပါလို့ မိန့်တော်မူပါတယ်” ဒီအတိုင်း ပျိုမြစ်နုနယ် ငယ်ရွယ်သော ရဟန်းတွေဟာ ကာမဂုဏ်အပေါ်မှာ မပျော်မြူးပဲ အသက်ထက်ဆုံး ကျင့်တာမို့ သာသနာကို တည်စေတယ်လို့ ဟောပြပါတယ်။
အရှင်ဘုရား မှန်ပါတယ်ဘုရား အလွန်မွန်မြတ်သော တရားပါဘုရား တပည့်တော်တောင် ကိုယ် နုတ် စိတ်ကို မစောင့်ထိန်းပဲ သတိလွက်ကာ ဣနြေ္ဒကို မစောင့်စည်းပဲ သွားတော့ တပည့်တော် တက်မက်မှုတရားတွေ ဖြစ်တယ်ဘုရား တပည့်တော်လဲ စောင့်ထိန်းပါမည်ဘုရားလို့လျောက်ပြီး အရှင်မြတ်တရား အဆုံးမှာ ဘာသာတရားကို (ရတနာ ၃ပါးကို) ယုံကြည်လက်ခံ ကိုးကွယ်သွားပါတယ်။

ဒီတရားတော်ကို အကျဉ်းချုံးရင် ရဟန်းပျိုတပါးဟာ အရွယ်မျိုးစုံး အမျိုးသမီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အမေ နှမ သမီးအရွယ်လို့ ဆက်ဆံဘို့ ဒါထက် ၃၂ကောဌာသလို့ ရှုမြင်ဘို့ ဒါထက် ဣန္ဒြိယသံဝရသီလလုံခြုံပြီး နေထိုင် ကြမယ်ဆို သာသနာမှာ ပျော်မွေ့နိုင်မည်ဆိုတာကို မှတ်သားလေ့လာ သိရှိရပါတယ်။

ဖေ့ဘုတ်မှ ကူးယူဖော်ပြသည်။

One Response so far.

  1. အန်တီလေးမေခင် says:

    မောင်ဇင်မျိုးရေ
    ကောဌာသတရားလေးဖတ်ရှုသွားပါတယ်ကွယ်
    ခင်တဲ့အန်တီလေးမေခင်

Leave a Reply